Sunday, January 27, 2013

ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်

Posted by drmyochit Sunday, January 27, 2013, under | No comments

ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော်က ပြောပါတယ်။ အစိုးရစစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက်နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်၌ တပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်

Posted by drmyochit Sunday, January 27, 2013, under | No comments

RCSS/SSA သျှမ်းပြည်တပ်မတော်မှတပ်သားများ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်အတွင်း၌ ရှမ်းပြည်တပ်မတော် RCSS/ SSA နှင့် အစိုးရတပ်တို့ ယခုတပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွါး ခဲ့ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။

“၁၉ ရက်နေ့မှာနဲ့ ၂၁-၂၂ ရက်နေ့တွေမှာ ၃ ကြိမ်ဖြစ်ပွါးတယ်။ တောင်ပိုင်း သျှမ်းတပ်ဖွဲ့နဲ့ မြန်မာ့ တပ် မတော် ပေါ့။ ဆနိန်းရွာဘက် ကပေါ့။ အခုလဆန်းပိုင်းက သျှမ်းတပ်ဖွဲ့က စစ်သား ၂ ယောက်ဆိုင် ကယ် စီး တာကို မြန်မာ စစ်တပ်ကတွေ့တော့ လိုက်ပစ်တယ်။ သျှမ်းစစ်သား ၂ ယောက်ကလဲ ဆိုင်ကယ် ပစ်ပြီး ထွက်ပြေး တယ်။ သူတို့ဆိုင်ကယ် ဗမာစစ်သား သိမ်းသွားတယ်။ အဲဒီကစပြီးတော့ သျှမ်းတပ်က ပြန်စောင့် ရင်းနဲ့ အခုလို တိုက်ပွဲဖြစ်သွားတာ” ဟု ပင်လုံရောက် ဆနိန်းဒေသခံကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အီရန်သံရုံး ဖွင့်မည်

Posted by drmyochit Sunday, January 27, 2013, under | No comments

နျူကလီးယားကိစ္စနှင့် ပတ်သက်၍ အနောက်အုပ်စုများနှင့် ဆက်ဆံရေး တင်းမာနေသော အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက မြန်မာနိုင်ငံတွင် သံရုံးဖွင့်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း အီရန်နိုင်ငံအခြေစိုက် သတင်း မီဒီယာ များတွင် ဖော်ပြထားသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်