Thursday, September 13, 2012
နေပြည်တော်လာရန် KIO ကို သမ္မတ ဦးသိန်းစိန် ဖိတ်ကြား
Posted by drmyochit Thursday, September 13, 2012, under | No comments
သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်းက ပြောကြားသည်။
“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီလောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။
အစိုးရအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအ၀င် ဗန်းမော်မြို့နယ်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံ ဆွေးနွေးရန် KIO အဖွဲ့မှ တာဝန်ရှိသူတို့ကိုလည်း ကမ်းလှမ်းခဲ့သေးကြောင်း သိရသည်။
“ဗန်းမော်မှာ တွေ့ရအောင်လို့ ပြောတယ်၊ မဟုတ်ဘူး၊ သူတို့က လွယ်ဂျယ်နားက ပရန်ငေါန်ကျေးရွာမှာ တွေ့မယ်ဆိုပြီးတော့ ပြောသွားတယ်၊ သူတို့နယ်မြေထဲမှာပေါ့။ ကဲ … ဒီနေရာ မကြိုက်ရင် နောက်တနေရာ မူဆယ်မှာ တွေ့ရအောင် ပြောတယ်၊ သူတို့က မဟုတ်ဘူး၊ တဖက်နိုင်ငံ တနေရာ၊ ရွှေလီမှာ တွေ့ရအောင် ပြောတယ်။ ဒီလိုနေရာ ညှိတဲ့အခါမှာ အဆင်မပြေတာလေးတွေ ရှိတယ်” ဟု ဦးအောင်မင်းက ပြောသည်။
KIO ခေါင်းဆောင်များနှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များအနေဖြင့် တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စအားလုံးကို ရှင်းပေးလို့ ရတယ်။ မူဝါဒ၊ မူဘောင်နဲ့ ကိုက်ညီတဲ့ ဥစ္စာတွေ ဥပဒေက ခွင့်ပြုထားတဲ့ ဥစ္စာတွေကို အကုန် ရှင်းပေးလို့ရတယ်။ သို့သော်လည်းပဲ ဒီစစ်ရေး စွမ်းအားကိုတော့ ကျနော် ရှင်းပေးလို့ မရဘူး။ ဒါတွေ အားလုံးက နှစ်ဘက်တပ်တွေက ဒီဘက်က တပ်ခေါင်းဆောင်တွေနဲ့ ဟိုဘက်က တပ်ခေါင်းဆောင်တွေ ရှင်းရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအောင်မင်းက ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ အစိုးရထံသို့ တရားဝင် အစည်းအဝေး ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဖြစ်မလာကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်သို့ ပြောသည်ဟု ဘားမား ဗီဂျေ မီဒီယာ၏ ရုပ်သံသတင်းတွင် ဖော်ပြထားသည်။
“တရားဝင် အစည်းအဝေးလုပ်ရအောင် ကျနော်တို့ တောင်းဆိုတယ်၊ ရွှေလီမှာပဲ တကြိမ် တရားဝင် အစည်းအဝေးလုပ်မယ်၊ မူတခု ချမယ်၊ မူချပြီးလို့ရှိရင် ကျနော်တို့ မြစ်ကြီးနားမှာ လုပ်ရအောင်လို့ ပြောထားပြီးသား။ မြစ်ကြီးနား ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမှာကအစ အဆိုပြုထားတယ်။ ဒါပေမယ့် တရားဝင် အစည်းအဝေးက ဖြစ်မလားဘူး” ဟု ဗိုလ်မှူးချုပ် ဂွန်မော်က ပြောကြောင်း အဆိုပါ ရုပ်သံသတင်းအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာ နှစ်ဘက်ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အစိုးရ တပ်မတော်က သမ္မတ၏ အမိန့်ကို နာခံခြင်း ရှိမရှိ ဧရာဝတီက မေးမြန်းခဲ့ရာ ဦးအောင်မင်းက “တပ်မတော်က အမိန့်မနာခံဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း တပ်မတော်သားပဲ။ အထက်က အမိန့်ပေးရင် ဖြစ်အောင်လုပ်ရမှာပေါ့။ တိတိကျကျ လိုက်နာရမှာပေါ့။ ပေးလည်းပေးပြီးသားပဲ။ စာရွက်စာတမ်းကအစ ကျနော်တို့က ရှိပြီးသားပဲ။ ဒီစာရွက်စာတမ်းတွေကိုလည်း တိုင်းရင်းသား အကုန်လုံးကို လိုက်ဖြန့်ဝေထားတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှုပ်ထွေးနေလို့ ဖြစ်တဲ့အခြေအနေလို့ပဲ ကျနော်ယူဆပါတယ်။ တပ်မတော်က အမိန့်မနာခံတာ မဟုတ်ပါဘူး” ဟု ဖြေကြားသည်။
ကချင်ဒေသတွင် ယမန်နှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသော ဒေသခံ ဒုက္ခသည်များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ၉၀၀၀၀ ခန့် ရှိကြောင်း သိရသည်။
(သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို မကြာမီ ဖော်ပြပါမည်။)
ဘာသာရေးဖိနှိပ်ခြင်း မဟုတ်၊ စည်းကမ်းပြည့် ၀သော ဒီမိုကရေစီသာ
Posted by drmyochit Thursday, September 13, 2012, under | No comments
          ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး ၄ မျိုးဖြစ်သည့် ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလမ်ဘာသာများ ထွန်းကားခဲ့ပြီး မြန် မာနိုင်ငံတွင် ပျူခေတ်နှင့်ရခိုင် သမိုင်းကြောင်းများအရ ဗုဒ္ဓဘာသာမှာ မဇ္စျိမဒေသ များနှင့်အတူ စတင်ထွန်းကားခဲ့ပြီး ရှေးကျ သော ဘာသာတစ်ခုအဖြစ်တွေ့ရသည်။ ပုဂံခေတ်တွင် ပိုမို အသက် ၀င်လာပြီး သာသနာတော်ပိုမိုလျင်မြန်စွာပျံနှံ့လာခဲ့သည်။ လက်ရှိ စာရင်းအရ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ခရစ်ယာန် ဘာသာမှာ ဗြိတိသျှကိုလိုနီခေတ်တွင် ခရစ်ယာန် မစ်ရှင်အဖွဲ့နှင့်ပါရှိလာပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းများကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက်လာခြင်းဖြင့် ပျံ့နှံလာ ခဲ့သည်။ ရခိုင်၊ မွန်၊ ရှမ်းပြည်နယ်အပါအ၀င် မြေပြန့်ဒေသများတွင် ဗုဒ္ဓဘာသာပျံနှံ့ပြီးဖြစ်သဖြင့် အဓိကနတ်ကိုးကွယ်သူများပြီး လမ်းပန်းဆက်သွယ် မှုခက်ခဲသည့်တောင်တန်းဒေသများကို မစ်ရှင်အဖွဲ့များ က ဦးစားပေးသာသနာပြုလုပ်ငန်းများ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
          အစ္စလာမ်ဘာသာမှာမူ မိမိနိုင်ငံအတွင်း သာသနာပြုပျံနှံ့လာခြင်းမဟုတ်ဘဲ အနောက်ဘက် မွတ်စလင်နိုင်ငံများမှ ကိုလိုနီခေတ်ဝင်ရောက်လာသူများနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း တရားမ၀င် ၀င်ရောက်လာသူများနှင့် အတူပါရှိလာခြင်းသာဖြစ်သည်။ အစ္စလာမ်ဘာသာမှာ ဗုဒ္ဓ၊ ခရစ်ယာန်ကဲ့သို့မြန် မာနိုင်ငံအတွင်းသာသနာပြုခြင်းဖြင့် ပျံ့နှံလာခြင်း မဟုတ်ဘဲ မူလအစ္စလာမ်ဘာသာဝင်များ၏ လူဦးရေ တိုးပွားလာမှုကြောင့်သာ ကိုးကွယ်သူများပြား လာခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမှာ မရှိသလောက် အလွန်တရာမှ နည်းပါးသည်။
ရှေးအကျဆုံးဖြစ်သည့်ဗုဒ္ဓဘာသာမှာ ရှေးယခင်ကပင် ဘာသာဝင်များ၏အထွဋ်အမြတ်ထားမှု ကြောင့် ဒေသ အတွင်း ရှိမြင့်မားသောတောင်ကုန်းများတွင် စေတီ၊ ဘုန်းကြီးကျောင်းများ ဆောက်လုပ် ကိုးကွယ်သည့်အလေ့အထရှိခဲ့သည်။ ကိုလိုနီ ခေတ်တွင် လေကြောင်းဓာတ်ပုံများရိုက်ကူး၍ မြန်မာပြည် မြေပုံထုတ် လုပ်ခဲ့ပြီး ကော်မရှင် နာမင်းကြီးများထံမှ စေတီပုထိုးများ၊ ခရစ်ယာန်ကျောင်းများနှင့် ၎င်းတို့နှင့် ပါရှိလာသည့် အစ္စလာမ်ဘာသာဝင်များအတွက် ဗလီများကို သာသာနာပိုင်နယ်မြေအဖြစ် သတ်မှတ်ပေး ခဲ့သည်။ ရှေးယခင်ကတည်းကပင် တည်ထားကိုးကွယ်ခဲ့သည့် ဘုရား၊ပုထိုးများ၊ ကျောင်းကန်များကို နိုင်ငံတော် အစိုးရနှင့် အဖွဲ့အစည်းများ၊ သဒ္ဓါတရားထက်သန်သူများက ပြန်လည်မွမ်းမံခြင်း၊ ပြုပြင် တည်ဆောက်ခြင်း များဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း သာသနာ့မြေအဖြစ်သတ်မှတ်ပေးထားခြင်း မရှိသည့်နေရာများတွင် စေတီတည် ထားကိုးကွယ်ခြင်း၊ ဘုန်းကြီးကျောင်းဆောက်လုပ်ခြင်းတို့ကို ခွင့်မပြု ပေ။ ပြီးခဲ့ သည့် ဇွန်လကလည်း နေပြည်တော်တွင် သာသနာ့မြေမဟုတ်ဘဲ ကျူးကျော်ဆောက်လုပ် ထားသည့်ဘုန်းကြီးကျောင်းများကို ဥပဒေနှင့် မညီညွတ် သဖြင့် နေပြည် တော်ကောင်စီ၏အစီအစဉ်ဖြင့် ဖယ်ရှားခဲ့ရသည်။ ဤကဲ့သို့အဖြစ်အပျက်များမှာ နိုင်ငံအနှံ့နေရာအတော်များများတွင် ကြုံတွေ့ရ သည့် ပြဿနာများပင်ဖြစ်သည်။ အချို့သဒ္ဓါတရားထက်သန်သူများအနေဖြင့် လူပုဂ္ဂိုလ်ယုံကြည်ကိုးကွယ်မှုဖြင့် ရပ်ကွက် အတွင်းမြေကွက်ဝယ်၍လှူဒါန်းပြီး သံဃာတော်များအား ကျောင်းဆောက်ကာ သီတင်းသုံးစေခြင်း မျိုးကြုံတွေ့ရသည်။ သာသနာမြေမဟုတ်သဖြင့် သာသနာရေးဦးစီးဌာနနှင့် သံဃာနာယက အဖွဲ့တို့ ပူးပေါင်းပြီး ဖယ်ရှားခြင်းများ မကြာခဏ ဆောင်ရွက်ရလေ့ရှိသည်။ မိမိတို့နိုင်ငံအတွင်း ဘာသာတိုင်း၊ လူမျိုးတိုင်းယုံကြည်စွာ ကိုးကွယ်ခွင့်ရှိသည်။ သို့သော်လည်း စနစ်တကျစည်းကမ်းရှိစေရန် များစွာ အသိပညာပေးရဦးမည်ဖြစ်သည်။ အလားတူပင် အစ္စလာမ်ဘာသာဝင်များသည်လည်း ရပ်ကွက်၊   ကျေးရွာ များတွင် သာသနာပိုင်မြေမဟုတ်သည့်နေရာများ၌ ဗလီများတိုးချဲ့လာခြင်း၊ သင်္ချိုင်းများတိုးချဲ့လာခြင်း တို့ကို တွေ့မြင် နေရသည်။ ၎င်းတို့ကို စည်းမျဉ်း ဥပဒေများနှင့် အညီထိထိရောက်ရောက်တားမြစ်သင့်သည်။ ဘာသာရေးဖိနှိပ် ချုပ်ချယ်မှုမဟုတ်ပါ။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကျင့်ထုံးနည်း ပင်ဖြစ် သည်။
          စက်တင်ဘာလ ၈ ရက်နေ့ ဧရာဝတီသတင်းတွင် ချင်းခရစ်ယာန်များ ဖိနှိပ်ခံနေရသည်ဆိုသည့် ခေါင်းစဉ်နှင့် သတင်းတစ်ပုဒ်ပါလာသည်ကိုတွေ့ရသည်။ သာသနာရေးက လက်ဝါးကပ်တိုင် ၁၃ ခု ဖြုတ်ချ ခဲ့သည်ဟု ဖော်ပြထားတယ်။ ၎င်းမှာ လည်း ဥပဒေနှင့်မညီညွတ်သည့်တရားမ၀င်ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်း များဖယ်ရှားခံရသကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ကျွန်တော် လည်း လွန်ခဲ့တဲ့နှစ်က ကယားပြည်နယ်၊ ချင်းပြည်နယ်များကိုရောက်ရှိခဲ့သည်။ ကားလမ်းပေါ်မှကြည့် လိုက်လျှင် မြင့်မားသည့် တောင်ကုန်းတိုင်းတွင် လက်ဝါးကပ်တိုင်များစိုက်ထားသည်ကိုတွေ့ရသည်။ ၎င်းတို့သည် ကိုလိုနီခေတ်ကတည်းက စိုက်ထူခဲ့ခြင်း မဟုတ်ဘဲ နောက်ပိုင်းတွင် ဒေသခံများကနယ်မြေချဲ့ပြီး စိုက်ထူခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်များထုတ်ခဲ့သည့် မြေပုံများကို တွေ့မြင်ဖူးပါသည်။ လက်ဝါးကပ်တိုင်နှင့် ဘုရားကျောင်းများတွဲလျက်သာ တည်ဆောက်ခဲ့ကြ သည်။ သို့သော်လည်း ယခု နောက်ပိုင်းတွင် တောင်မြင့်မြင့်တွေ့တိုင်း လက်ဝါးကပ်တိုင်သီး သန့်(ဘုရား ကျောင်းမပါ)စိုက်ထူလာသည်ကို တွေ့ရသည်။ သာသ နာ့ မြေလည်းမဟုတ်ပါ။ ရှေးက ဗုဒ္ဓဘာသာဝင် များ၏ တောင်မြင့်မြင့်တွင် ဘုရားတည် သည့်ဓလေ့ကို ပုံတူကူးချထားသလားဟု အောက်မေ့ရသည်။ ကျွန်တော် တို့်နိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း ဆော်ဒီနိုင်ငံကဲ့သို့ ဘာသာရေးဖိနှိပ်မှု လုံးဝမတွေ့ရပါ။ ဘာသာရေးဖိနှိပ်ခဲ့လျှင်လည်း တရားစွဲခံရမည်သာဖြစ်သည်။ မိမိအနေဖြင့် မည်သည့် ဘာသာ ဘက်မှ အထူးပြုရေးသားခြင်း မဟုတ်ပါ။ စဉ်းစားတွေးခေါ်တတ်စေရန် အပြုသဘောဖြင့် ရေးသား ရခြင်းသာဖြစ်ပါသည်။
ဝေယံမိုး
ပါရှန်ပင်လယ်ကွေ့အတွင်း စစ်ရေးလှုပ်ရှားမှုများ အီရန် စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိ
Posted by drmyochit Thursday, September 13, 2012, under | No comments
တီဟီရန် စက်တင်ဘာ ၁၂
အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လှုပ်ရှားမှုကို စဉ်ဆက်မပြတ်စောင့်ကြည့် လျက်ရှိကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။
ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ပိုမိုနီးကပ် လာသည့်အတွက် လုံခြုံရေးကို အလေးထား ဆောင် ရွက်လျက်ရှိ ကြောင်းနှင့် အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ လုံခြုံမှု ထိန်းသိမ်းရေး နှင့် စစ်ရေးအရ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့်လျက် ရှိကြောင်း အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံသည် နိုင်ငံပေါင်း ၂ဝ နှင့် ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက်မှ ၂၇ ရက်အထိ စစ်ရေး လေ့ကျင့်မှုများ ပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အီရန်နိုင်ငံ အနေဖြင့် ဟော်မုဇ် ရေလက်ကြား၊ ပါရှန် ပင်လယ်ကွေ့နှင့် ဒေသတွင်း နိုင်ငံများ လုံခြုံရေးကို ကာကွယ်ပေး နိုင်ကြောင်း အီရန်စစ်ဘက် အရာရှိကြီး များကမကြာ ခဏ ပြောကြား လေ့ရှိသည်။
နိုင်ငံတကာ အဏုမြူ အေဂျင်စီအဖွဲ့ဝင် ၃၅ ဦး ပါဝင်သည့် ဘုတ်အဖွဲ့သည် အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ သီ တင်းပတ် တစ်ပတ်ကြာ ဆွေးနွေးမှု စတင်ခဲ့ကြောင်း သိရသည်။ အီရန် နျူကလီးယား အရေးနှင့် ဆွေးနွေးမှု များသည် နည်းပညာနှင့် တရားဥပဒေ ဘောင်အတွင်းကသာ လုပ်ဆောင် သင့်ကြောင်း အီရန် အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
Apple ကုမ္ပဏီက iPHONE 5 တရားဝင် မိတ်ဆက်ပွဲထုတ်
Posted by drmyochit Thursday, September 13, 2012, under | No comments
အမေရိကန်ပြည်ထောင်စုက သတင်းနည်းပညာ ဧရာမ ကုမ္မဏီကြီးဖြစ်တဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဟာ အားလုံးက မျှော်လင့် စောင့်စားနေကြတဲ့ iPhone အမျိုးအစားသစ် လက်ကိုင်ဖုန်းဖြစ်တဲ့ iPhone 5 ကို စက်တင်ဘာ (၁၂)ရက်နေ့က စတင် မိတ်ဆက် ပွဲထုတ်လိုက်ပါပြီ။ အခု iPhone 5 ဟာ အရင်နှစ်က ရောင်းချခဲ့တဲ့ iPhone 4S ထက် မြင်ကွင်း screen ပိုကြီးပေမဲ့ iPhone 4S ထက် သေးငယ် ပေါ့ပါးတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။
ကာလီဖိုးနီးယား (California) ပြည်နယ်က ဆန်ဖရန်စစ္စကို (San Francisco) မြို့မှာ ကျင်းပတဲ့ Apple ကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ iPhone 5 ကို မိတ်ဆက်ပွဲထုတ်ခဲ့တာပါ။ အရင်က iPhone 4S ဟာ တတိယမျိုးဆက်ကွန်ယက် (Third Generation Network) 3 G နဲ့ ချိတ်ဆက်မှု ၀န်ဆောင်ပေးထားစဉ်မှာ တောင်ကိုးရီး ယားက  Samsung ကုမ္ပဏီက စတုတ္ထမျိုးဆက်ကွန်ယက် (Forth Generation Network) 4 G နဲ့ ချိတ်ဆက် ၀န်ဆောင်မှုပေးတဲ့ Android အမျိုးအစား Galaxy S III လက်ကိုင်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့တာကြောင့် iPhone အမျိုးအစား လက်ကိုင်ဖုန်းတွေ ဈေး ကွက်မှာ အရောင်းထိုင်းသွားခဲ့ပါတယ်။
တခြား လက်ကိုင်ဖုန်း အမျိုးအစားတွေကလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်လာ တာကြောင့် ကမ္ဘာ့လက်ကိုင်ဖုန်း ဈေးကွက်မှာ အဆင့်မြင့်နည်းပညာ smart phone တွေကို ပဲ တောင်းဆိုလာခဲ့ကြတာပါ။
အခုအခါမှာတော့ ဒီ လက်ကိုင်ဖုန်း smart phone တွေထဲမှာ ဦးဆောင်မှုကို ပြန်ပြီးရယူဖို့ iPhone 5 နဲ့ Apple ကုမ္ပဏီက ကြိုးပမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခု iPhone 5 ကို အလျူမီနီယံသတ္ထုနဲ့ ဖလ်နဲ့ ပေါင်းစပ်ထုတ်လုပ်ပြီးတော့ အထူ (၇.၆) မီလီမီတာ၊ ဗျက် (၁၀၂) မီလီမီတာ၊ အလေးချိန် (၁၂၂) ဂရမ်ရှိတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။
Phone 5 မှာ မိုက်ကရိုဖုန်း သုံးလုံးပါရှိပြီး အင်တာနက်ချိတ်ဆက်မှုတွေကို အမြန်ဆုံး speed နဲ့  ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ကြောင်း၊ အနိမ့်ဆုံး 16 giga bite သိုလှောင်နိုင်တဲ့ iPhone 5 တစ်လုံးကို နှစ်နှစ် စာချုပ်နဲ့ တယ်လီဖုန်းလိုင်း ယူသူတွေကို အမေရိကန်ဒေါ်လာ (၁၉၉) ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
From-VOA 
"သရုပ်ပျက်ဝတ်စားဆင်ယင်မှုအတွက် ကိုယ့်တာဝန် ကိုယ်ယူကြရန် လူမင်းပြောပြီ"
Posted by drmyochit Thursday, September 13, 2012, under | No comments
သရုပ်ပျက်လာသည့် မြန်မာသရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုအားလက်ရှိအချိန်အထိ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန် ထားခြင်း မရှိသေးကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရှိရသည်။ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများက သရုပ် ပျက်ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ သတိပေးတားမြစ်ချက်များရှိလာပါက ဖန်တီးသူ ကိုယ်တိုင် ဖြေရှင်းရ မည်ဖြစ် ကြောင်ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌကဆိုသည်။ “အနုပညာဆိုတာ လွတ်လပ်စွာတွေးခေါ် ဖန်တီးခွင့် ရှိရမယ် ဆိုတာ အခြေခံ အချက်ရှိတယ်။ ဘယ်လိုမပြောရဘူး ၊ ဘယ်လိုမဆိုရဘူး ၊ ဘယ်လို မ၀တ်ရဘူး မစားရဘူးဆိုတာ ကျွန် တော် တို့အစည်းအရုံးအနေနဲ့ စည်းကမ်းချက်တွေသတ်မှတ်ပြီး ပြဌာန်းပြီး သတ်မှတ်ဖို့ မရှိဘူး။ လွတ်လပ် ပွင့်လင်း လာတာနဲ့အမျှ လူတိုင်းက ကိုယ့်တာဝန် ကိုယ်ယူရမှာဘဲ ဥပမာလွတ်လွတ်လပ်လပ်ပြောဆို ရိုက်ကူးရင်းနဲ့ ဌာနဆိုင်ရာ တစ်ဦးဦးပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးပဲဖြစ်ဖြစ် ထိခိုက်တာမျိုးဖြစ်လာခဲ့ရင် အဲ့ဒီလူကို ဌာနဆိုင်ရာက တရားစွဲခဲ့မယ်ဆိုရင်ပေါ့ ဖန်တီးတဲ့လူကပဲ တာဝန်ယူပြီး ဖြေရှင်းရမယ်။ “ ဟု ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ လူမင်းက ပြောသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းလာခြင်းနှင့်အတူ လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းအား လက်ခံနိုင်သော်လည်း မြန်မာ့ရိုးရာ ၀တ်စား ဆင်ယင်မှုကို ပျောက်ကွယ် မသွားစေရန် ထိန်းသိမ်းရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
 “၀တ်တာကတော့ ခေတ်နဲ့အမြင်ဝတ်တာပါ။ လူငယ်တွေအတုခိုးတယ် မခိုးဘူးဆိုတာကတော့ တခြားနိုင် ငံခြား ကား တွေမှာလည်း ၀တ်နေကြတာပဲ။ ဇာတ်လမ်းဇာတ်ကွက်အရ ၀တ်စားဆင်ယင်တာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မြန်မာ့ ယဉ်ကျေး မှုဆိုတာကတော့ အရှေ့မှာcover လေး တစ်ခုရှိတယ်။ စကတ်တိုဝတ်သင့်တဲ့နေရာမျိုးဆိုရင်လည်း ၀တ်ရ မှာပေါ့နော်။ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ၀တ်ရမယ်၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကိုလည်း မပပျောက်စေချင်ဘူး။ မြန်မာ ဆိုတဲ့ဂုဏ်လေးနဲ့ သရုပ်ဆောင်တွေက ထိန်းထိန်း သိမ်းသိမ်းလေး လုပ်သင့်တယ်“ ဟု ရုပ်ရှင်သရုပ်ဆောင် မြင့်မြင့်ခိုင်က ၄င်း အမြင်ကို ပြောသည်။ရုပ်ရှင်သရုပ်ဆောင်များအနေဖြင့် ဇာတ်လမ်းဇာတ်ကွက်အရ စကတ်တိုများ ၀တ်ရသည်မှာ မှန်သော်လည်း မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်သွားသည် အထိ မ၀တ်သင့်ကြောင်းနှင့် မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ကြောင်း ၀ါရင့် ရုပ်ရှင်အနုပညာရှင်အချို့က အကြံပြုပြောဆိုသည်။ လူငယ်များအနေဖြင့် စကတ်တိုနှင့် ဂျင်းဘောင်းဘီများ ၀တ်ဆင်ခြင်းသည် ဖက်ရှင်ကျပြီး လွတ်လပ်ခြင်းတို့ကို ခံစားရသောကြောင့် ၀တ်ဆင်လာခြင်းဖြစ်ကြောင်း ဆယ်ကျော်သက်လူငယ်များထံက သိရှိရ သည်။“ပြောမယ်ဆိုရင် အဆင့် အတန်းမြင့် လာတာပေါ့။ အဲ့လိုဝတ်တာကတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ မြန်မာကားတွေမှာတော့ သိပ် မ၀တ်စေလိုဘူး။ လူမြင်ရင် ဟိုဒင်းဖြစ်မှာ ကြောက်လို့။ဒါပေမဲ့လည်း အပြင်မှာ လူတိုင်းက ၀တ်နေကြတာပဲလေ ၀တ် ချင်စားချင် ကြတာပဲ” ဟုလှည်းတန်း DJ Jean ဘောင်းဘီဆိုင်သို့ လာရောက်ဈေးဝယ်သူတစ်ဦးက ပြောသည်။လူငယ်အချို့မှာ ခေတ်မီစွာဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်၍ ဖက်ရှင်ကျသည်ကို ကြိုက်နှစ်သက်သော်လည်း   မြန်မာ့ရုပ်ရှင်ကားများ တွင် မသင့် လျော်သည့် ပုံစံများဖြင့် မရိုက်ကူးသင့်ကြောင်း အသက်အရွယ်ကြီးမားသူများက အကြုံပြုပြောဆိုကြသည်။
မြစ်မခမီဒီယာ
လုပ်သက် ၁၅ နှစ်ကျော် ဆရာ၊ ဆရာမများ ရာထူးတစ်ဆင့်နှင့် လစာများ တိုးမြှင့်ပေးမည်
Posted by drmyochit Thursday, September 13, 2012, under | No comments
From : ခေတ်လူငယ်
လုပ်သက် ၁၅ နှစ်မှ နှစ် ၂၀ အတွင်းရှိ ဆရာ၊ ဆရာမများအား တစ်ဆင့်မြင့် ရာထူးများနှင့် လစာများ တိုးမြှင့်ပေးသွား မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ “ရာထူးတိုးမြှင့်ခံရတဲ့ ဆရာ၊ ဆရာမတွေ ကို မူရင်း လစာနှုန်းထားအပေါ် ကျပ် ၆၀၀၀ လောက်အထိ ထပ်ပြီးတိုးမြှင့်ပေးမယ်။ ဒီပမာဏက နိုင်ငံတော်က သတ် မှတ်ပြဋ္ဌာန်းထားတဲ့ အတိုင်းပါပဲ” ဟု ဒုတိယဝန်ကြီးက ပြောသည်။ ယင်းသို့ တိုးမြှင့်ပေးရာတွင် ၂၀၁၂ မတ် ၃၁ ရက်တွင် သက် ၂၀ ပြည့်ပြီးသော မူလတန်းပြဆရာ၊ ဆရာမများအား ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်မှ စတင်၍ အလယ်တန်းပြဆရာ၊ ဆရာမများအဖြစ် လည်းကောင်း၊ လုပ်သက် အနည်းဆုံး ၁၅ နှစ်မှ နှစ် ၂၀ အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား ယခုလအတွင်းတွင် လည်းကောင်း၊ မူလတန်းကျောင်းအုပ်များအား ပညာရှင်အဆင့်-၂ အဖြစ်လည်းကောင်း၊ အလယ်တန်း ကျောင်းအုပ် (ပညာရှင်အဆင့်-၃) အား (ပညာရှင်အဆင့်-၄) အဖြစ်လည်းကောင်း တိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် တိုင်း/ပြည်နယ် ပညာရေးမှူးများအား ညွှန်ကြားရေးမှူးအဆင့် လစာခံစားခွင့်၊ ခရိုင်ပညာရေးမှူးများအား ဒုတိယညွှန်ကြားရေးမှူးအဆင့် လစာ ခံစားခွင့်၊ မြို့နယ်ပညာရေးမှူးများအား လက်ထောက် ညွှန်ကြားရေးမှူးအဆင့် လစာခံစားခွင့်များ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ပညာသင်ကြားရင်းနဲ့ စိတ်ဓါတ် အင်အားတွေ တိုးမြှင့်လာစေဖို့အတွက် ရည်ရွယ်ပြီး ဒီစီမံကိန်းကို လုပ် ဆောင်တာ ဖြစ်ပါတယ်။ လေးနှစ်အတွင်းမှာ မူလတန်းပြဆရာ၊ ဆရာမ ၆၀၀၀၀ ကို တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိ ယဝန်ကြီးက ဆိုသည်။ ယင်းနှင့် ပတ်သက်၍ လသာမြို့နယ် အထက်တန်းပြ ဆရာမတစ်ဦးက “ဒီကိစ္စက လုပ်သင့်တဲ့ကိစ္စပါ။ အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေလဲ ပိုပြီးထွက်ပေါ်လာနိုင်တယ်။ ပိုပြီးတော့ ကြိုးစားချင်စိတ် ရှိလာကြလိမ့်မယ်လို့ ထင်ပါ တယ်” ဟု ပြောသည်။ အဆိုပါ ရာထူးတိုးမြှင့်ပေးခြင်းများကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် ဘတ်ဂျက်ငွေ တစ်လလျှင် ၂၃၀၄ ဒသမ ၈၅၄ ဘီလီယံနှင့် တစ်နှစ်လျှင် ၂၇၇၇၈ ဒသမ ၂၄၈ ဘီလီယံကို အကုန်အကျခံ အသုံးပြုသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌဟောင်း ယမန်နေ့က သတ်ဖြတ်ခံရ
Posted by drmyochit Thursday, September 13, 2012, under | No comments
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း ယမန်နေ့ ညနေပိုင်းက ကျောက်တော်မှ အိမ်အပြန် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။သတ်ဖြတ်ခံရသူ ကောင်စီ ဥက္ကဌ ဟောင်းမှာ သရက်အုပ်ကျေးရွာမှ ဦး ကျော်မောင်ချေ(၆၄) နှစ်ဖြစ် သည်။ဖြစ်ပျက်ပုံနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ နိရဉ္စရာသို့ ပြော သည်။
ကျောက်တော်မြို့နယ် ရခိုင်သားပိုင် ဆန်စက် လွန်ခဲ့သောလက မီးရှို့ခံထားရစဉ်။“မနေ့က ည ၅ နာရီကျော်ကျော်ခန့်မှာ ကျောက်တော်ကနေ ကိုယ့်ရွာကို တယောက်တည်းပြန် သွား တယ်။ နေ၀င်လာတဲ့အချိန်မှာ အိမ်ကိုမရောက်တဲ့အတွက် အိမ်ကလူတွေ က ကျောက်တော် ကို ဖုန်း ဆက်ပြီးမေးတယ် ။ ကျောက်တော်က လည်း ပြန်သွားပြီးလို့ ပြောတဲ့ အတွက် ရွာကလူ ၆ ဦးလိုက်ရှာ တဲ့အခါ လမ်းမှာ သူ့ဖိနပ်နဲ့ သွေးတွေကိုတွေ့တဲ့အတွက် ရွာကလူတွေကို ထပ်ခေါ်ပြီး ရှာတဲ့အခါ ဖိနပ် တွေ့တဲ့နေရာနဲ့ ကိုက် ၂၀၀ ခန့်မှာ အလောင်းကို တွေ့ပါတယ်” ဟု ပြောသည်။အခင်းဖြစ်ပွားသည့်နေရာမှာ ကျောက် တော်မြို့နှင့် သရက်အုပ်ကျေးရွာအကြားတွင်ဖြစ်ပြီး အဆို ပါ နေရာများမှာ ဘင်္ဂလီများပိုင်ဆိုင်သည့် လယ်မြေများဖြစ်ကြောင်း သိရသည်။ဦးကျော်မောင်ချေမှာ ယမန်နေ့က မလေးရှားရှိသားဖြစ်သူထံမှ ပေးပို့လိုက်သည့်ငွေများ ကို ကျောက်တော်မြို့တွင် နေထိုင်သည့် သမီးအကြီးဖြစ်သူထံမှ တဆင့်ယူပြီး အကြွေးများပေးရန်ရှိ သည်ကို ပေးဆပ်ပြီး ရွာသို့ အပြန်တွင် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်သည်။ယခုအခါ ဦးကျော်မောင်ချေအလောင်းကို ကျောက်တော်ဆေးရုံး ရင်ခွဲရုံတွင် ထားရှိပြီး လူအများ အပြား လာရောက်ကြည့်နေကြောင်း သိရသည်။
“ ဒဏ်ရာက ဦးခေါင်းမှာတချက်ရှိတယ်။ ကျောကုန်းမှာလည်းဒဏ်ရာတွေ ရှိတယ်။ လည်ပင်းကိုလည်း ဓါးနဲ့ လှီးထား တာတွေ့ရပါတယ်။ ဒဏ်ရာတွေက ဓါးခုတ်ရာတွေပါ” ဟု သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံတဦးက ပြောသည်။
ယခုအခါ ကျောက်တော်မြို့ ရဲစခန်းမှ အမှုနှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ယနေ့ နံနက်က အခင်းဖြစ် ပွားနေ ရာအနီးတွင် ဓါးနှင့် တွေ့ရသည့် ကျောက်တော် ပိုက်သည်ရပ်မှ ဘင်္ဂလီ နှစ်ဦးကို ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
ဦးကျော်မောင်ချေမှာ ဇနီးဖြစ်သူနှင့်အတူ သားသမီး ၇ ဦးကျန်ခဲ့ကြောင်း သိရသည်။
ဦးကျော်မောင်ချေသတ်ဖြတ်ခံရသဖြင့် ကျောက်တော်မြို့ အခြေအနေမှာ ပြန်လည် တင်းမာနေပြီး အခြေအနေမှာ ပြန်လည် ဆိုးရွားလာနိုင်သော အခြေအနေတွင် ရှိနေကြောင်း သိရသည်။ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ထားပြီး လုံခြုံရေး တင်းကျပ်ထား ထားသော် လည်း ယခု လုပ်ရပ် အပေါ် ရခိုင်အမျိုးသားများက လုံးဝ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။ကျောက်တော်မြို့နယ်တွင် အကျင့်ပျက် စစ်သားများက ပိုက်ဆံယူပြီး ဘင်္ဂလီတဦးကို စစ်ယူ နီဖောင်း ၀တ်ပြီး သူတို့နှင့်အတူ ယမန်နေ့ နံက်နက်ပိုင်းက ဈေးလာဝယ် သည့် အတွက် ကျောက်တော်မြို့တွင် ရုတ်ရုတ် သဲသဲ ဖြစ်ပေါ် ခဲ့ကြောင်း မြို့ခံများကပြောသည်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီး မိမိကိုယ်မိမိ အဆုံးစီရင်
Posted by drmyochit Thursday, September 13, 2012, under | No comments
From : မြဝတီ
ဂျပန်ဘဏ္ဍာရေး ဝန်ကြီး တာဒါဟီရို မစ်စူရှီတာသည် ၄င်း၏ နေအိမ်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို စက်တင်ဘာ ၁ဝ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။
မစ်စူရှီတာသည် လက်ရှိ အာဏာရ အစိုးရအဖွဲ့တွင် ပါဝင်သည့် ပြည်သူ့ ပါတီသစ် ပါတီမှ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ၄င်းအား ဇွန်လအတွင်းက အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၇၃ နှစ်ရှိ မစ်စူရှီတာသည် စာတိုက်စနစ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုင်ရာ ဝန်ကြီး အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ကြောင်း သိရသည်။
၎င်း၏ သေဆုံးမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
စေ့စပ်ဆဲကာ လမှာပင် သဘော ထားကွဲလွဲနေ သည့် ပုသိမ်NLD
Posted by drmyochit Thursday, September 13, 2012, under | No comments
ရေးရှိစဉ်က လုပ်ဆောင်ပေး ခဲ့ကြသော လူကြီးများကို တံခါးပိတ်တွေ့ဆုံမှုပြုလုပ်ပြီးနောက် ကော်မရှင်(ပုသိမ်မြို့နယ်) ဥက္ကဌမှ ပုသိမ်အောင်နိုင်ရေးအဖွဲ့အတွက် လုပ်ဆောင်ပေးခဲ့ကြသော လူကြီးများအား တောင်းပန်မှုများပြုလုပ် ခဲ့ကြောင်း ပါတီဝင်များက တဆင့်သိရသည်။
ဒေါသစိတ်ကြောင့် လူသတ်တရားခံ ဖြစ်သွားတဲ့ မေဇွန်
Posted by drmyochit Thursday, September 13, 2012, under | No comments
ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှု ကျူးလွန်တဲ့ အဖြစ်ကို ရောက်သွားခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်း ကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက်ရာက ဖြစ်သွားခဲ့ တဲ့ လူသတ်မှုဖြစ်စဉ်ပါ။
သေဆုံးသွားတဲ့ မနုနုလွင်ဆိုတဲ့ အိမ်ဖော်မလေးကို သူကိုယ်တိုင် သတ်လိုက်တယ်လို့ အိမ်ရှင် မမေဇွန်က ၀န်ခံလိုက်တဲ့ အကြောင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါလာပါပြီ။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မမေဇွန် ခရီးသွားပြီး ပြန်လာမှ အိမ်ပေါ်တက်၊ ပြေးဆင်းပြီး ရပ်ကွက်ကို အကူ အညီ တောင်း ရဲစခန်းအကြောင်းကြားလို့ ပုပ်ပွနေတဲ့ အိမ်ဖော်မလေးရဲ့ အလောင်းကို ရဲတွေက တွေ့ရှိပြီး ပထမတော့ လူသေမှုနဲ့ ရဲက အမှုဖွင့်ထားခဲ့တာပါ။
ဒါပေမယ့် သံသယဖြစ်စရာ အလောင်းက ဒဏ်ရာတွေနဲ့ကြောင့် အိမ်ရှင် မေဇွန်နဲ့ နောက်ထပ် အိမ်ဖော် မလေး ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မဇင်ဇင်ထိုက်ကို စစ်ဆေးရင်းက အခုလို လူသတ်မှုကို ၀န်ခံ ထွက်ချက်ပေး လိုက်တာဖြစ်ပါသတဲ့။
တရားခံဖြစ်တဲ့ မေဇွန်က အိမ်အကူ မိန်းကလေးကို စိတ်မထင်ရင် မထင်သလို ဆံပင်ဆွဲ ခေါင်းနဲ့ နံရံဆောင့်တာ၊ ဆံပင် ဆွဲပြီး ဦးခေါင်းနှင့် နံရံကို စောင့်တာ၊ တုတ်နဲ့ရိုက်တာ၊ ဗိုက်ပေါ် တက်ခုန်တာ၊ အိမ်ဖော်ချင်း ရိုက်ခိုင်း တာတွေလည်း လုပ်တယ်လို့ စစ်ဆေးချက်တွေမှာ သိရတယ်လို့ ဆိုပါတယ်။
တကယ်တော့ မေဇွန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က MRTV-4 က စီစဉ်ရိုက်ကူးတဲ့ Flowers & Butterflies ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို လုပ်ခဲ့ပါသေးတယ်။
စာနယ်ဇင်းရှင်းလင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ၊ (၈) ရက်နေ့က Park Royal Hotel, Ballroom ခန်းမတွင် နံနက် (၁၀) နာရီမှ နေ့ လည် (၁၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့စဉ်က မေဇွန်ဟာ ယောကျာ်း စိတ်ပေါက်နေ တဲ့ ကောင်မလေးတစ်ဦး၊ ယောင်္ကျား စိတ် ပေါက်နေပေမယ့် နှလုံးသား နူးညံ့သိမ်မွေ့ပြီး သူတပါးကို ကူညီ တတ်သူ၊ သူငယ်ချင်းတွေကိုလည်း ခင် တွယ် တတ်တဲ့ “ဆာကူရာ”အဖြစ် သရုပ်ဆောင်မယ့်အကြောင်း မိတ်ဆက် ကြော်ငြာခံခဲ့သူလည်းဖြစ်ပါတယ်။
အခုတော့ ဇာတ်လမ်းထဲက သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ တခြားစီဖြစ်ပြီး လူသတ်တရားခံ တဦးဖြစ် သွားခဲ့ ရပါပြီ။ သူရဲ့ ဇာတ် ရုပ်နေရာအတွက်လည်း သရုပ်ဆောင် သစ် နောက်တဦး ရွေးချယ်တော့မယ်လို့လည်း ဒါရိုက်တာက ပြောလိုက်ရပါ ပြီငါးမိနစ်တာဖြစ်တတ်တဲ့ ဒေါသစိတ်ကလေးက မေဇွန်ရဲ့ ဘ၀ တခုလုံးကို ပြောင်းလဲ သွားစေခဲ့ပါပြီ။
ဘင်္ဂါလီ မွတ်ဆလင်ကုလား များ မြန်မာပြည် အထက်ပိုင်းမှ ခိုးဝင်
Posted by drmyochit Thursday, September 13, 2012, under | No comments
မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဦးတည်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသရှိ ဘင်္ဂါလီ မွတ်ဆလင်ကုလား များ ခိုးဝင်လျက်ရှိကြောင်း သတင်းရရှိပါသည်ဖမ်းဆီးထားတဲ့ ရဲစခန်းက ပြေားပြခြင်းဖြစ်ပါတယ်။"ကျွန်တော်တို့ ပုလဲမြို့ နယ် ရဲစခန်းမှာ ခုလောလောဆယ် ဖမ်းမိထားတာ ၄ ယောက်ရှိတယ်။ သူတို့ ကို ချင်းတောင်နဲ့ ကပ်နေတဲ့ ဂန့်ဂေါမြို့ နယ်နဲ့ မုံရွာခရိုင်၊ ပုလဲမြို့နယ် နယ်စပ်မှာ ဖမ်းမိခဲ့ တာပါ။ အရင်တုန်းက ဒီလိုမျိုးအမှု တော်တော်နည်းပါတယ်။ အခုနှစ်ပိုင်းအတွင်းမှာတော့ ၃ မှုလောက်ရှိပြီ။ သူတို့ ခိုးဝင်တာကို မိတာ။ လွတ်သွားတာတွေတော့ ဘယ်နှစ်ယောက်ရှိမလဲ မပြောတတ်ဘူး။ အရင်တုန်းကတော့ အခုလိုခိုးဝင်လာတဲ့ သူတွေကို လ.၀.က အက်နဲ့ အရေးယူပြီး ထောင်ချလေ့ရှိပါတယ်။ အခုတော့ မူရင်းဒေသကို ရဲက တာဝန်ယူပြီး ပြန်ပို့ ရမယ်လို့ ညွှန်ကြားထားတော့ ကျွန်တော်တို့  ရဲက ဘယ်လို ဆက်လုပ်ရမယ်မှန်း မသိဘူး"ဟု ပုလဲမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ့ ပြောပြပါသည်။"ကျွန်တော်တို့လည်း အခုလို ဘင်္ဂါလီ မွတ်ဆလင်ကုလား တွေ ဖမ်းမိထားတယ်ဆိုတာ ကြားတယ်။ သူတို့ တွေက ဒီဘက်ကို ခြေကျင် တစ်လှည့် ဆိုင်ကယ်ကယ်ရီ တစ်လှည့်နဲ့ ခိုးဝင် နေကြတာ" ဟု ပုလဲမြို့ခံတစ်ဦးကလည်း ပြောပါသည်
ဒုတိယ၀န်ကြီးများ ပြောင်လဲ
Posted by drmyochit Thursday, September 13, 2012, under | No comments
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkCEaCRMwiWbGhyphenhyphenGR_EcC5LscVtKDNS19wNAb0zEXU0lp_RY4Bmw9novk318NuOO01RNE36VrcJaC5SZXlh_6gbNo-S3ILxWLYX_cqbJ_VKRDMB2umkp-t4nfa0K5gUp3ylCnXV1DpTeM/s1600/Order.jpg
CDMA 800 ဖုန်းများ ကျပ် ၁ ၃၀ ၀၀၀ ဖြင့်ရောင်းချပေးမည်
Posted by drmyochit Thursday, September 13, 2012, under | No comments
သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့မလွတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်)
Posted by drmyochit Thursday, September 13, 2012, under | No comments
uwsa-ssa
http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံသျှမ်းပြည်တပ်မတော်၏ တပ်သားများနှင့်အတူ ဒေသခံလူထုအချို့အား ဝ တပ်ဖွဲ့မှဖမ်းဆီး ထိန်းသိမ်းထားသည်မှာ လ ဝက် ခန့် ရှိပြီဖြစ်သော် လည်း ပြန်လွှတ်ပေးခြင်း မရှိသေးဟု သိရပါသည်။ အဆိုပါ အဖမ်း ခံရသူများ လွှတ် မြောက်ရေးအတွက် သျှမ်းပြည်တပ်မတော်မှ မည်သို့ကြိုး ပမ်းနေသနည်း။ အကြောင်းစုံသိရအောင် သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး လောင်ဆိုင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ဝ ပြည်သွေးစည်းရေးတပ်မတော်က ဖမ်းဆီးထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားတွေ ကိုပြန်လွှတ်ပြီလား။
ဖြေ။ ။ မလွှတ်သေးဘူးဗျ။ ဝ ဘက်က ၂ ကြိမ်လူလွှတ်လာတယ်။ ဆွေးနွေးဖို့ အတွက် ကိုယ်စား လှယ်လွှတ်ဖို့။ ကျနော် တို့ဘက်က မိုင်းဆတ်မှာရုံးထိုင်တဲ့အရာရှိတယောက်ကို လွှတ်လိုက် တယ်။ သူက တိုင်းရင်းသားနဲ့ ဗမာအာဏာပိုင်တွေကို ဆက်ဆံတဲ့လူပေါ့။ကျနော်တို့၂ကြိမ်လွှတ်တယ်။တကြိမ်မှမဆွေးနွေးခဲ့ရဘူး။
မေး။။ဆွေးနွေးမှုမရှိခဲ့ဘူးဆိုတာဘာကြောင့်လဲ။ရာထူးအဆင့်အတန်းသတ်မှတ်ထားတာကြောင့်လား။
ဖြေ။ ။ သူတို့က ရာထူး အဆင့်အတန်း သတ်မှတ်ထားတယ်လဲ မပြောဘူး။ ဘာကြောင့်မဆွေးနွေးခဲ့တာလဲဆိုတာကိုတော့ ကျနော်မသိရပါဘူး။
မေး။      ။သျှမ်းပြည်တပ်မတော်ရဲ့ဗိုလ်စိုင်းခိုင်ကိုပန်ဆန်းမှာသွားလွှတ်လိုက်တယ်ဆိုတာမှန်ပါသလား။
ဖြေ။       ။ဘာမှမကြားရသေးဘူးဘဲ။
မေး။ ။အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးပြီးဆိုပေမယ့် မြန်မာစစ်တပ်နဲ့ တိုက်နေရသေးတယ်။ ၀ တပ်ဖွဲ့နဲ့လည်းဆက်ဆံရေး အခြေ အနေက သိပ်မကောင်းဘူး။ ဒီပြဿနာဖြေရှင်းဖို့ သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်ပေါ်လစီကိုသုံးမလဲ။
ဖြေ။ ။ အစိုးရနဲ့ဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ဘဲဖြစ်ဖြစ် ဆက်ဆံတဲ့အခါမှာ ကျနော်တို့ က စည်းလုံးညီညွတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သဘောတူညီမှုရရှိရေး ဆိုတဲ့ပေါ်လစီကိုသုံးပါတယ်။ ဒါကြောင့်အခု ဖြစ်နေတဲ့ပြဿနာဟာ ဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဖြေရှင်းနိုင်ဖို့ အတွက် ဖြေရှင်းချင်တဲ့ဆန္ဒရှိရမယ်။ ငြိမ်းချမ်းစွာ တွေ့ ဆုံဆွေးနွေးပြီးတော့ဖြေရှင်းသွားတာ အကောင်းဆုံးဘဲလို့မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနည်း ကိုဘဲ သုံးသွားမှာဖြစ်ပါတယ်။
မေး။ ။အဖမ်းခံရတဲ့လူတွေပြန်လည်လွှတ်မြောက်နိုင်ဖို့အတွက် သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်လို ပြင်ဆင်ထားသလဲ။
ဖြေ။ ။ ကျနော်ခုနပြောသလိုဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းချင်တယ်။ ဒါကြောင့် ဝ တပ်မတော်ဘက်က ဘယ်လိုပြောလာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ သူတို့ဘက်က ဆန္ဒကိုသိရမှ ကျနော်တို့ လိုက်ပြီး လုပ်ဆောင် ပေးနိုင်မှာဖြစ်ပါတယ်။
မေး။ ။ သျှမ်းပြည်က ပရိသတ်တွေက သျှမ်းသံတော်ဆင့်ကိုဆက်သွယ်မေးမြန်းလာတယ်။ သျှမ်းပြည်တပ်မတော်က အဖမ်းခံရတဲ့တပ်သားတွေလွှတ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့ သတင်းမကြားမိဘူး တဲ့။ လူထုရဲ့ မျှော်လင့် ချက်အပေါ်ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ငြိမ်းချမ်းရေးနဲ့ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ဘက်ကဘဲ လုပ်ချင်နေရုံနဲ့ မလုပ်နိုင်ပါ ဘူး။ သူ့ဘက်ကလည်း လုပ်ချင်တဲ့စိတ်ရှိမှပါ။ စည်းလုံးညီညွတ်ရေးဆိုတာလဲအတူတူဘဲ။ ဒါကြောင့် သူတို့ဘက်က ဘာဖြစ်ချင်လဲ ပြောဆိုလာမှ ဆက်လုပ်နိုင်ပါမယ်။ အရောင်းအဝယ်လုပ်တဲ့သဘောပါဘဲ။ ရောင်းချင်တဲ့လူက ဈေးခေါ်မယ်။ ဝယ်မယ့်လူကလဲ သူဘယ်လိုပစ္စည်းမျိုးနဲ့ ဘယ်လောက်တန်ဖိုးရှိ တဲ့ဟာမျိုး လိုချင်တယ်ပြောပြီးမှ အရောင်းအဝယ်လုပ်ဖြစ်မှာပါ။
မေး။      ။အဖမ်းခံရတဲ့လူအမှန်ကဘယ်နှစ်ယောက်ရှိလဲခင်ဗျ။
ဖြေ။       ။၁၄ယောက်ပါ။
မေး။      ။ဟုတ်ကဲ့။လူထုကိုဘယ်လိုပြောပြချင်ပါသလဲ။
ဖြေ။       ။ကျနော်တို့တပ်ဖွဲ့နဲ့တပ်သားထုအပေါ် အလေးထားမှုကိုကျေးဇူးတင်ပါတယ်။ အကောင်းဆုံး ဖြစ်အောင် ကျနော် တို့လုပ်သွားမယ်လို့ကတိပေးပါတယ်။
အဖမ်းခံရသည့် မိမိတပ်သားများ ပြန်လည်လွတ်မြောက်ဖို့အတွက် သျှမ်းပြည်တပ်မတော်ကတော့ ဝ တပ်ဖွဲ့ဘက်က ကမ်းလှမ်းပြောဆိုမှုကိုစောင့်နေကြောင်းသျှမ်းပြည်တပ်မတော်ပြောခွင့်ရဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။
ဂျူလိုင် ၃၀ ရက်က ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာတွင် ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကို ဝ ပြည်သွေးစည်းရေးတပ်မတော်ကဖမ်းဆီးထားခဲ့သည်။ ကိုယ်စားလှယ်လွှတ်၍ဆွေးနွေးရန် ဝ ဘက်မှတောင်းဆိုသည့်အတိုင်း သျှမ်းတပ်ဖွဲ့ကလွှတ်ပေးသော်လည်း ဆွေးနွေး မှုမရှိဘဲ တပ်သား ၁၄ ဦးမှာ ယနေ့တိုင် အဖမ်းခံထားရဆဲဖြစ်သည်။
ပါကစ္စတန် စက်ရုံမီးလောင်မှု လူ ၃၀၀ နီးပါးသေဆုံး
Posted by drmyochit Thursday, September 13, 2012, under | No comments
ပါကစ္စတန်နိုင်ငံမှာ စက်ရုံနှစ်ခု မီးလောင်တာကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံး သွားခဲ့ပါတယ်။အင်္ဂါနေ့မှာ ဖြစ်ခဲ့တဲ့ ဒီမီး လောင်မှုနှစ်ခုထဲက တခုကတော့ နိုင်ငံတောင်ပိုင်းကကရာချိ ဆိပ်ကမ်းမြို့ကြီးက အထည်စက်ရုံတခုမှာ မီးလောင် ပျက်စီးသွားတာဖြစ်ပြီးလူပေါင်း အနည်းဆုံး ၂၃၆ ဦး  သေဆုံးသွားခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာတော့ သေဆုံး ခဲ့တဲ့အ လောင်းတွေကို မဲတူးခြစ်နေတဲ့အဆောက်အဦးထဲကနေ အရာရှိတွေ အနေနဲ့ တနေ့လုံး ဆွဲထုတ်ခဲ့ပြီးတဲ့နောက် သေဆုံးသူ အရေ အတွက် တိုးလာခဲ့ တာ ဖြစ်ပါတယ်။ သေဆုံးသူ အများအပြားကို စက်ရုံရဲ့ မြေအောက်ခန်းထဲမှာ တွေ့ခဲ့ကြရတာပါ။ဒီစက်ရုံမှာ အရေးပေါ်ထွက်ပေါက်မရှိဘူးလို့ ရဲတွေကဆိုပါတယ်။ ဒဏ်ရာ ရထားတဲ့ အလုပ်သမားတွေကလည်း သူတို့အနေနဲ့ အပြင် ကိုထွက်ဖို့လမ်းရှာမတွေ့ခဲ့ တာကြောင့် ပြူတင်းပေါက်တွေကနေ ခုန်ချခဲ့ရပြီး အရိုးတွေကျိုးသွားခဲ့တယ်လို့ ဆိုပါ တယ်။ဒီအဆောက်အဦးရဲ့ အစိတ်အပိုင်းတွေကတော့ မီးလောင်မှု စဖြစ်ပြီးနောက်နာရီပေါင်းများစွာကြာတဲ့ အထိ တငွေ့ငွေ့ လောင်ကျွမ်းနေခဲ့ပါတယ်။မီးလောင်ရခြင်း အကြောင်းရင်းကို အခု ထိမသိရသေးပါဘူး။ ရဲတွေကတော့ ဒီစက်ရုံပိုင်ရှင်ကို လိုက် ရှာနေကြပါတယ်။ ကရာချိမြို့ဟာ ပါကစ္စတန်နိုင်ငံမှာ လူနေထူထပ်ပြီး စီးပွားရေးအချက်အခြာကျတဲ့ မြို့ကြီး ဖြစ်ပါတယ်။အင်္ဂါနေ့မှာပဲ နောက်မီးလောင်မှုတခု ဖြစ်ခဲ့တာကတော့ နိုင်ငံအရှေ့ပိုင်း Lahore မြို့က ဘိနပ်စက်ရုံ မှာ ဖြစ်ပြီး လူ ပေါင်း  အနည်းဆုံး ၂၅ ဦး စက်ရုံထဲမှာ ပိတ်မိပြီး နောက် ထပ်
 သေဆုံးခဲ့ပါ တယ်။ ဒေသခံအရာရှိတွေကတော့ ဒီမီးလောင်မှု ဖြစ်ရတာကမီးအားထိန်းချုပ်တဲ့စက် ချွတ်ယွင်းသွားလို့ ဖြစ် ကြောင်းဆိုပါတယ်။ဒီမီးကို နာရီပေါင်းများစွာကြာအောင် မီးသတ်သမားတွေက ငြိမ်းခဲ့ရတာဖြစ်ပြီးကယ်ဆယ်ရေး သမား တွေ လည်း မီးလောင်တဲ့အဆောက်အဦးထဲမှာပိတ်မိနေခဲ့ကြပါတယ်။
VOA( မြန်မာပိုင်း)
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် သို့ သမိုင်းဝင်ခရီး သွားရောက်မည်
Posted by drmyochit Thursday, September 13, 2012, under | No comments
နိုင်ငံတော် သမ္မတ ဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင်ခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် အမျိုးသား ဒီမိုကရေစအဖွဲ့ချုပ် ထံမှ စုံစမ်း သိရသည်။စက်တင်ဘာလ ၂၀ ရက်နေ့ မှာ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံအမီ သွား ရောက်ပါမယ်။ သုံးရက်လောက် ကြာပါမယ်။ အသေးစိတ်ထုတ်ပြန် ပေးဖို့လည်း ရှိပါတယ်”ဟု နိုင်ငံ တော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
အမေရိကန် ပြည်ထောင်စု ဘက်မှ ဒုလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန်သံ အမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် တို့က သမ္မတကြီး၏ အမေရိကန် ခရီးစဉ်အတွက် လိုအပ်သောကိစ္စ ရပ်များကို မြန် မာနိုင်ငံခြားရေးဝန် ကြီးဌာနနှင့် တိုင်ပင်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ စုံစမ်းသိ ရသည်။
“သမ္မတကိုလည်း သံတမန် တွေ သွားလို့မရတာကို သွားလို့ ရအောင် အမေရိကန်ပြည်ထောင်စု က ဖွင့်ပေးခဲ့တယ်။ သမ္မ တကြီးအနေနဲ့ လည်းမြန်မာပြည်အကြောင်း ကို နိုင်ငံတကာကိုရှင်းပြခွင့်ရမယ်။ သူ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက် ကိုလည်း ရှင်းပြခွင့်ရမယ်။ သူ့ဂုဏ် သိက္ခာတွေလည်း မြင့်လာမယ်။ ကောင်းတဲ့ရလဒ်တွေ ဖြစ်လာလိမ့် မယ်လို့ မျှော်လင့် ပါတယ်”ဟုမြန်မာ့ နိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေ က ဆိုသည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကော့မှူး မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်သည်လည်း အမေရိကန် ပြည်ထောင်စု၊
ကွန် ကရက် လွှတ်တော်၏အမြင့်မားဆုံးဆု ဖြစ်သော Congressional Golden Award ကိုသွား ရောက်လက်ခံယူ မည်ဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရသည်။“စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာပြည်က ထွက်မယ်။ အောက် တိုဘာလ ၅ ရက်နေ့ မြန်မာနိုင်ငံ ကို ပြန်ရောက်မယ်။ ဒီထက်ပိုပြီးတော့ အသေးစိတ်ကတော့ မပြော နိုင်သေးဘူး”ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။သမ္မတဦးသိန်းစိန်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့မှာ အမေရိ ကန်ပြည်ထောင်စုသို့ သွားရောက် ချိန် တိုက်ဆိုင်နေသောကြောင့် အမေရိကန်ပြည်ထောင်စု၌ ဆုံတွေ့ နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အကဲ ခတ်များက ပြောသည်။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များကြောင့် အမေရိကန်ပြည်ထောင် စု၌ကျင်းပမည့် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော သမ္မတဦးသိန်းစိန်အတွက် အမေရိကန် အစိုးရကပြည်ဝင်ခွင့်ဗီဇာကန့်သတ် ချက်အချို့ လျှော့ချ ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးမှ သိရသည်။“သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းအား ဖြင့် ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ထပ်မံဖိအားပေး နိုင်ဖို့ ယုံကြည်မှုတည်ဆောက်နိုင် တယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ အမေ ရိကန်မူဝါဒတွေအပေါ် ကောင်း ကောင်းနားလည်နိုင်မယ့် အရေးပါ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖိတ် ခေါ်ပါတယ်”ဟု အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ Caitlin Hayden က ထုတ်ဖော်ပြောဆိုခဲ့သည်။နိုင်ငံတကာမှ ဒီမိုကရေစီခေါင်း ဆောင်ဟု သတ်မှတ်သော ဒေါ် အောင်ဆန်းစုကြည်သည် သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ဝါရှင် တန်အခြေစိုက် NED ဖောင်ဒေးရှင်း က ဒီမိုကရေစီဆုရရှိသည့် ကိုမင်းကို နိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော် သူ(ရုပ်ရှင်သရုပ်ဆောင်)၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ခန့် စသည့် နိုင်ငံရေး၊ လူမှုရေးခေါင်း ဆောင် မြန်မာနိုင်ငံသား ငါးဦးကို ပေးအပ်မည့်ဆုပေးပွဲကို တက် ရောက် မိန့်ခွန်းပြောကြားမည်ဟု အင်တာနက်သတင်းများအရ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ဒီမို ကရေစီနိုင်ငံ အမေရိကန်ပြည် ထောင်စုကိုသွားတာဟာပြည်တွင်း က အတိုက် အခံခေါင်းဆောင်ဟာ လွတ်လွတ်လပ်လပ်သွားလို့ ရတာ ကို ပြတာ။တိုင်းပြည်ရဲ့ ပေါ်လစီ ဘယ်လောက် ပြောင်းသွား တယ်ဆို တာ ပေါ်လွင်တယ်။ သူမကိုယ်တိုင်လည်း လွှတ်တော်ထဲမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်။ အမေရိ ကန်မှာရှိနေတဲ့ မြန်မာတွေနဲ့ အမေရိကန် ဆီနိတ်တာတွေကို လည်းSanction ကိစ္စနဲ့ပတ်သက် ပြီး ရှင်းပြနိုင် လိမ့်မယ်လို့မြင်တယ်” ဟု ဦးလှမောင်ရွှေက သုံးသပ်ပြော ကြားသည်။ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အခြေစိုက်မြန်မာ့အရေး လှုပ်ရှားသူ မြန်မာမိသားစုဝင်များ က တွေ့ဆုံနိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်းလည်း အင် တာနက်သတင်းများအရသိရသည်။
Venus News
နစက-BGB အရာရှိ အစည်းအဝေး ပထမဆုံး စတင်လုပ်ပြန်ပြီ
Posted by drmyochit Thursday, September 13, 2012, under | No comments
ုမြန်မာ-ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များဖြစ်သော နစက-BGBတို့ မောင်တောမြို့တွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်
ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ်အောင်လံတင် အစည်းအဝေးတစ်ခုကို စက်တင်္ဘာလ () ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးသို့ ဘင်္ဂလာမှ BGB ဗဟို စစ်တကောင်းမှ မူဟာမ္မဒ် ဇီလ္လာူလ်ဟောက်နှင့်တာခ်နာမှ အမှတ် (၄၂) တပ်ရင်းမှူး ဇာဟိဒ် ဟာဆာန် ဦးဆောင်ပြီး ကိုယ်စားလှယ်(၁၀) ဦးနှင့် မြန်မာ နစက နယ်မြေ () မှ ဒုကွပ်ကဲရေးမှူး ဗိုလ်မှူး ဦးထွန်းသိန်းအောင်ဦးဆောင်ပြီး (၁၅) ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်း ဒေသထုတ် သတင်းစာအများအပြားက ဖေါ်ပြကြသည်။
BGB
စစ်တကောင်းဗဟိုမှ ဗိုလ်မှူးကြီး မူဟာမ္မဒ် ဇီလ္လူလ် ဟောက် က " မနက် (၁၀) နာရီကနေ ()နာရီအထိ အစည်းအဝေး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စ၊ မောင်တော-တာခ်နာ စီးပွားရေး၊ ပါ့စ်ပို့ဖြင့် တရားဝင် လုံခြုံစွာ ဖြတ်သန်းမှု၊ဘင်္ဂလီကျူးကျော်မှုကိစ္စ၊ နယ်စပ်မူးယစ်ဆေးဝါးနဲ့ မှောင်ခိုကိစ္စနဲ့ တခြားဒေသအတွင်း တချို့ကိစ္စလေးတွေ ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ " ဟု ဒေသခံသတင်းထောက်များအား ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း ၀ပ်ဆိုက်နှင့် သတင်းစာများက ဖေါ်ပြကြသည်။
၎င်းက ဆက်လက်ပြီး နစက-BGBတို့ ပူးပေါင်း၍ နယ်စပ်မူးယစ်ဆေးဝါးများဖြစ်ကြသောအရက်၊ ဘီယာ၊ ရာဘားမြင်းဆေး၊ ဖန်ဆီဒန်း၊ ဘိန်း၊ ဂင်ဇာနှင့် မူးယစ်စေတတ်သော နေရာများကို တိုက်ဖျက်ရန် သဘောတူညီခဲ့ကြကြောင်း ဆိုသည်။
နစက-BGB အနေဖြင့် နှစ်ဘက်စီးပွားရေးသမားများ ဖွဲ့စည်းပြီး အလုပ်လုပ်နေသောJoin Working Group အဖွဲ့ဝင်များ တွေ့ဆုံကာ နယ်စပ်စီးပွားရေး အခြေအနေကို ပြန်လည်ပြီး ပုံမှန်အနေအထားသို့ ရောက်ရှိလာအောင် လုပ်ဆောင်မည့် နည်းလမ်းများ ကြိုးပမ်း ရှာဖွေကြမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း နစကတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်-ဘင်္ဂလာ အကြားရှိ နတ်မြစ်ဝ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ပြီး မှောင်ခိုဘုတ်များဖြင့် မလေးရှားအသွားတွင် ဘုတ်စက်ပျက်၍ မြန်မာရေတပ်မှ ဖမ်းဆီးရမိသူ ဘင်္ဂလီ (၂၀၀) အား လွဲပြောင်းလက်ခံမည့်အရေး ဆွေးနွေးခဲ့ကြရာ သဘောတူညီ ခဲ့ကြကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် (၁၇)နှင့် တာခ်နာမြို့နယ် အခြေစိုက် အမှတ် (၄၂)တပ်ရင်းတို့ အနေဖြင့် () ရက်နေ့မှ (၁၁) ရက်နေ့ အထိ မြန်မာနိုင်ငံသားများဟုဆိုကာ နယ်စပ်ဒေသများတွင် ပြန့်ကြဲနေသော သူများကို ဖမ်းဆီးပြီး ရခိုင်ပြည်နယ်သို့ (၂၁၀) ခန့် ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် samudrakanthanews.com, coxsbazarnews.net, teknafnews.com, ၀ပ်ဆိုက်နှင့် ဒေသထုတ် သတင်းစာအများအပြားက ဆိုသည်။BGB အနေဖြင့် နစကနှင့် တွေ့ဆုံမဆွေးနွေးမီ မိမိတို့၏ နယ်စပ်ဒေသ လုံခြုံရေးတာဝန်အသီးသီး ယူထားကြသော ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် BGB တပ်ရင်းအမှတ် (၁၇) တပ်ရင်းမှူး
ခါလေကူဇ္ဖာမာန်၊ နတ်ချောင်းဆိုးရီ အခြေစိုက် အမှတ် (၁၅) မှ တပ်ရင်းမှူး မာဟဘူဘူရ်ရော်ဟာ မာန်နှင့် တာခ်နာအခြေစိုက် အမှတ် (၄၂) မှ ဒုရင်းမှူး ဆော်ဖိကူရ် ရော်ဟမာန်တို့ ညှိနှိုင်းဆွေးနွေးပြုများ ကြိုတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Arakan Times
""နစကမှ ရဲဘော်တချို့ကို အထက်အရာရှိက လစာငွေဖြတ်စား""
Posted by drmyochit Thursday, September 13, 2012, under | No comments
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့်ကွပ်ကဲရေး (နစက) တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ရိက္ခာငွေကို အထက်အရှိတွေက ဖြတ်စားနေကြောင်း အမည်မဖေါ်လိုတဲ့ နစကတပ်သား တဦးက ပြောသည်။“ကျွန်တော်တို့ ရိက္ခာဖိုးအပါအ၀င် တပ်သားတယောက်ကို လစာ ၇၅,၀၀၀ ကျပ်ရပါတယ်။ အခု နယ်မြေသုံးမှာက အုပ်ချုပ်တဲ့ ဗိုလ်ကြီး အောင်ကိုထက်က ယခုအတောအတွင်း နယ်မြေ ၈ ကို ပြောင်းဖို့လုပ်နေလို့ ကျွန်တော်တို့ ရဲဘော်တွေရဲ့ ရိက္ခာဖိုးကို မပေးဘဲ ဖြတ်တောက်
ထားတာ။ ရိက္ခာဖိုးငွေ ၅ လပိုင်းကနေ ၇ လပိုင်းထိ မရကြပါ” ဟု နစက တပ်သားကပြောသည်။အရာရှိ မဟုတ်တဲ့ အခြားအဆင့် တပ်ဖွဲ့ဝင်တွေ အနေဖြင့် နယ်မြေ တခုတွင် ၄ လသာ တာဝန်ထမ်းဆောင်ကြရပြီး နယ်မြေ ပြောင်းရွေ့သည့်အခါ ရိက္ခငွေကို လုံးဝ ဖြတ်တောက်ထားလိုက်တာမျိုးရှိသလို တချို့တဝက်သာ ထုတ်ပေးတာ မျိုးတွေလည်းရှိနေတယ်လို့ ယင်း နစက တပ်သားက ပြောသည်။သူကဘဲ “ရိက္ခာငွေ သုံးလ ဖြတ်တောက်ထားပြီး တခြားနယ်မြေကိုပြောင်းတဲ့ အခါ တလကို ၅,၀၀၀ စီထုတ်ပေး တာလည်း ရှိတယ်။ လုံးဝ မပေးဘဲ ဖြတ်ထားလိုက်တာလည်ရှိတယ်” ဟု ဆိုသည်။နစက တပ်သားများမှာ တာဝန်ကျရာ စခန်းအတွင်း စုပေါင်း ချက်စားသော တပ်သားများမှာ ရိက္ခာဖိုးရသော်လည်း တချို့တပ်သားများမှာ မိမိကိုယ်တိုင် သီးခြား ချက်စားကြသဖြင့် ယခုကဲ့သို့ သီးခြားချက်စားသူ ရဲဘော်များကို ရိက္ခာဖိုး ဖြတ်တောက်ထားခြင်း ဖြစ်သည်။နစက တပ်ဖွဲ့သည် မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်ကို တာဝန်ယူထားပြီး ကို စစ်တပ်၊ ရဲ၊ လဝက၊အကောက်ခွန် စတဲ့ အဖွဲ့ ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
နယ်မြေအလိုက်အင်အား၁၀၀ကနေ၁၈၀အထိရှိနစကနယ်မြေများ
    နယ်မြေ ၁ အောင်သပြေ၊
    နယ်မြေ ၂ ခမောင်းဆိပ်၊
    နယ်မြေ ၃ တောင်ပြို၊
    နယ်မြေ ၄ လိပ်ရ၊
    နယ်မြေ ၅ ငခူရ၊
    နယ်မြေ ၆ ကျီးကန်းပြင် (နစက ကွက်ကဲရေး ဌာနချုပ်)၊
    နယ်မြေ ၈ မြင်းလွတ်၊
    နယ်မြေ ၇ အလယ်သံကျော်၊
    နယ်မြေ ၉ တောင်ပူဇာ၊
    နယ်မြေ ၁၀ သဲချောင်း (စစ်တွေမြို့နယ်၊ ပြည်နယ်ဌာနချုပ်)၊
    နယ်မြေ ၁၂ အငူမော် (ရသေ့တောင်မြို့နယ်)
    နယ်မြေ ၁၁ ဆင်နမော် (ပေါက်တော)
လစာနဲ့ ရိက္ခာမလောက်လို့ အဂတိလိုက်စားမှုတွေ၊ ဥပဒေမဲ့ ငွေကြေးကောက်ခံမှုတွေအစဉ်တစိုက်ဖြစ်ေ နကြောင်း မောင်တောမြို့ခံ ပြည်သူတဦးက ပြောသည်။“သူတို့မှာ မလောက်တဲ့ အခါကျတော့ လောက်ငေ အာင်တော့ ရှာစားကြရတာပေါ့။ ဘယ်နေရာက ငွေဝင်ပေါက်ရမလည်းဆိုတာဘဲ စဉ်းစားနေကြရတာလေ။ အထက်အရာရှိကလည်း သူကိုယ်တိုင်ကိုက မတရားလုပ်ထားတော့ ရဲဘော်တွေကိုလည်းဥပဒေအတိုင်း မထိန်းနိုင်တော့ဘူးပေါ့” လို့ မောင်တောမြို့ခံကပြောသည်။
ကို နှုင် ဦး ပို့  ပေးသည်။
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်