Thursday, September 06, 2012

KIA အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ဖွင့်ဟ၀န်ခံချက် အပိုင်း(၁)

Posted by drmyochit Thursday, September 06, 2012, under | No comments

စီးပွားရှာကောင်းသော KIA ခေါင်းဆောင်များ(သို့မဟုတ်) အသားထဲက လောက်ကောင်များ
ကျွန်တော်ဟာ အစိုးရနဲ့ KIA တို့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက KIA အဖွဲ့ရဲ့ အဓိကနေရာမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက KIA ဟာ ငြိမ်းချမ်းရေး ယူပြီး ပြည်နယ်ဖွံ့ဖြိုးရေးလုပ်မယ်၊ ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေအတွက် လုပ်ကြမယ်လို့ ဦးတည်ချက်တော့ ရှိခဲ့ဖူးပါတယ်။
ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့မြောက်ပိုင်းမှာ အင်မတန်မှလှပတဲ့ ပြည်နယ်တစ်ခုပါ။ အထင် ကရ နေရာတွေ ရှုမျှော် ခင်းတွေနဲ့ ပြည့်နှက်နေပြီး ကချင်ပြည်နယ်ကို ရောက်ဖူးသူတိုင်းအတွက် စိတ်ချမ်း သာမှုကို အပြည့်အ၀ ရစေ တဲ့နေရြာ ဖစ်ပါတယ်။ အကျော်ကြားဆုံးကတော့ ကချင်ပြည်နယ် က ကျောက်စိမ်းဖြစ်ပါတယ်။ အရည်အေ သွးကောင်း တဲ့ ကျောက်စိ မ်းတွေဟာ သဘာဝကပေးထားတဲ့ သယံ ဇာတတွေပါ။ ဒါ့အပြင် ကျွန်း အပါအ၀င် သစ်မျိုးစုံကလည်း အင်မတန်မှ ပေါများ လှပါတယ်။ မေခနဲ့ မလိခ ဆိုတဲ့ မြစ်နှစ်သွယ်ဟာ ကျွန်တော်တို့ ပြည်နယ်ထဲမှာပေါင်းစည်းပြီး ရှည်လျားစွာ စီးဆင်းလျက် ရှိပါ တယ်။ ကချင်လူမျိုးဖြစ်ရတဲ့ ကျွန်တော်ဟာ ကိုယ့်ပြည်နယ်အတွက် ကိုယ့်လူမျိုးအတွက် အင်မတန်မှ ဂုဏ်ယူ ခဲ့ရပါတယ်။
ငြိမ်းချမ်းရေးရပြီးတဲ့အချိန်မှာ ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုအစိုးရက ငွေကြေးများစွာ အကုန်ခံပြီး တ ည်ဆော က်ပေး ခဲ့ပါတယ်။ တံတားတွေ၊ လမ်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ အလျှို လျှို ပေါ်လာပါတယ်။ နယ်စ ပ်ဒေသအထိ တည်ဆောက်ရေးလုပ်ငန်းတွေ အစိုးရက လုပ်ပေးတဲ့ အတွက် ဝေးလံလှ တဲ့ ကျေးရွာကက ချင်တိုင်းရင်း သားတွေ ပင်လျှင် ပညာ တတ်များ  ဖြစ်လာနိုင်တဲ့အခြေအနေကို ရောက်ရှိလာပါတယ်။ သွားလာရေးကောင်းတဲ့အတွက် လူတိုင်းဟာ စီးပွားေ ရးကောင်းကောင်းလုပ်နိုင်ပြီး ပိုင်ဆိုင်မှုတွေ၊ ကြွယ်ဝမှုတွေ ရှိလာပါတယ်။ ဒါတွေဟာ ဘယ်သူမှ ငြင်းလို့မရတဲ့သမိုင်းက အမှန် တရားပါ။
တစ်ဘက်က အစိုးရက ဒီလိုဆောင်ရွက်နေခဲ့တယ်။ တစ်ဘက်က ကျွန်တော်တို့အဖွဲ့ အစည်းအနေနဲ့ ဒီ့ထက်မက ကိုယ့်ဒေသအတွက် ကိုယ်လုပ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်နားမလည် တာက ကျွန်တော် တို့ ခေါ င်းဆောင်တွေဟာ ကျောက်စိမ်းကရတဲ့ငွေ၊ သစ်ကရတဲ့ငွေ၊ စီးပွားရေး သမားတွေဆီက ရတဲ့ဆက်ကြေးငွေ ဒါတွေ ကို ကျွန်တော်တို့ လူမျိုးတွေအတွက် အသုံးမချ ဘဲ ခေါင်းဆောင်ကြီးတွေအတွက်နဲ့ KIA အဖွဲ့အတွက်ပဲ လုံးလုံး လျားလျား အသုံးပြုခဲ့ပါတယ်။ တစ်ချိန်မှာ ဖားကန့်ဘက်က အင်မတန်မှ အရည်အသွေးကောင်းပြီး အလေးချိန် ၁၀ တန်လောက် ရှိတဲ့ ကျောက်စိမ်းကြီး ထွက်ပေါ်ခဲ့ပါတယ်။ ၀န်တင်ယာဉ်တွေ၊ ဆင်တွေ အများကြီး အသုံးပြုပြီးမှ သယ် ယူနိုင်ခဲ့ တယ်။ ဒါကြီးကို အစိုးရမသိအောင် ခက်ခက်ခဲခဲနဲ့ တရုတ်ဘက်ကို ပို့ရတယ်။ ကျွန်တော်တို့ အဖွဲ့ အတွက် အဓိကစီး ပွားရေးလုပ်ပေးနေတဲ့ ဘွန်ဝမ်လရော်ရဲ့ အစီအစဉ်နဲ့ တစ်ဘက်နိုင်ငံမှာ ခွဲစိတ်ရောင်းချ ခဲ့ပါတယ်။ ယွမ် သ န်းပေါင်း သောင်းချီပြီးရတယ်လို့ သိရပါတယ်။ တစ်ချို့ အစိတ်အပိုင်းတွေ ကိုတော့ ဟော င်ကောင်အ ထိပို့ပြီး ရောင်းချခဲ့ ရတယ်။ ဒေါ်လာ သန်းရာချီ ရခဲ့တယ်။ ဒီငွေတွေဟာ ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် ဘာမှ အကျိုးမဖြစ်ခဲ့ဘူး။ ဗိုလ်ချုပ် တစ်ယောက်ဆီက သိရတဲ့ သတင်း အရ လက်နက်စက်ရုံ တည်ဖို့ တစ်ချို့တစ်ဝက်ကို အသုံးပြုတယ်။ တစ်ချို့တစ်ဝက်ကတော့ “၀”တပ်မတော် ကနေ လက်နက်တွေ ၀ယ်ဖို့ သုံးခဲ့တယ်။ တော်တော်များများကိုတော့ ကျွန်တော်တို့အထက်က ဗဟိုကော်မတီ ၀င် ၁၆ ယောက်က အချိုးမညီစွာ ခွဲဝေယူခဲ့ကြတယ်။ ဒီငွေတွေနဲ့ တရုတ်ဘက်မှာ ကိုယ်ပိုင် စီးပွားရေးတွေ ထူထောင်ခဲ့ကြတယ်။ ဥက္ကဋ္ဌကြီး ဇောင်းဟရားဟာ ကျယ်ဂေါင်မှာ “123”ဟိုတယ် ကို ဆောက်ခဲ့တယ်။ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ ရှင်းလီ ကျောက်စိမ်းကုမ္ပဏီ ကို ခွေးမင်မြို့မှာ တည်ထောင်နိုင်ခဲ့တယ်။ ဗိုလ်ချုပ်ဂွမ်မော် တစ်ယောက်ကတော့ ရွှေလီမှာ ကျင်းချိန်နာမည်နဲ့ ဟိုတယ်ကို ပိုင်ဆိုင်လာနိုင်ခဲ့တယ်။
တကယ်တမ်းတော့ လုပ်ငန်းတွေကရတဲ့ဝင်ငွေအားလုံးဟာ KIO လူကြီးတွေအတွက်ပဲ ခံစား၊ စံစားခွင့် ရခဲ့တာပါ။ ကျောက်စိမ်းကုမ္ပဏီတွေဆီကဆိုရင် လုပ်ပိုင်ခွင့်အတွက် KIO ကို သွင်းရတဲ့ငွေ လစဉ်ကြေး၊ နှစ်စဉ်ကြေး၊ ကုမ္ပ ဏီအသေး၊ အလတ်၊အကြီးအလိုက် နှုန်းထားတွေ ရှိတယ်။ အောက်ဆုံး အဆင့် လက်လုပ်လက်စားတွေ ကလည်း KIOကို နေ့တွက်စရိတ် သွင်းရတယ်။   ဖြတ်ပိုင်းပေး ပြီး ငွေကောက် တဲ့ စနစ်သုံးတယ်။ ရေမဆေးကျောက် ရှာတဲ့ လူတွေဆီ ကတော့ ဈေးနှုန်းတစ်မျိုးယူတယ်။ ဒီငွေတွေကလည်း မနည်းလှပါဘူး။  သစ်လုပ်ငန်းဆိုရင်လည်း တရုတ်ဘက်က ကုမ္ပ ဏီတွေနဲ့ပေါင်းပြီး ထုတ်တာတွေရှိသလို KIO အစီအစဉ်နဲ့ထုတ်ပြီး တရုတ်ဘက်မှာ သွားရောင်းတာလည်းရှိတယ်။ ၀င်ငွေ ကတော့  သောက်သောက် လဲပါပဲ။
အားလုံးနီးပါး သိနေတဲ့ ကျွန်တော့လိုလူအတွက် ဒီငွေတွေကို တကယ်တမ်းသာ ကချင်ပြည်နယ် အတွက် အသုံးချမယ်ဆိုရင် ကျွန်တော်တို့ပြည်နယ် ချမ်းသာတာ ကြာလှပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ အဖွံ့ဖြိုးဆုံး ပြည်နယ်တစ်ခု ဖြစ်နိုင်တယ်။ ယူနန်ပြည်နယ်ထက်တောင် ကြီးကျယ်နိုင်သေးတယ်။ ဒါပေမယ့် ဗျာ ၀မ်းနည်းစရာကောင်းတာ ကတော့ ဒီငွေတွေဟာ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးအတွက် လုံးဝအသုံး မပြုခဲ့ရဘဲ လူသတ်လက်နက်တွေ၊ မိုင်းတွေ၊ စစ်ပစ္စည်းတွေနဲ့ KIO လူကြီးများအတွက် တစ်သက် စားမကုန်တဲ့ ပိုင်ဆိုင်မှုတွေပဲ ဖြစ်ခဲ့ရတယ်။ အင်မတန် ခံပြင်းဖို့ကောင်းလှပါတယ်။
ဒီဘက်ပိုင်းကိုရောက်လာတော့ ၂၀၀၉ လောက်မှာ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ဖို့  ပြောလာတယ်။ KIO လူကြီးတွေ ခေါင်းချင်းဆိုင်ကြတယ်။ ကျွန်တော်သိသလောက်ဆိုရင် သူတို့ ဟာ ကချင်ပြည်နယ်က ကျန်သေးတဲ့ သယံဇာတတွေကို ရသမျှထုတ်ယူသုံးစွဲဖို့ပဲ အားသန်တယ်။ ပြီးရင် လက်နက် ကိုင်ထားတဲ့ အဖွဲ့တစ်ခု အနေနဲ့ ကချင်ပြည်နယ်မှာ သြဇာရှိဖို့၊ လုပ်ချင်တာလုပ်နိုင်ဖို့ ရည်မှန်းချက်ထားနေကြတယ်။ ဒီရည်မှန်းချက်ကြောင့်ပဲ နယ်ြ ခားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်ခဲ့တယ်။ ကချင်ပြည်နယ်ဖွံ့ဖြိုးရေးဆိုတဲ့ မူလရည်မှန်းချက်တွေပျောက်ပြီး ၀င်ေ ငွကောင်းလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ လက်ထဲမှာ သေနတ်ကိုင်ထားရမယ်ဆိုတဲ့ မူဝါဒကို ပြောင်းလဲလာခဲ့တယ် ဆိုပါတော့။ ဒါဟာ ကချင်လူမျိုးတွေဒုက္ခရောက်ဖို့ ကြီးမားတဲ့ အပြောင်းအလဲ တစ်ရပ်ဆိုရင် မှားမယ်မထင်ပါဘူး
KIO ခေါင်းဆောင်ပိုင်းတစ်ချို့ကတော့ နယ်ခြားစောင့်တပ်ဖွဲ့ပြီး တရားဝင်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်သွားဖို့ ဆန္ဒရှိကြပေမယ့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဗိုလ်ချုပ်ဂမ်ရှောင် တို့ကို မလွန်ဆန်နိုင်လို့ လက်လျှော့ လိုက်ရတယ်။ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇောင်းဟရားဟာလည်း  အဖွဲ့အပေါ်မှာ ဦးမဆောင်နိုင်ခဲ့တာ ကြာပါပြီ။ ဥက္ကဋ္ဌရာထူး ယူထားပြီး သူဖြစ်ချင်တာကိုတောင် ရဲရဲတင်းတင်း မပြောနိုင်ပါဘူး။ သူ့ရဲ့ကိုယ်ကျိုးရှာမှုတွေကို လက်အောက် က ထောက်ပြဝေဖန်လာမှာကိုလည်း စိုးရိမ်နေပုံရတယ်။ KIO မှာ ဘာဖြစ်နေသလဲဆိုတော့ အစိုးရကို ဆန့်ကျင် တဲ့စကား ပြောနိုင်သူက အမှန် လိုဖြစ်နေတယ်။ ထောက်ခံမဲများများရတယ်။ သူလုပ်ချင်တာလုပ်နိုင်တယ်။ ကချင်လူမျိုး ကောင်း စားရေး၊ ကချင်ပြည်နယ်လွတ်လပ်ရေး ဒါတွေပဲ ထပ်ကာတလဲလဲ ပြောနေကြတယ်။ တကယ်တမ်းတော့ ကျွန်တော် တို့ ကချင်ပြည်နယ်ဟာ ၁၉၄၈ ခုနှစ်ကတည်းက လွတ်လပ်ရေး ရပြီးသား ပါ။ နိုင်ငံရေး ကိုနားမလည် တဲ့ ခေါင်းဆောင်တွေ၊ ကိုယ်ကျိုးစီးပွား ကို သာ ရှေ့တန်းတင်ထား တဲ့   ခေါင်းဆောင်တွေကြောင့် ကချင်ပြည်နယ် လွတ်လပ်နေပါလျှက် မလွတ် လပ် သယောင်  ဖြစ်နေ ရခြင်းဖြစ်ပါတယ်။ အမှန်စင်စစ် ကချင်ပြည်နယ် မလွတ်လပ် သေးဘူးဆိုရင်လည်း အဲ့ဒါဟာ ကချင်လူထုတစ်ရပ်လုံး KIO ရဲ့ ကျွန်ပြုခြင်းကို ခံနေရခြင်းပဲဖြစ်ပါလိမ့်မယ်
လက်ရှိ KIO အတွင်းမှာ ခေတ်ဟောင်းအတွေးအခေါ်တွေ၊ ကိုယ်ကျိုးစီးပွားရှေ့ရှုမှုတွေ၊ တယူသန် တဇွတ်ထိုး မျက်ကန်းမျိုးချစ်တွေ၊ ဗမာမုန်းတီးရေး အရိုးစွဲနေသူတွေ၊ စစ်ကိုလိုလား သူတွေ ဦးဆော င်နေတဲ့အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရသော်လည်း ကျွန်တော်တို့ ကချင်ပြည်နယ် ယမ်းခိုးငွေ့ မပြယ်နိုင်ဘဲ အမှောင်တွေကြားမှာ ကျန်နေဆဲဖြစ်ပါတယ်။ အများ စုသော KIO လူငယ်ခေါင်းဆောင်တွေအနေနဲ့ကတော့ ငြိမ်းချ မ်းရေးရယူပြီး ပြည်နယ်၊ လူမျိုးအကျိုးအတွက် လုပ်ချင်နေကြပါပြီ။ ကျွန်တော်လည်း အဲ့ဒီထဲမှာ တစ်ဦးအပါ အ၀င် ဖြစ်ပါတယ်။ ခေါင်းဆောင် လူကြီးတွေ လုပ်နေတဲ့ လုပ်ငန်းစဉ်အလွဲတွေ၊ မူဝါဒအမှားတွေ၊ ခေတ်မမီတော့တဲ့ အတွေး အခေါ်တွေ၊ လက်အောက်ကို အသေခံခိုင်းပြီး ကချင်ပြည်သူတွေကို ဒုက္ခတွင်းထဲ ဆွဲချနေတဲ့ အလုပ်မျိုးတွေကို စိတ်မပါတော့ တဲ့အတွက် မှန်ကန်တဲ့လမ်းကို လျှောက်ခဲ့ပါပြီ။ ကိုယ့်ပြည်နယ်ကိုယ်ဖျက်ပြီး စစ်တိုက်မလား၊ ငြိမ်းချမ်းရေးလုပ်ပြီး ကိုယ့်ပြည်နယ်ကိုယ် ထူထောင်မလား၊ ဒီနှစ်လမ်းကိုမှ မရွေးချယ်နိုင်တဲ့ KIO ခေါင်းဆောင်တွေအောက် မှာ ဆက်မနေ လိုတဲ့အတွက် ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ရွေးချယ်ခဲ့ပါပြီ။ ကျွန်တော့လို ကချင်သွေးရှိသူတွေ ကျွန်တော်နဲ့ပူးပေါင်းနိုင်ဖို့ လက်ကမ်း ကြိုဆိုလျက်ရှိပါတယ်။  ခေတ်အမြင်ရှိတဲ့ KIA ခေါင်းဆောင် ငယ်တွေ တပ်ဖွဲ့ဝင်တွေနဲ့ ကချင်ပြည် သူလူထုတစ်ရပ်လုံး အသားထဲကလောက်ကောင်ကို ရှာဖွေသုတ်သင်နိုင်ဖို့ အရေးကြီးပါကြောင်း။

KIA အဖွဲ့ဝင်ဟောင်း တစ်ဦး

၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်

Posted by drmyochit Thursday, September 06, 2012, under | No comments

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ကျရင် ပြည်လုံးကျွတ် ကောက်ခံမယ့် သန်းခေါင်း စာရင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ကာ ကောက်ယူမယ့်အထဲက ပထမအ ဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ရဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီက ပြော ကြားလိုက်ပါတယ်။ က ၀န်ကြီး ဦးခင်ရီကို သီးသန့် ဆက်သွယ် မေးမြန်း ရာမှာ မြန်မာနိုင်ငံ အတွင်း
၁၉၈၃ ခုနှစ်က စလို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ဘဲ အခုနှစ်ပေါင်း ၃၀ ကျော်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူမှာ  ဖြစ်တယ်လို့ ပြောပါတယ်။
"၂၀၁၄ မှာ ကျွန်တော်တို့ ကောက်ပါမယ်။ အဆင့် ၄ ဆင့်နဲ့ လုပ်ပါမယ်။ နံပါတ်တစ်က ကျွန်တော်တို့ ကြိုတင်ပြင် ဆင်ခြင်း အဆင့်ပါ။ ဒုတိယအဆင့်က စာရင်းဆင်းကောက်တဲ့ အဆင့်ပါ။ တတိယအဆင့်ကတော့ကာက်ပြီး တဲ့ စာရင်းကို ပြန်လည် စုစည်းခြင်း၊ ပြင်ဆင်ခြင်း အဆင့်ပါ။ နောက်ဆုံးအဆင့်က စာရင်းထုတ်ပြန်ခြင်း အဆင့်ပါ။ အခုကျွန်တော်တို့က ကြိုတင်ပြင်ဆင်ခြင်း အဆင့်ကို ရောက်နေပါပြီ။ စုစုပေါင်း ၃၅ လ လုပ်ရပါမယ်။ အဲဒီမှာလည်း step တွေအများကြီးပေါ့ဗျာ။ စသည်ဖြင့် ကျွန်တော်တို့ ကောက်ကွက်တွေ ခွဲနိုင်ဖို့အတွက် မြေပုံတွေ ဆွဲတာတို့ စသည်ဖြင့် လူတွေကို publicity campaign လုပ်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်တာတို့၊ လုပ်သားပြည်သူ တွေကို မေးရမဲ့ မိန့်ခွန်း ပြင်ဆင်ခြင်းတို့ စသည်ဖြင့်ပေါ့နော်၊ အဲလိုလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ တဆင့်ပြီး တဆင့် သွားနေတဲ့ သဘောရှိတာပေါ့။ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လုပ်ရမှာပါ။ ခုတော့ ကြိုတင်ပြင်ဆင်ခြင်း ကာလကို လအလိုက်၊ လအလိုက် ဒီ according to the schedule ပေါ့။ အဲဒီအတိုင်း ကျွန်တော်တို့ ပြီးအောင် ဆောင်ရွက်နေပါတယ်" သန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံတကာ စံချိန် စံနှုန်း တွေနဲ့အညီ ကောက်ယူ နိုင်ဖို့ စီစဉ်နေပြီး ကုလသမဂ္ဂနဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီချက် လက်မှတ် ရေးထိုး ထားပါတယ်။ ဒါ့အပြင် နိုင်ငံတချို့ကလည်း ကူညီဖို့ ဆက်သွယ် ကမ်းလှမ်း နေတာတွေလည်း ရှိနေတယ်လို့ ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။ "လောလောဆယ်တော့ ကျွန်တော်တို့ UN နဲ့ လက်မှတ်ထိုးထားပါတယ်။ လက်မှတ်ထိုး ထားပြီးတော့ အခုလောလောဆယ်တော့ ရန်ကုန်မှာ UNFPA ပေါ့၊ United Nations Fund for Population။ အဲဒီအဖွဲ့ရဲ့ အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ ကျန်တဲ့ဒီဥစ္စာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသော နိုင်ငံတော်တော် များများကလည်း ကျွန်တော်တို့ နိုင်ငံကို လာပြီး ဆက်သွယ်နေတာ ရှိနေပါတယ်ဗျာ။ အဓိက ကတော့ ပြည်တွင်းအားကို အခြေခံပြီး နိုင်ငံတကာ အကူအညီနဲ့  ဆောင်ရွက်ရမဲ့ သဘောပါ" သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ကောက်ခံပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကမ္ဘာ လုံးကို လူဦးရေ စာရင်းအမှန် တရားဝင် ကြေညာနိုင်မှာ ဖြစ်ကြောင်းနဲ့ လက်ရှိအစိုးရ သက်တမ်း အတွင်း ပြီးစီးဖို့ ခန့်မှန်းထားတယ်လို့လည်း ဝန်ကြီးက ပြောသွားပါတယ်။

FBI ကွန်ပျုတာ ထဲ မှာ Apple သုံးစွဲ သူ တို့  ၏ ID သန်း ကျော် ကို ဟက်ကာ တွေ ရရှိ

Posted by drmyochit Thursday, September 06, 2012, under | No comments

Anti Sec နှင့် Anonymous အုပ်စု များ မှ FBI ကွန်ပျုတာ များ တွင် မွှေနှောက် ရာ Apple ထုတ်ကုန် များ ဖြစ်သည့် iPhone ၊ iPad , iPod နှင့် iTunes တို့  ကို အသုံး ပြု သည့် လှို့ ဝှက် စာ ဖြစ်သည့် Apple ID ၁၂ သန်း ကို ရရှိ ခဲ့ ပြီး ပထမ တစ်သန်း ကို ယနေ့  ထုတ် ပြန်သည်။ FBI က ဟက်ကာ များ သည် ၎င်း တို့  ၏ ကွန် ပျုတာ အတွင်း သို့  ၀င်ရောက် ခဲ့ သည့် ခြေရာလက် ရာ တစ်စုံ တစ်ရာ မရှိ ဘဲ အခြေ အမြစ် မရှိ လျှောက် ပြောနေသည် ဟု ဆိုသည်။ ၎င်း တို့  ၏ ဧဂျင့် လပ်တောပ် ထဲ မှာ ဒေတာ ၁၂ သန်း ကျော် ကို ဟက်ကာတို့  ရရှိ ခဲ့ သည် ဆိုခြင်း နှင့် ပတ်သက် ပြီး FBI က မည်သည့် Apple ID မျှ  ရယူ ထား ခြင်း မရှိ ဟု ငြင်း ဆို ခဲ့ သည်။ Operation Anti-Security သည် အစိုးရ များ ၏ တရား မ၀င် စုံ စမ်း ထောက် လှမ်း သတင်း ရယူ မှု များ ကို ၂၀၁၀ ခု နှစ် မှ စတင် ဖော် ထုတ် ခဲ့ သည်။ Anti Sec သည် Anonymous လှုပ်ရှား မှု ၏ အစိတ် အပိုင်း ဖြစ်သည်။ Apple ကွန်ပျုတာ ကုမ္ပဏီ က မူ ထို သတင်း နှင့် ပတ်သက် ပြီး တစ်စုံ တစ်ရာ မှတ် ချက် ပေးပြော ဆို ခြင်း မရှိ သးချေ။ ဟက်ကာ များ မှ ပထမ အသုတ်  ထုတ်ပြန်ထား သည့် Apple ID စာရင်း တစ်သန်း အနက် အချို့ ကို ကြည့် ရှု ရ နိုင်သည့် ဆိုတ် များ ကို မကြာခင် ဆက်လက် ဖော်ပြ ပေး ပါမည်။

ထိုင်းနိုင်ငံဆိုင်ရာအွန်လိုင်းစာမျက်နှာများမှာ လူဖတ်များ လူပြောများနေတဲ့ သတင်းတပုဒ်(ဆရာဝန်ကို မေ့ဆေးပေးသူ အဖမ်းခံရ)

Posted by drmyochit Thursday, September 06, 2012, under | No comments

မေ့ဆေးပေးတယ် ဆိုရင် ဆရာဝန်တွေက ပေးတတ်ပါတယ်။ အခုတော့ မေ့ဆေးပေးခံရတာ ဆရာဝန် ကိုယ်တိုင်ပါပဲ တဲ့။ ပြီးခဲ့တဲ့လထဲမှာ ချင်းမိုင် (ဇင်းမယ်) မြို့က ဆရာဝန် တယောက် နိုက်ကလပ် မှာ တွေ့တဲ့ အမျိုးသမီး တယောက်ကို ဟိုတယ် ခေါ်သွားတယ်၊ ဟိုတယ်ခန်း တခုမှာ အမျိုးသမီးက သူ့ကို မေ့ဆေး ပေး လိုက်တာလို့ ဆိုတယ်။ မေ့ဆေးက အမျိုးသမီးရဲ့ရင်သားမှာ လိမ်းထားတာပါ။ ဆရာဝန် မေ့မြောသွားတော့ ပစ္စည်းပစ္စယတွေ နဲ့ ကားကို အမျိုးသမီးက ယူသွားတော့တာပဲ တဲ့။ ဟိုတယ်လုံ ခြုံရေးကင်မရာ တွေရဲ့ မှတ်တမ်းအရ အမျိုးသမီးက ဟိုတယ်မှာ ၁၅ မိနစ်ပဲ ကြာခဲ့တယ် ဆိုပဲ။

ဒီအမျိုးသမီးက အသက် ၂၆ နှစ် ရှိပြီ၊ ဒီလို အမှုတွေကို တခြားမြို့တွေမှာလည်း ကျူးလွန်ခဲ့ဖူးတယ်လို့ ရဲက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံတွေလည်း ထုတ်ပြန်ခဲ့ပါတယ်။
အခုတော့ မေ့ဆေးပေးပြီး ပစ္စည်းယူပြေးတယ်လို့ စွပ်စွဲခံရတဲ့ ဒီအမျိုးသမီးကို မလေးရှားနယ်စပ် ဟတ်ရိုင်မှာ ဖမ်းမိတယ် တဲ့။
ဒီသတင်းက ထိုင်းနိုင်ငံ ဆိုင်ရာအွန်လိုင်းစာ မျက်နှာများမှာ လူဖတ်များ လူပြောများနေတဲ့ သတင်းတပုဒ်ပါ။

ဖားကန့် ဒုက္ခသည် များအား KIA ပေါ် တာဆွဲနေ

Posted by drmyochit Thursday, September 06, 2012, under | No comments

Photo: ဖားကန့် ဒုက္ခသည်များ ကြာရင် အခက်အခဲဖြစ်နိုင်

September 5, 2012

ဖားကန့်မြို့  ပေါ်ရှိ ဒုက္ခသည် စခန်း(၂၆)ခု အနက် မြို့ဦးစေတီ ဘုန်းတော်ကြီး

ကျောင်းတွင် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောင်းလျန် ၊ရှရော်ခ၊

မျောက်ဖြူ ကျေးရွာများမှ ဒုက္ခသည် (၇၈၀)ကျော် ရောက်ရှိနေပါသည်။

သြဂုတ်လ(၂၃)မှ စတင်၍ ရောက်ရှိ လာကြသူ များတွင် ကျောင်းသား/သူ (၉၀)ပါဝင်ပြီး အ.ထ.က(၁)တွင်  အချိန်ခွဲ၍ ပညာသင်ကြားနေကြပါသည်။

ကရုဏာ လူမှုကူညီရေး အသင်းနှင့် မြို့လူထုတို့ ထောက်ပံ့ကူညီ ကြ၍ ယနေ့အထိ ကျွေးမွေးစရိတ် အခက်အခဲ မရှိသေးပါ။ အလှူရှင်များနေ့စဉ် လာရောက် လှူဒါန်းနေပြီး သောက်သုံးရေကိုလည်း စည်ပင်မှ

နေ့စဉ်ပေးဝေ နေပါသည်။ သို့ရာတွင် ရက်ကာလ ကြာရှည်လာပါက အခက်အခဲ ဖြစ်လာနိုင် ကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူ တဦးက Myanmar News Now ကို ပြောပါသည်။

ဒုက္ခ သည်များ နေရပ်သို့ ပြန်ကြမည် ဆိုလျှင်လည်း  လမ်းခရီးတွင် KIA မှ ပစ္စည်းယူ ပေါ်တာဆွဲ နေသဖြင့် မပြန်ရဲကြ ကြောင်းသိရသည်။

Myanmar News Now
ဖားကန့်မြို့  ပေါ်ရှိ ဒုက္ခသည် စခန်း(၂၆)ခု အနက် မြို့ဦးစေတီ ဘုန်းတော်ကြီးကျောင်းတွင် မော် ဝမ်းကြီး၊ မော် ဝမ်းလေး၊ မော်မောင်းလျန် ၊ရှရော်ခ၊ မျောက်ဖြူ ကျေးရွာများမှ ဒုက္ခသည် (၇၈၀)ကျော် ရောက်ရှိနေပါသည်။ သြဂုတ်လ(၂၃)မှ စတင်၍ ရောက်ရှိ လာကြသူ များတွင် ကျောင်းသား/သူ (၉၀)ပါဝင်ပြီး အ.ထ.က(၁)တွင် အချိန်ခွဲ၍ ပညာသင်ကြားနေကြပါသည်။ ကရုဏာ လူမှုကူညီရေး အသင်းနှင့် မြို့လူထုတို့ ထောက်ပံ့ကူညီ ကြ၍ ယနေ့အထိ ကျွေးမွေးစရိတ် အခက်အခဲ မရှိသေးပါ။ အလှူရှင်များနေ့စဉ် လာရောက် လှူဒါန်းနေပြီး သောက်သုံးရေကိုလည်း စည်ပင်မှ နေ့စဉ်ပေးဝေ နေပါသည်။ သို့ရာတွင် ရက်ကာလ ကြာရှည်လာပါက အခက်အခဲ ဖြစ်လာနိုင် ကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူ တဦးက Myanmar News Now ကို ပြောပါသည်။ ဒုက္ခ သည်များ နေရပ်သို့ ပြန်ကြမည် ဆိုလျှင်လည်း လမ်းခရီးတွင် KIA မှ ပစ္စည်းယူ ပေါ်တာဆွဲ နေသဖြင့် မပြန်ရဲကြ ကြောင်းသိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်