Monday, October 08, 2012

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လျာထားစာရင်းတွင်မြန်မာပြည်သူတွေလေးစားချစ်ခင်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါဝင်

Posted by drmyochit Monday, October 08, 2012, under | No comments




ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါရှိနေကြောင်းသိရှိ ရသည်။နိုဘယ်ငြိမ်းချမ်းရေး ဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိသော်လည်း နော်ဝေနိုင်ငံအော်စလိုမြို့ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့ အကြီးအကဲ Mr.Kristian Berg Harpviken ကအဆိုပါကော်မတီ၏ လုပ်နည်းလုပ်ငန်းကို လေ့လာပြီး ဆုရရှိနိုင်ခြေရှိသူ လျာထားအတိုချုပ်စာရင်းအား နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။ ယခုနှစ်အတွက်

Eleven Media မှ ဝန်ချတောင်းပန်ရန် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ကြေညာချက်ထုတ်

Posted by drmyochit Monday, October 08, 2012, under | No comments


From: Myanmar Express 

အောက်တိုဘာ ၅ ရက်နေ့ထုတ်၊ Bi Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် "မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှပြုလုပ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ့" ဟူသည့် သတင်းတွင် ရေးသား ဖော်ပြခဲ့သည့်စာသားအချို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (မန္တလေးတိုင်းဒေသ ကြီး)မှ ထိုကြေညာချက်ကို အောက်တိုဘာ ၆ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန် လိုက် ခြင်းဖြစ်သည်။

စစ်တွေ ဗလီ ဝင်းအတွင်း မီးလောင်မှု ဓာတ်ပုံများ

Posted by drmyochit Monday, October 08, 2012, under | No comments

ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ

Posted by drmyochit Monday, October 08, 2012, under | No comments


ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂ လားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇား မြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြ ခဲ့ကြသည်။ဆန္ဒပြပွဲအား ယနေ့ မနက် ၁၂ နာရီ အချိန်တွင် ကော့စ်ဘဇားမြို့ ခရိုင်ရုံးချုပ်ရှေ့တွင် ပြုလုပ်ခဲ့ကြပြီး ထောင်ချီ ရှိသော ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသည် ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းများနှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အိုးအိမ်များကို ဆက်လက် တိုက်ခိုက်မူ မပြုလုပ် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။

ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား

Posted by drmyochit Monday, October 08, 2012, under | No comments

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅) လမ်းအတွင်းရှိ အလုပ်ရုံတစ်ခု တွင် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွ သည့်နေ ရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

တူရကီ-ဆီးရီးယား အပြန်အလှန်ပစ်ခတ်မှု များဆက်တိုက်ဖြစ်ပွား

Posted by drmyochit Monday, October 08, 2012, under | No comments


ဆီးရီးယားဘက်မှပစ်ခတ်လာသော အမြောက်ဆန်သည် နယ်စပ်အနီး တူရကီရှိ ဟာတေပြည်နယ်မှ ရွာတစ်ရွာအနီးကျလာခဲ့မှုကြောင့် တူရကီစစ်သားများက အောက်တိုဘာလ ၆ ရက်တွင် ပြန်လည်ပစ်ခတ် ခဲ့ကြောင်း တူရကီသတင်းဌာန Anadoula က ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့အပြန် အလှန်ပစ်ခတ်မှု မှာ အောက်တိုဘာလ ၆ ရက်တွင် လေးရက်မြောက်ရှိလာပြီဖြစ်သည်။ အောက်တိုဘာလ ၃ ရက်တွင် ဆီးရီးယားက တူရကီရှိ Akcakale မြို့ကို အမြောက်များဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် အရပ်သားငါးဦးသေဆုံး ခဲ့ပြီး ကိုးဦးဒဏ်ရာရခဲ့သည်။

မောင်ဝင်းသူအား အတင်းအကြပ် တပ်မတော်တွင်းသို့ဝင် ရောက် ရန်ခြိမ်းခြောက်သူအား ဖော်ထုတ် ဖမ်း ဆီးရမိ

Posted by drmyochit Monday, October 08, 2012, under | No comments

၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ဝေသည့် လူထုပုံရိပ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)၊ စာ မျက်နှာ(၁၉)တွင် မေးမြန်းသူ တင်မောင်ထွေး၏ ''မီးရထားလာနေသော သံလမ်းပေါ် ကိုယ်တုံးလုံးချွတ် ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မစစ်ထဲဝင်ရန် စေခိုင်းရသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွင်ပါဝင် သည့် ဖြစ်စဉ်၌ ပါဝင်ကျူးလွန်သူ များအား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေခဲ့ ရာ ဖြစ်စဉ်တွင် ပါဝင်သည့် အညာသား(ခေါ်) ချစ်ကိုထွန်း(ခေါ်) သန်းထိုက်ငြိမ်းအား ၂၀၁၂ခုနှစ် စက်တင် ဘာလ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

ကမ္ဘောဇဘဏ် ပုံမှန်အလုပ်လုပ်နိုင်ဟု ထုတ်ပြန်

Posted by drmyochit Monday, October 08, 2012, under | No comments


 
ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလ ဖြစ်ပြီး ဘဏ်လုပ်ငန်းတွေ ဟာလည်း ပုံမှန် လည်ပတ် နေတယ်လို့ ကမ္ဘောဇဘဏ် အကြီးအကဲတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီရက်ပိုင်းတွေ အတွင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ကမ္ဘောဇဘဏ်မှာ ငွေ အပ်နှံထားသူတွေကလည်း ငွေပြန်ထုတ်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘဏ်များအသင်းရုံးမှာ ဒီကနေ့ နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါသေးတယ်။ ဒီအကြောင်း ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က အသေးစိတ်ကို တင်ပြထားပါတယ်။


အခုလက်ရှိ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့ ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ သတင်းတွေဟာ မမှန်သတင်းတွေ သက်သက်သာဖြစ်တယ် ဆိုပြီး ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌဦးသန်းလွင်က ဗွီအိုအေကို ပြောပါတယ်။

“ဘဏ်ကိစ္စကတော့ ဒီနေ့လည်း ရှင်းလင်းပွဲ လုပ်ပြီးပြီလေ။ ဒီနေ့ သတင်းစာရှင်းလင်းပွဲလေ။ မမှန်တဲ့သတင်းတွေ လိုက်ဖြန့်တဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ ပြည်သူလူထုက ဘာလို့ယုံနေလဲ။ ဒါတွေဟာ သာမည နဲ့ အဓိက မခွဲတတ်လို့ လုပ်နေတယ်။ သတင်းကို အတင်းမလုပ်ဘဲနဲ့ သတင်းပဲ ရေးတာ ကောင်းတယ်လေ။ အဲဒီလိုပဲ ပြောလိုက်တာပဲ။ ပုဂ္ဂိုလ်ရေးအရ အတင်းဖြစ်နေတော့ ဒါတွေဟာ ဘာမှ အကျိုးမရှိဘူးလေ။ ပြည်သူလူထုလည်း အကျိုးမရှိဘူး။ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ ဒါ အန်ကယ်တို့ မဖြေရှင်းချင်ဘူးလေ။ မဟုတ်တဲ့သတင်း ဆိုတော့ မဖြေရှင်းချင်ဘူး။ ဟုတ်တယ် ဆိုရင်တော့ ဒါ ဖြေရှင်းလို့ ရတယ်။ မဟုတ်တဲ့သတင်းကျတော့ အန်ကယ်တို့ မရှင်းလင်းဘူး။ ဖြေလည်း မဖြေရှင်းဘူး။ ဒါပေမဲ့ ပြည်သူတွေက အမှန်သိရအောင် သတင်းစာရှင်းလင်းပွဲ လုပ်ပေးလိုက်တာ။”

ဒီလိုဟာမျိုးက အန်ကယ်တို့ ဘဏ်ကို ဘာဖြစ်လို့ ရွေးပြီးတော့မှ ဒီလိုမျိုး ဂယက်က ရိုက်လာတာလဲရှင့်။ ဘာကြောင့်မို့လို့ အန်ကယ်တို့ ထင်ပါလဲ။ -

“ဒါကတော့ ပြောလို့တော့ မရဘူးပေါ့။ ဒါတွေက လုပ်ကြံမှု၊ မနာလိုတာလည်း ပါမယ်။ ပျက်စီးရာ ပျက်စီးကြောင်း ကြံတဲ့ဟာလည်း ပါမယ်။ ဘဏ်တခုတည်းကိုတော့ ဦးတည်လိမ့်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ အန်ကယ်တို့က ဘဏ်အကြီးဆုံး ဖြစ်နေတာကိုး။ အဲဒီတော့ သတိထားရမှာကတော့ အများကြီးပေါ့လေနော်။ တွေးလိုက်ရင်တော့ အမျိုးမျိုး တွေးနိုင်တာပေါ့လေ။ ဒါပေမဲ့ ဘယ်ဟာဖြစ်တယ် ဘာညာ ဆိုတာကတော့ သက်ဆိုင်ရာက စုံစမ်းပါလိမ့်မယ်။ အန်ကယ်တို့က ကြိုပြီးတော့ မပြောချင်ဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ကမ္ဘောဇဘဏ်ရဲ့ အကြီးအကဲဖြစ်သူ ဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်း အထိန်းသိမ်းခံရတယ် ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာလည်း မမှန်ကန်ကြောင်းနဲ့ အခုဆိုရင် သမ္မတဦးသိန်းစိန်နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဦးသန်းလွင်က ပြောပါတယ်။

“သမ္မတခေါ်လို့ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ က သွားပြီးတော့ ဖွင့်ပွဲ အခမ်းအနားတွေ သွားတက်တယ်။ ခုနကပြောသလို သူ့ကို ဖမ်းသွားပြီဆိုတာ ဟုတ်မှမဟုတ်ဘဲ၊ နောက်ပြီးတော့ ဘဏ်ကြီး ပြိုလဲပြီဆိုတာ ဟုတ်မှမဟုတ်ဘဲ။ ဒါမျိုးတွေက မဟုတ်တဲ့သတင်းကိုတော့ အန်ကယ်တို့က မဖြေရှင်းချင်ဘူး။ အန်ကယ်တို့ ပြောပြီးပြီ။ customer တွေ ဘာမှ စိတ်ပူစရာ မရှိဘူး။ ဒါ ကောလာဟလ ဖြစ်တယ်။ မမှန်တဲ့ သတင်းပဲ ဖြစ်နေတယ် ဆိုတော့ စိတ်ချလက်ချတော့ ထားလို့ရတယ်။ ဘာမှ စိုးရိမ်ကြောင့်ကြစရာ အကြောင်း မရှိတဲ့အကြောင်း၊ ဗဟိုဘဏ်ကလည်း နောက်ကွယ်မှာ backing ပေးထားတယ် ဆိုတော့ စိတ်မချစရာ ဘာအကြောင်း ရှိလို့လဲ။ သူများနိုင်ငံမှာ ဒီလိုမှ မပေးဘဲ။ ဒီမှာက ပေးတယ်။ ပေးတယ်ဆိုကတည်း ကတော့ ပြီးနေပြီပဲလေ။ ပေးတယ် ဆိုကတည်းက ဘာဖြစ်နေဖြစ်နေ ဟိုက ကယ်မယ်ဆိုတဲ့သဘောမျိုး။ ဒါ rescue plan ပဲ ဒါက။ ပြီးနေပြီလေ။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ ဘာကြောင့် စိတ်ပူစရာ လိုလဲလို့။ အဲဒါပဲ အန်ကယ် ပြောတာပါ။ ဥက္ကဋ္ဌလည်း ရှိနေတယ်။ အခု ဒီနေ့ပဲ ကြည့်လေ၊ သမ္မတကြီးနဲ့ အတူတူ အစည်းအဝေးတွေ တက်နေကြတယ်လေ။”

ယခုရက်ပိုင်းတွေအတွင်း ပုဂ္ဂလိက ဘဏ်လောကနဲ့ပတ်သက်ပြီးတော့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလတွေ သာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားခဲ့တယ်လို့ Eleven Media သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဒါပေမဲ့ အခုလို သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အတွက် ရန်ကုန်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတွေမှာ သောကြာနေ့ ဘဏ်ပိတ်ချိန် ဖြစ်တဲ့အထိ ငွေအပ်နှံထားသူတွေက ထိတ်လန့်လာကြပြီး ဘဏ်အပေါ်မှာ မယုံကြည်မှုတွေ ဖြစ်လာလို့ ဘဏ်ထဲကနေ ငွေတွေကို အလုအယက် ထုတ်ယူနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
From-VOA 

နိုင်ငံခေါင်းဆောင်ဖြစ်ရေးအတွက် လူထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လည်းညီညွတ်ရန် လိုကြောင်း ဦးအောင်သိန်းလင်းပြောကြား

Posted by drmyochit Monday, October 08, 2012, under | No comments


နိုင်ငံတော်၏အကြီးအမှူး ခေါင်းဆောင်ရာထူးအတွက် ပြည်သူလူထု၏ဆန္ဒသဘောထား တစ်ခုတည်းဖြင့် မလုံလောက်ဘဲ။ လူထုဆန္ဒအပြင် မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းမှ ထောက်ခံ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များနှင့် ညီညွတ်ရန်လိုကြောင်း၊ ယင်းသို့ ညီညွတ်မှသာလျှင် နိုင်ငံခေါင်း ဆောင်ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောကြား သွားခဲ့သည်။

KIA ကချင်ပြည်နယ် အနှံ အပြား မိုင်းထောင် နေ

Posted by drmyochit Monday, October 08, 2012, under | No comments





  KIA ထောင်ထားတဲ့မိုင်းကြောင့် ဒဏ်ရာရရှိခဲ့သူ ဒေသခံတစ်ဦး

အောက်တိုဘာလ(၄) ရက်တွင် ကချင်ပြည်နယ်၊ မြို့လှမြို့နယ်ခွဲ၊ အုတ်ချီရွာမှ  ရွာသား (၃) ယောက် ဟာ ကျွဲပျောက်၍ သွားရောက်ရှာဖွေစဉ် မြို့လှမြို့နယ်ခွဲရဲ့ အရှေ့ဘက် (၇) မိုင်လောက် ဝေးတဲ့နေရာမှာ ရှိတဲ့ ကိုင်းကြိုးလွင်တောင်ယာစုနဲ့ နန့်မလင်းတော ကြား အမတ်ကြီးကုန်းရွာကို သွားတဲ့ လမ်းပေါ်မှာ KIA ထောင်ထားတဲ့မိုင်းကို နင်းမိပြီး မိုင်းပေါက်ကွာလို့ တစ်ယောက်သေ ဆုံးသွား တယ်လို့သိရပါတယ်။ သေဆုံးသူမှာ ကျွဲပိုင်ရှင် ဦးကျော်စိုးပြီးပြီး ကျန်နှစ်ယောက်ဖြစ်တဲ့ ဦး သန်း အောင် နဲ့ ဦးအုန်းလှိုင်တို့ဟာ မိုင်းစများထိမှန်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ မြို့လှမြို့နယ်ခွဲ တိုက်နယ် ဆေးရုံမှာ ကုသဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကဲ့သို့ KIA က ထောင်ထားတဲ့ မိုင်းအားဒေသခံ ရွာသူရွာသားများ နင်းမိခြင်းဖြစ်စဉ်များ မကြာခဏဖြစ်ပွား လျက်ရှိတယ်လို့သိရပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ခွန်ပအို့ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးကျော်လေးနှင့် လုပ်ငန်းကြီးကြပ်သူ ဦးဝင်းမြင့်တို့(၂)ဦးဟာ KIA က ထောင်ထားတဲ့ မိုင်းနင်းမိပေါက်ကွဲလို့ အပြင်းအ ထန် ဒဏ်ရာရခဲ့ပါတယ်။
ထို့အတူ ဇန်န၀ါရီလ (၂၉) ရက်နေ့မှာလည်း ဖားကန့်မြို့နယ်၊ လိုက်ဆဲတောင်တက်ကားလမ်းမှာ ဆိုင် ကယ်တစ်စီး ၀ါးဆစ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမိုင်းပေါက်ကွဲမှုကြောင့် ဦးလက် ခိုမန်း(၃၄နှစ်)ရဲ့ ၀ဲပေါင်ရိုးကျိုး ဒဏ်ရာ ရရှိပြီး မောင်ပိုင်(၂၇နှစ်)ရဲ့ ၀ဲဘက်ပေါင်ခြေသလုံး မိုင်းစ ထိမှန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦး အနေနဲ့ ဖားကန့်မြို့နယ်၊ တာမခံရွာသို့ ဆိုင်က ယ်ဖြင့် သွားရောက်စဉ်မှာ ကချင်တပ်ဖွဲ့ KIA က ထောင်ထားတဲ့ မိုင်း နင်းမိပေါက်ကွဲ သွားခြင်းဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့ မှာလည်း KIA တပ်ရင်း ၁၄ မှ ထောင်ထားသောမိုင်းနင်းမိခဲ့ပြီး ဒေသခံ ဦးထွန်းေ အး မှာ ညာဘက်ပေါင်ကျိုးသွားသဖြင့် မြစ်ကြီးနားဆေးရုံတက်ရောက်ခဲ့ရပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အလားတူဖြစ်စဉ်မျိုးများစွာရှိခဲ့ပြီး လက်ရှိအချိန်အထိ KIA မှထောင် ထားသော မိုင်းနင်းမိ၍ သေဆုံး/ ဒဏ်ရာရသူ ဒေသခံ အရပ်သား (၁၀၂) ယောက် ရှိနေပြီလို့ သိရပါ တယ်။ KIA မှ အစိုးရတပ်အတွက် ရည်ရွယ်ထောင်ထားသော မိုင်းများဟာ ဒေသခံများ အတွက် အန္တ ရာယ် ဖြစ်လျက်ရှိသဖြင့် ဒေသခံ ရွာသူရွာသားများဟာ စိုးရိမ်ကြောက်ရွံ့လျက်ရှိပါတယ်။

 ယခင်ဒေသခံများမိုင်းနင်းမိသတင်းများ

ရေဓာတ်ငွေ့ဖြင့် အင်ဂျင်မောင်းနိုင်သည့်နည်းကို စီးပွားဖြစ်သုံးနိုင်ပြီ

Posted by drmyochit Monday, October 08, 2012, under | No comments



ချောင်းရေ၊ မြစ်ရေနှင့် အ၀ီစီရေတို့မှ ဓာတ်ငွေ့ဖြင့် အင်ဂျင်များကို မောင်းနှင်နိုင်သည့်နည်းကို စီးပွားဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အာဆီယံအင်ဂျင်နီယာအသင်းဝင် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်သစ်မှ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောကြားသည်။ အဆိုပါ ရေဓာတ်ငွေ့ဖြင့် မည်သည့် အင်ဂျင် အမျိုးအစား မဆို မောင်းနှင်ရာတွင် စက်သုံးဆီစရိတ် လျှော့ချမှုကို ရာခိုင်နှုန်း ၂၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်ကာ အင်ဂျင် အမျိုးအစားအလိုက် ကျပ်ခုနစ်သိန်းမှ ကျပ် ၁၆ သိန်းဝန်းကျင်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရ သည်။

ဖိလစ်ပိုင်က ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီး

Posted by drmyochit Monday, October 08, 2012, under | No comments



“လိုလောင်” လို့ ဒေသခံတွေက အမည်ပေးထားတဲ့ ဧရာမ မိကျောင်းကြီးဟာ ဂုဏ်ယူဖွယ်ရာ၊ ကြောက်ရွံ့ဖွယ်ရာ၊ ခရီးသွား လုပ်ငန်း ဝင်ငွေတိုးဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ စတဲ့ အခြင်းအရာများကို ဖိလစပိုင်နိုင်ငံ တောင်ပိုင်းမြို့ငယ်လေးထံကို ယူဆောင်လာခဲ့ပါတယ်။ အခုတော့ အဲဒီ မိကျောင်းကြီး
ဟာ ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မဖမ်းမိခင်အထိ လူသတ် အသားစား သတ္တဝါကြီးအဖြစ် ကြောက်ရွံ့ခဲ့ကြရတဲ့ ယင်းမိကျောင်းကြီးကို ကမ္ဘာပေါ်တွင် ဖမ်းမိခဲ့သမျှ ရေငန် မိကျောင်းများအနက် အကြီးဆုံးအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ပြုစုရေးအဖွဲ့က ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။

သံသယပျောက်ပါစေ၊ အမှန်ဘ၀ရောက်ပါစေ

Posted by drmyochit Monday, October 08, 2012, under | No comments


ယနေ့ကာလသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအား အရွေးချယ်ခံအစိုးရတစ်ရပ်၏ ဦးဆောင် ဦးရွက်ပြုမှုဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်အဖြစ် တည်ဆောက်နေသော အချိန် ကာလဖြစ်ပေသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သော အခြေခံ အချက်များဖြစ်သည့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုတည်းဟူသော လုပ်ငန်းစဉ် ၂ ရပ်အား ပြည်သူလူထုအများစု၏ တူညီသောဘုံ သဘောထားဆန္ဒနှင့်အညီ ရည်မှန်း ဖော်ဆောင်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု (Peace and Stability) နှင့်အညီ အပြန်အလှန်ထိန်းကျောင်းမှု (Checks and Balance)၊ ပွင့်လင်းမြင်သာမှု (Transparchey)၊ အားလုံးပါဝင်ဆောင်ရွက်နိုင်မှု (All Inclusive)၊ ဖြေလျော့မှု(Relaxion)၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆောင်ရွက်မှု (National Reconsilation) လုပ်ငန်းစဉ်များအား တာဝန်ယူမှု၊ တာဝန်သိတတ်မှု၊ သဘောထားကြီးမှု၊ အပြန် အလှန် လေးစားမှု၊ စိတ်ရှည်သည်းခံခွင့်လွှတ်မှု၊ မတူညီသောအချက်များအား ဖယ်ရှား၍ တူညီသော အကျိုးစီးပွား များ အား အတူတကွပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း မျက်မြင်ဒိဋ္ဌတွေ့ရှိနေရပေသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး တင်ပြချက် အောက်တိုဘာလ ၇ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာပါ ဖော်ပြချက်

Posted by drmyochit Monday, October 08, 2012, under | No comments



ပြည်ခိုင်ဖြိုးပါတီ၌ ဥက္ကဌ ရာထူးဆက်ရှိမည် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် ယခင်နာယကကြီးများ တာဝန်ယူထားခြင်းလုံးဝမရှိကြောင်း ဦးဌေးဦးမှ အတည်ပြုပြောကြား

Posted by drmyochit Monday, October 08, 2012, under | No comments




 

မကြာခင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုညီလာခံကြီး၌ ပါတီ ဥက္က ဌရာထူးအား ထားရှိမည်မဟုတ်ကြောင်း နှင့် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး၌ နာယကကြီးအဖြစ် တာဝန်ယူသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ရှိ နာယ ကကြီးအ အဖြစ်ရှိ နေသေးကြောင်း သတင်းများထွက်ပေါ်လျှက်ရှိနေပြီး အဆိုပါသတင်းများ မှာ ကောလဟာ လသာဖြစ် ကြောင်း ပါတီ ညီလာခံကြီး၌ ဥက္ကဌရာထူးအား ဆက်လက်ထားရှိ မည်ဖြစ်ကြောင်း နှင့် ယခင် အသင်းကြီး ၏ နာယကအဖြစ် တာဝန်ယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာလည်း အသင်းကြီးအား ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းစဉ်ကပင် နာယက နေရာမှာမရှိတော့ကြောင်း ၊ ပြည်ခိုင်ဖြိုးပါတီ(ဗဟို) အထွေထွေ အတွင်း ရေးမှူးဦးဌေးဦးက အတည်ပြုပြောကြားလိုက်သည်။ “ပါတီရဲ့ ဖွဲ့စည်းပုံအရ ဥက္ကဌရော ၊ ဒု ဥက္ကဌရော ရှိပါတယ်။ ဒုဥက္ကဌဆို တစ်ယောက်ထက်မက ပိုရှိပါတယ်။ထပ်လည်းရှိနေမှာပါ။ ပါတီမှာ ဗဟိုအ လုပ်အမှုဆောင် အဖွဲ့ဝင်တွေရှိတယ်။ ဒါပေမယ့် အဲဒီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေထဲကနေ ပါတီရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခွင့်မရှိတော့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေရှိတယ်။ အဲဒါကတော့ နိုင်ငံတော်သမ္မတကြီးအပါအ၀င်  ပြည်ထောင်စုဝန်ကြီးတွေပဲ ၊ ပါတီတာဝန်တွေကို ထမ်း ဆောင်ခွင့်မရှိတော့တဲ့ ၀န်ကြီးတွေ ကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အရေ အတွက် နည်းသွားတယ်။ အဲဒါကြောင့် အဲဒီအရေအတွက်လည်း ပြန်ဖြည့်ရမယ် ၊ ဒါက ပါတီညီလာခံမှာ လုပ်မယ့် ကိစ္စပါ။ ဥက္ကဌကတော့ ရှိမှာပဲ ၊ သို့သော အဲဒီဥက္ကဌ တာဝန်ကို ဆောင်ရွက်လို့ မရဘူးဆိုရင်လည်း ဒီတာ ၀န်ကို ပါတီမှာ အမြဲတမ်းကျန်ခဲ့ပြီး ဆောင်ရွက်နိုင်တဲ့သူ ကယူပြီးဆောင်ရွက်မှာပါ့။ ရာထူးယူချင်ယူမှာပေါ့ ရာထူးမယူပဲနဲ့ ဒီတာဝန်ကိုပဲယူမှာပါ။ နောက်တစ်ခုက အ၇င် အသင်းကြီးတုန်းက  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဝင်တွေဟာ အသင်းကြီးမှာ နာယကတွေဘဲ အဲဒီမှာ အသင်း ကြီးလို့ စတင်ဖွဲ့စည်းပေးခဲ့တည်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်းပါတယ်။ ကျွန်တော်တို့ န.ယ.က အဖွဲ့လို့ ဖျက်သိမ်းပြီး ၊ အစိုးရသစ်ကို စတင်ဖွဲ့ စည်းတဲ့အချိန်မှာ ရော ၊ အသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ချိန်မှာရော န.ယ.က အဖွဲ့ဝင် တွေ  န.ယ.ကနေရာမှာ လုံးဝမရှိတော့ပါဘူး။ သို့သော်လက်ရှီ မှာ ပါတီ နာယက အဖွဲ့ကို လိုအပ်ရင်ထား နိုင်ဖို့တော့ ကျွန်တော်တို့ ဖွဲ့စည်းမယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင် အေး တို့ကို နာယက အဖြစ် ဆက်ထားမယ်ဆိုတဲ့ သဘောမျိုးတော့မဟုတ်ပါဘူး´´ဟု USDP ဗဟိုအတွင်း ရေးမှူး ၊ ပြည်သူ့လွှတ်တော် နိုင်ငံ သားများ၏ မူလအခွင့်အရေး နှင့် ဒီမိုကရေစီရေးကော်မတီ ဥက္ကဌ ဦးဌေးဦးမှ Hot News သတင်းထောက်အားပြောကြားသွားခဲ့သည်။ ပါတီဗဟိုညီလာခံကျင်းပရာ၌လည်း ယခင်ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၌ မပါခဲ့သော မြို့နယ် ၊ ခရိုင် နှင့် တိုင်းတို့၌ ပါတီဥက္ကဌများအား ရွေးချယ်ထားရှိမည်ဖြစ်ကာ ပါတီဥက္ကဌအားလည်း ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ၊ လိုအပ်ပါက နာယက အဖွဲ့အားလည်းထား ရှိမည်ဖြစ်ကြောင်း ဦးဌေးဦး၏ ပြောကြားချက်အရသိရှိသည်။

မန္တလေးမြို့လျှပ်စစ် ပုဂ္ဂလိက လွှဲမည်

Posted by drmyochit Monday, October 08, 2012, under | No comments



From :ခေတ်လူငယ်

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းက မြို့နယ်တွေ အားလုံးကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး ရေးလုပ်ငငန်း၊ ဓါတ်အားခ ကောက်ခံရေး လုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီ တစ်ခုကို လွှဲပြောင်း ဆောင်ရွက်ဖို့ စီစဉ်နေပြီး စမ်းသပ်ဆောင်ရွက်မှုတွေ စတင်နေပြီလို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောပါတယ်။ အဲသည့် ကုမ္ပဏီကမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာမှာ လိုအပ်တဲ့ လျှပ်စစ် ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်အားပုံမှန်ဖြစ်ဖို့ လုပ်ဆောင်ရမှာ ဖြစ် တယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက တစ်မြို့နယ်ကို ကုမ္ပဏီတစ်ခုက တာဝန်ယူပြီး ဆောင်ရွက်ဖို့ ညွှန်ကြားချက် ပေးထားပေမယ့် မန္တလေးမြို့ အခြေအနေအရ အဲသည်လို ဆောင်ရွက်ရင် အခက်အခဲတွေ ရှိနိုင်တဲ့အတွက် စည်ပင်သာယာ နယ်နမိတ်အတွင်းက မြို့နယ်အားလုံးကို အများပိုင်ကုမ္ပဏီ တစ်ခုကိုပဲ ဆောင်ရွက်ခွင့်ပြုဖို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပြန်လည်ညှိနှိုင်းထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ် အတွင်းမှာက လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးရေးလုပ်ငန်း၊ ဓါတ်အားခ ကောက်ခံရေး လုပ်ငန်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်ပြီး အဲသည်ကုမ္ပဏီဟာ လက်ရှိ အချိန်ထိ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတာ မဟုတ်သေးဘူးလို့ ချမ်းမြသာစည်မြို့နယ်က အစိုးရ အသိအမှတ်ပြု လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးကောက်ခံရေး လုပ်ငန်းကို ပုဂ္ဂလိကကို လွှဲပြောင်းမှာဖြစ်ပေမယ့် လျှပ်စစ်ဓါတ်အားခ နှုန်းထားကတော့ အ ပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။  

စစ်တွေမြို့၊ လမ်းမကြီးရှိကုလားဗလီအတွင်းမှ အိမ်ငယ်တစ်ဆောင်မီးလောင်

Posted by drmyochit Monday, October 08, 2012, under | No comments



ယနေ့ ၇-၁၀-၂၀၁၂ နေ့ နေ့လည်ပိုင်းတွင် ကုလားဗလီကြီးအတွင်းမှ မီးခိုးများထွက်လာ သဖြင့်သက် ဆိုင် ရာ များမှ ၀င်ရောက်စစ် ဆေးကြည့်ရှုရာတွင် တစ်စုံတစ်ဦးက မီးရှို့ ရန်ကြိုးစားထားမှု အားတွေ့ရှိရ သဖြင့် မီးမ လောင်ကျွမ်းမီ ၀င်ရောက်ငြိမ်းသတ်နိုင်ခဲ့သည်။ 

ရန်ုကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်းကိုးထောင် ခန့် ထုတ်ယူ

Posted by drmyochit Monday, October 08, 2012, under | No comments



ယခု ရက်ပိုင်း အတွင်း ထွက်ပေါ်နေသော ကောလဟာလ သတင်းများကြောင့် ရန်ကုန်မြို့တွင်းရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်းကျပ်သန်း ကိုးထောင်ခန့် (ရှစ်ဘီလီယံ၊ ကိုးဘီလီယံ) နီးပါး ငွေလာရောက် ထုတ် ယူမှုများဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်မှ မြန်မာနိုင်ငံ ဘဏ်များ အသင်း၌ ပြုလုပ်သော ဘဏ်လုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲ အခမ်း အနား၌ ပြောကြား ခဲ့သည်။

မောင်တောတွင် နယ်မြေလုံခြုံရေး ပြည်သူ့စစ် သင်တန်းပေး

Posted by drmyochit Monday, October 08, 2012, under | No comments


မြန်မာနိုင်ငံ အနောက်ဘက်ဆုံး ဒေသအတွင်း နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများ၏ ဘဝ လုံခြုံရေးကို ကာကွယ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများကို စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး ပြည်သူ့စစ်သင်တန်းများ လေ့ကျင့်ပေးနေပြီဖြစ်ကြောင်း မောင်တောမြို့ ဒေသခံများထံမှ သိရှိရသည်။

စစ်တွေ ဗလီ မီးလောင်

Posted by drmyochit Monday, October 08, 2012, under | No comments




ယနေ့ မွန်းလွဲ ၁နာရီခွဲဝန်းကျင် က စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်အနီးရှိ မြို့မ ဗလီတွင် မီးခိုးများ ထွက်ရှိ လာပြီးနောက်မကြာမီတွင်ပင် လုံခြုံရေး တပ်ဖွဲ့ဝင်များကမီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ ယင်းအဖြစ် အပျက်ဖြစ်ပွားပြီးနောက် ယင်းနေရာတ၀ိုက် လူစုဝေးရောက်ရှိခဲ့ပြီး ညနေ ၃ နာရီခွဲ ၀န်းကျင်ထိ စုရုံး ခဲ့ကြကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။

ကရင်အမျိုးသားညီညွတ်မှု ငြိမ်းချမ်းရေးကော်မတီ လိုလား

Posted by drmyochit Monday, October 08, 2012, under | No comments




ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ခေါင်းဆောင် ၀န်ကြီး ဦးခင်ရီ (၀ဲ)၊ နဲ့ KNU ကိုယ်စားလှယ် ဗိုလ် ချုပ်ကြီး မူးတူးဆေးဖိုး တို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံခဲ့ကြစဉ်။ (ဧပြီလ ၆ ရက်၊ ၂၀၁၂)။ကရင်လူ မျိုးတွေနဲ့ အဖွဲ့အစည်းတွေကြားမှာ သွေးခွဲ ဆက်ဆံမှုမျိုး လုပ်မှာမဟုတ်ဘဲ ကရင်ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ​ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ ရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မ တီနဲ့ KNU ကရင် အမျိုးသား အစည်းအရုံးအဖွဲ့က ခေါင်းဆောင်တွေ ရန်ကုန်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး တဲ့နောက် ခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်စုံကို မဆုမွန်က တင်ပြထားပါတယ်။

ABSDF ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၅ - ဇာတ်သိမ်း

Posted by drmyochit Monday, October 08, 2012, under | No comments


ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့သင်တန်း ပထမဆုံး ဖွင့်လှစ်မည်

Posted by drmyochit Monday, October 08, 2012, under | No comments


ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ ပထမဆုံး ဖွင့်လှစ် သည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့သင်တန်း လျှောက်လွှာများကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းတွင် စတင်ရယူနိုင်ကြောင်း အဆိုပါ ဘဏ်သင်တန်းကျောင်းထံမှ သိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်