Wednesday, September 19, 2012

KIA မှ ရိက္ခာသယ်ယူမှုအခက်အခဲကြောင့် ပြည်သူ့စစ်အချို့အား လယ်တဲများတွင် ထားရှိ

Posted by drmyochit Wednesday, September 19, 2012, under | No comments





မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအနီး ကျရီချောင်းဘေးမှာရှိတဲ့ ကချင်ဈေးဆိုင်တဲများအား နေ့ချင်းဖျက် သိမ်းရန် စက်တင်ဘာလ(၁၈)ရက်နေ့က လာရောက်ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ 

ထိုသို့ ညွှန်ကြားချက်ထုတ်ပြန်ရခြင်းသည် ၄င်းနေရာတ၀ိုက်တွင် ဈေးဝယ်ယူ၍မရသောနေရာဖြစ်အောင် ဖန်တီး ကာ မိုးမောက်မြို့အတွင်းမှ ၄င်းတို့ရိက္ခာအတွက် နည်းလမ်းအမျိုးမျိုးနှင့် ရိက္ခာဆန်သယ်ယူပို့ဆောင် လာသည်ကို ဗမာစစ်တပ်မှ ရှာဖွေဖမ်းဆီးပါက ကျရီချောင်းပတ်ဝန်းကျင်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင် ၍ နေထိုင်သော ဆွေမျိုးသားချင်းများမှာ ဈေးဝယ်ရန်ဆိုင်ခန်းများ မရှိသဖြင့် ယခုလို ဆန်နှင့် စားသောက် ကုန်များကို  လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် မိသားစုများထံသို့ သွားရောက်ပို့ဆောင်မည်ဟု အကြောင်းပြ ချက်ရရှိစေရန် ဈေးဆိုင်တဲများအား ဖျက်သိမ်းခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။ 

၎င်းတို့ရဲ့လုပ်ရပ် ပိုမိုအောင်မြင်စေရန် KIA တပ်ဖွဲ့ဝင်တစ်ချို့နဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကို လယ်သမား အသွင်နဲ့ လမ်းတလျှောက်မှာရှိတဲ့ လယ်တဲတွေမှာ ဖြန့်ခွဲထားတယ်လို့ သိရပါတယ်။

၎င်းတို့ဝါးဘော်စခန်းမှာ မိုးမောက်မြို့ ရပ်ကွက်များနှင့် ဒုက္ခသည်စခန်းများမှ သယ်ယူပို့ဆောင်ပေးထားတဲ့ ဆန်အိတ်(၂၀)ခန့်နှင့် ဆား၊ ခေါက်ဆွဲခြောက်ဖာတွေ စုပုံထားရှိတယ်လို့ ၀ါးဘော်စခန်းအနီး လယ်တဲမှ လယ်ယာလုပ်ကိုင်သူတစ်ဦးမှ KDN သတင်းဌာနသို့ ပြောသည်။

အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြနေမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် အမေရိကန် ခရီးစဉ်အတွင်း ရှင်းလင်းသွားမည်

Posted by drmyochit Wednesday, September 19, 2012, under | No comments



ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င် အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင် ဆက်နေကြမှုများနှင့် ပတ်သက်၍ အမေရိကန် ခရီးစဉ်အတွင်း အမှန်တရားကို ရှင်းလင်းသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က အမေရိကန် နိုင်ငံသို့ ထွက်ခွာသွားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။

"အကြောင်းရင်း အမှန်ကို ပြောရမယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေကို အမှန်အတိုင်း ပြောပြဖို့တာဝန်ရှိတယ်'' ဟု ဦးအေးသာအောင်က ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် ပြသနာများဖြစ်သော ကျောက်နီမော်အရေး၊ တောင်ကုတ် အရေးတို့ အပြင် နောက်ကွယ်တွင် ရှိသည့် ပြသနာများကိုလည်း ရှင်းလင်းမည်ဟု ၄င်းကဆိုသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်သည် Buddhist Mission  Institute ၏ ဖိတ်ကြားချက်ဖြင့် အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ နှစ်ပတ်ခန့်အကြာသွားရောက်မည်ဖြစ်ပြီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။

"တရုတ်နိုင်ငံမှမြန်မာစာသင်ရိုးညွှန်းတမ်းစာအုပ်"

Posted by drmyochit Wednesday, September 19, 2012, under | No comments



From : popular

တရုတ်နိုင်ငံတွင် လူငယ်တွေအတွက် မြန်မာစာသင်ရိုးညွှန်းတမ်းစာအုပ် ထုတ်ဝေတာတွေ့ရတယ်။ စာအုပ်ထဲမှာစီးပွားရေးလုပ်ငန်း ဆိုင်ရာ မြန်မာ စာရေးဆရာတစ်ချို့ရဲ့စာတွေ၊ မောင်ခင်မင်(ဓနုဖြူ)အပါအ၀င် အစိုးရဆိုင်ရာ
အသုံးအနှုန်းတွေ ပြဌာန်းစာအဖြစ် ထုတ်ဝေထားတဲ့ မြန်မာစာပေနဲ့မြန်မာ့ လူမှုရေးကို ထင်ဟပ်ထားတဲ့ပြဌာန်းစာအုပ်ကို တရုတ်နိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်းကုန်တိုက်တွင် တွေ့ရစဉ်။

ထိုင်းမှာလည်း ဘင်္ဂါလီအမျိုးတွေ ဆန္ဒပြပြီ

Posted by drmyochit Wednesday, September 19, 2012, under | No comments



From : သာနောင်

မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက်ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင်ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။

အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ အကြမ်းဖက် တိုက်ခိုက်မှုအသွင်ဆောင်ခဲ့ပြီး အမေရိကန်သံရုံးများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြုလုပ်ခဲ့သော ဟစ်ဇ်ဘိုလာအုပ်စုက ဦးဆောင်သည့် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူပေါင်းတစ်သိန်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

KIA အဖွဲ့မှ ဘုရားတောင်မှာ စခန်းပြင်ဆင်လျက်ရှိ

Posted by drmyochit Wednesday, September 19, 2012, under | No comments






KIA တပ်မဟာ(၂)လက်အောက်ခံ ရင်း(၂၆) တုံပင်မှ အဖွဲ့ဝင်(၂)ခန့်သည် ဘုရားတောင်တွင် စခန်း ချနေထိုင် ကာ ကုမ္ပဏီမှ ဘက်ဟိုးယာဉ်များအား ခေါ်ယူစေခိုင်း၍ စက်တင်ဘာလ(၁၇) ရက်နေ့က ပစ်ကျင်း၊ ကတုတ် ကျင်းများနှင့် အမြောက်ဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

ထိုသို့လုပ်ဆောင်နေမှုအား ဘုရားတောင်ကျေးရွာမှ ခရစ်ယာန်အသင်းတော် သင်အုပ်ဆရာဦးစီး၍ ရပ်ရွာ လူကြီးများမှ ယခုလိုလုပ်ဆောင်နေခြင်းသည် တိုက်ပွဲများဖြစ်ပွားလာစေမဲ့ အရိပ်အယောင် ရှေ့ပြေးနိမိတ် များပင် ဖြစ်ကြောင်းနှင့် ထိုသို့ မဖြစ်ပွားစေရေးအတွက် အသနားခံသွားရောက်တောင်းပန်ခဲ့သော်လည်း KIA ခေါင်းဆောင်မှ အထက်အမိန့် အရ လုပ်ဆောင်ခြင်းဖြစ်သည် လုံးဝနောက်ဆုပ်လို့မရကြောင်း အထက် ညွှန်ကြား ချက်များဖြစ်၍ မည်သို့သော တောင်းပန်မှုမျိုးကိုမဆို လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ တယ် လို့သိရပါတယ်။ 

ထိုသို့ညှိနှိုင်းပြောဆို၍မရသဖြင့် ဘုရားတောင်ကျေးရွာနေဒေသခံများသည် စစ်ဖြစ်ပွားလာမည်ကို စိုးရိမ်ကာ ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ နမ့်မှော်ကျေးရွာသို့လည်းကောင်း ဟောင်ပါးကျေးရွာ အုပ်စုမှာရှိတဲ့ တာမခံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ 

ကျွန်တော်တို့သွားပြောတယ် အဲဒီလိုလုပ်နေလို့ ဒေသခံတွေလည်း စီးပွားရေးကောင်းကောင်း မလုပ်ရဲတော့ ဘူး။ ရွာမှာလည်း မနေရဲကြတော့ဘူး။ ဘယ်တော့စစ်ဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်ကြီးနဲ့ သွားလာလှုပ်ရှားနေ ကြရတာ ဗမာစစ်တပ်ကလည်း လာမယ်လို့ သတင်းမကြားပါဘူး။ 

တကယ်ဆိုစခန်းတွေပြင်ဆင်နေမဲ့အစား KIO ခေါင်းဆောင်ကြီးတွေအနေနဲ့ အာဏာယစ်မူးကာ ကချင်ပြည်နယ်မှာ လက်နက်ကိုင်စီးပွားရှာနေတဲ့ စိတ်တွေကို ဖျောက်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာဘဲ စဉ်းစားသင့်တယ်။ လူသစ်စု၊ ဆက်ကြေးကောက်၊ စခန်းပြင်တာဘဲ ဆိုတာကတော့ ကချင်ပြည်နယ်ဟာ စစ်ပြေးစစ်ဒဏ်တွေကြားမှာ ဒီထက်ပို ဆိုးလာအုံးမယ် ဆိုတာ ကို ပြောလိုက်သလိုဘဲဒုက္ခရောက်နေတဲ့ ကချင်လူမျိုးတွေကို သူတို့မမြင်ချင်ယောင် ဆောင်ပြီး အတ္တကြီးနေ တာတော့ မကောင်းပါဘူးလို့  သင်အုပ်ဆရာမှ KDN သတင်းဌာနသို့ ပြောကြားလာခဲ့ ပါတယ်။

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် ပိတ်""

Posted by drmyochit Wednesday, September 19, 2012, under | No comments


 
 
မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး တော့ဘူးလို့ မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။


ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့
သိရပါတယ်။

မန္တလေးမြို့ အတွင်း အခုလို ကွမ်းယာဆိုင် ဖွင့်လှစ်မှုကို ကန့်သတ်မှု သာမက လက်ဘက်ရည် ဆိုင်များ၊ စားသောက်ဆိုင် များမှာလည်း ကွမ်းတံတွေး မထွေးဖို့နဲ့ အမှိုက်များ စနစ်တကျ စွန့်ပစ်ဖို့ အတွက် အမှိုက်ပုံး ထားရှိ ဆောင်ရွက်ဖို့ ကိုလည်း
လမ်းညွှန် ထားပါတယ်။

ဒီလို လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်မှုများ မပြုလုပ်ပါက မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ပထမအကြိမ် ကျူးလွန်မှု အတွက် သတိပေးပြီး ဒုတိယ အကြိမ် ထပ်မံ ကျူးလွန်ရင်တော့ ဒဏ်ရိုက် အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဒဏ်ရိုက် အရေးယူရာ မှာတော့ ဒဏ်ကြေး အဖြစ် ကျပ် တစ်သောင်းခွဲမှ လေးသောင်းခွဲထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။

""ထောင်ပို့ခံရ ""

Posted by drmyochit Wednesday, September 19, 2012, under | No comments




ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ဆယ်ကျော်သက် လူနာအမျိုးသမီးငယ် တဦးအား မုဒိမ်းကျင့် ကျူးလွန်သူ သမားတော်တစ်ဦးမှာ ထောင်ဒဏ် ချမှတ်ခံရသည်ဟု သတင်းရရှိသည်။ ထောင်ပို့ခံရသော အဆိုပါ သမားတော်ကြီးမှာ ဒက္ကာမြို့ တောင်ပိုင်း ဘောရီးရှားမြို့နယ်မှ ဖြစ်သည်ဟု ဆိုသည်။

ဘောရီးရှားမြို့နယ် ကိုဝါတိုလီရဲဌာနမှ အရာရှိတဦးဖြစ်သူ Sharduzzaman က “သူမခင်ပွန်း အာလန်ချို(ခ်)ဒါက အဲဒီအမှုကိစ္စနဲ့ တနင်္လာ နေ့ညက အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် ကာကွယ်တဲ့ ဥပဒေကို ကျူးလွန်တဲ့ ပုဒ်မှ (၁၀)နဲ့အမှုဖွင့်ထားပါတယ်”ဟု ဆိုသည်။

Jahangir Alam Seimသည် ဘောရီးရှားမြို့ လူနာခွဲစိတ်ကုသာသည့် ဆေးရုံ၌ သမားတော် တဦးဖြစ်သလို ၄င်းဆေးရုံနှင့် ဆေးခန်းပိုင်ရှင် တဦးလည်း ဖြစ်သည်ဟု သိရသည်။

လူနာဆေးရုံ၌ ခွဲစိတ်ကုသရင်း သမားတော် Jahangirဆီ မုဒိမ်းပြုကျင့်ခြင်း ခံရသည့် အမျိုးသမီးမှာ အသက်(၁၈)သာရှိပြီး အိမ်ထောင် သစ်ပြုထားသည့် Chokder ၏ဇနီး ဖြစ်သည်ဟု ဆိုသည်။ အဆိုပါအမျိုးသမီးအား စက်တင်ဘာ ၁၂ရက်နေ့က အူအတက်ရောက်၍ ခွဲစိတ်ကုသရန် ဆေးရုံတင်ထားသူ ဖြစ်သည် တနင်္လာနေ့က သူမအား သမားတော်၏ အခန်းထဲ၌ မုဒိမ်ပြုကျင့်သည့်နေ့တွင် ရုံးဝန်ထမ်းများ လာရောက်ခြင်းမရှိဟု ခင်ပွန်းဖြစ် သူကပြောသည်။ အဆိုပါအခန်း ထဲမှ ငိုယိုသံကြားပြီးမှ အနီးအနားရှိ လူတွေသွားရောက်ပြီး ကယ်ထုတ်နိုင်ခဲ့ သည်ဟု သိရသည်။

ရန်ကုန်မြို့တော် မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် ကြိုးပမ်း

Posted by drmyochit Wednesday, September 19, 2012, under | No comments



ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် လေ့လာမှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်ရင်းနှီး လုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လာရောက် လေ့လာဆွေးနွေးမှုမှာ တစ်ရက်လျှင် အဖွဲ့ပေါင်း ဆယ်ဂဏန်းနှင့်အထက် ရှိနေသည်။
''နိုင်ငံစုံ အဖွဲ့ပေါင်းစုံကတော့ ဒီမှာ စီးပွားရေးလုပ်ချင်လို့ လာပြီး လေ့လာကြတယ်။ အဲဒီထဲကမှ မြို့ပြတည်ဆောက်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စတဲ့နိုင်ငံတွေက ၀င်လုပ်ချင်ကြတယ်။ ဒါပေမဲ့ လာပြီး ပြောကြဆွေးနွေးကြတာပဲ ရှိသေးတယ်။ ပြတ်ပြတ်သားသား ခွင့်ပြုပေးတာမျိုး မရှိသေးဘူး။ နောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာရင် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဘယ်လိုတွေဖြစ်ကုန်မလဲ ဆိုတာပါ ထည့်စဉ်းစားရတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ယင်းကဲသို့ ဆောက်လုပ်ရေး လုပ်ငန်းများ ပြည်ပနိုင်ငံရင်းနှီးမြှုပ် နှံမှုများ ၀င်ရောက်လာပါက ယခုထက် နည်းပညာပိုင်းအရ၊ အရည်အသွေးပိုင်းအရကောင်းမွန်သည့် အဆောက်အအုံများ ပေါ်ထွက်လာမည့်အပြင် ပြည်တွင်းရှိဆောက်လုပ် ရေးလုပ်သားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဟု သုံးသပ်ကြသည်။
ယခုလတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီး၏ ဆောက်လုပ်ရေး လုပ်ငန်းအတွင်း ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ ISAMI Holidings Co.Ltd တို့က ပြည်တွင်းရှိ Father Land ဆောက်လုပ်ရေးကုမ္ပဏီနှင့် အထပ်မြင့် အဆောက်အအုံများ ပူးပေါင်းဆောက်လုပ်ရန် စီစဉ်နေမှု များရှိနေကြောင်း Father Land ကုမ္ပဏီမှ သိရှိရသည်။
''တကယ်လည်း ရန်ကုန်မြို့မှာ အိမ်ရာတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကန့်သက်ချက်တချို့ ရှိနေတဲ့အတွက် စောင့်ကြည့်နေပါတယ်''ဟု SAMI Holidings Co.Ltd မှ CEO ဖြစ်သူ Mr.Johnny Kamijo Shiro က ပြောကြားခဲ့သည်။

ဆရာဝန်များ အနေဖြင့် သင်ယူစရာ ရှိသည်များကို အမြဲတမ်း သင်ယူနေရန် လိုအပ် ပြည်သူ လူထုအား ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုပေး

Posted by drmyochit Wednesday, September 19, 2012, under | No comments



နေပြည်တော် စက်တင်ဘာ ၁၈ 

ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်သည် စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ အထူးကု ဆေးရုံ ဝေဘာဂီ အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ် ဒေါက်တာ သန်းသန်းဌေးနှင့် အထူးကု ဆရာဝန်ကြီး များအား တွေ့ဆုံ ၍ လက်ထောက် ဆရာဝန်များ အနေဖြင့် သင်ယူစရာ ရှိသည်များကို အမြဲတမ်း သင်ယူနေရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိ တာဝန်ကျရာ ဒေသများရှိ ပြည်သူ လူထုအား ကုသမှု ပေးရာတွင် ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့်အခြေခံ ကောင်းသော ဆရာဝန်များ ဖြစ်လာ မည် ဖြစ်ကြောင်း၊ သူနာပြု ဆရာမများ အနေဖြင့်လည်း စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေးကို အမြဲ ပြုလုပ်ကာ သူနာပြုစုမှု အတတ်ပညာ တိုးပွားအောင် လေ့လာဆည်းပူး ကြစေ လိုကြောင်းဖြင့် ပြော ကြားသည်။ 

ပြည်ထောင်စု ဝန်ကြီးသည် နံနက် ၁၁ နာရီခွဲတွင် မင်္ဂလာဒုံ မြို့နယ်ရှိ အထူးကု ဆေးရုံ မင်္ဂလာဒုံသို့ ရောက်ရှိပြီး လူနာဆောင် များအား ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ဆေးရုံ အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ်၊ ဆရာဝန်များ၊ သူနာပြု များနှင့် တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်မှ အကုန်အကျခံ ဝယ်ယူ ပေးထားသော ဆေးရုံသုံး စက်ကိရိယာ ပစ္စည်းများကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းခြင်း အားဖြင့် ဘဏ္ဍာငွေ အလေအလွင့် မရှိအောင် သုံးစွဲကြရန်၊ အုပ်ချုပ်မှုပိုင်း၊ ကုသရေးပိုင်း၊ စီမံခန့်ခွဲမှု အတတ်ပညာ ပိုင်းတို့ကို ပိုမို နားလည်အောင် ကြိုးစားကြရန်၊ မိမိတို့ ခံယူရမည့် သဘောထား၊ လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက် တို့ကို မှန်မှန်ကန်ကန် သဘောပေါက် နားလည်ပြီး အခြေအနေ အချိန်အခါနှင့် ကိုက်ညီအောင် ကျင့်သုံးကြရန် ဆွေးနွေး မှာကြားသည်။ ပြည်ထောင်စု ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် သာကေတ မြို့နယ်ရှိ အထူးကု ဆေးရုံ သာကေတ၌ ဆေးရုံအုပ် ဒေါက်တာ ကျော်ဇေယျနှင့် တာဝန်ရှိသူ များအား တွေ့ဆုံပြီး လူနာဆောင် များနှင့် ဓာတ်ခွဲခန်း တို့ကိုကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်

မြန်မာ-ထိုင်း နှစ်နိုင်ငံ အစားထိုး ဖွံ့ဖြိုးရေးနှင့် လူနေမှု ဘဝ တိုးတက် ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ ကျင်းပ

Posted by drmyochit Wednesday, September 19, 2012, under | No comments

  


နေပြည်တော် စက်တင်ဘာ ၁၈

မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒွိုင်တုန်း စီမံကိန်း ဒေသ၌ ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ အစားထိုး ဖွံ့ဖြိုးရေးနှင့် လူနေမှု ဘဝ တိုးတက် ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။ လက်မှတ် ရေးထိုးပွဲတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ ကိုယ်စား မူးယစ် ဗဟိုအဖွဲ့ အတွင်းရေးမှူး ရဲချုပ် ကျော်ကျော်ထွန်းက လည်းကောင်း၊ ထိုင်းနိုင်ငံ အစိုးရ ကိုယ်စား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) အထွေထွေ အတွင်းရေးမှူး အုပ်ချုပ်ရေး မှူးချုပ် Police General Adul Saen gin gkeoကလည်းကောင်း လက်မှတ်ရေးထိုး ခဲ့ကြသည်။ စီမံကိန်း အကောင်အထည် ဖော်မည့် အဖွဲ့အစည်း အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ ကိုယ်စား နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦးက လည်းကောင်း၊ ထိုင်းနိုင်ငံ အစိုးရ ကိုယ်စား ထိုင်းနိုင်ငံ မယ်ဖလုံ ဖောင်ဒေးရှင်း (MFLF) အထွေထွေ အတွင်းရေးမှူးချုပ် Mr.Disnadda Diskul ကလည်းကောင်း လက်မှတ်ရေးထိုး ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယ ဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြသည်။ ယခု ကျင်းပသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီးနောက် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်နှင့် မိုင်းဆတ် မြို့နယ်တို့တွင် စီမံကိန်း ကျေးရွာများ သတ်မှတ်၍ အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများအား မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

မြန်မာ-ဘင်္ဂလာအကြား ဘင်္ဂလီမူဆလင်များ လက်ရှိအခြေအနေ သဇင်ဥ

Posted by drmyochit Wednesday, September 19, 2012, under | No comments



တာခ်နာအခြေစိုက် အမှတ် (၄၂) BGBတပ်ဖွဲ့ တပ်ရင်းမှူး မိုဟာမတ် ဇာဟိဒ် ဟာဆာန် က "နတ် မြစ်ကျွန်းက ဖမ်းဆီးမိရတဲ့ (၂၅) ဦးအ ထဲမှ မြန်မာနိုင်ငံ အတွင်း နေထိုင်သူဖြစ်တဲ့ဘင်္ဂလီ(၈) ဦးကို၎င်းတို့ဘက်သို့ပို့ဆောင်ခဲ့ကြောင်း၊ ကျန်တဲ့ (၁၇) ဦးကို တာခ်နာရဲဌာနသို့ လွဲအပ်လိုက်ကြောင်းနှင့် လူကုန်ကူးသူ (၃) ဦးကို အဓိကထား အရေးယူစစ်ဆေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း။ "ဟု ဒေသထုတ် ၀ပ်ဆိုက်များနှင့် သတင်းစာများသို့ တနင်္ဂနွေနေ့က ပြောဆို ကြောင်း ဖေါ်ပြကြသည်။

ကော့စ်ဘဇားခရိုင် ဘက်ခါးလီနယ်မြေဌာနမှ ရုဟူလ်အာမီ ဒီဒ္ဒိန်ကီက " ဖမ်းဆီးမိသူတွေကို စစ်ဆေးတော့ ပို့မယ့်သူတွေက မလေးနဲ့ အီရန်ကို ပို့ပေးမယ်ဆိုပြီး ငွေလက်ခံတာ ဆိုပါတယ်။ အီရန်ကိုသွားမဲ့သူတွေဆီက တာကာ တစ်သိန်းစီယူတယ်ဆိုပါတယ်။မလေးသွားကိုသွားမဲ့သူတွေ ဆီက (၂၅၀၀၀) ကနေ (၃၅၀၀၀) အထိယူတယ်လို့ ထွက်ဆိုပါတယ်။ ဘက်ခါးလီနယ်မြေမှ ဒေသခံတွေ ဖြစ်ပါတယ်။ " ဟု ယမနေ့ကထုတ် teknafnews.com က ဖေါ်ပြသည်။

မလေးသို့ မှောင်ခိုစက်ဘုတ်ဖြင့်သွားမည့်သူများမှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင်နှင့် ရခိုင်ပြည် မောင်တောခရိုင်အတွင်း နေထိုင်ကြသူများ ဖြစ် ကြောင်းနှင့် ၎င်းတို့မှာ လူမှောင်ခိုကူးသူများအား အခြေအနေအရ တာကာ အနည်းဆုံး (၁၅၀၀၀) မှ (၅၀၀၀၀) အထိ အကုန်အကျခံ ပေး ဆောင်ပြီး သွားကြမည့်သူများဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်က ဆိုသည်။ ယင်းလူမှောင်ခို ပို့သူများက အီရန်သို့ ပို့ပေးမည်ဟု ငွေလက် ခံယူပြီး ဆောင်ရွက်ခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း မှောင်ခိုသတင်းရပ်ကွက်ကမှ သိရသည်။

ယင်းတာခ်နာမြို့နယ်တွင် ဖမ်းဆီးခံ လူကုန်ကူးသော ခေါင်းဆောင်များမှာ ဘင်္ဂလာ တာခ်နာမြို့နယ်မှ ဘင်္ဂလီများ ဖြစ်ကြောင်း ယမန်နေ့က ထုတ် samudrakanthanews.com ကပြောသည်။

ယခုအခါ ဘင်္ဂလီနှင့် လူကုန်ကူးသူများ အနေဖြင့် မလေးသို့သွားသည့်အနေအထားပေါင်းများတွင်ဘင်္ဂလီမူဆလင်များအားမယူတော့ ကြောင်း နှင့် ယင်းတို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူစစ်ဆေးလေ့လာ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း မှောင်ခိုသ တင်း ရပ်ကွက်က ဆိုသည်။

လွန်ခဲ့သော နှစ်များက ယင်းလူကုန်ကူးသူများ အနေဖြင့် ဆောင်းရာသီတွင် လူများကို ပို့ဆောင်လေ့ရှိပြီး ယခုနှစ်တွင် မိုးရာသီအတွင်း ပို့ဆောင်မှု စတင်လာခြင်းဖြစ်သည်။

ထိုင်း-မလေးရှားနိုင်ငံ အာဏာပိုင်များမှ ထိုကဲ့သို့ မှောင်ခိုဝင်ရောက်လာသူများကို တားမြစ်ရန် ဆောင်းတွင်းတွင် စီမံမှုများ ပြုလုပ်ထား သော် လည်း ယခုနှစ်မိုးရာသီတွင်း ရောက်ရှိလာမှုအပေါ် အံသြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်က ဆိုသည်။

ရေအေးချောင်းတံတားအား KIA မှ မိုင်းခွဲ

Posted by drmyochit Wednesday, September 19, 2012, under | No comments





မြစ်ကြီးနား - တနိုင်းသွားကားလမ်းမပေါ်မှာရှိတဲ့ နမ္မတီးကျေးရွာနဲ့ စီးတီးယန်ကျေးရွာကြား က ရေအေးချောင်း တံတားကို စက်တင်ဘာလ(၁၈)ရက်နေ့ည (၇)နာရီခန့်က KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ သတင်း ရရှိပါတယ်။

မိုင်းဖောက်ခွဲမှုကြောင့် တံတားအောက်ခံဘောင်တန်းများ ကျိုးပဲ့ပျက်ဆီးသွားခဲ့ပြီး တံတားမှာ ပြတ်ကျ သွားခြင်း မရှိသော်လည်း ယာဉ်ကြီး ယာဉ်ငယ်များ သွားလာလို့မရဘူးလို့သိရပါတယ်။
ဒေသခံများအနေနဲ့ လမ်းပျက်ဆီးမှုကြောင့် ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍မရတဲ့အတွက် ဆိုင်ကယ် များ ဖြင့်သာ ခက်ခဲစွာသွားလာနေရပြီး အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းမှာလည်း ယခင်က ထက်ပို မို မြင့်တက်မှုဖြစ်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိပါတယ်။ 

ညဘက်အချိန်ရောက်တိုင်း သေနတ်သံ၊ ဗုံးသံတွေကြာရပြီး တိုက်ပွဲဖြစ် ပွားနေခြင်းကြောင့် ကျေးရွာ သူ ကျေးရွာများမှာ မည်သည့်နေရာတွင် ပုန်းခိုရမည်ကိုပင် မသိရှိနိုင်တော့သည့်အပြင် ကျောင်းသူကျောင်း သား ကလေးသူငယ်များမှာပင် စာကျက်ရမည့်အချိန်တွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စာမကျက်နိုင်ဘဲ ပုန်းနေရတယ်လို့သိရပါတယ်။  ဒေသခံများမှာ သာမန်လက်လုပ်လက်စားများသာဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရသော်လည်း မိသားစု စားဝတ်နေရေးအတွက် ၄င်းတို့ကျေးရွာတွေမှာဘဲ ကြောက်ကြောက် လန့်လန့်နဲ့ နေထိုင်နေရတယ်လို့ ယခုလိုရင်ဖွင့်ခဲ့ပါတယ်။

လာမည့်နှစ်တွင် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ် ဖော်ဆောင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စီစဉ်

Posted by drmyochit Wednesday, September 19, 2012, under | No comments




From :7day

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်း၌ ၀င်ရောက်ရင်းနှီးမြှုပ်နှံချိန်တွင် ဈေးနှုန်းများနှင့် ဘဏ်များတည်ငြိမ်မှု ရှိစေရန်အတွက် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ်ကို လာမည့် ၂၀၁၃ နှစ်ဝက်ကာလ၌ ဖော်ဆောင်သွားရန် စီမံထားသည်။

လွှတ်တော်သည် ရှေ့လ၌ နိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် သီးခြားအမှီအခိုကင်းစွာ ရပ်တည်နိုင်မှုကို ချဲ့ထွင်ပေးမည့် ဥပဒေသစ် ပြဋ္ဌာန်းရန်လည်း စဉ်းစားနေသည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ဘလွန်းဘာ့ဂ်သတင်းနှင့် အင်တာဗျူးတစ်ခုတွင် စက်တင်ဘာ ၁၄ က ပြောကြားသည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF နှင့် ထိုင်းဗဟိုဘဏ်တို့သည်လည်း မြန်မာအရာရှိများကို သင်တန်းပေး လေ့ကျင့်လျှက်ရှိရာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။ ဦးမောင်မောင်ဝင်းက "ကျွန်တော်တို့ နောက်ကျနေပါတယ်။ ဒါကြောင့် ကြိုးစားလုပ်ဆောင် ရပါမယ်။ လေ့ကျင့်ရေး သင်တန်းအစီအစဉ်တွေပြီးတာနဲ့ ငွေကြေးဖောင်းပွမှုကို အာရုံစိုက်မှာပါ။ နိုင်ငံခြားငွေ ဈေးကွက်ကို အာရုံစိုက်နိုင်မှာပါ"ဟု ပြောသည်။

မြန်မာအရာရှိများသည် Western Union (WU)နှင့် ကိုကာကိုလာကဲ့သို့ နိုင်ငံတွင်းလုပ်ငန်း လာရောက်လုပ်ကိုင်မည့် ကုမ္ပဏီကြီးများ ၀င်လာပါက ပုံမှန်မဟုတ်သည့် နိုင်ငံခြားငွေ ရောင်းဝယ်မှုများ မဖြစ်စေရန် ဘဏ္ဍာရေးစနစ် ထိန်းချုပ်ရေးအတွက် ပြင်ဆင်နေသည်။ ယခုအခါ ဘဏ်များအား တရားဝင် နိုင်ငံခြားငွေကြေး လဲလှယ်ခွင့်ပေးထားရာ ဘဏ်များက ကိုင်တွယ်နေသည့် ငွေလဲလှယ်မှု ပမာဏ နေ့စဉ်ဒေါ်လာနှစ်သန်းရှိပြီး အပြင်ဈေးကွက်၌ ဒေါ်လာငါးသန်းခန့် ရှိသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၃ ဒီဇင်ဘာ၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်၌ တရားမ၀င် နိုင်ငံခြားငွေ ရောင်းဝယ်မှုများ ပပျောက်အောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သိရသည်။

မြန်မာ့ပညာရေး တိုးတက်ဖို့ အပြောင်းအလဲ စ တင်

Posted by drmyochit Wednesday, September 19, 2012, under | No comments




နိုင်ငံတော် သမ္မတရုံး ညွန်ချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွန်ချုပ် နှင့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၂ ဦးအပါအ၀င် ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ၁ဒါဇင်ကျော်ကို ရာထူးအပြောင်းအရွှေ့လုပ်ဆောင် လိုက်ကြောင်း ယနေ့ ထွက်ရှိလာသည့် နိုင်ငံတော် ပြန်တမ်းအရ သိရှိရသည်။

နိုင်ငံတော် သမ္မတရုံး ညွန်ချုပ် ဦးမင်းဇော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွန်ချုပ်ဦးတင်မျိုးကြည်တို့အား အခြေခံပညာ ဦးစီးဋ္ဌာနများတွင် ညွန်ချုပ်အအဖြစ် အသီးသီးပြောင်းလဲ တာဝန်ပေးလိုက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ နှစ်ဦးဖြစ်သည့် ဦးမောင်မောင်ဝင်းနှင့် ဦးနေအေးတို့ကို အခြားသော ဋ္ဌာနများတွင် ညွန်ချုပ်များအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်ကိုတွေ့ရသည်။

ဦးသိန်းစိန် အစိုးရအဖွဲ့သက်တမ်း တစ်နှစ်ကျော်ကြာပြီးနောက် ယခင်လကုန်ပိုင်းက ၀န်ကြီး ဒုဝန်ကြီးများ ၃၀ ထက်မနည်း ပြောင်းလဲတာဝန်ပေးခြင်း နှုတ်ထွက်ခွင့်ပြုခြင်းတို့ လုပ်ဆောင်ပြီးနောက် ယခုလို ညွှန်ကြားရေးမှူးချုပ် အချို့ကို ပြောင်းလဲ တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ယခုနောက်ဆုံး ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ညွှန်ချုပ်အား အခြေခံပညာ ဦးစီးဋ္ဌာန အမှတ်(၁) ၏ ညွန်ချုပ်အဖြစ်၎င်း ပြောင်းလဲတာဝန်ပေးခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန၏ ခေတ္တညွှန်ချုပ်ဖြစ်သူ ဦးတင့်ဆွေ မှာ ယခုပြန်တမ်းအရ ညွှန်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခံရသည်ကို တွေ့ရသည်။ ။



ဘင်္ဂလားဒေ့ခ်ျတွင် YouTube ကိုစတင် ပိတ်ပင်

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : ထွန်းထွန်းမြန်မာ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် အစိုးရမှ YouTube ကို ယမန်နေ့ ညနေမှ စတင် ပိတ်လိုက်ပြီ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ မူဟာမက် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုမူ ထွက်ပေါ်လာပြီးနောက် YouTube ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
Bangladesh Telecommunication Regulatory Commission (BTRC) မှ YouTube အား အငြင်းပွားဖွယ်ရာ အစ္စလာမ် ဆန့်ကျင်ရေး ဗွီဒီယိုအား ဖယ်ရှားးပေးရန် တောင်းဆိုခဲ့ရာ မလိုက်နာသဖြင့် ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ဘက်မှ ပိတ်ပင် တားမြစ် လိုက်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာာပိုင်များက ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လည်း အဆိုပါ မူဟာမတ် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်မူများ ပေါ်ပေါက်လာခဲ့ရာ လွန်ခဲ့သည့် သောကြာနေ့က ဒက္ကာား အမေ ရိကန်သံရုံးရှေ့တွင်လည်း ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့အစ္စလာမ် နိုင်ငံအသီးသီးတွင်လည်း ဆန္ဒပြသမှုများ ဆက်တိုက် ပေါ်ပေါက်နေပြီး လစ်ဗျား နိုင်ငံတွင် အမေရိကန် သံအမတ်ကြီး တစ်ဦးအပါအ၀င် လူ ၄ ဦး သေဆုံးခဲ့သည်။
မွတ်ဆလင် အများအပြား နေထိုင်ရာ မြန်မာနိုင်ငံ ဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တော ဒေသတွင်မူ အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆန့်ကျင် ကန့်ကွက်မူများ ပေါ်ပေါက်ခြင်ူ မရှိသေးကြောင်း သိရသည်။

စင်ကာပူမှာ PASSPORT စာအုပ်တအုပ်.."BUGIS"..နားက..ကောက်၇ထားပါတယ်.

Posted by drmyochit Wednesday, September 19, 2012, under | No comments




စင်ကာပူမှာ PASSPORT စာအုပ်တအုပ်.."BUGIS"..နားက..ကောက်၇ ထားပါတယ်.။YAMIN THIRI..M599613..၀ိုင်းပြီး..share လုပ်ပေးကြပါအုန်း။ CALL TO 91884658..

ABSDF (မြောက်ပိုင်း) ကျောင်းသားဟောင်း တစ်ဦးနှင့်တွေ့ဆုံခြင်း

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : the voice

၈၈ ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို မြေအောက်ဒေသအသီးသီးတွင် ဖွဲ့စည်းခဲ့ကြပြီး ABSDF (မြောက်ပိုင်း)ဒေသ၌ တပ်မတော်ထောက်လှမ်းရေးဟု စွပ်စွဲချက်နှင့် ၁၉၉၂ ၌ အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုများကြုံခဲ့ရသည်။ ယင်းမှ ABSDF မြောက်ပိုင်းတွင် ဗဟိုကော်မတီဝင်တာဝန်ယူခဲ့သူ ABSDF ကျောင်းသားဟောင်း ကိုညီညီကျော်နှင့် The Voice Weekly တို့ သီးသန့်တွေ့ဆုံခဲ့သည်များကို ကောက် နုတ်ဖော်ပြအပ်သည်။

VOICE:း ABSDF ကို ဘယ်အချိန်က စတင်ဖွဲ့စည်းခဲ့တာလဲ။
UNNK: စတင်ဖွဲ့စည်းတုန်းကတော့ ကျွန်တော်တို့ မမီဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒေသအသီးသီးက ရောက်လာ တဲ့ကျောင်း သားတွေကို NDF လို့ခေါ်တဲ့ ဒေသလူ မျိုးစု အဖွဲ့အစည်းတွေက အကူအညီပေး ပြီးတော့ ၈၈ မတိုင်မီက ကြိုးစားခဲ့ကြ တာ။ ၈၈ ပြီးတော့ အကောင်အထည် ပေါ်ခဲ့ပါတယ်။

VOICE: တပ်ရင်းအနေနဲ့ ဆိုရင်ရော။
UNNK:တပ်ရင်းက မွန်ပြည်နယ်က စပေးတယ်။ ၁၀၀ ကနေ စပေးတယ်။ ၁၀၁၊ ၁၀၂ ကရင်ပြည်နယ်က ၂၀၀ ကနေ စပေးတယ်။ ၂၁၂ အထိရှိခဲ့တယ်။ နောက် ကယားပြည်နယ်က ၃၀၁၊ ရှမ်းပြည်နယ် က ၄၀၁၊ ပလောင်နယ်မြေက ၅၀၁၊ ပအိုဝ့်နယ်မြေက ၆၀၁၊ ကချင်ပြည်နယ် က ၇၀၀ ကျော် ၇၀၁၊ ၇၀၂။ ချင်းက ၈၀၁။ နာမည် ရှိပေမယ့် သူမဖွဲ့စည်းဖြစ် ဘူး။ ချင်းကျောင်းသား အနေနဲ့ပဲ ဖြစ်ခဲ့ တယ်။ နောက် ရခိုင်က ၉၀၁။ အဲဒီလို မျိုး ABSDF က ဖွဲ့စည်းတယ်။

VOICE:း မြောက်ပိုင်းမှာ ကျောင်းသား ဘယ်နှယောက်လောက် ရောက်ခဲ့လဲ။
UNNK: ကျောင်းသားအနေနဲ့ ကိုယ် ပိုင်နံပါတ် အရ ပြောရင် ၅၀၀ ကျော်ရှိ ပေမယ့် သေတာနဲ့ သွားလိုက်ကြ၊ ပြန် လိုက်ကြဆိုတော့ ကျွန်တော်တို့ နောက် ဆုံးရှိ တဲ့အချိန်မှာ ၃၀၀ ကျော်ရှိတယ်။

VOICE:း ABSDF မြောက်ပိုင်းနဲ့ တောင် ပိုင်း ဘယ်လို ချိတ်ဆက်မှုတွေ ရှိခဲ့လဲ။
UNNK:တောင်ပိုင်းနဲ့ မြောက်ပိုင်း တစ်သဘောတည်းပါပဲ။ အားလုံးအတူ တူပါပဲ။

VOICE: ဦးညီညီကျော်အနေနဲ့ ABSDF (မြောက်ပိုင်း)မှာ ဘာတာဝန် ယူခဲ့တာလဲ။
UNNK: ကျွန်တော် ဗဟိုကော်မတီ တာဝန်ယူခဲ့တာပါ။ အဲဒီမှာလည်း နည်း နည်းတော့ပြောချင်ပါတယ်။ ဗဟိုကော် မတီဆိုတာ ကျွန်တော်တို့ဖွဲ့စည်းပုံက သာမန်ဖွဲ့စည်းပုံနဲ့မတူဘူး။ ကျွန်တော် တို့ဒေသအသီးသီးက ရောက်လာကြတဲ့ အခါ စောစောကပြောသလို ABSDF ကချင်ဆိုတာ မဖြစ်ဘဲနဲ့ ကျွန်တော်တို့ က ဒေသ အားလုံးက ကျောင်းသားတွေ ဖြစ်နေတဲ့ အခါ ဖွဲ့စည်းပုံမှာ ဒေသရေး ရာ တာဝန်ခံဖြစ်တယ်။ ဒေသရေးရာတာ ဝန်ခံဆိုတာ ကိုယ့်ဒေသမှာ ရှိတဲ့ ကျောင်း သားရဲ့ကိုယ်စားလှယ် သဘောမျိုးနဲ့ ဗဟိုကော်မတီမှာ ပါခွင့် ရတာ။ အဲဒီတော့ ကျွန်တော်က မန္တလေး ကျောင်းသားတွေ ရဲ့ ကိုယ်စားလှယ်အနေနဲ့ ဗဟို ကော်မတီ ဖြစ်ခဲ့တာ။

VOICE: မြောက်ပိုင်းမှာ အစုလိုက်၊ အပြုံလိုက် အသတ်ခံရတဲ့ အကြောင်း ရင်းက ဘာလဲဗျ။
UNNK: အကြောင်းရင်းခံက အခြေ အနေ တူကြမှာ မဟုတ်ပါဘူး။ အများ ထင်သလို အာဏာ လုကြတာတို့၊ ကျောင်း သားနှစ်ဖွဲ့ကွဲကြတာတို့ မဟုတ်ပါဘူး။ ကျွန်တော် ဒီကိစ္စကို ကံအား လျော်စွာ သိခွင့် ရခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှစ်လေးလုံး သုံးနှစ်မြောက် အခမ်းအနား ကို ဗဟိုမှာ သွားဖို့အတွက် ရွှေလီကို ရောက်တဲ့ အချိန်မှာ ကျွန်တော်နဲ့အတူ ကိုမျိုးဝင်းနဲ့ ကားတစ်စီးတည်း သွားခွင့် ရတဲ့အတွက် တစ်လမ်းလုံး ပြောပြတာတွေ ရော၊ ကားဆင်းဝယ်တာ တွေရော ဒါ တွေက ကျွန်တော်ကိုယ်တိုင် သိခဲ့ရတာ ပါ။ အဲဒီတော့ အများနဲ့တော့ သဘော တူမှာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ကိုယ် ပိုင် အယူအဆကို ပြောရမယ်ဆိုရင် ဖြစ် ရတဲ့အကြောင်းရင်းမှာ လျှို့ဝှက်ချက် တစ်ခုရှိတယ်။ အဲဒါက အများ နားမလည် နိုင်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ စောစောက ပြောသလို ABSDF ကချင် ဖြစ်လာတဲ့ အခါကျ မြို့နယ် ငါးမြို့နယ်မှာ တစ်မြို့ နယ်မှာ သုံးယောက်နှုန်းဖွဲ့ကြတယ်။ ပထမဆုံး ပြိုကွဲသွားတာက မြစ်ကြီးနား၊ ရွှေကူ အဲဒီလူငယ်တွေဟာ၊ ကျောင်းသား တွေဟာ အများဆုံးစိတ်ပျက်ပြီး ပြန် သွားတယ်။ အဲဒီတော့ ABSDF ကချင် ဟာ အများဆုံး ကျန်ခဲ့တာ မိုးညှင်းနဲ့ မိုးကောင်း ဖြစ်တယ်။ ဘာကြောင့်ဖြစ် သလဲမေးရင် ဒေသခံ တခြား ရည်ရွယ် ချက်ရှိသောသူများနဲ့ ဒီမိုကရေစီအရေး အတွက် မြို့ပေါ် (ရန်ကုန်၊ မန္တလေး အပါအဝင်) ကနေ ရောက်လာတဲ့ ကျောင်း သားတွေ အယူအဆ မတူတာပါပဲ။ အဲဒီ လိုဖြေရင် မှန်ပါမယ်။

VOICE:း စောစောက ပြောသွားတဲ့ လျှို့ဝှက်ချက် ဆိုတာ ကျတော့ ဘာလို့ ပြောလို့ရမလဲ။
UNNK: ပွင့်ပွင့်လင်းလင်း ပြောပါ တော့မယ်။ ဒီဟာက ကချင်ပြည်နယ်မှာ အများစုဟာ ဒေသခံ အများစုဟာ ကချင်။ ဒါပေမဲ့ သူတို့မှာ နာကြည်းချက် တစ်ခု ရှိတယ်။ သူတို့တွေဟာ အသိအမှတ် မပြုခံရတဲ့ နာကြည်းချက် တစ်ခု ရှိတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဒေသခံများဟာ လက်နက် ကိုင် အဖွဲ့အစည်း အဖြစ် ကြိုးစား ကြတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး မှာတော့ ၈၈ အရေးအခင်း ဖြစ်လာတော့ ကျောင်းသားတွေနဲ့ သူတို့ဟာ လက် နက် အကူအညီရော၊ သင်တန်းအကူ အညီရောရခဲ့တယ်။ ရခဲ့တဲ့အခါ သူတို့ ရည်ရွယ်ချက်က သူတို့ဒေသ၊ သူတို့အစွဲ၊ သူတို့လူမျိုးရေးဆိုတဲ့ အနေအထားလေး တွေရှိပါတယ်။ အဲဟာကို ကျွန်တော် တို့က အဲဒီအချိန်တုန်း အရေးတယူ မရှိဘူး။ ကျွန်တော်တို့ ယုံကြည်ရာက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဆိုတာ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က သူတို့ ရည်ရွယ်ချက်နဲ့ ထိပ်တိုက် တွေ့တဲ့ သဘောလေး တွေရှိနေတယ်။

VOICE:း ထောက်လှမ်းရေး ဆိုပြီး စွပ်စွဲ အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ရော။
UNNK:အဲဒီကိစ္စက မှန်တာပြောရင်- အားလုံးက ကြိုတင်လည်း သိပါတယ်။ ရိပ်လည်း ရိပ်မိပါတယ်။ ဒါဟာ မထင် မှတ်ဘဲနဲ့ ရုတ်တရက် ပေါ်လာတာမျိုး တော့ မဟုတ်ဘူး။ အဲဒီချိန်မှာ လည်း ကိုလွှမ်းမိုးတို့၊ ကိုအောင်ကျော်တို့ သေ ခဲ့ကြတယ်။ နောက် ကိုမြတ်ကိုတို့ သေ ခဲ့ကြတယ်။ ကိုဇော်ဝင်းတို့ သေခဲ့ကြ တယ်။ နောက်တစ်ခါ စစ်ကိုင်းတိုင်းက ဦးကျော်ကျော်အုန်းတို့ အုပ်စုလိုက် ငါး ယောက် အစုလိုက် အပြုံလိုက် အသတ်ခံ ရတာတွေရှိတယ်။ ရှိတဲ့အခါကျတော့ ဒီဟာ ကျွန်တော့်အမြင်အရတော့ ထောက် လှမ်းရေးလို့ စွပ်စွဲတာ အဓိက မကျဘူး။ ဒါက သတ်မှတ်လိုက်တာ တစ်ခုသာဖြစ် တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ မေးတဲ့မြန်းတဲ့ နေရာမှာ စစ်တဲ့နေရာ မှာရော ဒီထောက်လှမ်းရေးနဲ့ ပတ်သက် ပြီး မေးတာမြန်းတာမျိုးမှမရှိဘဲ။ အပတ် စဉ် (၅) တုန်းက မင်းပြောတဲ့ စကား မှတ်မိလားလို့၊ မင်းတို့ ကော်မရှင် တုန်းက လုပ်ခဲ့တာ မှတ်မိလားလို့ စကားမျိုး တွေဟာ ဒါသက်သေပါ။ အဲဒီတော့ ထောက်လှမ်းရေး အနေနဲ့ ဘယ်နံပါတ် ပဲပြောပြော၊ ဘယ်အဆင့်ပဲ ပြောပြော၊ ဘယ်တာဝန်ပဲ ပြောပြော၊ ဘာမှအရေး မကြီးဘူး။ အရေးကြီးတာ လူတွေကို ဖမ်းဖို့ ဆီးဖို့ပဲ။ ဖမ်းဆီးပြီး စိတ်တိုင်းကျ ရိုက်နှက်ဖို့ပဲ။

အဲဒီမှာ သေချင်လည်း သေသွားနိုင်တယ်။ ဖြည်းဖြည်းချင်းလည်း သေသွားနိုင်တယ်။ မသေရင်လည်း ထုတ်သတ်လို့ ရတဲ့ အခြေအနေပဲ။ အဲဒီ တော့ ကျွန်တော်မြင်တာ ထောက်လှမ်း ရေးဆိုတာ အဓိက မကျဘူး။ ဒါလူဖမ်း ပွဲကြီးပါပဲ။ လူဖမ်းပွဲကြီးမှာ အငြိုးတွေနဲ့ နှိပ်စက်ကြမယ်။ နှိပ်စက်ကြပြီးရင် ပြန် ရှင်စရာတော့ လမ်းမမြင်ပါဘူး။ ဖမ်းပြီး သားလူပါ။ ဥပမာ-တရားခွင်နဲ့ စစ်တာ မျိုးမရှိသလို ထောင်ကျမှာ မျိုးလည်း မရှိ ဘူး။ အမှုမှာ ပေါ့တယ်။ လေးတယ်။ ဘယ်သူကတော့ ပေါ့တယ်။ ဘယ်သူ က တော့ လေးတယ် ဆိုတာမျိုး မရှိဘူး။ ဒီ စွပ်စွဲခံ အားလုံးဟာ (၁၀၆ ယောက်)၊ ကျွန်တော် ပြောချင်တာ အားလုံး သေလူပဲ။ ကြီးတာ ငယ်တာမရှိဘူး။ ဒါကြောင့် လည်း လွတ်မြောက်အောင် ရုန်းထွက်ခဲ့ ကြတာ။ ဒီမတရားမှုကို သာမန် ကိုယ့်ရဲ့ မိခင်တပ်ရင်း သို့မဟုတ် မိခင်အသင်း အဖွဲ့တစ်ခုကနေ အထင်လွဲပြီး ထောက် လှမ်းရေးလို့ စွပ်စွဲ တာမျိုး အားလုံးက အေးအေးဆေးဆေး ရင်ဆိုင်ဖို့ အသင့်ရှိ တယ် ဆိုတော့ အခုဟာက ထောက်လှမ်း ရေးလို့ စွပ်စွဲချက်က အဓိက မကျဘူး။

VOICE:း ဟုတ်ကဲ့ပါ။ ဒီအစုလိုက် အပြုံလိုက် အသတ်ခံ ခဲ့ရမှုမှာ အဓိက တာဝန် အရှိဆုံးဆိုလို့ ပြောလို့ ရတဲ့သူ ရှိရင် ...
UNNK:အဓိက တာဝန် အရှိဆုံးက ပထမဆုံးက မျိုးဝင်းပါ။ သူက RIT ကျောင်းသားပါ။ မိုးညှင်းမြို့နယ် ထဲက နမ္မား ကပါ။ သူစပြီး လုပ်လိုက်တာနဲ့ နောက်ထပ် တာဝန်ရှိသူ တစ်ယောက် တိုး လာပါတယ်။ အဲဒါ ကိုသံချောင်းပါ။ ကိုသံချောင်းက လူရိုးလူဖြောင့်လို့ ပြော ရပေမယ့် ကိုယ်ထိလက်ရောက် လုပ်တဲ့ ဟာတွေမှာ သူကရိုးသားသူ ပီပီ တကယ် ယုံကြည် လာရင် တကယ် လုပ်တာတွေ့ ရတယ်။ အဲဒီကနေ ဘယ်ကို ရွေ့လာသလဲ ဆိုတော့ အရေးပေါ် ဥက္ကဋ္ဌလို့ အတပ်ခံရ တဲ့ ကိုအောင်နိုင်ဆီ ရွေ့လာတယ် ဆိုတော့ အခုအနေနဲ့ ပြောရရင်တော့ ကိုအောင်နိုင် ဟာ တာဝန် ရှိဆုံးပဲ။ တကယ်တမ်း စဖြစ် တဲ့ တာဝန်ရှိသူက ဘယ်သူလဲ၊ သံချောင်း မှန်ပါတယ်။ ဒီလိုမျိုး ရွေ့လာတာ တွေ့ရ တယ်။

VOICE:း ဒီပုဂ္ဂိုလ်တွေ အပြင် တခြား ပုဂ္ဂိုလ် တွေမှာရော တာဝန်ရှိတာမျိုး တွေ့ မိတာ ရှိလား။
UNNK:ကျွန်တော် ပြောချင်တာက ပထမ ဒေသစွဲနဲ့ အခြေအနေရ ဖြစ်ခဲ့တာ။ ဒါက ဒီလောက် ပြင်းထန်တယ်လို့ ပြော လို့ မရဘူး။ ပြဿနာကို စဖန်တီးတာ တော့ မှန်တယ်။ ဒါပေမဲ့ အချင်းချင်း လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီ အရေးမှာ မြို့ပေါ်မှာလည်း တွဲလုပ်တယ်။ ပါတီ ကိစ္စတွေ၊ သမဂ္ဂ ကိစ္စတွေ လုပ်ကြတဲ့ အထဲမှာ နားလည်ရင်းနဲ့ ဆက်ပြီး ကျူး လွန်တာကျတော့ ကျွန်တော်တို့က သိပ် ပြီး ခွင့်မပြုဘူး။ အဲဒါကြောင့် ကျွန်တော် ကိုအောင်နိုင်လို့ ပြောတာပါ။ အဲဒီရဲ့ ဟို ဘက်မှာတော့ တာဝန်ရှိသူတွေဟာ ဆက် ပြီး ရွေ့လာတယ်။ အဲဒီတော့ ပြောရ မယ်ဆိုရင် ဗဟိုမှာ တာဝန်ရှိတဲ့ သူများ လည်း လွှတ်မှာ မဟုတ်ပါဘူး။ တာဝန် ယူမှုနဲ့ မဲရဖို့၊ ထောက်ခံမှုရဖို့ လူ လေး ငါးဆယ်ကို ရင်းလိုက်တော့မယ် လို့ ဆုံးဖြတ်တဲ့ အနေအထား တစ်ခုကို ဗဟို ကလာတဲ့ ကိုအောင်နိုင်တို့ ဘက်မှာလည်း တွေ့ရတယ်။ ဒီနေ့ အချိန် အထိလည်း ဒါတွေ တွေ့နေရတယ်။ ဆက်ပြီးတော့ ဒီဟာကို ဒီအတိုင်းပဲ ထားလိုက်ချင်ကြ တယ်။ မဟုတ်လည်း ဟုတ်စေချင်ကြ တယ်။ ဒါကြောင့် ဒီနေ့ ဝင်ပြောနေတဲ့ တာဝန်ရှိပါတယ် ဆိုတဲ့ သူတွေကပါ ကျွန်တော်တို့က မစွပ်စွဲပါဘဲနဲ့ ပတ်သက် မိသလို ဖြစ်နေတယ်။

VOICE:း ဒီအစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ် အပါအဝင် မြောက် ပိုင်းမှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသား အရေ အတွက် ဘယ်လောက်များ ရှိခဲ့လဲ။
UNNK: တစ်ချိန်တည်း တစ်ပြိုင်တည်း ထောက်လှမ်းရေး ဆိုပြီး စွပ်စွဲချက်နဲ့ သေတာ ၃၅ ယောက်ပါ။ အားလုံးက တော့ မတရား သတ်ဖြတ်ခံရတာ၊ ညှဉ်း ပန်း သတ်ဖြတ်ခံရတာ။

VOICE:း ABSDF မြောက်ပိုင်းဟာ KIA ရဲ့ လမ်းညွှန်အထောက်အကူပြုမှု နဲ့အတူ ဖွဲ့စည်းခဲ့တယ်ဆိုတာ ဟုတ် သလားမသိဘူး။
UNNK:ကျွန်တော် စောစောကတင် ပြခဲ့သလိုပါပဲ။ NDF မူအရ အကူအညီ ပေးတယ်။ ဆိုလိုတာက တစ်သင်းချင်း တစ်ဖွဲ့ချင်းက ကိုယ့်သဘောနဲ့ကိုယ် ဖွဲ့ ခဲ့တာမဟုတ်ဘူး။ ရောက်လာတဲ့ဒေသ အသီးသီးကရောက်လာတဲ့ ကျောင်းသား တွေ သူတို့တပ်ပေါင်းစုကနေ ဆုံးဖြတ် ချက်နဲ့ ပေးလိုက်တယ်။ အဲဒီမှာကျ ကျွန်တော်တို့က ဘာဖြစ်လာလဲဆိုတော့ အားလုံးလက်နက်ကိုင်ရော၊ လက်နက် မကိုင်ရော ပုံမှန်လှုပ်ရှားနေကြတဲ့ DAB ဆိုတာဖြစ်တယ်။ အဲဒီလို ဖြစ်လာတဲ့ အခါကျ ကျွန်တော်တို့က DAB မူနဲ့ သွားခဲ့ရတာ။ DAB မူကလည်း အား လုံးက ကိုယ့်ဒေသမှာရောက်တဲ့သူက ဝိုင်းဝန်း ပံ့ပိုးရတာ။ KIA က တိုက်ရိုက် ဆိုတာထက် တပ်ပေါင်းစုလို့၊ DAB မူ အရလို့ ကျွန်တော်ပြောချင်ပါတယ်။

VOICE:း ကျွန်တော်သိချင်တာက ဗျာ။ စောစောကပြောသလို ABSDF (မြောက်ပိုင်း)ဟာ KIA တို့၊ DAB မူ အရ ကူညီထောက်ပံ့မှုတွေနဲ့ ဖွဲ့စည်းခဲ့ တယ်။ ABSDF (မြောက်ပိုင်း) ဟာ ပြိုကွဲမှုတွေဖြစ်တယ်။ ဒီလိုအချိန်မျိုး၊ အခြေအနေမျိုးမှာ သူတို့ဘက်ကနေ ၀င်ရောက်ထိန်းညှိပေးတာမျိုးတွေရော မရှိဘူးလား။
UNNK:ကျွန်တော်တို့က မြို့ပေါ် တာဝန်ယူခဲ့ရတာ။ ယူပြီးတော့မှ ကျွန် တော်တို့ရောက်လာတော့ ကျွန်တော်တို့ ရောက်တာက ၈၉ ဇူလိုင်။ အဲဒီမှာ တွေ့ရတာက သူတို့မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ကျောင်းသားတပ်နဲ့ ဆက်ဆံတဲ့အခါ တာဝန်ခံထားတာမျိုးတွေ့ရတယ်။ များ သောအားဖြင့် ဖြေရှင်းပေးလေ့ရှိပါတယ်။ သာမန် အသေးအဖွဲကိစ္စလေးတွေမှာ လည်း လာပြီးဖြေရှင်းပေးလေ့ရှိပါတယ်။ ဒီကိစ္စမှာတော့ ကျွန်တော်တို့မြင်တာ သူတို့မှာ အခြားအခက်အခဲ တစ်ခုရှိနေ တယ်။ အိန္ဒိယဘက်ကို ရွှေ့ပြောင်းမယ့် အခြေအနေ။ နောက်တစ်ခုက နန်းယွန်း -ပန်ဆောင် တိုက်ပွဲ အခြေအနေပေါ့။ အဲဒီအခြေအနေ တော်တော်များများက မရှိနိုင်ဘူး။ မရှိတဲ့အချိန်မှာ ကျွန်တော် တို့တွေ့ရတာ DAB မူအရ ဝင်မစွက် ဖက်ပါဘူး ဆိုတာ တွေ့ရတယ်။

VOICE:း ဒီ ABSDF (မြောက်ပိုင်း) မှာ ဦးညီညီကျော်က ဗဟိုမှာလည်း ဗဟိုကော်မတီဝင်တစ်ဦးဆိုတော့ ဒီဖြစ် စဉ်ကနေ ဦးညီညီကျော်လွတ်လာပုံ လွတ်မြောက်လာပုံနဲ့ပတ်သက်ပြီး နည်း နည်းလေးပြောပါဦး။
UNNK:ကျွန်တော့်ကို ဖမ်းတာက စက်တင်ဘာလ ၁၀ ရက်(၁၉၉၁)။ ကျွန်တော် အဲဒီမှာလွတ်မြောက်တာက အောက်တိုဘာလ ၄ ရက်။ ကျွန်တော် ပြည်တွင်းပြန်ရောက်တာက အောက်တို ဘာလ ၁၀ ရက်။ အိမ်ပြန်ရောက်တာ ဒီဇင်ဘာ ၂၆ ရက်။ ကျွန်တော်ထွက်ပြေး လွတ်မြောက်ခဲ့တယ်ဆိုတာ ပြောပြပါ့ မယ်။ အဓိကကတော့ ကျွန်တော်နဲ့ ကိုထွန်းအောင်ကျော်နဲ့ ၈၈ စကတည်း က GTI ၊ နောက် အထက်မြန်မာပြည် ဗကသ၊ နောက် ဂေါ်စတာ၊ ဒီလိုနဲ့ နောက်ဆုံး ABSDF အထိ ပတ်သက်ခဲ့ ကြတာ။ အဓိကကတော့ ကိုထွန်းအောင် ကျော်တို့ကို ဖြိုဖို့ပါ။ ဖြိုဖို့ဆိုတော့ ဒီ ဇာတ်လမ်းကို ကျွန်တော့်ဆီက စဖို့ပါပဲ။ တစ်ချိန်လုံး ကြိုးစားခဲ့တာ။

ကျွန်တော့် ရဲ့အမှားတစ်ခုကနေ စပြီးတော့ ကြိုးစား ခဲ့ကြတာ။ အဲဒီတော့ တကယ်တမ်း လည်း အဓိက ကျွန်တော့်ကိုဖမ်းတယ်။ ဖမ်းတဲ့အခါမှာ ကျွန်တော်က အဖမ်းခံ ရတော့ ... တစ်လတိတိ ပြဿနာဖြစ်ပြီး နေမှ အဲဒီနေ့မှာ ကိုထွန်းအောင်ကျော် အပါအ၀င် အားလုံး ၂၂ ယောက်အရေး ကြီးတယ် ထင်တဲ့သူတွေကို အားလုံး အစုလိုက် အပြုံလိုက် ဖမ်းတယ်။ ဖမ်း လိုက်ပြီးတော့ စစ်ဆေးတယ်။ စစ်ကြော တယ်လို့ ခေါ်တဲ့ ဖမ်းဆီး နှိပ်စက်မှုမှာ အဓိကက ကျွန်တော့်ဆီကို ကျတယ်။ ကျွန်တော့်ဆီကို ကျလာတဲ့အခါ နောက် ဆုံးနေ့မှာ ကျွန်တော်က မထနိုင် မလှုပ် နိုင်တဲ့ အခြေအနေကို ရောက်သွားတယ်။ ကျွန်တော့်ကို နဂိုရင်း ဖမ်းထားတဲ့နေရာ ကို ပြန်မပို့နိုင်ဘဲနဲ့ ကျွန်တော့်ကို နီး စပ်ရာထဲမှာပဲ ထားလိုက်တယ်။ တစ် ဖက် အခန်းမှာတော့ ဦးစိန်ရှိတယ်။

ထားလိုက်တဲ့ အခါမှာပဲ သူတို့သွေးပျက် လောက်အောင် ခေါ်ခေါ်လာပြီးတော့ နှိပ်စက်ပြတဲ့အခါ။ ကျွန်တော် လွတ် မယ့် နေ့မတိုင်ခင်ညမှာ ကိုဇော်ဝင်းချစ် သေသွားတယ်။ နောက်ထပ်လည်း ဆက် တိုက်တွေ့နေရတယ်။ တွေ့နေရတော့ အဓိကဘာမေးလဲဆိုတော့ ဟုတ် မဟုတ် မမေးဘူးဗျ။ တစ်ယောက်ကနေပြီးတော့ တခြားငါးယောက်ကို ပြောရတယ်။ အဲဒီ တော့ ကျွန်တော်တို့က ပထမဆုံးပြော တာက သေပြီးသားသူ၊ ထွက်ပြေးပြီး သားသူကို ပြောတယ်။ နောက်ကျတော့ မရတော့ဘူး။ အဲဒါတွေ မပြောရတော့ ဘူး။ နောက်ဆုံး မေးတာကတော့ လုံးဝ လူသစ်ငါးယောက် လိုချင်တယ်။ ဆိုလို တာကတော့ နောက်ဆုံး အချိန်မှာပဲ နောက်ရက် မနက်ကျရင် ကျွန်တော် သေပြီ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ တစ်ရက်တော့ အချိန်ဆွဲခွင့် ရတယ်။ ကျွန်တော် ဒဏ်ရာ သိပ်များနေတယ်။ ခေါင်းမှာလည်း သိပ်များနေတဲ့အတွက် ကျွန်တော် မပြောနိုင်သေးဘူး။ ကျွန် တော်တစ်ရက်တော့ ဆွဲလို့ရတယ်။

ဒီ ထက်ပိုပြီး ရှင်စရာလမ်းတော့မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီမဖြစ်နိုင်တဲ့ လူကလည်း ကုန်သလောက်ရှိနေပြီ။ မဖြစ်နိုင်တဲ့ လူငါးယောက် တောင်းတာ မျိုးကျတော့ ...။ တကယ်တမ်းတော့ သတ်ပစ်တော့မှာ။ သတ်ပစ်ရင် ကျွန်တော့် ပါးစပ်က ပြောသွားတဲ့ စကားအရ ကိုထွန်း အောင်ကျော်ကို သတ်ကြမှာ။ အဲဒီအချိန် မှာ ... ကျွန်တော်ထွက်ပြေးတာ မဟုတ် ပါဘူး။ နောက်ဆုံး လုံးဝ သည်းမခံနိုင် တဲ့အခြေအနေမျိုးမှာ မသိစိတ်က လွတ် ထွက်သွားတယ်။ လွတ်ထွက်သွားတဲ့ အခါ ကြိုးချည်ထားတာလည်း ဖြေမိ တယ်။ ထိုင်နေဆို ထသွား မိတာမျိုးပေါ့။ အဲဒီလိုနဲ့ ကျွန်တော် အပြင်ကိုရောက် သွားပြီးတော့မှ ကျွန်တော် လွတ်နေတယ် ဆိုတာသိတယ်။ အဲဒီလို သိပြီးတဲ့နောက် မှာ ကျွန်တော်သိပြီးတဲ့ အတိုင်း အလုပ် လုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အဖြစ်အပျက်တွေကနေ တစ်ယောက် ယောက် ရုန်းထွက်နိုင်လို့ရှိရင် ဒီအဖြစ် အပျက် အပြင်ကို ပို့သွားရင် ဒီထက် ဆိုးဆိုးဝါးဝါးမဖြစ်နိုင်ဘူး ဆိုတဲ့အသိနဲ့ ကျွန်တော် ဆက်သွားတာ။

အဲဒီတော့ ကျွန်တော့်စကားကို ပြန်ပြောရမယ်ဆို ရင် ကျွန်တော်က ထွက်ပြေးတာ မဟုတ် ဘူး။ အဲဒီနေ့မှာတော့ ထပ်ဖမ်းနိုင်တဲ့၊ လမ်းမလျှောက်နိုင်တဲ့ အခြေအနေကနေ ပြီးတော့ ကျွန်တော်က အသိစိတ်ပျောက် ပြီးတော့ နောက်ဆုံးအနေနဲ့ လုပ်ချင် တာတွေ လုပ်ပစ် လိုက်တယ်။ ဖြုတ်ချင် ရာ ဖြုတ်ပစ်တယ်။ ထချင်ရာထသွား တယ်။ ထသွားလို့မရရင် လေးဖက် ထောက်သွားတယ်။ မရရင် ... ကုန်း ဆင်းဆို ဖင်ထိုင် လျှောချတယ်။ ပြေး တာတော့ မပြေးနိုင်ဘူး။ အဲဒီအခြေ အနေပါပဲ။ ဒါကတော့ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုလို့ ပြောရင် ရပေမယ့် ဘယ်အကူအညီမှ မပါပါဘူး။ ဘယ်သူ ကမှ လွှတ်ပေးတာ မဟုတ်ပါဘူး။ ကြိုး ဖြေပေးပြီး ပြေးပါတော့လို့ ပြောရင် တောင် ပြေးနိုင်တဲ့ အခြေအနေ မရှိဘူး။

VOICE:း မြောက်ပိုင်းမှာ ကြွေလွင့်ခဲ့ ရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ဦးညီညီကျော် ပြောနိုင်တာ၊ ပြောလို့ရ တာ ပြောပေးပါဦး။
UNNK:အဓိကတော့ ကျွန်တော်တို့ က သူတို့ရဲ့ စိတ်ဓာတ်ကို ချီးကျူးတယ်။ ကျွန်တော်တို့ သေခါနီး လူတွေကို ချုပ် နှောင်ထားတဲ့ အခန်းကြီး တစ်ခုကို ကိုယ်တိုင် ကြုံခဲ့ရတာ။ အဲဒီတော့ ဒီလို စုပြုံထားရင် ကျွန်တော် ကြားဖူးတာက ‘ကမ္ဘာမီးလောင် သားကောင်ချနင်း’။ ဒါ ပေမဲ့ ဒီနေရာမှာတော့ မတွေ့ရဘူး။ မတွေ့ ရဘူးဆိုတာ တော်တော် တော်ပါတယ်။ အရမ်းကောင်းပါတယ်။ တစ်ယောက်ကို တစ်ယောက် ညှာပါတယ်။ နောက်ဆုံး ဘယ်သူမှ ကိုယ်လွတ် မရုန်းကြပါနဲ့။ လမ်းမလျှောက် နိုင်တဲ့သူတောင် ရအောင် ခေါ်နိုင်တာ တွေ့ရတယ်။ သေတဲ့သူတွေ ကလည်း ရဲရဲရင့်ရင့် သေသွားတယ်။ ငိုတာ၊ ရယ်တာ၊ တောင်းပန်တာမျိုး မရှိဘူး။ ဆိုတော့... ကျွန်တော် ဒီလူတွေ နဲ့ပတ်သက်လို့ တကယ်ပြောချင်တာ သူတို့ စိတ်ဓာတ်နဲ့ သူတို့ရဲ့တကယ့်ကို အံ့သြ လောက်အောင် လေးစားစရာကောင်း တယ်။ တကယ်ဆိုလို့ ရှိရင် တစ်ယောက် နဲ့တစ်ယောက် လွှဲချပြီးတော့ ကိုယ်လွတ် ရုန်းကြရမယ့် သူတွေ ချည်းပါ။ အဲဒီအနေ အထားမျိုး ကျွန်တော်တွေ့တယ်။ သူတို့ အတွက် ပြောရင်တော့ အဓိက အဲဒီဟာ ပဲ။

VOICE:း ABSDF (မြောက်ပိုင်း) မှာ ကြွေလွင့် ခဲ့ရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သိထားတာ က တချို့ကျောင်းသားတွေဆိုရင် သေ သာသွားတယ်။ အခုချိန်ထိ သူတို့မိဘ တွေက သူတို့သားတွေ သေဆုံးခဲ့တယ် ဆိုတာ ဒီကနေ့အထိ မသိတဲ့သူတွေ ရှိနေဆဲပါ။ ဒီမိဘတွေအတွက် ဘယ် လိုမျိုး နှစ်သိမ့်မှုပေးနိုင်မှာလဲ။
UNNK: အဲဒီစကားလုံးကတော့ ရှာ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တို့မှာ ပြောခွင့်ရှိတာ မဟုတ်ဘဲနဲ့ ပြောခဲ့ကြတယ်။ ပြောခွင့် ရှိတာထက် ပြောရမှာ... စကားလုံး ရွေးချယ်ရတယ်။ မိဘတွေရှိတယ်။ အစ်မတွေ၊ ညီမတွေ ကိုယ်ဝန်ဆောင်နဲ့ ကြုံရတာတွေ ရှိတယ်။ တချို့ကတော့ ညီအစ်ကိုတွေ ရှိတဲ့အတွက် ကျွန်တော်တို့ ပြောသာတယ်။ နည်းနည်း လေး ပြောသာတယ်။ ပြောသာတော့ ထူးခြားချက်က ပြောလိုက်တဲ့ မိသားစု တိုင်း ဒီအဖြစ်အပျက်ကို လက်မခံကြဘူး။ လက်မခံချင်ကြဘူး ဆိုတာ သူ့သားဟာ တော်လှန်ရေး တစ်ခုကို လုပ်တယ်။ တော ထဲမှာရှိနေတယ်။ ဆက်ပြီး အသက်ရှင်နေ တယ်လို့ပဲ သူတို့က ယူဆတယ်။ ကျွန်တော် တို့ သွားပြောမိတဲ့ သူတောင်မှ ပြန်ပြီး တော့ တစ်မျိုး မြင်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အမှန်တရား တစ်ခုကို လက်ခံဖို့ လုပ်သင့်လုပ်ထိုက် လုပ်ဖို့ ကျတော့ ကျွန်တော် တို့ကတော့ မတိုက်တွန်းရဲဘူး။ တချို့ မိဘတွေကတော့ နောက်ပိုင်း တဖြည်းဖြည်း သိသွားပြီးတော့ သားအတွက် တစ်ခုခု လုပ်သွား တာမျိုးတွေ တွေ့ရတယ်။ တချို့ မိဘတွေ ကျတော့ သိတာတော့ သိတယ်။ ဒီအပေါ်မှာ သူတို့ မေ့ပျောက်ပြီးတော့ သေသွားတဲ့သူရဲ့ အချက်အလက်ကို မတွေးတာမျိုး၊ လက်မခံတာမျိုး တွေ့ရ တယ်။

VOICE:း မကြာသေးခင်ကပဲ ပြည်ပ မှာ ABSDF ဗဟိုဥက္ကဋ္ဌဟောင်းနဲ့ ပြည် ထောင်စုအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးတို့ တွေ့ဆုံကြတယ်ဆိုတာမျိုး တွေ့ရတယ်။ ဒီအပေါ်မှာ ABSDF ကျောင်းသားဟောင်း တစ်ယောက်ဖြစ် တဲ့ ဦးညီညီကျော် အနေနဲ့ သုံးသပ်ချက် လေးပေးပါဦး။
UNNK:သာမန် အားဖြင့်တော့ အခွင့် အရေးတစ်ခုဟာ ကြုံကြိုက် လာတဲ့အပေါ် မှာ ဆုံးဖြတ်ပြီး လုပ်တဲ့အခါ ကျွန်တော် တို့က ဘာမှ ပြောခွင့်မရှိဘူး။ ဒါပေမဲ့ ABSDF မဟုတ်တော့တဲ့ အခြားအင်္ဂလိပ် အက္ခရာ အမျိုးမျိုးနဲ့ အသွင် အမျိုးမျိုး ပြောင်းပြီးမှ တကယ် အနစ်နာခံပြီး၊ တကယ် တောထဲမှာ နေပြီးတော့ လုပ်ခဲ့ရ တဲ့သူတွေရဲ့ ခေါင်းဆောင် ပုံစံမျိုးနဲ့ ပြန် ထွက်လာပြီးတော့ ရှေးတုန်းက စစ် ခေါင်းဆောင်တွေနဲ့ ပြန်တွေ့ကြတယ် ဆိုတာတော့ ဘယ်လို နားလည်ရမှန်း မသိဘူး။

VOICE:း လက်ရှိ နိုင်ငံရေးအခြေနေ ကို ABSDF ကျောင်းသားဟောင်း တစ် ယောက်အနေနဲ့ ထင်မြင်ချက်လေး ပေး ပါဦး။
UNNK: ABSDF ကျောင်းသားဟောင်း တစ်ယောက်အနေနဲ့ ဆိုတာထက် ကျွန်တော် တို့ဟာ ပြန်ရောက်ပြီးတဲ့ နောက်မှာ လည်း မြေပေါ် နိုင်ငံရေးဆိုတာကို ဆက် လုပ်ကြတာဆိုတော့ ဒီကနေ့ ပြောင်းလဲ လာတဲ့ အခြေအနေကတော့ အဓိက ပြည်တွင်းကပါ။ ပြည်တွင်းမှာရှိတဲ့သူ တွေ ပုံသဏ္ဌာန် အမျိုးမျိုး လုပ်ကြတဲ့နေ ရာမှာ ဒီဘက်မှာတော့ ကျွန်တော်က လူမှု အသင်းအဖွဲ့တွေ ပုံစံမျိုးနဲ့ လှုပ်ရှား မှုတွေက ပြောင်းလာတယ်။ ပြောင်း လာတဲ့ ပြီးတဲ့အခါ ညင်သာစွာပြောင်း တဲ့အပေါ်မှာ တချို့က လိုက်ပါလာကြ တယ်။ တချို့ကတော့ သတိထားပြီး စောင့်ကြည့်ကြတယ်။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့ ပြောင်းနေပြီဆိုတာကို တွေ့ရ တယ်။ ကျွန်တော်မြင်တာတော့ ဒီပြောင်း လဲမှုဟာ အားလုံးပါဝင်ပတ်သက်ရမယ့် ပြောင်းလဲမှုပါ။

VOICE:း ဟုတ်ကဲ့ပါ။ ကိုညီညီကျော် အနေနဲ့ ဖြည့်စွက်ပြောလိုတာ ...။
UNNK:ဖြည့်စွက်ပြောချင်တာတော့ မရှိပါဘူး။ ဒီကျောင်းသားတွေနဲ့ ပတ် သက်ရင် (ဒီကျောင်းသားတွေ ဆိုတာ သေဆုံးသွားတဲ့...) ဆက်ပြီး ပြောနေရ ဦးမှာပါပဲ။ ဆက်ပြီး တာဝန် ယူနေရဦး မှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီကနေ့ အံ့သြလောက်အောင် ကြုံရတာ ကျောင်း သား လှုပ်ရှားမှု ထဲမှာ ရှိတဲ့ ကျောင်းသား တွေရဲ့အဖြစ်အပျက်ကို ရိုးရိုးသားသား မှန်မှန်ကန်ကန် လက်မခံ နိုင်ဘဲနဲ့ ကိုယ့် ရဲ့ လိုအပ်ချက်အရ၊ ကိုယ်ကျိုးစီးပွား အရ ဒါမှမဟုတ် ကိုယ့်ရဲ့ရပ်တည်မှု စွမ်းရည်ကို အသုံးချပြီး လုပ်တဲ့ဟာတွေ ကို ကျွန်တော်တို့က လက်ခံမှာမဟုတ် ဘူး။ ဒါလေးတော့ ပြောချင်ပါတယ်။

VOICE:း ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။
UNNK:ကျေးဇူးပါ။
ကိုယ်ရေးအကျဉ်း

အမည် - အမည် - ဦးညီညီကျော်
အဖ - ဦးစိန်ကျော် (ပြည်နယ်ပညာရေးမှူး - ငြိမ်း)
အမိ - ဒေါ်တင်ပု (မှီခို)
ပညာ - B.Sc(Phys) 2nd Year AGTI
မွေးသက္ကရာဇ် - ၁၁-၁-၁၉၆၅
ဇာတိ - ကန့်ဘလူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
ယခုလိပ်စာ - အမှတ် ၃၊ ဂျွမ်းဝင်း၊ ၂၇ _ ၂၈ လမ်းကြား၊
၈၁ _ ၈၂ လမ်းကြား၊ မန္တလေးမြို့။

ဖုန်းဆက်လိုက်ရုံဖြင့် ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ပြီ

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : ရန်ကုန်တိုင်းမ်

ဖုန်းဆက်လိုက်ရုံဖြင့် ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်မည့် အစီအစဉ် ရတနာပုံ Call Center က ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အရ Call Center တွင် ကျန်းမာရေးဆိုင်ရာ စောင့် ရှောက် မှုပေးမည့် ဆရာဝန်ကြီးများက မေးမြန်းလာသူများအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးရန် စီစဉ် ထားကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ “အိမ်မှာနေပြီး ဝေဒနာ ခံစားနေရသူတွေအတွက် ဘယ်မှ သွားစရာမလိုဘဲ ဖုန်းဆက်ပြီး ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ရယူနိုင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အသိပညာတွေ တိုးတက်စေနိုင်ဖို့အတွက် ရည်ရွယ်တယ်။ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လွယ်ကူစေဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ဆိုသည်။ ယင်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဝန်ဆောင်ခအနေဖြင့် တစ်မိနစ်လျှင် ကျပ် ၁၀၀ နှုန်းဖြင့် ဖုန်းဘီလ်ထဲမှ ဖြတ်သွားမည်ဖြစ်ကာ အိမ်တိုင်ရာရောက် ကြည့်ရှုရန် လိုအပ်ပါက ဆရာဝန်ကြီးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့ များက လာရောက်ကုသပေးမည် ဖြစ်ကာ ယင်းသို့ ဆောင်ရွက်ပါက ကျသင့်ငွေ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဇော်မျိုးထက်က “ဒီလိုဝန်ဆောင်မှု အစီအစဉ်တွေက နိုင်ငံခြားမှာ ဆိုရင် တော်တော်တွင်ကျယ်နေပါပြီ။ ခုလိုမျိုး ပေါ်လာတာ ကောင်းပါတယ်။ ကိုယ်ခံစားနေရတဲ့ လက္ခဏာကိုတော့ လူနာအနေနဲ့ သေသေချာချာ ပြောပြဖို့တော့လိုမယ်။ ဒါမှ ဆရာဝန်ကြီးတွေက တိကျတဲ့ အကြံဥာဏ်ကို ပေးနိုင်မှာပါ” ဟု ပြောသည်။ အဆိုပါ ဝန်ဆောင်မှုကို ဆောင်ရွက်လိုပါက ရတနာပုံ Call Center ဖုန်း- ၁၈၇၅ သို့ ဆက်သွယ်နိုင်ပြီး အသင်းဝင်လိုသူများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : သာနောင်

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တပ်ရွှေ့နောက်ဆုတ်ရာမှာ နှစ်ဖက်စလုံး ငါးလီလိုမီတာစီ စရွှေ့သင့်တယ်လို့ နိုင်ငံ တကာက အကြံပြုထားပါတယ်။ “သူနည်းနည်းရွှေ့ ကိုယ်နည်းနည်းရွှေ့ပေါ့၊ နိုင်ငံတကာက အကြံပေးတာ ငါးကီလိုမီတာ ရွှေ့လိုက်ပါတဲ့၊ ငါးကီလိုမီတာဆိုတာ လက်နယ်ငယ် တစ်ကမ်းပေါ့” လို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုပါတယ်။ ကေအိုင်အိုတပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ အဲသည်လို ပစ်ခတ်နေရတာဟာ တပ်တွေရဲ့ လိုအပ်ချက်အရ ရိက္ခာသယ်ယူရာမှာ၊ တပ်အချိန်းအပြောင်း လုပ်တဲ့အခါ လမ်းမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ကြရတာလို့ ဆိုပါတယ်။ အဲသည်လို ထိပ်တိုက်တွေ့ကြတာက နှစ်ဖက်တပ်ချင်း အရမ်းနီးကပ်နေတာကြောင့်ဖြစ်ပြီး ပစ်ခတ်မှုတွေ မဖြစ်အောင် ကျွံနေတဲ့တပ်တွေကို ရွှေ့ပေးရပါမယ်။ အဲသည်လို တပ်ရွှေ့ပြောင်းရေးအတွက် နှစ်ဖက် စလုံးက စစ်ဦးစီးချုပ်တွေ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ လိုပါတယ်။ အဲသည်လို တွေ့ဆုံနိုင်ဖို့ ခက်ခဲနေတာက တွေ့ဆုံမယ့်နေရာ ဖြစ်တယ်လို့ သိရပါမယ်။ “အဘတို့က အကြောင်းပြန်ပြီးပြီလေ၊ နောက်ဆုံး အကြောင်းပြန် ထားတာက နေပြည်တော်မှာ လာလုပ်ပါ၊ သမ္မတကြီး မျက်စိရှေ့မှာ လာလုပ်ပါ၊ မြန်မာပြည်မှာ ဒီထက်လုံခြုံတဲ့နေရာ မရှိတော့ဘူး” လို့ ဦးအောင်မင်းက ဆိုပါတယ်။ ဦးအောင်မင်းက ဆက်ပြီး “အဲဒီတော့ သူတို့ နေပြည်တော်ကို လာတဲ့အခါ လုံခြုံရေး၊ စားရေးသောက်ရေး အားလုံး တာဝန်ယူတယ်လို့ ပြောထားတယ်” လို့ ပြောပါတယ်။ “ပြည်တွင်းငြိမ်းချမ်းရေး မရရ အောင် ကြိုးစားမယ်၊ အားလုံးညှိနှိုင်း ဆွေးနွေးပြီး အောင်မြင်အောင် ဆောင်ရွက်သွားမယ်” လို့ ကော်မတီရဲ့ ဒုတိ ယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဆိုပါတယ်။ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းပြီး ကျွံနေတဲ့တပ်တွေကို ရွှေ့နိုင်မှသာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်နိုင်မှာပါ။ တခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ မတူဘဲ အချိန်ကြာမြင့်စွာ ဆွေးနွေးနေရတာဟာ နယ်မြေတွေ ကျွံနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ အကြံပေးချက်ကို လေ့လာဆွေးနွေးပြီး ညှိနှိုင်း အကောင်အထည်ဖော်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

MRTV4 မှ Top Channel-7 ထုတ်လွှင့်ပြသတော့မည်

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : MRTV4

Channel7 ရုပ်သံလိုင်းရဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ Channel7 Top Ten အစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့ ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တိုင်းမှာ ပြည်တွင်း သီချင်းတွေနဲ့ တနင်္ဂနွေနေ့တွေမှာ နိုင်ငံတကာ သီချင်းတွေကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ထုတ်လွှင့်ပေးမယ့် သီချင်းတွေကတော့ Channel 7 ရဲ့ Facebook စာမျက်နှာထက်မှာ အပတ်စဉ် ပရိ သတ် တွေ Vote လုပ်ပေးတဲ့ထဲက လူကြိုက်အများဆုံး သီချင်းတွေကို ရွေးချယ်တင်ဆက်ပေးတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာသီချင်းတွေကို နှစ်သက်သူ ပရိသတ်တွေအတွက် သီချင်းကောင်းတွေကို ခံစားနိုင်ဖို့ ဒီအစီအစဉ်လေးကို မိတ်ဆက် သတင်းကောင်းပါးရင်း Channel 7 ရဲ့ Facebook စာမျက်နှာမှာလည်း အပတ်စဉ် Vote များ တောင်းခံသွားမှာဖြစ်လို့ Vote လုပ်ပြီး အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အဓိကကုန်စည်ဒိုင်ကြီး ရှစ်ခုတွင် အလိုအလျောက် ဖြေကြားသည့် စနစ် တပ်ဆင်

Posted by drmyochit Wednesday, September 19, 2012, under | No comments





လယ်ယာထွက်ကုန် သီးနှံများ၏ နေ့စဉ်ပေါက်ဈေးနှုန်း သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်အတွက် အလိုအလျောက် ဖြေကြားသည့် စနစ်များအား အဓိကကုန်စည်ဒိုင်ကြီး ရှစ်ခုတွင် တပ်ဆင်လျက်ရှိသည်။ နေ့စဉ် အရောင်း အဝယ်ဖြစ်နေသော ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများကို ဖုန်းဆက်ရုံဖြင့် အလိုအလျောက် ဖြေကြားပေးလျက် ရှိသည်။ အဆိုပါ အစီအစဉ်အား ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော ဥရော သမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့၏ စားနပ်ရိက္ခာဖူလုံမှု ဦးစားပေး အစီအစဉ် ဆောင် ရွက်ခြင်းဖြစ်သည်။ ကုန်စည်ဈေးနှုန်းများအား အလိုအလျောက် ဖြေကြားစက် တပ်ဆင်ထားသော ကုန်စည်ဒိုင်နှင့် ဖုန်းနံပါတ်များမှာ ရန်ကုန် (ဘုရင့်နောင်) ကုန်စည်ဒိုင် ဖုန်း- ၀၁-၅၂၈၉၇၇၊ မန္တလေး (ကထိန်တော်အသင်း) ကုန်စည်ဒိုင် ဖုန်း- ၀၂-၂၄၅၅၀၊ မူဆယ် (၁၀၅မိုင်) ကုန်စည်ဒိုင် ဖုန်း- ၀၈၂-၅၅၃၀၀၊ ပြည်ကုန်စည်ဒိုင် ဖုန်း- ၀၅၃-၂၄၇၆၅၊ ဟင်္သာတကုန်စည်ဒိုင် ဖုန်း-၀၄၄-၂၂၄၄၄၊ မုံရွာကုန်စည်ဒိုင် ဖုန်း- ၀၇၁-၂၈၃၃၆၊ မကွေးကုန်စည်ဒိုင် ဖုန်း-၀၆၃-၂၈၄၈၉ နှင့် ပုသိမ်ကုန်စည်ဒိုင် ဖုန်း- ၀၄၂- ၂၃၈၂၁ တို့ဖြစ်သည်။ ရန်ကုန် (ဘုရင့်နောင်) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ မူဆယ်စားဖိုဆောင် သီးနှံများ၊ မန္တလေး (ကထိန်တော်အသင်း) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ နှစ်ရှည်သီးနှံများ၊ မူဆယ် (၁၀၅ မိုင်) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ နှစ်ရှည်သီးနှံများ၊ သစ်သီးဝလံများ၊ ပြည်ကုန်စည်ဒိုင်နှင့် မကွေးကုန်စည်ဒိုင်တို့မှ ပဲမျိုးစုံ၊ ဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ၊ ဟင်္သာတကုန်စည်ဒိုင်မှ ပဲမျိုးစုံနှင့် ပြောင်းဈေးနှုန်းများ၊ မုံရွာကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ၊ ပုသိမ်ကုန်စည်ဒိုင်မှ ဆန်စပါးဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း ဖြစ် ကြောင်းသိရှိရသည်။

ဘင်္ဂလီတစ်ဦး၏ သွေးဆောင်ဖျားယောင်မှုကို ခံရသော မန္တလေးသူ

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : မင်းကို

မန္တလေးမြို့ ဇာတိဖြစ်သော ညီအစ်မနှစ်ယောက် မလွင်လွင်ထွေးနှင့် .............(အမည်မဖေါ်လိုပါ - လုံခြုံရေးအရ) တို့ မဲဆောက်ဈေး၌ ဈေးရောင်းနေရာကနေ စက်တင်ဘာလ (၁၃)ရက်နေ့က ယင်းညီအစ်မနှစ်ယောက်မှာ စားများ၍ ညီမ ဖြစ်သူ မလွင်လွင်ထွေးက အပြင်ထွက်သွားပြီး ဘင်္ဂလီတစ်ဦးဖြစ်သူ စူဖူးက သွေးဆောင်ဖျားပြီး လိမ်လည်ခေါ်ယူ၍ သားမယားအဖြစ်ပြုကျင့်လိုက်ကြောင်း သိရသည်။

“ ကျမတို့ညီအစ်မနှစ်ယောက်က မဲဆောက်ဈေးမှာ ဈေးရောင်းပြီးနေကြတာပါ။ ကျမတို့မှာ ဒီနေရာမှာ မိဘ တွေလည်းမရှိပါဘူး။ ညီအစ်မနှစ်ယောက်တည်းနေကြတာ။ အဲဒီနေ့က ၁၃ ရက်ပေါ့နော် ကျမတို့ ညီအစ်မှနှစ်ယောက် စကားများကြတယ်။ ညီမကတော့ စိတ်ဆိုးလို့ အပြင်ထွက်သွားပါတယ်။ ကျမထင်တာက အိမ်ကိုသွားတယ်လို့ ထင်ခဲ့တာ။ ညနေရောက်တော့ အိမ်ကိုလည်းမရောက်ဘူး။ ကျမလည်း လန့်သွားတာပဲ။ သေချာစုံစမ်းလိုက်မှ အဲဒီကုလား စူဖူးဆီမှာ ဖြစ်နေတယ်။ ကျမအရမ်းစိုးရိမ်ပါတယ်။ သူတို့က ဘင်္ဂလီကုလားဆိုတော့ ကျမညီမကို သတ်ပစ်လိုက်မှာကို ကြောက်တယ်။ အဲဒီဘင်္ဂလီတွေမှာ လူတစ်ယောက်ကို သတ်ဖို့သိပ်ဝန်လေးတာမဟုတ်ဘူး။ နောက်ပြီးတော့ သူမှာက မယားကြီးရှိတယ်။ ကျမညီမကို မယားငယ်အဖြစ်ယူပြီး နှိပ်စက်မှာ ကျမအမတစ်ယောက်အနေနဲ့ အရမ်းစိုးရိမ်ပါတယ်။ ကျမတို့ကို ကူညီပေးကြပါ။ ကျမတို့ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းဖို့ လုပ်ပေးကြပါ။ ” ဟု အစ်မဖြစ်သူက(အမည် မဖေါ်လိုပါ) ပြောသည်။

သွေးဆောင်ဖျားယောင်းမှုကို ခံရသူ မလွင်လွင်ထွေးညီအစ်မနှစ်ယောက်မှာ အဲဒီဘင်္ဂလီကုလား စူဖူးနှင့် ရင်းနှီးကြပြီး ဖြစ်သည့်အတွက် စိတ်ဆိုးသွားတာကို အခွင့်ကောင်းယူ၍ အိမ်ကို အလည်ခေါ်ကာ သွေးဆောင်ဖျားယောင်းပြီး သားမ ယားအဖြစ် ပြုကျင့်လိုက်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီ စူဖူးမှာ ကျောက်အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းကိုလည်း သိရသည်။ စူဖူးမယားကြီး အဖေအမေတွေက အစ်မဖြစ်သူကို ရန်ရှာလာသောကြောင့် ဆွယ်မျိုးရှာ မြဝတီသို့ ထွက်ပြေးလာရကြောင်း အစ်မဖြစ် သူက ပြောသည်။

မလွင်လွင်ထွေးနှင့် ဘင်္ဂလီ စူဖူးတို့မှာ မဲဆောက်ဈေးနားမှာ နေကြသည်ကို သိရပြီး အခုထက်ထိ အဆက်အ သွယ်မရသောကြောင့် တွေ့သောသူများ အမြန်ဆုံး ဆက်သွယ်ပေးပါရန် တောင်းဆိုလိုက်ကြောင်း အစ်မဖြစ်သူက ပြော သွားသည်။

စစ်တိုင်းမှူးကို လုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေ ရဲဘော်ပြန်လွတ်

Posted by drmyochit Wednesday, September 19, 2012, under | No comments


စစ်တိုင်းမှူးတစ်ဦးကို လုပ်ကြံ သတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲံရသူ  ကေအိုင်အေ တပ်ဖွဲ့ဝင် တစ်ဥိးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။

၁၉၈၅ ခုနှစ်တုန်းက မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံခံမှု့နဲ့ လဖိုင်ဇော်ဖိုင်းဟာ သေဒဏ်ချမှတ်ခံရာကနေ  မန္တလေးတိုင်း မြင်းခြံထောင်မှာ ၂ရ နှစ် နေခဲ့ပြီး ပြန်လွတ်လာတာပါ။

ကေအိုင်အေ တပ်မတော် ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်ရဲ့ တာဝန်ပေးချက်အရ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာလို့ လဖိုင်ဇော်ဆိုင်းက ဒီဗွီင်္ဘီ ကို ပြောပါတယ်။

“စစ်ဦးချုပ်ရဲ့ အမိန့်ပါ။ ကျွန်တော်က မြို့ပိုင်းမှာ လှုပ်ရှားနေရတဲ့ ကွန်မန်ဒိုပါ။ဦးဇော်မိုင်က ကျနော် မြို့ပေါ်မှာ ရှိတဲ့ အချိန်မှာ စစ်တပ်နဲ့ ပတ်သတ်တာ ရှင်းဖို့ ကျွန်တော့်ကို တာဝန်ပေးထားတာရှိတယ်။ ကျွန်တော်က အထူးမြေအောက် မြို့ပြတပ် တိုက်ပွဲ အဖွဲ့ ခေါင်းဆောင် အနေနဲ့ လှုပ်ရှားခံရတဲ့ အချိန်ပါ။

အစိုးရတပ်တေါနဲ့ ကေအိုင်အေ တို့ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ အတွက် စိုးရိမ်ပူပန်နေတယ်လို့ပြန်လည် လွတ်မြောက်လာတဲ့ လဖိုင်ဇော်မိုင်က ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက် ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ ကြိုးစားသွားမယ်လို့ လဖိုင်ဇော်ဆိုင်းက ဆိုပါတယ်။
အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာ နဲ့ ကချင် လူမျိုးရေးအရ ဖြစ်ပွားတာ မဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ေ၇း တအွက် ဖြစ်တာလို့လည်း သုံးသပ်ပြောဆိုပါတယ်။

ရခိုင်ဒေသ ပဋိပက္ခ အဖြေပေါ်ရေး အမြန် ဆောင်ရွက်မည်ဟုဆို

Posted by drmyochit Wednesday, September 19, 2012, under | No comments





ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ် အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သတ်ပြီး အစီရင်ခံစာများကို ချက်ချင်း မဖြေရှင်းနိုင်သော်လည်း အမှန်တရား ပေါ်ထွက်လာရေးအတွက် တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ယမန်နေ့ညနေက ချက်ထရီယံ ဟိုတယ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားသည်။

ယင်းကော်မရှင်သည် ရခိုင်ပြည်နယ်ကို နေရာအနှံ့ ရောက်ရှိခဲ့ပြီး ရခိုင်၊ မွတ်ဆလင် နှစ်ဦးနှစ်ဘက်နှင့်လည်း တွေ့ဆုံကာ စကားပြောခဲ့ပြီး ပဋိပက္ခ ဖြစ်စဉ်ကို အမှန် ဖော်ထုတ်လာစေရန် ကော်မရှင်အနေဖြင့် လုပ်ငန်းစဉ် အချက် ၈ ချက်ကို ရရှိခဲ့ကြောင်းသိရသည်။ ထွက်ပေါ်လာသည့် အစီရင်ခံစာကို နိုဝင်ဘာ ၁၆ ရက်နေ့ သမ္မတထံသို့ တင်သွင်းမည် ဖြစ်သည်။

ယမန်နေ့က ကျင်းပသည့် သတင်းစာဆွေးနွေးပွဲတွင် ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်၊ သတင်းစာဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ဒေါက်တာ ကျော်ရင်လှိုင် ( Myanmar Egress)၊ ဘူမိဗေဒ ပါမောက္ခ ဒေါ်ရင်ရင်နွယ်တို့ ဦးဆောင် ဆွေးနွေးခဲ့သည်။

“ကော်မရှင်အနေနဲ့ စစ်တွေမြို့ကို စက်တင်ဘာ ၇ ရက်နေ့က စ ထွက်ခဲ့ပါတယ်။ ပဋိပက္ခ ဖြစ်တဲ့ နေရာကို ရောက်ခဲ့သလို ဖြစ်လုဆဲဆဲ နေရာတွေကိုလည်း ရောက်တယ်။ ပြီးတော့ လုံးဝ မဖြစ်တဲ့ နေရာတွေကိုပါ ရောက်ပါတယ်။ ဒါမှ အဲဒီနေရာက ဘာလို့ ပဋိပက္ခဖြစ်တယ်၊ အဲဒီနေရာက ဘာလို့မဖြစ်ဘူးလဲ ဆိုတာ သိရတာပေါ့” ဟု ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။

ယင်းကော်မရှင်သည် ပဋိပက္ခ ဒေသများအတွင်း ရခိုင်လူမျိုးများ နေထိုင်သည့် ဒုက္ခသည်စခန်းများ၊ မွတ်စလင်များ နေထိုင်သည့် ဒုက္ခသည် စခန်းများနှင့် ရခိုင်ရွာများ၊ မွတ်စလင်ရွာများရှိ ရပ်မိရပ်ဖများအား တွေ့ဆုံကာ သိလိုသည့် အချက်များကိုလည်း မေးမြန်း ခဲ့သည်ဟု သိရသည်။

“ကျနော်တို့က မွတ်ဆလင်တွေနဲ့ မတွေ့ခဲ့ဘူး ဆိုတဲ့ သတင်းက မှားပါတယ်။ ဗလီတွေ ကိုတောင်ဝင်ပြီး သိလိုတဲ့ဟာတွေ မေးခဲ့တယ်။ သူတို့ ခံစားနေတဲ့ဟာတွေကိုလည်း ကြားခဲ့ရပါတယ်။ မောင်းတော မြို့ပေါ်တင် မဟုတ်ဘူး၊ ခက်ခက်ခဲခဲ သွားရတဲ့ နေရာတွေလည်း ရောက်ပါတယ်” ဟု အနုပညာရှင် ကိုဇာဂနာက ဆိုသည်။

ရခိုင်ဒေသ ပဋိပက္ခ ပြဿနာ၏ အဖြေကို သမ္မတထံ တင်ရန် အခက်အခဲ ရှိနေသေးကြောင်း၊ အမြန် တင်မည်ဆိုပါက တိကျ မှန်ကန်မည် မဟုတ်သဖြင့် တိကျမှန်ကန်ရန်နှင့် ဘက်မလိုက်ဘဲ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အဆိုပါ အစီရင်ခံစာကို ရခိုင်ဒေသ ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ရထားသည့် အချက်အလက်နှင့် Research လုပ်ထားသူများထံမှ ရရှိသော အချက်အလက်များကို သေချာစွာ စုဆောင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ကော်မရှင်က သွားရောက်တဲ့အခါမှာ အခက်အခဲဘာမှ မရှိသလို အနှောင့်အယှက်လည်း မရှိပါဘူး။ လုံခြုံရေးတွေ တားမြစ်ထားတဲ့ နေရာတွေလည်း ရောက်ခဲ့ပါတယ်။ နှစ်ဘက်စလုံးမှာတော့ လုံခြုံရေး မရှိရင် ဘာတွေ ဖြစ်မှာလဲဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့” ဟု ဆရာ ကော်မရှင်တွင် ပါဝင်သည့် ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။

အဆိုပါ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် စာသင်ကျောင်း အများစုမှာ လက်ရှိအချိန်အထိ ပိတ်ထားသေးကြောင်း၊ ပြဿနာကို အမြန်စုံစမ်းကာ အမှန် တည်ငြိမ်အေးချမ်းပြီး ကလေးများ ပညာအမြန် သင်ကြားနိုင်ရေး အတွက်လည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တခုလုံး၏ စစ်တမ်းကို ယူကာ အစီရင်ခံစာတွင် ထည့်သွင်းသွားမည်ဟု သိရသည်။
မောင်တောမြို့နေ လူနည်းစု ဖြစ်သော ဒေသခံ တိုင်းရင်းသားများသည် ၎င်းတို့၏ ဘ၀ ရေရှည် လုံခြုံရေး စိတ်မချသည့် အတွက် နေအိမ်များကို ရောင်းချခြင်း၊ စွန့်ခွာခြင်း တို့ပြုလုပ်ကာ လုံခြုံသည့် ဒေသများသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း၊ “အိမ်ရောင်းမည်” ဆိုသည့် ဆိုင်းဘုတ်များ နေရာအနှံ့ တွေ့နေရကြောင်း မြို့ခံများထံမှ သိရသည်။
စစ်တွေမြို့၌ ဒေသခံ တိုင်းရင်းသား ဒုက္ခသည် စခန်း ၃ ခုရှိပြီး ဘုန်းကြီးကျောင်း တချို့တွင်လည်း ရှိကြောင်း စုစုပေါင်း လူဦးရေ ၃၀၀၀ ၀န်းကျင် ရှိကြောင်း၊ ထို့အတူ ဘင်္ဂါလီ ဒုက္ခသည် စခန်း ၇ ခု၌ လူဦးရေ ၆ သောင်းကျော် ရှိကြောင်း၊ ၎င်းတို့ စားဝတ်နေရေးအတွက် ပြည်နယ်အစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့က ပုံမှန် ထောက်ပံ့ပေးလျှက် ရှိကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၌ သတင်းစာဆရာ မောင်ဝံသ၊ အနုပညာရှင် ကိုဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာအေးမောင်၊ ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress)၊ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင် များ၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူငယ် သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ဝင် ၂၇ ဦးဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတက တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုကော်မရှင်သည် ပဋိပက္ခနှင့်ပတ်သက်၍ အသေးစိတ် လေ့လာစစ်ဆေးနိုင်ရန် ဆပ်ကော်မတီ ၈ ခု ထပ်မံ ဖွဲ့စည်းထားပြီး အသီးသီး တာဝန်ယူထားသည့် ကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း၊ စစ်ဆေးချက်များကို နိုဝင်ဘာလတွင်
နိုင်ငံတော် သမ္မတထံ တင်ပြရမည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန်တွင် ပြီးစီးမှု မရှိပါက အချိန်အနည်းငယ် ထပ်မံယူနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် လာမည့် ၁ လအတွင်း ရခိုင်ဒေသများသို့ ထပ်မံ သွားရောက်ကာ စုံစမ်းစစ်ဆေး ပြုလုပ်ဦးမည် ဖြစ်ကြောင်း သတင်းစာဆရာ မောင်ဝံသက ပြောသည်။
ဇွန်လဆန်းမှ စတင်ခဲ့သော ရခိုင်ဒေတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၈၀ ခန့်၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခုတို့ ပျက်စီးခဲ့ကြောင်း နယ်စပ်ရေးရာ ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသမှ မသီတာထွေး အသတ်ခံရမှုနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦး ထပ်မံ အသတ်ခံရသည့် ကိစ္စအား စုံစမ်းစစ်ဆေးရန် အာဏာပိုင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ကိုလည်း ဇွန်လက
ဖွဲ့စည်းခဲ့သေးသည်။

ထိုအဖွဲ့ ၌ ပြည်ထဲရေး ဒု ၀န်ကြီ ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူးစုံစမ်းရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦးတို့ ပါဝင်သည်။ ယင်းအဖွဲ့သည် ၎င်းတို့၏ စစ်ဆေးတွေ့ရှိမှုများကို ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

တောင်ကုတ် လူသတ်မှုနှင့် ဆက်စပ်၍ မြို့ခံ ၅၀ ၀န်းကျင်ကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသော်လည်း လူသတ်တရားခံ များကို ယနေ့အထိ တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးပေ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်