Monday, November 19, 2012

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

Posted by drmyochit Monday, November 19, 2012, under | No comments


မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများအား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ်ချက်စကားများ ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။ "ကျမအမေရိကန်သမ္မတ အိုဘားမားကို ကျမတို့နိုင်ငံ ကျမရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျမတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ် လျောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး ဆက်လက်ရှိနေလိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။  မည်သည့်အကူး အပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျမတို့ အနေနဲ့ အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။  စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျမတို့ နှစ်နိုင်ငံအကြားနှင့် ပြည်သူနှစ်ရပ်အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျမတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။  သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျမအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။  "မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန်ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။  ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။
 ဒါ့အပြင် အောင်မြင်မှု ရဖိုအတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။  ထို့နောက် အိုဘားမားသည် ရန်ကုန်တက္ကသိုလ်တွင် မြန်မာပြည်သူများသို့ မိန့်ခွန်းပြော ကြားခဲ့ပါသည်။

ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း ဘုရားဖူးများ အင်တာနက် အခမဲ့ သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိ

Posted by drmyochit Monday, November 19, 2012, under | No comments


လာမယ့် ၂၀၁၃ ခုနှစ် ဆန်းပိုင်းမှာ ရွှေတိဂုံ စေတီတော်မှာ ပြည်တွင်းမှ ဘုရားဖူးများကို အင်တာနက် အခမဲ့ သုံးစွဲနိုင်ဖို့ အတွက် စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခု လက်ရှိ မှာတော့ ၀ိုင်ဖိုင် စနစ်ကို သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး နိုင်ငံခြား ခရီးသွား ဘုရားဖူး များကို အသုံးပြုခွင့် ပေးထားတာ ဖြစ်ပါတယ်။
အဆိုပါ ပြည်ပ ဘုရားဖူး ဧည့်သည်များကို ၀ိုင်ဖိုင် အသုံးပြုခွင့်ကို မိနစ် ၃၀ သာ အသုံးပြုခွင့် ပေးထားတာ ဖြစ်ပြီး ကွန်ပျူတာ ၃ လုံးကိုလည်း အလှူရှင်များက လှူဒါန်း ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များ အနေနဲ့ ကွန်ပျူတာ ပစ္စည်းများ မပါရှိခြင်းနဲ့ အင်တာနက် ကော်နက်ရှင် ကျခြင်းတို့ကြောင့် ၀ိုင်ဖိုင် အခမဲ့သုံးစွဲ ခွင့်ပြုထား ပေမယ့် အသုံးပြုသူ ကတော့ နည်းပါးလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ၀ိုင်ဖိုင်ကို အသုံးပြုလို သူများ အနေနဲ့ ရွှေတိဂုံ စေတီတော်မှာ ဧည့်ဝင်ကြေးပေး ဆောင်ကတည်းက အင်တာနက် အသုံးပြုနိုင်မယ့် Passward ကိုပါ တစ်ခါတည်း ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း ပြည်ပ ဘုရားဖူး ခရီးသွားများကို အင်တာနက် အသုံး ပြုမှု အချိန်ပိုမို သုံးစွဲနိုင်ဖို့ အတွက် အစီအစဉ် ရှိတာလည်း ဖြစ်ပါတယ်။ အဆိုပါ အင်တာနက် အသုံးပြုမှုကို လက်ရှိမှာ နိုင်ငံခြားသားများ အနေနဲ့ ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ပေါ်မှာ ဘယ်နေရာမှာ မဆို အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

Posted by drmyochit Monday, November 19, 2012, under | No comments


  
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် နံနက်(၁ဝ)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace တတိယထပ် Champa Room ၌ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးမျက်နှာစုံညီ အစည်း အဝေးသို့ တက်ရောက်သည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတနှင့်အတူ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ်ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်းယူဒိုရိုနို၊ လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရ အဖွဲ့အကြီး အကဲများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့သည် အာဆီယံအသိုက်အဝန်း ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေး ပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်းမင်းမြတ် နိုရာဒုံ သီဟာနု နတ်ရွာစံခြင်း အတွက် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်နှင့် ပြည်သူများအား မိမိနှင့်မြန်မာ ပြည်သူတစ်ရပ်လုံးက ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပါကြောင်း၊ ဘုရင်သီဟာနုသည် ကမ္ဘောဒီးယားပြည်သူများက သာမက ကမ္ဘာ့နိုင်ငံများက လေးစားကြည်ညိုသည် နိုင်ငံ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် နှမြောတသ ဖြစ်မိပါ ကြောင်းကို အားပေးပြောကြားခဲ့ပြီး  မိမိနှင့် ကိုယ်စားလှယ်အားလုံးကို သာယာလှပသည့် ဖနောင်ပင်မြို့ကို ရောက်ရှိချိန်မှစပြီး အစစအရာရာ လိုလေသေးမရှိ ဧည့်ဝတ်ကျေပွန်ခြင်း နှင့်အထူးကောင်းမွန်သည့် အစီအစဉ်များ စီစဉ်ထားရှိခြင်းအတွက် ဝန်ကြီးချုပ်နှင့် ပြည်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။ 
အာဆီယံအသိုက်အဝန်းကြီး ပေါ်ထွန်းလာရန် သက်တမ်း(၂) နှစ်သာကျန်ပါတော့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အာဆီယံ အသိုက်အဝန်းကြီး ပေါ်ထွန်းလာရေးအတွက် မြန်မာနိုင်ငံသည် ကျန်အာဆီယံ နိုင်ငံများနှင့်အတူ အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လာမည့် (၂) နှစ်အတွင်း အထူးအာရုံစိုက်ဆောင်ရွက် ရမယ့်လုပ်ငန်းများကို စိစစ် ထုတ်ဖော်ပြီး အလျင်အမြန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး(၃)ရပ်တွင် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ရှိသည့် အရင်းအမြစ်များကို အပြည့်အဝ အသုံးချပြီး အကောင်အထည် ဖော်သွားရမည် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံအရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ (၁)ရက် မှ အောက်တိုဘာလ(၃၁)ရက်အထိ အကောင်အထည်ဖော်ရမည့် ကတိကဝတ် များ (၄၈) ခု ရှိရာ (၃၉)ခု အကောင်အထည်ဖော်နိုင်ပြီး ရာခိုင်နှုန်းအားဖြင့်(၈၁ ဒသမ ၃) အကောင် အထည်ဖော်နိုင်ခဲ့ပါကြောင်း။
အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုအတွက် အချိန်ကာလမှာ နီးကပ်လာသည့်အပြင် ဆောင်ရွက်ရမည့် ကတိကဝတ်များကို အပြည့်အဝ အကောင်အထည်ဖော်ရေးအတွက် ကြီးမားသောဖိအားပေးမှုများကို ကျန်အာဆီယံ နိုင်ငံများနှင့်အတူ မိမိတို့အနေဖြင့်လည်း ရင်ဆိုင် နေရပါကြောင်း၊ သို့သော်လည်း အာဆီယံ စီးပွားရေး အသိုက်အဝန်းအောင်မြင်စွာ ဖြစ်ထွန်းလာရေးအတွက် မိမိတို့အစိုးရအနေဖြင့် ကတိကဝတ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ဘက်တွင်လည်း ASEAN Awareness များကို ပြည်သူများကြား မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
၂ဝ၁၅ခုနှစ်တွင် အာဆီယံအသိုက် အဝန်းပီပြင်စွာ ဖြစ်ပေါ်လာသည့်အခါမှသာ အာဆီယံ၏ ခိုင်မာမှုနှင့်  စည်းလုံးညီညွတ်မှု ကို ဖော်ပြနိုင်မည်ဖြစ်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် အာဆီယံရဲ့ ဗဟိုအချက်အချာ ကျမှုကို ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ အာဆီယံ အသိုက် အဝန်းထူထောင်နိုင်ခြင်းသည်လည်း အာဆီယံအတွက် အန္တိပန်းတိုင်မဟုတ်ဘဲတည်ငြိမ် အေးချမ်းသာယာဝပြောသည့်ဒေသ တည်ဆောက်မှု၏ မှတ်တိုင် တစ်ရပ်သာဖြစ်ပါကြောင်း၊ အာဆီယံရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်များကို ဆက်လက်ချမှတ် သွားရမည် ဖြစ်ပါကြောင်း။ လာမည့် နှစ်နှစ်တာကာလတွင် ကမ္ဘာကြီး မည်သို့တိုးတက်ပြောင်း လဲမည်ဆိုသည်ကို  မည်သူမျှ အတိအကျပြော၍ မရပါကြောင်း။ ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများကို ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းရန် အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန် အရေးကြီးပါကြောင်း၊ အကြိမ်(၂ဝ)မြောက် အာဆီယံထိပ်သီး အစည်းအဝေးက ဆုံးဖြတ်ခဲ့ သည့်အတိုင်း အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဌာနကို ထူထောင်နိုင်သည့် အတွက် များစွာ ဝမ်းမြောက်ပါကြောင်း။
ယင်းဌာနအနေဖြင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အကောင်အထည် ဖော်မှုအတွက် တန်ဖိုးရှိသော သုတေသနများနှင့် စာတမ်းများကို ပံ့ပိုးပေးနိုင် လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
မြန်မာနိုင်ငံသည်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထူးအလေးပေးဆောင်ရွက်နေရာ မိမိတို့ရဲ့အတွေ့အကြုံကိုလည်း ဝေငှရန် အဆင်သင့်ရှိပါကြောင်း။
ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည့်  ဖိလစ်ပိုင်နိုင်ငံအစိုးရ အနေဖြင့် မိုရိုအစ္စလာမ် မစ်တပ်ဦး ကြားမှာ  ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ သမိုင်းတွင်ရမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အောက်တိုဘာ(၇)ရက်က ရရှိခဲ့သည့် အတွက် ဝမ်းမြောက် ပါကြောင်း၊ ဒီလို ပြန်လည်သင့်မြတ်မှုများသည် နိုင်ငံတကာဆက်ဆံရေးတွင် နမူနာယူစရာဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ဒီထိပ်သီးအစည်းအဝေးတွင် Regional Comprehensive Economic Partnership အတွက် စေ့စပ်ဆွေးနွေးမှုများကို စတင်မည် ဖြစ်သည့်အတွက် ဆွေးနွေးဘက် နိုင်ငံများအကြား Win-Win Situation ကိုဖြစ်ပေါ်စေမည် ဖြစ်ပြီး စီးပွား၊ ကုန်သွယ်မှုရေးရာများတွင် အာဆီယံဗဟိုပြုမှုကို အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း။
အာဆီယံဆက်သွယ်ပေါင်းစည်းမှု မဟာစီမံကိန်းသည် အာဆီယံအသိုက်အဝန်း အမှန်     တကယ် ဖြစ်ပေါ်ရေး အတွက်လည်းကောင်း၊ အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ ကျဉ်းမြောင်း စေရန်လည်းကောင်း၊ အာဆီယံဒေသကို ဆက်စပ် လျက်ရှိသည့်  ဒေသများနှင့် ပေါင်းစည်းရေးအတွက်လည်းကောင်း အရေးပါသော စီမံကိန်း ဖြစ်ပါကြောင်း။ ဒီစီမံကိန်းအပေါ် အာဆီယံအပေါင်း သုံးနိုင်ငံများနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး နိုင်ငံများကပါ စိတ်ဝင်စားမှုပြသကြပြီး ပုဂ္ဂလိက ကဏ္ဍများကို စိတ်ဝင်စားမှုပြသခဲ့ခြင်းကို ဝမ်းသာပါကြောင်း။ တကယ် လက်တွေ့အ မြန်ဆုံးစတင် သည် ကို မြင်တွေ့လိုပါ ကြောင်း။ 
အာဆီယံ ဆက်သွယ်ပေါင်းစည်းရေး ညှိနှိုင်းမှု ကော်မတီ၏ အာဆီယံ ဆက်သွယ် ပေါင်းစည်းရေး မဟာစီမံကိန်းကို လူသိများအောင် ဆောင်ရွက်ပေးခဲ့သည်ကို အသိအမှတ်ပြုပါကြောင်း။ အာဆီယံပေါင်းစည်း ဆက်သွယ်ရေး ဆိုင်ရာဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အခန်းကဏ္ဍကိုကြိုဆိုပြီး အာဆီယံအပေါင်းသုံး ဆက်သွယ်ပေါင်းစည်းရေးဆိုင်ရာ အစီအစဉ်များကို ဦးစီးဦးဆောင်ပြု သည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှု ကိုလည်းကျေးဇူးတင်ပါကြောင်း။
အာဆီယံဆက်သွယ်ပေါင်းစည်းရေးသည် အာဆီယံအသိုက်အဝန်းတွင် အရေးပါသည့်  ဤစီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင် နိုင်ရေးနှင့် လူသိများအောင် ဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါတယ်။ ဒီစီမံကိန်းကြီးဟာ အာဆီယံတွင်းဖွံ့ဖြိုး မှုကွာဟချက်ကို ကျဉ်းမြောင်း လာစေမည်ဖြစ်ပါကြောင်း။
အာဆီယံနိုင်ငံများအကြား Physical Connectivity နှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးတွင် ASEAN Infrastructure  fund(AIF) ကို အပြည့်အဝ အသုံးချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။ (AIF) ကို ဘက်ညီမျှတစွာ အပြည့်အဝအသုံးချနိုင်ပါက အဖွဲ့ဝင်နိုင်ငံများအကြား အခြေခံအဆောက် အအုံဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်း စေရေးအတွက် အထောက်အကူပြုစေနိုင်ကြောင်း။
Physical Connectivity နှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးမှုတွင် ပုဂ္ဂလိက ကဏ္ဍဟာ အရေးပါတာကြောင့် Public-Private Partnership  အစီအစဉ်များကို အားပေး ဆောင်ရွက် သွားကြရန် လိုကြောင်း။
မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်မည့် ထားဝယ်ရေနက် စီမံကိန်းသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများ နှင့်ချိတ်ဆက်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း။ ထိုစီမံကိန်း စတင်အကောင် အထည်ဖော်ရန်မြန်မာ-ထိုင်းနှစ်ဖက်သဘောတူညီမှုကို လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်ပါကြောင်း။

ယခုညီလာခံတွင် အာဆီယံလူ့ အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခြင်းသည် အာဆီယံ၏ အရေးပါတဲ့သမိုင်း မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း။ ဤသို့ထုတ်ပြန်နိုင်အောင် ဆွေးနွေးဆောင်ရွက်ပေးကြသည့် လူ့အခွင့်အရေး နှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်း ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များ နှင့်ပါဝင်ဆောင်ရွက် သူများကို ချီးကျူးပါကြောင်း။
အာဆီယံ နိုင်ငံများအကြား လူ့အခွင့်အရေး နှင့်ပတ်သက်၍ မြှင့်တင်ဆောင် ရွက်သွားရန် သာမက  အကာအကွယ်ကင်းမဲ့ပြီး၊ အခွင့်အလမ်း များမရရှိသည့် ပြည်သူများအား သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးသွားရမှာ ဖြစ်ကြောင်း။
ယနေ့ အတည်ပြုခဲ့သည့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းသည် အာဆီယံဒေသ အတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ကာကွယ် စောင့်ရှောက်ရေးအတွက် အခြေခံကျတဲ့ စာရွက် စာတမ်းအဖြစ် တည်ရှိလိမ့်မည် ဟုယုံကြည်ပါကြောင်း။
မိမိတို့ ကြေညာချက် ထုတ်ပြန်ပြီး ဒီကြေညာချက် လက်တွေ့ဖြစ်လာရေးနဲ ရေရှည်တည်တံ့ ရေးကို ဆက်လက်လုပ် ဆောင်သွားရမည် ဖြစ်ပါကြောင်း။
အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် အာဆီယံ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုကို ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် စတင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုကို များစွာ ဂုဏ်ယူထောက်ခံကြောင်း၊ အာဆီယံကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ သည် အာဆီယံ၏ ကမ္ဘာပေါ်တွင် ရပ်တည်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း။
စီးပွားရေးကျဆင်းမှု အရိပ်အရောင် သန်းနေသည့် ကမ္ဘာ့အခြေအနေတွင် ငွေရေးကြေးရေး အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးမှုသည် သင့်လျော်မှန်ကန်မှု ရှိပါကြောင်း။ လာမည့် ထိပ်သီးအစည်း အဝေးများတွင်လည်း ဆက်လက်ဆွေးနွေးသင့်ပါကြောင်း။
ယခုဆွေးနွေးပွဲသည် ကမ္ဘောဒီးယားနိုင်ငံမှ ဦးဆောင်ဦးရွက် ပြုကျင်းပသည့် ပထမအကြိမ် ဆွေးနွေးပွဲဖြစ်သော်လည်း အာဆီယံစီးပွားရေး အသိုက်အဝန်းအပါအဝင် ၂ဝ၁၅ခုနှစ် အာဆီယံအသိုက် အဝန်းအတွက် အထောက်အကူပြုမယ့် အကြံဥာဏ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။ လူသားချင်းစာနာ ထောက်ထားမှု ရှုထောင့်မှ နေ၍ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်မယ့် အာဆီယံ ဒေသဆိုင်ရာ မိုင်းရှင်းလင်းရေးဌာန ထူထောင်မှုကို မိမိတို့အနေဖြင့် မူအားဖြင့် ကြိုဆိုပါ ကြောင်း။ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းလျက်ရှိရာ ငြိမ်းချမ်းရေး ရရှိပြီးဖြစ် သည့်နေရာများတွင် မိုင်းရှင်းလင်းရန်အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည်ည အော်တဝါကွန်းဗင်းရှင်းကို လက်မှတ်ရေးထိုးခြင်း မရှိသေးသော နိုင်ငံဖြစ်ပါကြောင်း။ သို့သော် မြေမြုပ်မိုင်းများကို အထိန်းအကွပ်မရှိ အသုံးချမှုကို အမြဲဆန့် ကျင်ပါကြောင်း။
အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ၂ဝဝ၈ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးဆောင်မှုပေးခဲ့သည့် ဒေါက်တာဆူရင်ပစ်ဆူဝမ် အား ကျေးဇူး တင်ကြောင်းပြောကြားလိုပါကြောင်း။
အထူးသဖြင့် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံအစိုးရ၊ အာဆီယံနှင့်ကုလသမဂ္ဂ သုံးဦး ဖလှယ်ပူးပေါင်း ဆောင်ရွက်မှုတွင် အာဆီယံအတွင်းရေးမှူး ချုပ်အနေဖြင့် မားမားမတ်မတ် ဦးဆောင်မှုပေး ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရ နှင့်ပြည်သူများက အထူးတလည် အမှတ်ရကျေးဇူး တင်ရှိနေမည် ဖြစ်ကြောင်း ပြောကြား လိုပါကြောင်း။
ဒေါက်တာဆူရင်ပစ်ဆူဝမ်၏ အနာဂတ်ကြိုးပမ်း ဆောင်ရွက်မှုများသည် အောင်မြင်မှု အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း  တောင်းအပ်ပါကြောင်း။ မိမိတို့၏ ညီအစ်ကို နိုင်ငံ တစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံက အမည်တင်သွင်းလာခဲ့သည့် မစ္စတာလျူလျောင်မင်း ကိုလည်း အာဆီယံအသိုက်အဝန်း ကကြိုဆိုပါကြောင်း။
မစ္စတာလျူလျောင်မင်းအနေဖြင့် အာဆီယံအသိုက်အဝန်းသို့ အသွင်ကူးပြောင်းမှုတွင် ဦးဆောင် ဦးရွက် ပြုရမည် ဖြစ်သည့်အတွက် စိန်ခေါ်မှုများစွာ နှင့်ရင်ဆိုင် ရပါလိမ့်မည်ဖြစ်သော်လည်း အာဆီယံအတွင်း ရေးမှူးချုပ်ရုံးကို ထိရောက်စွာ ခေါင်းဆောင်မှုပြုလုပ်ပြီး အာဆီယံနှင့်အာဆီယံ ပြည်သူများ၏ အကျိုးစီးပွား တိုးတက်မြင့်မား လာအောင် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ပေး နိုင်လိမ့်မည်ဟု လို့မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။


Myanmar Express 

အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းစတင် ပြောကြားနေ (ဓါက်ပုံ)

Posted by drmyochit Monday, November 19, 2012, under | No comments

ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမသို့မ္မတရောက်ရှိစဉ်ကြိုဆိုကြသူများ-






အမျိုးသားစည်းလုံညီညွတ်ရေးမရဘဲ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ကြောင်း အိုဘားမားက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။





ဘင်္ဂလားပင်လယ်အော် အတွင်း မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေ

Posted by drmyochit Monday, November 19, 2012, under | No comments


ကျောက်ဖြူမြို့မှ အနောက်တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ၊ ဧရာဝတီတိုင်း ပုသိမ်မြို့ရဲ့ အနောက်ဘက် မိုင် ၃၉၀ အကွာ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မြန်မာ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ရဲ့  ထုတ်ပြန်ချက်အရ အခု ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အ၀ါရောင် အဆင့်သာရှိတယ်လို့ ဆိုပါတယ်။ မုန်တိုင်းငယ်ဟာ အဲဒီ ဗဟိုပြုတဲ့ နေရာကနေ မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားမယ်လို့ ဆိုပါတယ်။ မုန်တိုင်းငယ်ဟာ  မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့ လျားမယ့် အခြေအနေမရှိလို့ ဆိုပါတယ်။
ကျောက်ဖြူမြို့ကို ဆက်သွယ် မေးကြည့်တဲ့ အခါမှာတော့ ဒီကနေ့ ကျောက်ဖြူမှာ နေသာနေပြီး မုန်တိုင်း တိုက်မယ့်  အရိပ်အရောင်ကို မမြင်ရဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ မုန်တိုင်းရှိတယ်လို့ သိရပါတယ်။ မြန်မာရုပ်မြင်သံကြားက ကျေညာပါတယ်။ ဒါပေမယ့် အိန္ဒိယနဲ့ နီးပီး အဲဒီဘက်ကို ရွှေ့လျားနေတယ်လို့ မျှားအနီးလေးပြပြီး ကျေညာသွားပါတယ်” လို့ ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာတော့ နံပတ် ၃ အဆင့်ရှိတဲ့ အလံတွေကို ပင်လယ် ကမ်းခြေ တလျှောက်မှာ ထောင်ပြီး မုန်တိုင်း သတိပေးမူတွေ ပြုလုပ်နေပါတယ်။

သမ္မတအိုဘားမားကသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော စကားများ

Posted by drmyochit Monday, November 19, 2012, under | No comments


အမေရိကန် သမ္မတ အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော စကားများ မှကောက်နှုတ် ချက်အချို့
 (မှတ်ချက်- အိုဘားမား၏ ပြောကြားမှုကို စကားပြန်မှ တစ်ဆင့်ဘာသာပြန်ပေးပြီး၊ ၄င်း၏ ဘာသာပြန် ချက်အ တိုင်းဖြစ်ပါသည်)
"နိုင်ငံတော်သမ္မတကြီး (သမ္မတဦးသိန်းစိန်) ကနေ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ပြုပြင်ပြောင်း လဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေက တကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တိုးတက်မှုတွေ လုပ်တာက တကယ်ပဲ ဒေသတွင်း တိုးတက်မှုတွေ၊ ဒီနိုင်ငံတင်မက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။
ရှေ့ဆက်မယ့်ခရီးရှည်အတွက် ဒါဟာ ခြေလှမ်းတစ်ရပ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။
နောက်တစ်ခုက သမ္မတကြီးတို့အနေနဲ့ ဆုပ်ဆုပ်ပိုင်ပိုင် လုပ်ခဲ့တဲ့ကိစ္စတစ်ခုကတော့ လူအများကို သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကို မပျံ့ပွားအောင် လုပ်တဲ့ကိစ္စမှာ ဒါတွေက အရေးကြီးပါတယ်။ အဲဒါတွေကိုလည်း လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ သမ္မတကြီးအခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် တင်မကဘဲ နောက်လည်းလာ နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။"

7Day News Journal

ရွှေတိဂုံဘုရားအား ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ဖူးမြော်

Posted by drmyochit Monday, November 19, 2012, under | No comments







 အမေရိကန် သမ္မတ အိုဘားမား၊ ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ရွှေတိဂုံစေတီတော်ကို ယနေ့မွန်းလွှဲပိုင်းက လှည့်လည်ဖူးမြော်နေစဉ်။ သမ္မတအိုဘားမား၊ ဟီလာရီ ကလင်တန်အပါအ၀င် အမေရိကန်အစိုးရ အဖွဲ့ဝင်အားလုံးမှာ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ဖူးမြော်ခဲ့သည်ကိုလည်း တွေ့ရစဉ်။





သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မယ်

Posted by drmyochit Monday, November 19, 2012, under | No comments


သမ္မတ အိုဘားမား ပြောခဲ့သလို (move forward) ရှေ့ကို ဆက်သွားမယ် ဆိုတဲ့ စကား အတိုင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့ဆက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က မစ္စတာ အိုဘားမားနဲ့ တွေ့ဆုံစဉ်မှာ ပြောကြား လိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းအောင် သမ္မတအိုဘားမားရဲ့ အမျှော် အမြင်ကြီးမှု၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ သံအမတ်ကြီးတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက် အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားပါတယ်။
နောက်ပြီး နှစ်နိုင်ငံ တန်းတူ ညီတူ ရှေ့ဆက် ဆက်ဆံသွားဖို့နဲ့ ဒီမိုကရေစီရေး အတွက် ပူးပေါင်း ဆောင်ရွက်မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။အမေရိကန် သမ္မတ အိုဘားမား ကလည်း အခုတွေ့ ဆုံမှုဟာ အပြုသဘော ဆောင်ပြီး၊ ရေရှည်သွားမယ့် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ပထမ ခြေလှမ်း ဖြစ်ကြောင်း ပြောကြားပါတယ်။ နှစ်နိုင်ငံ တိုးတက်ရေးဟာ ဒေသတွင်း တိုးတက်ရေး အတွက်ပါအကျိုးရှိမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကလေးစစ်သား ပပျောက်ရေး နဲ့ လူအများ သေစေနိုင်တဲ့ လက်နက် မပြန့်ပွားအောင် လုပ်တာကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ အခုလို ကြိုဆိုမှု အတွက်လည်း အများကြီး ကျေးဇူးတင်ကြောင်း သမ္မတ အိုဘားမားက ပြောကြားပါတယ်။ အခု တခေါက်တင် မကဘဲ နောင်များမှာလည်း တွေ့ဆုံ နိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ အိုဘားမားက ပြောကြားသွားပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်မှာ မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးအဖြစ် ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ အိုဘားမားကို မြန်မာသမ္မတ ဦးသိန်းစိန်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အတွင်း လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အပေါ် ဘင်္ဂလာဒေခ်ျ့ အစိုးရ တုန့်ပြန်

Posted by drmyochit Monday, November 19, 2012, under | No comments


အိန္ဒိယ ခရီးစဉ် အတွင်းမှာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ်ဆ လင်တွေဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ပြောင်းရွှေ့ ၀င်ရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ ကောက်ချ ပြောကြားလိုက်မူကို ဘင်္ဂလာဒေခ်ျ့ အစိုးရက ကောက်ကာ ငင်ကာ တုန့်ပြန် လိုက်ပါတယ်။
အခုလို ဘင်္ဂလာဒေခ်ျ့ အစိုးရဘက်က တုန့်ပြန် ပြောဆိုမူကို ဘင်္ဂလာဒေခ်ျ့နိုင်ငံက အင်္ဂလိပ်လိုရော၊ ဘင်္ဂလီလိုပါ ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဒီကနေ့မှာ ဖေါ်ပြကြပါတယ်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကျေညာချက်ထုတ်ပြီး တုန့်ပြန် ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလို မှတ်ချက်ချ ပြောကြားမူဟာ မြန်မာ အစိုးရရဲ့ ဒီပြဿနာ အပေါ်မှာ ရပ်တည်ချက်နဲ့ ကွဲလွဲနေပြီး ကျိုးကြောင်း မညီမညွှတ် ဖြစ်နေတယ်ဆိုပြီး ထုတ်ဖေါ် ပြောဆိုပါတယ်။ သတင်းစာတွေမှာ ရေးသား ဖေါ်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယကို လာရောက် လည်ပတ်စဉ် အတွင်း နိုဝင်္ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ မငြိမ်သက်မူတွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ခုဖြစ်ရပ်ဟာ နိုင်ငံတကာ အနေနဲ့ အလွန် ၀မ်းနည်းစရာ ဖြစ်ရပ် တစ်ခု ဖြစ်ပေမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက လူတွေ တရားမ၀င် ၀င်ရောက်နေမူကို ရပ်တန့်ဖို့ လိုတယ်လို့ ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။ မဟုတ်ရင် ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ပြောဆိုတယ်လို့ ဆိုပါတယ်။
အဲသလို ပြောကြားချက် အပေါ် ဘင်္ဂလာဒေခ်ျ့နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကျေညာချက် ထုတ်ပြီး တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ၁၉၉၁-၉၂ နှစ်ခုနှစ်မှာ မွတ်ဆလင် ဒုက္ခသည် ၂၅၀၈၇၇ ကို ၀င်ရောက်လာတာမှာ ၂၃၆၅၉၉ ကို စိစစ်ပြီး  ပြန်လည် လက်ခံခဲ့တဲ့ အတွက် သူတို့တွေဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်လာသူတွေ ဖြစ်တယ်။  သူတို့ဟာ ဘင်္ဂလာဒေခ်ျ့က မဟုတ်ဘူး ဆိုတာ ထင်ရှား နေပါတယ်လို့လည်း ကျေညာချက်မှာ ဖေါ်ပြပါတယ်။ အခုအချိန်ထိ ဒုက္ခသည် စခန်းနှစ်ခုမှာ ယူအန် အသိအမှတ်ပြု မွတ်ဆလင် ( သူတို့ အခေါ် ရိုဟင်ဂျာ) ဒုက္ခသည် ၂၈၀၀၀ ခန့်ရှိပြီး ပြင်ပမှာ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ နေထိုင်သူ အများအပြား ကိုလည်း စိစစ်ပြီး မြန်မာဘက်က သဘောတူထားတယ်လို့ပြောပါတယ်။
မြန်မာ အစိုးရရဲ့ လက်ရှိ နိုင်ငံသား ဖြစ်မူ ဥပဒေ အပေါ် ပြန်လည် သုံးသပ်နေမူ အပေါ်မှာလည်း ကြိုဆို တယ်လို့ ဖေါ်ပြပါတယ်။ ဒါ့ပြင် သက်ဆိုင်သူတွေ အနေနဲ့ သေချာတဲ့ အချက်အလက်တွေမရှိဘဲ ထုတ်ဖေါ် ပြောဆိုမူတွေကို ရှောင်ကြဉ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြကြပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားတွေ အများစုကတော့ သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ၀င်ရောက်လာကြသူတွေလို့  ယုံကြည်ထားကြပြီး အစိုးရကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ မွတ်ဆလင် အများစုဟာ  ဘင်္ဂလီတွေ ဖြစ်ကြတယ်လို့ တရားဝင် ကျေညာထားပါတယ်။
  နိရဉ္စရာ သတင်းဌာန

မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်များအား ပိတ်ပင်ထားမှုကို အိုဘားမားမလာမီ ကြိုတင်၍ အမေရိကန် ရုပ်သိမ်းလိုက်ပြီ

Posted by drmyochit Monday, November 19, 2012, under | No comments


မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ မတင်ပို့နိုင်အောင် ဆယ်စုနှစ်တစ်ခုနီးပါး ပိတ်ပင်ထားမှုကို
အမေရိကန် အစိုးရက ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာမီ ဦးစွာကြို၍ ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။ ကျောက်မျက်ပို့ကုန် ကဏ္ဍကိုမူ ဆက်လက်ပိတ်ပင် ထားဦးမည် ဖြစ်ကြောင်းလည်း သိရသည်။ ကျန်ပို့ကုန်များကိုမူ ပိတ်ပင်ထားမှု ရုပ်သိမ်းပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ကျောက်စိမ်းများ၊ ပတ္တမြားများသည် ကမ္ဘာကျော်ကြ သည့်တိုင်ထိုလုပ်ငန်း နယ်ပယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျန်ရှိနေဆဲ ဖြစ်သောကြောင့် ကျောက်မျက်တင်ပို့မှုကိုမူ ဆက်လက် ပိတ်ပင်ထားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။
မြန်မာနိုင်ငံဘက်မှ တင်ပို့သော ပို့ကုန်များကို ပိတ်ပင်ရန် ၂၀၀၃ ခုနှစ်တွင် အမေရိကန် လွှတ်တော်က အတည်ပြု ဥပဒေ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အိုဘားမား အစိုးရသည် ပို့ကုန်ပိတ်ပင်ထားမှုကို ရုပ်သိမ်းသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်သော်လည်း ဥပဒေကား ဆက်လက်တည်ရှိဆဲ ဖြစ်သောကြောင့် မြန်မာ့ပြုပြင် ပြောင်းလဲရေးများ နောက်ကြောင်းပြန် လှည့်သွားပါက ထိုဥပဒေကို အချိန်မရွေး ပြန်လည် အသက်သွင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်ပိတ်ပင်ထားမှု ရုပ်သိမ်းပေးခြင်းသည် နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုကောင်းများ ပိုမိုဖြစ်ထွန်းလာအောင် အားပေးရန်၊ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုတိုးတက် လာစေရန်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများကပြောသည်။
အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၉ (တနင်္လာနေ့) တွင် မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံကို လာရောက်သည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ မစ္စတာ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်သည် အမေရိကန်-မြန်မာဆက်ဆံရေးကို ပုံမှန်အနေအထား ပြန်ရောက်ရှိလာစေရန် ကြိုးပမ်းမှု၏အကြီးမား
ဆုံးခြေလှမ်း တစ်ရပ်လည်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေ ကိုလည်း မစ္စတာ အိုဘားမားက မိန့်ခွန်းပြောဖို့ ဆန္ဒရှိပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေး ကာနေးက ထုတ်ပြန်ပြောကြားထားသည်။
ယခုနှစ်အစောပိုင်း ကြားဖြတ်ရွေးကောက်ပွဲ ပြီးချိန်မှစ၍ အမေရိကန် အစိုးရသည် ပိတ်ပင်ထားမှုများကို ဆက်တိုက် ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအား ပိတ်ပင်ထားမှုများ ဖြေလျှော့ပေးခြင်းသည် မြန်လွန်း
သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း အိုဘားမား အစိုးရအဖွဲ့ကမူ ထိုသို့ဖြေလျှော့ပေးမှသာ မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲ ရေးကောင်းများ အရှိန်မြှင့်လုပ်ဆောင် နိုင်လာမည်ဟု တုံ့ပြန်ပြောကြားထားသည်။ ပိတ်ပင်ထားမှုများ ဖြေလျှော့ပေးခဲ့သည် မှန်သော်လည်း ပြုပြင်ပြောင်းလဲရေးများ
 နောက်ကြောင်း ပြန်လှည့်ပါက ပိတ်ပင်မှုများ အချိန်မရွေး ပြန်လုပ်နိုင်အောင် စီစဉ်ထားကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)

Posted by drmyochit Monday, November 19, 2012, under | No comments

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) 
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက် 
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအနေနှင့် နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဖြစ်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ကာကွယ်နိုင်စေရန်၊ ဒီမိုကရေစီ အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် အောက်ပါကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် -////။

၁။လူ့အခွင့်အရေးကိစ္စများ
မြန်မာနိုင်ငံအစိုးရ အနေနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross- ICRC)နှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင်များအတွင်း သန့်ရှင်းသော မိလ္လာစနစ်များ၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးတို့ကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ရာ ယခုဆက်လက်၍ ဆေးဝါးကုသမှုနှင့် အကျဉ်းထောင်အတွင်း အကျဉ်းသား များ၏ လူမှုဖူလုံရေး ကိစ္စများနှင့် နေရေးထိုင်ရေး ကိစ္စများကို ကူညီခွင့်ပြုသွားမည် ဖြစ်သည်။
ပြည်ထောင်စု အစိုးရအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် လိုအပ်သော ဆွေးနွေး ညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်ထောင်စု အစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ် များစာရင်းကိုလည်း ပယ်ဖျက်ပေးထားပြီး ဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေး နိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေး တာဝန်ခံတစ်ဦး ကိုခန့်ထားပြီးဖြစ်ပါသည်။

၂။အကျဉ်းသားများကိစ္စ
ပြည်ထောင်စု အစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများ ကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ အစိုးရဌာနများ နှင့် အဖွဲ့အစည်းများအကြား ယခုနှစ် ဒီဇင်ဘာလမကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များကို ပြန်လည်စဉ်းစား သုံးသပ်နိုင်ရန် စီမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၃။ပဋိပက္ခများဖြေရှင်းရေးနှင့်အမျိုးသားသွေးစည်းညီညွတ်ရေး
ပြည်ထောင်စု အစိုးရအနေနှင့် တာဝန်ယူသည့် အချိန်မှစတင်၍ ငြိမ်းချမ်းရေး ကိစ္စများကို အထူးအလေးထား ဆောင်ရွက်လာခဲ့ရာ ယခုအခါ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးဖြစ်သည့်အပြင် ဆက်လက်၍ နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအနေနှင့် ကချင်ပြည်နယ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်စေရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ထို့အပြင် ပြည်ထောင်စု အစိုးရအနေနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှုနှင့် တိုင်းရင်းသား အခွင့်အရေးများကို ရေရှည်အာမခံချက် ပေးနိုင်ရန် နိုင်ငံရေး နည်းလမ်းများကို အသုံးပြု၍ လိုအပ်သည်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော် သမ္မတကြီး၏ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှုးချုပ်ထံ ပေးပို့သော စာတွင် ဖော်ပြပါရှိ သည့်အတိုင်း ရခိုင်ဒေသတွင် ပဋိပက္ခများ တစ်ကျော့ပြန် မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါသည်။ ရခိုင်ဒေသခံ ပြည်သူများ လိုအပ်သော လူသားချင်းစာနာသည့် အထောက်အပံ့များ ရရှိရေးကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လူမျိုးစုနှစ်ခုကြားရှိ အဓိကပြဿနာ ဖြစ်စေသည့် ရင်းမြစ်များကိုလည်း ကြိုးပမ်းဖြေရှင်း သွားမည်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်သော နိုင်ငံရေးအရ ဖြေရှင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေရာများတွင် အခြားနိုင်ငံတကာ လူသားချင်း စာနာသော အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော အကူအညီများ ကူညီထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

၎။အဏုမြူမပြန့်ပွားရေး
ပြည်ထောင်စု အစိုးရအနေနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့် ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယား စမ်းသပ်မှု တားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။

၅။ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်ဖြစ်ပေါ်ရေး
ပြည်ထောင်စု အစိုးရအနေနှင့် ၂၀၁၆ တွင် Open Government Partnership (OGP) အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ OGP အစီအစဉ်မှာ အစိုးရများ၏ ပွင့်လင်း မြင်သာမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားများ၏ပါဝင်မှုကို မြှင့်တင်ခြင်း၊ အကျင့်ပျက်ခြ စားမှု တိုက်ဖျက်ရေးကို ထိရောက်စေခြင်းနှင့် နည်းပညာကဏ္ဍကို မြှင့်တင် ပေးခြင်းတို့ဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော စွမ်းဆောင်ရည်မြင့် အစိုးရ ဖြစ်ပေါ်စေရန် နိုင်ငံစုံပူးပေါင်း ပါဝင်သော အစီအစဉ်ဖြစ်ပါသည်။

၆။လူကုန်ကူးမှုတိုက်ဖျက်ရေး
ပြည်ထောင်စု အစိုးရအနေနှင့် “လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန်-မြန်မာ ပူးပေါင်း အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီး ဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့်လည်းပူးပေါင်း၍ အဓမ္မခိုင်းစေမှုများ ပပျောက်စေရေး အစီအစဉ်များနှင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသစ်”နှင့်အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ပါသည်။ ယင်းစီမံချက်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ပါသည်။


NLD ပါတီက မီဒီယာကို ခွဲခြားကန့်သတ်

Posted by drmyochit Monday, November 19, 2012, under | No comments


၂၀၁၂ နိုဝင်ဘာလ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း သမ္မတ အိုဘားမား  နှင့်ဒေါ်အောင်ဆန်း စုကြည်အ  ပါအ၀င် ဗဟိုအလုပ် အမှုဆောင်များနှင့်  တွေ့ဆုံပြီးနောက် ကျင်းပမည်ဖြစ်သော  သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ရန်အတွက် ပြည်တွင်း ဂျာနယ်  ၄ စောင်နှင့် နိုင်ငံခြားသတင်းဋ္ဌာန ၃ခုကိုသာ ရွေးချယ် သတင်းယူခွင့်ပြုပြီး  ကျန်သတင်း ဋ္ဌာနများအား သတင်းယူခွင့်ကို ကန့်သတ်လိုက်ကြောင်း  သိရှိရသည်။  အဆိုပါ သတင်းယူခွင့် ရရှိသော ဂျာနယ်များမှာ The Voice ဂျာနယ်၊ ပြည်သူ့ခေတ်ဂျာနယ်၊ Weekly Eleven ဂျာနယ်နယ်နှင့် ဒီလိုင်း ဂျာနယ်တို့ဖြစ်ကြောင်း သိရှိရသည်။
 ယခုလို မီဒီယာအား ခွဲခြားခြင်း ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး သတင်းဋ္ဌာနများအား မီဒီယာခွဲခြား ဆက်ဆံခြင်း ဖြစ်ကြောင်း သုံးသပ်ဝေဖန် လျက်ရှိသည်။  `သတင်းယူခွင့် မပေးရင်လည်း မပေးနဲ့ပေါ့ အားလုံးကို ခွင့်မပြုနဲ့ပေါ့ ၊ ခုလို ခွဲခြား လိုက်တာကတော့ မကောင်းဘူး၊ ရွေးချယ်တယ်ဆို တာကတော့ ဘယ်လိုပုံစံမျိုးကို ကြည့်ပြီးရွေးလိုက်တာလဲ၊` ဟု 7 Day News Journal မှ သတင်းထောက်ချုပ်က ပြောသည်။  မြန်မာနိုင်ငံတွင် ပြည်တွင်းသတင်း ဂျာနယ်များနှင့် ပြည်ပနိုင်ငံ အခြေစိုက် သတင်းဋ္ဌာနများ စုစုပေါင်း ၄၀၀ကျော်ခန့်ရှိကြောင်းသိရှိရသည်။
  `လုံခြုံရေးအရ  စိတ်ပူတယ် ဆိုရင်လည်း သတင်းထောက် အိုင်ဒီအမှန်နဲ့ သူတွေကိုတော့ လက်ခံသင့်တာပေါ့၊ ရွေးဖိတ်တယ်ဆိုရင် ဘာဖြစ်လို့ရွေးဖိတ်တာလဲ၊ ဘာကြောင့် ခွဲခြားတာလည်း ဆိုတာလည်း သတင်းထုတ်ပြန်သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တန်းတူညီတူ အခွင့်အရေးရှိရမယ်လို့ ပြောပြောနေတာပဲ` ဟု ၊ VOA မြန်မာပိုင်းဌာနမှ သတင်းထောက် အိမ့်ခိုင်ဦးက ပြောသည်။
(မြစ်မခမီဒီယာ)

မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားဟု ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted by drmyochit Monday, November 19, 2012, under | No comments


အိန္ဒိယသို့ မကြာမီက အလည်အပတ် ရောက်ရှိနေခဲ့သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည် အိန္ဒိယနှင့် ဝေးကွာသည်ဟု တစ်ခါမှ မခံစားခဲ့မိကြောင်း၊ မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသား တစ်ဦးဟု ခံစားမိကြောင်း ပြောကြား လိုက်သည်။
 ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ငယ်စဉ်က ကျောင်းတက်ခဲ့ရာ နယူးဒေလီရှိ လေဒီရှရီရမ် အမျိုးသမီးကောလိပ်၌ ကျောင်းသူ၊ ကျောင်းသားများအား မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။
သူမက "ဒီခန်းမကြီးထဲကို ကျွန်မပြန်ရောက်လာ ရမယ်လို့ အမြဲပဲ သိခဲ့ပါတယ်။ ဒီမှာ ဂန္ဒီကြီးရဲ့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ 'ရာဂူပတီရာဂတ်ဗ်ရာဂျာရမ်' သီချင်းကို ဆိုတတ်ဖို့ ကျွန်မ သင်ကြားခဲ့ရတာပါ"ဟု ပြောသည်။ ထို့အပြင် သူမက မိန့်ခွန်း၌ မြန်မာ့ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍လည်း အိန္ဒိယ၏ အကူအညီ၊ အားပေးမှု လိုအပ်ကြောင်းကို "ဒီမိုကရေစီဆီ ဦးတည်နေတဲ့ ကျွန်မတို့ရဲ့ တိုးတက်ပြောင်းလဲမှုမှာ ကျွန်မတို့ ရှင်တို့ရဲ့ အကူအညီ လိုအပ်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီရဖို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ရှင်တို့ရဲ့ ကူညီမှု လိုအပ်တယ်"ဟု ထည့်သွင်းပြောကြားသည်။
ဒေါ်စုသည် လေဒီရှရီရမ် အမျိုးသမီးကောလိပ်မှ ၁၉၆၀ နှစ်များ အစောပိုင်း၌  နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်သည်။

7Day News

KIAတပ်ဖွဲ့ မှ ၁၂နှစ်သားလူငယ်လေးများကို တပ်သားသစ်အဖြစ်စုဆောင်း

Posted by drmyochit Monday, November 19, 2012, under | No comments


KIA တပ်မဟာ (၂) တပ်မဟာမှူး ဒါရှီဘရန်နန်က KIA တပ်ရင်းတပ်ဖွဲ့ စခန်းများနဲ့ လှုပ်ရှား တပ်ဖွဲ့များကို ၄င်းတို့နယ်မြေမှာရှိတဲ့ အသက် ၁၂နှစ် အရွယ်လူငယ်ကျား/မ များကို လူသစ် စုဆောင်းရန်ပြီး ခဲ့တဲ့ လကုန်ခါနီးက ညွှန်ကြားထားတယ်လို့ သိရှိရပါသည်။ ဒါရှီဘရန်နန်က ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ ကချင်တိုင်ရင်းသား လူငယ်လေးများ အပါအ၀င် အခြားတိုင်းရင်းသား လူငယ်လေးများကို တပ်သားသစ် အဖြစ် စုဆောင်းထားရှိပြီး ပညာဆက်လက် သင်ကြားရန် ပညာသင်ကြားရင်း စစ်ပညာပါ တပြိုင်နက်သင်ကြား ခိုင်းပြီး အသက်ပြည့်တာနဲ့စစ်မှုထမ်းရန် ညွှန်ကြားထားခဲ့ပါသည်။
          တိုင်းရင်းသား လူငယ်လေးများကို တပ်သားသစ်အဖြစ် စုဆောင်းရာမှာ တပ်ဖွဲ့ဝင်များအနေနဲ့ စုဆောင်းခြင်းမပြုဘဲ စုဆောင်းပေး နိုင်တဲ့သူကို ဆုငွေအဖြစ် စုဆောင်းရရှိသည့် ကလေးငယ်၏ ပညာ အရည်အချင်းပေါ် မူတည်ပြီး ၅သောင်းကနေ ၁သိန်းထိ ထောက်ပံ့ပေးမည်မှာ ဖြစ်တယ်လို့လဲ ဆိုပါသည်။ စုဆောင်းခိုင်းတဲ့ ကလေးငယ်များမှာ ၁၂နှစ်အရွယ် ကျား/မ မရွေး တိုင်းရင်းသားမရွေး ၄င်းတို့ ကချင်ပြည်နယ် အတွင်းမှာနေထိုင်တဲ့ သူတွေအားလုံးကို စုဆောင်းခိုင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ၄င်းဒေသမှာ နေထိုင်တဲ့ ကျောင်းသားမိဘတွေက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး ၄င်းတို့သားသမီးတွေကို ကချင်ပြည်နယ်မှ ထွက်ခွါပြီး အခြားပြည်နယ် တိုင်းတွေမှာ သွားပြီးကျောင်း ပြောင်းထားဖို့နဲ့ မိသားစု လိုက်ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေကြတယ် လို့ကြောင်း ကံဆီးမှ ၈တန်းကျောင်းသူ တစ်ဦး၏မိဘက   ပြောကြားခဲ့ပါသည်။

မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း

Posted by drmyochit Monday, November 19, 2012, under | No comments


မစ္စတာ ဘားရတ်အိုဘားမား အမေရိကန် ပြည်ထောင်စု၏ (၄၄)ဦးမြောက် သမ္မတ
- မစ္စတာ ဘားရတ် အိုဘားမား အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့တွင် မွေးဖွားခဲ့သည်။
- ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာစောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
- ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့သည်။
- ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်း ကျောင်းပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ချီကာဂို တက္ကသိုလ် ဥပဒေ ကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြား ပို့ချခဲ့သည်။
- ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။
- ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်ခဲ့ သောကြောင့် ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက် လွှတ်တော်၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
- ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
- ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ အတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ်ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့သည်။
- ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး ၂ဝ-၁-၂ဝဝ၉ ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
- ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
- အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ ဖြစ်စေရန် အမေရိကန်နိုင်ငံ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂ဝဝ၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့ အာမခံများ ပြန်လည် ခွင့်ပြုခြင်းနှင့် အလုပ်အကိုင် ဖန်တီးရေး ဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုး ခဲ့သည်။
- သမ္မတ အိုဘားမားသည် အခြားသော ပြည်တွင်း မူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act, Dodd-Frank Wall Street Reform and Consumer Protection Act? Don't Ask, Don't Tell Repeal Act ESifh Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့သည်။
- နိုင်ငံခြားရေး မူဝါဒများတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန် နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံနှင့် START လက်နက်ထိန်းချုပ်ရေး စာချုပ်အသစ်အား လက်မှတ် ရေးထိုးခြင်း၊ လစ်ဗျား နိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန် နိုင်ငံရှိ အယ်လ်ခိုင်ဒါ အကြမ်းဖက်ခေါင်း ဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကို လည်း ဆောင်ရွက် စေခဲ့သည်။
- ၂ဝ၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ် ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ (၃ဝ၃-၂ဝ၆)မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ဒုတိယ အကြိမ် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
- သမ္မတ အိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈)နှင့် ဆာရှာ(၂ဝဝ၁)တို့ကို မွေးဖွားခဲ့သည်။

အိုဘားမားခရီးစဉ်မှ သတင်းအစိတ်အပိုင်းများ

Posted by drmyochit Monday, November 19, 2012, under | No comments


အစီအစဉ် ၁ -ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမယ်
အစီအစဉ် ၂  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမယ်
အစီအစဉ် ၃  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းနဲ့ တွေ့ဆုံ မယ်
အစီအစဉ် ၄ ဒေါ်အောင်ဆန်း စုကြည်နေအိမ် မှာ ဒေါ်အာင်ဆန်းစုကြည်နဲ့ တွေ့ဆုံ
အစီအစဉ် ၅ အမေရိကန် သံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ တွေ့ဆုံ
အစီအစဉ် ၆ အမေရိကန် သံရုံးမှာ နေ့လည်စာသုံးဆောင်
အစီအစဉ် ၇ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ

အိုဘားမား လုံခြုံရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ရဲတပ်ရင်း ၁၀ရင်းစာနှင့် ရဲတပ်ဖွဲ့မော်တော် ကားနှင့် မော်တော် ဆိုင်ကယ် အစီး ၈၀ ကျော် လုံခြုံရေးအတွက် အသုံးပြုထားကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင်ရောက်ရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ် ကျော်ကျော်ထွန်းက Eleven Media Group သို့ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင်း လမ်းအချို့ ပိတ်ပင် မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ပထမဆုံး အကြိမ် လာရောက် လည်ပတ်မည့် ခရီးစဉ်ကြောင့် ရန်ကုန် မြို့တွင်း လမ်းအချို့ ပိတ်ပင် လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန် သည်။ အမေရိကန် သမ္မတ ယာဉ်တန်း ဖြတ်သန်းမည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည် လမ်းမကြီး အတိုင်း ရန်ကုန်မြို့တွင်း ရှိ ၁၀မိုင်လမ်းဆုံ ၊ ပြည်လမ်းဆုံ ၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ၊ ၈မိုင် လမ်းဆုံ၊ အေဒီမီးပွိုင့် (ပါရမီလမ်းဆုံ)၊ အင်လျားလမ်းဆုံ၊ လှည်းတန်း လမ်းဆုံ၊ ဟံသာဝတီ အဝိုင်း ၊ မြေ နီ ကုန်း မီးပွိုင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့၊ အလုံလမ်းဆုံ ၊ ဦးဝိစာရ အဝိုင်း၊ ရွှေတိဂုံ ဘုရား မြောက်ဘက်မုဒ် တို့ကို ယာဉ်တန်းမဖြတ်မီ မိနစ်၂၀ ခန့် ခေတ္တ ပိတ်ပင်သွားမည် ဖြစ်ကြောင်း အထက် ပါ ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထား သည်။ ၄င်းအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် (၉)နာရီမှ (၁၀) နာရီ အတွင်း၊ ညနေ (၃)နာရီမှ (၄)နာရီ အတွင်း ဆိုက်ရောက်/ ထွက်ခွာမည့် ပုံမှန် လေယာဉ် ခရီးစဉ် များ ခေတ္တ ဆိုင်းငံထားမည် ဖြစ်၍ ၎င်းအချိန် များနှင့် တိုက်ဆိုင်သော နံနက်ပိုင်း လေယာဉ် ခရီးစဉ်များကို နံနက် (၁၀)နာရီ နောက်ပိုင်းသို့ လည်းကောင်း၊ ညနေပိုင်း လေယာဉ် ခရီးစဉ်များကို ညနေ (၄)နာ ရီ နောက်ပိုင်းသို့ လည်းကောင်း ပြောင်းရွှေ့ စီစဉ်ထားရှိပြီး ပုံမှန် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်း မရှိကြောင်း လည်း ထုတ်ပြန် ကြေညာထားသည်။

ရွှေတိဂုံမဖူးရတဲ့ အိုဘားမား
အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်၌ သမိုင်းဝင် ရွှေတိဂုံစေတီတော် ကြီးအား သမ္မတကြီး ဦးသိန်းစိန်က လိုက်လံ ပို့ဆောင်မည့် အစီအစဉ်အား ဖျက်သိမ်းလိုက်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် ခရီးစဉ်ဖြတ်သိမ်း လိုက်ရခြင်းမှာ အမေရိကန် သမ္မတဖြစ်သူ အိုဘား မားက မြန်မာ့ ဓလေ့ထုံးတမ်းအရ ဘုရားရင်ပြင်တော်အတွင်း ၎င်းတို့ ဖိနပ်ချွတ် ရမည် ဖြစ်သော်လည် ၎င်းတို့၏ လုံခြုံရေးများ အနေဖြင့် ဖိနပ်မချွတ် နိုင်သောကြောင့် ခရီစဉ်အား ဖျက်သိမ်း လိုက်ခြင်းဖြ စ်ကြောင်း သိရသည်။

အိုဘားမားကြောင့် နာမည်ကျော်သွားသူ
အမေရိကန် သမ္မတအိုဘားမားအား ကြိုဆိုသော ပန်းချီပုံရေးဆွဲ ဖန်တီးခဲ့သည့် အသက်၁၉နှစ် အရွယ် အာကာကျော်ကို ယနေ့(နိုဝင်ဘာ ၁၉) ရန်ကုန်တက္ကသိုလ် ပြောကြားမည့် အိုဘားမား၏မိန့်ခွန်းကို တက်ေ ရာက် နားထောင်ရန် ဖိတ်ကြားခြင်းခံရကြောင်း သတင်းရရှိသည်။ 
“လုံးဝကိုထင်မထားဘူး။ အရမ်းဝမ်းသာတာဘဲ”ဟု အာကာကျော်က 7Day News ကိုဖြေကြားသည်။
အာကာကျော်သည် သမ္မတအိုဘားမားအား ကြိုဆိုသော ပုံတူကို ကန်တော်ကြီးပတ်လမ်းတွင် ပထမဆုံး အကြိမ်ရေးဆွဲပြီး ထိုပုံမှာ ဖျက်ဆီးခံခဲ့ရသည်။ ဒုတိယမြောက်ပုံတူကို ရွှေဂုံတိုင် လမ်းဆုံအနီး တွင် ထပ်မံေ ရးဆွဲခဲ့ပြီး ထိုပုံကိုလည်း ကားတစ်စီးဖြင့် လာရောက်ကာ ဆီဆေးအထုပ်များဖြင့် ပစ်ပေါက်ဖျက်ဆီးခံ ရသဖြင့် ပြန်ဆွဲထားရကြောင်း အာကာကျော်က ပြောသည်။

အမေရိကန်သမ္မတ အိုဘားမား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်သို့ရောက်ရှိ

Posted by drmyochit Monday, November 19, 2012, under | No comments


အမေရိကန်သမ္မတ အိုဘားမား သည် ယနေ့နံနက် ၉ နာရီ မိနစ်  ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာခဲ့ပြီး အိုဘားမားနှင့် အဖွဲ့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မီရှဲတို့ လာရောက်ကြိုဆိုခဲ့ ကြကြောင်း သိရသည်။ သမ္မတ အိုဘားမားနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံနေကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ ယနေ့အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူ အများအပြားက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

Eleven Media Group

အမေရိကန်သမ္မတကြီးအားလာရောက်ကြိုဆိုကြသည့် မြင်ကွင်းဓါတ်ပုံများ

Posted by drmyochit Monday, November 19, 2012, under | No comments














-ပြည်တွင်း ပြည်ပ မီဒီယာများမှာ ပုံများကို ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။






ပိုးသတ်ဆေး အလိုရှိသည် ( KIA ထံပေးစာ )

Posted by drmyochit Monday, November 19, 2012, under | No comments


စပါးကို ဖျက်ဆီးတာ စပါးထဲက ပိုး ၊ ၀ါကိုဖျက်တာ ၀ါထဲက ပိုး ... တဲ့ ။ ပန်းပွင့်ကို ဖျက်ဆီး တာကလည်း ပန်းပင်ကို မှီပြီးနေတဲ့ ပိုးပဲ ဖြစ်ပါတယ်။ KIA ဆိုတဲ့ အဖျက်သမား အုပ်စု တွေကလည်း ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး တွေကို ပြန်ပြီး ဖျက်ဆီးနေတဲ့ အဖျက်ပိုး တွေပဲ ဖြစ်တယ်။ ကချင် လူမျိုးတွေကို ဒုက္ခ ပေးနေတာ တခြား လူမျိုးတွေ မဟုတ်ပါဘူး။ ကချင် တိုင်းရင်းသား တွေထဲက KIA လို့ခေါ်တဲ့ ကချင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ပဲ ဖြစ်ပါတယ်။
ရွှေလီမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကနေ KIA , KIO အဖွဲ့တွေကို မေတ္တာ ရပ်ခံခဲ့တဲ့ စကားလေး ရှိပါတယ်။ " ကချင် ပြည်နယ် ရဲ့ ဝေးလံ ခေါင်သီ တဲ့ ဒေသတွေမှာ ကချင်လူမျိုးတွေ သိပ်ကို ဆင်းရဲဒုက္ခ ရောက်နေ ကြတယ်။ ရိက္ခာ နဲ့ ဆေးဝါးတွေ လိုအပ်နေတယ် ၊ ဒါကြောင့် အခု ပွင့်လင်းရာသီ မှာ ပျက်စီး သွားတဲ့ လမ်း ၊ တံတား တွေကို ပြုပြင်မယ် ၊ KIA အဖွဲ့က မနှောင့်ယှက်ဘဲ ၀ိုင်းဝန်း ကူညီပေးကြပါ ..... " လို့ မေတ္တာ ရပ်ခံခဲ့တာ ကြားခဲ့ရပါတယ်။ ဒါပေမယ့် KIA အဖွဲ့က လမ်းတွေ ၊ တံတားတွေကို ဆက်ပြီးတော့ မိုင်းခွဲ ဖျက်ဆီး နေတုန်းပါပဲ။ ပိုပြီးတော့ မိုက်ဇာတ်တွေ ခင်းလာတာ တွေ့ရတယ်။ သနားစရာ ကောင်းတာက မြေဇာပင် ဒေသခံ ကချင် လူမျိုး တွေပဲ ဖြစ်ပါတယ်။ ဒေသခံ တို့ခမျာ KIA ကြောင့် နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း ဘ၀ ဖြစ်နေရ ရှာတယ်။ ကလေးတွေလည်း စာမေးပွဲက နီးလာပြီး စာကို ကောင်းကောင်း မသင်ယူ နိုင်ဘဲ ကျောင်းတွေ ခဏခဏ ပိတ်ထား ကြရတယ်။  KIA က ရဲဘော်သစ် စုဆောင်းလိုက် တာမှ အကျဉ်းသား တွေကိုတောင် အလွတ် မပေးပါဘူး။ KIA က စစ်အသုံး စရိတ်အတွက် ဆက်ကြေး ကောက်နေတာ ကလည်း ကြောက်ခမန်း လိလိပါ။ လယ်မလုပ် နိုင်တဲ့ တောင်သူ တွေအပေါ် လယ်တစ်ဧက ကို စပါး တစ်တင်း ။ ကားပိုင်ရှင် တွေလဲ ဆက်ကြေးပေး မလွတ်ပါဘူး။ ကားတစ်စီးကို ငွေကျပ် ၃၀၀၀၀ ၊ ကုန်ကားကြီး ဆိုရင် ငွေကျပ် ၅၀၀၀၀ သတ်မှတ် ကောက်ခံတယ်။ မိုးကောင်း ၊ ဟိုပင် တို့ဘက်မှာ KIA က အခွန်ငွေ ကျပ်သိန်း ၂၅၀ ပေးရမယ် လို့ တရားဝင်စာ ထွက်ပြီး တောင်းတယ်။ ပိုဆိုးတာက ဖားကန့် မြို့ပေါ်က လုပ်ငန်းရှင် တွေကို ဆက်ကြေး ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် တောင်းလိုက် တာပဲ ဖြစ်ပါတယ်။ လမ်းဘေး ယာဉ်ထိန်းရဲ က စည်းကမ်းမဲ့ လိုင်းကား စပယ်ယာ ဆီကနေ ၂၀၀ ကျပ်တန် အစုတ်ကလေး ယူလိုက်တာကို မေးငေါ့ ကြသူများ KIA သောင်းကျန်းသူ တွေ ဆက်ကြေးကောက် တာကို ရေငုံနှုတ်ပိတ် နေကြတာ မထူးပေမယ့် ဆန်း တာတော့ အမှန်ပါ။
စပါးကို ဖျက်တာ စပါးထဲက .. ပိုး ၊ ၀ါးကို ဖျက်တာ ၀ါးထဲက .. ပိုး ၊ ကချင်လူမျိုး တွေကို ဖျက်ဆီးနေတာ ၊ လူညွန့်တုံး အောင် ဖျက်ဆီးနေတာ KIA ၊ KIO ဆိုတဲ့ အဖျက်သမား ပိုး တွေပဲ ဖြစ်ပါတယ်။ ဒီ အဖျက်ပိုး တွေကို ပိုးသတ်ဆေး ကောင်းကောင်းနဲ့ အားလုံးက ၀ိုင်းဝန်း နှိမ်နင်းကြပါမှ တော်ကာကြ ပါမယ်။ ပိုးသတ်ဆေး နဲ့ မလုံလောက် သေးရင် အမြစ်ကနေ မြေလှန်နုတ် ပစ်ဖို့ အချိန်တန် နေပါပြီ။ ဒီပိုးကို ဆက်မွေးထားရင် ရှိရှိသမျှ အပင် ၊ အပွင့် ၊ အသီး ၊ အရွက် တွေမကျန် ဖျက်ဆီး သွားမှာ ဖြစ်တယ်လို့ တင်ပြလိုက် ပါတယ်။

ရန်ကုန်တက္ကသိုလ် တွင် ပြောကြားမည့် အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ

Posted by drmyochit Monday, November 19, 2012, under | No comments



အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကို လာခဲ့တာ လို့ပဲပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာ ပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေ ပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။
တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ၀တ်စုံဖြူတွေ၊ ၀တ်ပြီးသွားတွေ့ အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက် တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့ တွေ့ခဲ့ရပါတယ်။  ဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ အကြောင်း၊ ကျောင်းသားတွေရဲ့ အသံ၊ လွတ်လပ်ခြင်း သီချင်းတွေကို သီကျူးနေတဲ့ ဟစ်ပ်ဟော့ပ် ဂီတသမားတွေရဲ့ အသံ၊ အားလုံးကိုလည်း ကျနော်တို့ ကြားခဲ့ရပါတယ်။ ပြည်ပမှာ ရောက်ရှိနေပြီး အမိမြေနဲ့ မိသားစုထံ အမြဲတမ်း တဆက်သွယ်ချင်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်ပရောက် အင်အားစုတွေ အကြောင်းလည်း ကျနော်တို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အံ့မခန်း ဂုဏ်သိက္ခာ ကြီးမားမှုကိုလည်း ကျနော်တို့ လေးစားအား ကျခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက် နှလုံးသားခိုင်မြဲသူတွေကို ဘယ်လိုမှ အကျဉ်းချထားလို့ မရနိုင်ဘူးဆိုတာ သက်သေပြခဲ့တာပါ။ သမ္မတရာထူး လက်ခံခဲ့တဲ့ အချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ကျနော် သ၀ဏ်လွှာစကား ပါးခဲ့ဖူးပါတယ်။ အဲဒါကတော့ - “တင်းကြပ်တဲ့ လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း လက်ကမ်းပါမယ်” ဆိုတဲ့ စကားပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလ အတွင်းမှာပဲ၊ အပြောင်းအလဲတွေဟာ အရှိန်အဟုန် နဲ့ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ၅ ခုကြာ၊ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ချုပ်ကိုင်မှုတွေကို ဖြေလျော့လာခဲ့ပါပြီ။

သမ္မတဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလား တဲ့ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက် လာခဲ့ပါပြီ။ အခုဆိုရင်၊ အရပ်သားအစိုးရတခုနဲ့ အတူ၊ ပြည်သူ့လွှတ်တော်ဟာလည်း အင်အားယူပေါ် ထွက်လာနေပါပြီ။ တချိန်က တရားမ၀င်ဖြစ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုလျှင်လည်း၊ ရွေးကောက်ပွဲ ၀င်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီပြီ လွတ်မြောက်လာခဲ့သလို၊ အဓမ္မလုပ်အား စေခိုင်းမှုတွေကို တားဆီးမှုတွေ ရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမအပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေလည်း ပေါ်လာနေပါပြီ။
ဒါ့ကြောင့် ဒီနေ့မှာ ကျနော်အနေနဲ့ ပေးခဲ့တဲ့ကတိအတိုင်း၊ မိတ်ဆွေအဖြစ် လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။ အခုဆိုရင်၊ ရန်ကုန်မြို့မှာ အမေရိကန်သံအမတ်ကြီးလည်း ရှိနေပါပြီ။ ပိတ်ဆို့ဒဏ်ခတ် မှုတွေလည်း လျှော့ချထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည် နာလန်ထူနိုင်ပြီး၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ပေါ်လာအောင် ကျနော်တို့ ကူညီပါ့မယ်။ ဒါဟာ တကမ္ဘာလုံးဖွံ့ဖြိုး ဖို့အတွက် အင်အားတရပ်လည်းဖြစ်စေရပါမယ်။ ဒါပေမဲ့လည်း ဒီခရီးဟာ အခုမှ အစပဲရှိသေးပြီး၊ ရှေ့ဆက်အများကြီး သွားရအုံးမှာပါ။ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိပ်ပိုင်းကနေ၊ ဆင်းသက်လာတဲ့ ပြုပြင်ပြောင်းလဲ ရေးတွေဟာ အခြေခံမှာရှိနေတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းမှုတွေနဲ့ တထပ်တည်းရှိ ဖို့လိုပါတယ်။ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှု ရောင်ခြည်မီးပွားလေးတွေ၊ ငြိမ်းမသွားစေရေးနဲ့ ဒီမီးပွားလေးတွေဟာ မြန်မာပြည်သူ တရပ်လုံးအတွက်၊ ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီးလို ဖြစ်သွားစေဖို့ လိုပါတယ်။
အဖိနှိပ်ခံရမှုတွေအစား အားလုံးစုံရုံးပိုင်ခွင့်ကို အပြည့်အ၀လေးစား လိုက်နာရပါမယ်။ ချုပ်ချယ်ကန့်သတ် မှုတွေအစား သတင်းဆင်ဆာ ဖြတ်တောက်မှုတွေကို ဆက်ပြီးဖယ်ရှားသွား ရပါလိမ့်မယ်။  ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်သွားရင်၊ တိုးတက်မှုတွေ တွေ့လာမှာပါ။  မြစ်ဆုံရေကာတာ စီမံကိန်းမှာဆိုရင်၊ ကန့်ကွက်ကြတဲ့ ပြည်သူတွေရဲ့ အသံကို လစ်လျူမရှု့ဘဲ၊ လေးစားလိုက်နာခဲ့တာကို တွေ့ခဲ့ရပါပြီ။
မတရားအသင်းလို့ ကြေငြာမှုတွေ မရှိတော့ဘဲ နိုင်ငံရေးပါတီ တွေကိုလည်း  လှုပ်ရှားလုပ်ဆောင်ခွင့်တွေ ပေးလာနေပါပြီ။ လွှတ်တော်ရွေးကောက်ပွဲ တွေတုန်းကဆိုရင်၊ မဲဆန္ဒရှင်တဦးက - ကျနော့်အဖိုးအဖွားတွေ၊ တချိန်လုံးစောင့်ဆိုင်းခဲ့ပြီး၊ မတွေ့သွားတဲ့ ဒီအခွင့်အရေးပါပဲလို့ ပြောခဲ့တာ ကြားရပါတယ်။
ဒီလိုမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အာဏာရှိသူတွေအနေနဲ့ သဘောထားကြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ပုံစံပါပဲ။ အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သား အစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်တို့ ကိုယ်တိုင်ဟာ သမ္မတ  နိုင်ငံတော် စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက် လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်း လို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်း ဖြစ်နေလို့ပါပဲ။ ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ရောက်ချင်တဲ့အနာဂတ်ကို ရောက်အောင်သွားနိုင်မှာပါ။ အဲဒီအနာဂတ်မှာဆိုရင်၊ နိုင်ငံရေးအကျဉ်းသား တစ်ယောက် ရှိနေတယ်ဆိုရင်တောင်  များလွန်းလှပြီလို့ ဆိုကြပါလိမ့်မယ်။ ဥပဒေဟာလည်း ခေါင်းဆောင်တွေရဲ့ အထက်မှာရှိနေပြီး၊ ဘယ်ကလေး သူငယ်ကိုမှလည်း စစ်သားအဖြစ် ခိုင်းစားတာ မျိုးမရှိသလို၊ ဘယ်အမျိုးသမီးကိုမှလည်း မတရားခေါင်း ပုံဖြတ်တာ မရှိတော့ပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှု အောက်မှာရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ သူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်လည်း ရှိနေမယ့် အနာဂတ်ဖြစ်ပါတယ်။ ဒီခရီးလမ်းကို ရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။ လူထုလူတ မနးစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးလေးစားတဲ့ စစ်တပ်တရပ်ဖြစ်လာစေဖို့ ၊ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ အတူ၊ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလုပ်ဆောင်လာနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ကူညီသွားမှာပါ။
နိုင်ငံသားဆိုတာကို  အဓိပ္ပါယ်ဖွင့်ဆိုဖို့  ဘယ်နိုင်ငံမဆို  အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။  အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး  အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။  ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။  ဘယ်သူဖြစ်ဖြစ်  အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။  မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။  သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့  ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး  သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင်  ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။  မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။
ကျနော့် နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲတဲ့ ဘ၀အတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊  မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ ဘာသာ အယူဝါဒမရှိသူတွေ အတူနေကြတဲ့ နိုင်ငံပါ။  ကျနော်တို့ နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့  ယဉ်ကျေးမှု မျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။ ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေ ရှိခဲ့ပေမယ့်  လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးထဲကနေ ဖယ်ရှားနိုင်စွမ်း ရှိတယ်၊  ဘာသာ နဲ့ လူမျိုးဆိုတဲ့  ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်ပါတယ်  ဆိုတာကို  သမိုင်းကပြနေပါတယ်။  တကယ်တမ်း  ဘာကျန်နေသလဲဆိုတော့ ရိုးသားတဲ့ အမှန်တရား ပါပဲ။ အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီး ရှိပေမယ့် ကျနော်တို့ဟာ တစိတ်ထဲ တ၀မ်းထဲ လူမျိုး တမျိုးထဲပါ။  ကာလကြာလာတာနဲ့ အမျှ  ဒီအမှန်တရား ကနေ ကျနော်တို့ နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့  ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။  ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့  ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ  ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။  ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။   ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ  ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။  ဒါ့ကြောင့်  ဒီနိုင်ငံမှာလည်း  မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်