Tuesday, July 17, 2012

ရိုဟင်ဂျာ ဆိုသူများ အတွက် ဂျီဟက် စစ်ပွဲ ဆင်နွှဲမည်ဟု အင်ဒိုနီးရှား အဖွဲ့ (၂)ခုက ဆို

Posted by drmyochit Tuesday, July 17, 2012, under | No comments



ယမန်နေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာ The Independent တွင် သဘောထားတင်းမာသော အင်ဒိုနီးရှား မွတ်ဆလင် အဖွဲ့ (၂) ခုက ရိုဟင်ဂျာများ အတွက် ဂျီဟက် စစ်ပွဲ ဆင်နွှဲမည်ဆိုသော သတင်းကို တခြား မြန်မာသတင်းများနှင့် အတူ ပုံနှိပ် ဖေါ်ပြသည်။

“ FPI is ready to wage jihad” အက်ဖ်ပီအိုင် အေ နဖြင့် ဂျီဟက် ဆင်နွှဲရန် အဆင်သင့် ရှိသည် ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ေ ဆာင်ပြီး သဘောထားတင်းမာသော အင်ဒိုနီးရှား မွတ်ဆလင် အဖွဲ့ (၂) ခုက ဂျာကာ တာမြို့ မြန် မာ သံရုံးရှေ့တွင် လွန်ခဲ့သော သောကြာနေ့က ဆန္ဒပြ ခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းကို ကိုးကားပြီး ဘင်္ဂ လာဒေခ်ျ့ ထုတ် The Independent က ဖေါ်ပြသည်။

ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များအကြား ဆွေးနွေးမှုများပြန်လည်စတင်မည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Xinhuanet.com;July-16(Mon)

ဖိလစ်ပိုင်အစိုးရနှင့် မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး (MILF) တို့အကြား တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဇူလိုင်လ ၁၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ပြန်လည်စတင်မည်ဖြစ်ပြီး  နှစ်ဖက်စလုံးအနေဖြင့်  အရေးပါသောကိစ္စရပ်များအပေါ် ဆက်လက်ဆွေးနွေးမှုပြုလုပ်မည်ဟုမျှော်လင့်ရကြောင်း မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး  (MILF) မှ ငြိမ်းချမ်းရေးဆွေးနွေးမှုအကြီးအကဲ  Jun Mantawil က ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ   Maguindanao ပြည်နယ်ရှိ Darapanan  စခန်း၌ ဇူလိုင်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိပြုလုပ်ခဲ့သော  မိုရိုခေါင်းဆောင်များညီလာခံအား အောင်မြင်စွာကျင်းပပြုလုပ်ပြီးနောက် ၂၉ ကြိမ် မြောက် အစိုးရနှင့် MILF တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း  Mantawil က ထပ်လောင်းပြောကြားခဲ့ပါသည်။ 

အီဂျစ်တပ်မတော်ဦးသျှောင်ကောင်စီအကြီးအကဲနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Xinhuanet.com;July-16(Mon)

အီဂျစ်တပ်မတော်ဦးသျှောင်ကောင်စီအကြီးအကဲ  Hussein Tantawi သည် အီဂျစ်နိုင်ငံတွင် ၂ ရက်ကြာ ချစ်ကြည်ရေးခရီးရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဇူလိုင်လ ၁၅ ရက်နေ့က ဆွေးနွေးမှုများပြုလုပ်သွားကြောင်း သိရှိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် နည်းလမ်းများသာမက ဒေသတွင်းနှင့် အီဂျစ်နိုင်ငံအတွင်း နောက်ဆုံးဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အမေရိကန်အနေဖြင့် အီဂျစ်နှင့် 0x158င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားကြောင်း ကလင်တန်က အခိုင်အမာပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် အီဂျစ်တပ်မတော်ဦးသျှောင်ကောင်စီ အဖွဲ့ဝင်အခိျု့နှင့် အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး  Anne Patterson တို့ တက်ရောက်ခဲ့ကြပါသည်။ 

အီရန်နိုင်ငံသည် ကာရေဘီယံပင်လယ်မှ ပါရှန်ပင်လယ်ကွေ့အထိ ရန်သူလှုပ်ရှားမှုများအား စောင့်ကြည့်လျက်ရှိသည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Press TV.ir; July-15(Sun)

ကာရေဘီယံပင်လယ်မှ အိုမန်ပင်လယ်နှင့် ပါရှန်ပင်လယ်ကွေ့အထိ ရန်သူ၏လှုပ်ရှားမှုအားလုံးသည် အီရန်တပ်ဖွဲ့ဝင်များ၏ စောင့်ကြည့်မှုအောက်တွင်ရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ် ဒုတိယအကြီးအကဲက ပြောကြားခဲ့ပါသည်။ IRGC ရေတပ်သည် အီရန်ရေတပ်ဖွဲ့ဝင်များနှင့်အတူ ပါရှန်ပင်လယ်ကွေ့ ၏ လုံခြုံရေးအား တာဝန်ပေးအပ်ထားသည့်အတိုင်း အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြောင်း အီရန်နိုင်ငံ မြောက်ပိုင်း Mashhad  မြို့၌ ဇူလိုင်လ ၁၄ ရက်နေ့ကပြုလုပ်သော ညီလာခံပြင်ပတွင် ရေတပ်ဗိုလ်ချုပ်  Javad Mashidi က ပြောကြားခဲ့ပါသည်။
IRGC ရေတပ်သည် နိုင်ငံ၏ရေပိုင်နက်အား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ရန်သူ၏လှိျု့ဝှက် ကြံစည်မှုများကိုလည်း နိုးနိုးကြားကြား စောင့်ကြည့်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သော မည်သည့်ခြိမ်းခြောက်မှုကိုမဆို တန်ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါရေတပ်ဗိုလ်ချုပ်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မဟာမိတ်များ၏လှုပ်ရှားမှုအားလုံးကို ထောက်လှမ်း ထားသော IRGC ရေတပ်၏သတင်းအချက်အလက်များကို အီရန်အကြီးအကဲက အလေးထားစိစစ်လျက်ရှိ ပါသည်။
လွန်ခဲ့သောလများကလည်း အမေရိကန်တို့သည် ပါရှန်ပင်လယ်ကွေ့အတွင်းရှိ ၎င်းတို့၏ စစ်ဘက် ဖြန့်ကြက်ချထားမှုအား မြှင့်တင်ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဘာရိန်းနိုင်ငံရှိ ၎င်းတို့၏ အမှတ်(၅)ရေယာဉ်သို့ စစ်သင်္ဘော ၅ စီး ထပ်မံစေလွှတ်ခဲ့ပါသည်။ အမေရိကန်တို့သည် အရှေ့အလယ်ပိုင်းဒေသ၊ အထူးသဖြင့် ပါရှန် ပင်လယ်ကွေ့အတွင်းရှိ ၎င်း၏စစ်ဘက်ဖြန့်ကြက်ချထားမှုအား တိုးမြှင့်ရန် နည်းမျိုးစုံသုံး၍ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

ပြင်သစ်ပါတီမှ မက်ဒေါနားအား တရားစွဲဆိုမည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Aljazeera.com;July-15(Sun)

အသက် ၅၃ နှစ်အရွယ်ရှိ အဆိုတော်မက်ဒေါနားအား ပဲရစ်မြို့ရှိ ဖျော်ဖြေတင်ဆက်မှုဗွီဒီယိုတွင် သူမ၏နဖူး၌ နာဇီအမှတ်လက္ခဏာစကြာတံဆိပ်အသုံးပြုထားမှုနှင့် ပြင်သစ်ရှေးဦးအမျိုးသားရေးပါတီ ခေါင်းဆောင် ပုံများထည့်သွင်းဖော်ပြမှုကြောင့် တရားစွဲဆိုရန်စီစဉ်လျက်ရှိပါသည်။ မက်ဒေါနား၏ ကမ္ဘာလှည့်သီဆို သရုပ်ဖော် တင်ဆက်မှုတွင် ပါတီခေါင်းဆောင် Marine Le Pen ၏ပုံရိပ်များအားထည့်သွင်းဖော်ပြခဲ့ကြောင်း၊ သီဆိုမှု ရပ်နားစဉ် ပြကွက်များတွင်ဖော်ပြခဲ့သဖြင့် ထည့်သွင်းဖော်ပြမှုမပြုရန် ပါတီမှယခင်ကတားမြစ်ခဲ့ပြီး ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီးဖြစ်ပါသည်။ လာမည့်ရှေ့အပတ်တွင် ၎င်းစော်ကားမှုအတွက် ပြင်သစ် တရားရုံးသို့ အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း ရှေးဦးအမျိုးသားရေးပါတီပြောခွင့်ရပုဂ္ဂိုလ် Alin Vizer က ပြောကြားခဲ့ပါသည်။ တင်ဆက်ဖျော်ဖြေမှုတွင် Le Pen ၏မျက်နှာအား လျှပ်တပြတ်ဖော်ပြပြီးနောက် ဟစ်တလာ နှုတ်ခမ်းမွေးတပ်၍ သူမဖျော်ဖြေခဲ့ပါသည်။ Le Pen မှာ သူမ၏အဖေဖြစ်သူ Jean Marie ထံမှ ပါတီအား အမွေ ဆက်ခံခဲ့သူဖြစ်ပြီး ပါတီ၏အရိပ်မဲကြီးဖြစ်နေသည့် လူမျိုးကြီးဝါဒနှင့် ဂျူးဆန့်ကျင်ရေးတို့အား ဖယ်ရှားပစ် ရန်ကြိုးစားနေသူ ဖြစ်ပါသည်။ မကြာသေးမီက သမ္မတနေရာအတွက် ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ခဲ့သူဖြစ်ပါသည်။ မက်ဒေါနားမှာအောင်မြင်ကျော်ကြားလိုသူဖြစ်ပြီး မိမိတို့၏ပါတီအား ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းမှာ မထူးဆန်း ကြောင်း နှင့် ၁၉၉ဝခုနှစ် မတ်လ တိုရန်တိုမြို့ Skydom  ဖျော်ဖြေစဉ်တွင်လည်း မဖွယ်မရာပြုမှုဖြင့် ဖမ်းဆီးမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရပါသည်။

အယုံလွယ်သူများ ကောလာဟလသတိပြု

Posted by drmyochit Tuesday, July 17, 2012, under | No comments



 အကြားနဲ့တင် အစိုးရအကြည်အညိုပျက်အောင်လုပ်နေတဲ့ မဲလက်မှတ်မှာ ဖယောင်းသုတ်ပါတယ် ဆိုတဲ့ ခပ်ညံ့ညံ့အယုံလွယ်သူ နိုင်ငံရေးပါတီဝင်များအတွက်  ပုံပြင်လေးတစ်ပုဒ်ပါ- တစ်ခါတုန်းက ဆင်းရဲသား ရပ်ကွက်ကို ပြောင်းလာတာ ၃-၄ ရက်ပဲရှိသေးတဲ့ ဆင်းရဲသားလင်မယား ၂ ယောက်ဟာ လင်မယား စကားများ ရန်ဖြစ်ကြသတဲ့၊ ဒါကို ဘေးအိမ်ကလူတစ်ယောက်က ရန်ဖြစ်သံကို နားထောင်နေသတဲ့ ခဏကြာတော့ အဲဒီလင်မယားက ကွာရှင်းမယ်၊ စီးပွားခွဲမယ်လို့ ပြောသံကြားရတယ် ဒီဘက်အိမ်ကလူလည်း ဆက်ပြီး နားထောင် နေတာပေါ့.. ဆက်လက်ပြီး မိန်းမလုပ်သူက ပြောသံကြားရတယ် '' ရှင်က ကား ၃ စီးယူ ကျွန်မက ကား ၃ စီး ယူမယ် '' လိုပြောသံကြားရတယ်..ဒီဘက်အိမ်က နားထောင်သူလည်း  အံ့သြသွားတယ် .. '' ဒီလင်မယား ပြောင်းလာတာမကြာသေးပါဘူး ဆင်းလည်းဆင်းရဲပါတယ် ဒို့လိုပါပဲ ဘယ်ကကားတွေရလာတာလဲ '' လို့ တွေးရင်း ဆက်နားထောင်နေတယ်. အဲ့ဒီအခါမှာပဲ စီးပွားခွဲနေတဲ့မိန်းမက ဆက်ပြောတယ်..'' ရော့ ရှင်က သေနတ်         ၂ လက်ယူ ကျွန်မလဲ ၂ လက်ယူမယ် '' .. လို့ ကြားလိုက်ရပြန်တယ် (နားနဲ့တိုက်ရိုက် ကြားရတယ်နော်) ဖယောင်းသုတ်တယ်ဆိုတဲ့ တစ်ဆင့်စကားမဟုတ်ဘူး၊ အဲ့ဒီအချိန်မှာ ဒီဘက်အိမ်ကနားထောင်နေတဲ့သူက တော်တော်လန့်သွားတယ်.. '' ဒီလင်မယား တခြားနေရာမှာ ဓားပြတိုက်စားနေပြီး ဒို့ရပ်ကွက်ထဲလာ.. မွဲချင် ယောင်ဆောင်နေတာပဲ ဖြစ်မယ်လို့ '' .. တွေးလိုက်မိတယ်၊ ဒါနဲ့သေချာအောင် သွားချောင်းကြည့်ဦးမှပဲဆိုပြီး အိမ်ထရံပေါက်ကနေချောင်းကြည့်လိုက်မှ ... ပွဲဈေးမှာ အရုပ်ရောင်းတဲ့ အရုပ်သည်လင်မယားက အရုပ်ကားနဲ့ အရုပ်သေနတ်တွေကို စီးပွားခွဲနေတာတွေ့လိုက်ရတယ်တဲ့ .. ပုံပြင်လေးက ဒီလောက်ပါပဲ။ ဒီပုံပြင်က ဘာကို သင်ခန်းစာပေးသလဲဆိုရင် ကိုယ်တိုင်နားနဲ့ တိုက်ရိုက်ကြားရတာတောင် ယုံထင်ကြောင်ထင်ဖြစ်မိတယ်.. ကိုယ့်မျက်စိနဲ့တိုက်ရိုက်ကြည့်လိုက်မှ အမှန်ကိုသိလိုက်ရတာဖြစ်တယ် ဒါကြောင့် ပြောတိုင်း ကြားတိုင်း ကိုယ်မမြင်ရဘဲနဲ့ အယုံလွယ်သူများ၊ ကောလာဟလကိုယုံကြသူများ.. အမြင်အသိမှန်စေဖို့ တင်ပြလိုက်ပါတယ်။





တရုတ်ပြည်တွင်းမှ ကချင် ဒုက္ခသည် စခန်းများ ဖယ်ရန်မလိုတော့

Posted by drmyochit Tuesday, July 17, 2012, under | No comments

တရုတ်ပြည်တွင်းရှိ ရမ်လူး ကချင်စစ်ပြေးဒုက္ခသည် စခန်း (ဓာတ်ပုံ – ဧရာဝတီ)
တရုတ်ပြည်အတွင်းမှ ဖယ်ရှားခိုင်းထားသော ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ ခုတွင် ယခုအခါ ပြန်လည်နေထိုင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စခန်း ၂ ခုကို ဇူလိုင် ၇ ရက်နေ့တွင် အပြီး ဖယ်ရှားခိုင်းထား သော်လည်း ကချင်စစ်ပြေး ဒုက္ခသည်များက တရုတ်ပြည်တွင် အေးချမ်းစွာနှင့် တရုတ်အစိုးရ၏ ဆန္ဒအတိုင်း နေထိုင်သွားမည်ဖြစ်ကြောင်း စုပေါင်း အသနားခံသဖြင့် ပြန်လည် နေထိုင်ခွင့် ရခဲ့ကြောင်း ရမ်လူးစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်

Posted by drmyochit Tuesday, July 17, 2012, under | No comments



မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။

နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစ္စရေးမောင်းသူမဲ့လေယာဉ်တစ်စီးသည် လက်ဘနွန်နိုင်ငံအရှေ့ပိုင်း၌ ပျက်ကျခဲ့သည်ဆိုခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


PressTV.com;July-15(Sun)

အစ္စရေးမောင်းသူမဲ့သူလှျိုလေယာဉ်တစ်စင်းသည် လက်ဘနွန်နိုင်ငံအရှေ့ပိုင်းတွင် ပျက်ကျခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနများ၏အဆိုအရ သိရှိရပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်သည် လက်ဘနွန် နိုင်ငံ  Baalbek ဒေသရှိ Younin ကျေးရွာတွင် ဇူလိုင်လ ၁၄ ရက်နေ့၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန် အမျိုးသားသတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Baalbek ဒေသသို့ ဝန်းရံပိတ်ဆို့ခဲ့ပြီး တာဝန်ရှိသူများသည် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါသည်။ ၎င်းမောင်းသူမဲ့ သူလှျိုလေယာဉ်သည် အစ္စရေးနိုင်ငံကပိုင်ဆိုင်သောလေယာဉ်ဖြစ်ကြောင်း သတင်းအရင်းအမြစ် များက ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂ဝဝ၆ ခုနှစ်အတွင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်(၁၇ဝ၁)ကို ချမှတ်ပြဋ္ဌာန်း ခဲ့သော်လည်း အစ္စရေးကင်းထောက်လေယာဉ်များသည် လက်ဘနွန်လေပိုင်နက်အတွင်း အမြဲတမ်းဝင်ရောက် ကျူးကျော်မှုများပြုလုပ်ခဲ့ပါသည်။ လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုလေးစားရန် အဆိုပါကုလသမဂ္ဂဆုံးဖြတ်ချက်က အစ္စရေးနိုင်ငံအား တောင်းဆိုထားခြင်းဖြစ်ပါသည်။ လက်ဘနွန်ပိုင်နက်သို့ အစ္စရေးနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုများနှင့်ပတ်သက်သည့် အထောက်အထား ၇,ဝဝဝ ကျော်ပါဝင်သည့် တိုင်ကြားချက်အား လက်ဘနွန်နိုင်ငံမှ ကုလသမဂ္ဂသို့ ၂ဝဝ၉ ခုနှစ်တွင် တိုင်ကြားခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီမြစ် ရေနက်စီးကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် စဥ့်ကူးနှင့် မတ္တရာမြို့နယ် ကျေးရွာအချို့ ရေတိုက်စား

Posted by drmyochit Tuesday, July 17, 2012, under | No comments


ဧရာဝတီမြစ် ရေနက်စီးကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်တို့တွင် ဇူလိုင် ၂ ရက်က ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ရာ စဥ့်ကူးမြို့နယ် စားကျက်ကျေးရွာတွင် အိမ်ခြေ ၁၅ လုံး၊ ဟသာင်္မရွာတွင် အိမ် ၉၈ လုံး၊ မတ္တရာမြို့နယ် နန်းတော်ကုန်းရွာတွင် အိမ်ခြေသုံးလုံး၊ ကုန်းတန်းလေးရွာတွင် အိမ်ခြေခုနစ်လုံး၊ သဖန်းဒေါင့်ရွာတွင် အိမ်ခြေနှစ်လုံး၊ သုံးဆယ်ပေးရွာတွင် ပေ ၄၀၀ ခန့် ရေတိုက်စားခံရ၍ ကမ်းပါးသည် ရွာခြေအထိ ရောက်ရှိနေသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဧရာဝတီမြစ်ရေ တိုက်စားခံရသော ကျေးရွာများမှ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး၊ နေအိမ်ပြောင်းရွှေ့ရသော မိသားစုများအား ထောက်ပံ့ရေး၊ ရေနက်စီးကြောင်း ကာကွယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
From : ကြေးမုံ

ဆူဒန်နှင့် တောင်ဆူဒန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြားဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းရန် ကတိပြုပြောကြားလိုက်ခြင်း

Posted by drmyochit Tuesday, July 17, 2012, under | No comments


Xinhuanet.com;July-15(Sun)

ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည် ၎င်းတို့၏နယ်စပ်နှင့် ရေနံအခွန်ဝင်ငွေခွဲဝေမှုများနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းနေစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် စစ်အင်အားအသုံးပြုခြင်းအပါအဝင် မည်သည့်ပဋိပက္ခ မျိုးကိုမဆို ရှောင်ရှားရန် သဘောတူညီခဲ့ကြပါသည်။ ဆူဒန်သမ္မတ Omar Hassan al-Bashir နှင့် တောင်ဆူဒန် သမ္မတ Salva Kiir တို့သည် အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့၌ပြုလုပ်သော အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါအတိုင်း ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံငြိမ်းချမ်းမှု ဆောင်ရွက်ရန် တိုက်တွန်းမှုများပြုလုပ်နေစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် အထက်ပါအတိုင်း ကတိပြုခဲ့ခြင်း ဖြစ်ပါသည်။
ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည် နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နောက် ဧပြီလအတွင်းရင်ကြားစေ့မှုပြန်လည်ရရှိခဲ့ကြပါသည်။ ဆူဒန်နှင့် တောင်ဆူဒန်နိုင်ငံတို့သည် ၎င်းတို့၏ လုံခြုံရေးဆိုင်ရာအရေးကိစ္စများအား ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ခဲ့လျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူ  ပိတ်ဆို့မှုများပြုလုပ်မည်ဟူသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နှောင့်နှေးမှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဆားလင်းကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

Posted by drmyochit Tuesday, July 17, 2012, under | No comments

2012-07-16

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့ က ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။
အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက် ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်ဝ အ၀င် နေရာမှာ စိုက်ထူထားတယ်လို့  လယ်သမားတစ်ဦးက ပြောပါတယ်။
လုပ်ငန်းခွင်က ထွက်တဲ့ မြေစာတွေ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ လယ်သမားတွေက ၀မ်ဘို တရုတ်ကုမ္ပဏီ လုပ်ငန်းခွင်ရုံးရှေ့မှာ အရင်လအတွင်းက ဆန္ဒပြခဲ့ကြရာမှာ ဒေသခံတွေ တောင်းဆိုတဲ့  အချက်တွေကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်က တာဝန်ရှိသူ အပါအ၀င် အာဏာပိုင်တွေဘက်က သဘောတူကြောင်း လက်မှတ်ထိုးခဲ့ပေမယ့် ဝမ်ဘို တရုတ် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လက် လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ် ။
“ကုန်းတော်ပေါ်က ဘုရားတွေလည်း သူတို့က လှည့်ပတ်ပြီးထိုးထားတာ။ ဘုရားနဲ့ စင်ကလေးတွေပဲ ကျန်တော့တယ်။ နဂိုက လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့နေရာ၊ တရားထိုင်တဲ့ အားထုတ်ခဲ့တဲ့နေရာတွေမှာ အကုန်လုံး ဖျက်ဆီးပစ်လိုက်ကြတယ်ခင်ဗျ။ ကျွန်တော်တို့တောင်းဆိုထားခဲ့တာကို သူတို့က ဆက်မဝင်တော့ဘူးဆိုပြီးတော့ တာဝန်ခံ ဦးပိုင်က ဦးမြင့်အောင်က ပြောတယ်ဆိုပြီးတော့ အခု ဒီနေ့ ပြေလည်မှုမရသေးဘဲနဲ့ ဒီဟာတွေကို ဆက်လုပ်တယ် ဆိုတော့ ကျွန်တော်တို့ ဝန်ကြီချုပ်ဆီ စာသွားတင်ပါတယ်”
အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့ စစ်တပ်က စောင့်ကြပ်နေတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်  ။

ဒုတိယသမ္မတ အတည်ပြုနိုင်ရေး ရက်ပိုင်းခန့် ကြန့်ကြာဦးမည် ဟုဆို

Posted by drmyochit Tuesday, July 17, 2012, under | No comments



နေပြည်တော်၊ ဇူလိုင် ၁၆

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းထားသော ဒုတိယ သမ္မတကို ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး အတည်ပြုရန် လတ်တလော အစီအစဉ် မရှိသေးသဖြင့် ဒုတိယသမ္မတ အတည်ပြုနိုင်ရေး ရက်ပိုင်းခန့် ကြာဦးမည်ဟု ထင်ကြောင်း ဒုတိယသမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ မိသားစုဝင် တစ်ဦးမှာနိုင်ငံခြားသား ခံယူထားသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုသမ္မတ ဖြစ်ရန် အရည်အချင်း မကိုက်ညီကြောင်း၊ ယင်းကြောင့် လွှတ်တော်တွင် တင်သွင်းရန် ကြန့်ကြာနေခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများနှင့် အစိုးရ အသိုင်းအဝိုင်းကြားတွင် ထွက်ပေါ်နေသော သတင်းများအရ သိရသည်။

အမည်မဖော်လိုသော လွှတ်တော် ကိုယ်စားလှယ် အချို့ကလည်း ယင်းသတင်းကို မမှန်ကန်ဟု မငြင်းလိုကြောင်း  ဒုသမ္မတ အရည်အချင်း စစ်ဆေးရေး အဖွဲ့ဖွဲ့ထားပြီးဖြစ်ရာ အရည်အချင်းမပြည့်မီကြောင်း နောင်မှ ပေါ်ပေါက်ပါက ယင်းအဖွဲ့က တာဝန်ယူရမည် ဖြစ်ကြောင်းပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများတွင် ရှိရမည့်အရည်အချင်းများတွင် "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း ၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊" ဟုအတိအလင်း ဖော်ပြထားသည်။

လစ်လပ်နေတဲ့ ဒုသမ္မတ ရာထူးအတွက် စိစစ် ရွေးချယ်ရမယ့် ဒုသမ္မလောင်း အမည်ကို ခုချိန်ထိ မသိရသေးဘူးလို့  ဒုသမ္မတ စိစစ် ရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရန် ဇူလိုင် ၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

မနက်ဖြန် (ဇူလိုင် ၁၇ ရက်နေ့) မွန်းလွဲ ၁ နာရီတွင် စတင်ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်လည်း ဒုတိယ သမ္မတ ရွေးချယ်တင်မြှောက်မည့် အစီအစဉ်တွင်လည်း ပါဝင်လာခြင်း မရှိသေးကြောင်းပြည်ထောင်စု လွှတ်တော် အစီအစဉ် လျာထားချက် အရသိရသည်။

The Voice Weekly

သမ္မတလျားထားခံရသူ ဦးမြင့်ဆွေ ရဲ့ သား တာရာမြင့်ဆွေ သြစတြေလျနိုင်ငံသားခံ ယူထား

Posted by drmyochit Tuesday, July 17, 2012, under | 1 comment



ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာ သြစတြေလျနိုင်ငံသားခံယူထားသူ သူရဲ့  ဇနီးဖြစ်သူကို လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း သြစတြေလျနိုင်ငံသား ခံယူထားသူဖြစ်ကြောင်းသိရပါတယ်။

ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊ သူမဟာ လွန်ခဲ့တဲ့ (၁၂) နှစ်ခန့် ကကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ သြစတြေလျနိုင်ငံရဲ့  နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းထားမှုဟာ ဒုတိယသမ္မတဖြစ်ဖို့  လက်ရှိသတ်မှတ်ချက်များနဲ့  ညှိစွန်းနေတာကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အခုလိုတွေ့ ရပါတယ်။


ရိုဟင်ဂျာများ လူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် လွှတ်တော်မှာ တင်သွင်းပြောကြား

Posted by drmyochit Tuesday, July 17, 2012, under | No comments




လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ရိုဟင်ဂျာ ကိစ္စပြောကြားနေစဉ်
ရိုဟင်ဂျာ လူမျိုးသည် မြန်မာနိုင်ငံရှိ လူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် က
 ပြည်ထောင်စု လွတ်တော်သို့ တရားဝင် တင်သွင်းပြောကြားခဲ့ကြောင်း
 ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်သတင်းယူနေသော
 Popular News Journal ၏ သတင်းထောက်ကသတင်းပေးပို့သည်။

ဒါအပြင် ယနေ့ လွှတ်တော်မှာ---
နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ်
(၁/၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်းရွေ့ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်)၊ ဦးအောင်စိန်(မာန်အောင်မဲဆန္ဒနယ်) ၊ဦးသာစိန် (ကျောက်တော်မဲဆန္ဒနယ် )၊ ဦးရွေမောင်( ဘူးသီးတောင်မဲဆန္ဒနယ်)၊ ဦးသိန်ညွှန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ် )ဦးခိုင်မောင်ရည် (အလုံမဲဆန္ဒနယ်) ၊ ဦးဌေးဝင်း (ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၇)တို့မှ ဆွေးနွေးခဲ့ကြပြီး
ယင်းသို့ဆွေးနွေးရာတွင် တည်ငြိမ်အေးချမ်းမှသာ ယင်းအရေးပေါ်အခြေအနေအား
 တည်ငြိမ်အေးချမ်းမှသာပယ်ဖျက်ရန်သဘောတူညီနေကြကြောင်းသိရသည်။
Popular Myanmar News Journal

အာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် နိုင်ငံရေးပါတီများသို့ ဖိတ်ကြား

Posted by drmyochit Tuesday, July 17, 2012, under | No comments






၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမည့် အာဇာနည်ဗိမာန်သို့ တက်ရောက်ရန် ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက် ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများထံမှ သိရှိရသည်။ ယင်းသို့ ဖိတ်ကြားရာ၌ တစ်ပါတီလျှင် ငါးဦးနှုန်း တက်ရောက်နိုင်ကြောင်း သိရသည်။ “အာဇာနည်နေ့မှာ ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေကို အာဇာနည်ဗိမာန် တက်ရောက်ဖို့ ရန်ကုန်တိုင်းဒေ သကြီး ရွေးေ ကာက်ပွဲ ကော်မရှင်က ဖိတ်ကြားထားပါတယ်။ ၂၀၁၀ တုန်းကတော့ ပါတီတစ်ပါတီကို ခုနစ်ယောက် တက်ခွင့်ရခဲ့တယ်။ ၂၀၁၁ မှာ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။ တကယ်လို့ အဲဒီနေ့မှာ ဂုဏ်ပြုပန်းခွေ၊ ပန်းခြင်းတွေ ပြုလုပ်မယ်ဆိုရင် ပခုက္ကူ ဓမ္မာရုံကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ အရောက် ပို့ပေးရမယ်လို့ ပြောပါတယ်။ အခုထိတော့ ဖိတ်စာ မရောက်သေးဘူး။ ဒါကို ဖုန်းနဲ့ လှမ်း အကြောင်းကြားလို့ သိထားတာပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပြန်ကြားရေးတာဝန်ခံ ဦးလှမြင့်က ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ကျဆုံးခဲ့သော အာဇာ နည်များဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော် ဘွားကြီး စ၀်စံထွန်း၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့အား အောက်မေ့သတိရ ဂုဏ်ပြုသော အားဖြင့် အာဇာနည်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ယခုအခါ (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရန်အတွက် အာဇာနည်ဗိမာန်အား ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရှိရသည်။

From : ခေတ်လူငယ်

ပတ္တမြားမှန်ရင် နွံမနစ် ဆိုသည့်စကားအတိုင်းကမ္ဘာ့သြဇာလွှမ်းမိုးမူရှိဆုံး အယောက် ၁၀၀ တွင် သမ္မတကြီးဦးသိန်းစိန် ပါဝင်

Posted by drmyochit Tuesday, July 17, 2012, under | No comments



TIME မဂ္ဂဇင်းက ထုတ်ပြန်လိုက်သည့် ကမ္ဘာပေါ်၌ သြဇာ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် သာ ပါပြီး ဒေါ်အောင်ဆန်း စုကြည် ပြုတ်သွားခဲ့သည်။

အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၆၁ နေရာတွင်ပါရှိကာ၊ ဟီလာရီကလင်တန်က အမှတ်စဉ် ၈၈ နေရာတွင်ပါရှိသည်။ အီရန်ဘာသာရေးခေါင်းဆောင် အယာသွလ်လာ အလီ ခါမေနီက အဆင့် ၆၈ နဲ့ ရှိနေပါတယ် ။ ဘောလုံးသမားတွေထဲမှာတော့ လီယွန်နယ်မက်ဆီ တစ်ယောက်ထဲသာပါပြီး အဆင့် ၈၆ မှာ ရှိပါတယ် ။


(၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သတင်းတက်ရောက်ယူမည့် သတင်းထောက်ဦးရေ များပြား

Posted by drmyochit Tuesday, July 17, 2012, under | No comments


ယခုနှစ် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ သတင်းတက်ရောက်ယူမည့် သတင်းထောက် ဦးရေမှာ ယခင်နှစ်များနှင့်မတူ အထူးများပြားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ဇူလိုင် ၁၉ ရက်တွင် ကျင်းပမည့် (၆၅) နှစ်မြောက် အာဇာနည်နေ့ ကျင်းပသည့် အခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအသီးသီးမှ သတင်းတက်ရောက်ယူရန်အတွက် အခမ်းအနား ဦးဆောင်စီစဉ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာရင်းပေးသွင်းထားသည့် သတင်းထောက် ဦးရေမှာ ၁၀၀ ကျော်အထိ ရှိခဲ့သည်။ 

ယနေ့အချိန်သည် မြန်မာနိုင်ငံ၏ အလွန်အရေးကြီးသည့် သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ ပြောကြာ

Posted by drmyochit Tuesday, July 17, 2012, under | No comments


ယနေ့အချိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း အလွန်အရေးကြီးသည့် သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ် တွင် ပြော ကြားခဲ့သည်။ 

မွတ်ဆလင် လူငယ် တဦးကို သင်္ကန်းဝတ်ပြီး စစ်တွေတွင် ဖမ်းဆီးမိ

Posted by drmyochit Tuesday, July 17, 2012, under | No comments



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မွတ်ဆလင် လူငယ် တစ်ဦးကို သင်္ကန်း ၀တ်ပြီး ယမန်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။
ယခုအခါ အဆိုပါ လူငယ်အား သင်္ကန်းချွတ်ပြီး ရဲလက်သို့ အပ်နှံ လိုက်သည်ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။


ရိုဟင်ဂျာ ဆိုသူများ အတွက် ဂျီဟက် စစ်ပွဲ ဆင်နွှဲမည်ဟု အင်ဒိုနီးရှား အဖွဲ့ (၂)ခုက ဆို

Posted by drmyochit Tuesday, July 17, 2012, under | No comments



ယမန်နေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာ The Independent တွင် သဘောထားတင်းမာသော အင်ဒိုနီးရှား မွတ်ဆလင် အဖွဲ့ (၂) ခုက ရိုဟင်ဂျာများ အတွက် ဂျီဟက် စစ်ပွဲ ဆင်နွှဲမည်ဆိုသော သတင်းကို တခြား မြန်မာသတင်းများနှင့် အတူ ပုံနှိပ် ဖေါ်ပြသည်။

“ FPI is ready to wage jihad” အက်ဖ်ပီအိုင် အနြေ ဖင့် ဂျီဟက် ဆင်နွှဲရန် အဆင်သင့် ရှိသည် ဟ ရေး သား ထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး သဘော ထားတင်းမာသော အင်ဒိုနီးရှား မွတ်ဆလင် အဖွဲ့ (၂) ခုက ဂျာကာတာမြို့ မြန်မာသံရုံးရှေ့တွင် လွန်ခဲ့သော သောကြာနေ့က ဆန္ဒပြခဲ့ကြသည် ဟု အေ အက်ဖ်ပီ သတင်းကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ ထုတ် The Independent က ဖေါ်ပြသည်။
ဆန္ဒပြခဲ့ကြသော သဘောထား တင်းမာသော မွတ်ဆလင် အဖွဲ့ (၂) ခုမှာ Islamic Defenders Front ( IDF) နှင့် Jemaah Anshorut Tauhid (JAT) တို့ ဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက မြန်မာသံရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ပြီး “ တောင်း ဆိုမူကို ငြင်းပယ်ခဲ့ပါက သံရုံးထဲ အတင်း ချိုးဖေါက် ၀င်ရောက်ကာ သံရုံးကို ဇောက် ထိုး ပြောင်းပြန် ဖြစ်အောင် ပြုလုပ်ကြလော့” ဟုဆိုကာ အသံချဲ့စက်မှ ဆန္ဒပြသူများကို ဆော်သြခဲ့သည်ဟု ဆိုသည်။
၎င်းပြင်သူက “ မြန်မာပြည်သို့ သွားကြပါ။ သင်တို့၏ ညီအစ်ကိုများ အတွက် ဂျီဟက် ဆင်နွှဲရန် အ တွက် မြန်မာပြည်ကို သွားကြပါ” ဟု ဆော်သြသွားခဲ့သည်ဟုလည်း ဖေါ်ပြသည်။
“ လွှတ်လပ်မူမှ အပ ကမ္ဘာကြီးတွင် တခြားမရှိ။ မွတ်ဆလင် တစ်ဦးစီ ၏ သွေးစက် တိုင်း သွေးစက်တိုင်းကို သွေးမြေကျ ပေးဆပ် တိုက်ပွဲဝင်သွားမည်” ဟုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဆန္ဒပြသူမှာ ၃၀၀ ခန့်ရှိပြီး သံရုံးထဲသို့ အတင်း ၀င်ရောက်ရန် ခြိမ်းခြောက်မူများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အင်ဒိုးနီးရှား ရဲသား ၅၀ ခန့်က ဟန့်တားခဲ့ရပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂရုံးရှိရာသို့ ဆက်လက် ချီတက် သွားကြသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူကို အသုံးချကာ ပြဿနာကို ပိုမို ကြီးထွားအောင် လုပ်လို သူများ၏ ချဲ့ထွင် ၀ါဒ ဖြန့်မူများကြောင့် ယခုကဲ့သို့ ဆန္ဒပြမူများ မွတ်ဆလင် နိုင်ငံ တစ်ချို့ တွင် ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သိရသည်။
From : narinjara

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်