Wednesday, July 25, 2012

မြန်မာ့ဘောလုံး သွေးသစ်လောင်းပြီး ပြန် လာပြီ

Posted by drmyochit Wednesday, July 25, 2012, under | No comments


၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ ဂိုးနဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့တဲ့ 
အသက်၂၃ နှစ်အောက် မြန်မာ ဘော လုံး အသင်း (ဓာတ်ပုံ – Getty Images)
သယံဇာတ အများအပြား ထွက်တယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလယ်မှာမထင်ပေါ်နိုင်ပဲ ငုပ်လျှိုးနေခဲ့တာကြာပါပြီ။ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်”လို့ ဆောင်ပုဒ်ရှိပေမယ့် ယခုအချိန်ထိ အာရှအဆင့်ပွဲတွေ ရောက်ဖို့တောင် အရှိန် ယူနေဆဲပါ။
တချိန်က အာရှမှာ ရွှေခေတ်ရောက်ခဲ့ပေမယ့် မြန်မာ့ဘောလုံးဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ မကြာ ခင်ကမှ လူငယ် ဘောလုံးသမားတွေ မွေးထုတ်ပေးတဲ့ စီမံကိန်းကို စ အကောင်အထည်ဖော်ခဲ့ပြီး မြန်မာ့ဘောလုံး တခေတ်ဆန်းဖို့ အားထုတ်နေတာ အခုဆိုရင် အနာဂတ်အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။
အသက်၂၃ နှစ်အောက် ဘောလုံးအသင်းဟာ ၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ နဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများကို မြန်မာပြန်လာပြီဆိုကာ အချက်ပေးလိုက် နိုင်ပါတယ်။

ဥရောပသမဂ္ဂမှ ဆီးရီးယားနိုင်ငံအတွင်းသို့ လက်နက်များတင်ပို့မှုအား အရှိန်မြှင့်တင်ပိတ်ဆို့အရေးယူသွားမည်ဆိုခြင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments


Yonhapnews.com;July-23(Mon)

          ဥရောပသမဂ္ဂ¾(EU)သည် ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုများပိုမိုတိုးမြှင့်လာမှုများအား တုံ့ပြန် သောအားဖြင့် ဆီးရီးယားအစိုးရအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများနှင့် တရားမဝင်လက်နက်တင်ပို့မှု တားမြစ်ခြင်းများအား ဇူလိုင်လ ၂၃ ရက်နေ့က အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဆီးရီးယားနိုင်ငံအတွင်း ဖိနှိပ်မှုအတွက် လက်နက်များဖြည့်တင်းခြင်း၊ သို့မဟုတ် လက်နက်များပါရှိမည်ဟု သံသယရှိသော ဆီးရီးယားနိုင်ငံသို့သွားရောက်မည့်  သင်္ဘောများနှင့် လေယာဉ်များကို စစ်ဆေးမှုများပြုလုပ်နိုင်ရေးကို ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ သဘောတူဆုံးဖြတ်ခဲ့သော နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုတွင် ဖော်ပြထားပါသည်။၎င်းဆုံးဖြတ်ချက်အရ နိုင်ငံတကာဥပဒေနှင့်အညီ EU  အဖွဲ့ဝင်နိုင်ငံများ၏ပိုင်နက်ပင်လယ်အတွင်း၌သာမက အဖွဲ့ဝင်နိုင်ငံများအတွင်းရှိ သင်္ဘောဆိပ်နှင့် လေဆိပ်များတွင် လည်း အဆိုပါရှာဖွေရေးတာဝန်အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          ဆီးရီးယားနိုင်ငံသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများကို ဥရောပသမဂ္ဂ(EU) ဥပဒေအရ သိမ်းဆည်း သွားမည်ဖြစ်ပါသည်။ ၎င်းအပြင် ဆီးရီးယားနိုင်ငံသို့ ဦးတည်သွားရောက်မည့် လေယာဉ်နှင့် သင်္ဘောများသည် မထွက်ခွာမီနှင့် ဆီးရီးယားနိုင်ငံသို့မရောက်ရှိမီ ၎င်းတို့နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဥရောပသမဂ္ဂသို့ပေးပို့ရမည်ဖြစ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ   Catherine Ashton က ဆီးရီးယားနိုင်ငံ၏ပဋိပက္ခများသည် စစ်ပွဲအသွင်သဏ္ဌာန်ဆောင်လာခြင်းအား ဆန့်ကျင်ကြောင်း သတိပေး ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂသည် ဆီးရီးယားသို့လက်နက်တင်ပို့ခြင်းများကို ၂ဝ၁၁ ခုနှစ်မေလကတည်းက အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဆီးရီးယားနိုင်ငံအတွင်း လက်နက်များဖြည့်တင်းရေးအတွက် အာမခံခြင်းများ၊ နည်းပညာအကူအညီပေးခြင်းများနှင့် ချေးငွေကိစ္စရပ်များကိုလည်း ဥရောပသမဂ္ဂမှတားမြစ်ခဲ့ ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အငြင်းပွားလျက်ရှိသော ကျွန်းများပေါ်၌ အစောင့်တပ်ဖွဲ့တစ်ဖွဲ့အား ထားရှိသွားမည်ဆိုခြင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments


CNA.com;July-23(Mon)

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဖြစ်ပွားနေသော တင်းမာမှုများအား တုံ့ပြန်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားလျက်ရှိသောကျွန်းများပေါ်တွင် စစ်ဘက်အစောင့်တပ်ဖွဲ့တစ်ဖွဲ့ ထားရှိ သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ၎င်းတပ်ဖွဲ့အား တရုတ်နှင့်ဗီယက်နမ်တို့အကြား ပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားလျက်ရှိသော တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းစုနှစ်ခုအနက် ပရပ်ဆဲလ်ကျွန်းဆွယ်ရှSansha  ကျွန်းတွင် ထားရှိသွားမည်ဖြစ်ပါသည်။ တရုတ် ဗဟိုစစ်ကော်မရှင်မှ တာဝန်ပေးထားသော အဆိုပါအစောင့်တပ်ဖွဲ့အား Sansha ကျွန်း ကာကွယ်ရေးတာဝန်နှင့် အရန်တပ်အဖြစ်ထားရှိသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဝဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။

ပရပ်ဆဲလ်ကျွန်းစုအတွက် အုပ်ချုပ်ရေးဌာနတစ်ခုအား Sansha ၌ ဖွင့်လှစ်ရန် တရုတ်နိုင်ငံမှ လွန်ခဲ့သည့် လအတွင်း၌ သတ်မှတ်ခဲ့ပြီးSpratly ကျွန်းစုအငြင်းပွားမှုသည် တရုတ်နိုင်ငံ၏ကျူးကျော်မှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုအား ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖြစ်ပေါ်စေခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် တောင်ဗီယက်နမ်တို့သည် ယခင်က ပရပ်ဆဲလ်ကျွန်းစုအား ခွဲဝေအုပ်ချုပ်ခဲ့သော်လည်း ၁၉၇၄ ခုနှစ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ပရပ်ဆဲလ်ကျွန်းစုတစ်ခုလုံးအား အုပ်ချုပ်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် Spratly  ကျွန်းစုအချို့အား ပိုင်ဆိုင်ထားပါသည်။ တရုတ်နိုင်ငံမှ တောင်တရုတ်ပင်လယ်အများစုအား ပိုင်ဆိုင် ကြောင်း ပြောကြားလျက်ရှိပြီး ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနှင့် မလေးရှားနိုင်ငံတို့မှ မိမိတို့ပိုင်ဆိုင်သည့်အစိတ် အပိုင်းများအား အခိုင်အမာတောင်းဆိုလျက်ရှိပါသည်။
အငြင်းပွားမှုများသည် မကြာသေးမီသီတင်းပတ်အတွင်း၌ ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံမှ ပိုင်နက်ကျူးကျော် ခြင်းပင်ဖြစ်ကြောင်း၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့မှ ဝေဖန်ပြောကြားလျက်ရှိပါသည်။ 

Spratly  ကျွန်းစုအား ၎င်း၏ အချုပ်အခြာအာဏာအောက်တွင် တည်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံမှ ဥပဒေတစ်ရပ်အားချမှတ်ခဲ့ပြီးနောက် ဈေးပြိုင်တင်သွင်းမှုအား သီတင်းပတ်တစ်ပတ်အကြာ၌အငြင်းပွားလျက်ရှိသော ရေပိုင်နက်အတွင်းရှိ ရေနံသိုက်များ မှ ရေနံများထုတ်လုပ်ရန်ကြိုဆိုလက်ခံကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံအဖွဲ့အစည်းမှ ဇွန်လတွင်း၌ ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည် စေ့စပ်ဆွေးနွေးပွဲကာလကိုတိုးမြှင့်ရန်အတွက် အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အား တောင်းဆိုမည်ဆိုခြင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments


Xinhuanet.com;July-23(Mon)

ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည် သြဂုတ်လ ၂ ရက်နေ့တွင် ပြီးဆုံးမည့်စေ့စပ်ညှိနှိုင်းပွဲကာလကို ထပ်မံတိုးမြှင့်ရန်အတွက် အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အား ပူးတွဲတောင်းဆိုရန်စီစဉ်ထား ကြောင်း Khartoum's  Al-Sudani  သတင်းစာက ဇူလိုင်လ ၂၃ ရက်နေ့တွင်ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြားတင်းမာ မှုများနှင့် ကွဲပြားမှုများအား ၃ လအတွင်းကျေအေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ချမှတ်ထားသောဆုံးဖြတ်ချက်အမှတ်၊ ၂ဝ၄၆ အား မေလ ၂ ရက်နေ့တွင် ချမှတ်ခဲ့ပါသည်။ တောင်ဆူဒန်ဧရိယာ အတွင်းဆူဒန်စစ်ဘက်မှဗံုးကြဲတိုက်ခိုက်ခဲ့သောကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆူဒန်နိုင်ငံမှငြင်းဆိုခဲ့ပြီး Darfur  သူပုန်များအား တောင်ဆူဒန်မှထောက်ပံ့နေကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။ 

အီသီယိုးပီးယားနိုင်ငံ Bahir Dar မြို့တွင် ဆူဒန်နိုင်ငံနှင့်စေ့စပ်ဆွေးနွေးမှုအား ဆိုင်းငံ့ထားကြောင်း တောင်ဆူဒန်စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ က ဇူလိုင်လ ၂ဝ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
နှစ်နိုင်ငံအနေဖြင့် စေ့စပ်ဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ငြိမ်းချမ်း ရေးဆွေနွေးပွဲများမှတစ်ဆင့် တင်းမာမှုများအားဖြေရှင်းရေးနှင့် ရန်ပြုမှုအားလုံးကိုရပ်တန့်ရန် ကတိပြုခဲ့ကြကြောင်း အာဖရိကသမဂ္ဂမှ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ သိသာထင်ရှားသောကိစ္စရပ်များ၊ လုံခြုံရေးကိစ္စ အပါအဝင် ရေနံနှင့် အငြင်းပွားဖွယ် Abyei ရေနံမြေအပြင် နယ်စပ်ဒေသကိစ္စများနှင့်ပတ်သက်၍ အာဖရိကသမဂ္ဂ၏ ဖျန်ဖြေမှုအောက်၌ ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့တွင် စေ့စပ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦးဝင်းမြင့် အဆို ဆွေးနွေးဖို့  ပြည်သူ့လွှတ်တော် သဘောတူ

Posted by drmyochit Wednesday, July 25, 2012, under | No comments



ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က `Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Cleance Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူပါသည်။

ပြည်သူ့လွှတ်တော်

မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား သေနတ်ပစ်ဖောက် လုယက်ခဲ့သူများထဲတွင် ပါဝင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိ"

Posted by drmyochit Wednesday, July 25, 2012, under | No comments

မဲဆောက်။ ဇူလိုင် ၂၅

မြန်မာ-ထိုင်း နယ်စပ်မြ၀တီမြို့လယ်တွင် ယခင်လ ၂၄ ရက် မွန်းလွဲပိုင်းက အင်ပါယာရွှေဆိုင် ကိုဓားပြ ၀င်တိုက်ခဲ့သူများထဲမှ တစ်ဦးဟု ယူဆရသူ အားထိုင်း ရဲက ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ ပြီးနောက် ယနေ့ နံနက်တွင် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာအာဏာပိုင် များထံသို့လွဲပြောင်းပေးလိုက်သည်။ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရွှေဆိုင် ကိုဓားပြတိုက်သူ သုံးဦးထဲမှ တစ်ဦးဟု ယူဆရသူ ကိုလင်း ၂၈ နှစ်ကို ယခုရက်ပိုင်း အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အကြီးဆုံး သစ်သီးဝလံဈေး ဖြစ်သည့် (တလာထိုင်းဈေး) တွင် ထိုင်းရဲက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က မဲဆောက်သို့ပို့ဆောင်ခဲ့ပြီး ယနေ့တွင် ထိုင်းဘက် မှမြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ တရားခံဟု ယူဆရသူ ကိုလင်း အားလက်ခံ ခဲ့သည့် မြ၀တီမြို့နယ်မှ ရဲမှူးကြီးက"တစ်ယောက်မိထားပြီး ဆိုတော့ မကြာခင်မှာ ကျန်တဲ့ လူတွေ ကိုလည်း ဖမ်းဆီးဖော်ထုတ်နိုင်မှာပါ"ဟုထိုင်းဘက်ရှိ သတင်းထောက် များကိုပြောကြားခဲ့သည်။ 


တရားခံဟုယူဆရသူအား လွှဲပြောင်းမှုကို ထိုင်းဘက်မှ လ၀ကဗိုလ်မှူးကြီး ယို့မနီးစောင် ဦးဆောင် သည့်အဖွဲ့နှင့် မြန်မာဘက်မှရဲမှူးကြီးမျိုးဇော် ဦးဆောင်သည့် အဖွဲ့တို့ တက်ရောက်ပြီး တရားခံဟု ယူဆရသူအား ဖမ်းဆီး ရမိမှုနှင့်ပတ်သက်၍ အသေးစိပ်ပြောကြား ရန် နှစ်ဘက် တာဝန်ရှိသူများ ကငြင်းဆိုခဲ့သည်။ ယနေ့လွှဲပြောင်းမှုသည် ယခင်လ ၂၄ ရက်နေ့ မွန်းလွှဲပိုင်းက မြ၀တီမြို့လယ်ရှိ အင်ပါယာရွှေဆိုင်ကို စစ်သုံးမောင်းပြန် လက်နက်များ ကိုင်ဆောင်ထားသူ ၃ ဦးက သေနတ်များ ပစ်ဖောက်ကာ ရွှေထည်ပစ္စည်း ၂ ပိဿာခွဲခန့်ကို ယူဆောင်သွားခဲ့သည့် အမှု၏ နောက်ဆက်တွဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်လူမျိုးစုများအား သတ်ဖြတ်မှုကို ပါလက်စတိုင်းလူမျိုးများက ကန့်ကွက်လျက်ရှိခြင်း

Posted by Anonymous Wednesday, July 25, 2012, under | No comments


PressTV.ir;July-23(Mon)

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်လူမျိုးစုများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ပတ်သက် ၍ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းမွတ်စလင်များက လမ်းမများပေါ်ချီတက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း PressTV  သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၄င်းဆန္ဒပြမှုအား ဂါဇာထောက်ပံ့ကူညီရေးဝန်ကြီးဌာနနှင့် ပါလက်စတိုင်း မွတ်စလင်ဘာသာရေးအဖွဲ့က ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ် နေခြင်းအားရပ်တန့်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရေငုံနှုတ်ပိတ်နေခြင်းမပြုရန် တောင်းဆိုမှုပြုလုပ် ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းရှိမွတ်စလင်များအနေဖြင့် နိုးကြားမှုရှိရန်နှင့် ရိုဟင်ဂျာမွတ်စလင်များကို သတ်ဖြတ်နေခြင်း အားရပ်တန့်ရန် မွတ်စလင်ဘာသာရေးအဖွဲ့မှ Salem Salameh က ပြောကြားခဲ့ပါသည်။ 

မကြာသေးမီကဖော်ပြခဲ့သော သတင်းများတွင် မြန်မာနိုင်ငံရှိ မွတ်စလင်များမှာ အတိဒုက္ခရောက်နေ ကြောင်း ဖော်ပြပါရှိပါသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လ ၂၈ ရက်နေ့မှစ၍ ရိုဟင်ဂျာမွတ်စလင် ၆၅ဝ ခန့် အသတ် ခံရကြောင်း သတင်းများတွင် ဖော်ပြပါရှိပါသည်။ ထို့ပြင် အခြား ၁,၂ဝဝ မှာ ပျောက်ဆုံးနေပြီး ၉ဝ,ဝဝဝ ခန့်မှာ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။ ရိုဟင်ဂျာမွတ်စလင်အသိုက်အဝန်းသည် အာရှ ပါလက်စတိုင်း များဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံးလူနည်းစုဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြထားပါသည်။ ရိုဟင်ဂျာများအား မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်ငြင်းဆိုခဲ့ပြီး တရားမဝင်နေထိုင်သူများဟု သတ်မှတ်ထားပါသည်။

ဒေးဗစ် ဘက်ခမ်းနဲ့ ၂၀၁၂ လန်ဒန် အိုလံပစ် ဖွင့်ပွဲအခမ်းအနား

Posted by drmyochit Wednesday, July 25, 2012, under | No comments

ဒေးဗစ် ဘက်ခမ်း (ဓာတ်ပုံ – Telegraph)
အင်္ဂလန် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းက သောကြာနေ့မှာ ဖွင့်လှစ်တော့မယ့် လန်ဒန်အိုလံပစ် ဖွင့်ပွဲမှာ တထောင့်တနေရာကနေ ပါဝင်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိပြီးဖြစ်တဲ့ ဘက်ခမ်းဟာ ဖွင့်ပွဲအစီအစဉ်နဲ့ ပတ်သတ်ပြီး အသေးစိတ် မပြောကြားခဲ့ပေမယ့် ဖွင့်ပွဲမှာ သူ့နိုင်ငံအတွက် ပါဝင်ရမယ့်နေရာ ရှိကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဘက်ခမ်းက “အဖွင့်ပွဲစဉ်မှာ တထောင့်နေရာကနေ ပါဝင်ခွင့်ရှိတာ ဖြစ်တဲ့အတွက် ဂုဏ်ယူမိသလို ဒီ လန်ဒန် အိုလံပစ် ဖြစ်မြောက်ရေးအတွက် လွန်ခဲ့တဲ့ ၇ နှစ်ထဲက ကျနော် ပါဝင်ကူညီခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။ ဒေးဗစ် ဘက်ခမ်းဟာ  စတူဝတ် ပီယာစ့်ရဲ့ ဂရိတ် ဗြိတိန် ဘောလုံးအသင်း လူစာရင်းမှာ အံ့သြဖွယ်ရာ ချန်ထားခံခဲ့ရတာကြောင့် ဘက်ခမ်းရဲ့ ပရိသတ်တွေက မကျေမနပ် ဖြစ်နေခဲ့တာပါ။
၂၀၁၂ လန်ဒန် အိုလံပစ် ဖြစ်မြောက်ရေး ကော်မတီက လော့ဒ်ကိုးက သူဟာ ဒေးဗစ် ဘက်ခမ်း ပါဝင်ရမယ့် အခန်းကဏ္ဍနဲ့ ပတ်သတ်ပြီး တွေ့ဆုံပြောဆိုထားပြီးပြီလို့ သိရပါတယ်။ ဆက်လက်ပြီး လော့ဒ်ကိုးက “ဒေးဗစ်ဟာ လန်ဒန်အိုလံပစ်  အတွက် အထူးပါဝင် ဆောင်ရွက်ပေးခဲ့သူပါ။ ကျနော်တို့  အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရဖို့  စတင်ကြိုးပမ်းကတည်းက စိတ်ရောကိုယ်ပါ ပါဝင်ကူညီပေးခဲ့ပြီး အခုလည်း လန်ဒန် အိုလံပစ် အောင်မြင်စွာ ပြီးဆုံးသည်အထိ ကူညီဖို့ စိတ်အားထက်သန်တဲ့ သူတဦးဖြစ်ပါတယ် ။ဘက်ခမ်းဟာ လန်ဒန် အရှေ့ပိုင်းသားတဦးဖြစ်ပြီး  အားကစားနဲ့ လူငယ်ဟာ ဘယ်လောက် အရေးပါသလဲဆိုတာ သိပါတယ်။ သူဟာ လူငယ်တွေအတွက် စံထားစရာ သူတယောက်ပါ” လို့ ပြောဆိုသွားပါတယ်။
ယခု လက်ရှိ အမေရိကန် ဘောလုံးကလပ် တခုဖြစ်တဲ့ အယ်အေ ဂလက်စီမှာ ကစားနေတဲ့ ဘက်ခမ်းဟာ အမေရိကန်လိဂ် ဘောလုံးပွဲစဉ်တွေ ရပ်နားထားတုန်း အင်္ဂလန်သို့ ပြန်ရန် စီစဉ်ထားပြီး တတ်နိုင်တဲ့ဘက်မှ ပါဝင် ကူညီသွားမယ်လို့ သိရပါတယ်။
ဂရိတ်ဗြိတိန် ဘောလုံးအသင်းမှာ ပါဝင်ခွင့် မရခဲ့တာနဲ့ ပတ်သတ်ပြီး “ကျနော်ဟာ ဘောလုံး ဆက်ကစားနိုင်နေသရွေ့ ရည်မှန်းချက်ကြီးကြီး ထားပါတယ်။ ကျနော်ဟာ အသက် ၃၇ ဖြစ်ချင်ဖြစ်နေမယ်၊ ဒါပေမယ့် ချန်ပီယံဆုဖလားတွေ ရယူနိုင်ဖို့ ဆာလောင်နေဆဲပါ။ အခု လန်ဒန် အိုလံပစ်မှာတော့ နိင့်ငံအတွက် ကျနော့်ဘက်က တထောင့်တနေရာကနေ တတ်စွမ်းသမျှ ပါဝင်ကူညီသွားမှာပါ” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
Source: BBC

အခန်းခ ပိုယူသော ဟိုတယ်များ အရေးယူတော့မည်

Posted by drmyochit Wednesday, July 25, 2012, under | No comments




အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်  မြန်မာနိုင်ငံ၏ ဟိုတယ်အခန်းခ ဈေးနှုန်း မြင့်မားမှုကြောင့် လာရောက် တည်းခိုမှု များ ကျဆင်းနိုင်ပြီး မြန်မာ နိုင်ငံ၏ ခရီး သွားလုပ်ငန်းကို ထိခိုက်စေ သဖြင့် အခန်း ခဒေါ်လာ ၁၅ဝ ထက်ပိုယူသောဟိုတယ် များအား  ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ အရေးယူသွားရန် စီစဉ် နေပြီဖြစ် ကြောင်း သိရသည်။
 FDI ဟိုတယ်များရှိ ဟိုတယ်ခန်း တစ်ည တည်းခိုခကို အမေရိကန် ဒေါ်လာ ၁၅ဝ ထက်ပို မယူရန် ညွှန်ကြားထားပြီး အဆိုပါ အခန်းခတွင် ဝန်ဆောင်ခ၊ သန့် ရှင်းရေးခ၊ အစိုးရ အခွန်များ ပါဝင်ပြီး ဖြစ်သည်။  FDI ဟိုတယ်ကြီး များမှာ ပတ်ရွိုင်ရယ် ဟိုတယ်၊ ထရိတ်ဒါး (ကုန်သည်ကြီးများ) ဟိုတယ်၊  ဆီဒိုးနား ဟိုတယ်၊ အင်းလျားကန် ဟိုတယ်နှင့် ချက်ထရီယမ် ဟိုတယ်ကြီးများဖြစ်သည်။
http://mwdmedia.blogspot.com/

တပ်မတော်မှစစ်ဗိုလ်နွားမှောင်ခိုကူး

Posted by drmyochit Wednesday, July 25, 2012, under | No comments



ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာတရားရုံးမှ ထောင်ဒဏ်များ ချမှတ်လိုက်

Posted by drmyochit Wednesday, July 25, 2012, under | No comments


တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း တရားမဝင် ကျူးကျော်ဝင်
ရောက် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်းခရိုင် တရားရုံးက  ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ အရာရှိတဦးက ပြောသည်။

“တော်မော် (လဝက) နဲ့ သစ်တောမှုနဲ့ ချလိုက်တယ်။ ကျန်တဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါး ပတ်သက်တဲ့ သူတွေကို ထပ်စစ်နေတယ်” ဟု အရာရှိက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့၊ ၁၇ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် ရုံးထုတ် စစ်ဆေးကာ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး
ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ရာဘာနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး လုပ်ကိုင်နေသည့် အထက်ပါ ထိုင်းနိုင်ငံသားများကို ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိသည်။

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမဝင် ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် သာနီသွန်ပက်ဒီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

RCSS/ SSA နှင့် အစိုးရ တိုက်ပွဲပြင်းထန်

Posted by drmyochit Wednesday, July 25, 2012, under | No comments

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/ SSA နှင့် အစိုးရတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်၊ မိုင်းပူးအွန် ကျေးရွာအုပ်စုအတွင်း အခြေစိုက်ထားသည့် SSA တပ်ဖွဲ့အား မိုင်းပြင်းမြို့ အခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၃၆၀) က ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု အမည်မဖော်လိုသည့် ရှေ့တန်း တပ်မှူးတဦးက အခုလို ပြောသည်။
“ကျနော်တို့ တပ်စခန်း ဆောက်ထားတဲ့ နေရာကို ဗမာတွေတက်ထိုးလာတယ်။ ကျနော်တို့ဖက်ကလည်း ပြန်ခုခံတာပေါ့။ အဲဒါ တနေကုန်နီးပါး တိုက်ပွဲဖြစ်ကြတယ်။”
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရသေးကြောင်းနှင့် ယနေ့ထပ်မံဖြစ်ပွားမှု ရှိမရှိကိုလည်း စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းကိစ္စမှန်ကန်ကြောင်း RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်မှ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနသို့ အတည်ပြု ပြောဆိုလိုက်ပြီး သမ္မတ ဦးသိန်းစိန်ထံ စာရေးပေးပို့သွားမည်ဟု အခုလို ပြောဆိုသည်။
“သူတို့ကို ကျနော်တို့ ထပ်မေးရလိမ့်မယ်။ သမ္မတဆီ စာတင်ဖို့လည်း ရှိတယ်။ ဒါပေမယ့် သမ္မတက လောလောဆယ် ထိုင်းနိုင်ငံမှာရောက်နေတော့ သူပြန်ရောက်တာနဲ့ တိုက်ပွဲဖြစ်တဲ့ ပြဿနာနဲ့ပတ်သက်ပြီး စာရေးပို့မယ်။ ကျနော်တို့ တဖွဲ့တည်းတင် မဟုတ်ဘူး။ ရှမ်းပြည်မြောက်ပိုင်း အဖွဲ့အပါအ၀င် အဖွဲ့အစည်းအားလုံးနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တင်ပြမယ်။”
ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့်အပေါ် နှစ်ဖက်တပ်သားထုများအပါအ၀င် ပြည်သူလူထုတရပ်လုံးက ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်းနှင့် နိုင်ငံတကာမှ အကူအညီပေးနေမှုများကို ထိခိုက်လာနိုင်ကြောင်း ဆက်လက် ပြောဆိုသည်။

Frist Weekly ဂျာနယ် တရားစွဲခံရမှု စတင်စစ်ဆေး

Posted by drmyochit Wednesday, July 25, 2012, under | No comments


ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ ဒေါ်သစ်သစ်ဆွေက First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို သတင်းမှား ရေးသားတယ်ဆိုပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
RFA
မေလ ၂၅ ရက်နေ့ထုတ် First Weekly ဂျာနယ်တွင် ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခတွေ သတ်မှတ်နှုန်းထက် တိုးမြှင့်ကောက်ခံနေသည့် သတင်းဖော်ပြချက် ဖြစ်ပါသည်။
အဲဒီ ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခတွေ သတ်မှတ်နှုန်းထက် တိုးမြှင့်ကောက်ခံနေတဲ့အတွက် ကားသမားတွေ မကျေနပ်ကြ ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းတစ်ပုဒ်ကို မေလ ၂၅ ရက်နေ့ထုတ် First Weekly ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီသတင်း ရေးသားချက်တွေဟာ မှန်ကန်မှု မရှိဘူးဆိုကာ နစ်နာကြေး သိန်းနှစ်ရာ ရလိုကြောင်း လုပ်ငန်းလုပ်ကိုင်ခွင့် ရထားသူ ဒေါ်သစ်သစ်ဆွေက မေလ ၃၁ ရက်မှာ ဦးအောင်စိုးသူကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ ဂျာနယ် အယ်ဒီတာ ဦးအောင်စိုးသူကလည်း ဒေါ်သစ်သစ်ဆွေကို အသရေဖျက်မှုနဲ့ တုံ့ပြန်စွဲဆိုကာ ဒီကနေ့ တတိယအကြိမ် ရုံးချိန်းမှာ ဒေါ်သစ်သစ်ဆွေထံက နစ်နာကြေး ကျပ် သိန်းသုံးရာ ပြန်လည် တောင်းခံခဲ့ကြောင်း သိရပါ

ကျူးကျော်ဆိုင်ခန်းတွေ အင်အားသုံး ဖယ်ရှား

Posted by drmyochit Wednesday, July 25, 2012, under | No comments


ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အတွင်း ဗဟိုလမ်းအနီးက ကျူးကျော် အရောင်းဆိုင်ခန်း ၄၀ ကျော်ကို မီးရထား ၀န်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ အပါအ၀င် လူအင်အား (၄၀) လောက်က ဒီကနေ့ မနက်က အဓမ္မ လာရောက် ဖျက်ဆီး ဖယ်ရှားခဲ့ကြတယ်လို့ ကာယကံရှင် ဆိုင်ခန်းရှင်တွေက RFA ကို ပြောပါတယ်။
RFA

UNFC က တွေ့ဆုံရေးအတွက် အစိုးရကို ကမ်းလှမ်း

Posted by drmyochit Wednesday, July 25, 2012, under | No comments


UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီက အစည်းဝေးတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ UNFC တို့ လွတ်လပ်တဲ့ ကြားဒေသ တစ်ခုမှာ တွေ့ဆုံဖို့ တောင်းဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဇွန်လ (၁၆) ကနေ (၁၈) ရက်ထိ နှစ်ရက်ကြာ ကျင်းပတဲ့ UNFC အစည်းအဝေးကနေ အခုလို တောင်းဆိုလိုက်တာပါ။ UNFC အနေနဲ့ တစ်တိုင်းပြည်လုံး အပစ်ရပ်ထားဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရတပ်တွေဘက်က စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေတာဟာ မဖြစ်ဘူးလို့ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အာအက်ဖ်အေ ကို ပြောပါတယ်။
"ဇွန်လ ၁၀ ၇က်နေ့ မတိုင်မီမှာ ကချင်ကိုတိုက်နေတာကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ကိစ္စ၊ အဲဒီအပေါ်မှာ ရပ်တန့်မှုမရှိပဲနဲ့ ပေါ့နော်၊ ရှမ်းကိုပါဆက်ပြီးတော့ တိုက်လာတဲ့သဘောကို ကျွန်တော်တို့ မြင်ရတယ်လေ။ ဒီလို အပစ်အခတ် ရပ်စဲပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတဲ့ အပေါ်မှာ အဓိကအားဖြင့် တပ်ဖွဲ့လှုပ်ရှားမှုအပေါ်မှာ ကျွန်တော်တို့ သံသယရှိတယ်ဗျ။ အဲဒီကိစ္စကို ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ နောက်ပြီးတော့မှ သူတို့ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် ကို ကျွန်တော်တို့ အဲတော့ ဒါဖြစ်နိုင်တဲ့ အလားအလာလည်း မရှိဘူး။ လွတ်လပ်ပွင့်လင်းတဲ့ အနေအထား မရှိဘူးလို့ ကျွန်တော်တို့ မြင်တယ်"
UNFC အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြတဲ့အခါ ဘက်လိုက်မှုကင်းတဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိဖို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လူမှုရေး ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ပညာရှင်တွေပါတဲ့ တိုင်းရင်းသား ညီလာခံတရပ် ခေါ်ယူကျင်းပဖို့နဲ့ အဲဒီနောက် ၂၀၁၅ ခုနှစ် မတိုင်မီမှာ အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေ အပါအဝင် ဒီမိုကရေစီ အင်အားစု ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်မယ့် အမျိုးသား ညီလာခံတရပ် ကျင်းပပြီး တစ်မျိုးသားလုံးဆိုင်ရာ သဘောတူညီချက် ချမှတ်ဖို့ စတဲ့အချက်တွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်ပြည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ KIO ကမ်းလှမ်း

Posted by drmyochit Wednesday, July 25, 2012, under | No comments

ပြေလည်မှုမရသေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့အတွက် တရုတ်ပြည် နယ်စပ် ရွှေလီမြို့ မှာ တွေ့ဆုံကြဖို့ မကြာသေးခင်ကပဲ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ကမ်းလှမ်း လိုက်ပါတယ်။ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဘက်က ရှမ်းပြည်နယ် မူဆယ်မြို့ မှာ တွေ့ဆုံဖို့ ကမ်းလှမ်း ချက်ကို KIO က လက်မခံ ပယ်ချခဲ့ပြီးနောက် ရွှေလီမြို့မှာ တွေ့ဆုံဖို့ ကို KIO က တောင်းဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ  ကချင် ပြည်နယ် အနှံ့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒီတိုက်ပွဲတွေကြောင့် ပူတာအို ဘက်မှာတော့ ဆန်ရှားပါးမှု အခက်အခဲနဲ့ ကြုံနေရ တယ် လို့ ဒေသခံတွေ က ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်သတ်၍ မန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရှင်းလင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments



မန်းတွင်ဓာတ်ဆီဆိုင်ဖွင့်လှစ်ခြင်း မန်းလျှပ်စစ်ဝန်ကြီးရှင်းလင်းပွဲ
မန္တလေးမြို့ ပေါ်အပါအ၀င် မန္တလေးတိုင်း ဒေသကြီးအတွင်း စက်သုံးဆီ အရောင်းဆိုင် များဖွင်လှစ် ရောင်းချခွင့် ပြုနေခြင်းနှင့် ပတ်သတ်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ မြင့်ကြူက မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ယခင် တ.ရ.က ရုံးဟောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ၀န်ကြီးက အစိုးရသစ်လက်ထပ် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရောင်းချခွင့်ပြုနေခြင်းနှင့် ပတ်သတ်၍ စက်သုံးဆီဆိုင် ရောင်းချခွင့်လိုင်စင်ချထားပေးမှု၊စက်သုံးဆီဆိုင်ဖွင့်လှစ်ခွင့် လိုင်စင်ရရှိရန် လိုအပ်သော အချက်များစသည်တို့ကို အသေးစိတ်ရှင်းလင်းပြောပြသည်။

 “မန္တလေးမြို့ပေါ်အပါအ၀င် မန္တလေးတိုင်းမှာ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချပြီး လိုတယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ကိုက်ညီရင် စက်သုံးဆီဖွင့်လှစ်ရောင်းချခွင့်ရပါမယ်” ဟု ၀န်ကြီးဒေါက်တာမြင့်ကြူက ပြောသည်။ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ရရန်အတွက် အန္တရာယ်ကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ် ခရိုင်ထောက်ခံချက်၊မီးသတ်ဦးစီးဌာန ၏ ထောက်ခံချက်၊သတ္တုတွင်း ၀န်ကြီးဌာန၏ ထောက်ခံချက် ၁နှစ် ၀န်ကြီးဌာန၏ထောက် ခံချက်၊မြို့နယ် ၊ခရိုင် စည်ပင်ထောက်ခံချက် စသည့် မူလိုအပ်မည်ဖြစ်ပြီးစည်းကမ်းချက်တွင်းနှင့် ညီညွှတ်လျှင် ဓါတ်ဆီဆိုင်ဖွင့်လှစ်ရန်မည်သူမဆို လျှောက်ထားနိုင်ကြောင်းဝန်ကြီးကပြောသည်။ အခမ်းအနားသို့ ၀န်ကြီးနှင့်အတူ မန်းတိုင်းမီးသတ်ဦးစီးဌာနများ၊သတ္တုတွင်းဝန်ကြီး ဌာန၊စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံနှင့် လောင်စာဆီတင်သွင်းရောင်းချမှုများ စစ်ဆေးရေးအဖွဲ့စသည့်စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင်သက်ဆိုင်သောဌာန ဆိုင်ရာ တာဝန်ရှိသူများလည်းတတ်ရောက်ခဲ့ကြပြီး ၄င်းတာဝန်ရှိသူများမှလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခွင့်ရရှိရေး လိုအပ်သော စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောပြခဲ့ကြသည်။

Popular Myanmar News Journal

မန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

Posted by drmyochit Wednesday, July 25, 2012, under | No comments

မန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။)
မြန်မာနိုင်ငံက ဆင်များ ထိုင်းနိုင်ငံကို ခိုးထုတ်နေသောပုံ ဖြစ်ပါသည်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။
ဒီအကြောင်း EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားတာတွေကို အခု မှတ်တမ်း ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
မှောင်ခို ခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဆင်လေးတွေ ဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ ရန်ကနေ အကာအကွယ်ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံ နှိပ်စက် ညှင်းပမ်းတာတွေ ရှိတယ်လို့လည်း EFU အဖွဲ့က ပြောဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတရိစ္ဆာန်နဲ့ သဘာဝ ပန်းမန် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ညီလာခံ မတိုင်ခင် ဆင်မှောင်ခို လုပ်ငန်းကို နှိမ်နင်းခြေမှုန်းဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကို တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။

RFA

တိုင်းရင်းသား ညီလာခံခေါ်ဖို့ ပါတီတွေတိုက်တွန်း

Posted by drmyochit Wednesday, July 25, 2012, under | No comments



ပင်လုံကဲ့သို့သော တိုင်း ရင်းသား ညီလာခံ ကြီး တစ်ခု ကျင်းပဖို့ တိုင်းရင်းသား နိုင်ငံရေး အင်အား စုတွေ က အာဏာပိုင် တွေကို တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကလည်း ၂၀၁၅ မတိုင်ခင်မှာ ငြိမ်းချမ်းရေး ဖော်ဆောင် မယ်လို့  ထားတဲ့ စကားတွေနဲ့ အညီ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့ နိုင်ငံရေးပါတီတွေ နဲ့ တွေ့ဆုံ မှုတွေ ခြေလှမ်း ကျဲကျဲ နဲ့ ပြု လုပ်နေတာ ကိုလည်း တွေ့ လာရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အပါအ၀င် နိုင်ငံရေး ပါတီ ၁၄ ခု တို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တဲ့ အရေးနဲ့ ပတ်သက်ပြီး VOA ရဲ့  ရန်ကုန် သတင်းထောက် ကိုရဲကျော်အောင် သတင်းပေးပို့ ထား ပါတယ်။

ဖမ်းဆီးခံ ထိုင်းနိုင်ငံသားတွေ စီရင်ချက် ချတော့မည်

Posted by drmyochit Wednesday, July 25, 2012, under | No comments


မြန်မာနိုင်ငံထဲမှာ ဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို တရားဥပဒေနဲ့ အညီ ဖြေရှင်း ဆောင် ရွက်  ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန က ပြောပါ တယ်။ မြန်မာနိုင်ငံ အတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ဇူလိုင်လ ၄ ရက်နေ့က ဖမ်းဆီး ခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို လာမယ့် သောကြာနေ့မှာ စီရင်ချက် မချခင် အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့ ကော့သောင်းမြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို ကော့သောင်း တရားရုံးမှာ သောကြာနေ့ကျရင် စီရင်ချက်ချမယ်လို့ သူတို့ သတင်းရတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Thani Thongpakdi က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အီရန်နိုင်ငံသည် ကုန်တင်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအတွက် နျူကလီးယားလောင်စာထုတ်လုပ်နိုင်စွမ်းရှိသည်ဟုဆို

Posted by drmyochit Wednesday, July 25, 2012, under | No comments



          အီရန်နိုင်ငံသည် ကုန်တင်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများတွင်အသုံးပြုရန်အတွက် နျူကလီးယား လောင်စာထုတ်လုပ်နိုင်စွမ်းရှိကြောင်း အီရန်အဏုမြူစွမ်းအင်အဖွဲ့(AEOI) အကြီးအကဲ ဖာရီဒွန်းအက်ဘာဆီက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ သို့သော် လက်ရှိအချိန်တွင် AEOI အနေဖြင့် ယူရေနီယံကို ၂ဝ ရာခိုင်နှုန်းထက်ပို၍သန့်စင်သွားရန် အစီအစဉ်မရှိကြောင်း အက်ဘာဆီကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ အနေဖြင့် သင်္ဘောများအား နျူကလီးယားလောင်စာအသုံးပြုမောင်းနှင်နိုင်ရေး ဆောင်ရွက်ရန်အစီအစဉ်ရှိပြီး အဆိုပါသင်္ဘောများတွင်အသုံးပြုရန်အတွက် သန့်စင်ပြီးယူရေနီယံအများအပြားလိုအပ်ကြောင်း အီရန်ပါလီမန် အမတ်အဘိုကက်ဆန်ဂျာရာရီက  ဇူလိုင်လ ၂ဝ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ 

အီရန်နိုင်ငံသည် အခြားသော နိုင်ငံများနှင့် ကုန်သွယ်မှုဖြတ်တောက်ခြင်းအဖြစ်မခံနိုင်သောကြောင့် အဆိုပါသင်္ဘောများအတွက် လောင်စာ ထောက်ပံ့ပေးရန် ယူရေနီယံအားလိုအပ်သောအဆင့်ထိသန့်စင်သွားသင့်သည်ဟု အီရန်လွှတ်တော်၏ စက်မှုလုပ်ငန်းနှင့်သတ္တုတွင်းလုပ်ငန်း ကော်မရှင်အဖွဲ့ဝင် အလာဗာဒီဒက်ကာနီကပြောကြားခဲ့ကြောင်း၊ ထို့အပြင် အီရန်သင်္ဘောများအားလောင်စာဆီဖြည့်ပေးခြင်းမှ အနောက်အုပ်စုက အခြားသောနိုင်ငံများကိုတားမြစ်ထားမှု အားရှောင်ရှားရန်အတွက် နျူကလီးယားစွမ်းအင်သုံးကုန်တင်သင်္ဘောများကို ပုံစံရေးဆွဲထုတ်လုပ်ရေးအစိုးရကို တိုက်တွန်းထားသော ဥပဒေမူကြမ်းတစ်ရပ်ကိုရေးဆွဲရန် အီရန်ဥပဒေပြုအမတ်များက ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနက်မူခါဂျီးသည် သမ္မတရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ခြင်း

Posted by drmyochit Wednesday, July 25, 2012, under | No comments



          အသက် ၇၇ နှစ်ရှိပြီဖြစ်သော အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနက်မူခါဂျီး သည်  ဇူလိုင်လ ၂၂ ရက်နေ့တွင်ကျင်းပသော သမ္မတရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ကြောင်း တရားဝင်မဲရလဒ်များအရသိရှိရပါသည်။ မူခါဂျီးသည် ထောက်ခံမဲ ၅၅၈,ဝဝဝ ကျော်ရရှိခဲ့ပြီး ¤င်း၏အဓိက ပြိုင်ဘက်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ပီအေဆန်ဂမာမှာ ထောက်ခံမဲ ၂၄ဝ,ဝဝဝ ခန့်သာရရှိခဲ့ကြောင်း သိရှိရပါသည်။ မူခါဂျီးသည် အိန္ဒိယနိုင်ငံ၏ ၁၃ ယောက်မြောက်သမ္မတဖြစ်လာခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် တရားသူကြီးချုပ်၏ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

မူခါဂျီးသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ် Birbhum  ခရိုင် Mirati  မြို့တွင် ၁၉၃၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင်မွေးဖွားခဲ့ပါသည်။ ၄င်းသည် Suri Vidyasagar ကောလိပ်တွင်တက်ရောက်ခဲ့ပြီးနောက် ကိုလ်ကတ္တားတက္ကသိုလ်မှ သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာမဟာဝိဇ္ဇာဘွဲ့နှင့် ဥပဒေဘွဲ့တို့ကိုရရှိခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်တွင်Wolverhampton  တက္ကသိုလ်မှချီးမြှင့်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုရရှိခဲ့ပြီး နိုင်ငံရေးလောက အတွင်းသို့မဝင်ရောက်မီ အကြီးတန်းစာရေး၊ တက္ကသိုလ်ကျောင်းဆရာနှင့် သတင်းထောက်အလုပ်များကို လုပ်ကိုင်ခဲ့ကြောင်းသိရှိရပါသည်။ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် အုပ်ချုပ်စီမံရေး အာဏာအများစုကို ချုပ်ကိုင်ထားသော်လည်း သမ္မတသည် အစိုးရဖွဲ့စည်းရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။  

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်