Wednesday, December 19, 2012

ကေအိုင်အေတို့ ဖော်ပြသည့် စစ်ဆင်ရေး စီမံချက်ဆုံးရှုံးသော ဒီဇင်ဘာ(၁၄) လဂျားယန်တိုက်ပွဲ

Posted by drmyochit Wednesday, December 19, 2012, under | 1 comment

ဒီဇင်ဘာလမှ စတင်လာသော မြန်မာ့တပ်မတော်၏ ထိုးစစ်သည် အထိအခိုက် အကျ အဆုံးများနှင့် ရင်ဆိုင်ေ န ရ သည်။ ယခင်တပ်မ(၈၈) တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က မြောက်ပိုင်း တိုင်း စစ် ဌာနချုပ် တိုင်းမှူး တာဝန်ကို ပြောင်းလွှဲယူပြီးသည့်နောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှု ခပ်စိပ် စိပ် ရှိ လာကာ တိုက် ပွဲသည် လည်း ပြင်းထန်လာခဲ့သည်။ ပွင့်လင်းရာ သီကာလအတွင်း KIA ၏ အဓိက အချက် အချာဖြစ်သော တပ်စခန်းများ ကို သိမ်းပိုက်နိုင်ရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အစီအမံ များ ကို ညွှန်ကြား လျက်ရှိသည်။ 



ထိုးစစ်ဆင်တိုက်ခိုက်လာသော မြန်မာ့တပ်မတော်ကိုKIA တပ်ဖွဲ့နှင့် ABSDF ကျောင်းသား တပ်မတော် တို့က ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်နေသဖြင့် စစ်ဆင်ရေး စီမံချက်များ အရှုံးနှင့် ရင်ဆိုင်နေရသည်။မြ န်မာ့ တပ်မတော် ၏ ဒီဇင်ဘာလ(၁၄)ရက် (ဒီ-၁၄)စီမံချက်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် မှူး ချုပ် ထွန်းထွန်းနောင် အတွက် အကြီးမားဆုံးထိုးနှက်မှု ဖြစ်ခဲ့ရသည်။ ၎င်းစစ်ဆင်ရေးတွင် စကခ(၃) လက်ေ အာက်ခံ ခမရ(၃၈၁) (၃၈၃)(၃၈၉) ခလရ(၄၀) ပူးပေါင်းအင်အား(၃၆၀) နှင့် ဒီဇင်ဘာ လ(၁၄) ရက် မနက်(၃)နာရီ အချိန်မှ ထိုးစစ်စတင်ကာ တိုက်ပွဲသည် မနက်(၆)နာရီ အချိန်မှ စတင်ကာ ညနေ(၅) နာရီခွဲ အ ထိ ကြာမြှင့်ခဲ့သည်။ ဒီ(၁၄) လဂျားယန်တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ကြည်းတပ် အပြင် မြန်မာ့ေ လတပ် ကပါ ၀င်ေ ရာက်တိုက်ခိုက်ပစ်ခတ် ပါဝင်ခဲ့သည်။ 

မိုးကောင်းမြို့ အခြေစိုက် စကခ(၃)မှ တပ်တွင်းသတင်း ရပ်ကွက် အဆိုအရ တိုက်ပွဲတွင် မြန်မာ့ တပ်မတော် ဘက်မှ ထိခိုက် ဒဏ်ရာရသူနှင့် ကျဆုံးသူပေါင်း အားလုံး(၁၃၀)ခန့် ရှိခဲ့ကြောင်း သိရှိရသည်။ ထိခိုက် ဒဏ်ရာရ သူတွင် အရာရှိအဆင့်(၁၁)ဦးခန့် ပါဝင်ကြောင်း သိရှိရသည်။ 

ဒဏ်ရာရ အရာရှိများမှာ - 

ဒုတိယဗိုလ်မှူးကြီး ဇော်မိုးသန့် 
ဗိုလ်မှူး ညွှန့်လှိုင် 
ဗိုလ်မှူး ရဲကျော် 
ဗိုလ်မှူး ကျော်ကျော်သက် 
ဗိုလ်ကြီး ရဲရင့်လင်း 
ဗိုလ်ကြီး မျိုးမင်းစိုး 
ဗိုလ်ကြီး သန်းဇော်အေး 
ဗိုလ် အောင်ဖြိုး 
ဗိုလ် သန့်ဇင်ဦး 
ဗိုလ် သန်းနိုင်ထွန်း 
ဗိုလ် အောင်ကျော်မိုး 
တို့ဖြစ်ကြကြောင်း သိရှိရသည်။ 

KIA ရှေ့တန်းသတင်းရပ်ကွက်အရ သိရှိရသည်မှာမြန်မာ့တပ်မတော် တပ်သား ကျဆုံးသူအပေါင်း (၁၆)ေ လာင်းကို ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိကျန်ရစ်သူ(၇)ဦးကို လက်ရဖမ်းဆီးရကြောင်း သိရှိရသည်။ 
ဒဏ်ရ ရသူထဲမှ တပ်သား အောင်အောင် သည် ဆေးကုသခံယူစဉ် ဒဏ်ရာပြင်းထန်သဖြင့် ဒီဇင်ဘာလ (၁၅)ရက်နေ့ တွင် သေဆုံးသွားကြောင်း သိရှိရသည်။ 

ထိခိုက်ကျဆုံး မှုများသဖြင့် စစ်ကြောင်းကို နောက်ဆုတ်ရန် အမိန့် ရသောအခါ ဒဏ်ရာဖြင့်လိုက်ပါနိုင်ခြင်း မပြုနိုင် သူများကို ပစ်ခတ်သတ်ဖြတ် ထားခဲ့ရန် ညွှန်ကြား မှုရှိကြောင်း ချန်ရစ်ခံခဲ့ရသူများမှ သိရှိရသည်။ 
ရဲဘော်စိတ် ရှိသော တပ်သားအချို့၏ သနားကြင်နာ စိတ်ရှိသူ အချို့ကြောင့် အသက်ရှင် သန်ခွင့် ရခဲ့ကြောင်း ဒဏ်ရာဖြင့် ကျန်ရစ်သူများ၏ ပြောကြား ချက်မှ သိရှိရသည်။ သေဆုံးသူ အချို့သည် အထက် အမိန့်အရ ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အချို့မှာမူ ဆေးထိုး၍ အဆုံးစီရင်ခံခဲ့ရသည်။ 

ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများရခြင်းမှာ ဒေါ့ဖုန်းယန်အမြောက်တပ်ရင်းမှ ပစ်ခတ်သော ၁၀၅ မမ အမြောက် ကျည်များ ရှေ့တန်းစစ်မျက်နှာပြင်တွင် ပိတ်မိနေသော မြန်မာအစိုးရစစ်တပ်ဖွဲ့ဝင်များကို ထိမှန်ေ သာကြောင့် ဖြစ်ကြောင်း သိရှိရသည်။ ဒီ(၁၄)တိုက်ပွဲတွင် မြန်မာအစိုးရစစ်ကြောင်းမှ ပရမ်းပတာဖ ရိုဖရဲ တပ်ဆုတ်ပြေးစဉ် ကျန်ရစ်ပစ်ထားခဲ့သော စစ်အသုံးအဆာင်ပစ္စည်းများ၊ လက်နက်၊ ကျည်မျိုးစုံ၊ လက်နက်ကြီး ကျည်မျိုးစုံကို အများအပြားသိမ်းဆည်းရခဲ့သည်။ 

ဒီ(၁၄) စစ်ဆင်ရေးစီမံချက်တွင်ပါဝင်သော အရာရှိအားလုံးနည်းပါး ထိခိုက်ဒဏ်ရာရရှိကာ ပါဝင်သော အင်အား၏ ထက်ဝက်ခန့်ကို ဖြုန်းတီးလိုက်ခဲ့ရသော စစ်ဆင်ရေးဖြစ်ခဲ့ရသည်။ ဤသည်မှာ တိုင်းမှူး တာဝန် ယူနေသော ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၏ တဇွတ်ထိုးဆုံးဖြတ်ချက်ကြောင့် တပ်မတော်သားများ သေဆုံး ဒဏ်ရာရကြကာ၊ယင်းတို့၏ သိုက်ဆိုင်သော မိသားစုဝင်များ အတွက်ပျော်ရွှင်သော မိသားစုဘ၀ ပျက်ပြားေ စခဲ့ပြီ ဖြစ်ပေသည်။ 

(source-MKN)

1 comments:

ကောင်းတာပေါ့ကွာ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်