Monday, September 10, 2012

ရုရှားလေတပ်မှ MiG-29 ဂျက်တိုက်လေယာဉ်တစ်စင်း ပျက်ကျ

Posted by drmyochit Monday, September 10, 2012, under | No comments



ရုရှားလေတပ်မှ MiG-29ဂျက် တိုက်လေယာဉ်တစ်စင်းသည် စက်တင်ဘာ ၆ရက်က ဆိုက်ဘီးယားရှိ ချီတမြို့အနီးတွင် ပျက်ကျခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ သည်။ အဆိုပါ လေယာဉ်သည် ချီတမြို့မှ ၂၇ ကီလိုမီ တာအကွာ ဒွန်မ်နာလေဆိပ် အနီးတွင်  ပျက်ကျခဲ့ခြင်းဖြစ်ပြီး ကနဦး သတင်းများအရ  ယင်းလေယာဉ် သည် တောင်တစ် ခုကို တိုက်၍ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  လေယာဉ်မှူး၏ ရုပ် အလောင်းကို အခင်းဖြစ်ပွားရာတွင် တွေ့ရှိခဲ့ ကြောင်းနှင့် ပျက်ကျရသည့် အကြောင်းအရာကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် ရုရှားနိုင်ငံအတွင်း၌    MiG-29လေယာဉ် အားလုံးကို  ပျံသန်းမှု ဆိုင်းငံ့ ထား ပြီး  စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။  ရုရှားလေတပ်တွင် MiG-29 အစင်း ၂၇ဝနှင့် ရေတပ်တွင် အစင်း ၄ဝရှိ ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် မီးလောင် ကျွမ်းမူ လူတစ်ဦးသေဆုံး

Posted by drmyochit Monday, September 10, 2012, under | No comments


ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၃၈ လမ်း(အလယ်ဘလောက်) မီးလောင် ကျွမ်းမှု၌ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 သေဆုံးခဲ့သူမှာ လေဖြတ်နေသူတစ်ဦး ဖြစ်ပြီး သက်ကြီးပိုင်းအရွယ် ဖြစ်ကြောင်းသိရပါသည်။ မီးလောင်ကျွမ်းမှုသည် ၃၈ လမ်း (အလယ်ဘလောက်) တိုက် အမှတ် ၁၇၁၊ ၈ လွှာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က စတင်လောင်
ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။




Eleven Media Group 

SSA တပ်စခန်းအားများအား အစိုးရတပ် တက်တိုက် ၁၀ ယောက်ထက်မနည်းသေဆုံး

Posted by drmyochit Monday, September 10, 2012, under | No comments


 
သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်း မြောက်ပိုင်းအတွင်း အခြေချ လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSA တပ်စခန်း များအား အစိုးရတပ်များကတိုက်ခိုက်သောကြောင့် နှစ်ဦးနှစ် ဘက်ဆုံးရှုံးမှုများကြောင်း ဒေသတွင်းသတင်း ရပ်ကွက် ကပြောပါသည်။

“သျှမ်းပြည်တောင်ပိုင်း တုံလောဝ် ဆားတောမှာ ဖြစ်တဲ့တိုက်ပွဲက အစိုးရတပ်ဘက် သေသာများတယ်။သျှမ်းတပ် စခန်းကို သူတို့တက်တိုက်တာလေ။ ကျနော်သိသလောက်ဆို  ဆယ်ယောက်ထက်မနည်းဘူး” - ဟု နောင်ဝိုး အခြေစိုက် ဗျူဟာတပ်နှင့်နီးစပ်သူတဦးကပြောပါသည်။သောကြာ (စက်တင်္ဘာ ၇ ရက်) နေ့က သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ၏ သိန္နီမြို့နယ်အတွင်းတပ်စခန်း အား လည်းကောင်း၊RCSS/SSA ၏ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ဆားတောကျေးရွာအနီးတပ်စခန်း၊ မောက်မိုင်မြို့နယ် ဝမ့်မိုင့်နျုရွာအနီး၌လည်းကောင်း၊ စက်တင်္ဘာ ၅ ရက်မှ
၇ ရက်နေ့အထိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ဒေသအတွင်း၌လည်းကောင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား ခဲ့သည်ဟု သျှမ်းတပ်အသိုင်းအဝိုင်းက ပြောပါသည်။“နောင်ဝိုး ဗျူဟာ တပ်လို့ ဒေသခံတွေပြောတာဘဲ။ ကျနော်တို့နေတဲ့နေရာကို တန်းပြီးတက်လာတော့။ မလွှဲ မရှောင်နိုင် တော့ဘူးလေ။ကျနော်တို့ဘက်လဲ ဆုံးရှုံးမှုရှိတယ်။ သူတို့ဘက်တော့ ၁၀ ယောက်ကျော်သေ တယ်။၃၀ ကျော်ဒဏ်ရာရ တယ်။ ကျနော်တို့သိမ်းဆည်းရမိတာကတော့ စက်သေနတ် ၁ လက်၊ကျည် ၆၀ဝ ကျော်၊ MA သေနတ် တလက်နဲ့ စစ်ပစ္စည်းတွေ အခြားကျည်တွေအများကြီးဘဲ။

 တိုက်ပွဲက မွန်းမတည့်ခင်ဖြစ်တာ၊ မွန်းလွဲပိုင်းလောက်အထိဘဲ” - ရှေ့တန်းရောက် RCSS/SSA အရာရှိငယ်တဦးကပြောပါသည်။စက်တင်္ဘာ ၅ နေ့ သံလွင် မိုင်းပြင်း မြို့နယ် မိုင်းပူးအွန် တိုက်ပွဲ၌ လည်း မိုင်းပြင်းအခြေစိုက်ခမရ ၃၆၀ တပ်ခွဲ ၁ က နှစ် ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိကြောင်း၊ ၇ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌နှစ်ဘက် သေ ကျေကျဆုံးမှုရှိကြောင်းသံလွင်အရှေ့ခြမ်းတပ်မှူးတဦးကပြောပါသည်။
အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးလောဝ်ဆိုင်က ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသော်လည်း နှစ်ဘက်ကျဆုံးမှု စာရင်းကိုမူ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။သျှမ်းပြည်တပ်မတော် SSPP/SSAနှင့်RCS/SSAတို့သည် မြန်မာအစိုးရနှင့်ပြည်ထောင်စုအဆင့်  ငြိမ်းခြမ်းရေးတ ည်ဆောက်ထား သည့်အဖွဲ့ဖြစ်သော်လည်း ပဏာမ အဆင့်သဘောတူညီမှုရရှိပြီး ယနေ့ထိုင် တိုက်ပွဲပေါင်း ၃၀ စီထက်မနည်း ဖြစ်ပွားေ နသေးသည်။

သျှမ်းသံတော်ဆင့်

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း

Posted by drmyochit Monday, September 10, 2012, under | No comments


 
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-

အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီး အသစ်တွေ ကတိသစ္စာ ပြုခဲ့ကြပါပြီ။ ပြည်ထောင်စု ဝန်ကြီး အသစ်တွေ၊ ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မယ် လို့လည်း အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒီလို ယုံကြည်ထားလို့လည်း စနစ်တကျ ရွေးချယ်ပြီး ဥပဒေနဲ့အညီ ခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ယခုလို ရာထူးတွေ တိုးမြှင့်ခန့်အပ်တာဝန်ပေးမှု ခံရခြင်းဟာ မိမိတို့ရဲ့ကြိုးစားမှု၊ ရိုးသားမှု ကြောင့်သာ ဖြစ်ပြီး ကြီးလေးတဲ့ရာထူးတွေ တိုးမြှင့်ရရှိလာတာနဲ့အမျှ မိမိတို့ ထမ်းဆောင် ကြရမယ့် တာဝန်တွေ ဟာလည်း ပိုမိုပြီး ကြီးမား များပြားလာမှာ ဖြစ်တဲ့အတွက် ဒီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်ကြဖို့အတွက် အရည်အချင်းတွေ၊ အရည်အသွေးတွေ ပြည့်ဝနေအောင် အမြဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တာဝန်ဆိုတဲ့နေရာမှာ နိုင်ငံတော်ရဲ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း စောင့်ထိန်းရမယ့် တာဝန်တွေ ရှိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို ကျေပွန်ဖို့ အရေးကြီးပါတယ်။ အဓိက ကျတဲ့ နိုင်ငံတော်ရဲ့ တာဝန်ဟာပြည်ထောင်စုကြီး မပြိုကွဲ မပျက်စီးအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ မပျက်စီးအောင်၊ မိမိတို့ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ရေးပဲ ဖြစ်ပါတယ်။

မိမိတို့ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ တာဝန်တွေ အောင်မြင်ဖို့ အတွက် ဝန်ကြီးဌာနအလိုက် ခွဲဝေ ထမ်းဆောင် နေကြတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်တွေက ဘာ တွေ လဲ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေ၊ ဆောင်ရွက်ချက်တွေက ဘာတွေလဲ။ ဒါတွေကို တစ်ဦးချင်း နား လည်သိရှိ ထားကြဖို့ လိုပါတယ်။တိုင်းပြည်ရဲ့တာဝန်၊ အစိုးရရဲ့တာဝန်တွေကို မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင် အကောင်အထည်ဖော်ကြရမှာ ဖြစ်တဲ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အစွန်းတစ်ဖက်သို့ ရောက်မသွားစေဖို့ အထူး သတိပြုပြီး မူဝါဒများကို ယုံယုံကြည်ကြည် ခံယူထားကြဖို့ လိုပါ တယ်။ အသိမှန်မှ အလုပ်မှန်မှာ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ အစိုးရဟာ သန်း(၆၀)သော ပြည်သူတွေရဲ့ တူညီတဲ့ အဓိက ရည်မှန်းချက်(၂)ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရင်း နိစ္စဓူဝ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့ပဲ ဖြစ်ပြီး ပြည်သူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေ ကတော့ အလုပ်အကိုင် ရရှိရေး၊ ထိုက်သင့်တဲ့ ဝင်ငွေရရှိရေး၊ စားဝတ်နေမှု အဆင်ပြေရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် ရေ၊ မီးနဲ့ သွားလာရေး အဆင်ပြေကောင်းမွန်ရေးတို့ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ဒီဆန္ဒတွေကို အလေးအနက် ထားရပါမယ်။ အစိုးရရဲ့ ဆောင်ရွက်ချက် မှန်သမျှဟာ ပြည်သူတွေရဲ့ အဆင်ပြေ ချောမွေ့မှု၊ စိတ်ချလုံခြုံမှု၊ စိတ်ကျေနပ် စိတ်ချမ်းသာမှုတွေကို ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒတွေကို အခြေပြုပြီး ဖော်ထုတ်ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ မှာလည်း ပြည်သူတွေကို ဗဟိုပြုပြီး ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ခေတ်ပြောင်း စနစ်ပြောင်းမှာ အပြောင်းအလဲတွေ သိသာထင်ရှားစွာ ထွက်ပေါ်လာဖို့ အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်း ဆောင်ရွက် ပေးကြတဲ့ နေရာမှာ အမှန်တစ်ကယ် ပြောင်းလဲလာဖို့၊ ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့ အပြောင်း အလဲတွေ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်၊ ဘာတွေ လိုလားတောင့်တ နေကြတယ်၊ ဒါတွေကို သိရှိနားလည်အောင် လုပ်ကြဖို့ လိုပါတယ်။ ပြည်သူတွေအကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ဂုဏ် သိက္ခာ မြင့်မားတဲ့ အစိုးရယန္တရား တစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်၊ အထက်က ညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေမှာ ထောက်ပြလာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့ အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကို ယုံကြည်စွာနဲ့ တာဝန်တွေ အပ်နှင်းပေးလိုက်ပါပြီ။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ အနေနဲ့လည်း လက်အောက်မှာရှိနေတဲ့ အစိုးရဝန်ထမ်း အရာရှိ အဆင့်ဆင့်ကို ယုံကြည်စွာနဲ့ တာဝန်တွေ ခွဲဝေအပ်နှင်းပေးကြဖို့ လိုပါတယ်။ ရှင်းလင်း လွယ်ကူပြီး တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တွေ ချမှတ် ပေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့ အမှန်တစ်ကယ် ထိတွေ့ ဆက်ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်အထိ ရောက်ရှိဖို့ လိုပါတယ်။ ဒါမှသာလျှင် အစိုးရအုပ်ချုပ်ရေးယန္တရားအတွက် ခေတ်အဆက်ဆက် မလိုလားအပ်တဲ့ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်ခဲ့တဲ့ ကြိုးနီစနစ်တွေ လျော့နည်း ပပျောက် သွားစေမှာဖြစ်ပါတယ်။

ဒီတာဝန်တွေဟာ အလွန်မှ ကြီးမားကျယ်ပြန့် များပြားပြီး တစ်ရက်တည်း၊ တစ်လတည်း၊ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့ လည်း မရနိုင်တဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီတာဝန်တွေ အောင်မြင်ဖို့ အတွက် အစိုးရတစ်ဖွဲ့တည်း အားနဲ့တင် မရဘဲ မိဘပြည်သူတွေပါ ပါဝင်ပြီး တက်ညီ လက်ညီ ဦးထမ်းပဲ့ထမ်းနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အားကို ရယူနိုင်ဖို့အတွက် ပြည်သူတွေ လေးစား ယုံကြည်တဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ပြည်သူတွေဟာ ကျွန်တော်တို့ အစိုးရအပေါ်မှာ မြင့်မြင့်မားမား မျှော်လင့်ချက် ထားနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒတွေ၊ ထားရှိတဲ့ မျှော်လင့်ချက်တွေကို အတတ်နိုင်ဆုံး ပြည့်ဝအောင်မြင်လာအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ရပ်လုံးက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ကြရပါမယ်။ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်တစ်ဦးချင်း ကောင်းရုံနဲ့လည်း မရပါဘူး။ အဖွဲ့အစည်းတစ်ခုကို တာဝန်ခံ၊ တာဝန်ယူ ထားကြရသူများ ဖြစ်ကြတဲ့အတွက် ကိုယ်ကောင်းသလို ကိုယ့်အဖွဲ့အစည်း ကောင်းအောင်လည်း လုပ်ကြရပါမယ်။ ကိုယ့်အဖွဲ့အစည်း ကောင်းအောင် တည်ဆောက်ရာမှာ ခေါင်ကလုံမှ တံစက်မြိတ်လည်း လုံမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ အလားတူပဲ မိမိတို့ဝန်ကြီးဌာန၊ မိမိတို့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ ရှုမြင်ချက်၊ သတ်မှတ်ချက်တွေ အတွက်လည်း မိမိတို့မှာ အဓိက တာဝန်ရှိကြောင်း သတိပြုကြစေလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါ၊ ဒို့တာဝန်အရေး(၃) ပါးကို ဦးထိပ်ထားပြီး အလုပ်လုပ်တဲ့အခါ အမှားမှား အယွင်းယွင်း မဖြစ်စေဖို့ ဝန်ကြီးဌာနအလိုက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုးစား အကောင်အထည် ဖော်ကြပါ။ နိုင်ငံတော်ရဲ့ မူဝါဒ၊ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ငန်း တာဝန်တွေကို သိရှိ နားလည်ပြီး အလုပ်ကို ရိုးရိုးသားသားနဲ့ စေတနာထား ကြိုးစားလုပ်ဆောင်ကြပါ။ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူ ပြုပြင် ပေးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုယ်ကျင့်တရား၊ စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တစ်ဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

ပြုသမျှနုရမယ့် KIA ရဲ့ကျွန်တွေလိုပါပဲ

Posted by drmyochit Monday, September 10, 2012, under | No comments




 ကချင်ပြည်နယ်အရေးကိုတွေးမိတိုင်း ပြာနှမ်းနှမ်းတောင်တန်းတွေပေါ်က ဖြူဖြူဖွေးဖွေး မြူတွေနဲ့ ရောနှောနေတဲ့ယမ်းခိုး၊ ယမ်း ငွေ့တွေကိုမြင်ယောင်မိတယ်။ ကြာခဲ့ပါပြီလေ။ စစ်ရဲ့အနိဋ္ဌာရုံတွေ ပြည်သူ တွေရဲ့ဆင်းရဲဒုက္ခတွေ ရင်နဲ့မမျှအောင်ပါပဲ။ တခြား ပြည်နယ်၊ တိုင်းတွေနဲ့ယှဉ်လိုက်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လွတ်လပ်ခွင့်နဲ့ မိသားစုဘ၀လုံခြုံမှုတွေ ဒါတွေ အားလုံးဆုံးရှုံးနေခဲ့တာ ၂ နှစ် တောင်ကြာခဲ့ပါပြီ။ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်တွေ၊ စီတန်းလှည့်လည်ခွင့်တွေတောင်ခွင့်ပြုနေပြီ။ မီဒီယာဆင်ဆာတွေဖြုတ်ပြီး လွတ်လပ်စွာရေးသားပုံနှိပ်ခွင့်တွေရနေပါပြီ။ ကျွန်တော်တို့မြစ်ကြီးနားမှာတော့ တစ်လော ကငြိမ်းချမ်းရေးအတွက် လူအများစုဝေးပြီး ဆန္ဒဖော်ထုတ်မလို့ အာဏာပိုင်တွေက ခွင့်ပြုခဲ့ပေ မယ့် လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့က လက်တို့ပြီးခြိမ်းခြောက်ခဲ့လို့ ပျက်ပြယ်သွားခဲ့ရတယ်။ သမ္မတကြီးရဲ့ တစ်နိုင် ငံလုံးအ တိုင်းအ တာနဲ့ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ ကျွန်တော်တို့ကချင်ပြည်နယ် ကြီးကို ချန်မထားခဲ့ပါနဲ့လို့တောင်းဆိုပါရစေ။ မိုင်းခွဲဖျက် ဆီးခံခဲ့ရတဲ့ လမ်းတံတားတွေကိုလည်း အမြန်ဆုံး ပြုပြင်ပေးဖို့တောင်းဆိုပါရစေ။ ငြိမ်းချမ်းရေးလိုလားတဲ့ ကချင်အဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း အဝေးကနေ တောင်းဆိုမနေဘဲ ကချင်ပြည်နယ်ကို ကိုယ်တိုင်လာကြည့်စေချင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ သွားတွေ့စေချင်တယ်။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့မမြည်နိုင်ပါဘူး။ အစိုးရက အခြားလက် နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့အပစ်အခတ်ရပ်စဲပြီးလို့ တိုင်းရင်းသားတွေငြိမ်းချမ်းမှု ကိုခံစားရနေပြီမဟုတ်လား။ KIA တစ်ခုတည်း ချွန်ထွက်ပြီး အထူးအခွင့်အရေးတောင်းနေရင် တိုင်းရင်းသား အချင်းချင်းတန်းတူအခွင့်အရေးဆိုတာ ရှိနိုင်ပါတော့မလား။ ပင်လုံညီ လာခံဆိုတာပြီးခဲ့ပါပြီ။ လက်ရှိ အခြေအနေနိုင်ငံရေးရေစီးကြောင်းအတိုင်းပဲ သွားသင့်ပါတယ်။ ကျွန်တော်တို့ ကချင်တိုင်း ရင်းသား တွေဟာ ပြုသမျှနုရမယ့် KIA ရဲ့ ကျွန်တွေလိုပါပဲ။ ကျားသနားမှ နွားချမ်းသာမယ့်ဘ၀တွေပါ။

မနောမောင်

ဘာသာရေးဖိနှိပ်ခြင်းမဟုတ်၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသာ

Posted by drmyochit Monday, September 10, 2012, under | No comments


          ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး ၄ မျိုးဖြစ်သည့် ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလမ်ဘာသာများ ထွန်းကားခဲ့ပြီး မြန် မာနိုင်ငံတွင် ပျူခေတ်နှင့်ရခိုင်သမိုင်းကြောင်းများအရ ဗုဒ္ဓဘာသာမှာ မဇ္စျိမဒေသ များနှင့်အတူ စတင်ထွန်းကားခဲ့ပြီး ရှေးကျသော ဘာသာတစ်ခုအဖြစ်တွေ့ရသည်။ ပုဂံခေတ်တွင် ပိုမို အသက်ဝင်လာပြီး သာသနာတော်ပိုမိုလျင်မြန်စွာပျံနှံ့လာခဲ့သည်။ လက်ရှိစာ ရင်းအရ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ခရစ်ယာန်ဘာသာမှာ ဗြိတိသျှကိုလိုနီခေတ်တွင်ခရစ်ယာန် မစ်ရှင်အဖွဲ့နှင့်ပါရှိလာပြီး ခရစ်ယာန် သာသနာပြုလုပ်ငန်း များကျယ်ကျယ် ပြန့်ပြန့်ဆောင် ရွက်လာခြင်းဖြင့် ပျံ့နှံလာခဲ့သည်။ ရခိုင်၊ မွန်၊ ရှမ်းပြည်နယ်အပါအ၀င် မြေပြန့်ဒေသများတွင် ဗုဒ္ဓဘာသာပျံနှံ့ပြီးဖြစ်သဖြင့် အဓိက နတ် ကိုးကွယ်သူများပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်တောင်တန်းဒေသများကို မစ်ရှင်အဖွဲ့များ က ဦးစားပေး သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
          အစ္စလာမ်ဘာသာမှာမူ မိမိနိုင်ငံအတွင်း သာသနာပြုပျံနှံ့လာခြင်းမဟုတ်ဘဲ အနောက်ဘက် မွတ်စလင်နိုင်ငံများမှ ကိုလိုနီခေတ်ဝင်ရောက်လာသူများနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း တရားမ၀င် ၀င်ရောက်လာသူများနှင့် အတူပါရှိလာခြင်းသာဖြစ်သည်။ အစ္စလာမ်ဘာသာမှာ ဗုဒ္ဓ၊ ခရစ်ယာန်ကဲ့သို့ မြန်မာနိုင်ငံအတွင်းသာသနာပြုခြင်းဖြင့် ပျံ့နှံ လာခြင်း မဟုတ်ဘဲ မူလအစ္စလာမ်ဘာသာဝင်များ၏ လူဦးရေ တိုးပွားလာမှုကြောင့်သာ ကိုးကွယ်သူများပြားလာခြင်းဖြစ်သည်။ ဗုဒ္ဓဘာ သာ၊ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမှာ မရှိသလောက် အလွန်တရာမှ နည်းပါး သည်။
   ရှေးအကျဆုံးဖြစ်သည့်ဗုဒ္ဓဘာသာမှာ ရှေးယခင်ကပင် ဘာသာဝင်များ၏အထွဋ်အမြတ်ထားမှု ကြောင့် ဒေသအတွင်းရှိမြင့်မားသောတောင်ကုန်းများတွင် စေတီ၊ ဘုန်းကြီးကျောင်းများ ဆောက်လုပ် ကိုးကွယ်သည့်အလေ့အထရှိခဲ့သည်။ ကိုလိုနီခေတ်တွင် လေကြောင်းဓာတ်ပုံများရိုက်ကူး၍ မြန်မာပြည် မြေပုံထုတ်လုပ်ခဲ့ပြီး ကော်မရှင်နာမင်းကြီးများထံမှ စေတီပု ထိုးများ၊ ခရစ်ယာန်ကျောင်းများနှင့် ၎င်းတို့နှင့် ပါရှိလာသည့် အစ္စလာမ်ဘာသာဝင်များအတွက် ဗလီများကို သာသာ နာပိုင်နယ်မြေအဖြစ် သတ်မှတ်ပေး ခဲ့သည်။ ရှေးယခင်ကတည်းကပင် တည်ထားကိုးကွယ်ခဲ့သည့် ဘုရား၊ ပုထိုးများ၊ ကျောင်းကန် များကို နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများ၊ သဒ္ဓါတရားထက်သန်သူများက ပြန်လည်မွမ်းမံခြင်း၊ ပြုပြင် တည် ဆောက်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း သာသနာ့မြေအဖြစ်သတ်မှတ်ပေးထားခြင်း မရှိသည့်နေရာများတွင် စေတီတည်ထားကိုးကွယ်ခြင်း၊ ဘုန်းကြီးကျောင်းဆောက်လုပ်ခြင်းတို့ကို ခွင့်မပြု ပေ။ ပြီးခဲ့သည့် ဇွန်လကလည်း နေပြည်တော်တွင် သာသနာ့မြေမဟုတ်ဘဲ ကျူးကျော်ဆောက်လုပ် ထားသည့်ဘုန်းကြီးကျောင်းများကို ဥပဒေနှင့် မညီညွတ်သဖြင့် နေပြည် တော်ကောင်စီ၏အစီအစဉ်ဖြင့် ဖယ်ရှားခဲ့ရသည်။ ဤကဲ့သို့အဖြစ်အပျက်များမှာ နိုင်ငံအနှံ့နေရာအတော်များများတွင် ကြုံတွေ့ရသည့် ပြဿနာများပင်ဖြစ်သည်။ အချို့သဒ္ဓါတရားထက်သန်သူများအနေဖြင့် လူပုဂ္ဂိုလ်ယုံကြည်ကိုးကွယ်မှုဖြင့် ရပ်ကွက်အတွင်းမြေကွက်ဝယ်၍လှူဒါန်းပြီး သံဃာတော်များအား ကျောင်းဆောက်ကာ သီတင်းသုံးစေခြင်း မျိုးကြုံတွေ့ရသည်။ သာသနာ မြေမဟုတ်သဖြင့် သာသနာရေးဦးစီးဌာနနှင့် သံဃာနာယကအဖွဲ့တို့ ပူးပေါင်းပြီး ဖယ်ရှားခြင်းများ မကြာခဏဆောင်ရွက်ရလေ့ရှိသည်။ မိမိတို့နိုင်ငံအတွင်း ဘာသာတိုင်း၊ လူမျိုးတိုင်းယုံကြည်စွာ ကိုးကွယ်ခွင့်ရှိသည်။ သို့သော်လည်း စနစ်တကျစည်းကမ်းရှိစေရန် များစွာ အသိပညာပေးရဦးမည်ဖြစ်သည်။ အလားတူပင် အစ္စလာမ် ဘာသာဝင်များသည်လည်း ရပ်ကွက်၊ ကျေးရွာ များတွင် သာသနာပိုင်မြေမဟုတ်သည့်နေရာများ၌ ဗလီများတိုးချဲ့လာခြင်း၊ သင်္ချိုင်း များတိုးချဲ့လာခြင်း တို့ကို တွေ့မြင်နေရသည်။ ၎င်းတို့ကို စည်းမျဉ်းဥပဒေများနှင့် အညီထိထိရောက်ရောက်တားမြစ်သင့်သည်။ ဘာသာရေးဖိနှိပ် ချုပ်ချယ်မှုမဟုတ်ပါ။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကျင့်ထုံးနည်းပင်ဖြစ်သည်။
          စက်တင်ဘာလ ၈ ရက်နေ့ ဧရာဝတီသတင်းတွင် ချင်းခရစ်ယာန်များ ဖိနှိပ်ခံနေရသည်ဆိုသည့် ခေါင်းစဉ်နှင့် သတင်းတစ်ပုဒ်ပါလာသည်ကိုတွေ့ရသည်။ သာသနာရေးက လက်ဝါးကပ်တိုင် ၁၃ ခု ဖြုတ်ချ ခဲ့သည်ဟု ဖော်ပြထားတယ်။ ၎င်းမှာ လည်း ဥပဒေနှင့်မညီညွတ်သည့်တရားမ၀င်ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းများဖယ်ရှားခံရသကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ကျွန်တော် လည်း လွန်ခဲ့တဲ့နှစ်က ကယားပြည်နယ်၊ ချင်းပြည်နယ်များကိုရောက်ရှိခဲ့သည်။ ကားလမ်းပေါ်မှကြည့်လိုက်လျှင် မြင့်မားသည့် တောင်ကုန်းတိုင်းတွင် လက်ဝါးကပ်တိုင်များစိုက်ထားသည်ကိုတွေ့ရသည်။ ၎င်းတို့သည် ကိုလိုနီခေတ်ကတည်းက စိုက်ထူခဲ့ခြင်း မဟုတ်ဘဲ နောက်ပိုင်းတွင် ဒေသခံများကနယ်မြေချဲ့ပြီး စိုက်ထူခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်များထုတ်ခဲ့သည့် မြေပုံများ ကိုတွေ့မြင်ဖူးပါသည်။ လက်ဝါးကပ်တိုင်နှင့် ဘုရားကျောင်းများတွဲလျက်သာ တည်ဆောက်ခဲ့ကြ သည်။ သို့သော်လည်း ယခု နောက်ပိုင်းတွင် တောင်မြင့်မြင့်တွေ့တိုင်း လက်ဝါးကပ်တိုင်သီးသန့်(ဘုရား ကျောင်းမပါ)စိုက်ထူလာသည်ကို တွေ့ရသည်။ သာသနာ့ မြေလည်းမဟုတ်ပါ။ ရှေးက ဗုဒ္ဓဘာသာဝင်များ၏ တောင်မြင့်မြင့်တွင်ဘုရားတည်သည့်ဓလေ့ကို ပုံတူကူးချ ထားသ လားဟု အောက်မေ့ရသည်။ ကျွန်တော် တို့်နိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း ဆော်ဒီနိုင်ငံကဲ့သို့ ဘာ သာ ရေးဖိနှိပ်မှု လုံးဝမတွေ့ရပါ။ ဘာသာရေးဖိနှိပ်ခဲ့လျှင်လည်း တရားစွဲခံရမည်သာဖြစ်သည်။ မိမိအနေဖြင့် မည်သည့် ဘာသာ ဘက်မှ အထူးပြုရေးသားခြင်းမဟုတ်ပါ။ စဉ်းစားတွေးခေါ်တတ်စေရန် အပြုသဘောဖြင့် ရေးသား ရခြင်းသာဖြစ်ပါသည်။

ဝေယံမိုး

ပြည်သူ့သဘောထားစစ်တမ်းလေးတော့ကောက်သင့်တယ်

Posted by drmyochit Monday, September 10, 2012, under | No comments

          လွှတ်တော်ကိုယ်စားလှယ်လည်းမဟုတ်၊ အစိုးရအဖွဲ့အစည်းမှာလည်းမပါ၊ နိုင်ငံရေးလည်း မလုပ် ပေမယ့် ပြည်သူတစ်ယောက်အနေနဲ့တော့ အမြင်မတော်တာလေးတွေမြင်နေရတော့ ဝေဖန်ခွင့်လေးတော့ ရှိမယ်ထင်ပါရဲ့။ နိုင်ငံတော်ရဲ့ခုံရုံးအဖွဲ့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထပ်ဖွဲ့တယ်ဆိုတော့ နိုင်ငံတကာ စာမျက်နှာမှာ ကျော်မကောင်းကြားမကောင်းတွေများဖြစ်နေပြီလားမသိ။ International Image မှာ မတွေ့ဖူးပါဘူးဗျာ။ နိုင်ငံတော်ခုံရုံးဆိုတာက လမ်းကြောင်းသွေဖည်နေတာတွေ၊ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတာတွေ၊ မှားယွင်းနေတာတွေကို ထိန်းညှိပေးဖို့အတွက် ဖွဲ့စည်းထားတာပဲမဟုတ်လား။ နိုင်ငံတော်ရဲ့အမြင့်ဆုံးခုံရုံးဖြစ်တဲ့အတွက် ဘယ်သူ့ဘက်မှဘက်မလိုက်ဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆုံးဖြတ်ပေးရတဲ့အပြင် ခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ပဲဖြစ်တယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ စီမံခန့်ခွဲရေးဆိုတဲ့ အာဏာကြီး ၃ ရပ်ကို အခြေခံဥပဒေမှာ သူ့ကဏ္ဍနဲ့သူ ခွဲခြားပေးထားပြီးဖြစ်တယ်။ အစိုးရရဲ့စီမံခန့်ခွဲမှုအာဏာကို လွှတ်တော်အဖွဲ့အစည်းတွေက ၀င်ရောက် စွက်ဖက်ခြင်းမပြုနိုင်ပေမယ့် မှားယွင်းနေတာတွေ၊ လိုအပ်ချက်တွေကို အပြုသဘောနဲ့ထိန်းညှိခွင့် တော့ရှိပါလိမ့်မယ်။ တရားစီရင်ရေးအပိုင်းလည်းဒီလိုပါပဲ။ အခုတော့အပြုသဘောမဆောင်ဘဲ အကွဲအပြဲ ဘက်ကိုဦးတည်နေပြီလားလို့ မေးရမလိုဖြစ်နေပြီ။ ခုံရုံးအဖွဲ့ကို ပြန်ပြီးစုံစမ်းစစ်ဆေးရေးဖွဲ့တယ်။ ခုံရုံးအဖွဲ့ တွေကိုနုတ်ထွက်ခိုင်းတယ်။ တရားတောင်စွဲကြမလားမသိဘူး။ ကျွန်တော်တို့လို ဘေးကကြည့်နေတဲ့ပွဲ ကြည့်ပရိသတ်တွေအတွက် ပွဲကကြည့်မကောင်းဘူး။ တစ်ဖက်သတ်ကြီးဖြစ်နေတယ်။ ခုံရုံးဥက္ကဋ္ဌပြော သလိုပဲ ဘယ်နိုင်ငံမှာမှမကြုံဖူးပါဘူး။ သမ္မတကြီးကလည်း သ၀ဏ်လွှာပို့ပြီး သူ့ရဲ့သဘောထားကို ပြောပြီး သားပဲ။ ဒါကိုထပ်ပြီးအတွန့်တက်ကြတယ်။ နိုင်ငံတော်အခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်က အတည် မဖြစ်ဘူးဆိုရင်တော့ ဥပဒေရဲ့အထက်မှာတစ်ခုခုတော့ရှိနေပြီထင်တယ်။ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း တွေဆိုတာ အသက်ရောဝင်ပါဦးမလားမသိ။ နောက်တာဝန်ယူမယ့်ခုံရုံးအဖွဲ့တွေကရော ၂၀၀၈ခုနှစ် အခြေခံဥပဒေအတိုင်း မာမာထန်ထန်ရောရပ်တည်နိုင်ပါဦးမလား။ ပြည်သူ့သဘောထား၊ စစ်တမ်းလေး တွေတော့ ကောက်သင့်တယ်ထင်ပါတယ်။ ဘယ်အရာမဆို လွှတ်တော်ကပဲ ဆုံးဖြတ်တော့မယ်ထင်တယ်။ မှားတာရှိရင်လည်း ၀န္တာမိပါဗျာ……

ဝေယံမိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

Posted by drmyochit Monday, September 10, 2012, under | No comments
















နေပြည်တော် စက်တင်ဘာ ၁၀

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော်ဆိုင်ရာ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ်စ ရိုဘီနာ ပက်ထရစ်ရှာမာ့က်စ် သည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်းင်း၏ သံအမတ်ခန့် အပ်လွှာကို ပေးအပ်သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်