Wednesday, December 19, 2012

သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင်သေဆုံးသည်ကို တွေ့ရှိ

Posted by drmyochit Wednesday, December 19, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၁၇-၁၂-၂၀၁၂ ရက်နေ့ ၁၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး သစ်တော ကြိုးဝိုင်း အတွင်း အကွက်အမှတ်(၂၁)တွင် တောဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် သစ် တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့သစ်လုပ်ငန်းမှ တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေး ဒုတိယ ဦးစီးမှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ သေဆုံးနေသောဆင်မှာ အလျား (၁၃) ပေခန့်၊ လုံးပတ် (၁၂) ပေခန့်ရှိ အသက် (၂၇) နှစ်ခန့် ဆင်ထီးတစ်ကောင်ဖြစ်ပြီး လွန်ခဲ့သည့် (၁၅)ရက်ခန့်က သေဆုံး ခြင်းဖြစ်ကြောင်း သိရသည်။ ဆင်မှာ ၀ဲတင်ပါးဆုံတွင် အဆိပ်ပါသည့် ချွန်ထက်သောအရာဖြင့် ပစ်ခတ်ခံ ထားရပြီး ဦးခေါင်းရှိ အစွယ်နှင့် နှာမောင်းတို့အား ခုတ်ဖြတ်ထားသည့် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း၊ နှာမောင်းသားနှင့် အစွယ်နှစ်ချောင်းလုံး တွေ့ရှိရခြင်းမရှိဟု သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်