Tuesday, September 11, 2012

""တရုတ်နိုင်ငံလုပ် ဆန်အတုများ သတိထား ရှောင်ကြဉ်ရန် လို""

Posted by drmyochit Tuesday, September 11, 2012, under | No comments


 
တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်းလုံခြုံ စိတ်ချရမှု မရှိသည်ကို ပြသရာ ရောက်နေသည့် လက္ခဏာတစ်ရပ် အနေနှင့် ယခုအခါ တရုတ်နိုင်ငံမှ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည်ဆန်အတုများကို ထုတ်လုပ်လျက် ရှိကြောင်း စင်ကာပူနိုင်ငံရှိ မီဒီယာများကဖော်ပြခဲ့ကြသည်။ Very Vietnam အမည်ရှိ အွန်လိုင်းမှ ထုတ်ပြန်သော သတင်းများအရ တရုတ်နိုင်ငံရှိ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ပြုလုပ်ရာတွင် အာလူးများ၊ ကန်ဇွန်းဥများနှင့် ပလတ်စတစ်များကို ရောသမမွှေ၍ ပေါင်းစပ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရီးယား ဘာသာစကားဖြင့် ဖော်ပြသော Weekly Hong Kong သတင်းစာ၌ ဆန်အတုများကို တရုတ်နိုင်ငံ ရှန်စီပြည် နယ်၊ တိုင်ယွန်မြို့တွင် ရောင်းချလျက် ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆန်အတုဖြင့် ချက်သောထမင်းကို ပန်းကန်လုံး (၃)လုံးခန့် စားသုံးပါက ပလတ်စတစ်အိတ် တစ်အိတ်ကို စားသုံးရသည်နှင့် တူညီနေကြောင်း တရုတ် စားသောက်ဆိုင် အသင်းအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သည်။ယခုကဲ့သို့ စိုးရိမ်ရသည့် အခြေအနေကြောင့် ဆန်အတုများ ထုတ်လုပ်နေသည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများ စက်ရုံများကို စုံစမ်းစစ်ဆေး သွားမည် ဖြစ်ကြောင်း စားသောက်ဆိုင် အသင်းအဖွဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်ဟု Very Vietnam အွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ ဆန်အတုများ ထုတ်လုပ် ရောင်းချမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း တရုတ် နိုင်ငံ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။ ယခင်က တရုတ်နိုင်ငံ၊ ယန်စီပြည်နယ် စီအန်မြို့မှ ကုမ္ပဏီ တစ်ခု သည် အထက်ပါ နည်းအတိုင်း ပေါင်းစပ်၍ ဆန်အတု ထုတ်လုပ် ရောင်းချခဲ့ဖူးကြောင်း သိရသည်။တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ခံ သစ်သီးပန်းမန် စိုက်ပျိုးရေး ဌာနမှ အရာရှိ မစ္စတာတာ ကွမ်ဟန်းက ၎င်းသည် ဆန်အတုဟု သတင်းထွက်နေသော ဆန်များကို ယခင်က မမြင်ဖူးခဲ့ကြောင်း မည်သို့ပင်ဆိုစေ အတုဟု သတင်းထွက်နေသော ဆန်များကို ပလတ်စတစ် ဆန်အတုဟုတ်၊ မဟုတ် ကောက်ချက်မချမီ ရူပဗေဒ၊ ဓာတုဗေဒ နည်းများဖြင့် လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။လက်ရှိအချိန်တွင် ပလတ်စတစ်ဆန်ဟု သတင်း ထွက်နေသော ဆန်များသည် ဆန်တစ်စေ့လျှင် ၁ဝမီလီမီတာ ရှည်လျားပြီး သာမန် ဆန်များထက် ၃၊ ၄ မီလီမီတာ ပိုမို ရှည်လျားကြောင်း၊ ဆန်လုံးပတ်မှာမူသာ ခြားနားမှု ရှိကြောင်း၊သာမန်ဆန်များထက် မှုန်မှိုင်းသော အရောင်မရှိဘဲ ဆန်စေ့မှာ ကြည်လင်နေကြောင်း ထို့ကြောင့် စားသုံးသူများ အနေနှင့် အဆိုပါ ဆန်များကို ဝယ်ယူခြင်း၊ စားသုံးခြင်းများ မပြုရန် မစ္စတာတာ ကွမ်ဟန်းက သတိပေး ပြောကြားခဲ့သည်။


မြန်မာ မိန်းကလေး ၄၂ ဦး ထိုင်းတွင် ရောင်းစားခံရ

Posted by drmyochit Tuesday, September 11, 2012, under | No comments


 
ကန်ချန ဘူရီမြို့တွင် ထိုင်းအာဏာပိုင်များက ကယ်တင် ခဲ့သော မြန်မာ မိန်းကလေးများ (ဓာတ်ပုံ – dailynews.co.th)
ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ချနဘူရီမြို့ရှိ တည်းခိုဆောင် တခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ်လုပ်ေ နသည့် မြန်မာ နိုင်ငံမှ မိန်းကလေး ၄၂ ဦးကို ထိုင်းအာဏာပိုင် များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။

အဆိုပါ မိန်းကလေးများကို တနင်္ဂနွေနေ့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံများ၏ သတင်းပေးမှုဖြင့် ၀င်ရောက်စီးနင်း၍ ကယ်တင်ခဲ့ကြောင်း ကန်ချနဘူရီမြို့နယ် ရဲစခန်းမှ ရဲ ၀န်ထမ်းတဦးက ပြောသည်။
လိင်ဖျော်ဖြေရေးဖြင့် အဖမ်းခံရသူများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် မိန်းကလေး ၉ ဦး ပါဝင်ကြောင်း၊ အားလုံးကို ကန် ချနဘူရီမြို့နယ် ရဲ စခန်း၌ ထိန်းသိမ်းထားကြောင်း၊ စစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
ယခု ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၄၂ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသော ထိုင်းနိုင်ငံ သား ၃ ဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးထားပြီး ဥပဒေ အရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း thairath.co.th ၀က်ဘ် ဆိုက်တွင်လည်း ယမန်နေ့က ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။
လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသူများသည် ထိုင်းအမျိုးသား ၂ ဦးနှင့် အမျိုးသမီးတဦးတို့ ဖြစ်ကြောင်း ထိုင်းသတင်း တွင် ပါရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီ မြို့နယ်ရှိ ဆဲမ်ဆမ် လှေဆိပ်တွင် ရောင်းစားခံရပြီး ချုပ်နှောင်  ခိုင်းစေခံရသည့် မြန်မာ နိုင်ငံသား ၂၈ ဦးကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ကယ်တင်ခဲ့ သည်။
ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သိရသည်။
မြန်မာ နိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအ၀င် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး ၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများလည်း မကြာခဏ ကြုံတွေ့ ရကြောင်း သတင်းများအရ သိရသည်။
သို့သော် မြန်မာပြည်သားအများစုက ပွဲစားများ အပါအ၀င် နည်းလမ်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ် အဆေးများကြားမှ နေ့စဉ်ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့်မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် မတ်လမှ စတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေး ရုံးများကိုလည်း ထိုင်း-မြန်မာနယ်စပ် ကော့ သောင်းမြို့နှင့် တာချီလိတ် မြို့တို့တွင် ဖွင့်လှစ်ထားပြီး တတိယ မြောက်ရုံးကို ကရင်ပြည်နယ် မြ၀တီ မြို့၌ ယခုနှစ် မကုန်ခင် ဖွင့် လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘော တူညီချက်အရ ထိုရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ၀န်းကျင်ရှိနိုင်ကြောင်း အလုပ် သမားအဖွဲ အစည်းများက ခန့်မှန်းထားသည်။
From -ဧရာဝတီ

ဗိုလ်ချုပ်စောလားပွယ်၏ သဘောထားထုတ်ပြန်ချက်

Posted by drmyochit Tuesday, September 11, 2012, under | No comments





ကာတွန်းများ

Posted by drmyochit Tuesday, September 11, 2012, under | No comments







အီရန်မှ ပဲ့ထိန်းဒုံးကျည်သစ် ပွဲထုတ်ပြသမည်

Posted by drmyochit Tuesday, September 11, 2012, under | No comments



အီရန်နိုင်ငံဟာ မကြာခင် အချိန်အတွင်းမှာ ပြည်တွင်းဖြစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ပွဲထုတ်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို အီရန်ဒုတိယ ကာကွယ်ရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီး
ဌာန လေကြောင်း အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Mahdi Farahi က ပြောကြားခဲ့တာ ဖြစ်ပြီး Meshkat အမည်ရ အဆိုပါ ပဲ့ထိန်း ဒုံးကျည် ဟာ အကွာအဝေး ကီလိုမီတာ ၂၀၀၀ကျော်အထိ ပစ်ခတ် နိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ ပဲ့ထိန်းဒုံးကျည်ဟာ ရေငုပ်သင်္ဘောတွေ၊ တိုက်လေယာဉ် တွေနဲ့ မြေပြင်ထက်က ဒုံးပစ်စင် အမျိုးမျိုးကနေလည်း ပစ်ခတ်နိုင်ကြောင်း ဗိုလ်ချုပ် Mahdi Farahi က ပြောကြားခဲ့ပါတယ်။ အီရန် ကာကွယ်ရေး ၀န်ကြီးဌာနဟာ အခုလက်ရှိအချိန်မှာ ပဲ့ထိန်းဒုံးကျည် ၅ မျိုးကို ထုတ်လုပ် ခဲ့ပြီးဖြစ်သလို နောက်ထပ် ပဲ့ထိန်းဒုံးကျည် ၉မျိုးကိုလည်း လေ့လာ စမ်းသပ်နေကြောင်း၊ ဒုံးလက်နက်တွေရဲ့ တိကျမှု၊ ရေဒါရှောင်တိမ်းနိုင်မှုနဲ့ အသုံးခံမှုတို့ကို အဆင့်မြှင့်တင်သွားဖို့ လုပ်ဆောင်နေကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

အီရန်နိုင်ငံဟာ မကြာသေးခင် နှစ်ပိုင်းအတွင်းမှာ ကာကွယ်ရေး ကဏ္ဍအတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာတွေနဲ့ ကာကွယ် ရေး စနစ်တွေကို ပြည်တွင်းမှာတင် အောင်အောင်မြင်မြင် တီထွင် ထုတ်လုပ် နိုင်ခဲ့တယ် လို့ သိရပါတယ်။
Photo: အီရန်မှ ပဲ့ထိန်းဒုံးကျည်သစ် ပွဲထုတ်ပြသမည်


အီရန်နိုင်ငံဟာ မကြာခင် အချိန်အတွင်းမှာ ပြည်တွင်းဖြစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ပွဲထုတ်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို အီရန်ဒုတိယ ကာကွယ်ရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန လေကြောင်း အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်  Mahdi Farahi က ပြောကြားခဲ့တာ ဖြစ်ပြီး Meshkat အမည်ရ အဆိုပါ ပဲ့ထိန်း ဒုံးကျည် ဟာ အကွာအဝေး ကီလိုမီတာ ၂၀၀၀ကျော်အထိ ပစ်ခတ် နိုင်တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် အဆိုပါ ပဲ့ထိန်းဒုံးကျည်ဟာ ရေငုပ်သင်္ဘောတွေ၊ တိုက်လေယာဉ် တွေနဲ့ မြေပြင်ထက်က ဒုံးပစ်စင် အမျိုးမျိုးကနေလည်း ပစ်ခတ်နိုင်ကြောင်း ဗိုလ်ချုပ် Mahdi Farahi က ပြောကြားခဲ့ပါတယ်။ အီရန် ကာကွယ်ရေး ၀န်ကြီးဌာနဟာ အခုလက်ရှိအချိန်မှာ ပဲ့ထိန်းဒုံးကျည် ၅ မျိုးကို ထုတ်လုပ် ခဲ့ပြီးဖြစ်သလို နောက်ထပ် ပဲ့ထိန်းဒုံးကျည် ၉မျိုးကိုလည်း လေ့လာ စမ်းသပ်နေကြောင်း၊ ဒုံးလက်နက်တွေရဲ့ တိကျမှု၊ ရေဒါရှောင်တိမ်းနိုင်မှုနဲ့ အသုံးခံမှုတို့ကို အဆင့်မြှင့်တင်သွားဖို့ လုပ်ဆောင်နေကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ 

အီရန်နိုင်ငံဟာ မကြာသေးခင် နှစ်ပိုင်းအတွင်းမှာ ကာကွယ်ရေး ကဏ္ဍအတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာတွေနဲ့ ကာကွယ် ရေး စနစ်တွေကို ပြည်တွင်းမှာတင် အောင်အောင်မြင်မြင် တီထွင် ထုတ်လုပ် နိုင်ခဲ့တယ် လို့ သိရပါတယ်။

အာဖဂန်ကို ရှစ်ပိုင်းခွဲမည့် အနောက်အုပ်စု၏ မဟာစီမံကိန်း

Posted by drmyochit Tuesday, September 11, 2012, under | No comments




အကြမ်းဖက် တိုက်ခိုက်မှုဒဏ်နှင့် စစ်ဒဏ်ကို အကြီးအကျယ်ရင်ဆိုင် နေရသည့် အာဖဂန် နစ္စတန်အား သီးခြားဒေသကြီး သို့မဟုတ် နိုင်ငံရှစ်နိုင်ငံ အဖြစ်ခွဲထုတ်မည့် အငြင်းပွားဖွယ် စီမံကိန်းတစ်ရပ်ကို ဗြိတ
ိသျှနှင့် အမေရိကန် အစိုးရအဖွဲ့များ အကြား ဆွေးနွေးလျက် ရှိသည်ကို တွေ့ရသည်။

"Plan C" ဟု လျှို့ဝှက်အမည် ပေးထားသည့် အဆိုပါ စီမံကိန်းကြီးကို ကွန်ဆာဗေးတစ် လွှတ်တော် အမတ် တစ်ဦးလည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတွင်းဝန် တစ်ဦးလည်း ဖြစ်သူ တိုဘီယက်စ် အယ်လ်ဝုဒ်က စီစဉ်ဖန်တီး ခဲ့ခြင်းဖြစ်ပြီး ၄င်းစီမံကိန်းနှင့် စပ်လျဉ်း၍ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်သည် အမေရိကန် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ အာဖဂန် နစ္စတန်မှ နေတိုးတပ်ဖွဲ့များသည် ယင်းနိုင်ငံမှ ထွက်ခွာသွားပါက အာဖဂန် အစိုးရ၏ အနာဂတ်သည် အားရဖွယ် အနေအထား မရှိသောကြောင့် သီးခြား ဒေသကြီးများ အဖြစ် ခွဲထုတ်လိုက်သည့် ဒေသများတွင်လုပ် ရည်ကိုင်ရည်ရှိပြီး ထက်မြက်သည့် ဝန်ကြီးချုပ် အသစ်များအား ခန့်အပ် တာဝန် ပေးသွားမည် ဖြစ်သည်။ သို့မှသာ ၂ဝ၁၄ ခုနှစ်အကုန်၌ နေတိုးတပ်များ ဆုတ်ခွာပြီး နောက်ပိုင်းတွင် မြင့်တက် လာနိုင်ဖွယ်ရှိသည့် မျိုးနွယ်စု ပဋိပက္ခများ၊ အစိုးရအဖွဲ့၏ ထိန်းချုပ်မှု အားနည်း လာခြင်းများနှင့် အကျင့်ပျက် ခြစားမှုများကို အဆိုပါ ဒေသ ခေါင်းဆောင်များက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု စီမံကိန်းတွင် ဖော်ပြထားသည်။ သို့ရာတွင် လက်ရှိ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း၏ အခန်းကဏ္ဍသည် ပြယုဂ် အဆင့်သို့ လျော့ကျသွားမည် ဖြစ်သည်။ ၄င်းစီမံကိန်းနှင့် ပတ်သက်၍ အယ်လ်ဝုဒ်သည် ဗြိတိန် နိုင်ငံသို့ လာရောက်ခဲ့သည့် ပါကစ္စတန် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် လန်ဒန် မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သို့သော် "Plan C" စီမံကိန်းကို အနောက်အုပ်စုက အကောင် အထည်ဖော် လုပ်ဆောင်မည် ဆိုပါက ဒီမိုကရေစီ စနစ်ကို အာဖဂန်နစ္စတန် နိုင်ငံ အတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး နေတိုးတပ်ဖွဲ့အား သတ်မှတ်ထားသည့် ၂ဝ၁၄ အကုန်တွင် ရုပ်သိမ်းနိုင်ရန် အထောက် အကူပြုမည့် စစ်ရေးအရ ဆုတ်ခွာရေး မဟာဗျူဟာ ကိုသာ ချမှတ်နိုင်ရန် အနောက်အုပ်စု အနေဖြင့် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင် သူများက ထောက်ပြ ထားသည်ကိုတွေ့ ရသည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ ကဘူးလ်၊ ကန်ဒါဟာ၊ ဟေရက်၊ မာဇာအီရှာရစ်ဖ်၊ ကန်ဒက်ဇ်၊ ဂျာလာလာဘတ်၊ ခို့စ်နှင့် ဘမ်းယန် ဒေသများအား စီးပွားရေးအရ အရေးပါသည့် ဒေသကြီးများအဖြစ် ခွဲထုတ်၍ ၄င်းဒေသကြီး တစ်ခုစီတွင် ကွဲပြားခြားနားသည့် မျိုးနွယ်စုများကို ကိုယ်စားပြုသော ကောင်စီတစ်ရပ်ကို တည်ထောင်မည် ဖြစ်သည်။ အဆိုပါကောင်စီ အဖွဲ့များအား ပြည်ပနိုင်ငံ များက ကြီးကြပ် သွားမည်ဖြစ်သည်။ ထို့အပြင် ဒေသကြီး တစ်ခုစီတွင် ဝန်ကြီးချုပ် တစ်ဦးကိုလည်း ခန့်အပ် တာဝန်ပေးရန် အယ်လ်ဝုဒ်က ဖော်ပြခဲ့သည်။

သို့ရာတွင် အာဖဂန် နစ္စတန်အား ထိုသို့ ဒေသခွဲများအဖြစ် ခွဲထုတ်ခြင်းသည် နိုင်ငံအား ယခင်ကဓားမိုး၍ အုပ်ချုပ်ခဲ့သည့် စစ်နယ်ရှင်များကို လုပ်ပိုင်ခွင့် အာဏာများအား လွဲပြောင်း ပေးခြင်းအဖြစ် ပြောင်းလဲနိုင်စေ ရုံသာမက တစ်ချိန်တည်းမှာပင် တာလီဘန် စစ်သွေးကြွများ၏ အင်အား ပိုမိုမြင့်တက် လာစေနိုင်ဖွယ် ရှိသောကြောင့် အာဖဂန်၏ အနာဂတ်နှင့် စပ်လျဉ်း၍ အကဲဖြတ်များနှင့် ကျွမ်းကျင် သူများက ရတက်မအေး ရှိနေကြသည်ကို တွေ့ရပေသည်။ ။ (နိုင်ထူး - မြဝတီနေ့စဉ်)
Photo: အာဖဂန်ကို ရှစ်ပိုင်းခွဲမည့် အနောက်အုပ်စု၏ မဟာစီမံကိန်း

အကြမ်းဖက် တိုက်ခိုက်မှုဒဏ်နှင့် စစ်ဒဏ်ကို အကြီးအကျယ်ရင်ဆိုင် နေရသည့် အာဖဂန် နစ္စတန်အား သီးခြားဒေသကြီး သို့မဟုတ် နိုင်ငံရှစ်နိုင်ငံ အဖြစ်ခွဲထုတ်မည့် အငြင်းပွားဖွယ် စီမံကိန်းတစ်ရပ်ကို ဗြိတိသျှနှင့်  အမေရိကန် အစိုးရအဖွဲ့များ အကြား  ဆွေးနွေးလျက် ရှိသည်ကို တွေ့ရသည်။

"Plan C" ဟု လျှို့ဝှက်အမည် ပေးထားသည့် အဆိုပါ စီမံကိန်းကြီးကို ကွန်ဆာဗေးတစ် လွှတ်တော် အမတ် တစ်ဦးလည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတွင်းဝန် တစ်ဦးလည်း ဖြစ်သူ တိုဘီယက်စ် အယ်လ်ဝုဒ်က စီစဉ်ဖန်တီး ခဲ့ခြင်းဖြစ်ပြီး ၄င်းစီမံကိန်းနှင့် စပ်လျဉ်း၍ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်သည်   အမေရိကန် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ အာဖဂန် နစ္စတန်မှ နေတိုးတပ်ဖွဲ့များသည် ယင်းနိုင်ငံမှ   ထွက်ခွာသွားပါက အာဖဂန် အစိုးရ၏ အနာဂတ်သည် အားရဖွယ် အနေအထား မရှိသောကြောင့် သီးခြား ဒေသကြီးများ အဖြစ် ခွဲထုတ်လိုက်သည့် ဒေသများတွင်လုပ် ရည်ကိုင်ရည်ရှိပြီး ထက်မြက်သည့် ဝန်ကြီးချုပ် အသစ်များအား ခန့်အပ် တာဝန် ပေးသွားမည် ဖြစ်သည်။ သို့မှသာ ၂ဝ၁၄ ခုနှစ်အကုန်၌ နေတိုးတပ်များ ဆုတ်ခွာပြီး နောက်ပိုင်းတွင် မြင့်တက် လာနိုင်ဖွယ်ရှိသည့် မျိုးနွယ်စု ပဋိပက္ခများ၊ အစိုးရအဖွဲ့၏ ထိန်းချုပ်မှု အားနည်း လာခြင်းများနှင့် အကျင့်ပျက် ခြစားမှုများကို အဆိုပါ ဒေသ ခေါင်းဆောင်များက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု စီမံကိန်းတွင် ဖော်ပြထားသည်။ သို့ရာတွင် လက်ရှိ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း၏ အခန်းကဏ္ဍသည် ပြယုဂ် အဆင့်သို့ လျော့ကျသွားမည် ဖြစ်သည်။ ၄င်းစီမံကိန်းနှင့် ပတ်သက်၍ အယ်လ်ဝုဒ်သည် ဗြိတိန် နိုင်ငံသို့ လာရောက်ခဲ့သည့် ပါကစ္စတန် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် လန်ဒန် မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သို့သော် "Plan C" စီမံကိန်းကို အနောက်အုပ်စုက အကောင် အထည်ဖော် လုပ်ဆောင်မည် ဆိုပါက ဒီမိုကရေစီ စနစ်ကို အာဖဂန်နစ္စတန် နိုင်ငံ အတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး နေတိုးတပ်ဖွဲ့အား သတ်မှတ်ထားသည့် ၂ဝ၁၄ အကုန်တွင် ရုပ်သိမ်းနိုင်ရန် အထောက် အကူပြုမည့် စစ်ရေးအရ ဆုတ်ခွာရေး မဟာဗျူဟာ ကိုသာ ချမှတ်နိုင်ရန် အနောက်အုပ်စု အနေဖြင့် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင် သူများက ထောက်ပြ ထားသည်ကိုတွေ့ ရသည်။

အယ်လ်ဝုဒ်၏ စီမံကိန်းအရ ကဘူးလ်၊ ကန်ဒါဟာ၊ ဟေရက်၊ မာဇာအီရှာရစ်ဖ်၊ ကန်ဒက်ဇ်၊ ဂျာလာလာဘတ်၊ ခို့စ်နှင့် ဘမ်းယန် ဒေသများအား စီးပွားရေးအရ အရေးပါသည့် ဒေသကြီးများအဖြစ် ခွဲထုတ်၍ ၄င်းဒေသကြီး တစ်ခုစီတွင် ကွဲပြားခြားနားသည့် မျိုးနွယ်စုများကို ကိုယ်စားပြုသော ကောင်စီတစ်ရပ်ကို တည်ထောင်မည် ဖြစ်သည်။ အဆိုပါကောင်စီ အဖွဲ့များအား ပြည်ပနိုင်ငံ များက ကြီးကြပ် သွားမည်ဖြစ်သည်။ ထို့အပြင် ဒေသကြီး တစ်ခုစီတွင် ဝန်ကြီးချုပ် တစ်ဦးကိုလည်း ခန့်အပ် တာဝန်ပေးရန် အယ်လ်ဝုဒ်က ဖော်ပြခဲ့သည်။

သို့ရာတွင် အာဖဂန် နစ္စတန်အား ထိုသို့ ဒေသခွဲများအဖြစ် ခွဲထုတ်ခြင်းသည် နိုင်ငံအား ယခင်ကဓားမိုး၍ အုပ်ချုပ်ခဲ့သည့် စစ်နယ်ရှင်များကို လုပ်ပိုင်ခွင့် အာဏာများအား လွဲပြောင်း ပေးခြင်းအဖြစ် ပြောင်းလဲနိုင်စေ ရုံသာမက တစ်ချိန်တည်းမှာပင် တာလီဘန် စစ်သွေးကြွများ၏ အင်အား ပိုမိုမြင့်တက် လာစေနိုင်ဖွယ် ရှိသောကြောင့် အာဖဂန်၏ အနာဂတ်နှင့် စပ်လျဉ်း၍ အကဲဖြတ်များနှင့် ကျွမ်းကျင် သူများက ရတက်မအေး ရှိနေကြသည်ကို တွေ့ရပေသည်။     ။      (နိုင်ထူး - မြဝတီနေ့စဉ်)

အမေရိကန်မှဖြန့်ကြက်ထားသော လေကြောင်းကာကွယ်ရေးစနစ်များသည် ၎င်းတို့အား ရပ်တန့်နိုင်ခြင်းမရှိဟု အီရန် ကာကွယ်ရေးဝန်ကြီး ပြောကြား

Posted by drmyochit Tuesday, September 11, 2012, under | No comments




တီဟီရန် စက်တင်ဘာ ၉

အမေရိကန်နိုင်ငံက ပါရှန်ပင်လယ်ကွေ့အတွင်း လေကြောင်းကာကွယ်ရေး ဖြန့်ကြက်ရန် အစီအစဉ်သည် အီရန်၏ မစ်ဇိုင်
းဒုံးကျည်များကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိသေးကြောင်း အီရန်ကာကွယ်ရေး ဝန်ကြီး၏ ပြောကြား ချက်ကို Fars သတင်း အေဂျင်စီမှ ဖော်ပြခဲ့သည်။

အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေး စနစ်သည် အမှန်တကယ် မဟုတ်ဘဲ ချဲ့ကားပြောဆိုမှုများသာ ဖြစ်သည်ဟု အီရန်နိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးဌာန အာကာသလေကြောင်း အဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ် မယ်ဒီဖာရာဟီက ပြောကြားခဲ့သည်။
အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေးဆိုင်ရာ အဆိုများမှာ တစ်စိတ်တစ်ပိုင်း မှန်ကန်သော်လည်း တရစပ် ကျရောက်လာမည့် အီရန်၏ မစ်ဇိုင်းဒုံးကျည်များကိုမူ ကြာရှည် ခုခံနိုင်စွမ်း မရှိဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဆော်ဒီအာရေဗျ နိုင်ငံအတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တစ်ခုတွင် အမေရိကန် အနေဖြင့် ပါရှန် ပင်လယ်ကွေ့အတွင်း မစ်ဇိုင်း ကာကွယ်ရေး စနစ်များ ဖြန့်ကြက်ထားရန် စီစဉ်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

ယင်းအစီအစဉ်အား ပါရှန်ပင်လယ်ကွေ့ ကမ်းခြေဒေသ နိုင်ငံများက ထောက်ခံကြို ဆိုခဲ့ကြပြီး ၎င်းနိုင်ငံများက အီရန်၏ စစ်ရေးဆိုင်ရာ လွှမ်းမိုး လာမှုနှင့် အင်အားကြီးထွား လာမှုကို စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်ဟု ပြောကြားခဲ့ ကြသည်။

အီရန်နိုင်ငံကလည်း ၎င်းတို့၏ စွမ်းဆောင်ရည်မြင့် ခရုဇ်မစ်ဇိုင်း တစ်မျိုးအား ထုတ်ဖော် ပြသသွားရန် စီစဉ် နေသည်ဟု ယနေ့တွင် ကြေညာခဲ့သည်။ အဆိုပါ ခရုဇ်ဒုံးကျည်သည် အကွာအဝေး ၂ဝဝဝ ကီလိုမီတာ အထိ ရောက်ရှိနိုင်ပြီး မကြာမီထုတ် ဖော်ပြသသွားမည်ဟု သိရသည်။
Photo: အမေရိကန်မှဖြန့်ကြက်ထားသော လေကြောင်းကာကွယ်ရေးစနစ်များသည် ၎င်းတို့အား ရပ်တန့်နိုင်ခြင်းမရှိဟု အီရန် ကာကွယ်ရေးဝန်ကြီး ပြောကြား

တီဟီရန် စက်တင်ဘာ ၉

အမေရိကန်နိုင်ငံက ပါရှန်ပင်လယ်ကွေ့အတွင်း လေကြောင်းကာကွယ်ရေး ဖြန့်ကြက်ရန် အစီအစဉ်သည် အီရန်၏ မစ်ဇိုင်းဒုံးကျည်များကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိသေးကြောင်း အီရန်ကာကွယ်ရေး ဝန်ကြီး၏ ပြောကြား ချက်ကို Fars သတင်း အေဂျင်စီမှ ဖော်ပြခဲ့သည်။

အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေး စနစ်သည် အမှန်တကယ် မဟုတ်ဘဲ ချဲ့ကားပြောဆိုမှုများသာ ဖြစ်သည်ဟု အီရန်နိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးဌာန အာကာသလေကြောင်း အဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ် မယ်ဒီဖာရာဟီက ပြောကြားခဲ့သည်။
အမေရိကန်တို့၏ လေကြောင်း ကာကွယ်ရေးဆိုင်ရာ အဆိုများမှာ တစ်စိတ်တစ်ပိုင်း မှန်ကန်သော်လည်း တရစပ် ကျရောက်လာမည့် အီရန်၏ မစ်ဇိုင်းဒုံးကျည်များကိုမူ ကြာရှည် ခုခံနိုင်စွမ်း မရှိဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဆော်ဒီအာရေဗျ နိုင်ငံအတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ တစ်ခုတွင် အမေရိကန် အနေဖြင့် ပါရှန် ပင်လယ်ကွေ့အတွင်း မစ်ဇိုင်း ကာကွယ်ရေး စနစ်များ ဖြန့်ကြက်ထားရန် စီစဉ်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

ယင်းအစီအစဉ်အား ပါရှန်ပင်လယ်ကွေ့ ကမ်းခြေဒေသ နိုင်ငံများက ထောက်ခံကြို ဆိုခဲ့ကြပြီး ၎င်းနိုင်ငံများက အီရန်၏ စစ်ရေးဆိုင်ရာ လွှမ်းမိုး လာမှုနှင့် အင်အားကြီးထွား လာမှုကို စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်ဟု ပြောကြားခဲ့ ကြသည်။

အီရန်နိုင်ငံကလည်း ၎င်းတို့၏ စွမ်းဆောင်ရည်မြင့် ခရုဇ်မစ်ဇိုင်း တစ်မျိုးအား ထုတ်ဖော် ပြသသွားရန် စီစဉ် နေသည်ဟု ယနေ့တွင် ကြေညာခဲ့သည်။ အဆိုပါ ခရုဇ်ဒုံးကျည်သည် အကွာအဝေး ၂ဝဝဝ ကီလိုမီတာ အထိ ရောက်ရှိနိုင်ပြီး မကြာမီထုတ် ဖော်ပြသသွားမည်ဟု သိရသည်။

ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းအတွင်း ပုပ်ပွနေသော ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

Posted by drmyochit Tuesday, September 11, 2012, under | No comments



ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ နေအိမ်တိုက်ခန်း တစ်ခန်းတွင် အသက် ၁၃ နှစ်ခန့်အရွယ် အိမ်ဖော် မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ် (၁၉၅) ၊ ဒုတိယထပ်(ညာ)ရှိ တိုက် ခန်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်ခန့်၌ ယင်းတိုက်ခန်းတွင် နေထိုင်သော အိမ်ရှင် အမျိုးသမီးငယ်နှင့် နောက်ထပ် အိမ်ဖော်တစ်ဦးတို့သည် ခရီးသွားနေသည်ဟု ယူဆရာမှ ပြန်လည်ရောက်ရှိလာကြောင်း၊ ထို့နောက် အိမ်ခန်းပေါ်သို့ တက်သွားရာမှ ပြန်လည်ပြေးဆင်းလာကြောင်း၊ ပတ်ဝန်းကျင်အား အကူအညီတောင်းပြီး တာဝန်ရှိ ရဲဝန်ထမ်းများနှင့်အတူ တက်ကြည့်ရာ ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း အခင်းဖြစ် ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။
"ဒီအိမ်မှာက အိမ်ရှင် အမျိုးသမီးလေးရယ်။ အိမ်ဖော်မလေး နှစ်ယောက်ရယ် နေကြတာ။ အခုသေသွားတဲ့ အိမ်ဖော်ကောင်မလေးက အိမ်ဖော်အဟောင်း။ နောက်တစ်ယောက်က ရောက်တာ တစ်လလောက်ပဲ ရှိသေးတယ်" ဟု အခင်းဖြစ် တိုက်ခန်းအနီးရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါသည်။
"အပုပ်နံ့ကတော့ နံနေတာ နှစ်ရက်သုံးရက်လောက် ရှိပြီ။ ဒါပေမယ့်လူသေလို့ နံတယ်လို့ မထင်ဘူး။ ငါးကင်ဆိုင်က ငါးညှီနံလို့ပဲ ထင်နေကြတာ။ သေသွားတဲ့ အိမ်ဖော်ကောင်မလေးက ပုသိမ်ဘက်ကပဲလို့ ပြောတယ်"ဟုအခင်းဖြစ်ပွားရာ တိုက်အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါသည်။
ကမာရွတ်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း "အမှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အခု လောလောဆယ်တော့ ဘာမှမှတ်ချက် မပေးနိုင်သေးပါဘူး" ပြောပြခဲ့ပါသည်။အိမ်ရှင်အမျိုးသမီးငယ်မှာ MRTV-4 တွင် အလုပ်လုပ်သော ၀န်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ယင်းအခန်းအား သော့ခတ်ပိတ်ထားသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်ကြောင်း အခင်းဖြစ် ပတ်ဝန်းကျင် အနီးတွင် နေထိုင်သူများ၏ ပြောစကားများအရ သိရသည်။
သေဆုံးသူ၏ အလောင်းအား စစ်ဆေးမှုများ ပြုလုပ်ရန် ရန်ကုန် ဆေးရုံကြီးသို့ ညနေ ၆နာရီခွဲခန့်က ပို့ဆောင် ခဲ့ကြောင်းလည်း သိရသည်။

"" စိတ်ဖောက်ပြန်ရောဂါကို တေားကြီးမြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင် ""

Posted by drmyochit Tuesday, September 11, 2012, under | No comments


 
ဆင်တစ်ကောင်ကိုပင် တုံးလုံး လဲကျသွားနိုင်အောင် ပေါက်သတ်နိုင်သောတောကြီးမြွေဟောက်၏ အဆိပ်သည်ဦး နှောက် ဒဏ်ရာရမှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါဖြစ်စတွင်ကုသနိုင်ကြောင်း စင်ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။အဆိပ်အတောက် ကျွမ်းကျင်သူ မန်ဂျူနာသာကီနီက ဗက်တီးရီးယား ပိုးကြောင့် ဖြစ်သော အဆိပ်အတောက်သည် ကြွက်သား အာရုံကြောနှိုးဆွမှုကို ကာကွယ်ပေးခြင်းဖြင့် ကြွက်သား များ ကျဉ်းမြောင်း သွားမှုကို သက်သာစေကြောင်း ပြောသည်။ထိုဆေးကို ခြောက်လမှ ရှစ်လ အတွင်းတစ်ကြိမ် ထိုးပေးခြင်းဖြင့် နို့တိုက် သတ္တဝါများတွင် ရှိသောNA-CHR (ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုမှတ်သား၍ မိမိအာရုံကြောစနစ်တွင်လှုံ့ဆော် စေသောဆဲလ်)တွင် အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။သို့သော် ယခုအချိန်ထိ ထိုဆေးကို ကြွက်များ နှင့်သာ စမ်းသပ် သောအဆင့်တွင်သာရှိကြောင်း သိရသည်။ လူသားများတွင်ဖြစ်ပေါ်တတ်သော ဦးနှောက်ဒဏ်ရာကြောင့် စိတ် ဖောက် ပြန်မှုရောဂါကို ကုသနိုင်ဖွယ်ရှိကြောင်း ပါမောက္ခကီနီက ပြောပြသည်။စင်ကာပူအမျိုးသားတက္ကသိုလ်မှ ၁၀ဦး ပါအဖွဲ့သည် သြစတြေးလျ၊ ဆွစ်ဇာလန် အစရှိသောနိုင်ငံများမှ သုတေသီများဖြင့် ပူးပေါင်းဆောင်ရွက်နေကြပြီး ၎င်းတို့၏ တွေ့ရှိချက် များကို ဆေးပညာဂျာနယ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။တောကြီးမြွေဟောက်၏အဆိပ် မှထုတ်လုပ်သော Haditoxin ဓာတ် ပေါင်းသည် သုတေသီများအတွက်တတိယ ဆေးအမျိုးအစားသာဖြစ်ပြီးစိတ်ပူပန်မှု ရောဂါကိုကုသောOhanin နှင့် သွေးတိုးရောဂါကုသနိုင်သောB-Ca- rdiotoxin ဓာတ်ပေါင်းများလည်း ပါဝင်သည်။ ၎င်းဆေးများကို သုတေသန ပြုဆဲဖြစ်ပြီး ဆေးဝါးအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။

လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများကို ဖမ်းပြီ

Posted by drmyochit Tuesday, September 11, 2012, under | No comments


 
စစ်ကိုင်းတိုင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးအတွက် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီးတွင် လာရောက်ဝတ်ပြုဆုတောင်းသူ ၁၂ ဦးကို မုံရွာမြို့အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။ “လယ်သမား တွေအရေး ကူညီနေတဲ့ မသွဲ့သွဲ့ဝင်း အပါအ၀င် ၀က်မှေးရွာကလယ်သမားတွေနဲ့ အားလုံးပေါင်း ၁၂ ယောက်ပါ။ သူတို့ မနက်က ဘုရားပေါ်တက်တုန်း ဘုရားကို ပိတ်လိုက်ပြီးနောက် ဖမ်းခံရတာပဲ။သူတို့ထဲက မသွဲ့သွဲ့ဝင်းနဲ့ ၀က်မှေးရွာသူ မအေးနက်ကိုတော့ တရားစွဲမှာမို့ မလွှတ်ပေးနိုင်တဲ့။ ဘာနဲ့စွဲမလဲတော့ မသိသေးဘူး။ ကျန်တဲ့ ၁၀ ယောက်တော့ လွှတ် ပေး မယ် ပြောတယ်” ဟု မျက်မြင်သက်သေ မုံရွာ ဒေသခံတဦးက ပြောသည်။မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးကို မလွှတ်ပေးပါက ရဲစခန်းမှ မထွက်ခွာဟု ထိန်းသိမ်းခံရသူ တောင်သူများက ငြင်းဆိုကြောင်း၊ ၄င်းတို့ကို မုံရွာမြို့ အမှတ် (၁)ရဲစခန်းတွင် ထားရှိရာ ကျောင်းသားများ၊ လယ်သမားများ၊ ဒေသခံများက အားလုံး ပြန်လွှတ်ပေးရေး ဆွေးနွေးပြောဆိုမှုများ ပြုနေကြောင်းသိရသည်။

“ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ဆိုပြီး မုံရွာတဖက်ကမ်း ညောင်ပင်ကြီးရွာမှာ လူ၇၀၀ ကျော်ဆန္ဒပြ နေကြတယ်။ ဒီစီမံကိန်းကို ရပ်ပစ်ပါလို့လည်း ဆန္ဒပြနေကြတယ်။ သူတို့ကို ဒီဖက်ကမ်းမပေးကူးဘူး။ ဘာဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ေ နတုန်းပဲဗျ။ လုံခြုံရေးကတော့တော်တော်များတယ်” ဟု အခင်းဖြစ်ပွားမှုအား လိုက်လံကြည့်ရှုနေသူတဦးကလည်း ပြောသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်မြေသိမ်းခံရသူ တောင်သူလယ်သမားများကို ကူညီေ နသည့်အဖွဲ့ခေါင်းဆောင်တချို့ကိုလည်း အာဏာပိုင်များက လိုက်လံရှာဖွေနေကြောင်းသိရသည်။“ကျနော့်ပုံရယ် နာမည်ရယ်က ရဲတွေတိုင်းမှာ ရှိနေတယ်။ သူတို့က ဓာတ်ပုံနဲ့ တိုက်စစ်တယ်။ဟန်ဝင်းအောင် ဘယ်မှာလဲ ဆိုတာ လိုက်မေးနေတယ်။ တခြားအဖွဲ့က လူတွေကို မေးတာလည်းရှိတယ်” ဟု အဆိုပါဒေသမှ တိမ်းရှောင်နေရသူ နိုင်ငံရေးအကျဉ်းသား မိသားစုများစောင့်ရှောက်ရေး ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။
ပြီးခဲ့သည့် အပတ်က ဖမ်းဆီးခံရသည့် ကိုဝေဠုကိုလည်း မည်သည့်နေရာတွင် ထားသည်ကိုယနေ့ထိ မသိရသေးကြောင်း၊ လယ်သမားများအရေး ကူညီသူများကို ယခုလို ပြုလုပ်ခြင်းသည် ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းမဟုတ်ကြောင်း
သူက ဆိုသည်။“ဖမ်းဆီးနေရုံနဲ့ ဒီပြဿနာ မပြီးနိုင်ဘူး။မှန်ကန်တဲ့ ဖြေရှင်းမှုမဟုတ်ဘူး။ ပြောင်းလဲနေပါပြီလို့ ပြောနေပြီးတော့ ပြည်သူဖက်ကမရပ်ပဲ ကုမဏီဖက်ကနေ ရပ်တည်ပြီး လုပ်နေတာ နည်းလမ်းမကျဘူး” ဟု ကိုဟန်ဝင်း အောင်က ပြောသည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးနှင့် ပတ်သက်၍ ဒေသခံများ ယခုလို တောင်းဆိုနေကြခြင်းသည် တဦးတယောက်အရေးမဟုတ်၍ သမတနှင့်အစိုးရမှ အရေးတယူပြု ဆွေးနွေး ညှိနှိုင်းစေလိုကြောင်းလည်း ဆိုသည်။“ဒီစီမံကိန်းကြောင့် ပတ်ဝန်းကျင်က ရွာသူရွာသား လယ်သမားတွေ ဒုက္ခရောက်ရတယ်။ဒါ့အပြင် ဒါဟာ တောင်ကြီးတခုလုံး ပျောက်သွားမယ့်အရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ့်အရေး ဖြစ်နေလို့ ဒီဒေသတခုတည်းနဲ့သာမဟုတ်ပဲ တနိုင်ငံလုံးနဲ့ဆိုင်တဲ့အရေးဖြစ်တယ်။စပယ်တောင်နဲ့ ကြေးစင်တောင်ကြီး တောင်လုံးလိုက် ပျောက်သွားတာ ဥပမာ ရှိထားပြီးပြီဗျာ” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။ အဆိုပါ ဒေသတွင် ကြေးနီတူးဖော်ရေးများ လုပ်ဆောင်နေခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက် ညစ်ညမ်းမှုများလည်းရှိနေပြီး၊ စက်ရုံမှ စွန့်ပစ်ရေများ ချင်းတွင်းမြစ်တွင်း စီးဆင်းနေသောကြောင့် အနာဂတ်တွင် ချင်းတွင်းမြစ်အောက်ပိုင်းဒေသများတွင်လည်း ညစ်ညမ်းမှုအကျိုးဆက်များ ခံစားရနိုင်သည်ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။ကြေးနီစီမံကိန်းဒေသ၀န်းကျင်ရှိ ရေတွင်းများသည် သောက်သုံးမရအောင် ပျက်စီးနေကြောင်း၊ ရေများမှာ ချဉ်သောအရသာ၊ ငံသောအရသာများ ဖြစ်နေ၍ မုံရွာမြို့မှ သောက်ရေသန့်များကိုသာ ၀ယ်ယူသုံးစွဲနေရသည်ဟု သိရသည်။စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ် အမျိုးသားပိုင် မြန်မာ-၀မ်ပေါင် ကုမ္ပဏီတို့ ၂၀၁၁ ခုနှစ်မှ စတင်၍ အကျိုးတူ လုပ်ကိုင်နေသည့် အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ရှိ ၀က်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခံခဲ့ရသည်။လယ်သိမ်းခံ လယ်သမားများနှင့် ဒေသခံ ရွာသူရွာသားများက လယ်မြေများအတွက် ထိုက်တန်သော လျော်ကြေးငွေပေးရန်၊ ကျေးရွာများရွှေ့ပြောင်းရာတွင် သင့်တော်သော နေအိမ်၊ နေရာများ အစားထိုးပေးရန်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို အလေးထားရန်၊ စီမံကိန်း ဒေသတွင်းရှိ ဘာသာရေး အဆောက်အဦများ၊ စေတီများကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးရန်တို့ကို ဇူလိုင်လဆန်းမှ စတင် တောင်းဆို ဆန္ဒပြနေခဲ့သည်။

သြဂုတ်လမှ စတင်၍ ဆန္ဒပြသူ ဒေသခံများ၊ တောင်သူလယ်သမားများ တစ တစ များပြားလာပြီး ထိုမှ ကြေးနီ တူးဖော်မှုများကြောင့် ပျောက်ဆုံးသွားရသည့် စပယ်တောင်၊ ကြေးစင်တောင်တို့ကို နမူနာပြကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စီမံကိန်းကို ရပ်ပေးရန် တောင်းဆိုမှုအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲလာနေသည်။
အဆိုပါ စီမံကိန်းကို ရပ်တန့်ပေးရေးအတွက် သမတထံ အသနားခံစာ တင်သွင်းမည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုလည်း စတင်နေပြီဖြစ်သည်။အဆိုပါ ဒေသတွင် ကြေးနီတူးဖော်သည့်လုပ်ငန်းများကို ၁၉၈၀ ခုနှစ်မှ စတင်၍ ယူဂိုဆလားဗီးယားနိုင်ငံမှ ကုမ္ပ္ပဏီ၊ ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ စသည်တို့ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနက ပူးပေါင်းကာ ကြေးနီတူးဖော်ခဲ့သည်။

အလုံ၊အထက(၄) ကျောင်းတွင် ဗုံးတွေ့

Posted by drmyochit Tuesday, September 11, 2012, under | No comments


၁၀.၉.၂၀၁၀ ရက်နေ့ ယနေ့၊ နေ့လည်ပိုင်း ရန်ကုန်၊ အလုံ အထက(၄) ကျောင်း အလံတိုင်အောက်တွင် ဗုံးတွေ့ရှိသောကြောင့် ကျောင်း အတွင်းမှ ရဲလုံခြုံရေးများက ယူဆောင်သွားခဲ့ကြောင်း၊ ကျောင်းတွင်း ဗုံးတွေ့ရှိသည်ကို ကျောင်းသားမိဘများသို့ အသိ မပေးပဲ ဖုံးထားကြောင်း မကျေနပ်သော သူငယ်တန်း (A) မှ ကျောင်းသား မိဘတဦးကြေ့ပာသည်။ “ဒီလောက် အရေးကြီးတဲ့ သတင်းကို ဘာဖုံးထားတယ်၊ မီဒီယာတွေကိုလည်း မပြောဘူး၊ ခုလို ကလေးတွေ နေတဲ့ ကျောင်းမှာ ဗုံးထောင်ရက်တဲ့ ယုတ်မာ ရိုင်းစိုင်းသူတွေကိုတော့ မပြောချင်တော့ဘူး၊ ကျောင်းအုပ်ဆရာမကြီးကလည်း ခုလို သတင်မျိုးကို ဖုံးနေတာကို ကျနော် တို့လို ကျောင်းသား မိဘတွေက မကျေနပ်တာ“ ဟုအဆိုပါ ကျောင်းသားဖခင် ဦးမြင့်ဆွေက ပြောသည်။

From -မေသင်္ကြန်ဟိန်းfacebok

ဂျကာတာမြို့အား မြန်မာ့ပြည်ရိုဟင်ဂျာအရေးနှင့်ပါတ်သက်ပြီးအသေခံဗုံးခွဲမည့်သူဖမ်းဆီးမိ။

Posted by drmyochit Tuesday, September 11, 2012, under | No comments


 
From:သန်းဝင်းထွန်း

ဂျကာတာဆင်ခြေဖုန်းရပ်ကွက်တွင် အကြမ်းဖက်သံသယရှိသူ အင်ဒိုနီရှား အမျိုးသားတဦးလက်နက်ချ အဖမ်းခံကာ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသော ရိုဟင်ဂျာများအားပြုမှုများကို မကျေနပ်သည့် အတွက် ဂျကာတာရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက် ရန်ကြံရွယ် ခဲ့သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူမှပြောကြားခဲ့သည်။

သံသယရှိသူအား Muhammad Toriq ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Boy Rafli Amar မှအ တည်ပြုပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပါတ်ကတည်းက အသေခံဗုံးခွဲမည့်သူနေထိုင်ရာအိမ်အတွင်းမှ မသင်္ကာဖွယ်ရာ မီးခိုးများထွက်ရှိကြောင်းကို အိမ်းနီးချင်းတချို့၏သတင်းပေးဖို့ချက်ကိုလက္ခံရရှိခဲ့သည်။ အသေခံဗုံးခွဲမည်သူနေထိုင်ရာ အိမ်အတွင်းမှ ဒီတိုနေတာ၊သံတိုသံစသေတ္တာနှင့် ပေါက်ကွဲစေသောအရာများကို သိမ်းဆည်းရခဲ့ပြီး ကနဦးစစ်ဆေး တွေ့ ရှိချက်အရ အသေခံဗုံးခွဲမည့် Toriq ၏အစီအစဉ်မှာ ဗုံးပြင်ဆင်ပြီး ယနေ့တိုက်ခိုက်မည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ Amar ကတနင်္လာနေ့တွင်မီဒီယာသို့ထုတ်ဖေါ်ပြောဆိုလိုက်သည်။ ဖမ်းဆီးရမိသူသည်ဘယ်အကြောင်းကြောင့် လက်နက် ချအဖမ်းခဲ့ကြောင်းကိုမသိရှိရသေးကြောင်းနှင့် Toriq တို့၏အသေခံမှာဗုံးခွဲမည့်အစီအစဉ်မှာ ဂျကာတာရှိ ရဲဌာချုပ်၊ အမှတ်၈၈အကြမ်းဖက်ရဲတပ်ဖွဲ့ရုံး၊ရဲစခန်းတခုနှင့်ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတို့လက်ရွေးစင်များဖြင့်ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်းကို ပြောရေးဆိုခွင့်ရှိသူ Amar မှပြောဆိုခဲ့သည်။

နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်တို့အကြား ဆွေးနွေးမဲ့ နေရာ ငြင်းခုန်နေ

Posted by drmyochit Tuesday, September 11, 2012, under | No comments



နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်တို့အကြား ဆွေးနွေးမဲ့ နေရာ ငြင်းခုန်နေတဲ့အတွက် နောက်ထပ်ဆွေးနွေးပွဲ ချက်ချင်းမဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ ဒီတကြိမ် ဆွေးနွေးပွဲမှာ အစိုးရဘက်က ဒုကာကွယ်ရေးဦးစီးချုပ်ပါ တက်ရောက်မှာမို့ နေပြည်ေ တ်ာမှာ ဆွေးနွေးဖို့ အစိုးရဘက် က စာရေး ကမ်းလှန်းထားတယ်လို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းက ဒီဗီဘီကိုပြော ပါတယ်။ ကေအိုင် အိုပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကလည်း အခုလို နှစ်ဘက်စစ်ရေးတင်းမာနေချိန်မှာ နေပြည်တော်မှာ တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင် ကြောင်း၊ တရုတ်နယ်စပ်မှာဘဲ တွေ့လိုကြောင်း ပြန်လည်ပြောကြားထားပါတယ်
From -DVB 

အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Posted by drmyochit Tuesday, September 11, 2012, under | No comments


From:ခေတ်လူငယ်

အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် Outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ် ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ် ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ် သွားမည် ဖြစ်သည့် အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည် ထောင် စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။ ယခုလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်း အသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများကို အင်တာနက်စနစ်နှင့် ပတ်သက်၍ တာဝန်ယူမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ “ကျွန်တော်တို့ဘက်က အင်တာနက်ကို တာဝန်ယူရမှာပါ။ ထို့အတူ ခင်ဗျားတို့ကလည်း အင်တာနက်ပေါ်ကနေ outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားမှအပ်တဲ့ လုပ်ငန်းများကို လုပ်ကြပါ။ ကျွန်တော် တို့ဘက်က ချို့ယွင်းရင် လျော်မယ်။ စာချုပ်ပါ။ ဒါကလုပ်ငန်းသဘောပေါ့။ ဒီဘက်က ချို့ယွင်းတဲ့ လူက လျော်ကြေးပဲ။ ကျွန်တော် တို့ဘက်က ခင်ဗျားတို့ဆီက အင်တာနက် ငှားရမ်းခဆိုပြီး ပိုက်ဆံယူထားပြီးပြီ။ ပိုက်ဆံယူထားတာကို Good Service ပေးရမှာပေါ့။ အဲဒီအတွက် လျော်ပါ့မယ်။ ဒါနဲ့ ပတ်သက်ပြီး Outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ ဝင်ရောက်လုပ်ကိုင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။ မြန်မာနိုင်ငံသည် အင်တာ နက်စနစ်ကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ခြင်း မရှိသည့်အတွက် ပြည်ပနိုင်ငံများမှ နည်းပညာဆိုင်ရာ Outsource လုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုနိုင်ကြောင်း၊ အင်တာနက်စနစ် ချို့ယွင်းမှုကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ပါက ပြည်ပနိုင်ငံများသို့ လျော်ကြေးငွေများ ပြန်လည်ပေး အပ်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Outsource လုပ်ငန်း ကြီးကြီး မားမားများကို ပြည်တွင်း၌ ယနေ့အချိန်အထိ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုကြဘဲ သေးငယ်သည့် လုပ်ငန်းအနည်းငယ်ကို လုပ်ကိုင်ဆောင်ရွက်နေပြီး ကြီးမားသည့် Outsource လုပ်ငန်းများကို လုပ်ကိုင်လိုပါက ပြည်ပသို့ သွားရောက်လုပ်ကိုင်လေ့ ရှိကြကြောင်း ပြည်တွင်းအိုင်စီတီ စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထုတ် Internetဂျာနယ်တွင်ဖော်ပြထားပါသည်။

ပြည်သူများ အခက်အခဲကို သမ္မတရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီ

Posted by drmyochit Tuesday, September 11, 2012, under | No comments



From:FlowerNews

မြန်မာနိုင်ငံသားများအနေဖြင့် တွေ့ကြုံနေရသော အခက်အခဲများကို နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်ပြီ ဖြစ် ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုင်ကြားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် http://www. presidentoffice. gov.mm ရှိ ပြည်သူ့အသံကဏ္ဍမှတစ်ဆင့် တိုင်ကြားနိုင်မည် ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍သမ္မတရုံး Mail Box ကို ယခု လို ဖွင့်လှစ်ရတာ နိုင်ငံတော်သမ္မတကြီး အကောင်အထည်ဖော် ဆောင် ရွက်နေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အကြံပြုချက်တွေကို သိရှိနိုင်ဖို့ရယ်၊ ပြည်သူတွေက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြလာတဲ့ အရေးကြီးကိစ္စတွေကို ပြည်သူတွေ အမှန်တကယ် နစ်နာဆုံးရှုံးနေမှုတွေမှာ ရံဖန်ရံခါ ရုံးလုပ်ငန်း အဆင့်ဆင့်အရ ကြန့်ကြာနေတဲ့ကိစ္စတွေကို သိရှိဖြေရှင်းပေးနိုင်ဖို့ နိုင်ငံတော် နိုင်ငံသားတွေအတွက် အလွန်အရေးကြီးတဲ့ National Security နဲ့ National Interest ကိစ္စတွေကို အချိန်မီသိရှိ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အဓိကကတော့ ပြည်သူလူထုတွေဟာ သမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လမ်းကြောင်း တစ်ခု ပေါ်ပေါက် လာခြင်းအားဖြင့် အမှန်တကယ် ထိခိုက်နစ်နာနေမှုတွေကို သိရှိဖြေရှင်း ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံတော် သမ္မတနဲ့ ပြည်သူတွေကြားမှာ ယုံကြည်မှု ပိုမိုတိုးမြှင့်လာစေဖို့အတွက် ယခုလို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။ တိုင်ကြားလိုသည်များကို တိုင်ကြားသူ များအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် တိုင်ကြားလိုသည့် နေရပ်လိပ်စာတို့နှင့် အတူ ဖြည့်စွက် တိုင်ကြားနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရသည်။တိုင်ကြားနိုင်တာတော့ ဟုတ်ပါပြီ။ တိုင်ကြားတဲ့စာတွေကိုလဲ နိုင်ငံတော်သမ္မတကိုယ်တိုင် ဖတ်ပြီး ဖြေရှင်းပေးနိုင်ဖို့ လိုတယ်။ အခုလို ဖွင့်ပေးလိုက်တော့ တိုင်ကြားမယ့်စာတွေက နည်းမှာတော့ မဟုတ်ဘူး။ အမှန်တကယ် တိုင်ကြားတဲ့ စာတွေကို သမ္မတရုံးအနေနဲ့ သေ သေချာချာ လုပ်ပေးနိုင်ဖို့ လိုမယ်။ လက်ရှိလဲ သမ္မတရုံးမှာ ဝန်ကြီးတွေ အများကြီးဆိုတော့ ဒါကို သီးသန့်ဝန်ကြီးတစ်ဦး ထားပြီးတော့ လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပိုကောင်းမယ်ထင်တယ်ဟု နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်ပြောကြားခဲ့ကြောင်းသိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးWebsite


လူသားတွေကို အမြဲခြိမ်းခြောက်နေတဲ့ ကိုလက်စထရော

Posted by drmyochit Tuesday, September 11, 2012, under | No comments

 
From:ကိုရင်သာဂိ

ကိုလက်စထရော(Cholesterol) အလွန်မြင့်မားမှု၊ ကိုလက်စထရော များပြား မှုသည် ခန္ဓာကိုယ်တွင်း အစာချေ ဖျက်မှု သို့မဟုတ် ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်မူမမှန်ခြင်း ဖြစ်ပါတယ်။ ၎င်းသည် လူကြီးပိုင်း ၃ဝရာခိုင်နှုန်း လောက်ကို ဒုက္ခ ပေးပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ သွေးများကို နှလုံးအိမ်ဆီသို့ သယ်ဆောင်ပေးတဲ့ သွေးကြောကို ရောဂါဖြစ် စေတဲ့ အဓိက အန္တရာယ်ပြုတဲ့ အကြောင်းရင်းခံ တစ်ရပ်ဖြစ်ပါတယ်။ အဓိကအုပ်စုကြီး နှစ်ခုရှိပါတယ်။ ပထမအုပ်စု ပထမ အမျိုးအစားက မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ အသည်းက အစာချေ ဖျက်မှု ဖြစ်စဉ်အားနည်းမှု တစ်ခုဖြစ်ပါတယ်။ယင်းဖြစ် ရပ်သည် ကလေးအရွယ်မှာ ကိုလက်စထရော အလွန် မြင့်မားမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့်ဘ ဝတစ်လျှောက် လုံးမျက်ခြည် မပြတ်ကု သမှုပြုလုပ် ရန်လိုအပ်ပါတယ်။

ဒုတိယအုပ်စု ဒုတိယ အမျိုးအစားက လူကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့်ဖြစ်ပါတယ်။ အထူး သဖြင့် အစားအစာကို အလွန်အကျွံစားသောက်ခြင်း သို့မဟုတ် မတည့်တဲ့ အစားအစာမျိုးများကို စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။ ကိုလက်စထရောသည် အဆီဓာတ်ပါသော ဓာတ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဆီ မော်လီကျူးများ ဖြစ်ပါတယ်။ ၎င်းဓာတ်သည် ကျွန်ုပ်တို့ Cellsတွေထဲမှာ မပါမဖြစ်ပါတဲ့ ဓာတ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဓာတ်သည် Cellsများဖြင့် ဖွဲ့စည်း ထားတဲ့ခန္ဓာကိုယ် အမှေး ပါးများထဲမှာ ရှိပြီးသားဖြစ်ပြီး အစာချေဖျက်မှု လမ်းကြောင်းထဲမှာ အများကြီးပါ ဝင်ပါတယ်။ ကိုလက်စထရော လေးပုံမှာ သုံးပုံက အသည်းမှ လာပြီး ကျန်တာ ကိုအစာ မှလာပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ကိုလက်စထရောသည် ခန္ဓာကိုယ်ထဲက Cells များ အားလုံး ဆီကို ရောက်ဖို့ အဆီပါတဲ့ ပရိုတိန်း (Lipoproteins)အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အဓိက ပရို တိန်းအမျိုးအစားတစ်ခု ဖြစ်တဲ့ (LDL) အဆီပါဝင်မှု ရာနှုန်းနည်းတဲ့ ကိုလက်စထရောသည် အသည်းမှလာသည့် အဆီ ဓာတ် များကို ပို့ဆောင်ပါတယ်။ သို့သော် သွေးကြောနံရံမှာလည်း တစ်နည်းနည်းနဲ့ အဆီဓာတ် များပြားမှု ဖြစ်နိုင် ဖွယ်ရှိပါ တယ်။ ယင်းဖြစ်စဉ်သည် ဗက်တီးရီးယားများ ပေါက်ပွားနိုင်တဲ့ ကိုလက်စထရော အညှိအနယ် အနှစ်များကိုဖြစ် ပေါ်စေနိုင်ပါတယ်။ (Atheroma အညှိအနယ်အနှစ်လို့လည်းခေါ်ပါတယ်)

၎င်းအနယ်အနှစ်များသည် ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ စီးဆင်းတဲ့ သွေးများကို နှေးကွေးစွာ စီးဆင်းစေလျက် သွေးကြော တဖြည်းဖြည်း ကျဉ်းမြောင်းသွားနိုင်ပါတယ်။ အနယ်အနှစ် များသည် သွေးကြော ကို အနာလည်း ဖြစ်စေနိုင်ပြီး သွေးပျစ်ခဲမှု ဖြစ်စဉ်ရဲ့ အစလည်းဖြစ်ပါတယ်။ သွေးပျစ်ခဲ လာပြီဆိုရင် သွေးစီး ဆင်းမှု ရုတ်တရက်ရပ်တန့် သွားစေ နိုင်ပါတယ်။ ဤနည်း အတိုင်းဘဲ Cellsတွေ ဆီပို့ပေးရတဲ့အောက်ဆီဂျင်နဲ့ သြဇာဓာတ်တွေလည်း ပို့မပေးနိုင်တော့ပါဘူး။ နှလုံးသို့ သွေးပို့ပေးရတဲ့ သွေးကြောထဲမှာ သွေးပျစ်ခဲမှုဖြစ်ရင် နှလုံးရောဂါ ဖြစ်နိုင်ပါ တယ်။ ဦးနှောက်သွေးကြော သွေးပျစ်ခဲမှုဖြစ်ရင်နဲ့ သိပ်အရေး မကြီးသော သွေးကြောသွေး ပျစ်ခဲမှုရောဂါ၊ ခြေထောက်မှာ ဖြစ်ရင် လေသင်တုန်း ဖြတ်နိုင်ပါတယ်။ အဆီဓာတ် ပါဝင်မှုရာနှုန်း နည်းသော ကိုလက်စထရော အစုအပုံ (VLDL)က အဆီဓာတ် ထုတ် လွှတ်နေစဉ်ကို (Triglycerides)သကြားဓာတ်များများ ပါဝင်တဲ့ အဆီတစ်မျိုး ဖြစ်တည်မှု လို့လည်း ခေါ်ပါတယ်။ ယင်းသကြားဓာတ် များများ ပါဝင်တဲ့ အဆီဓာတ်မျိုး ဖြစ်တည်မှုများခြင်းသည် သွေးကြောကျဉ်းမှု ကိုလည်းဖြစ်စေပါတယ်။
ကိုလက်စထရော အတက်အကျ မမှန်ခြင်းနှင့် သွေးထဲမှာ အဆီဓာတ် ရာနှုန်းပိုခြင်းသည် ရောဂါလက္ခဏာကို မပြပါဘူး။ သင့်မှာအန္တရာယ် ရှိနေပြီဆိုတာ အချက်ပြ လိုက်တာဖြစ်ပါ တယ်။''သွေးထဲမှာ အဆီဓာတ် ပါဝင်မှု အခြေအနေကို စစ်ဆေး''ကြည့်ဖို့လို အပ်ပါတယ်။ ကိုလက်စထရော ပါဝင်မှုရာနှုန်းကို 200mg dl လျော့နည်းလျှင် အကောင်းဆုံးလို့ မှတ်ယူပါတယ်။ ၂ဝဝနဲ့ ၂၃၅ကြားမှာ ရှိပြီး ၂၄ဝထက်ကျော်လျှင် ကိုလက်စထရော အလွန် မြင့်မားတယ် လို့မှတ်ယူပါတယ်။

အကောင်းဆုံး LDLဟာ 130 mg dl အောက်မှာရှိသင့်ပါတယ်။ သို့သော် နှလုံးသွေးကြောရောဂါဆိုးရွားသည့် အခြေအနေမှာရှိတဲ့ ပုဂ္ဂိုလ်တွေသည် ထိုထက်ပိုနည်းတဲ့ အခြေအနေရှိအောင် လုပ် သင့်ပါတယ်။ လက်တွေ့ စမ်းသပ် မှုအရHDLအဆီဓာတ် ပါဝင်မှုမြင့်မားသည့် ကိုလက်စထရော နည်းလေကောင်းလေပါပဲ။ ထိန်းထားရမည့် အဆင့် ကတော့၆ဝmg/dl ကျော်ကျော်လောက်မှာ ထားရှိရပါတယ်။ အထူးသဖြင့် အခြားသော ကြီးမားသည့် နှလုံးရောဂါကို ဖြစ်စေတဲ့ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါရှိခြင်း သို့မဟုတ် မျိုးရိုးစဉ်ဆက် နှလုံးရောဂါပြဿနာ တို့ကဲ့ သို့သော အကြောင်းရင်း တစ်ခုခုဖြစ်ခဲ့ရင် အဆီဓာတ် ပါဝင်မှု အနည်းအများ မမှန်ကန်မှုကို ပြင်းပြင်းထန်ထန် ရရှိနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြန်လည်ရယူရန် မလုပ်မဖြစ် လုပ်ပါ။ ရှိသင့်တဲ့ ရာနှုန်းထက် အဆီ ဓာတ်ကြိမ်ဖန်များစွာ များပြားနေမယ် ဆိုရင် ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါ။ အရက် သောက်ခြင်းကို ဖြတ်လိုက်ပါ။ ကိုလက်စထရောနည်းတဲ့ အစားအစာတွေကို ရွေးချယ်ပြီး ချင့်ချိန်စားသုံးပါ။ ထို့ပြင် လေ့ကျင့်ခန်းလည်း မှန်မှန် လုပ်ရန်လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

မြန်မာ-စင်္ကာပူ ခြေစမ်းပွဲ (၁-၁) မှ ဓါတ်ပုံများ (TheVoiceWeekly)

Posted by drmyochit Tuesday, September 11, 2012, under | No comments





























Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်