Wednesday, December 19, 2012

မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီး

Posted by drmyochit Wednesday, December 19, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၁၄-၁၂-၂၀၁၂ ရက်နေ့ ၁၁၃၀ အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ပေါင်ရဲစခန်းအရှေ့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား ရပ်တန့် စစ်ဆေးစဉ် မော်လမြိုင်မှ ရန်ကုန်သို့ ပေါင်မြို့၊ ကဒါရပ်ကွက်၊ မြို့သစ်(၄)လမ်းနေ ဇော်ဦး(၄၀)နှစ် မောင်းနှင်လာသည့် ၅ဂ/xxxx Honda Fit အဖြူရောင်ယာဉ်အား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် စာရွက် စာတမ်း အထောက် အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသဖြင့် ယာဉ်အား ပေါင်ရဲစခန်း၌ သိမ်းဆည်း ထားပြီး ၁၅၀၀ အချိန် ဇော်ဦးအား ပေါင်ရဲစခန်း(ပ)၁၃၃/၂၀၁၂၊ ပို့ကုန်သွင်းကုန်အက်ဥပဒေ ပုဒ်မ ၈ အရ အရေး ယူခဲ့သည်။

အလားတူ ၁၅-၁၂-၂၀၁၂ ရက်နေ့ ၀၆၃၀ အချိန် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သိမ်ဇရပ်ဘူတာအနီးတွင် မသင်္ကာဖွယ် မော်တော်ယာဉ် (၁)စီးရပ်တန့်ထားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၇ဂ/xxxx Mitsubishi Prado Wagon အဖြူရောင်ယာဉ်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့၍ သိမ်ဇရပ်ရဲစခန်း၌ သိမ်းဆည်းထားရှိပြီး ကျိုက်ထို မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ရန် စီစဉ်ဆောင်ရွက်ထားရှိသည်။

၎င်းအပြင် ၁၅-၁၂-၂၀၁၂ ရက်နေ့ ၂၀၁၅ အချိန် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အေးသာယာရပ် လှိုင်ဈေးလမ်းမတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ဒေါင်းမင်းရပ်နေ သန်းဝင်း(ခ) အငယ်လေး(ခ) အာလန်(၂၆)နှစ် မောင်းနှင် လာသည့် ၆ခ/xxxx Caldina အဖြူရောင်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် အထောက် အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် ၂၂၃၀ အချိန် သန်းဝင်း(ခ) အငယ်လေး(ခ) အာလန် အား ဒိုင်းဝန်ကွင်းရဲစခန်း (ပ)၁၂၇/၂၀၁၂၊ ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ ၈ အရ စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ၁-၁၂-၂၀၁၂ ရက်နေ့ မှ ၁၇-၁၂-၂၀၁၂ ရက်နေ့ထိ လိုင်စင်မဲ့ မော်တော်ယာဉ် စုစုပေါင်း (၉) စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်