Monday, December 31, 2012

ကြေငြာချက်ထုတ်ချင်သည့် ၈၈ တို့အတွက် မေးခွန်းများ

Posted by drmyochit Monday, December 31, 2012, under | 1 comment

ရခိုင် အရေးဖြစ်တော့ ရန်ကုန်ကနေ ကြေငြာချက် ထုတ်တယ်။ လက်ပံတောင်းမှာ လှုပ်ရှားနေတုန်းက သံ မထွက်ဘဲ မီးလောင်ပြီးတော့ အပြေးအလွှားသွားကြည့်ကြတယ်။ ကော်မရှင်ဖွဲ့တော့ မပါပြန်ဘူး။ စစ်ပွဲေ လး စချိန်မှာ ကေအိုင်အေနဲ့ ညှိပြီး ကချင်ပြည်နယ်မှာ ကခုန်ပျော်ပါးခဲ့ကြတယ်။ သွေးခွဲ စကားတွေ၊ အထောက် အပံ့စကားတွေ ပြောခဲ့ပြီး အခုတော့ ကြေငြာချက် တစ်ခု ထပ်ထွက်လာပြန်ပြီ။ ဒါဖြင့် မင်းကိုနိုင် တို့ အားလုံးကို ဒါလေးတွေ မေးလိုက်ချင်တယ်။

ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်

Posted by drmyochit Monday, December 31, 2012, under | No comments

ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်

ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့တွင် ကချင်တိုင်းရင်းသားမိသားစုများ စုဝေးကြပြီး ကချင်ပြည်နယ်တွင်း အစိုးရတပ်များက ထိုးစစ်များပြင်းထန်စွာ တိုက်ခိုက်နေမှုများကို ရပ်ရေး ဆုတောင်းပွဲနှင့် ဆန္ဒပြ ထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည်။ ကချင်အရေး စိတ်ဝင်စားသူ လူဦးရေ ၅၀ ခန့် တက်ရောက်ကြပြီး လက်ရှိ ပြည်တွင်းစစ်ဒဏ်ခံစားနေရသူ ကချင်ပြည်သူများအတွက် ဆုတောင်းခြင်း၊ ထိုးစစ်များ ရပ်စဲရေး ဆန္ဒထုတ်ဖော် လမ်းလျောက်ခြင်းနှင့် ကယ်လီဖိုးနီးယား အထက်နှင့် အောက်လွှတ်တော်အမတ်များထံ ကချင်ပြည်နယ်ငြိမ်းချမ်းရေး တောင်းဆိုသည့် လက်မှတ်များ စူဆောင်းသည့် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။

ကချင် ငြိမ်းချမ်းရေး ၈၈ ကျောင်းသားများ ကြားဝင်စေ့စပ်မည်

Posted by drmyochit Monday, December 31, 2012, under | No comments

စစ်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမည် ဖြစ်သည်။

လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ်ကျရောက်

Posted by drmyochit Monday, December 31, 2012, under | No comments

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း သိရပါသည်။

အိန္ဒိယရောက် မြန်မာအမျိုးသမီးများ ထိတ်လန့်

Posted by drmyochit Monday, December 31, 2012, under | No comments


အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ ဆေးကျောင်းသူအတွက် ဆုတောင်းပေးနေကြ တာပါ။ 

ပြီးတဲ့ သီတင်း နှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့် သေဆုံးသွား ခဲ့ရပြီး၊ ဒီကနေ့ပဲ သင်ဂြိုလ်လိုက်တဲ့ အသက် ၂၃ နှစ် ဆေးကျောင်းသူလေး ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေကြားမှာလည်း စိုးထိတ်မှုတွေရှိနေကြပါတယ်။ 

ဧရာဝတီမြစ်ကြောင်းတွင် သင်္ဘောများပေါ် ပစ္စည်းခိုးခြင်း၊ လေးခွဖြင့်ပစ်ခြင်းများ ကြုံတွေ့ရ

Posted by drmyochit Monday, December 31, 2012, under | No comments

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဖြစ်သော ဧရာဝတီမြစ်အတွင်း ဗန်းမော် မြို့နှင့် မန္တလေးမြို့ ပြေးဆွဲလျက်ရှိ သော သင်္ဘောများပေါ်သို့ တက်၍ ပစ္စည်းများကို ခိုးယူခြင်းနှင့် ခိုးမရပါက လေးခွဖြင့်ပစ်၍ ပြေးသော ဖြစ်ရပ် များ ဖြစ်ပွားလျက် ရှိကြောင်း မန္တလေးဆိပ် ကမ်းရှိ ရေယာဉ်လုပ်သားများနှင့် အဆိုပါ ခရီးစဉ်သို့ နိုင်ငံခြား သား ဧည့်သည်များ နှင့် သွားရောက်ခဲ့သူ ဧည့်လမ်းညွှန် ဦးသက်ဦးတို့ထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့် နင်းခဲ့သည့် ဖြစ်ရပ် အပေါ်မြန်မာ နိုင်ငံသားများ မှ ကျေနပ်မှုမရှိ

Posted by drmyochit Monday, December 31, 2012, under | No comments

Photo: နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့်နင်းခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ
Monday, 31 December 2012

နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏မုန်းတီးစိတ်ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ြ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သုံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆိုသွားသည်။ ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း  လုံးဝကျေနပ်မှုမရှိကြောင်းသိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်အမြတ်တနိုးထားကိုင်တွယ်ခဲ့တဲ့ နိုင်ငံတော်အလံပါ။ ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆိုသွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။
နိုင်ငံတော် အလံကို ခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာ နိုင်ငံသား များ၏ မုန်းတီးစိတ် ကိုပိုဖြစ် ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော် သံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော် အလံအား ခြေဖြင့် နင်းပြီး ဓာတ်ပုံ အရိုက်ခံကာ မီးရှို့ခဲ့ကြောင်း သတင်း ဓာတ်ပုံများ အရ တွေ့ရှိ ရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံး ၀မဖြစ်သင့် တဲ့ကိစ္စပါ။

ပုသိမ်-ချောင်းသာ မှန်လုံအမြန်ယာဉ် ချောင်းထဲကျ၊ ၁ ဦးသေ၊ ၁၄ ဦး ပုသိမ်ဆေးရုံရောက်"

Posted by drmyochit Monday, December 31, 2012, under | No comments

ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်း ထဲသို့ ထိုးကျခဲ့ကြောင်းသိရသည်။

သမီးလေးယောက်နှင့်အတူ မီးရှို့အသေခံခဲ့သည့်မိခင်

Posted by drmyochit Monday, December 31, 2012, under | No comments


အိုကလား ဟိုးမားမြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မီးလောင်မှုတစ် ခု ဖြစ်ပွားခဲ့ရာ မိခင် တစ်ဦးသည် သူမနှင့် အတူ သမီးလေးယောက် ကို မီးရှို့သတ်သေ သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ သည်။

ဦးနှောက်ယိုစီးမှုနှင့် ပညာရေး မိုးခေါင်မှု

Posted by drmyochit Monday, December 31, 2012, under | No comments

ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ ဒီနေ့ အထိ တိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ် ပြဿနာ၊ အထူးသဖြင့် ပညာတတ် ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့ တည်ဆောက် နေကြ တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။

ကား ၈ စီးဆင့်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၈ ဦးဒဏ်ရာရရှိခဲ့

Posted by drmyochit Monday, December 31, 2012, under | No comments

နံနက် ၈ နာရီ ၁၅ မိနစ်တွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမနှင့် အနော်ရထာလမ်းမကြီး အနီးတွင် အနောက်ပိုင်း ယာဉ်လိုင်း ၂၂၆ မှ အရှိန်လွန်ယာဉ်တိုက်မှုကြောင့် ကား ၈ စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် လူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

စကားပါရွာအနီး သစ်ခွပင်ရှာသူတစ်ဥိး ကေအိုင်အေထောင်ထားသောမိုင်းနင်း

Posted by drmyochit Monday, December 31, 2012, under | No comments


ဆဒုံး ဒီဇင်ဘာ၃၁
စကားပါရွာမှ ၁၃နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ခွပင်ရှာရန် တောထဲသို့သွားစဉ် မနေ့ နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်က ကေအိုင်အေထောင်ထားသော မိုင်းနင်မိခဲ့ပါသည်။ မိုင်းနင်းမိတာကြောင့် ညဘက် ခြေထောက်ပြတ်သွားပြီး ဒဏ်ရာရရှိခဲ့သည်။

တောင်နီရွာအနီးတွင်ကေအိုင်အေမှ ရထားလမ်းမိုင်းခွဲ

Posted by drmyochit Monday, December 31, 2012, under | No comments

မိုးကောင်း ဒီဇင်ဘာ ၃၁
မနေ့မနက် ၃နာရီလောက်မှာ တောင်နီရွာနဲ့ မင်းကုန်းရွာကြားတွင် ကေအိုင်အေက မိုင်းဖောက်ခွဲခဲ့ ပါသည်။ မိုင်းဖောက်ခွဲမှုကြောင့် ရထားသံလမ်းပျက်စီးသွားခဲ့ပါသည်။ ညအချိန်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်မှု မရှိခဲ့ပါ။ မန္တလေး- မြစ်ကြီးနား ရထားအား ပုံမှန်ဆက်လက်သွားနိုင်ရန်မိုးကောင်း မီးရထား တာဝန်ရှိ သူများက ၁၀ နာရီလောက်တွင်ပြန်လည်ပြင်ဆင်ခဲ့သည်ဟုသိရှိရပါသည်။ ၃၀ ရက်နေ့ နေ့လည်ကစပြီး ရထား များ ပုံမှန်သွား လာနိုင်သည်ဟု မီးရထားမှာ တာဝန်ရှိသူများကပြောကြားခဲ့သည်။

အမေရိကန်၊၀ါရှင်တန်မြန်မာ သံရုံးရှေ့တွင် ကချင်တိုင်း ရင်းသားများ ဆန္ဒပြ( ရုပ်သံ)

Posted by drmyochit Monday, December 31, 2012, under | No comments

(30/12/2012) ရက်နေ့ အမေရိကန်ရှိကချင် တိုင်းရင်းသားများမှ အမေရိကန်နိုင်ငံ ၀ါရှင်တန် မြို့တော် ရှိ မြန်မာ သံရုံးရှေ့တွင်စုဝေးကာ လက်ရှိမြန်မာ အစိုးရစစ်တပ် ၏ ကချင် ဒေသ ထိုးစစ်အပါ အ၀င် တိုင်းရင်းသားဒေသ များအားထိုးစစ်ဆင် ခြင်းအားဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲ တရပ် ပြုလုပ် သွားကြောင်း သတင်းရရှိပါသည်။

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်

Posted by drmyochit Monday, December 31, 2012, under | No comments


ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းေ ကျာ် က ပြောပါသည်။ 

မုဒိန်းမှု ကျင့်ခံရသူ အိန္ဒိယ မိန်းကလေး ကွယ်လွန်၊ ဆန္ဒပြပွဲများ အတွက် အိန္ဒိယရဲကို တပ်လှန့်

Posted by drmyochit Monday, December 31, 2012, under | No comments

နယူးဒေလီ၊ ဒီဇင်ဘာ ၂၉

ဘက်စ်ကား ပေါ်တွင် အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း ခံရသဖြင့် စင်္ကာပူတွင် သွားရောက် ဆေးကုသမှု ခံယူနေသော အိန္ဒိယသူ သေဆုံး သွားသောကြောင့် ဒေါသ ထွက်နေသော လူအုပ်ကြီး၏ အခြေအနေကို စောင့်ကြည့် ထိန်းချုပ်နိုင်ရန် အတွက် အိန္ဒိယ ရဲတပ်ဖွဲ့ကို တပ်လှန့် ထားကြောင်း BBC သတင်း တစ်ရပ် တွင် ဖော်ပြထား သည်။

NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်

Posted by drmyochit Monday, December 31, 2012, under | No comments



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

အယ်လဂျာဇီးယား ရုပ်သံလွှင့်မှ လိမ်ညာပြီး သတင်းထုတ်လွှင့်မှူကို ဖေါ်ထုတ်လိုက်ခြင်း

Posted by drmyochit Monday, December 31, 2012, under | No comments


အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသောလူမျိုးတုံးသတ်ဖြတ်မှု(Hidden Genocide)’ သတင်းမှတ်တမ်းဗီဒီယို

ရှင်းလင်းချက်

အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသောလူမျိုးတုံးသတ်ဖြတ်မှု (Hidden Genocide)’ သတင်း မှတ်တမ်း ဗီဒီယိုတွင် ပါဝင်သည့် လိမ်ညာမှု များနှင့်ကြိုး ကိုင် လှုပ်ရှား မှုများကို ဖော်ထုတ် ဖွင့်ချခြင်း အံ့ဩ ဖွယ်ရာ လိမ်လည်မှု၊ အဖြစ်မှန်ကို ပုံသဏ္ဌာန်ပျက်ယွင်းအောင်လုပ်ဆောင်မှု၊ မရိုး ဖြောင့်မှု တို့ကြောင့် (ဤ မှတ်တမ်း ဗီဒီယိုကို)‘ လူမျိုးတုံး သတ်ဖြတ်မှုဟု လွဲမှားစွာ စွပ်စွဲနိုင်စေ ရန်ခိုးကြောင် ခိုးဝှက် ကြို တင်ကြံ စည်မှုအစီအစဉ် (The Hidden Agenda to falsely charge Genocide)’ ဟု ခေါ်ဆိုသင့်သည်။

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ဆုရရှိသူများစာရင်း

Posted by drmyochit Monday, December 31, 2012, under | No comments



၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လိုစဉ်းစားပေးမှာလဲ KIA ?

Posted by drmyochit Monday, December 31, 2012, under | No comments


KIA ကို တိုင်းရင်း သားတွေရဲ့အခွင့် အရေး အတွက် လက်နက် ကိုင် တိုက်ပွဲ ၀င်နေ တဲ့အဖွဲ့လို့ အရင်က စိတ်ထဲ မှာ အသိ အမှတ်ပြု ခဲ့သေးတယ်။ ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာ တာက နိုင်ငံရေး ခံယူချက် မည်မည် ရရ မရှိတဲ့ အဖွဲ့တစ်ခု ဆိုတာ ပါပဲ။ ဘယ် လိုနိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲ ၀င်နေ တာလဲ၊ (အကယ်၍) ကချင်ပြည်နယ်ကို KIA လက်ထဲ ထည့်ပြီး “ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ” ဆိုရင် ဘယ်လို ဖွဲ့စည်းပုံနဲ့ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား၊ ကချင်လူထု အကျိုး အတွက် လုပ်ကိုင်ဆောင်  ရွက်နေ တဲ့ အဖွဲ့ဖြစ် တယ်ဆို တာသေ ချာရဲ့လား ဆိုတဲ့မေး ခွန်းတွေ ကိုမေးခွန်း ထုတ်ရ ပါလိမ့်မယ်။

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား ပြည်သူများ တောင်းဆို

Posted by drmyochit Monday, December 31, 2012, under | No comments


ကချင်ဒေသတွင် စစ်ပွဲများရပ်တန့်ပေးရေးနှင့် ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ပေးရေး တောင်းဆိုသည့် အခမ်းအနား ကျင်းပနေစဉ် 

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန် တရားမျ တသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား အရပ်ဖက်အဖွဲ့အစည်း များမှ ပြည်သူ များက တောင်းဆိုမှု ပြုလုပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမ ကျောင်းကွေ့မှတ်တိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား

Posted by drmyochit Monday, December 31, 2012, under | No comments

ဒီဇင်ဘာလ ၃၀ ရက် ည ၁၁ နာရီအချိန်ခန့်တွင် သာကေတ မြို့နယ်၊ ဧရာဝဏ်လမ်းမ ကျောင်းကွေ့ မှတ်တိုင် အနီးတွင် ယာဉ်နှစ်စီး တိုက်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

"တရုတ်နိုင်ငံသားတွေ မြန်မာက သစ်ထုတ်လုပ်ဖို့ အင်အား ရာနဲ့ချီ ရောက်ရှိ "

Posted by drmyochit Monday, December 31, 2012, under | No comments

တရုတ်လူမျိုး အလုပ်သမား ၃၀၀ လောက် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ တရားမ၀င် သစ်ခိုး ထုတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။ 

ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်

Posted by drmyochit Monday, December 31, 2012, under | No comments

From : the voice

ဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦ လုပ်ငန်း လုပ်ကိုင်သော NEC ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ကြေညာ ခဲ့သည်။ ၃၅ နှစ်ကြာ ဖြတ်သန်း လာသော အတွေ့အကြုံ အရ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အိတ်ချိန်းများ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဂြိုလ်တု အခြေစိုက် စခန်းများ၊ ရုပ်သံ ထုတ်လွှင့်သည့် အဆောက်အဦများ စသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စား နေကြောင်း NEC ကော်ပိုရေးရှင်းမှ Greater China and Asia Pacific Sales Division ၏ အထွေထွေ မန်နေဂျာ Shin Sakamoto မှ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေနှင့် ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်၍ ဇန်နဝါရီလ အတွင်း လုပ်ငန်းများ စတင် လုပ်ကိုင် ရန် ရည်ရွယ်ထားပြီး မကြာမီ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ် သွားရန် စီစဉ်နေသည်။

စက်မှုလုပ်ငန်းများကို ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက် ခုနစ်နာရီမီးဖြတ်မည်

Posted by drmyochit Monday, December 31, 2012, under | No comments


လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျ လာသည့် အတွက် လာမည့် ဇန်န၀ါရီ ၁ ရက်မှစ၍ စက်မှု လုပ်ငန်း များကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခုနစ်နာရီကြာ လျှပ်စစ် မီးဖြတ်တောက် သွား မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်