Tuesday, September 04, 2012

ရက်စက်ယုတ်မာသေား အကြမ်းဖက် KIA ရက်စက်ယုတ်မာသေား အကြမ်းဖက် KIA

Posted by drmyochit Tuesday, September 04, 2012, under | No comments


အစိုးရနဲ့ ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ညှိနှိုင်းဆွေးနွေးသော်လည်း ငြိမ်း ချမ်းရေး မရနိုင်သေးခြင်းမှာ KIO ခေါင်းဆောင်များအတွင်း သဘောထားနှစ် မျိုးဖြစ်ပေါ်နေခြင်းကြောင့်ဖြစ် ပါတယ်၊ အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်းဟာ KIO နဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်၊ အစိုးရက စိတ်ရှည်
ရှည်ထားပြီး အလျှော့ပေးညှိနှိုင်းမှုတွေလည်းရှိတယ်လို့ သတင်းတွေကဆိုပါတယ်၊ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ အစိုးရက စစ်တပ်ကို ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ဖို့ အမိန့်ထုတ်ခဲ့တဲ့အချိန်မှာတော့ ကချင်ပြည် နယ်နေရာအနှံ့စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်သွားပါတယ်၊ ဒီအခြေအနေမှာ KIO က တစ်စခန်း ထလာပါတော့တယ်၊ ကြောင်မရှိလို့ ကြွက်ထတဲ့ပုံစံမျိုးပေါ့ဗျာ။
လိုင်ဇာနဲ့ နီးစပ်သူတွထံက သိရှိရတဲ့သတင်းတွေအရ စစ်တပ်ကထိုးစစ်ဆင်မှုတွေ ရပ်တန့် သွားတဲ့ကာလ ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး KIO အတွင်း သဘောထားကွဲလွဲမှုကြီးမားလာခဲ့ပါတယ်၊ ဥက္ကဋ္ဌဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ဟာ အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ လိုလားတဲ့သဘောရှိတယ်၊ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့ကတော့ အစိုးရတပ်ငြိမ်နေတဲ့အခြေအနေကို အမိအရ အသုံးချပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်၊ ဥက္ကဋ္ဌဖြစ်တဲ့ ဇောင်းဟရားဟာ အင်ဘန်လတို့အုပ်စုအပေါ် ဘာသြဇာမှမသက်ရောက်နိုင်ဘဲ မည်ကာမတ်တပ် ဟန်ပြသက်သက်သာ ဥက္က ဋ္ဌနေရာရပ်တည်နေရသူဖြစ်တယ်၊ ဘယ်လောက်ထိ သဘောထား ကွဲလွဲခဲ့သလဲဆို အစည်း အဝေးတစ်ခုမှာ ဗိုလ်ချုပ် ဂမ်ရှောင်နှင့် ဗိုလ်ချုပ် ဂွမ်မော်တို့အချင်းချင်း ပစ်ကြခတ်ကြတဲ့ အထိဖြစ်ခဲ့တယ်၊ နိဂုံးချုပ်တော့ ဗိုလ်ချုပ် ဂွမ်မော် လိုင်ဇာဆေးရုံ ရောက်သွားတယ်။
ဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့က တစ်ကယ်တမ်းတော့ ငြိမ်းချမ်းရေးလိုလားတယ်၊ သူတို့ က နိုင်ငံရေးသ မားတွေမို့ အတွေးအခေါ်ရှိတယ်၊ အမြင်လဲကျယ်တယ်၊ သူတို့နဲ့ သက်စွန့်ဆံဖျားလုပ်နေရတဲ့ လက်အောက်ငယ်သားတွေက တစ်သဘောထားအတိုင်းပါပဲ၊ ခက်တာက ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့အုပ်စု၊ ဒီလူတွေက စစ်သွေြး ကွတွေလို့ ပြောရင်လဲရတယ်၊ အစည်းအဝေးတွေမှာ တိုက်မယ်၊ ခိုက်မယ်၊ ဗုံးခွဲမယ်ပဲပြောပြီး၊ လက်ခုပ်လက်ဝါး တီးတာကို အရ သာခံနေတတ်သူတွေပါ၊ သူတို့ထပ်တလဲလဲပြောနေတာက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ သူတို့ခေါင်းထဲမှာ ဒါပဲရှိတယ်၊ နိုင်ငံရေး အတွေးအခေါ်မရှိဘဲ စစ်တိုက်ဖို့သက်သက်သာ သိတဲ့လူတွေပါ၊ KIO အတွင်း ဒီအုပ်စု ၂ စု ကွဲနေ တာကြောင့် အစိုးရနဲ့ငြိမ်းချမ်းရေးမအောင်မြင်သေးတာဖြစ်ပါတယ်။
KIO လုပ်လို့ ဖားကန့်က စီးပွားရေးလုပ်ငန်းအကုန်လုံးနီးပါး ပျက်ဆီးကုန်တယ်၊ ဖားကန့်လို ကျော်ကြားတဲ့ ကျောက်စိမ်းလုပ်ငန်းနယ်မြေဟာ၊ KIO ကြောင့် အတော်အရုပ်ဆိုးခဲ့ရတယ်၊ ကုမ္ပဏီတွေဆီက ဆက်ကြေးတွေ အဆ မတန်ကောက်ပြီးတဲ့နောက် ဖားကန့်ဒေသရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးပစ်ခဲ့တယ်။
 

ပြီးခဲ့တဲ့ လေး/ငါးရက်လောက်က ဖားကန့်မှာကျောက်စိမ်းတူးနေတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို KIO က ကံဆီးကို ခေါ်တွေ့တယ်၊ လုပ်ကွက်ထဲကလူတွေ အကုန်ထွက်သွားရမယ်၊ ဘယ်သူမှမမြင်ချင်ဘူး၊ ဒါပေ မယ့် လုပ်ငန်းသုံးယာဉ်တွေ ဘက်ဟိုးတွေ မြေသယ်ယာဉ်တွေ ကျောက်ဖောက်စက်တွေအားလုံး ကားသော့တွေနဲ့အတူ ထားခဲ့ရမယ်၊ လုပ် ငန်းတွေ ရပ်ထားလို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆန်၊ ဆီတွေ ထောက်ပံ့ပေးရမယ်၊ ပြီးယင် ဖားကန့်မှာ လူစုပြီး ဆန္ဒပြရမယ်လို့ပြောခဲ့ တယ်။ ပြောပြီး သိပ်မကြာ ခင်မှာပဲ ကချင်ပြည်နယ်အတွင်း ဆိုးရွားတဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ပက်စက်လှတဲ့ အကြံအစည်တစ်ခုကို ဖားကန့်ဘက်မှာ အကောင် အထည် ဖော်ခဲ့တယ်၊ ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံရွာမှာရှိတဲ့ ဝေကုမ္ပဏီရဲ့ အဆောက်အဦတွေ ကို ဖောက်ခွဲဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်၊ ဒီကုမ္ပဏီဟာ ဖားကန့်မှာ အတော်ကြီးမားတဲ့ ကုမ္ပဏီတစ်ခုပါ၊ KIO ကိုလည်း ဆက်ကြေးပုံမှန် ပေးခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ငွေပိုလိုလာတဲ့ KIO အဖွဲ့ရဲ့ နောက် ဆုံးတောင်းတဲ့ငွေက သန်း ၂၀၀၀ ဖြစ်ပါတယ်၊ ဒီငွေကိုပေးဖို့ နောက်ဆုံးရက်သတ်မှတ်ထားတာက သြဂုတ်လ ၂၅ ရက်နေ့လို့ ပြောပါတယ်၊ ကုမ္ပဏီက လူတွေက လုပ်ငန်းမလုပ်ရလို့ သူတို့ပြောတဲ့ သန်း ၂၀၀၀ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တောင်းပန်တာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက လက်မခံပါဘူး၊ ဖားကန့်ဒေသရဲ့ ကုမ္ပဏီတွေအားလုံး အတွက် စံနမူနာပြ အပြစ်ပေးခြင်းဆိုပြီး ကချင်ပြည်နယ်မှာ အကြီးမားဆုံးလို့ဆိုနိုင်တဲ့ KIO ရဲ့ ဖျက်ဆီးမှုကို စီစဉ်ခဲ့တယ်၊ ၂၉ ရက်နေ့ ညနေဘက်မှာ ကံဆီးဘက်က KIO ၁၀ ယောက်လောက်က ကားနှစ်စီးနဲ့ ဝေမိသားစု ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီဝန်းထဲကို အပြင်းမောင်းနှင်လာပြီး ကုမ္ပဏီက၀န်ထမ်းတွေကို ပစ်ခတ်မောင်းထုတ် ခဲ့ပါတယ်၊ နောက်ပြီး သူတို့မှာအသင့်ပါလာတဲ့ မိုင်းတွေကို စက်သုံးဆီပေပါတွေ၊ ဆီသိုလှောင်ကန်တွေ၊ အဆောက်အဦတွေထဲမှာ အနှံ့လိုက်ကပ်တယ်၊ ပြီးတာနဲ့ချက်ချင်း ပြန်ထွက်သွားပြီး ၁၀ မိနစ်လောက် အကြာမှာ အဝေးကနေ ဖောက်ခွဲခဲ့တာဖြစ်တယ်၊ ပေါက်ကွဲသံဟာ မိုးချုန်းသံလိုပဲ ကျယ်လောင်လှ ပါတယ်၊ သေနတ်သံ ကြားလို့ ရောက်လာတဲ့စစ်တပ်က ၁၀ ယောက်လောက်ရှိတဲ့ အဖွဲ့ဟာ ပေါက်ကွဲ မှုကြောင့် သေဆုံးခဲ့ရတယ်၊ မပြေးနိုင်လို့ကျန်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၂၀ ကျော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ ပေါက်ကွဲမှုတွေအတွင်းမှာ အစပျောက်ခဲ့ရတယ်၊ နောက်ဆုံး သိရတဲ့ စာရင်းတွေအရ ကုမ္ပဏီဝန်းထဲက ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၅၀ ကုမ္ပဏီပိုင်ယမ်းတိုက်၊ဆီသယ်ယာဉ်၊ ကျောက်တူးကားများ၊ ဆီတိုင်ကီများ ၊နှစ်ထပ်အဆောက်အဦး ၁၈လုံး လောက် ပျက်စီးခဲ့ပါတယ်။တယ်။အဓမ္မခြိမ်းခြောက်ဆက်ကြေးကောက်ခံမှုတွေ ဆိုရင် လက်ရှိ KIA ရင်း၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်းကျော်နေပြီလို့ သိရ ပါတယ်။ ကုမ္ပဏီတွေသာမက ဈေးဆိုင်မျိုးစုံ ကွမ်းယာဆိုင်မကျန် ပွဲစားမကျန် အကုန်လုံး KIA ကို ဆက်ကြေးရတယ်လို့ သိရပါ တယ်။ ဒီလုပ်ရပ်ကို သက်သေပြုပြီး KIO ဟာ အာရှတိုက်ရဲ့အကြီးမားဆုံး  ရက်စက်ယုတ်မာသေား အကြမ်းဖက် KIA အဖွဲ့အစည်းဆိုတာ နိုင်ငံတကာကို သိစေတော့မှာ ဖြစ်ပါတယ်။





ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး မရနိုင်သေးခြင်းဟာ ဘာကြောင့်ပါလဲ... ဖားကန့် အကြမ်းဖက် ဖောက်ခွဲမှုကြီးက အဖြေပေးခဲ့ပါပြီ၊ KIA အနေနဲ့ ကျွန်တော်တို့ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှု ကို ဘယ်လောက် အထိ ဖျက်ဆီးနေသလဲ သိမြင်နိုင်ကြပါပြီ၊ တစ်ကယ်တမ်းတော့ KIA ဟာ ကျွန်တော်တို့ ကချင်လူမျိုးတွေကို ကိုယ်စားမပြုသလို ကချင်ပြည်နယ်ကိုလည်း ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ပါဘူး၊ KIA ဟာ ငြိမ်းချမ်းရေးအစီအစဉ်မှာ ကန့်လန့်လုပ်နေတဲ့ အကြမ်းဖက် သူပုန်အဖွဲ့တစ်ခုသာဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ပြည်နယ်ရဲ့ ရန်သူအစစ်၊ ကချင်တစ်မျိုးသားလုံးရဲ့ ရန်သူအစစ်ဟာ KIA ပင်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို အနီးဆုံးရန်သူကို ရှာဖွေတိုက်နိုင်ရန် ကချင်တိုင်းရင်းသား အားလုံး ရဲ့ကိုယ်စား ဖော်ထုတ်ရေးသားလိုက်ရပါတယ်။





ကာကွယ်ရေးဦးစီးချုပ်နှင့် Lt. General Attanop Sirisak တွေ့ဆုံ

Posted by drmyochit Tuesday, September 04, 2012, under | No comments

From:MWD 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော် မှ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Lt. General Attanop Sirisak ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ (စက်တင်ဘာ ၄) တွင် နေပြည်တော် ဇေယျာသီရိဗိမာန်၌ လာရောက်တွေ့ဆုံခဲ့သည်။
 
  

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို RNDP မှ အမေရိကန်ပြည်ထောင်စုတွင်ပြော

Posted by drmyochit Tuesday, September 04, 2012, under | No comments


ရခိုင်တွင် ရှိနေသော ဘင်္ဂလီများမှာ ရိုဟင်ဂျာဖြစ်ကြောင်းကို အမေရိကန်ပြည်ထောင် စု ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလီ တစ်ဦးဖြစ်သူ (Wali Ullah)က တင်ပြဆွေးနွေးချက်ကို ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ကန့်ကွက်ထောက်ပြ ခဲ့ကြောင်း သတင်းရရှိသည်။
ကိုမောင်ဝင်းစိုးမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးများမရှိ၊ ၎င်းတို့လူမျိုးကို ကုလားဟုခေါ်ပြီး ဘင်္ဂလီ မူဆလင် ခေါ်တောများကို ရခိုင်ပြည်နယ်တွင်းမှာသာပါမက မြန်မာတစ်နိုင်ငံလုံးက ကုလားဟု ခေါ်ကြောင်းနှ င့် ဘင်္ဂလီမူဆလင် ခေါ်တောလူမျိုးများမှာ တစ်ဘက်နိုင်ငံက ခိုးဝင်လာသော လူမျိုးများသာဖြစ်ပြီး အိမ်ရှင်ကို ဧည့်သည်မှ စော်ကားလာသော ပြဿနာများဖြစ်ပါကြောင်းကို ဆွေးနွေးပွဲတွင် ကန့်ကွက် ထောက်ပြ ခဲ့ကြောင်းကို ခိုင်အောင်ကျော် (နယူးယောက်)မှ အာရ်ကန်တိုင်းမ်စ်သို့ပြောသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ်မှ ကုလား (Wali Ullah)က ၎င်းသည် ရိုဟင်ဂျာပါတီ မှဖြစ်ပြီး ယခု ဖြစ်ပျက်နေသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးများ၏ အခြေအနေများကို ပြောပြရလျှင် ငိုချင်ပါကြောင်းနှင့် ရိုဟင်ဂျာ လူမျိုးများအား ကူညီပေးစေလို ပါကြောင်းကို ဆွေးနွေးချက်များ အပေါ်တွင် ကိုမောင်စိုးဝင်းမှ ကန့်ကွက် ထောက်ပြခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အမေရိကန် ပြည်ထောင်စုအစိုးရက (Managing Media and Rupblic) အစီအစဉ်အရ မြန်မာနိုင်ငံ က နိုင်ငံရေးပါတီ တွေ ကို ဖိတ်ခေါ်ခဲ့ပြီး (Freedom House) ဥက္ကဌ (Robert Haman) အပါအ၀င် ပါတီများမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ (၂၉)ရက်နေ့က ၀ါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
အဆိုပါ လေ့လာရေးခရီးစဉ်မှာ သြဂုတ်လ(၂၇)ရက်မှ စက်တင်ဘာလ(၁၄)ရက်နေ့ထိ ဖြစ်ပြီး ခရီးစဉ်တွင် မြန် မာနိုင်ငံ နိုင်ငံရေးပါတီများဖြစ်သည့် ဒီမိုကရက်တစ်ပါတီ(DP)မှ ကိုသန်းဇော်အောင်၊ (NUP)မှ ကိုဇ င်ေ မာင်မောင်ဌေး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ကိုစိုင်းဝင်းမြင့်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကိုမောင်ဝင်းစိုး၊ (CND)မှ ကိုထိယန်အုပ်ထန်း၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)မှ ကိုကျော်သူရ၊ (CPP)မှ ကိုစိန်ထွန်း၊ (National Democratic Party of Development) မှ Wali Ullah တို့ ပါဝင်ကြောင်း သိရသည်။
လေ့လာရေးအဖွဲ့မှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တွင် ပထမလေ့လာရေးဖြစ်ပြီး ဒုတိယအစီအစဉ် အဖြစ် ဖလော်ရီဒါပြည်နယ်။ တတိယအစီအစဉ်အဖြစ် အိုင်အိုးဝါးပြည်နယ်ဖြစ်ပြီး ၄င်းမှတဆင့် ကာလီဖိုးနီးယားပြည်နယ်သို့ သွားရောက်ကာ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားကြ မည်ဖြစ်ကြောင်း သိရသည်။ 

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် နှင့် ဦးသိန်းထိုက် တို့အား ကာကွန်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် စာရင်းစစ်ချုပ် ရာထူးများ ခန့်အပ်

Posted by drmyochit Tuesday, September 04, 2012, under | No comments


ကာကွယ်ရေးဝန်ကြီဌာန ၀န်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ စာရင်းစစ်ချုပ်အဖြစ် ယခင်သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရန်အတွက် အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတက ပေးပို့ထားကြောင်း သိရှိရသည်။ စက်တင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ် သွား မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ကာကွယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား စာရင်း စစ်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးအပ်လိုက်သော သဝဏ်လွှာတွင် ဖော်ပြသည်။
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းမှာ စစ်ဘက်ဆိုင်ရာ တာဝန်များကို ပြန်လည် ထမ်းဆောင်မည်ဟု နိုင်ငံတော် သမ္မတ၏ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှာ ဒုတိယ သမ္မတအဖြစ် သတင်းထွက်ပေါ်ခဲ့သော ဦးမြင့်ဆွေ၏ နေရာတွင် အစားထိုးရန် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း၊ စာရင်းစစ်ချုပ်အဖြစ် ပြောင်းရွှေ့ ခန့်အပ်ခြင်း ခံရသူ ဦးသိန်းထိုက်မှာလည်း သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

စက်တင်ဘာ(၃) ရက်တွင် ပြည်ထောင်စုသမ္မတနိုင်ငံ နိုင်ငံတော်သမ္မတရုံး၏ စာအမှတ် ၁၀၇(၁)/၈/သမ္မတရုံး အရ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဘက် တာဝန် များ ပြန်လည် ထမ်းဆောင်စေပြီး ၄င်း၏အစား ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို တာဝန်ပေးအပ်လိုကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက် ကို ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်ပြောင်း လဲခန့်အပ်တာဝန်ပေး အပ်လိုကြောင်း သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ်လ ၂၉ ရက်တွင် ပေးပို့ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။ လစ်လပ်လျက် ရှိသော ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူး ကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား ခန့်အပ်ပေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၅ ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ကိုရယူရန်ပေး ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

NLD ၊ တပ်မတော်သား နှင့် တိုင်းရင်းသား များ တစ်သားတည်းရှိနေကြောင်း လွှတ်တော်တွင် တွေ့ရ

Posted by drmyochit Tuesday, September 04, 2012, under | No comments

 
ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့်
မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။

ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော်
သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ်
စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်း
လက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။

" ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်"
ဟု ဥက္ကဌ က ပြောကြားသည်။

အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" အဆိုဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ 'တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍ လည်းကောင်း၊ ကုမ္ပဏီ အမည်ဖောက်၍ လည်းကောင်း၊ ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ သီးစားခ ရယူနေခြင်းများ ရှိနေပါသဖြင့် လယ
်ယာမြေများကို အမှန်တကယ် လုပ်ကိုင်နေသူများကို ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ချထားပေးသင့်ကြောင်း' အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သင့် မသင့်ကို ဆုံးဖြတ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦးက ''ယင်းအဆိုတွင် စားကျက်မြေများဟု ဆိုထားသော်လည်း ဆွေးနွေးရာတွင် လယ်ယာမြေများဟု ဆွေးနွေးခဲ့သဖြင့် လယ်ယာမြေဥပဒေကို ကျော်လွန် ဖောက်ဖျက်ရာရောက်ကြောင်း၊ စားကျက်မြေများနှင့်ပတ်သက်၍ ယခုခေတ်တွင် ကျွဲနွားများ ပိုနေသည်ဆိုသည်မှာ လုံးဝမှားယွင်းနေကြောင်း၊ ကျေးလက်နေပြည်သူများနှင့် ယင်းတို့နှင့် ထိတွေ့ဆက်ဆက်နေရသူများမှာ ထိုအကြောင်းကို ပိုမိုသိရှိပြီးဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတွင် စက်မှုလယ်ယာအဆင့်သို့ လုံးဝပြောင်းလဲနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျွဲနွားများမှာ မိရိုးဖလာလုပ်ငန်းများအတွက် အဓိကဖြစ်ကြောင်း၊ ၄င်းတို့၏ အစားအစာအတွက် စားကျက်မြေများကို မည်သည့်ခေတ် မြေယာဥပဒေများတွင်မှ ထိပါးခြင်း၊ ဖျက်သိမ်းခြင်း မပြုခဲ့ကြောင်း၊ ထို့ကြောင့် ဦးအောင်သိန်းလင်း၏ အဆိုကို ကန့်ကွက်ပါကြောင်း၊ စားကျက်မြေနှင့် ပတ်သက်သည့် ဥပဒေများတွင် စားကျက်မြေများကို ဒီအတိုင်းထားရှိဖို့ကိုလည်း ဖော်ပြထားပါကြောင်း၊ တောင်သူလယ်သမားများအပါအ၀င် ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများက စားကျက်မြေများကို ဖျက်သိမ်း၍ အခြားမြေများအဖြစ် ဖန်တီးခြင်းငှာမသင့်သည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန် မသင့်ပါကြောင်း ကန့်ကွက်တင်ပြခဲ့သည်။

ထို့ကြောင့် အဆိုကို ဆွေးနွေးရန်မသင့်ကြောင်း ကန့်ကွက်သဖြင့် မတ်တပ်ရပ်စေခြင်းဖြင့် ဆန္ဒမဲခွဲဆုံးဖြတ်ခဲ့ရာ အစည်းအဝေး တက်ရောက်သူ ၃၅၂ ဦးရှိပြီး ၁၇၇ ဦးက ထောက်ခံခဲ့သဖြင့် လိုအပ်သည့် သုံးပုံတစ်ပုံ ကျော်လွန်ခဲ့သဖြင့် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ကန့်ကွက်ကသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။''လိုအပ်တဲ့ သုံးပုံတစ်ပုံကျော်လွန်တဲ့အတွက် ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းအဆိုကို အတည်ပြုရန်အတွက် ဆွေးနွေးချက်များပေါ်တွင်သာ မူတည်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

မြအေးရဲ့ “လိုင်ဇာခရီး”... KIA လူကြီးတွေအတွက်တော့ “ဗျာပါမီး”

Posted by drmyochit Tuesday, September 04, 2012, under | No comments






အခုတလော ဆဒုံးနှင့် စကားပါဘက်မှာ တိုက်ပွဲတွေဖြစ်နေကြောင်း၊ စစ်တပ်က အင်အားတိုး လာကြောင်း၊ တစ်ချို့ကလည်း စစ်တပ်က လမ်းကြောင်း ၃ ကြောင်းနဲ့ လိုင်ဇာဘက်ကို စစ်ဆင်နေကြောင်း၊
လိုင်ဇာကို ၀န်းရံထားတဲ့ နေရာ ၅ နေရာကို တိုက်ခိုက်ဖို့ဖြစ်ကြောင်း၊ လိုင်ဇာကို စစ်တပ်ကစစ်ကြောင်းတွေ ချီတက်လာပြီး တိုက်တော့မယ်... အခုပဲ လာဝိုင်းနေပြီ ကယ်ပါ...ယူပါ အသံတွေ ပွက်လောရိုက်နေ ပါရောဗျာ...
ကျီးလန့်စာစားဖြစ်နေသူတွေရဲ့ ငယ်သံပါအောင် အော်တဲ့အသံမျိုးတွေ ကြားနေရလေတော့ တကယ်များလားလို့ ကျွန်တော့လို တရုတ်နယ်စပ်မှာနေတဲ့သူတောင် အတော်လေး အံ့အား သင့်ခဲ့ရတယ် ဗျာ... ဒါနဲ့... ဗန်းမော်၊ ၀ိုင်းမော်နဲ့ ဆင်ဘိုဘက်က ကျွန်တော့မိတ်ဆွေတွေဆီကို အပူတပြင်းဆက် သွယ်မေးမြန်းခဲ့ ရတယ်... ဗန်းမော်ဘက်ကလူတစ်ယောက်ကတော့... “သူ့ဘာသာ လမ်းပေါ်သွားနေ တဲ့လူကို မကိုက်ရဲလို့၊ အမြီးကုပ်ပြီး သခင်ကြားအောင် အိမ်ထဲက အသံကုန်ဟောင်နေတဲ့ခွေးပိန်တွေ ခင်ဗျားမြင်ဖူးမှာပေါ့ဗျာ... ခွေးဟောင်တိုင်းလည်း ထမကြည့်ပါနဲ့ အိပ်ရေးပျက်ပါတယ်... ဟောင်လွန်း တဲ့ခွေး လူမလေးဆိုတာ ရှိလေတော့ ပြောချင်ရာပြောပါစေ... တကယ်က စစ်တပ်စခန်းချထားတဲ့နေရာ တိုင်းမှာ အုပ်ချုပ်မှုကိစ္စတွေရှိပေမပေါ့ ... ဆိုလိုတာက စခန်းက ရဲဘော်တွေဆီ ရိက္ခာပို့တယ် ဗျာ... နေမကောင်းသူရှိယင်... သင်တန်းတက်မယ့်လူရှိယင် ပြန်ခေါ်တယ်ဗျာ... လကုန်ယင် လစာ သွားပို့တယ်ဗျာ... စစ်တပ်က ဒါတွေမဖြစ်မနေလုပ်ရတယ်... ဒါကို သူတို့စခန်းတွေလာတိုက်ပါပြီ... စစ်တပ်က ချီတက်လာပါပြီလို့ ပြောတာက ကြောက်အား လန့်အားနဲ့ သွေးရူးသွေး တန်းပြောတဲ့စကား ပါပဲ... ခင်ဗျားနားလည်ထားဖို့က KIA ဆိုတဲ့ကောင်တွေ သွေးပျက်နေပြီ...” လို့ပြောပါတယ်...(အင်း...ဒီလူ KIA ကိုတော်တော်ချစ်ပုံရတယ်...)
မှန်ပါတယ်... လိုင်ဇာက လူတွေ ကြောက်ဒူးတုန်နေတဲ့ သဘောပါပဲ... စစ်တပ်က တိုက်ချင်မှတော့ မနှစ်က ကတည်းတိုက်မှာပေါ့ဗျာ... မျက်ခုံမွှေးတစ်ထောက်စာအကြည့်နဲ့ကြည့် ပြီး မြင်တဲ့အမြင် ကို ပြောနေ ကြတာပါလား...  ဒါနဲ့...သေချာအောင် နောက်ထပ်တစ်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်...
စစ်တပ်လူကြီးတွေက ငြိမ်းချမ်းရေးကို ဦးတည်နေချိန်မှာ ဒီသတင်းမဖြစ်နိုင်ဘူး... လိုင်ဇာလိုနေ ရာတစ်ခုကို တိုက်ပြီး သိမ်းလိုက်ဖို့ဟာ နိုင်ငံတကာအဆင့် ဖွဲ့စည်းထားတဲ့ စစ်တပ်တစ်ခုအတွက် ကလေးကစားတာလောက်သာ ရှိမှာပေါ့ဗျာ... လိုင်ဇာကို ၀ိုင်းလဲမ၀ိုင်းပါဘူး... သိမ်းလဲမသိမ်းပါဘူး... ရှမ်းပြည်နယ်မှာလဲ ၀မ်ဟိုင်းဌာနချုပ်ကို လက်တစ်ကမ်းအလိုထိ ရောက်ပြီးတာတောင် မသိမ်းခဲ့ပါဘူး... ကျွန်တော်သိသလောက် မလန်းယန်ဘက်ကနေ လဲလုံဘက်ကို ရိက္ခာပို့တယ်... မံပင်ဘက်ကနေ လဂျားယန်ဘက်ကို ရိက္ခာပို့တယ်... ဂိုက်ထိပ်ဘက်ကနေ မံစီ၊ ပြီးတော့ ဗန်းမော်ပေါ့ဗျာ... အဲဒီလမ်းကြောင်းအတိုင်း သင်တန်းသားတွေ၊ တပ်ပြောင်းသူတွေ၊ နေမကောင်းသူပို့ဆောင်တာတွေ လုပ်တယ်၊ ရိက္ခာပို့တယ်... ဆဒုံးတို့ စကားပါတို့ဆိုတာ ဟိုး..အရင်ထဲက စစ်တပ်ရှိနေတဲ့ နေရာတွေပဲ... ဒါအထူးအဆန်း မဟုတ်ပါဘူး... ထူးဆန်းတာက KIA ပါ... ဆဒုံးနားမှာ မှတ်မှတ်ရရ မေလထဲ KIA လုပ်ခဲ့တာ နှစ်ခုရှိတယ်... လနပါရေတံခွန်နားက ခုနှစ်ရောင်စုံကျောက်စီတံတားကို မိုင်းခွဲဖျက်ဆီး ပစ်ခဲ့တယ်... အဲ့ဒီနားမှာပဲ ကျောင်းသွားတဲ့ကလေးတွေရဲ့ကားကို ရက်ရက်စက်စက် လက်နက်ငယ်တွေ နဲ့ နှစ်နေရာတိတိ စောင့်ပစ်တယ်... အဲ့ဒါဘာပြောမလဲ...” လို့ ဖြေတယ်ဗျာ..(သူလည်းပဲ KIA ကို အတော်စိတ်နာနေပုံပါပဲ)
မကျေနပ်လို့ KIA နဲ့နီးစပ်တဲ့ ၀ိုင်းမော်ကသူတစ်ဦးကို ထပ်မေးကြည့်ပြန်ပါတယ်...“KIA က စစ်ကြောင်းလစ်ပြီ ဆိုတာနဲ့ ထပြီးလုပ်တတ်တဲ့ အကျင့်ရှိတယ်ဗျ... ဒါကိုသိတဲ့ စစ်တပ်ကလည်း KIA ရဲ့ ရင်း(၃) ၀ထောင်နားဘက်အထိ ပုံမှန်လှုပ်ရှားမှုတွေ လုပ်နေရတာပေါ့... ဂိုက်ထိပ်၊ မဂျီဘွမ်နဲ့ ကဘာဘက်မှာ နဲနဲလေးလှုပ်တာနဲ့ ဗန်းမော်၊ မံစီဘက်က စစ်တပ်တွေချီတက်လာပါပြီလို့ အော်နေတော့ မခက်ဘူးလား... ဒါဆိုယင် စစ်တပ်ကကျောက်ရုပ်လို ရပ်နေရမှာလား... ဘာမှမလုပ်ရတော့ဘူးလား... ကျွန်တော်သိသလောက် စစ်တပ်က သွားလာနေတာတွေဟာ ပုံမှန်ပါပဲ... သူတို့အလုပ်သူတို့ လုပ်နေတာပါ... ရိက္ခာသွားပို့တယ်... လစာသွားပို့တယ်... အပြန်မှာ သင်တန်းတက်မယ့် သူတွေ နေ မကောင်းသူတွေကို ပြန်ခေါ်လာတယ်... ဒီလောက်ပါပဲ... လိုင်ဇာကို သိမ်းရလောက်အောင် လှုပ်ရှားမှုမျိုး ဘာမှမတွေ့ပါဘူး”လို့ပြောပါတယ်...
ဒီကြားထဲ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ... မြအေးဆိုတဲ့လူက လိုင်ဇာကိုသွားလိုက်သေးတယ်... အသက် ၅၀ နီးပြီ ကျောင်းမပြီးသေးတဲ့ ကျောင်းသားမြအေးတို့ လိုင်ဇာကိုသွား... ဘာမသိညာမသိမြအေးက ဘုမသိဘမသိပြောတဲ့ စကားတွေ KIA လူကြီးတွေလဲ ဘာလုပ်ရမှန်းမသိဘဲ နားထောင်ခဲ့ရမယ် ထင်တယ်... သူသွားပြီးနှောက်ခဲ့လို့ လိုင်ဇာကလူတွေ ကယောင်ခြောက်ချားဖြစ်ကုန်တာထင်ပါရဲ့... လိုင်ဇာကို စစ်တပ်ကပဲ နေ့ချင်း၊ ညချင်း တိုက်တော့မယ့်ပုံ ပြောလာတာဟာ ဒီလူ့စနက်မကင်းဘူး ထင်တယ်... ၈၈ လိုလို၊ စာရေးဆရာလိုလို၊ နိုင်ငံရေးသမားလိုလိုနဲ့... ဧကန္တသူရေးတဲ့စာအုပ် ပညာ တတ်မြို့ပေါ်အသိုင်းအ၀န်းမှာ ရောင်းမစွံလို့ မျက်စိပိတ်၊ နားပိတ် Expire Date ဖြစ်နေတဲ့ လိုင်ဇာကလူကြီးတွေဆီ အရောင်းမြှင့်တင်ရေး သွားခဲ့တာထင်ပါ့ဗျာ...
 
၈၈ မျိုးပျက်သစ်... Sorry!... မှားလို့ဗျာ... မျိုးဆက်သစ်(သစ်မသစ်တော့မသိပါ... အားလုံးကတော့ အသက်၅၀ ၀န်းကျင်နဲ့ ကျော်နေသူတွေပါပဲ...) မြအေးနဲ့ ပတ်သက်ပြီးတော့ သူ့ဇာတိ မင်္ဂလာတောင်ညွန့်  မြို့နယ်က အမျိုးသမီးတစ်ယောက်ကို မေးကြည့်တယ်... လေးစားစရာရှိ၊ မရှိသိချင်လို့ပါ “ငြိမ်းချမ်းရေးယောင်ယောင်... စာရေးဆရာ ယောင်ယောင်... နိုင်ငံရေးသမားယောင်ယောင်...   ယောင်ယောင်တွေများနေ သူပါရှင်... တကယ်တော့ ကားဂိတ်မှာ စာစောင်လိုက်ရောင်းတဲ့ အဆင့်ပဲ ရှိတာပါ...ဗမာစစ်စစ်ရုပ်လည်း ဟုတ်ဟန်မတူဘူး... ရခိုင်ကိုမသွားရဲတာသာ ကြည့်လိုက်တော့... သမီးနှစ်ယောက်ရှိတယ်ရှင့်... တစ်ယောက်က အမေရိကားမှာ အဖေတူသမီးပဲ ဓါတ်ပုံကိုသာ ရှုလိုက်ပေတော့...”လို့ ပြောပါတယ်...
ကိုမြအေးဟာ ကာလပေါ်လုပ်ငန်းတွေမှာ အင်မတန်ထူးချွန်သူလို့ သိရပါတယ်... ကားပွဲစား အိမ်ပွဲစား တွေထက်... အခုကာလမှာ လုပ်ငန်းကိုင်ငန်းကောင်းတဲ့ ငြိမ်းချမ်းရေးပွဲစားလိုင်းကို ကူးနေတယ်ဆိုပဲ.. ပေါ်ပင် လုပ်ငန်းပေါ့ဗျာ.... ဒါက အရင်းမစိုက် လှေထိုးလိုက်ဆိုသလို ပေါက်သွားယင် အတော်လေးပွနိုင်တယ်... အဲဒီအတွက် သူရဲ့ ထောင်ထွက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒေါက်တာဘွဲ့ လို ရှေ့က တင်ပြီး လူအထင်ကြီးအောင်လည်း လုပ်သေးရဲ့... ဒါဟာ ဇာတ်နာအောင်လုပ်နည်းတစ်မျိုးလို့ပဲ မှတ်လိုက် ကြပါ... သူခိုး၊ ဂျပိုး၊ ကြာကူလီ၊ အလစ်သုတ် သမားတွေသာ ထောင်ထဲဝင်တာမို့ ထောင်ထွက်ဆိုတာ ဂုဏ်ယူစရာလားဗျာ၊ KIA နဲ့ မြအေး၊ အပေးအယူမျှပြီး လုပ်ဇာတ်ထွင် ဘယ်ခွင်သို့ ဖန်လာလေ မလဲ... စောင့်ကြည့်လိုက်ပါဦးမယ်... လောလောဆယ်တော့ မြအေးရဲ့ လိုင်ဇာခရီးကြောင့် သော ကဗျာပါဒ မီးတွေ တောက်လောင်နေပေရော့... KIA လူကြီးများတို့ရေ...

တရုတ်ပြည်နယ်စပ်မှ စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦး

ခလောက်ဆံ အကောက်ကြံတဲ့ KIA ရဲ့ တစ်ပွဲထိုး လုပ်ရပ်

Posted by drmyochit Tuesday, September 04, 2012, under | No comments


၂၀၁၁ ခုနှစ် ဇွန်လ () ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ် တွေနဲ့  ကေအိုင်အေ အဖွဲ့တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော် အစိုးရအနေဖြင့်  ငြိမ်းချမ်းရေး ကမ်း
လှမ်းမှုတွေပြုလုပ်ပြီး KIO ညှိနှိုင်းရေးအဖွဲ့ရဲ့ တောင်းဆိုချက်တွေကို အတက်နိုင်ဆုံး လိုက်လျောပေးခဲ့ပေမယ့် KIO အဖွဲ့အနေနဲ့ ပြင်ဆင်ချက်များ ပြုလုပ်ခြင်း၊ တစ်ဆင့်ပြီး တစ်ဆင့် ထပ်မံဖြည့်စွက် ပြောင်းလဲပြီး အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွဲခဲ့တဲ့ အတွက် ကချင်ပြည်နယ်အတွင်းမှာ သေနတ်သံတွေ  မရပ်စဲတဲ့အပြင် ဒေသခံတွေရဲ့ သောကမီး တွေ လည်း မချုပ်ငြိမ်းခဲ့တာဘဲ ဖြစ်ပါတယ်။
စစ်ပွဲများဖြစ်ပွားနေစဉ်အတွင်း ကေအိုင်အေ တပ်ဖွဲ့တွေအနေနဲ့ လူသစ် စုဆောင်းရာမှာ လည်း ပြည့် စုံလုံလောက်တဲ့ အခြေခံစစ်သင်တန်း ပို့ချမှုတွေ ပြုလုပ်ပေးနိုင်ခြင်းမရှိတဲ့အတွက် အထိအခိုက် အကျအ ဆုံးတွေ များပြားလာခဲ့ပါတယ်။ ဒါ့အပြင် ၀မ်ပေါင်သမ္မတနိုင်ငံ ထူထောင်ရေး ၊ ကချင်လူမျိုး ကောင်းစားရေး အတွက် ဟုဆိုသော်လည်း ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များထံမှ ဆပ်ကြေးငွေများ ကောက်ခံခြင်း၊ နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းခြင်း၊ ရထား လမ်း ၊ ကားလမ်း ၊ တံတားများအား ဖျက်ဆီးမှုတွေကြောင့် ဒေသခံ ကချင်လူမျိုးတွေအနေနဲ့ KIA အဖွဲ့ရဲ့ ဇာတိရုပ်အမှန်ကို ပီပီပြင်ပြင် တွေ့မြင်လာခဲ့ရပြီး ထောက်ခံအားပေးမှု မရှိတော့လောက်အောင် နည်းပါးလာခဲ့ကြပါတယ်။
တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အတွက် ကေအိုင်အေအဖွဲ့မှ စစ်အောင်နိုင်ရေး ရန်ပုံငွေအဖြစ် ဖားကန့် မြို့နယ်နှင့် ဥရုချောင်း အနောက်ဘက်မှာရှိတဲ့ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများ၊  ရွှေလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီများထံမှ ကုမ္ပဏီတစ်ခုကို ကျပ်သိန်း (၃၀၀) နှုန်း ကောက်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့် သြဂုတ်လ(၂၇) ရက်နေ့တွင် KIA အဖွဲ့မှ ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီပိုင်ရှင်တွေကို ခေါ်ယူပြီး လုပ်ငန်းသုံး ယာဉ်များ ၊ စက်ယန္တရားများ ၊ စက်သုံးဆီများအား ချန်ထားခဲ့ကာ လုပ်ငန်းရပ်ဆိုင်း ဖို့ပြောကြား ခဲ့တဲ့အပြင် ကုမ္ပဏီ ၀န်ထမ်းများ၊ အလုပ်သမားများအား အစိုးရစစ်တပ်နှင့် တိုက်ပွဲများ ရပ်ဆိုင်းသွားမှ ပြန်လည်လုပ်ကိုင်ရန်နဲ့ ယခုအချိန်တွင် နေရပ်သို့ ပြန်ရန် ခေါ်ယူပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီပိုင်ရှင်များမှာ အခက်တွေ့လျက်ရှိပါတယ်။
မှော်တွေမှာ ၀င်ရောက်လုပ်ကိုင်ကြတဲ့ ကျောက်စိမ်းတူးဖော်ရေး အလုပ်သမားတွေနဲ့ ကုမ္ပဏီ ၀န်ထမ်း တွေဟာ ဒေသခံကချင်လူမျိုး အများစုဖြစ်ပြီး လုပ်ငန်းများပိတ်ပင်လိုက်ခြင်းသည် တိုက်ပွဲတွေ အကြောင်းပြကာ ဒေသခံတွေကို အလုပ်လက်မဲ့ဖြစ်အောင် ဖန်တီးလိုက်ခြင်းဘဲ ဖြစ်ပါ တယ်။  KIA အဖွဲ့တွေ အနေနဲ့ ယခင်က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုပြီး ဆပ်ကြေး ကောက်ခံ ရုံသာ ပြုလုပ်ခဲ့ပေမယ့် ကချင်ပြည်နယ်မှာ သေနတ်သံ ၊ ဗုံးသံတွေ တိတ်ဆိတ်တဲ့ အချိန် ကျမှ ပြန်လည်လုပ်ကိုင်ရ မယ်ဆိုတာကတော့ ကုမ္ပဏီပိုင်ရှင်တွေနှင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ ၀န်ထမ်းတွေ ၊ အလုပ်သမားတွေကို မြန်မာစစ်တပ်တွေ မလာစေဖို့ နှင့် မြန်မာစစ်တပ်တွေ ကချင်ပြည်နယ်မှာ မရှိစေဖို့ အစိုးရထံ တောင်းဆိုမှုတွေ ဆန္ဒပြမှုတွေဖြစ်ပေါ်လာအောင် သွေးထိုး လှုံ့ဆော်ခဲ့တာပဲ ဖြစ်ပါ တယ်။
ယခုလအတောအတွင်း မြန်မာစစ်တပ်နဲ့ KIA အဖွဲ့တို့ တိုက်ပွဲတွေ အဆက် မပြတ် ဖြစ်ပွား မှု တွေကြောင့် KIA တပ်ဖွဲ့တွေအနေနဲ့ ထိခိုက်ကျဆုံးမှုများနှင့်အတူ အဖက်ဖက်မှ ဆုံးရှုံးမှုတွေ နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်လျှက် ရှိပါတယ်။ ငြိမ်းချမ်းရေးမဟုတ်တဲ့ နည်းလမ်းနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းအောင် ဒေသခံ ကချင်လူမျိုးတွေရဲ့ စိတ်ထဲတွင်မြန်မာစစ်တပ်တွေ ကချင်ပြည်နယ်မှာ ရှိနေလို့ တိုက်ပွဲတွေ ဖြစ် ပွား နေရတယ် ၊ စစ်ပွဲတွေမရှိရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ တောင်ယာ လုပ်ငန်းတွေကို အေးချမ်းစွာ လုပ်ကိုင်နိုင်မယ် ။ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ မဖြစ်တော့ပဲ ဆက်လက်လုပ်ကိုင်နိုင်မယ်ဆိုတဲ့ အမြင်တစ်ခုဖြစ်စေဖို့ အစိုးရကို တစ်ဖက်လှည့်ဖြင့် ရန်တိုက်ပေးသော ခလောက်ဆံ အကောက် ကြံတဲ့ KIA ရဲ့ တစ်ပွဲထိုး လုပ်ရပ်ပဲဖြစ်ပါတယ်။
  

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိပ်မူရဲကင်းအား KIA မှ ၀င်ရောက်ပစ်ခတ်

Posted by drmyochit Tuesday, September 04, 2012, under | No comments


  

မနေ့က သြဂုတ်လ (၂၉)ရက် ညနေ (၆)နာရီအချိန်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူရဲစခန်းကို KIA က ၀င်ရောက် ပစ်ခတ်ခဲ့ပါတယ်။

            KIA အဖွဲ့က အင်အား (၅)ဦးခန့်ဟာ ဖားကန့်မြို့၊ ဆိပ်မူရဲကင်းအရှေ့ကို ပါဂျယ်ရိုးကား (၁)စီးနဲ့ ရောက်လာပြီး ကားပေါ်ကနေ (၂)ဦးဆင်းလာကာ လက်နက်များနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် ဆိပ်မူရဲကင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ် ပွားပြီး KIA အဖွဲ့က ယာဉ်နဲ့ ပြန်လည် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
            အဆိုပါ ပစ်ခတ်မှုတွေကြောင့် ရဲကင်းရဲ့အရှေ့မျက်နှာစာမှာ ကျည်များ ကျရောက် ပေါက်ကွဲခဲ့ပေမဲ့ လည်း လူနဲ့ အဆောက်အဦတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိပ်မူရဲကင်းမှူး ဒုရဲအုပ် မင်းဦးထံမှ သိရှိရပါတယ်။ 

ဖားကန့်မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ

Posted by drmyochit Tuesday, September 04, 2012, under | No comments


တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ KIA အဖွဲ့မှ အဓမ္မခြိမ်းခြောက်ဆက်ကြေးကောက်ခံမှုတွေရှိနေ ကြောင်း သိရပါတယ်။ လက်ရှိ KIA ရင်း၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်းကျော်နေပြီလို့ သိရ ပါတယ်။ကုမ္ပဏီအကြီးအသေး ဈေးဆိုင်မျိုးစုံ ကွမ်းယာဆိုင်မကျန် ကုမ္ပဏီမရှိတဲ့ အရောင်းအ၀ယ်သမား နောက်ဆုံးပွဲစားမကျန် အကုန်လုံး KIA ကို ဆက်ကြေးပေးရကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောပြတယ်။
``KIA က စာနဲ့လှမ်းခေါ်တယ် ဘယ်လောက်ပေးပါဆို ပေးရတယ် တွေ့လား မင်းထက် ချမ်းသားတဲ့ကောင် တွေတောင် ၆ ပေါက်ထဲ ထည့်ထားတာ မင်းတို့က ငါတို့အဖွဲ့အစည်းကို မလေးစားတာလား ပေးလဲပေးရတယ်၊ အချိန်းခြောက်လဲ ခံရတယ်´´ ကိုယ်တိုင် ဆက်ကြေးသွားဆောင်ခဲ့ရတဲ့ ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။
ဖားကန့်မြို့နယ် ဆန်ခါရွာ အစိုးရစစ်တပ် ဂိတ်ဖြတ် ၁ ဖာလုံသာသာလောက်မှာရှိတဲ့ နယ်ခြားချောင်းကူးတံတား ကျော် လိုက်ရင် သူ KIA နယ်ထဲရောက်ရှိပြီး အဲ့ဒီနားက KIA စခန်းမှာ ဖားကန့်မြို့ ပြည်သူတွေ ဆက်ကြေးသွား ဆောင်ရတယ်လို့ ဆိုပါတယ်။
တဖက်ခြမ်းမှာရှိတဲ့ KIA စခန်းကို ပိုက်ဆံတွေ သိန်းပေါင်းများစွာ ဒီဆန်ခါစစ်တပ်ဂိတ်ကို ဖြတ်ပြီး သွားပေးတာကို အစစ်အဆေးမရှိ ဒီတိုင်း လွှတ်ပေးနေတာ ဘယ်လိုသဘောလဲဆိုတာ နိုင်ငံတော်အစိုးရရဲ့ သဘောကို လုံးဝ နားမလည်ဘူး၊ KIA ဆက်သွယ်မှု ၁၇/၁ ဖမ်းကြေးဆိုရင် ဖားကန့်တစ်နယ်လုံး ထောင်ချလိုက်ရုံဘဲရှိတယ်၊ နိုင်ငံတော် အစိုးရဟာ ဖားကန့်လူထုကို ပစ်ထားသလို ခံစားရကြောင်း ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။

သစ်ထူးလွင်  
 

စီပွားရေးလုပ်ငန်းရှင်များထံသို့ KIA အဖွဲ့မှ ဆက်ကြေးပေးဆောင်ရန် ညွှန်ကြားစာ ပေးပို့

Posted by drmyochit Tuesday, September 04, 2012, under | No comments


ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး

Posted by drmyochit Tuesday, September 04, 2012, under | 1 comment

မောင်အေး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင်အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအားရဲကဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
“ ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ အခု လောလောဆယ် ၅  ယောက် ဖမ်းဆီး ထားပါတယ်။ ဒါပေမဲ့ ခုတ်တာကတယောက်တည်းဖြစ်တဲ့ အတွက် သူတစ်ယောက်တည်းကိုဘဲ ဖမ်းဆီး တရားစွဲ
ဆိုထားပြီး  တခြားသူတွေကိုတော့ သက်သေ အဖြစ် ခေါ်ထားတာ ဖြစ်ပါတယ်။ ဖမ်းလာ တာမဟုတ်ပါဘူး” ဟု ဘူးသီးတောင်ရဲစခန်းမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။

အမှုနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသည့် အာဘူကာဆိမ်းမှာ အသက် ၁၉ နှစ်ဖြစ်ပြီးသူနှင့်  တစ်ခြား အပေါင်းအပါ ၅ ဦးတို့အား  ယမန်နေ့က  ကျေးရွာသားများက ၀ိုင်းဝန်း ကူညီ ဖမ်းဆီးပေးခဲ့ကြောင်း အဆိုပါ ရဲဝန်ထမ်းမှ ပြောသည်။ ဓါးခုတ်ခံရသူ အမျိုးသမီးငယ်မှာ ရီရီသန်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှအဘ ဦး စံကျော်လှသမီး ဖြစ်သည်။ ဓါးခုတ်ခံရသဖြင့် ဘယ်ဘက်ခြေဖနှောင့် အထက်တွင် ဒဏ်ရာရရှိသွားပြီး ယခုအ ခါ ဘူသီးတောင် ဆေးရုံတွင် ဆေးကုမှုခံယူနေရကြောင်းသိရသည်။

မရီရီသန်းမှာ အစ်ကိုဖြစ်သူ ကျော်သန်းလှိုင်၊ မောင်ဖြစ်သူ ကျော်သန်းဌေးတို့နှင့်အတူစက်တင်္ဘာလ (၁) ရက်နေ့က အေရာချာ (ခမီး အမျိုးသားကျေးရွာမှ) အပြန်တွင် ယခုကဲ့သို့ ဓါးခုတ်ခံရခြင်းဖြစ် ကြောင်း ဖြစ်ပျက် ခဲ့ပုံနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။“ သူတို့က အေရာချ ဆိုတဲ့ ခမီးရွာမှာ ယာတောင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုဝယ်ဖို့သွားတယ်။အဲဒီရွာမှာ တညအိပ်ပြီး မနက်ပိုင်းမှာ ဟင်းသီးဟင်းရွက်တွေနဲ့ဆင်းလာတယ်။ အုတ်တောင် ရွာ တောင်ဘက်က ဘုန်းကြီးကျောင်းဟောင်း နေရာကို နေ့လည် ၁ နာရီ မိနစ် ၂၀ ခန့်မှာ
 ရောက်ပါ တယ်။အဲဒီ နေရာကို ရောက်တဲ့အခါ ဘင်္ဂလီ ၂၀ ခန့်နဲ့တွေ့ပါတယ်။ အဲဒီမှာ ဘင်္ဂလီလူငယ်တဦးက ရီရီသန်း နောက်က လိုက်လာပါတယ်။ ရှေ့ကသွားနေတဲ့ မောင်ဖြစ်သူနဲ့ နည်းနည်း အလှမ်းဝေးနေ တဲ့အတွက် မောင်ဖြစ်သူကို မှီအောင် အော်ပြီး ပြေးလိုက် တဲ့အခါ လဲကျသွားတယ်။အဲဒီနေရာမှာ မရီရီသန်းကို ဘင်္ဂလီလူငယ်က ဓါးနဲ့ ခုတ်တာ ဖြစ်ပါတယ်”ဟုပြောသည်။မရီရီသန်းမှာ စိုးရိမ်ရသော အခြေအနေတွင် မရှိသော်လည်း ခြေထောက်တွင်ဓါးခုတ်ခံရသဖြင့် အချိန်ယူဆေးကုသရမည်ဟုသိရသည်။

နိရဉ္စရာ 

' ALP ၏ ပထမဆုံး ဆက်ဆံရေးရုံး ကျောက်တော်မြို့တွင် ဖွင့်လှစ်လိုက်ပြီ'

Posted by drmyochit Tuesday, September 04, 2012, under | No comments






မောင်ရမ္မာ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင် ယနေ့ တွင် စတင်ဖွင့်လှစ်လိုက်သည်။ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီတိတိ အချိန်တွင် ရခိုင် အောင်စည်တော် ၁၈ လုံးတီးခတ်ပြီး ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ရုံးဖွင့်ပွဲ၏ အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ဖွင့်လှစ်ပေးသူ ALP ဗဟို အလုပ်အမူဆောင် ကော်မီတီဝင်  ဒေါ်စောမြရာဇာလင်းက နိရဉ္စရာ သို့ယခုလို ပြောသည်။

“ ဒီရုံး ဖွင့်လှစ်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတော် အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တိုးချဲ့ ဆောင်ရွက် သွားမယ်။ ပြီးတော့ ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ရခိုင်လူမျိုး တခုလုံး အတွက်အကျိုးရှိမည့် လုပ်ငန်းတွေ ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။ရုံးဖွင့်ပွဲ အခမ်းအနားကို ALP ပါတီမှ ဒေါ်စောမြရာဇာလင်း၊ အရံဗဟိုကော်မီတီဝင်ခိုင်အောင်စိုးသန်း၊ မြန်မာ အစိုးရဖက်မှ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ဦးလှသိန်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟုသိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ဆက်ဆံရေးရုံးများကို ရခိုင်ပြည်အတွင်းရှိ တခြားမြို့များဖြစ်သည့် စစ်တွေ၊ မောင်တော၊ ပလက်ဝနှင့် ရန်ကုန်၊ မြ၀တီစသည့် မြို့များတွင်လည်း ဖွင့်လှစ်သွားနိုင်ရ ကြိုးစားနေသည်ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။တခြားမြို့နယ်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ပြီးသည့်နောက်ပိုင်းတွင် ALP အနေဖြင့် အစိုးရအပြင် ပြည်သူလူ ထုများနှင့်ညှိနိုင်းလုပ်ဆောင်သွားမည်ဟုလည်း ဒေါ်စောမြရာဇာလင်းက ပြောသည်။


“ တိုင်းပြည်မှာ မငြိမ်သက်လို့ ရှိရင် ကျွန်မတို့ လုပ်နေရတဲ့ လုပ်ငန်းတွေဟာ နှောင့်နှေး ကြန့်ကြာမှုတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ဟာ တိုင်းပြည်မှာ လုပ်ငန်းကိုင်ငန်းတွေ နှောင့်နှေးကြန့်ကြာမှု မရှိရလေအောင် ကျွန်မတို့က တိုင်းပြည် အေးချမ်းသာယာရေးကို အဓိက ပြည်သူလူထုတွေနဲ့ ညှိနှိင်းပြီး လိုအပ်တာဟူသမျှကို နိုင်ငံတော် အစိုးရနဲ့  ပူပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”  ဟု ဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ကျောက်တော်မြို့တွင် ဆက်ဆံရေးရုံးဖွင့်ရန်သဘောတူ ညီထားသော် လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဖက်မှရုံးဖွင့်ရန် ဆိုင်းငံ့ထားရာမှ ယခုအခါမှ စတင်ဖွင့်လှစ်နိုင် ခြင်း ဖြစ်သည်။ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲသို့ လူပေါင်း ၁၀၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု
သိရသည်။ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA ကို
၁၉၇၃ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာ-ဘင်္ဂလာဒေ့ခ်ျနယ်စပ်၊ မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ်များတွင်အခြေစိုက်လူပ်ရှားလျှက်ရှိသည်။

နိရဉ္စရာ 

တိုက်ပွဲကြောင့် ပလောင်ဒေသခံ ၁၀ဝ၀ ကျော် ထွက်ပြေးတိမ်းရှောင်

Posted by drmyochit Tuesday, September 04, 2012, under | No comments




ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့
 တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ
တိုက်ပွဲဖြစ်လို့ ပလောင်ပြည်သူ ၁၀ဝဝ
 ကျော် ဘေးလွတ်ရာကို ထွက်ပြေး
 တိမ်းရှောင်နေရပါတယ်။


ပလောင် စစ်ပြေးဒုက္ခသည်များရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ နယ်နဲ့ နမ့်ဆန်မြို့ နယ်ထဲမှာ
 ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ပွဲတွေဆက်နေတဲ့အတွက်ထွက်ပြေးတိမ်းရှောင်သူ တထောင်ကျော်
သွားပြီလို့တအောင်းပလောင်ကျောင်းသားနှင့်လူငယ်များအစည်းအရုံးအဖွဲ့ဝင် လွေးပိုးရိန်းက
 ပြောပါတယ်။

“အဓိကကေတာ့ သူတို့က မန်တုံမှာကျေတာ့ နယ်စပ်တွေမှာလည်း မနီးတဲ့အခါကျေတာ့
 တောထဲမှာ ထွက်ပြေးကြတာများတယ်။

၁၀ဝ၀ ကျော်လောက်ရှိမယ်။ ကလေးတွေ၊ အမျိုးသမီးတွေပါတယ်။ အမျိုးသားတွေက အသက်ကြီးပိုင်းတွေများတယ်။

လူလတ်ပိုင်းတွေက စစ်ထဲဝင်ရမှာစိုးလို့ နယ်စပ်တွေသွားပြီး အလုပ် လုပ်ကြတာတွေ
ရှိတယ်။

”တိုက်ပွဲတွေဟာ ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ကွတ်ခိုင်မြို့ အေနာက်ခြမ်းနဲ့ မန်တုံမြို့နယ် တောင်ဘက်၊ နမ့်ဆန်မြို့နယ် မြောက်ဘက်ခြမ်း၊ နမ့်တူမြို့နယ် မေဝါရွာ အနီးတဝိုက် ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

အစိုးရတပ်ရင်း ၅ ခုက အင်အား တေထာင်လောက်  အဲဒီဒေသထဲ ဝင်ရောက်လှုပ်ရှားလာရာက
 ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တေအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မေတာ်၊ ရှမ်းပြည်တပ်မေတ်ာမြောက်ပိုင်းကတပ်ရင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ပလောင်လူငယ်
အဖွဲ့က ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူအများစုဟာ မန်တုန်မြို့နယ် ပန်ခါးကြီး၊ ပန်ခါးလေး၊ နားအော့၊ ဆန်ကော၊
ကုန်းပေါင် စတဲ့ရွာနဲ့ နမ့်တူမြို့နယ် မေဝါရွာဘက်က ရွာသားတြွေဖစ်ပြီး စိုးရိမ်မကင်းဖြစ်ပြီး
 နေထိုင်နေရတဲ့ ရွာတွေပါဆိုရင် စုစုပေါင်း ၁၀ ရွာလောက်ရှိမယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ မန်တုံမြို့ပေါ်နဲ့ တောတွင်း ထွက်ပြေးနေပြီးတောတွင်း
က လူတွေအတွက် အကူအညီပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။

 ဒီလိုတိမ်းရှောင်တဲ့အတွက် ရွက်နုလက်ဖက်တွေ မဆွတ်ခူးနိုင်ဘဲ ရင့်ရော်ကုန်လို့
နစ်နာကြတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်လို့ စစ်ရှောင် ဒုက္ခသည်
 ၆ ထောင်ကျော် ဖားကန့်မြို့ ပေါ် တက်ပြေးကြသလို ကချင်ပြည်နယ် တခုတည်းတင် စစ်ရှောင်ဒုက္ခသည်ပေါင်း ၉ သောင်းဝန်းကျင်ကို ရောက်နေပြီလို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။

DVB (မြန်မာပိုင်း) 

လုံခြုံရေးအစောင့်အရှောက်နှင့်တကွ ဘင်္ဂါလီများ စစ်တွေဈေးသို့ ၀င်သောကြောင့် ရုတ်ရုတ်သဲသဲဖြစ်

Posted by drmyochit Tuesday, September 04, 2012, under | 1 comment



ယနေ့ နေ့လည် (၁၂)နာရီခန့်က စစ်တွေမြို့နယ်
 မြို့မဈေးသို့ စစ်တွေမြို့ပြင်ဘက်
 ဘင်္ဂါလီရွာများမှဟုယူဆရသောဘင်္ဂလီ
လူမျိုးများလုံခြုံရေးအစောင့်အရှောက်များ
တကွ ရောက်လာရာ ဈေးအတွင်းရောက်
ရှိနေကြသော  ဈေးသူဈေးသားများ နှင့်


 ဈေးဝယ်သူများအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသောကြောင့်ချက်ချင်းပြန်သွားကြ
သည်ဟု ဈေးဆိုင်ရှင်တစ်ယောက်က  ပြောကြားသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်ထားတဲ့ ကားသုံးစီး ဈေးရှေ့ကိုရောက်လာတော့ အရေးကြီးပုဂ္ဂိုလ်တွေများ လာသလားလို့ ဈေးထဲကလူတွေက ထွက်ကြည့်တာ ဘင်္ဂါလီတွေဖြစ်နေတယ်။

ဒါနဲ့ဈေးထဲက လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ ပဍိပက္ခဖြစ်တော့မလို အသွင်ဆောင်
လာတဲ့အခါကျမှ အတူလိုက်ပါလာတဲ့ လက်နက်ကိုင် လုံခြုံရေးတွေက ဘင်္ဂါလီတွေကို ကားပေါ် တင်ခေါ်ပြီး ပြန်ထွက်သွားကြတယ်” ဟု ဖြစ်စဉ်အတွင်းရှိနေခဲ့သူ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက
 Coral Arakan အားပြောကြားသည်။

ဘင်္ဂါလီ ခြောက်ယောက် ခုနစ်ယောက်စီတင်ဆောင်ထားသော ဒိုင်နာကားအရှည်နှစ်စီး
 နဲ့ ဒိုင်နာအတိုတစ်စီး စုစုပေါင်းသုံးစီးပေါ်တွင် တစ်စီးလျှင် လက်နက်ကိုင် လုံခြုံရေး
ငါးယောက်စီ တင်ဆောင်လာကြသည်ဟု ဆိုသည်။

 ဘင်္ဂါလီများရောက်လာသည်ကိုသိကြသည်နှင့်ချက်ချင်း ဈေးသူဈေးသားများနှင့် ဈေးဝယ်
သူများက ဈေးဝသို့စုရုံး ရောက်ရှိလာကြရာ မြို့မဈေးဝမှာ လူအုပ်ဖြင့်ပိတ်သွားခဲ့သည်။

အခင်းဖြစ်နေရာသို့ရဟန်းပျိုအဖွဲ့မှသံဃာများဆိုင်ကယ်တက္ကစီနှစ်စီးဖြင့် ရှေ့
ဆင့်နောက်ဆင့်  ရောက်လာကြ သည် ဟု မျက်မြင်တစ်ယောက်က ဆိုသည်။

ရဲသားအချို့ကလည်း သေနတ်ပြောင်းများကို လာရောက် စုရုံးကြည့်ရှုနေကြသည့်
ရခိုင်လူမျိုးများဘက်သို့ လှည့်ထားကာ စောင့်နေကြသည်ဟု ထိုမျက်မြင်က
 ပြောကြား သည်။

ထိုကဲ့သို့ တင်းမာမှု တစ်နာရီခန့်ဖြစ်ခဲ့ပြီးနောက် ရဲသားများက ဘင်္ဂါလီများကို
တင်ဆောင်ကာ ဈေးနှင့် တစ်ဘလောက်ခန့်ဝေးသော ကျေးပင်ကြီး အလယ်တန်းကျောင်းဝင်းသို့ မောင်းဝင်သွားကြသည်။

“အခုလိုမျိုး အချိန်မှာ ဒီလိုလုံခြုံရေးအင်အားကိုသုံးပြီး ရခိုင်တွေနေတဲ့နေရာကို လာတာမျိုးက မလုပ်သင့်သေးဘူး။

အခြေအနေတွေ အေးချမ်းသွားပြီး နောက်ထပ် ပဍိပက္ခတွေ ဘာမှထပ်မဖြစ်ပဲနဲ့ အချိန်ကာလ
အနည်းဆုံး ဆယ်နှစ်ဆိုသလို ကုန်လွန်သွားတဲ့အခါကျမှ စစ်တွေမြို့ထဲကို ဘင်္ဂလီတွေ ၀င်လာပြီးဈေးလာဝယ်မယ် ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မယ်” ဟု အငြိမ်းစား
 ကျောင်းအုပ်ဆရာမကြီး တစ်ဦးက Coral Arakan အားပြောကြားသည်။

“ပြည်သူက ကျွေးတဲ့ထမင်းကို စားပြီး ပြည်သူမဟုတ်တဲ့ နိုင်ငံခြားသား ဘင်္ဂလီတွေကို အခကြေးငွေယူပြီးတော့ တပ်စိတ်တစ်စိတ်မက တကူးတက လိုက်ပါစောင့်ရှောက်ပေးတာ
ကို တွေ့ရလို့ ကျွန်တော် ဒေါသထွက်မိတယ်။

 နောက်ထပ် အဓိကရုဏ်းတွေ မဖြစ်ဖြစ်အောင် ဖန်တီးနေတာနဲ့တူနေပြီ” ဟု စစ်တွေမြို့မှ
အခွန်ထမ်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကလည်း Coral Arakan
အားပြောကြားသည်။

အရေးအခင်းဖြစ်ကာစ ဇွန်လ ဒုတိယအပတ်အတွင်းက စစ်တွေမြို့မဈေးကြီးအတွင်းသို့
ဘင်္ဂါလီ ကလေးငယ် နှစ်ဦး ဓါတ်ဆီဗူးများကိုင်၍ မီးရှို့ရန် ၀င်ရောက်လာသည်ကို
လက်ပူလက်ကြပ် ဖမ်းမိဖူးသဖြင့် ဈေးသူ ဈေးသားများက ဘင်္ဂါလီများကို သံသယဖြစ် ထိတ်လန့်ကြလျက်ရှိသည်။

စစ်တွေမြို့တွင်းရှိ အောင်မင်္ဂလာ(ဘင်္ဂလီ)ရပ်ကွက်တွင် ချထားသော လုံခြုံရေးကို
ဦးစီးရသည့် စစ်တပ် အရာရှိတစ်ဦးက မိမိတို့အနေဖြင့် ရခိုင်များဆီမှ တစ်ဖက်
လှည့်ဖြင့် ၀ယ်ပေးကာ ဘင်္ဂါလီများကို ထောက်ပံ့နေသည် ဆိုသည်မှာ မဟုတ်ပါကြောင်း၊
သို့သော် မြို့ပြင် ဘင်္ဂါလီများနှင့် မြို့တွင်းဘင်္ဂါလီများ ရောင်းဝယ်ကြသည့် အခါ
ပစ္စည်းပို့ဆောင်ရာတွင် လုံခြုံရေးလိုက်ပါပေးရခြင်းသာ ဖြစ်ကြောင်း မြို့မိမြို့ဖများကို
လွန်ခဲ့သော တစ်လခန့်က ရှင်းလင်း ပြောပြဖူးသည်။

ဘင်္ဂါလီများကို မရောင်းချင်သော ဒေသခံရခိုင်များထံမှ ပစ္စည်းများကို တစ်ဘက်လှည့်ဖြင့်
ဝယ်ပေးသည်မှာ မိမိတို့မဟုတ်ကြောင်း ရဲ နှင့် စစ်တပ်ဘက်မှ အသီးသီးငြင်းဆိုမှုများ
ရှိနေသော်လည်း ဘင်္ဂါလီများကို ပစ္စည်းဝယ်ပေးသော မှောင်ခိုလုပ်ငန်းဖြင့် မြိုးမြိုးမျက်မျက်ရနေကြသူများရှိသည်ဟု စစ်တွေတွင် အရပ်သတင်း ထွက်နေ
သည်မှာ ကြာပြီဖြစ်သည်။

ပစ္စည်းဝယ်ပေးလျှင် ပစ္စည်းတန်ဖိုး၏ တစ်ရာ ရာခိုင်နှုန်းကို အပိုထပ်ဆောင်းပေးရ
သည်ဟု ဆိုသည်။

ဆိုလိုသည်က ငွေနှစ်သိန်းပေးပါမှ ပေါက်ဈေး ငွေတစ်သိန်းဖိုး တန်ဖိုးရှိ ပစ္စည်းများ
ရမည်ဖြစ်သည်။

၎င်းအပြင် ဘင်္ဂလီများကိုယ်စား စစ်တွေမြို့တွင်းဘဏ်များမှ ငွေလွှဲလာထုတ်သော
လုံခြုံရေးအရာရှိများမှာ အထူးဝင် ငွေကောင်းကြသည်။

 ငွေတစ်သိန်းထုတ်ပေးလျှင် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်ငွေလေးသောင်းကို ထုတ်ပေးသူ အရာရှိအား ငွေလွှဲထုတ်ပေးခ ပေးရသည်ဟု ဆိုသည်။ လစာသိန်းဂဏန်းမျှသာရကြသည့်
အရာရှိများ စစ်တွေမြို့တွင်း ဘဏ်များတွင် ကျပ်ငွေ သိန်း ဆယ်ဂဏန်း ရာဂဏန်း ပမာဏများ
ကို လာထုတ်ကြသည်မှာ စစ်တွေမြို့ လမ်းမကြီးတွင် မြင်ရတတ်သော မြင်ကွင်းမျိုးဖြစ်သည်။


                                    အခင်းဖြစ်ပြီးနောက်ပိုင်း မွန်းလွဲ သုံးနာရီခွဲခန့်တွင်
                                   စစ်တွေမြို့မဈေးကြီးရှေ့တွင် လုံခြုံရေးကားတစ်စီး
                                                ရပ်ထားစဉ်။ ဓါတ်ပုံ - မင်းခရီ။


လွန်ခဲ့သော တစ်ပတ်ကျော်ခန့် သြဂုတ်လ(၂၅) ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့ပြင်
အဓိက ဘင်္ဂါလီ ဒုက္ခသည်စခန်းရှိရာ သဲချောင်းဘင်္ဂါလီရွာ အနီးရှိ သဲချောင်း(ရခိုင်)ရွာငယ်၏
အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေဝင်း တို့ ညီအစ်ကို သုံးယောက်ကို သဲချောင်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော ခမရ ၅၄၁ မှ တူးအိုင်စီခေါ် ဒုတပ်ရင်းမှူး ဦးဆောင်သော တပ်မတော်သားများက ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် အုပ်ချုပ်ရေးမှူး၏အစ်ကိုကြီးဖြစ်သူ ဦးအောင်ဆွေမှာ ဆေးရုံတင်ရသည့် အဆင့်ဖြစ်သွားခဲ့သည်။


‘ဘင်္ဂါလီများကို ပစ္စည်းရောင်းသော ရခိုင်အမျိုးသားသစ္စာဖေါက်တစ်ဦး’ အဖြစ် စစ်တွေမြို့
မဈေးကြီးထဲတွင် စာရွက်များဖြန့်ချိရှုတ်ချခြင်းခံထားရသူ သဲချောင်း အုပ်ချုပ်ရေးမှူး
ဦးအောင်ဆွေဝင်း ဘင်္ဂါလီများအား စက်သုံးဆီရောင်းသည်ကို စစ်တပ်က လက်ပူးလက်ကြပ်ဖမ်းမိသောကြောင့် နယ်မြေတာဝန်ကျစစ်တပ်က ဟန့်တား
ပိတ်ပင်ခြင်းဖြစ်သည်ဟု အတွင်းသိတစ်ချို့က ဆိုကြသည်။

စစ်တပ်နဲ့ အဝေမတည့်လို့ ဖြစ်ကြတာ ဟုလည်း တချို့က စွပ်စွဲ ပြောဆိုကြသည်။
ပစ္စည်းဝယ်ပေးရန်အတွက် ဦးအောင်ဆွေဝင်းအား ငွေဆယ်သိန်း ကျော်ကျော်
ထုတ်ပေးထားသော ဘင်္ဂါလီများက ပစ္စည်းလည်းမလာ ငွေလည်းပြန်မရသဖြင့်
နယ်မြေတွင်တပ်စွဲထားသော တပ်သားများအား လက်တို့ပြီး ချောင်ပိတ်ဖမ်းဆီး
 စေခြင်းဖြစ်သည်ဟု တချို့က ဆိုကြသည်။

 မူးရင်း Coral Arakan News Agency

" ကျပ်ငွေ ၅,၀၀၀ တန် အတုထပ်မံမိပြန်ပြီ"

Posted by drmyochit Tuesday, September 04, 2012, under | 1 comment


 
ကော့သောင်းမြို့ရဲတပ်ဖွဲ့ကနေ ဒီရက်ပိုင်းတွေမှာ မြန်မာငွေကျပ် (,၀၀၀)တန် အတုကာလ တန်ဖိုး သိန်း(၄၀)ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ဒီငွေအတုတွေဟာ ဒေသခံတွေကြားမှာ ပျံ့နှံ့နေတဲ့ အတွက် ကော့သောင်းမြို့ ဒေသခံတွေ
အကြားမှာ ဒီငွေအတုကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။အခုဆို ငွေအတု ကိုင်ဆောင်သူ အမျိုးသမီးကိုလည်း ကော့သောင်း မြို့ ရဲစခန်းကနေ စစ်ဆေးမေးမြန်းနေဆဲလို့လည်း ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တနသာင်္ရီတိုင်း၊ ကော့သောင်းမြို့မှာ ငွေအတုသိန်း (၄၀) ကျော်ကို နယ်မြေခံ ရဲတပ်ဖွဲ့တွေ
ကနေ ဒီ ရက်ပိုင်းတွေမှာ ဖမ်းဆီးမိခဲ့ပါတယ်။အခုဆိုရင် ကော့သောင်းမြို့ထဲမှာ ငွေအတုတွေ ပျံ့နှံ့နေတဲ့ အတွက် ရောင်းဝယ်လဲလှယ်ထားတဲ့ ဒေသခံဈေးဆိုင်တွေနဲ့ ငွေလဲလှယ်ရေးဆိုင်တွေအနေနဲ့ စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ငွေလဲလှယ်ရေးဆိုင်ရှင်တဦးကပြောပါတယ်။

ငါးထောင်တန်ဖမ်းမိတော့ ဒီကမြို့သူမြို့သားတွေ အဲဒါ စိုးရိမ်နေတယ်။ ဈေးထဲမှာလည်း တော်တော် များများ ၀ယ်ထားတယ်။ ဟိုကောင်မလေးကိုတောဖမ်းချုပ်ထားတယ်။ မြို့ထဲမှာ ဈေး ဆိုင်တွေရော၊ ရွှေဆိုင်တွေရော ဒီဘတ်လဲတဲ့ဆိုင်တွေရော အကုန်မေးကြည့်တော့ မြန်မာ ငွေနဲ့ ထိုင်းငွေတွေ လဲလှယ်တဲ့နေရာ အကုန်မေးကြည့်တော့ သူတို့ တော်တော်များများ လဲထား တယ်- တဲ့။ ငွေအတု၊ အစစ်ဆိုတာ ကျနော်တို့ ခွဲခြားလို့ မသိဘူးတဲ့။ ပြည်သူလူထုက ဥပဒေအရပေါ့နော်။ ဒီ(၅၀၀၀)တန်ပေါ့နော်။ သူတို့ လိုက်ဝယ်ထားတာ တော်တော်များများ
ဝယ် ထားတာကိုး။ (၅၀၀၀) တန်က။ ပြည်သူတွေက ထိတ်လန့်နေတာ။ (၅၀၀၀)တန်တောင် မကိုင်ရဲဘူး။

ငွေအတုကိုင်ဆောင်သူ မဝေယံဖြိုးကို စက်တင်ဘာလနှစ်ရက်နေ့မှာ ကော့သောင်းမြို့နယ်၊ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ဒီငွေအတုတွေကို ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်နေ အသက် (၂၄) နှစ်အရွယ် မဝေယံဖြိုး ကနေ ရွှေဆိုင်တွေနဲ့ ထိုင်း-မြန်မာ ငွေလဲလှယ်ရေးဆိုင်တွေမှာ ငွေလဲလှယ်၊ ရွှေတွေ ၀ယ်ရာကနေ သင်္ကာမကင်းဖြစ်ပြီး ဖမ်းဆီးမိခဲ့တယ်လို့ အဆိုပါ ငွေလဲလှယ်ရေးဆိုင်ရှင်က ဆက်ပြောပါတယ်။ရွှေဆိုင်တဆိုင်မှာ ပထမရွှေ () ကျပ်သား သွားဝယ်လိုက်တယ်။ ဒုတိယ ငွေဘတ် လေး သောင်းဆိုလား သွားလဲတယ်။ထိုင်းငွေနဲ့ မြန်မာငွေ လဲလှယ်တဲ့နေရာတွေမှာ သူတို့ ငွေအတု အစစ်ခွဲခြားလို့သိတယ်လေ။ သွားလဲတဲ့အချိန်မှာ ငွေကပါးပါးလေးဖြစ်နေတော့ သူတို့က အလဲမခံဘူး။

အဲဒီမှာ ရွှေ ဆိုင်မှာ တခါထပ်ပြီးတော့ သွားဝယ်တယ်။အဲဒီမှာ ရွှေဆိုင်ကနေ မယုံမသင်္ကာဖြစ်တော့ ငွေလဲတဲ့ လူတွေကလည်း ရွှေဆိုင်ကို ပြန်လာပြောတော့ အဲဒီတော့ ငွေ အသေ အချာပြန်ကြည့်တော့
 
ငွေအတုတွေ ဖြစ်နေတယ်။ ကောင်မလေးနံမယ်က ဝေယံဖြိုး။ လဲတာတွေရော အားလုံး သူဝယ်ထားတဲ့ဟာတွေရော
ဆိုလို့ရှိရင် အားလုံးပေါင်း သိန်း လေးဆယ်ကျော်တယ်။ငွေအတုရောင်းဝယ်သူ မဝေယံဖြိုးကိုတော့ ကော့သောင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး အခုဆိုရင်ရဲစခန်းကနေ စစ်ဆေးနေဆဲလို့ ကော့သောင်းမြို့၊ နယ်ထိန်းဦးကျော်မိုးဦးက
 
ပြောပါတယ်။ငွေအတုတော့ ဖမ်းမိထားတယ်။ ကျနော်တို့ဆီက အရာရှိတွေကနေပြီးတော့ စစ်နေတယ်။ဒီနေ့မှ ကျနော်တို့က စစစ်တယ်။ငွေအတုကိုင်ဆောင်သူ မဝေယံဖြိုးဟာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ဒီ
(
၅၀၀၀) တန် ငွေအတုတွေကို ထိုင်းနိုင်ငံကနေတဆင့် တင်သွင်းလာနိုင်ဖွယ်ရာရှိတယ်လို့ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ပြီးခဲ့တဲ့ (၁၉၉၆) ခုနှစ်ကလည်း ထိုင်းနိုင်ငံသားနှစ်ဦးကနေ ထိုင်းဘတ်ငွေ (၅၀၀) အတု သိန်း (၂၀) လောက် ကော့သောင်းမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်ကနေ ဖမ်းဆီးထောင်ချ ခဲ့ပါ တယ်။ဒီနှစ် သြဂုတ်လ (၂၄) ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်ခွဲမှာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ အမျိုးသမီးတဦးကို (၅၀၀၀) တန်မြန်မာငွေအတုသိန်း(၁၅၀)ခန့်နဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။

VOA (
မြန်မာပိုင်း )

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်