Friday, November 09, 2012

KIO မလေးတို့၏ လုပ်ဆောင်ချက် ရင့်ဖွင့်သံများနှင့် အမြင်များ

Posted by drmyochit Friday, November 09, 2012, under | No comments


''ကျွန်တော်က ၂၀၀၉ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က လိုင်ဇာပုလိပ်ရုံးဌာနချုပ်ကို ရောက်ခဲ့တာပါ။ ဒီပုလိပ်တပ်ကို ကျွန်တော်ရောက်တာက ကိုယ့်သဘောနဲ့ ကိုယ်ဝင်တာမဟုတ်ပါဘူး။”လို့ အသက် (၂၄) နှစ်အရွယ် KIOမှ အမျိုးသမီး စစ်သမီးတစ်ဦးက စကားစသည်။ (အနော၊ပုလိပ်တပ်ကြပ်ကြီး၊KIO တပ်မဟာ(၃))


ကချင်လွတ်မြောက်ရေးအဖွဲ့၌ အမျိုးသမီးစစ်သမီးများတာဝန်ထမ်းဆောင်နေရပုံ၊ တာဝန်ထမ်းဆောင်မှု အခြေအနေနဲ့ ၄င်းတို့ဖြတ်သန်းခဲ့ရ သည့် ဘ၀များနှင့် ပတ်သက်၍ သူမက ဆက်ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိဟုဆို

Posted by drmyochit Friday, November 09, 2012, under | No comments


အမေရိကန် သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှု ဆက်လက် ရရှိခဲ့သည့် တိုင်ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ် ရှိနေဆဲဟု အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန်၏ နိုင်ငံတကာ ရေးရာ ကဏ္ဍများတွင် အဓိက အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းက လက်ရှိရာထူးကို စွန့်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ လက်ရှိတွင် အမေရိကန် သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှု ဆက်လက် ရရှိခဲ့သည့်တိုင် ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။
နူလန်က "ကျွန်မကတော့ ဝန်ကြီးဟာ သူ့အစီအစဉ်ကို ပြောင်းမယ် မထင်ဘူး"ဟု ဆိုသည်။ သူမက "ဝန်ကြီးက သူ့နေရာမှာ အပြောင်းအလဲအဖြစ် ဆက်ခံနိုင်မယ့်သူ တစ်ယောက်ကို မြင်ချင်ပါတယ်လို့ ခဏခဏ ပြောခဲ့တာကို ရှင်တို့ ကြားပြီးသားပဲ။ ဝန်ကြီးက သာမန် ပုဂ္ဂိုလ်ရေး ဘဝမျိုးဆီ ပြန်သွားပြီး အနားယူချင်စိတ် ရှိနေပါတယ်။ ဒါတွေကို သူအလေးအနက် စဉ်းစားထားတာ မဟုတ်လား"ဟု သတင်းထောက်များအား ပြောကြားသွားသည်။
 အသက်(၆၅)နှစ်ရှိ ဟီလာရီသည် သူမအနေဖြင့် (၂၀၁၃)ခုနှစ်၊ ဇန်နဝါရီလတွင် (၄)နှစ် ရာထူးသက်တမ်း ပြည့်မြောက်ချိန်၌ လက်ရှိ ရာထူးကို စွန့်လွှတ်ရန် စဉ်းစားထားကြောင်း မကြာခဏ ပြောဆိုခဲ့ဖူးသည်။

သမ္မတအိုဘားမား အနိုင်ရမှု နိုင်ငံတကာ ဂုဏ်ပြုချီးကျူး

Posted by drmyochit Friday, November 09, 2012, under | No comments


အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတ Barack Obamaအနိုင်ရခဲ့တဲ့အပေါ် ကမ္ဘာ့ ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုလိုက်ကြပါတယ်။သမ္မတ အိုဘားမားအနေနဲ့ သူ့ရဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း Mitt Romney ကို အင်္ဂါနေ့မှာ ကပ်ပြီး အနိုင်ရခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က နွေးနွေး ထွေးထွေး ကြိုဆိုလိုက်ပါတယ်လို့ ဆိုလိုက်ပြီး ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အကြား ရေရှည်တည်တံ့လာတဲ့ မဟာမိတ် ဆက်ဆံရေး စိတ်ဓာတ်ကို ကိုင်ဆွဲပြီး ဒီဆက်ဆံရေး ဆက်လက် ကောင်းမွန်အောင် အတူလက်တွဲ ကြိုးပမ်းသွား ဖို့ မျှော်လင့်နေတယ်လို့ ဆက်ပြော ခဲ့ပါတယ်။ဒါပေမဲ့ ဆီရီးယားပြဿနာအပါအဝင် ရှေ့မှာ ရှိနေသေးတဲ့ စိန်ခေါ်မှုတွေကိုလည်း သူက ထည့်ပြောခဲ့ ပါသေးတယ်။သမ္မတ အိုဘားမားရဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း Mitt Romney နဲ့ ကာလ ကြာရှည် စွာ မိတ်ဆွေဖြစ်လာခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း သမ္မတ အိုဘားမားနဲ့ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်နေတယ်လို့ ဆိုလိုက်ပြီး အမေရိကန်-အစ္စရေး စစ်ရေးမဟာဗျုဟာ ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းလာနေတယ်လို့ ဆိုလိုက်ပါ တယ်။
တချိန်တည်းမှာ ရုရှားဝန်ကြီးချုပ် Vladimir Putin ကလည်း သမ္မတ အိုဘားမားထံ ကြေးနန်းစာပို့ပြီး ချီးကျူးစကားပို့သခဲ့ပါတယ်။ ဝန်ကြီးချုပ် Putin ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း မစ္စတာပူတင် အနေနဲ့ သမ္မတအိုဘားမားနိုင်လိုက်တဲ့ သတင်းကို အပြုသဘောနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
နောက်တခါ ဗြိတိန်ဝန်ကြီးချုပ် David Cameron က အင်တာနက်ရဲ့ Twitter ပေါ်ကတဆင့် သမ္မတ အိုဘားမား အနိုင်ရတာကို နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုလိုက်တယ်လို့ ဆိုလိုက်ပြီး ရှေ့မှာလည်း ဆက်လက် လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်နေတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် Cameron က စိတ်ပျက်စရာ ဆိုးဆိုးဝါးဝါး ဆက်ဖြစ်နေတဲ့ ဆီရီးယားပြဿနာအတွက်တော့ အမေရိကန်အနေနဲ့ ရှေ့ဆက်ပြီး ပိုဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ သူ့ရဲ့ဂျော်ဒန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဗုဒ္ဒဟူးနေ့က ထုတ်ပြောလိုက်ပါတယ်။
တချိန်တည်းမှာ အာရှ-ပစိဖိတ်ဒေသဘက်မှာလည်း သြစတျေးလျနိုင်ငံ ဝန်ကြီးချုပ် Julia Gallard၊ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက ခေါင်းဆောင်တွေကလဲ သမ္မတအိုဘားမားကို ချီးကျူးလိုက်ကြပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့လည်း တိုက်တွန်းလိုက်ကြပါတယ်။

အဓမ္မ ပြုကျင့်တဲ့ အာဖဂန် ရဲတွေ ထောင်ချခံရ

Posted by drmyochit Friday, November 09, 2012, under | No comments


အာဖဂန် နစ္စတန် နိုင်ငံမှာအမျိုးသမီး တစ်ယောက် ကိုအတင်း အဓမ္မ ပြုကျင့် ခဲ့တဲ့ ရဲဝန်ထမ်း တစ်ယောက်ကို ထောင်ဒဏ် ၁၆ နှစ် အပြစ် ပေးလိုက် ပါတယ်။ အခုနှစ် မေလ တုန်းက ရဲ ဝန်ထမ်း အမျိုးသားတွေ အုပ်စုက သူ့ကိုဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်း အဓမ္မ ပြုကျင့်ခဲ့တယ် ဆိုတာ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး လာလ် ဘီဘီLal Bibi က တရားရုံးမှာ ငိုကြွေးရင်း ပြောပြခဲ့ ပါတယ်။တခြား ရဲဝန်ထမ်း သုံးယောက် ကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။အဲဒီ အမျိုးသမီးက သူ့ကို မတရား ပြုကျင့် ခဲ့တာနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သွားရောက် တိုင်ကြား ခဲ့တာပါ။ အာဖဂန် နစ္စတန် နိုင်ငံမှာက လိင်ပိုင်း ဆိုင်ရာ မတရား ပြုကျင့်ခံရတဲ့အမျိုး သမီးတွေဟာ အခုလို ကိုယ်တိုင် ထုတ်ဖော် တိုင်ကြားတယ် ဆိုတာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်တဲ့ ကိစ္စပါ။
သူ့ရဲ့ ထွက်ဆိုချက် တွေကို နိုင်ငံတကာ သတင်း မီဒီယာတွေမှာ စိတ်ဝင်တစား ဖော်ပြ ခဲ့ကြသလို သမ္မတ ကာဇိုင်း ကိုယ်တိုင်က ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးဖို့ အမိန့် ပေးခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

အင်းစိန်ထောင်တွင် နှစ်ရှည်ကျခံနေရသော AIDS ဝေဒနာသည်တစ်ဦး အသေခံ ဆန္ဒပြ

Posted by drmyochit Friday, November 09, 2012, under | No comments


အင်းစိန်အကျဉ်းထောင်တွင် နှစ်တစ်ရာကျော် အပြစ်ဒါဏ် ကျခံနေရသော ခုခံအားကျဆင်းမှု ဝေဒနာသည်တစ် ဦးဖြစ်သည့် ဦးအုန်းသန်းမှာ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်တောင်းဆိုချက်ဖြင့် အင်စိန်ထောင်ဆေးရုံ အပေါ်ထပ်မှ ခုန်ချကာ အသေခံ ဆန္ဒပြမှုတစ်ရပ် အောက်တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဦးအုန်းသန်းမှာ အပက-၃ ပုဒ်မဖြစ်သည့် အစိုးရပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မများဖြင့် နှစ်၁၀၀ကျော် အပြစ်ဒါဏ်ကျခံ နေရခြင်းဖြစ်ကာ ခုခံအား ကျဆင်းမှုရောဂါ၊ တီဗီရောဂါတို့ဖြင့် ထောင်ဆေးရုံ၊ OB2 ခန်းတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသူဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၂၉ရက်နေ့ မနက် ၈း၃၀ မိနစ်တွင် ဦးအုန်းသန်းသည် ဆေးရုံဆောင်အပေါ်ထပ် M2 နောက်ဘက် ၀ရံတာသို့ တက်ရောက်ကာ အောက်ကြမ်းပြင် ကွန်ကရစ်သားပေါ်သို့ ခုန်ချခြင်းဖြင့် မတရားထောင်ဒါဏ် ကျခံနေရသော သူ့အဖြစ်နှင့် လွတ်ငြိမ်းချမ်းသာ ခွင့်လိုချင်သော သူ့ဆန္ဒ သဘောထားကို ထုတ်ဖော်လိုက်သည်။ သေဆုံးသွားချိန်တွင် ဦးအုန်းသန်းက သေတမ်းစာ၃စောင် ချန်ရစ်သွားပြီး တစ်စောင်ကို သူ့မိသားစုသို့လည်းကောင်း၊ ကျန်တစ်စောင်ကို မိတ်ဆွေတစ်ဦးသို့ လည်းကောင်း၊ နောက်ဆုံးတစ်စောင်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်သို့လည်းကောင်း ဦးတည်ရေးသားထားကြောင်း သိရသည်။
ယင်းသေတမ်းစာများအနက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်သို့ ဦးတည်ရေးသားထားသော သေတမ်းစာတွင် အကျဉ်းထောင်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားရေးသားထားပြီး သူကဲ့သို့ သေဆုံးနိုင်သည့်အထိ ဝေဒနာခံစားနေရသူများ ထောင်တွင် အများအပြားရှိပါကြောင်း။ လူသားချင်းစာနာထောက်ထားမှုအရ ထိုကဲ့သို့သော လူမျိုးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါကြောင်း။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် မီဒီယာများနှင့် အဘက်ဘက်က ဖိအားပေးလာသည့်အတွက် တရားရုံးရောက်လာသည့်အမှုမှန်သမျှ ထောင်ဒါဏ်ပြင်းထန်စွာ ချသော စနစ်သို့ ပြောင်းလဲသွားပါကြောင်း၊ ထောင်ထဲတွင် ထိုကဲ့သို့ ပြစ်မှုနှင့် ပြစ်ဒါဏ်မမျှတပဲ မတရားကျခံနေရသူ များစွာရှိပါကြောင်း၊ ဖြစ်နိုင်ပါက ယခုအစိုးရသစ် လက်ထက်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်လောက်တော့ အနည်းဆုံးပေး သင့်ပါကြောင်း ရေးသားထားသည်။အကစ ညွှန်ချုပ်ဆီ ဦးတည်ထားသည့် ထိုသေတမ်းစာကို CID က ချက်ချင်းလာရောက်သိမ်းဆည်းသွားပြီး ယင်းအမှု ကိစ္စကြီး တစ်ခုလုံးအား ပြင်ပသို့ သတင်းမပျံ့စေရန် အင်းစိန်ထောင်တွင် အဘက်ဘက်မှ တင်းကြပ်လိုက်ကြောင်းသိရသည်။
ယနေ့ခေတ်တွင် ပြည်သူ့လွတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကဲ့သို့သော အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာပြီး မီဒီယာများကလည်း မြန်မာပြည် တရားစီရင်ရေး မဏ္ဍိုင်ကို ထိုးနှက်မှုများ ပြုလာချိန်တွင် တရားသူကြီးများမှာ ၄င်းတို့ အပြစ်လွတ်အောင် တရားရုံးရောက်လာသမျှ အမှုတိုင်းကို ကြီးလေးသောပြစ် ဒါဏ်များချမှတ်နေကြောင်း။
 တကယ်တမ်းတွင် တရားစီရင်ရေး မဏ္ဍိုင်တစ်ခု တည်းသာမက အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ရဲတပ်ဖွဲ့ကိုပါ စောင့်ကြည့်ဝေဖန် မှုများပြုသင့်ကြောင်း။ယခုအခါ ရဲ မတရားလုပ်သော အမှုများ အလွန်များပြားလာပြီး ရဲနှင့် ပေါင်းကာ မိမမလိုလားသူကို အမှုဆင်ဖမ်းဆီးမှုများလည်း များပြားလာကြောင်း။ ရဲက ခိုင်လုံအောင် အမှုဆွဲတင်လာလျှင် တရားသူကြီးများမှာ အမှန်အမှားဘာမှ မကြည့်တော့ပဲ ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေတော့သဖြင့် ခံရသူများ အလွန်နစ်နာရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောကြားသည်။

  ဒီမိုဝေယံ

မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး

Posted by drmyochit Friday, November 09, 2012, under | No comments


မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး  နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံးသွားကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာက ရေးသား ဖေါ်ပြသည်။
စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေမှ မလေးရှားကို ထွက်ခွာစဉ် ယမန်နေ့ (နိုဝင်္ဘာလ ၇ ရက်)  နံနက်က ကမ်းခြေမှ ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ်သွားသည်ဟ ဆိုသည်။ လှေပေါ်တွင် လိုက်ပါသွားသူ ၅၁ ဦး ကို နီးစပ်ရာ ငါးဖမ်း ဘုတ်များနှင့် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရပြီး ကျန် လူ ၆၀ မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းစာက ရေးသားဖေါ်ပြသည်။ ဘင်္ဂလာဒေခ်ျ့ရေတပ်မှ လူ (၁၁) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုအခါ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် (သူတို့ အခေါ် ရိုဟင်ဂျာ) ဆိုသူ နှစ်ဦးပါဝင်ပြီး ကျန် ၉ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။အဆိုပါ စက်လှေသည် လူပေါင်း ၆၀ ခန့်ကိုသာ တင်ဆောင်နိုင်သော အရွယ်အစား စက်လှေ ဖြစ်သော်လည်း လူပေါင်း ၁၁၀ ကိုတင်ဆောင်ရာမှ အလေးချိန်များပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ ထုတ် New Age သတင်းစာက အသက်မသေဘဲ လွှတ်မြောက်လာသူ ကိုနာပါရာ ကျေးရွာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်ကို ကိုးကားပြီး ဖေါ်ပြရာတွင် စက်လှေပေါ်ရှိ လူပေါင်း ၁၁၀ ပါရှိပြီး  ထိုအထဲတွင် ရိုဟင်ဂျာ ၂၀- ၃၀ ခန့်ပါဝင်ကာ အများစုမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြောင်း ဖေါ်ပြသည်။သို့သော်လည်း ပြည်ပ မြန်မာ သတင်းဌာ တချို့ကမူ အဖြစ်မှန်ထက် ချဲ့ကားပြီး  လှေနစ်ရာတွင် ပါဝင်သူများမှာ များမကြာမှီက ရခိုင် အရေး အခင်းကြောင်း ထွက်ပြေးလာသူ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ဖေါ်ပြကြသည်။ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူဦးရေ ထူထပ်ပြီး အလုပ်အကိုင် ရှားပါးမူဖြင့် မလေးရှားသို့ ခိုးလှေများဖြင့် ပွဲစားများကို ငွေပေး၍ မလေးရှားသို့ နှစ်စဉ် တရားမ၀င် ထွက်ခွာနေကြရာ ယခုလို အဖြစ်ဆိုးများနှင့် မကြာခဏ ကြုံတွေ့နေရသည်ဟု ဆိုသည်။အသက်မသေဘဲ လွှတ်မြောက်လာသူ ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်က သူအနေဖြင့် ပွဲစားအား တာကာငွေ ၂၂၀၀၀ ပေးပြီး မလေးရှားသို့ အလုပ် လုပ်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
အောက်တိုဘာလ ၂၇  ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့ အပိုင် အုန်းကျွန်း(စိန့်မာတင် ကျွန်း) အနီးတွင် မလေးသွား ခိုးလှေ တစ်စီး နစ်မြုပ်ရာ လူပေါင်း ၁၂၈ ဦးတွင် ၆ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု
သိရသည်။

ဘယ်ကလာသလဲ -အလယ်ကလူ အသားမဲ၏

Posted by drmyochit Friday, November 09, 2012, under | No comments


စင်စစ်အားဖြင့် ကျင်းပနေသော
 မြန်မာနိုင်ငံ၏ ပြည်သူ့ လွှတ်တော်
မှာ-၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်
ရာ ဥပဒေကို ဆက်လက်ဆောင်
ရွက်မည်ဟု သိရှိရသည် ။ 


ဤသည်မှာ ကောင်းမွန်သော နိုင်ငံရေးပြယုဂ်တခုဖြစ်သည် ။ နိုင်ငံတငံ၏ အချုပ်အချာ အာဏာဥပဒေဆိုသည်မှာ ပြည်ပနိုင်ငံသို့  ခရီးမသွားဖူး သောသူများအဖို့  သိရှိနားလည် ခံစားမိမည်မထင် ။ 
မည်သည့်နိုင်ငံတွင်မဆို နေထိုင်ခွင့်ရက်ထက် ကျော်သွားမိပြီဆိုပါက ၄င်းနိုင်ငံ၏ မြေတွင် တရက်နေက တရက်ဖိုးကို ဗီဇါကျခံစေရသည် ။ နိုင်ငံတနိုင်ငံကို ၀င်ချင်တိုင်း ၀င်၍မရသလို နေချင်တိုင်းလည်း နေလို့ မရချေ။  ၄င်းမှာ နိုင်ငံတနိုင်ငံ၏ အချုပ်အချာ ဥပဒေဆိုသော ဂုဏ်ကြက်သရေဖြစ်သည် ။ မည်သည့် နိုင်ငံတွင်မဆို နယ်ခြားဖြတ်ကျော်ပြီး ခိုးဝင်လာသော လူမျိုးများရှိ နေတတ်ကြရာ စီးပွါးရေးအချက် အချာကျလွန်းသော နိုင်ငံများသို့  စီးပွါးရေးချွတ်ချုံကျသော နိုင်ငံများမှနိုင်ငံတော်လုံခြုံရေးနှင့်  အမိမြေကာကွယ် ရေးအတွက် ဥပဒေများပြဋ္ဌန်း ပေးထားရသည် ။ ယခုလည်း မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြဋ္ဌန်းထားရာ ခေတ်အဆက်ဆက် အစိုးရတို့ မှာ ၄င်းဥပဒေကိုပင် ကျင့်သုံးကိုင်စွဲထားသည်ကို တွေ့ မြင်နေရသည် ။ 
ဤသို့ ကိုင်စွဲကျင့်သုံး ဆောင်ရွက်နေရခြင်းမှာ သူ့ ထက်ကောင်းမွန်သော ဥပဒေကို မတွေ့ ရသေးဟု ထင်မြင်သုံးသပ်၍ရသည် ။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ နယ်ခြားဖြတ်ကျော် ခိုးဝင်လာသော သူများမှာ လေးဖက်လေးတန် အရပ်အသီးသီးမှ ၀င်ရောက်နေကြရာ ဤဥပဒေကိုပင် ပြန်လည်နှစ်ကာလ တိုးချဲ့ ပြီး ဆောင်ရွက်စရာ ရှိသေးသည် ။ 
အကြောင်းမှာ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသည် မျိုးဆက်သစ် နှစ်ခု သုံးခုကို ရောက်လာလျှင်ပင် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအရ ခိုးဝင်လာသော သူများအား ခွင့်လွှတ်ပေးထားသော ဥပဒေဖြစ်နေသည် ။ နိုင်ငံတော်၏ စေတနာကြီးမားမှုကား ဤနေရာ၌ အသိအမှတ် ပြုရတော့မည်ဖြစ်သည် ။ အကယ်၍ နယ်ခြားဖြစ်ကျော် ခိုးဝင်လာသော သူများကို ရောက်သည့်အရပ်မှာ ပျော်အောင်နေ -တွေ့ သည့်လူနဲတဲ့ အောင် ပေါင်း၍မှ မနေတတ် မထိုင်လျှင် ၄င်းသူများအား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးလျှင် ပို၍ပင် ဆိုးဝါးစေမည့် အကျိုးဆက်များ ဖြစ်လာမည်ကိုလည်း တွက်ချက်ထားရန်လိုသေးသည် ။
 ပြောရလျှင် ၄င်းသူတို့ ၏ သစ္စာတရားသည် မြန်မာနိုင်ငံအပေါ် မည်မျှ ရှိနိုင်လေ မည်နည်းဆိုသော စမ်းသပ်ချက်ဖြစ်သည် ။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ သန်ခေါင်စာရင်း ကောက်ယူနေရာ ၄င်းလူဦးရေ စာရင်းကောက်ယူခြင်းမှာ မြန်မာနိုင်ငံ၌ လူဦးရေ မည်မျှ ရှိနေသည်ကို တွက်ချက်ယူရန်အတွက် ကောက်ယူခြင်းဖြစ်သည် ။
 သန်ခေါင်စာရင်း ကောက်ယူခြင်းသည် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော လူမျိုးများကို ယေဘူယျသိရှိ ခန့် မှန်းနိုင်သော သုတေသနပြုစုခြင်းလည်းဖြစ်သည် ။ 
၎င်းမှ တဆင့်ကျော်လွန်ပြီး မြန်မာနိုင်ငံသားများအတွက် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကိုလည်း ဆက်လက်အကောင်အထည် ဖေါ်ဆောင်မည် ဆိုသည့်အတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုသည် ။   ရှေးဦးစွာ နိုင်ငံသားဖြစ်မှု ဆိုင်ရာအတွက် နိုင်ငံသားသို့ မဟုတ် ခိုးဝင်လာ
သူများအား စီစစ် ဆန်းစစ်ပြီဆိုသည်နှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူများအား မလွဲမသွေ တွေ့ ရှိမည်ဖြစ်သည် ။ တွေ့ သည်နှင့် ၄င်းလူမျိုးများအား ဥပဒေအရ ထိရောက်စွာ ဆောင်ရွက်ရန်လိုပါသည် ။ခိုးဝင်လာသူများအား ဥပဒေအရ ဖမ်းဆီးခြင်း၊ နယ်နှင်ဒဏ်ပေးခြင်း တို့ ကိုတော်လှန်ရေး ကောင်စီလက်ထက်က ဆောင်ရွက်ခဲ့ သေးသည် ။
 ယခုလည်း ၄င်းကဲ့သို့ ဆောင်ရွက်လာပြီ  ။ လောလောလတ်လတ် ကြုံတွေ့ နိုင်မည့် ပြသနာမှာ ဥပဒေအရ ဖမ်းဆီးနိုင်ခြင်းဆိုသော်လည်း နယ်နှင်ဒဏ်ပေးမည် ဆိုပါက မည်သည့်နယ်ကို နယ်နှင်ဒဏ် ပေးမည်ဆိုသော ပြသနာက ရှိလာနိုင်သည် ။ 
 လူဝင်မှုကြီးကြပ်ရေးဋ္ဌါန ၀န်ကြီး ဦးခင်ရီက မြန်မာနိုင်ငံမှာ နိုင်ငံမဲ့ များ မရှိစေရ ဆိုသော စကားကို ပြောသံကြားလိုက်မြင်လိုက်ရသည် ။ နိုင်ငံတကာကလည်း လူသားချင်း စာနာရေးဆိုပြီး မြန်မာနိုင်ငံမှာ ဘင်္ဂလီကုလားလူမျိုးတို့ မှာ နိုင်ငံမဲ့ လိုဖြစ်နေသည်ဟု တစိုက်မတ်မတ် ရေးသား ပြောဆိုနေသည် ။  
    ကျွန်တော်တို့ အဖို့  ၀န်ကြီး ဦးခင်ရီပြောသော နိုင်ငံမဲ့  မရှိဆိုသော စကားကို လေးလေးနက်နက် ထောက်ခံရမည်ဖြစ်သည် ။ ယခုအချိန်တွင် ရခိုင်ပြည်နယ်၌့ ဖြစ်ပျက်နေသော ပဋိပက္ခသည် မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီကုလားလးမျိုးတို့ အား တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုစေရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိသာနိုင်သည် ။ ထို့ ကြောင့် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေရာ ယခုအချိန်ကား အဆုံးစွန်သော လည်ပင်းလှီးသတ်ဖြတ်ခြင်း ၊  ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးကျောင်းများအား 
မီးရို့  ဖျက်ဆီးခြင်းနှင့် အိမ်များကို မီးရို့  ဖျက်ဆီးခြင်းများအထိ ပြုလုပ်လာကြပြီး လုပ်နေဆဲ လုပ်နေမည့် ပြသနာများ ဖန်တီးနေသည် ။  ရောက်သည့်အရပ်မှာ ပျော်အောင်မနေသလို တွေ့ သည့်လူနဲ့  တည့်အောင် သင်ြ့မတ်အောင် မပေါင်းသင်းဘဲ အိမ်ရှင် မြေခံ ရေခံ လူမျိုးများနှင့် အတူယှဉ်တွဲ မနေနိုင်တော့ လောက်အောင် ဖြစ်ပွါးနေခြင်းမှာ မည်သို့ မှ လက်သင့်ခံနိုင်စရာ မရှိတော့ချေ ။
 မြန်မာနိုင်ငံက ၄င်းလူမျိုးတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသော သူများသာဖြစ်သည်ဟု ပြောဆိုကြေညာထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ကမူ သူတို့ နိုင်ငံမှ မဟုတ်ကြောင်း အတိအလင်း ခုခံပြောဆိုထားသလိုယခုအချိန်၌ သူတို့ အား လှေစီးထွက်ပြေး သူများကိုပင် လက်မခံချေ ။   သို့ ဆိုလျှင် သူတို့ ကို နှစ်နိုင်ငံစလုံးက လက်မခံသောကြောင့် နိုင်ငံမဲ့ လူမျိုးများဟု ယေဘူယျပြော ဆိုရလေမည်လား ။ ၀န်ကြီး ဦးခင်ရီပြောသလို နိုင်ငံမဲ့ လူများအဖြစ် မြန်မာနိုင်ငံမှာ မည်သူမှ မရှိဆိုသည်ကို လက်ခံရမည့် ဇစ်မြစ်ပြသနာကို ရှာဖွေကြည့်ရန်လိုလာသည်။  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ယခုဖြစ်ပျက်နေသော ရခိုင်ဖြစ်စဉ်၌ ဇစ်မြစ်ကို သေချာစွာ ကြည့်ရန်လိုသည်ဟု ပြောဆိုထားရာ ကျွန်တော်တို့ မှာ ယခုတော့ ရှင်းလင်းစွာ မြင်တွေ့ကြရပြီဖြစ်သည် ။ ရခိုင်သမိုင်းရာဇ၀င်တွင်၎င်း ၊ မြန်မာသမိုင်းရာဇ၀င်တွင်၎င်း ၊ အင်္ဂလိပ်ဂေဇတ်များတွင်၎င်း ယခုရှိနေသော ရခိုင်ပြည်နယ်က ဘင်္ဂလီလူမျိုးတို့ မှာ တိတိပပဖေါ်ပြထားခြင်းမရှိ ။ ထို့ အတွက်ကြောင့် သူတို့ ကို နယ်ခြားဖြတ်ကျော် ခိုးဝင်လာသော သူများဟု သတ်မှတ်ထားခြင်းဖြစ်သည် ။ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာလျှင် စစ်ဆေးလို့ တွေ့ က မြန်မာနိုင်ငံအစိုးရ၏ ဥပဒေအတိုင်း ဆောင်ရွက်ချက်ကို လက်ခံလိုက်နာရန်လိုသည် ။ နောက်တချက်မှာ ဘင်္ဂလီကုလားလူမျိုးတို့ က သူတို့ မှာလည်း သမိုင်းကိုထုတ်ပြန်ပြောဆိုထားရာ သူတို့ ပြညွှန်းသော သမိုင်းကို အခြေခံပြီး သူတို့ 
အား မြန်မာနိုင်ငံသားအဖြစ် လက်ခံရမည်ဟု ပြောဆိုနေခြင်းဖြစ်သည် ။ 

သို့ ဆိုလျှင် သူတို့ ၏ သမိုင်းကို ဟုတ်သည်ဖြစ်စေ မှားသည်ဖြစ်စေလိမ်ညာသည်ဟု သိရှိသည်ပင်ဖြစ်စေ သူတို့ ပြောသော သမိုင်းအရ သူတို့ မှာ ဆော်ဒီအာရေဗီယား တနည်းအားဖြင့် အာရပ်နိုင်ငံများမှ သင်္ဘောပျက်၍ ရခိုင်ပြည်နယ်သို ရောက်ရှိလာသူများဖြစ်သည်ဟု သူတို့ သမိုင်းမှာ ရေးသားပြောဆိုထားသည်ကို တွေ့ ရသည် ။ 
  ဤအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုနေသော ပဋိပက္ခ၏ ဇစ်မြစ်ဖြစ်နေသည် ။ သူတို့ သည် ဆော်ဒီအာရေဗီးယား  သို့ မဟုတ် အာရပ်နိုင်ငံများမှ လာသော သင်္ဘောပျက်ရာမှ ရောက်ရှိလာသောသူများဆိုလျှင် ပြောစရာ စကားတခုသာ ရှိတော့သည် ။ ဇစ်မြစ်ကား သူတို့ သည် တခြားနိုင်ငံမှ လာသော လူမျိုးများဖြစ်နေသည် ။ ၀န်ကြီး ဦးခင်ရီပြောသော နိုင်ငံမဲ့ လူမျိုးများမဟုတ်  ဆိုသည်မှာ ဤအချက်ဖြစ်သည် ။ သူတို့ မှာ နိုင်ငံရှိနေခဲ့ သည် ။ -၁၉၈၂-ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသည် လူသားချင်းဆိုင်ရာ လူ့ အခွင့်အရေးကို များစွာ လေးစားလိုက်နာသော ဥပဒေဖြစ်နေသည် ။ အကြောင်းမှာ မည်သည့်နေရာကလာလာ မြန်မာနိုင်ငံမှာ အချိန်တန်လျှင် နိုင်ငံသားဖြစ်ခွင့် ဥပဒေက ရှိနေသောကြောင့်ဖြစ်သည် ။   သို့ သော် ယခုရခိုင်ဖြစ်စဉ်နှင့် ပါတ်သက်၍ ယခုဖြစ်ပွါးနေသော ဘင်္ဂလီမွတ်  ဆလင်လူမျိုးတို့ ကို တခုတည်းသာဆုံးဖြတ်စရာ ရှိနေသည် ။ ၄င်းမှာ သူတို့ အား လာရာလမ်းသို့  ပြန်လည်သွားခွင့် ပေးရန်သာ ရှိသည် ။ သူတို့ မှာ သူတို့ ၏ သမိုင်းအတိုင်း အာရပ်နိုင်ငံများသို့  ထွက်ခွါခွင့်ပေးလိုက်ရုံသာ ရှိသာ ရှိသည် ။ ကျွန်တော်တို့ ငယ်စဉ်က မြန်မာစာကျောင်း သုံးဖတ်စာကို ခဏခဏ ဖတ်ဖူးသည် ။ဘယ်ကလာသလဲ -ဘယ်နယ်ကလဲ - အလယ်ကလူ စကားဝဲ၏ ဟု ရွတ်သံကို နားယဉ်စွာ ကြားဖူးနေကြခဲ့ သည် ။ ခုတော့လည်း ဘယ်ကလာသလဲ - အလယ်ကလူ အသားမဲ၏ ဆိုသော စာအံသံကို ရွတ်ဖတ်စေရန် မြန်မာနိုင်ငံကျောင်းသုံးစာအုပ်မှာ သင်ကြားစေရန်အတွက် ပြဋ္ဌန်းမည့် စာသားလိုဖြစ်နေပြီ ။ 
ထို့ ကြောင့် နိုင်ငံရှိသော ၄င်းလူမျိုးတို့ အား လာရာလမ်းမှ သူတို့ ၏ နိုင်ငံရှိရာသို့ သာ စေလွှတ်ပေးလိုက်ရန်သာ ရှိလေပြီလို့  ပြောရုံမှအပ  ဘာများရှိတော့ပါသနည်း ။

ခိုင်အောင်ကျော် ( နယူးယောက် )

မောင်တောမြို့နယ်အတွင်းနေအိမ်များပြန်လည်ဆောက်လုပ်ပြီးစီးနေပြီဖြစ်သဖြင့် ဒုက္ခသည်များ ပြန်လည်ပြောင်းရွှေ့နေ

Posted by drmyochit Friday, November 09, 2012, under | No comments


မောင်တောမြို့နယ် အတွင်းမီးရှို့ ဖျက်ဆီးမှုခံခဲ့ရသည့် ကျေးရွာသုံးရွာတွင် နေအိမ်များပြန်လည် ဆောက်လုပ်ပြီးစီး နေပြီဖြစ်သဖြင့် ဒုက္ခသည်များ ပြန်လည်ပြောင်း ရွှေ့နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆူပူ အကြမ်းဖက်မှု ကိုခံစားခဲ့ရသောဝေသာလီ၊ ရွှေရင်အေးကျေးရွာနှင့် ခရေမြိုင်ကျေးရွာရှိ တိုင်းရင်းသားဒေသခံ များသည်ဆောက် လုပ်ပြီးစီးနေသည့် နေအိမ်များသို့ ပြန်လည်ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မောင်တောမြို့နယ်အတွင်း မီး လောင်ဆုံးရှူံးခဲ့ရသည့် ကျေးရွာများမှ နေအိမ်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ UNHCR & INGO နှင့် CARE MYANMAR တို့က ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး လက်ရှိဆောက်လုပ်ပြီးစီးနေသော နေအိမ်များမှာနယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''စည်ပင်သာယာရေးက လုပ်တဲ့လုပ်ငန်းတွေ အားလုံးနီးပါးပြီးပါပြီ။ စည်ပင်သာယာက ၂၂၂ လုံးကို တာဝန်ယူဆောက်လုပ်ရာမှာ ၄၁ လုံးပဲ ကျန်ပါတော့တယ်''ဟု မောင်တောမြို့နယ် စည် ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်သက်ရှည်က ပြောသည်။လက်ရှိတွင် UNHCR မှ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ပြီး ဒီဇင်ဘာလအတွင်းတွင် နေအိမ် ၁၁၁ လုံးကို အပြီးတည်ဆောက် ရန်ရှိကြောင်းနှင့် မောရ၀တီကျေးရွာတွင် စတင်တည်ဆောက် နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဆောက်လုပ်မှု လျာထားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေအိမ်၂၀၂ လုံး၊ UNHCR&INGO တို့က နေအိမ် ၂၂၂ လုံး နှင့် CARE MYANMARကနေ အိမ် ၁၂၈ လုံးစုစုပေါင်း ၅၅၂ လုံးကို တည်ဆောက်ပေးရန် လျာထားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် အသက် ၁၈နှစ်မပြည့်မီ အိမ်ထောင်ပြုခံရသူ ၆၆ရာခိုင်နှုန်းရှိဟုဆို

Posted by drmyochit Friday, November 09, 2012, under | No comments


ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွင် အသက် ၁၈နှစ်မပြည့်မီ အိမ်ထောင်ပြုခံရသည့် မိခင်အမျိုးသမီး ၆၆ရာခိုင်နှုန်းရှိသည် ဟု နိုဝင်ဘာ ၇ရက်နေ့က UNFBPအဖွဲ့ကိုစားလှယ် Arthur Erken ဟုထုတ်ဖေါ်ပြောဆိုကြောင်း The Daily Star သတင်းတွင် ရေးသားသည်။ အိမ်ထောင်ဖက် မပြည့်မီ အိမ်ထောင်ပြုခံရသူ ၆၆ရာခိုင်းနှုန်းအထဲမှ ၂၀ရာခိုင်နှုန်းမှာ ၁၅နှစ်အရွယ်အမျိုး သမား များဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ကလေးမွေးဖွားမှု ဦးရေလျှော့ချမှုနှင့် သေဆုံးသည့်မိခင်များ ရှိနေသော်လည်း ငယ်ငယ် ရွယ်ရွယ်ဖြင့် များပြားသော အိမ်ထောင် ပြုခြင်းခံရသည့် အမျိုးသမီးများသည့် ၄င်းတို့နိုင်ငံအတွက်  တန်ဖိုးရှိသည် ဟု ဆိုသည်။“တကယ်လို့ ဒီအမျိုးသမီးတွေဟာ ပညာရေး အခွင့်အလမ်းတွေကို စွန့်လွှတ်လျှင် တိုင်းပြည်အကျိုး စီးပွားရေး အတွက် ဖြစ်လာနိုင်လိမ့်မယ်။ အလုပ်သမားအဖြစ် အစိတ်အပိုင်းတခုခု၌ ၀င်ရောက်လုပ်ကိုင်လျှင် သူတို့၏ ၀င် ငွေမြှင့်တင်နိုင်မယ်” ဟု ဒက္ကားမြို့ ဘော်ရှုမ်းဒေါရာစီတီ၌ ပြုလုပ်ခဲ့တဲ့ International of the Girl Child တွင် ပြောကြားခဲ့သည်ဟု ၄င်းပုဂ္ဂိုလ်က ပြောဆိုခဲ့ကြောင်းသတင်း၌ဖေါ်ပြထားသည်။
ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွင် အသက်ငယ်ငယ် ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုခံရသူ အမျိုးသမီးများသည့် အတွက်လူဦး ရေအဆမတန် ပေါက်ဖွားပြီး တနိုင်ငံလုံး အတိုင်းအတာအရ လူဦးရေ ၁၆သန်းခန့်ရှိသည်ဟု သိရသည်။

ကားပေါ်မှ လူလေးဦးအား အုပ်စုဖွဲ့၍ အကြမ်းဖက်သူများအနက် နှစ်ဦးကို ဖမ်းမိ

Posted by drmyochit Friday, November 09, 2012, under | No comments


ကမာရွတ်မြို့နယ် အင်းစိန်လမ်းပေါ်ရှိ စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် ညသန်း ခေါင်အချိန်၌ မတ်ခ်တူး ယာဉ်တစ်စီးအား ရှေ့နောက်ယာဉ် နှစ်စီးပိတ်ရပ်၍ အုပ်စုဖွဲ့ ၀ိုင်းရိုက်ခဲ့သူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီးထား ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီအချိန်တွင် စံရိပ်ငြိမ် ၃ လမ်းထိပ် လမ်းပေါ်၌ မောင်းနှင်နေသော မတ်ခ်တူးယာဉ်အား အမည်မသိ အနက်ရောင် စတစ်ကာကပ်ထားသော ယာဉ်နှစ်စီးက ရှေ့နောက်ပိတ်ရပ်၍ မတ်ခ်တူးကားပေါ်မှ လူလေးဦးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မတ်ခ်တူးကားပေါ်ပါ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးအား အမည်မသိယာဉ်ပေါ်မှ လူခုနစ်ဦးက ၀ိုင်းဝန်းထိုးကြိတ်၍ ဆဲဆိုခဲ့ပြီး ကားမှန်များကိုလည်း သံတုတ်၊ သစ်သားတုတ်တို့ဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့သည်။ အဆိုပါ တရားခံခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီးထားပြီဟုဆိုသည်။

တော်ဝင် သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ၁၄ ရက်နေ့မြောက် ဆန္ဒပြ

Posted by drmyochit Friday, November 09, 2012, under | No comments


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အတွင်းရှိ တော်ဝင်မိသားစု(Taw Win Family CO;LTD) သစ်အချော ထည်စက်ရုံမှ အလုပ်သမား(၂၂၀)ခန့်မှာ တောင်းဆိုထားသည့် အချက်(၅)ချက် မရရှိသဖြင့် ဆန္ဒပြမှု(၁၄) ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ်အတွင်းရှိ အလုပ်သမားဝန်ကြီးရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။
 “အရင်နေ့တွေကတော့ စက်ရုံထဲမှာ ပဲဆန္ဒပြခဲ့ကြတာပါ။ အစပိုင်းကတော့ စက်ရုံပိုင်ရှင်ဘက်က ကိုယ်စားလှယ် တွေနဲ့ ညိုနှိုင်းတာတွေ လုပ်သေးတယ်။ နောက်ပိုင်း ညှိနှိုင်းမှုတောင် မလုပ်တော့လို့ ဒီထိရောက်လာပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်တာပါ”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ အလုပ်သမားတစ်ဦးက ပြောသည်။  ဆန္ဒပြအလုပ်သမားများ တောင်းဆိုထားသော အချက်(၅)ချက်မှာ (၁)စက်ရုံရှိ အလုပ်သမားများ၏ ဆန္ဒမပါပဲ အပြင်ဆိုဒ်သို့ မပို့ရန်၊ (၂) အလုပ်သမားများ၏ သဘောတူညီချက်မရှိပဲ စည်းကမ်းချက်များ မထုတ်ပြန်ရန်၊ (၃)စက်ရုံအတွင်း ၀င်ခွင့်မပေး သောအလုပ်သမား များအား Onduty ပေးရန် လုပ်ခပေးရန်၊ (၄)E/C စာချုပ် အမြန်ချုပ်ဆိုရန်နှင့် (၅) လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း ထုတ်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။  “စက်ရုံမှာက စည်းကမ်းချက် တွေအရမ်းများတယ်။ ဥပမာ စက်ရုံအတွင်းမှာ ကွမ်းမစားရဘူးလို့ စည်းကမ်းထုတ်ထားတယ်။ ဒါကိုလက်ခံတယ်။ မနက်အလုပ်လာလို့ လမ်းမှာစားပြီး အလုပ်ထဲရောက်လို့ ပါးစပ်မှာနီနေရင် ပိုက်ဆံဖြတ်တယ်။ အဲလိုမျိုးတွေရှိတယ်”ဟု အလုပ်သမားတစ်ဦးက ရှင်းပြသည်။
 ဆန္ဒပြပွဲတွင် အလုပ်သမား အင်းအား(၂၀၀)၀န်းကျင်ပါရှိပြီး အစာငတ်ခံဆန္ဒပြသော အလုပ်သမား(၁၀) ဦးလည်းပါရှိကြောင်း သိရသည်။ “အစာငတ်ခံ ဆန္ဒပြတဲ့သူ(၁၀)ဦးပါတယ်။ သူတို့အခုလိုပြနေတာ (၁၄)ရက်လောက်ရှိနေပြီ။ ဆေးရုံတင်ရတဲ့ သူတွေလည်းရှိပါတယ်”ဟု ဆန္ဒပြပွဲကို ပါဝင်ကူညီပေး သူတစ်ဦးကပြောသည်။ အဆိုပါဆန္ဒပြပွဲသို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်၊ အလုပ်သမားအခွင့် အရေးလှုပ်ရှား သူများအဖွဲ့နှင့် လယ်သမားအရေးများ တွင် လိုက်ပါကူညီ ဆောင်ရွက် ပေးနေသူ ဦးဝင်းချိုတို့ လာရောက်အားပေး ကူညီခဲ့ကြကြောင်းလဲ သိရသည်။

၈-၁၁-၂၀၁၂ရက် ညဥ့် ၈း၄၂ နာရီ ပေါက်တောမြို့အထူးသတင်း

Posted by drmyochit Friday, November 09, 2012, under | No comments


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ၊ အနောက်ဖရုံကာကျွန်း ၊ ဆံတော်ရှင်ဘုရားအနီးရှိ ရမျှိုင်ချိုင်အနီးတွင် စိုးမဲကျီကျေး ရွာနေ ဦးလပြည့်ဦး (ဘ)ဦးအောက်လူ နှင့် (၈)နှစ်အရွယ်သားငယ်နှင့်အတူ ငါးဖမ်းနေစဉ် ဘင်္ဂလီကု လားများမှ တူမီးလက်နက်များဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာ အပြင်းအထန်းရရှိခဲ့မှုကြောင်း ယခုအခါ စစ်တွေမြို့ ပြည်သူ့ဆေးရုံးသို့ ယူဆောင်လာလျှက် ရှိကြောင်းကို သိရှိရပါသည်။ ဒဏ်ရာမှာ ပြင်ထန်းသောအကြောင်း သွေးလိုအပ်ချက် များရှိသည်ဟုစက်လှေပေါ်မှ ရခိုင်လူမှုအဖွဲ့အစည်းများသို့ လှမ်းအကြောင်းကြားလာကြောင်းသိရှိရပါသည်။ ယခုအခါ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးပေါ်တွင် ရခိုင်လူမှုအဖွဲ့ အစည်းများမှ လိုအပ်သည်များကို ကူးညီရန်အတွက် အဆင့်သင့်ရောက် ရှိနေကြောင်းကို သိရှိရပါသည်။


 ******အရေးပေါ်သတင်း******

ယနေ့ ညနေ ၅ နာရီခန့်က ပေါက်တောမြို့နယ် စိုးမဲကျီရွာမှ ရွာမှမလှန်းမကမ်း မြစ်ပြင်တွင်ငါးရှာနေ သော သားဖ နှစ်ဦးအား ဘင်္ဂလီ များစီးနင်းလာ သောစက်လှေ တစ်စီးမှ တူမီးသေနပ်ဖြင့် ပစ်ခတ်ခဲ့သဖြင့်သားဖ နှစ်ဦး စလုံးမှာဒဏ်ရာရရှိပြီး ယနေ့ည ၉း၃၀ နာရီနှင့် ၁၀ နာရီ ၀န်ကျင်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ရောက်ရှိမည်ဖြစ်ောကာင်းသိရှိရပါသည်။ သားဖြစ်သူတွင် မျက်နှာ၌ ဒဏ်ရာရရှိပြီး ဖခင်ဖြစ် သူမှာ ၀မ်းဗိုက်၊လက်၊ ခြေများတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်းနှင့် ဦးလပြည့်ဦး၊အသက် ၄၄ နှစ်ဖြစ်ကြောင်း သိရပါသည်။ မြစ်ကမ်းတစ်လျှောက် ကျေးရွာများတွင် လုံခြုံရေးများချ ထားသည်ဆိုသော်လည်း ယခုကဲ့သို့ ဖြစ်ရခြင်းသည် လွန်စွာ ထူးခြားမှုတစ်ခုဖြစ်ကြောင်း နှင့်ပစ်ခတ်သွားသူများမှာ မည်သူ မည်ဝါဖြစ်သည်ကို မဖမ်းဆီးနိုင်ဘဲ ဘင်္ဂလီများ ဟု သာသိရှိရသေး ကြောင်းလည်းသိရသည်။

ဘင်္ဂလီများလက်မှတ်မထိုးသဖြင့် လ၀က များခေါင်းကိုက်နေရ

Posted by drmyochit Friday, November 09, 2012, under | No comments


လက်မှတ်မထိုးသည့် အတွက်လ၀က များခေါင်းကိုက် နေရကြောင်း သတင်းရရှိသည်။ ယခင်က လ၀ကများသည် ဘင်္ဂလီများ၏ လူမျိုးနေရာတွင် အမှန်အတိုင်း ဘင်္ဂလီဟု ရေးသားခဲ့သော်လည်း ယခုအခါတွင် ဘင်္ဂလီများက ---ျာ ဟုရေးမှ သာလက်မှတ်ထိုးမည်ဆို လာသဖြင့် ခေါင်းကိုက်နေရ ခြင်းဖြစ်ကြောင်း ၊ယနေ့ တွင်လည်း လက်မှတ်မထိုး သေးသဖြင့် စာရင်းကောက်ယူသည့်တိုင် ၀န်ခံ လက်မှတ်ရေးထိုးခြင်းကို မပြုလုပ်နိုင်သေးကြောင်း လည်းသိရသည်။
ရွာငါး ရွာရှိ ဘင်္ဂလီများအား စာရင်းကောက်ယူရာတွင် အမျိုးမျိုးတိမ်းရှောင် ခြင်း၊ လ၀က မသိဘဲ ထိမ်းမြှားလက်ထပ် ပေးစားခြင်းများနှင့် နေအိမ်တွင်ရှိသူ များစာရင်းနှင့် အိမ်ထောင်စု စာရင်းတွင် ဖော်ပြထားသူ များစာရင်းမှာ ကွာခြား နေသည်များကို တွေ့ရကြောင်း သိရသည်။ နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက်အား လိုက်နာခြင်းမရှိဘဲ ရိုဟင်ဂျာဟု ပြောဆိုနေခြင်းသည် နိုင်ငံတော်သမ္မတကြီးကို တိုက်ရိုက်စော်ကားလိုက် ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ ဖြစ်လာစေရန် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှား နေသူများရှိနေကြောင်း လည်းသိရသည်။ယင်းသို့ ကြိုးကိုင်လှုပ်ရှားနေသူများကို စုံစမ်းဖော် ထုတ်ခြင်းမပြုနိုင်သမျှ ကာလ ပတ်လုံး လက်ရှိစစ်ဆေးနေသော စစ်ဆေးချက်များသည် အထမြောက်မည် မဟုတ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။

ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ

Posted by drmyochit Friday, November 09, 2012, under | No comments


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ရာမူးခေါ် ပန်းဝါမြို့ ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရပြီး နောက်ပိုင်း  ပျောက်ဆုံးသွားသည့် ဗုဒ္ဓဆင်းထုတော် အများအပြား အထဲမှ ရုပ်ပွားတော် ၃ ဆူကို ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ပြန်လည် ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာဒေခ်ျ့ အထူးမူခင်းနှိမ်နှင်းရေး  တပ်ဖွဲ့ RAB ကို ကိုးကားပြီး  24 Bdnews ကဖေါ်ပြသည်။အမြင့် ၁၂လက္မ၊ ၉ လက္မ နှင့် ၅ ဒဿမ ၈ လက္မရှိ အသီးသီးရှိ ရုပ်ပွားတော် ၃ ဆူကို ယမန်နေ့ ဗုဒ္ဒဟူးနေ့ ညနေက ကော့စ်ဘဇား ခရိုင် အိုကီးယားမြို့နယ် ကူတို့ပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်း အတွင်းရှိ ဇော်ဖေါ့ အလောင် ဆိုင်မှ ဖမ်းဆီး ရမိသည်ဟု ဆိုသည်။အမှတ် (၇) Rapid Action Battalion (RAB)  တပ်ဖွဲ့မှ အဆိုပါ ဆိုင်အား ၀င်ရောက် စစ်ဆေးစဉ် အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော်များကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း 24 bdnews  က ရေးသားသည်။
ရုပ်ပွားတော်များ ဖမ်းဆီးရရှိပြီးနောက် ဆက်နွယ်ပတ်သက်သူ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် ဇော်ဖေါ် အာလောင် (၃၅ နှစ်) နှင့် အီမာန် ဟူစိန် (၃၂ နှစ်)တို့အား ဖမ်းဆီးလိုက်ပြီး ယနေ့တွင် အမူဖွင့် တရားစွဲဆိုလိုက်သည်ဟု ဆိုသည်။RAB တပ်ဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး ဆော်ရ၀ါ အလောင်မှ ဖမ်းဆီးရမိသော ရုပ်ထု တော်များကို ကြေးဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ပြီး အကြီးဆုံး ရုပ်ထုတော်မှာ အလေးချိန် ၄၅၇ ဂရမ်  ရှိပြီး၊ ဒုတိယ ရုပ်ပွားတော်မှာ ၂၃၄ ဂရမ်ရှိကာ နောက်တစ်ဆူမှာ ၁၀၃ ဂရမ် ရှိသည်ဟု ဆိုသည်။ ဗုဒ္ဓရုပ်ထုတော်များမှာ စက်တင်္ဘာလ ၂၉ နှင့် ၃၀  ရက်များက ရာမူး ရှိ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ တိုက်ခိုက်စဉ် ယူဆောင်သွားခဲ့သော ရုပ်ထုတော်များ ဖြစ်သည်ဟု ပြောသည်။
ယခုအခါ ဘုန်းတော်ကြီးကျောင်းများမှ လုယူသွားသော ဗုဒ္ဓ ရုပ်ပွားတော်များကို သက်ဆိုင်ရာက လိုက်လံရှာဖွေနေပြီး တချို့ကို ပြန်လည် ဖမ်းဆီးရမိသည်ဟု ဆိုသည်။မီးရှို့ဖျက်ဆီး ခံလိုက်ရသော ဘုန်းတော်ကြီးကျောင်း (၁၉) ကို ယခုအခါ တာကာငွေ သန်း (၁၂၀) အကုန်အကျခံပြီး နဂိုမူလ ပုံစံအတိုင်း ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ တာဝန်ယူ တည်ဆောက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
သို့သော် လည်း ပျက်စီး ဆုံးရှုံးသွားသော ဗုဒ္ဓဘာသာ စာပေ ကျမ်းဂံများ အပါအ၀င် ရှေးဟောင်း အနုပညာ လက်ရာ ဗုဒ္ဓ ရုပ်ပွားတော်များ၏ တန်ဖိုးမှာ ခန့်မှန်း၍ မရအောင်ထိ များပြားကြောင်း ဒေသအတွင်းက ဆရာတော်များက မိန့်ကြားသည်။ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတိုက်အခံ ခေါင်းဆောင် ယခင်ဝန်ကြီးချုပ်ဟောင်း ခါလစ်ဒါဇီယာသည် စနေနေ့ ( အောက်တိုဘာ ၁၀ ရက်နေ့) တွင် ရာမူးသို့ သွားရောက်ပြီး ဖျက်ဆီးခံလိုက်ရသော ဘုန်းတော်ကြီးကျောင်းများကို သွားရောက် ကြည့်ရှု့ စစ်ဆေးမည် ဖြစ်သည်။

နိရဉ္စရာသတင်းဌာန

ဦးဉာဏ်ဝင်းက ဂျာနယ်နှစ်စောင်ကို တရားစွဲဆိုမှု လက်ခံကြားနာတော့မည်ဖြစ်သော်လည်း ဘယ်မီဒီယာ သမားမှ ဆန္ဒမပြရဲကြ

Posted by drmyochit Friday, November 09, 2012, under | No comments


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရာ:စွဲဆိုမှု ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြည်မြန်မာ ဂျာနယ် နှင့် The Messenger ဂျာနယ် တို့ကို တရား စွဲဆို ရန် လျောက်လဲချက် ကို မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံ လိုက်ကြောင်း ဦးဉာဏ်ဝင်း က နိုဝင်ဘာ ၆ ရက်နေ့ တွင်The Voice Weekly သို့ ပြောကြားသည်။
"၂၉ရက် နေ့မှာ ဒီဂျာနယ် ကို တရားစွဲတာ မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော် လက်ခံတယ်၊ ဘယ်နေ့ ရုံးချိန်း ဆိုတာ ကိုတော့ ဟိုဘက်ကို အကြောင်းကြားပြီး တရားရုံး က ပြန်ညှိမယ် ထင်တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ အမှုနှင့် ပတ်သတ်၍ တရားစွဲဆို ခံထားရသော The Messenger ဂျာနယ် နှင့် ပြည်မြန်မာ ဂျာနယ် တို့ကို The Voice Weekly က ဆက်သွယ် မေးမြန်းရာ ယင်းအမှုကို ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်း သည် အဆိုပါ အပတ်စဉ် ထုတ် သတင်းဂျာနယ် နှစ်စောင်ကို တရားရုံး ဆုံးဖြတ်ချက် မချခင် အပြစ် ရှိသည်ဟု ရေးသား ထားခြင်းကြောင့် တရာရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေ ပုဒ်မ (၃) အရ တရား စွဲဆို ထားခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။
Myanmar Express 

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်

Posted by drmyochit Friday, November 09, 2012, under | No comments


ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီး သန့်ပို့ဆောင်ပေးရန်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော   ကြီးမှာလာမည့် နိုဝင်ဘာ (၇)  ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များ အပြင်အခြား မြို့ဆိပ်ကမ်းသို့ လည်းဆိုက်ကပ်၍   ခရီးသည်များ ၀င်ရောက်လေ့လာ နိုင်ရန် စီစဉ်ပေးထားသည့်ပြင်ရေ လမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစား ရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်း နှင့်သွားမည်ဖြစ် ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်ကြောင်း၊ ခရီးစဉ်၌ခရီးသည်   (၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း (၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွား များ သင်္ဘောပေါ်တွင်စားသောက်  နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုးရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်း ခွင့်ပြုမည်ဖြစ်ရာလိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေ  ဖြင့် ဆွစ်ဇာလန်နိုင်ငံရှိThurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိ ရသည်။

Myanmar Express 

အိုဘားမား မြန်မာသို့ လာလည်မည်ဟု အေအက်ဖ်ပီသတင်းဖော်ပြ

Posted by drmyochit Friday, November 09, 2012, under | No comments


ဒုတိယ သက်တမ်းအတွက် ပြန်လည်ရွေး ကောက်ခံခဲ့ရသော အမေရိကန်သမ္မတ အိုဘားမားသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းသို့ ပြောကြားသည်။ သတင်း၌ ယင်းအရာရှိက "သမ္မတအိုဘားမားဟာ သမ္မတ(ဦးသိန်းစိန်)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံသွားမှာပါ။ သူ နိုဝင်ဘာ ၁၉ မှာ ရန်ကုန်ကို ရောက်ပါမယ်"ဟု ပြောသည်။ အသေးစိတ် အချက်များကိုမူ လုံခြုံရေး အကြောင်းပြချက်များကြောင့် မသိရကြောင်းလည်း ၄င်းကဆက်ပြောသည်။ မြန်မာနှင့် အမေရိကန်တို့သည် ယမန်နှစ်က သမ္မတဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ထူးခြားစွာ ကောင်းမွန်လာခဲ့သည်။ အိုဘားမားသည် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် နိုဝင်ဘာ ၂၂ ရက် (ကျေးဇူးတော်နေ့)မတိုင်ခင် ပြည်ပခရီးများ ထွက်ဖွယ်ရှိသည်။ အိမ်ဖြူတော်ဘက်ကမူ မြန်မာသို့ အိုဘားမား၏ ခရီးစဉ်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးချေ။
ကမ္ဘောဒီးယားအာဏာပိုင်များကမူ အိုဘားမားသည် ဖနွမ်းပင်မြို့တော်၌ ကျင်းပသော အာဆီယံ ထိပ်သီးစည်းဝေးပွဲတွင် အရှေ့တောင်အာရှခေါင်းဆောင်များ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ရုရှားတို့နှင့်အတူ တက်ရောက်ရှိသည်ဟု ဆိုသည်။ အာဆီယံထိပ်သီးအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးပွဲမှာ နိုဝင်ဘာ ၂၀ တွင် ပြီးဆုံးမည်ဖြစ်သည်။
From : popular အိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာလနှောင်းပိုင်းတွင် လာမည်ဟုဆို အမေရိကန်သမ္မတဘားရတ်အိုဘားမားသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့လာရောက်လိမ့်မည်ဟု မြန်မာအစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ပီသတင်းတွင် ဖော်ပြထားသည်။
အမည်မဖော်လိုသူ အစိုးရအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သမ္မတအိုဘားမားသည် ။မြန်မာနိုင်ငံသို့နိုဝင်ဘာလ ၁၈ရက် သို့မဟုတ် ၁၉ရက်တွင် ရောက်ရှိမည်ဖြစ်၍ လုံခြုံရေးကိစ္စရပ်များကို ပြုတင်ပြင်ဆင်နေရသော်လည်း ယင်းအစီအစဉ်မှာ အတည်မပြုရသေးကြောင်းသိရသည်။
သမ္မတအိုဘားမား၏ မြန်မာခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံသွားမည်ဟု ၄င်းကဆိုသည်။
သမ္မတအိုဘာမား၏ ခရီးစဉ်သည် အမေရိကန်သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည်။သို့ရာတွင် ယင်းသတင်းနှင့် ပတ်သတ်၍ အမေရိကန်ဘက်မှ အတည်ပြုခြင်းမရှိသေးပေ။
သို့ရာတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနှင့် ကမ္ဘောဒီယားနိုင်ငံများ အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်အတွက် ပြင်ဆင်နေကြကြောင်း ထုတ်ပြန်ထားသည်။အိုဘားမားမြန်မာနိုင်ငံသို့ လာရောက်မည့် အစီအစဉ်မှာ အကောင်အထည်ပေါ်လာဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။

  Myanmar Express 

နှစ်ဘက်စလုံးမှ သေနတ်အပါအ၀င် လက်နက်မျိုးစုံ နှစ်ထောင်ကျော် ရခိုင်ပြည်နယ်၌ သိမ်းဆည်း

Posted by drmyochit Friday, November 09, 2012, under | No comments



နိုဝင်ဘာလ ဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၌   လက်နက်များ သိမ်းဆည်းအပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ပြီးသည့်နောက်   ဒေသန္တရလုပ် သေနတ်( ၁၇၆)လက်၊လှံ(၄၄၇)ချောင်း၊လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက်  သိမ်းဆည်းရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူုးရုံးမှသိရသည်။
“အပ်နှံတာက နှစ်ဘက်လုံးပါ၊ မူဆလင်တွေလည်း ပါသလို ဒေသခံ တွေလည်း ပါတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်အဝှမ်း  (၃)ရက် အတွင်း ဓား၊လှံ၊လက်နက်များအား အောက်တိုဘာ (၃၁)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် လက်နက် ဥပဒေ ပုဒ်မ-၄(ဃ)အရသေနတ် ၊ လှံစွပ် ၊ ဓားလွယ် ၊ ဂျင်ဂလိ ၊ ဓားမြှောင် ၊ လှံ ၊ လေး/မျှားတို့ကို နိုဝင်ဘာလ (၃)ရက်နေ့အတွင်း နီးစပ်ရာ ရဲစခန်း၊လုံခြုံရေး အဖွဲ့များထံသို့ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဟုသတင်းထုတ် ပြန်ထားခဲ့သည့် နောက်ပိုင်းတွင်  ဒေသခံအချို့က အပ်နှံလာခြင်း ဖြစ်သည်။
“မင်းပြားမှာတော့  ရဲစခန်းအပ်လာတာတော့ မရှိဘူး တပ်က တစ်ဆင့်ဘဲ အပ်လာကြတာပါ၊အပ်တဲ့ အခါမှာ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေက  သိမ်းဆည်းရမိ ၊အပ်နှံတဲ့ပစ္စည်းတွေကို ကျနော်တို့ဆီ လာအပ်တာပါ၊ ”ဟု မင်းပြားမြို့မှ ရဲအရာရှိတစ်ဦး က ပြောပြသည်။ အပ်နှံသိမ်းဆည်း ရမိသည့်မြို့နယ်များမှာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများဖြစ်သည့်  မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊  စစ်တွေ ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ ၊မြေပုံ မြို့နယ်တို့်မှ ဒေသလုပ် လက်နက်များ၊ဒုတ်၊ဓါး၊မြှားများ အပ်နှံရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ညွှန်ကြားချက် မထုတ်ပြန်မီ ဒေသလုပ်သေနတ်(၁၈၀) လက်၊ဓါး(၃)ချောင်း၊ လှံ(၇) ချောင်း၊ လေး(၁)လက်၊ ဂျင်ကလိ(၂၁)ခု၊လေးခွ(၃)ကို သိမ်းဆည်းရခဲ့ကြောင်းကိုလည်း သိရသည်။

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးမှုခံခဲ့ရသည့် ကျေးရွာသုံးရွာတွင် နေအိမ်များပြန်လည် ဆောက်လုပ်ပြီးစီး နေပြီဖြစ်သဖြင့် ဒုက္ခသည်များ ပြန်လည်ပြောင်းရွှေ့နေ

Posted by drmyochit Friday, November 09, 2012, under | No comments


 မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီး မှုခံခဲ့ရသည့် ကျေးရွာသုံးရွာတွင်နေ အိမ်များပြန်လည် ဆောက်လုပ်ပြီး စီးနေပြီဖြစ်သဖြင့် ဒုက္ခသည်များ ပြန်လည် ပြောင်းရွှေ့ နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆူပူ အကြမ်းဖက်မှု ကိုခံစားခဲ့ရသော ဝေသာလီ၊ ရွှေရင်အေးကျေးရွာနှင့် ခရေမြိုင်ကျေးရွာရှိ တိုင်းရင်းသားဒေသ ခံများသည် ဆောက်လုပ်ပြီးစီး နေသည့် နေအိမ်များသို့ ပြန်လည်ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မောင်တောမြို့နယ်အတွင်း မီး လောင်ဆုံးရှူံးခဲ့ရသည့် ကျေးရွာများမှ နေအိမ်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ UNHCR & INGO နှင့် CARE MYANMAR တို့က ပြန်လည်တည် ဆောက်မည်ဖြစ်ပြီး လက်ရှိဆောက်လုပ်ပြီး စီးနေသော နေအိမ်များမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှတာဝန်ယူတည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''စည်ပင်သာယာရေးက လုပ်တဲ့ လုပ်ငန်းတွေ အားလုံးနီးပါးပြီးပါပြီ။ စည်ပင်သာယာက ၂၂၂ လုံးကို တာဝန်ယူဆောက်လုပ်ရာမှာ ၄၁ လုံးပဲ ကျန်ပါတော့တယ်''ဟု မောင်တော မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်သက်ရှည်က ပြောသည်။ လက်ရှိတွင် UNHCR မှ နေအိမ်ဆောက်လုပ် ရေးလုပ်ငန်းများကို စတင် နေပြီဖြစ်ပြီး ဒီဇင်ဘာလ အတွင်းတွင် နေအိမ် ၁၁၁ လုံးကိုအပြီးတည်ဆောက် ရန်ရှိကြောင်းနှင့် မောရ၀တီကျေးရွာတွင် စတင်တည်ဆောက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ဆောက်လုပ်မှု လျာထားချက်အရ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ နေအိမ် ၂၀၂ လုံး၊ UNHCR&INGO တို့က နေအိမ် ၂၂၂ လုံး နှင့် CARE MYANMAR ကနေ အိမ် ၁၂၈ လုံးစုစုပေါင်း ၅၅၂ လုံးကို တည်ဆောက်ပေးရန် လျာထားခဲ့ကြောင်း သိရသည်။ 

 Myanmar Express 

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက် အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံး ရပ်တည်မှုဖြစ်

Posted by drmyochit Friday, November 09, 2012, under | No comments


ဆူဇူကီးခြေစစ်ပွဲ ရလဒ်ကောင်းကြောင့် မြန်မာဘောလုံး အသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် ယခင်လထက် အဆင့် ၂၈ နေရာ ကျော် တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။ နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ အသင်းသည် ရမှတ် ၁၄၉ မှတ်ဖြင့် ယခင်လ အဆင့်ရပ်တည်ချက် ၁၈၄ ထက် အဆင့်နှစ်ဆယ်ကျော် ခုန်တက်ကာ အဆင့် ၁၅၆ သို့ ရောက်ရှိ လာသည်။ အရှေ့တောင်အာရှတွင် အဆင့်လေးနေရာ၌ ရပ်တည်လာခဲ့ကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံး ရပ်တည်မှုဖြစ်သည်။ ဒေသတွင်း နိုင်ငံများ၌ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၃၈၊ ဖိလစ်ပိုင် အသင်းက ၁၄၃၊ ထိုင်းအသင်းက ၁၄၆၊ မလေးရှားအသင်းက ၁၆၃၊ စင်ကာပူအသင်းက ၁၆၃၊ အင်ဒိုနီးရှားအသင်းက ၁၆၅၊ လာအိုအသင်းက ၁၇၉၊ ဘရူနိုင်းအသင်းက ၁၈၇၊ တီမောအသင်းက ၁၈၇၊ ကမ္ဘောဒီးယား အသင်းက အဆင့် ၁၉၁ တို့တွင် အသီးသီးရပ် တည်လျက်ရှိသည်။ ဆူဇူကီးဖလား ခြေစစ်ပွဲဝင် အသင်းများထဲမှ ကမ္ဘောဒီးယား အသင်းတစ်သင်း သာ ယခင်လထက် နှစ်ဆင့်လျော့ကျသွားပြီး အရှေ့တောင်အာရှနိုင်ငံ များတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ လာအို၊ ဘရူနိုင်း၊ တီမောအသင်းများသည်လည်း ယခင်လထက် အဆင့်တစ်ဆယ်ကျော် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း၏ အဆင့်နှစ်ဆယ်ကျော် မြင့်တက်မှုမှာ ယခုလအတွင်း ဒေသတွင်းနိုင်ငံများထဲ၌ အများဆုံးဖြစ်သည်။ လာမည့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် ရလဒ်များကောင်းမွန်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင်မူ စပိန်အသင်းက ကမ္ဘာ့အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ အီတလီ၊ အင်္ဂလန်၊ နယ်သာလန်၊ ကိုလံဘီယာ၊ ရုရှား၊ ခရိုအေးရှားအသင်းများက အစဉ်လိုက် ရပ်တည်နေသည်။ နာမည်ကြီး ဘရာဇီးအသင်းမှာ ကမ္ဘာ့အဆင့် ၁၃ တွင် ရပ်တည်နေပြီး အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၄ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။

 Myanmar Express 

ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့

Posted by drmyochit Friday, November 09, 2012, under | No comments


 နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ် ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင်လာသော ကွန်တိန်နာ သင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။ ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူ သုံးဦးခန့်သာ ပါဝင်ကြောင်းသိရသည်။ ၄င်းတို့သင်္ဘော အနေဖြင့် မလေးရှားနိုင်ငံ သို့သွားစဉ် မြန်မာရေပိုင်နက် အတွင်းလမ်းမှား ၀င်ရောက်လာခြင်း ဖြစ်ကြောင်းပြောခဲ့သည် ဟုသိရသည်။ တပ်မတော်(ရေ) မှအဆိုပါသင်္ဘော ကိုရိက္ခာများ ဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ ထပ်မံဝင်ရောက်ခြင်းမပြုရန် သတိပေးကာ နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။ ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော စက်လှေတစ်စီးသည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ) မှနိုင်ငံတကာ ရေပိုင်နက်သို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ ရကြောင်း သိရသည်။ 

Myanmar Express 

ရွှေတိဂုံ စေတီတော် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်း ပွဲတော် ကျင်းပမည်

Posted by drmyochit Friday, November 09, 2012, under | No comments



 လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ (၂၈) ကြိမ်မြောက် မသိုး သင်္ကန်း ယှဉ်ပြိုင် ရက်လုပ် ကပ်လှူ ပူဇော်ပွဲကို နိုဝင်ဘာ ၂၈ ရက် (၁၃၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်) အရုဏ် တက်ချိန်တွင် အာရုံခံ တန်ဆောင်း များရှိ ဘုရား လေးဆူနှင့် တစ်ကွ အထက် ပစ္စ ယာ ပတ္တမြား မျက်ရှင် ရုပ်ပွားတော် ရင်ပြင်ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုး သင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်း လဆန်း ၁၄ ရက်) ညနေ ၄ နာရီမှ စတင်ကာ လှည့်လည် ပူဇော် ပွဲများ ကျင်းပပြီး စေတီတော် မြတ်ကြီး၏ ရာဟ ထောင့်ရှိ အောင်မြေ၌ မသိုး သင်္ကန်း တော်များ ယှဉ်ပြိုင် ရက်လုပ်ပွဲ အခမ်း အနားကို စတင်ဖွင့်လှစ် ကျင်းပမည် ဖြစ်သည်။ တန် ဆောင်တိုင် မီးထွန်း ပွဲတော်ကို ရာဟုထောင့် ရှိ ပြ တိုက်၊ ပြခန်းရှေ့ မျက်နှာ စာနှင့် အလယ် ပစ္စယာ ရာဟုထောင့် ပုံတော် စေတီ အနီး တစ်ဝိုက်တွင် ကျင်းပ မည် ဖြစ် ပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁ နာရီတွင် မသိုးသင်္ကန်း ရက်လုပ် ပြိုင်ပွဲ၌ ဆုရရှိသော အသင်း များနှင့် ပါဝင် ယှဉ်ပြိုင်သော အသင်းများကို ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။ 

 Myanmar Express 

ငြိမ်းချမ်းရေးဆွေးနွေးနေသော အဖွဲ့များနှင့် ဒီဇင်ဘာနောက်ဆုံးထားပြီး နိုင်ငံရေးအရဆွေးနွေးမည်

Posted by drmyochit Friday, November 09, 2012, under | No comments


ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုအား ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဆွေးနွေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။ “တိုင်းရင်းသားတွေနဲ့ သဘောတူညီချက်တွေ လုပ်တဲ့အခါမှာ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲတွေ မဖြစ်မနေလုပ်မယ်လို့ ပြောပြီးသားဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ Peace Centre တွင် နိုဝင်ဘာ ၃ ရက်က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပေး ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
“အကယ်၍ အဲဒီအချိန်မှာ ကချင်အဖွဲ့တွေက အပစ်အခတ်ရပ်စဲရေး မလုပ်ရသေးသည့်တိုင်အောင် နိုင်ငံရေးဆွေးနွေးပွဲကို တက်လို့ရတယ်”ဟု ၀န်ကြီးဦးအောင်မင်း ကပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ စတုတ္ထပတ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကေအိုင်အို၊ ကေအိုင်အေဘက်က တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုကို အစိုးရဘက်က သဘောတူညီခဲ့သည်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းသည် တိုင်းရင်းသားလူမျိုးစုများ အဓိကထား တောင်းဆိုနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှ အခွင့်အရေးရရှိရေးကို ဆွေးနွေးညှိနှိုင်း ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကပြောသည်။
ထာဝရငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပထမအဆင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရန် ပြန်လည်ထူထောင်ရေး၊ နောက်ဆုံးအဆင့်တွင် လွှတ်တော်တွင်း၌ နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်သွားရန်တို့ကို နိုင်ငံတော်သမ္မတက မူဝါဒသုံးရပ် ချမှတ်ထားခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိရန်စီစဉ်

Posted by drmyochit Friday, November 09, 2012, under | No comments


 မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို  သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းရန် စီစဉ်ထားကြောင်း သိရသည်။ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ်လုပ်ငန်း စနစ်အား ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ထိုသို့ပြောင်းလဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြင်ဆင်ပြောင်းလဲရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက် ရက်စွဲပါ စာအမှတ် ၁၀၇ (၁)/၈/သမ္မတရုံးဖြင့် သ၀ဏ်လွှာ ပေးပို့ထားကြောင်းလည်း သိရသည်။ အဆိုပါ သ၀ဏ်လွှာတွင် ကမ္ဘာ့ဘဏ်များ၊ ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းလိုပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး လက်ရှိ ကျင်းပလျက်ရှိသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ကာလအတွင်း တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမပြဋ္ဌာန်းမီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြည်ထောင်စုအဆင့် ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦးတို့ဖြင့် ခန့်ထားဖွဲ့စည်း ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော် အတည်ပြုချက် ရယူပေးရန် သ၀ဏ်လွှာပေးပို့ ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
 

 Myanmar Express 

အရှေ့တောင်အာရှ ကျောင်းများ၏ ဘေးအန္တရာယ်လျှော့ချရေး ဆုရွေးချယ်ပွဲတွင် မြန်မာပထမဆုရ

Posted by drmyochit Friday, November 09, 2012, under | No comments


ကောင်းမွန်သော ဘေးအန္တရာယ်လျှော့ချရေး ဆောင်ရွက်ချက်များအတွက် အရှေ့တောင်အာရှ တစ်ဝန်းမှ ကျောင်းများအနက်မှ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပညာရေး ပထမဆုကို မြန်မာနိုင်ငံမှ ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အသင်းနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းကျင်းပသည့် အရှေ့တောင်အာရှ တစ်ဝန်း ရေရှည်ဖွံ့ဖြိုး တိုးတက်သော ပညာရေးဆုအတွက် ယခုနှစ်အတွက် ခေါင်းစဉ်မှာ ဘေးအန္တရာယ်လျှော့ချရေးအတွက် ပညာရေးဖြစ်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ပထမ ရရှိခဲ့သည်။ ပထမဆုအဖြစ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကွမ်းခြံကုန်းသည် အမေရိကန်ဒေါ်လာ ၁,၅၀၀ နှင့် ကျောင်းအဖွဲ့ဝင် လေးဦးမှ ခြောက်ဦးသည် ဂျပန်နိုင်ငံသို့ သုံးရက်ကြာ သွားရောက်လေ့လာခွင့် ရရှိမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ ပြိုင်ပွဲသို့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ အပါအဝင် ပြိုင်ပွဲဝင် ၇၀ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ “ကွမ်းခြံကုန်းမြို့နယ် ပညာရေးမှူးနဲ့ ဆရာ၊ ဆရာမတွေဟာ ၂၀၀၉-၁၀ မှာ ယူနက်စကိုနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး သူတို့ရဲ့ ဗဟုသုတတွေကို ပြန်မျှဝေတာ၊ ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းတွေကို ကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖော်ဆောင်တာမျိုးတွေ ဆောင်ရွက်ခဲ့ကြပါတယ်” ဟု ဘေးအန္တရာယ် လျှော့ချရေး သင်တန်းများ၏ တာဝန်ခံ ပညာရေးဝန်ကြီးဌာနမှ ဒေါ်ခင်သင်းဖြူက ပြောသည်။ ကျောင်းအနေဖြင့် ခံစားရနိုင်ဖွယ်ရှိသော ဘေးအန္တရာယ်များကို လေ့လာကာ ဆရာများ၊ ကျောင်းသားများ၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ရပ်ရွာလူထု အားလုံးအတွက် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် လျှော့ချရေးဆိုင်ရာ အလေ့အကျင့်များ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ရေးဆွဲထားရှိကြောင်း အထက(၁) ကွမ်းခြံကုန်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောဖုန်းကြည်က ပြောသည်။ “ကျွန်မတို့ကျောင်းဟာ နာဂစ်မှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့အတွက် နောက်ဖြစ်လာမယ့် ဘေးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျောင်းရဲဘေး အန္တရာယ် စီမံခန့်ခွဲမှု ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဘေးအန္တရာယ်လျှော့ချရေး လှုပ်ရှားမှုတွေကိုလည်း ကျောင်းပြက္ခဒိန်မှာ ထည့်သွင်း ရေးဆွဲထားတဲ့ အစီအစဉ်အလိုက် ဆောင်ရွက်ပါတယ်” ဟု အထက(၁) ကွမ်းခြံကုန်းမှ ဆရာမတစ်ဦးက ဆိုသည်။ ဆုချီးမြှင့်ပေးအပ်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အသင်း၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပွဲတွင် ကျင်းပမည်ဖြစ်ကြောင်း   သိရှိရသည်။

Myanmar Express 

Democracy ရတာနဲ့ Sexy ကျကျဝတ်ဆင်တာ ပတ်သတ်မူရှိလို့လား?(ပေးစာ - ၂၀၈)

Posted by drmyochit Friday, November 09, 2012, under | No comments



ဒီနေ့ခေတ် မိန်းကလေးတွေ အတွက် Sexy ဖြစ်တယ်ဆိုတာက ၀တ်စားဆင်ယင်မှုကို ပြောတာလို့ ထင်ကြ ပြီးတခြား အချက်တွေကို မေ့နေကြပါတယ်။ ဒီ Article မှာသင်မေ့နေတဲ့ အဓိက အချက်တွေ ကိုထောက်ပြ ထားပါတယ်။
မနေ့က ကျွန်မရဲ့ မောင်လေးနဲ့ သူ့သမီး အကြောင်း ပြောဖြစ်ကြ တယ်လေ။ ဒီငါးနှစ်အရွယ် လက်တောက်လောက် တူမလေးဆီက အရွယ်နဲ့ မလိုက်အောင် ကြားလိုက်ရတာက "ဆက်စီ (sexy) ဖြစ်ချင်နေတယ်" ဆိုပါလား။ မောင်လေးကတော့ မျက်လုံးပြူး၊ မျက်ဆံပြူး တွေဖြစ်လို့...အဲဒါနဲ့ အစ်မကြီး ပီသစွာနဲ့ ကျွန်မသမီးတုန်းက ဒီလို ကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းခဲ့ ကြသလဲ ဆိုတာကို ပြန်မျှဝေ ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက် တုန်းက သမီးအသက် ၁၄နှစ်၊ အထက်တန်းကျောင်း စတက်တဲ့ အချိန်မှာ... ဒီဆက်စီ ဆိုတဲ့စကားကို စသိလာပါတယ်။ တူမလေးလိုပဲ ဆက်စီ ဖြစ်ချင်ပါသတဲ့ သမီးချောက။ ဒါနဲ့ သမီးကို ဆက်စီ ဆိုတာ ဘာလဲ၊ ရှင်းပြပါ လားလို့ မေးတော့... ထင်တဲ့ အတိုင်းပါပဲ... ရေရေရာရာ မပြောနိုင်ပါဘူး။ ဒီတော့ သူ့ကို နားလည်အောင် ရှင်းပြဖို့ အချက်ရ သွားတာပေါ့။ "ဆက်စီ ဆိုတာ ကျန်းမာ သန့်ရှင်းတဲ့ ခန္ဓာကိုယ်၊ ကြည်လင်နေတဲ့ အသားအရည်၊ လန်းဆန်း တက်ကြွမှု ရှိတာ...အင်း...သန့်ရှင်း သပ်ရပ်တဲ့ အခန်းလေး တစ်ခုလိုပေါ့။" သမီးကြည့်ရတာ ကျွန်မရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် မှာသူကြားချင်တဲ့ စကားလုံးတွေ မပါတော့ သိပ်ကျေနပ် ပုံမရပါဘူး။ သူ့သူငယ်ချင်းမ တွေဆီ ဖုန်းဆက်ပြီး သူ့အမေ အကြောင်း အတင်းတုပ်ပါလေရော။
ဒါက လွန်ခဲ့တဲ့ လေးနှစ်ကပါ။ အခု သမီးက ၁၈နှစ်ပြည့်ပြီး ကောလိပ်သွားပါပြီ။ သွက်လက် တက်ကြွတဲ့ အမျိုးကောင်း သမီးလေး တစ်ယောက်အဖြစ် ကြီးပြင်းလာလို့ ၀မ်းသာရ ပါတယ်။ ဒီဆက်စီ ဆိုတာနဲ့တော့ ပတ်သက်မှု ရှိသေးပေမယ့် လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါပြီ။ ဒီလေးနှစ် အတွင်းမှာ အမေတစ်ယောက် အနေနဲ့ ဘေးကနေ ဆက်စီဆိုတာ ဘာလဲ ဆိုတာကို ခေါင်းထဲ ရိုက်သွင်းရုံမက သူမ အသက်ကြီး လာတာနဲ့ အမျှ ပြောင်းလဲလာတဲ့ အဓိပ္ပါယ်ကို ဆွေးနွေးတိုင်ပင် စကားပြောဖြစ်ခဲ့တဲ့ အကျိုးဆက် တွေကြောင့် ခုလိုဖြစ်လာ ခဲ့တာပါ။ အောက်က ဒီဖွင့်ဆိုချက် တွေက သမီးနဲ့ ပြောဖြစ်ခဲ့ တာတွေပါ။"ကြင်နာ တတ်တာ၊ ပျော်ပျော်နေ တတ်တာ၊ ဟာသဥာဏ်ရှိတာ၊ စမတ်ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတာ၊ စိတ်ကောင်းထားတာ၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တာ၊ စာနာမှုရှိတာ၊ မျှမျှတတ တွေးခေါ် တတ်တာ၊ သဘာဝ ကျကျနေ တတ်တာ၊ ရဲရဲရင့်ရင့် ရှိတာ၊ စိတ်အားထက်သန်မှု ရှိတာ..ဒါတွေ အားလုံးက ဆက်စီ ဖြစ်စေတဲ့ အရာတွေပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးထား ချစ်ခင်တတ်ပြီး ဘယ်အရာ မဆို ဥာဏ်နဲ့ ယှဉ်ပြီး တွေးခေါ်တတ်တဲ့ မိန်းကလေးမျိုးဆို ဆက်စီ အဖြစ်ဆုံးပေါ့။"
ကျွန်မ သမီးတင် မကပါဘူး...မိန်းကလေးတိုင်းကို သိစေချင်ပါတယ်။ "ဆက်စီ ဖြစ်တယ်ဆိုတာ အပေါ်ယံ အရေပြား တစ်ထောက်စာ ၀တ်စားဆင်ယင်မှု ကိုပြောတာမဟုတ်ဘဲ ကိုယ်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာကို ပြောချင်တာပါ။ လူတိုင်း အတွက် အဓိပ္ပါယ် တူချင်မှ တူမှာပါ။ ပုံသွင်းသလို တစ်ပုံစံတည်း လုပ်လို့ မရပါဘူး။ ကိုယ်ပိုင် ဖွင့်ဆိုချက်နဲ့ ကိုယ်ဆက်စီ ဖြစ်ခွင့် ရှိပါတယ်။ ကိုယ့်ကိုကိုယ် ဆက်စီဖြစ်လား၊မဖြစ်လား ဆိုတာ တခြားသူက သတ်မှတ်လို့ မရသလို၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံအစွဲတွေ၊ အများအမြင်နဲ့ တခြားဘေးက လွှမ်းမိုးမှုတွေ (ဥပမာ-မီဒီယာ၊ ရုပ်ရှင်)ကဖွင့်ဆိုချက်တွေ အတိုင်းလိုက် လုပ်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင် ဟန်နဲ့သာ နေတာကမှ တကယ်ဆက်စီ ဖြစ်တာပါ။ (ဆိုလိုတာက အခု မြန်မာနိုင်ငံမှာ ဖြစ်နေသလို အတိုအပြတ် ၀တ်မှ၊ ရှေးထုံးစံ ထမီ ဘီးဆံပတ်ကြီးနဲ့ နေမှ ဆက်စီ ဖြစ်တာလို့ ထင်စရာ မလိုပါဘူး) ကျွန်မ သမီးနဲ့ တူမလေးလို အမျိုးသမီး တော်တော်များများက ဆက်စီ ဖြစ်ဖို့ ကျိတ်ပြီး ဆုတောင်းတတ် ကြပါတယ်။
ဒါပေမယ့် ကိုယ်က ဘယ်လို ဆက်စီ ဖြစ်ချင်တာလဲ ဆိုတာကို စဉ်းစားဖူး ကြပါလား။ ကိုယ့်အသွင်အပြင်လား၊ ကိုယ့်စိတ်ဓာတ် စရိုက်လား၊ ဒါမှမဟုတ် အများက ဆက်စီကျတယ်လို့ ထင်ကြေးပေးထားတဲ့ အတိုင်းလိုက် လုပ်ချင်တာလား။ အများက ဆက်စီ ကျတယ်လို့ ထင်ထားတဲ့ သူတွေနဲ့ သင်ကိုယ်တိုင်မှာရော တူညီတဲ့ အချက်တွေ ရှိလို့လား။ ဥပမာ- စိတ်ဓာတ်ရေးရာ ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်း ဆိုင်ရာမှာပဲ ဖြစ်ဖြစ် (ကိုယ်ခန္ဓာ အနေအထား တစ်ခုတည်း ကိုမဆိုလိုပါဘူး) ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်တွေ တကယ်ကော ရှိလို့လား။ ဆက်စီကျကျ နေထိုင်နည်း... ဘာညာဘာညာ စာအုပ်တွေ ရှိပေမယ့် ဒါတွေက အပေါ်ယံ ခဏပဲ ကူညီနိုင်မှာပါ။ တကယ့် သက်တောင့် သက်သာနဲ့ ယုံကြည်မှု အပြည့်ရှိ အထာကျကျ နေတတ်အောင်တော့ မကူညီ နိုင်ပါဘူး။ ဆက်စီ ဖြစ်တယ်ဆိုတာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်တဲ့ အ၀တ်အစား ၀တ်တာလို့လည်း တချို့က ထင်ပါတယ်။ ဒီလို အ၀တ်အစားတွေ ၀တ်ပြီးတော့ သရုပ်ဆောင် မင်းသမီးတွေလို ကြွကြွရွရွ နေနိုင်မယ် လို့ထင်ပါသလား။ သူများရဲ့ အမှတ်အသားကို ခိုးလို့ မရပါဘူး။ ဆက်စီဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်က မိန်းမသား ဆန်ဆန် ယုံကြည်မှု ရှိတဲ့အလှကို ပေါ်လွင်အောင် ပြသတာပါ။ ကိုယ့်နဲ့ လိုက်လျော ညီထွေရှိတဲ့ စတိုင်ကို ရွေးတတ် မှလည်း တကယ် ဆက်စီ ကျကျ လှမှာပါ။ တစ်ခုရှိတာက ဆက်စီဆိုတာကို တိတိကျကျ အဓိပ္ပါယ် ဖွင့်ထားတာ မရှိတာပါ။ ဘယ်လို အသက်အရွယ် ကမှ၊ ခန္ဓာကိုယ် အချိုးအစားကမှ၊ အရပ်အမောင်း၊ ဆံပင်အရောင်ကမှ ဆက်စီဖြစ်တယ်လို့ သတ်သတ် မှတ်မှတ် ကိုမရှိတာပါ။ ဒါကြောင့်လည်း ကိုယ့်လိုရာ ဆွဲတွေးပြီး ဆက်စီ ဖြစ်နေကြတာ မဆန်းဘူးပေါ့။



 Myanmar Express 

ဆေးသမားရိုဇန် နဲ့ ကွဲခဲ့ပြီး ဆေးသမား အနဂ္ဂဖြင့် တရားဝင်အိမ်ထောင်ပြုတော့မည့် အဆိုတော်သံသာဝင်း(ပေးစာ - ၂၀၉)

Posted by drmyochit Friday, November 09, 2012, under | No comments



တစ်ချိန်က Hip Hop လောကတွင် နာမည်ကြီးခဲ့သော ACID အဖွဲ့မှ အဆိုတော် တစ်မယားကွာ အနဂ္ဂနှင့် အဆိုတော် နွဲ့ယဉ်ဝင်း သမီး တစ်လင်ကွာ သံသာဝင်းတို့ ဒီဇင်ဘာလထဲမှာ မင်္ဂလာပွဲကျင်းပ တော့မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုတော် အနဂ္ဂသည် ရုပ်ရှင်မင်းသမီး တစ်ဦးဖြင့် အိမ်ထောင်ကျခဲ့ဖူးပြီး ဆေးကြောင်ကြောင်ကာ ထိုရုပ်ရှင်မင်းသမီး၏ ရင်မွှာကို ကိုက်ဖြတ်ခဲ့သဖြင့် အိမ်ထောင် ပျက်ဆီးသွားခဲ့သည်။ အဆိုတော်သံသာဝင်း သည်လည်းအဆိုတော် ဆေးသမား ရိုဇန် ဖြင့်အိမ်ထောင် ကျခဲ့ဖူးပြီး ယခုတွင်လည်း ဆေးသမား အနဂ္ဂဖြင့် အိမ်ထောင်ပြုတော့ မည်ဖြစ်သည်။ ချစ်သူသက်တမ်း၎နှစ် တာကာလအတွင်းမှာ အချစ်တွေ မြဲမြံစေဖို့ တစ်ယောက်နဲ့ တစ်ယောက်က ဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက် ခဲ့ကြလဲဆိုတဲ့ အမေးကိုတော့ သံသာဝင်း က”သံသာတို့နှစ်ယောက်က နားလည်မှုအများ ကြီးယူစရာတော့ မလိုဘူး။ အဓိကကတော့ ပွင့်လင်းဖို့ပဲ။ သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သံသာမြင်နိုင် ဖို့နဲ့ သံသာ့ စိတ် ထဲမှာ ဘာတွေရှိလဲဆိုတာ သူမြင်နိုင်ဖို့ကိုပဲ ကြိုးစားကြတယ်။ နားလည်မှု ဆိုတာထက် လျှို့ဝှက်မှု မထားတာ က ရှေ့ဆက်သွားဖို့ အားတွေဖြစ် တယ်။ သံသာနဲ့ကိုအနဂ္ဂဆိုရင် သေးသေးလေးကအစ၊ အကြီးကြီးအထိ ပြောစရာရှိတာကို စိတ်ထဲမှာ မထားဘူး။ မျိုသိပ်ပါ များတော့ ပေါက်ကွဲ သွားရင် တစ်ချက်ပဲလေ။ တကယ်တမ်းကျရင် ဘာမှမဟုတ်တဲ့ ပြဿနာ လေးနဲ့စပြီး ကြိုးကပြတ်သွားတတ်တယ်။ စုံတွဲတိုင်း မှာတော့ ဘယ်သူ မဆို ကတောက်ကဆကတော့ ရှိကိုရှိတယ်။ အသေးရှိတယ်။ အကြီးရှိတယ်။ ဒါပေမဲ့လည်း အဲဒါကို ပိုပြီး မကြီးအောင်လို့ တစ်ယောက် နဲ့တစ်ယောက် အလျှော့အတင်းလိုပါတယ်။ ကိုအနဂ္ဂဝါသနာပါတာ၊ သူလုပ်ချင်တာ တော်တော်များများက သံသာနဲ့ တိုက် ဆိုင်နေ တယ်။ ဒါကအနု ပညာသမား ချင်း ၊ဂီတသမားချင်းဖြစ် လို့လည်းဖြစ်မယ်” လို့ ပြောသည်။တစ်ဦးနဲ့တစ်ဦး နားလည်မူနဲ့ ယူကြမည် ဟု ဆိုသည့် အဆိုတော် သံသာဝင်း တစ်ယောက် အနဂ္ဂ ဆေးကြောင်လာလျှင် ပေါက်ကရ မလုပ်ပါစေနဲ့ဟု ဆုတောင်းပေးရင်း.....

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်