Wednesday, December 19, 2012

မြန်မာ့တပ်မတော် ခလရ(၁၀)ကျဆုံးမှု အကြောင်း ကေအိုင်အေ သတင်းဖော်ပြချက်

Posted by drmyochit Wednesday, December 19, 2012, under | 1 comment

ဒီဇင်ဘာလ(၁၆)ရက်နေ့ မနက်(၁၁)နာရီခန့်တွင် ပန်ဝါဒေသတွင်ဖြစ်ပွားသောတိုက်ပွဲတွင် တပ်မ(၈၈) လက်အောက်ခံ၊ စကုမြို့အခြေစိုက် ခလရ(၁၀)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးခင်ထွန်းအောင် နှင့် တပ်ခွဲမှူး ဗိုလ်ကြီးေ ကျာ်စွာအေး နှင့် အခြားအဆင့်(၆)ဦး အပါအ၀င် ကျဆုံးသူ(၈)ဦးရှိခဲ့သည်။ ဗိုလ်သန်းဇော်ဦး အပါ အ၀င် အခြားအဆင့်ပေါင်း(၂၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ(၁၆)ရက် တိုက်ပွဲ တွင် ခလရ(၁၀)တပ်ရင်းအတွက် ပြုန်းတီးအင်အား(၃၀)ကျော်သွားခဲ့ရကြောင်း သိရှိရသည်။


ခလရ(၁၀)တပ်ရင်းသည် နိုဝင်ဘာလ အတော အတွင်း ၀ိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့နယ် အတွင်းရှိ KIA တပ်စခန်း များကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အတန်အသင့် အကျိုးအမြတ် ရအောင်ဖေါ်ေ ဆာင်နိုင်ခဲ့ သဖြင့် ဗျူဟာ မှူး၊ တပ်မမှူး တို့မှ ချီးမွမ်းဂုဏ်ပြုခံရသောတပ်ရင်း ဖြစ်ခဲ့သည်။ 

ပန်ဝါဒေ သတွင် ထိုးစစ်ဆင်နေသော တပ်မ(၈၈) လက်အောက်ခံခမရ(၁၃) ခလရ(၇၇) ခမရ(၃၀၁) တို့ ထိခိုက် ကျဆုံးကာ ဆိုးရွားနေသဖြင့် ဂုဏ်ပြုခံရသော ခလရ(၁၀)တပ်ရင်း သည် ပန်ဝါဒေသသို့ ဒီဇင်ဘာ လ (၈)ရက်နေ့ တွင် ပို့ဆောင်ခြင်း ခံခဲ့ရသည်။

1 comments:

Kia ခံရတာကောတင်ပေးပါ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်