Wednesday, December 19, 2012

လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင်အမျိုးသမီး အား လက်ရဖမ်းမိ

Posted by drmyochit Wednesday, December 19, 2012, under | 1 comment


လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊နခွန်ပသွန်မြို့ ပန်းခြံမှာ အလုပ်စေခိုင်းခြင်း ခံနေရတဲ့ မြဝတီမြို့နယ် ကျောက်လုံးကြီးရပ်ကွက်က မြန်မာပြည်သား(၈)ဦးကိုထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ အသင်း (MAT) အဖွဲ့က မနေ့ညက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ထိုင်း အထူး ထောက်လှမ်းရေး အဖွဲ့ (DSI)၊ မြန်မာသံရုံး၊ နခွန်ပသွန်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများ နဲ့ MAT ပူးပေါင်း အဖွဲ့တို့က မနေ့ည(၂)နာရီက ဝင်ရောက် ဖမ်းဆီးရာမှာ လူကုန်ကူး ဂိုဏ်းခေါင်း ဆောင် လို့ စွပ်စွဲ ခံရတဲ့ အသက်(၃၉) နှစ်အရွယ် မသူဇာနဲ့ သူမရဲ့လက်ထောက် အမျိုးသားတဦးကို ဖမ်းဆီး ရမိတာ ပါလို့ MAT အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းက ပြောပါတယ်။

"နခွန်ပသွန် နယ်မြေက သစ်ခွပန်းခြံထဲမှာ မြန်မာအလုပ်သမားတွေကို ရောင်းစားတဲ့ ပွဲစား ဂိုဏ်းခေါင်း ဆောင် အမျိုးသမီးနဲ့ သူရဲ့လက်ထောက်ပွဲစား အမျိုးသားတယောက်ကို ကျနော်တို့ ပူးပေါင်း အဖွဲ့တွေက နေပြီးတော့ မနေ့ညက လက်ရဖမ်းဆီးနိုင်ခဲ့တယ်ပေါ့ သူတို့နဲ့အတူ ရောင်းစားခံရတဲ့ အလုပ်သမား(၈)ယောက် ကို လည်းပဲ ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်၊ 

အဲဒီ အမျိုးသမီး ရောင်းစားထားတဲ့ လူတွေက အများဆုံးတနှစ်ကျော်ကျော်၊ အနည်းဆုံး (၂)လကျော်ကျော် ကြာတဲ့သူတွေဖြစ်တယ်"

အရောင်းစားခံရသူတွေဟာ မြဝတီကနေ ကိုလင်းဆိုသူပွဲစားကနေ အကြွေးနဲ့ပေးပို့လို့ (၅)လပိုင်း ကတည်းက ထိုင်းနိုင်ငံ အတွင်းက လူပွဲစားမသူဇာဆီ ရောက်ရှိလာတာဖြစ်ပါတယ်၊ ဒီလူတွေဟာ ယခင်က ကန်ချန ဘူရီခရိုင်၊ ဝိုင်တနာနတ်သီးဖျော်ရည်ထုတ် စက်ရုံမှာ အလုပ်စေခိုင်း ခံထားရပြီး အဲဒီကမှ တင်ရှိ နေတဲ့ အကြွေးကျေဖို့ တလအကုန်(၁၀)လပိုင်းမှာ ဒီပန်းခြံကိုထပ်မံ ရောင်းချစေခိုင်း တာပါလို့ လွတ်မြောက် လာသူတဦးဖြစ်တဲ့ အသက်(၁၉)နှစ်အရွယ် ကိုသူရိန်(ခေါ်) ကိုမိုးဇက်ကပြောပါတယ်၊ သူတို့တွေ အလုပ်လုပ် စဉ်ကာလ အနှိပ်စက် ခံရပုံကိုလည်းသူက အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ကို မြန်မာပြည်မှာ ကျနော်တို့ ခေါ်တက်တာပေါ့ (၉၅၀၀)ဆိုပြီးတော့ ဒီရောက်တော့သူ (၁၃၀၀၀)ယူတယ်၊ ဒီအလုပ်လုပ်တာပေါ့နော် လုပ်ပေးတယ် မလုပ်နိုင်ဘူး ဖျားတယ်နာတဲ့ အခါကြတော့ သူတို့က ဆဲလည်း ဆဲတာပေါ့နော် ပြောတယ်၊

သူတို့စကားနားမထောင်လို့ရှိရင်ပေါ့ ထိုးတယ် ၇ိုက်ရင်လည်း ရိုက်တယ်ပေါ့ အဲဒီမသူဇာရဲ့ ယောင်္ကျားက၊ ထစ်ကနဲ ဆိုလို့ရှိရင် သူများကို သံဒုတ်နဲ့ရိုက်တာတို့၊ ကျနော့်သူငယ်ချင်းနဲ့ စကားများတော့ စကားများ ရကောင်း လားလို့ ကျနော့်ကိုလည်းရိုက်တယ် 

ကျနော့်ပါးစပ်ထဲကသွေးထွက်တယ်၊ ကျနော့်မိန်းမကြတော့ အဲဒီနေ့က နေမကောင်းလို့ အလုပ်မ ဆင်းထားဘူး မသူဇာက မျက်နှာကိုနင်းပြီးတော့ ခြေထောက်နဲ့ ဆောင့်ကန်ထည့်တယ် အဲဒါနှာခေါင်းထဲက သွေးထွက် တယ် နှစ်ခါ"

ပန်းခြံသန့်ရှင်းရေးအဖြစ် ထပ်မံရောင်းစားခံရပြီးတဲ့အခါမှာလည်း ပန်းအိုးကျကွဲလို့ အလုပ်ရှင် ထိုင်း သူဌေး က လိုက်ရိုက်ရာမှာ ထွက်ပြေးရင်း ဘန်ကောက်မြို့နေ မိခင်ဖြစ်သူဆီရောက်ခဲ့ပေမယ့်၊

မိန်းမ ဖြစ်သူမ အေးအေးမာ ကျန်နေလို့ မိခင်ဖြစ်သူ ဒေါ်မိမိခိုင်ဆီက ဗီဒီယိုကင်မရာကို ယူသွားပြီး ပြန်ရွေး ဖို့  သွားတာမှာ သူ့ကိုတော့ လှေကိုရောင်း စားပြီး၊ မိန်းမဖြစ်သူကို ပြည့်တန်ဆာရုံကို ပို့မယ်လို့ ပြောဆို ကြောင်း လဲ သူက ပြောပါတယ်။

RFA ( (မြန်မာပိုင်း)

1 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်