Wednesday, April 03, 2013

လူ့ဦးနှောက် ၏ မှတ်သားသိမ်းဆည်းနိုင်မှု ပမာဏ - Memory Storage

Posted by drmyochit Wednesday, April 03, 2013, under | No comments



လူ့ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှု ပမာဏကို ဆေးပ ညာရှင်နဲ့ သိပ္ပံ ပညာရှင်တို့ ပူးပေါင်း၍ ရှာဖွေ ဖော် ထုတ် ထား ပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီတော့ မတူနိုင်ပါဘူး။ ပျှမ်းမျှ ယူးထားတာ ဖြစ် ပါတယ်။ လူ့ ဦးနှောက် တစ်လုံးရဲ့  မှတ်သားနိုင် မှုက 256 Exabytes ဖြစ် ပါ တယ်။ Exabyte ဆိုတာ သန်း ၁ထောင် ( ၁ ဘီလျံ ) ကိုယ်စားပြု ပါတယ်။ ဒီတော့ 256 billion Gigabytes ရှိပါတယ်။ ဒီတော့ PC ၁.၂ ဘီလျံ အလုံးရေ မှာ ပါဝင်တဲ့ Hard drive ပေါင်း အရေအတွက်နဲ့ အတူတူပါပဲ။ ဖလောပီ Disk နဲ့ လမ်းခင်းရင် လကို ကျော်လွန်ပါတယ်။

ဒီတော့ လူတစ်ဦးရဲ့  ဦးနှောက်တွင်းက မှတ်ဥာဏ်အားလုံးကို ကွန်ပြူတာထဲ ထည့်သွင်း မယ်ဆိုရင် Google Data Center တစ်ခု တောင် မလုံလောက် ပါဘူး။ 256 billion Gigabytes မှတ်သားနိုင် တဲ့အတွက် လူသားတွေ ကို ကမ္ဘာ့အကြီးဆုံး Memory Storage Machine/Device အဖြစ် သတ် မှတ်နိုင်ကြောင်း သိရပါတယ်။
--
Ref: technote
ရိုးရာလေး ဗဟုသုတ

မြန်မာတိုင်းရင်းသားတွေကို ဂျပန်ကူညီမယ်

Posted by drmyochit Wednesday, April 03, 2013, under | No comments


မြန်မာနိုင်ငံက ​တိုင်းရင်းသားလူနည်းစုတွေကို ​အကူညီတွေတိုက်ရိုက်ပေးနိုင်ဖို့အတွက် ​အသင့် အနေ ထားမှာ ရှိနေပြီးလို့ ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ် ​Shinzo ​Abe ​က ​မနေ့ကပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe (Credit: Reuters) 

ဂျပန်နိုင်ငံ ​တိုကျိုမြို့မှာ ​ရောက်ရှိနေတဲ့ ​တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ​ကိုယ်စားလှယ်တွေ ​ပြောပြချက် အရ ​ဂျပန်နိုင်ငံ အနေနဲ့ ​မြန်မာနိုင်ငံက ​တိုင်းရင်းသား ​တွေကို ​တိုက်ရိုက် ​အကူအညီ ​ပေးနိုင်မယ့် ​မူဘောင် တခုကို ​စတင်ပြုလုပ် မယ်လို့ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံနဲ့ ​နေရာသုံးခုဖြစ်တဲ့ ​ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ ​အရေ အချင်းမြင့် တင်ရေး နဲ့ ​အခြေခံအဆောက်အဦး ​ဆောက်လုပ်ရေးတွေမှာ ​ပူးပေါင်း လုပ်ဆောင် မှုတွေ လုပ်နေပြီး ​ဆက် လက်ပြီးတော့လည်း ​ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ ​ဂျပန်နိုင်ငံက ​ဝန်ကြီးချုပ် ​Shinzo ​Abe ​က ​ညီညွတ်သောတိုင်းရင်းဖဒရယ်ကောင်စီ ​- ​UNFC ​ဥက္ကဌ ​ဦးအင်ဘန်လကို ​ပြောသွား တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံကတိုင်းရင်းသား ​လူနည်းစုတွေအနေနဲ့ ​နိုင်ငံရေးပြဿနာမှာ ​အတည်တကျဖြစ်ပြီး ​မြန် မာနိုင်ငံမှာ ​ပြည်ထောင်စုစနစ် ​အုပ်ရေးဖြစ်အောင် ​မျော်လင့်ကြောင်းနဲ့ ​အဲဒီအတွက် ​ဂျပန်နိုင်ငံ အနေနဲ့စေ့ စပ်ဆွေး မှုတွေပိုမို ​ပူးပေါင်းလုပ်ဆောင်ပေးဖို့ ​UNFC ​ဥက္ကဌက ​အစည်းအဝေးအပြီးပြုလုပ်ခဲ့တဲ့ ​သတင်း စာရှင်း ပွဲမှာ ​တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင်မှာ ​UNFC ​ဥက္ကဌနဲ့ ​ကိုယ်စားလှယ်တွေကို ​ဂျပန်နိုင်ငံခြားရေးဝန်ကြီး ​Fumio ​Kishida ​က ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ​ဂျပန်နိုင်ငံအနေနဲ့ ​အရှေ့တောင်အာရှနိုင်ငံက ​အမျိုးသား စည်းလုံး ညီညွတ်ရေး ဖြစ်မြောက် အောင် ​ပိုမိုကြိုးစား ​ကူညီပေးမယ်လို့လည်း ​သိရပါတယ်။

From: ABC Radio Australia

မတည်ငြိမ်မှု ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရခိုင် ၁၄ ဦး အရေးယူခံထားရ

Posted by drmyochit Wednesday, April 03, 2013, under | No comments


မတ်လမှ စ၍ ရခိုင်ပြည်နယ် အတွင်း ဆန္ဒပြမှုများ အပါအဝင် လတ်တလော မတည်ငြိမ်မှု ဖြစ်စဉ်များနှင့် ဆက်စပ် ၍ ရခိုင်အမျိုးသား အနည်းဆုံး ၁၄ ဦး အရေးယူခံထားရကြောင်း ရခိုင်လူမှုကွန်ယက် တာဝန်ရှိ သူများ က ဆိုသည်။

ဂွမှ ကိုရဲမင်းဦးနှင့် သံတွဲမြို့နယ်မှ ဦးထွန်းဝင်းနှင့် ဦးသန်းမောင်တို့မှာ အထိန်းသိမ်းခံအဖြစ် ရှိနေပြီး တောင်ကုတ် မှ ဦးမင်းထွန်း၊ ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး နှင့် ရသေ့တောင်မှ ဦးတိုးတိုး၊ ဦးသန်းဌေးတို့မှာ ရုံးတင် တရား စွဲဆိုခြင်း ခံနေရသည်။ စစ်တွေမှ ဦးကျော်ဇောဦး၊ ဒေါ်ညိုအေးနှင့် ကျောက်တော်မှ ဦးမောင် သိန်းလှိုင်၊ ဦးမောင်ဝင်း၊ဒေါ်လှမေ၊ ဒေါ်တင်တင်အေး တို့မှာ ရဲစခန်းမှ အမှုဖွင့်ပြီး အာမခံဖြင့် လွှတ်ပေး ထားကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသော ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေး မှူး ကိုရဲမင်းဦးမှာ ရဲမှ ထိန်းသိမ်းထားခြင်းဖြစ်ပြီး ဧပြီလ ၄ ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရား ရုံး၌ ရုံးထုတ်တော့မည်ဟု ရခိုင်လူယ်များအဖွဲ့ (AYO)မှ ကိုမောင်လေး က ဆိုသည်။

“ကျနော်တို့ကို မတ်လ ၃၁ နေ့ညမှာ ရဲက အသိပေးတယ်။ ကိုရဲမင်းဦးကို သူတို့ ထိန်းသိမ်းထားတယ်ပေါ့။ အခု အင်းစိန်ထောင် အဆောင် (၆)၊ အခန်း(ခ)မှာ ကျန်းကျန်းမာမာ ရှိတယ်။ ဘယ်ပုဒ်မနဲ့ အရေးယူ ထားတယ် ဆိုတာ ပြောမသွားဘူး” ဟု မဇ္ဈိမကို ပြောသည်။

သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှ အထိန်းသိမ်းခံနှစ်ဦးနှင့် ပတ်သက်၍ ကမ်းခြေ လူမှုကွန်ယက်မှ ကိုစိန်ချစ် က “ကိုထွန်းဝင်းကို ဧပြီလ ၁ ရက်နေ့က ဖမ်းသွားတယ်။ ကိုသန်းမောင်ကိုကျတော့ ဧပြီ ၂ ရက်နေ့ မနက် ၂ နာရီလောက် မှာ ခေါ်သွားတယ်။ အခု သံတွဲထောင်ချုပ်မှာ ထားတယ်။ သူတို့ကိုအမှုဖွင့်တာက ပုဒ်မ (၁၈)နဲ့ မ ဟုတ်ဘဲ ပိုင်နက်ကျူး လွန်မှုနဲ့ အမှုဖွင့်ထားတယ်။ ဆန္ဒပြမှုနဲ့ မဟုတ်ဘူး ဆိုတယ်။ နောက်ထပ် ဖမ်းဘို့ နှစ်ယောက် ကျန်သေးတယ် လို့လည်း ရဲက ကျနော့်ကို ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုနှစ်ဦးအား တရားလိုဘက်မှ စွပ်စွဲတိုင်းတန်းရုံနှင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတ်လ ၃၀ နေ့က ဂျိတ္တောရွာ၊ အမှတ်(၁၂) ရပ်ကွက်ရှိ ဒေါ်အမာနေအိမ်တွင် အမည်မသိ လူမျိုးခြားတချို့
ရောက်ရှိနေသည်ဟု ကြားသိရ၍ ရွာသားများက သွားရောက်စုံစမ်းရာ အိမ်ရှင်နှင့် အခြေအတင်ဖြစ်ခဲ့သည့် ရွာသားများအနက် ဦးထွန်းဝင်းနှင့် အမျိုးသမီးနှစ်ဦးကို ကျေးရွာရဲစခန်းမှ စစ်ဆေးခဲ့ရာတွင် သက်သေ ခိုင်လုံမှုမရှိသဖြင့်ပြန်လွှတ်ပေးခဲ့ပြီးသည့်နောက် မတ်လ ၃၁ တွင် ပြုလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး
နှုတ်ထွက်ရေး ဆန္ဒပြပွဲအပြီးတွင် ယခုကဲ့သို့ ထပ်မံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကိုချစ်စိန် က ပြောသည်။

မတ်လအတွင်းက ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် စစ်တွေမှ နှစ်ဦး၊ ကျောက်တော်မှ လေးဦး၊ တောင်ကုတ်မှ သုံးဦး၊ ရသေ့တောင်မှ နှစ်ဦးတို့အား သက်ဆိုင်ရာမှ အရေးယူထားခဲ့ရာမှ ယခုအခါ တရားစီရင်မှု စတင် နေပြီဟု ရခိုင်လူမှုကွန်ယက်က ဆိုသည်။

၎င်းဆန္ဒပြမှုများမှာ နိုင်ငံသားစီစစ်မှု မရှိဘဲ ဒုက္ခသည်များ ပြန်လည်နေရာချထားမည် ဟူသည့်ကိစ္စ အပါ အဝင် အငြင်းပွားဖွယ် လုပ်ရပ်များကို ကန့်ကွက်ထားပြီး စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊တောင်ကုတ်၊ သံတွဲမြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အစက ရဲက အမှုဖွင့်ပြီး အာမခံနဲ့ လွှတ်ပေးထားခဲ့တယ်။ အခု တောင်ကုတ် သုံးဦးနဲ့ ရသေ့တောင် နှစ်ဦး ကို မြို့နယ်တရားရုံးတွေမှာ စတင် စွဲချက်တင်လိုက်ပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်။ လာမယ့် ရက်တွေ မှာ တရားရင်ဆိုင်ရတော့မယ်” ဟု စစ်တွေ ရခိုင်လူမှုကွန်ယက် ခေါင်းဆောင် ဒေါ်ညိုအေး က ပြော သည်။

ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် ရသေ့တောင်မှ ဦးတိုးတိုးနှင့် ဦးသန်းဌေးတို့အား ဧပြီ ၁ ရက်နေ့တွင် လည်း ကောင်း၊ တောင်ကုတ်မှ ဦးမင်းထွန်း၊ ဦးစိုးဝင်းနှင့် ဦးသန်းလွင်စိုးတို့အား ဧပြီ ၂ ရက်နေ့တွင် လည်းကောင်း သက်ဆိုင် ရာ မြို့နယ်တရား ရုံးများတွင် ပုဒ်မ(၁၈)အရ တရားစွဲဆိုခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးကာ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ရုံးတင်စစ်ဆေးတော့မည်ဟု သိရသည်။ 

News From: စစ်တွေ(မဇ္ဈိမ)

ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂပြော

Posted by drmyochit Wednesday, April 03, 2013, under | No comments


ကိုးရီးယားကျွန်းဆွယ်မှာ ​တင်းမာမှုတွေ ​ပြင်းထန်နေတုန်း ​မြောက်ကိုးရီးယားအစိုးရက ​လွန်ခဲ့ တဲ့ ​၅ ​နှစ်က ​ပိတ်ချခဲ့တဲ့ ​နျူးကလီးယား ​ဓာတ်ပေါင်းဖိုတွေကို ​ပြန်လည် စတင် အသုံးပြု တော့ မယ်လို့ပြောလိုက်တဲ့ အတွက် ​တင်း မာမှုတွေဟာ ​အထွတ် အထိပ် ရောက် ရှိနေပြီး ​စစ်ဖြစ်ပွားနိုင်တယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ပြန်လည် ​စတင်မယ့် ​နျူးကလီးယား ​စက်ရုံတွေထဲမှာ ​Yongbyong ​နျူးကလီးယား ​ဓာတ်ပေါင်းဖို ​လည်းပါ ဝင်ပြီး ​Yongbyong ​စက်ရုံဟာ ​နျူကလီးယား ​လက်နက်တွေ ​အသင့် ​အသုံးပြုနိုင်ဖို့ ​အတွက် ​ပလူတိုနီယံ ​တွေကို ​ထုတ်လုပ်ပေးနိုင်တဲ့ ​စက်ရုံ ​ဖြစ်ပါတယ်။

ပြန်လည် ​စတင် ​အသုံးပြုမယ့် ​နျူကလီးယား ​စက်ရုံတွေကို ​လျှပ်စစ်မီးနဲ့ ​စစ်ရေးတွေအတွက် ​အသုံးပြု မယ်လို့ ​မြောက် ကိုးရီးယား ​အစိုးရက ​ပြောပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက ​နျူကလီးယားစက်ရုံတွေ ​ပြန်အသုံးပြုတော့မယ်ဆိုတာ ​သိရတဲ့အတွက် ​တရုတ်နိုင် ငံက ​စိတ်မကောင်းဘူးလို့ ​တရုတ် အစိုးရက ​ပြောပါတယ်။

တင်း မာမှုမှာ ​ပါဝင်တဲ့နိုင်ငံတွေကြား ​ပြဿနာကို ​ငြိမ်းချမ်းစွာဖြေရှင်းပြီး ​ထိန်းချုပ်မှုတွေ ​ရှိကြဖို့လည်း ​တိုက် တွန်း လိုက်ပါတယ်။

အမေရိကန်နိုင်ငံကလည်း ​မြောက်ကိုးရီးယားနိုင်ငံရဲ့ ​ခြိမ်းခြောက်မှုတွေကြောင့် ​မြောက် ကိုးရီး ယားနိုင်ငံ ကနေ ​ဒုံးကျဉ်တွေနဲ့ ​တိုက်ခိုက်လာရင် ​ဒုံးကျဉ်တွေကို ​ပြန်လည်ပစ်ခတ်ဖို့အတွက် ​စစ်သင်္ဘောတွေ ​အ သင့်ပြင် ဆင်ထားပြီးဖြစ်ပါတယ်။

အမေရိကန်ရဲ့ ​မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ​ဂျပန်နဲ့ ​တောင်ကိုးရီးယားနိုင်ငံနဲ့အတူ ​ရှိပါတယ်ဆိုတာကို ​ပြသတဲ့ အနေ နဲ့ ​အမေရိကန်နိုင်ငံက ​ခုလို ​အသင့်ပြင်ထားတာဖြစ်တယ်လို့ ​သုံးသပ်ကြပါတယ်။

မြောက် ကိုးရီးယားနိုင်ငံကနေ ​နျူကလီးယားစက်ရုံတွေ ​ပြန်လည်အသုံးပြုမယ်ဆိုတာဟာ ​နိုင်ငံတကာကို ​မထီလေး စားပြုရာ ​ရောက်တယ်လို့ပြောလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကတော့ ​ကိုးရီးယားကျွန်းဆွယ်မှာ ​တင်းမာမှုတွေ ​ပြင်းထန်နေ တဲ့အ တွက် ​စစ်ဖြစ်နိုင်တယ်လို့ ​ပြောလိုက်ပါတယ်။

ခုဖြစ်နေတဲ့ ​တင်းမာမှုတွေဟာ ​လိုအပ်တာထက် ​ပိုလွန်းနေပြီလို့ ​ဘန်ကီမွန်းကပြောလိုက်ပြီး ​နျူကလီး ယားခြိမ်းခြောက် မှုကို ​ကစားစရာတစ်ခုလို ​အနိုင်ယူစရာတစ်ခုလို ​မထုတ်သုံးသင့်ဘူးလို့ ​ပြောပါတယ်။

မြောက် ကိုးရီး ယားရဲ့ ​ခြိမ်းခြောက် မှုတွေ အပေါ် ​တုန့်ပြန်မှုတွေ ​လုပ်ကြမယ်ဆိုရင် ​ပြဿနာ ပိုကြီး လာနိုင်ပြီး ​မငြိမ် မသက် မှုတွေ ​ပိုဖြစ်စေမှာ ​ဖြစ်တယ် လို့ ​ပြော ပါတယ်။ ​ဘန်ကီမွန်းဟာ ​တောင် ကိုးရီးယားနိုင်ငံ သားဖြစ်ပြီး ​တောင်ကိုးရီးယားနိုင်ငံရဲ့ ​နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ​တာဝန် ထမ်းဆောင် ဖူးသူ ​ဖြစ်ပါတယ်။

From:  ABC Radio Australia

အစာနည်းနည်းစားပြီး စိတ်ကျေနပ်မှုရအောင် သင့်ဦးနှောက်ကို လှည့်စားနည်း လေးသွယ်

Posted by drmyochit Wednesday, April 03, 2013, under | No comments


အစာကို အလွန်အကျွံ စားတာဟာ ကိုယ် အလေး ချိန် တက်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါ တယ်။ လေ့ကျင့် ခန်း လုပ်တာကြောင့် လောင်ကျွမ်း မှု မရှိတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်ထဲမှာ အဆီ အဖြစ် သိုလှောင် ထားပါတယ်။ အစာကို လိုတာ ထက် ပိုစားမိတာကြောင့် မလိုလားအပ်တဲ့ ကိုယ် အလေးချိန် ပေါင် အပိုတွေ ရရှိစေ ပါတယ်။ ဒါကြောင့် အစာနည်းနည်း စားရုံနဲ့ စိတ်ကျေနပ်မှု ရရှိစေ ဖို့ သင့်ဦးနှောက်ကို ဘယ် လို လှည့်စား ရမ လဲ ဆိုတာ သိစေ ဖို့ ဖော်ပြပေး လိုက်ပါတယ်။

(၁) ထမင်းပန်းကန်၊ ဇွန်း၊ ပန်းကန်လုံး စသည်တို့ကို ပိုသေးငယ်သော အမျိုးအစား သုံးပါ

ကော်နဲလ် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ထမင်းပန်းကန်၊ ဇွန်းနဲ့ ပန်းကန်လုံးတို့ကို ပိုမို သေးငယ်တဲ့ အရွယ် အစားတွေနဲ့ စားပေးတာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။ လေ့လာမှုမှာ ပါဝင် သူတွေကို ရေခဲမုန့် ကျွေးခဲ့ရာ ပန်းကန်လုံးကြီးကြီးနဲ့ စားသူတွေက သေးငယ်တဲ့ ပန်းကန်လုံးနဲ့ စားသူတွေ ထက် ရေခဲမုန့်ကို ၃၁ ရာခိုင်နှုန်း ပိုစားဖြစ်တာကို တွေ့ရပါတယ်။ ဒါဟာ သေးငယ်တဲ့ ပန်းကန်နဲ့ စားပေးရင် ကယ်လိုရီ နည်းနည်းနဲ့ စိတ်ကျေနပ်မှုကို အမြန်ရရှိစေတာကြောင့်ပါ။

(၂) မသန်သော လက်ဖြင့် သရေစာစားပါ

တီဗီကြည့်ရင်း သရေစာတွေကို အဆက်မပြတ် စားမိတာကြောင့် မလိုလားအပ်တဲ့ ကယ်လိုရီ အပိုတွေကို ရယူမိစေ ပါတယ်။ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လေ့လာမှုအရ  ညာသန်သူတွေ အနေနဲ့ အစာကို ညာလက်နဲ့ အဆက်မပြတ် စားတာကြောင့် အစားအစာကို ပိုစားဖြစ်စေပြီး မသန်တဲ့လက် (ဥပမာ- ဘယ်လက်) နဲ့ စားတာကြောင့် သရေစာကို နည်းနည်းစားရုံနဲ့ ကျေနပ်မှု ရရှိစေတယ်လို့ သိရပါ တယ်။

(၃) အစားအစာများကို မမြင်ရလေ၊ စားချင်စိတ် လျော့နည်းလေ

လေ့လာမှုအရ သရေစာကို မြင်နေရပြီး လက်လှမ်းမီနေတဲ့ အနေအထားမျိုးမှာ အစာကို ပိုစားဖြစ်တယ်လို့ သိရပါ တယ်။ လေ့လာမှုအရ အစာကို မြင်နေရတဲ့သူတွေက ၇၀ ရာခိုင်နှုန်း ပိုစားဖြစ်ကြောင်း တွေ့ ရတာကြောင့် သရေစာတွေကို အလုံပိတ်ထားတဲ့ ကြောင်အိမ်ထဲ သိမ်းထားသင့်တယ်လို့ ဆိုပါတယ်။

(၄) ပိန်ရှည်သော ဖန်ခွက်ထဲ ထည့်သောက်ပါ

လေ့လာမှု အရ ကိုယ်အလေးချိန် ထိန်းလိုသူတွေ အနေနဲ့ ခပ်ကျယ်ကျယ် ဖန်ခွက်ထက် ပိန်ပိန်ရှည်ရှည် ဖန်ခွက် ကို သုံးသင့်တယ်လို့ သိရပါတယ်။ ပိန်ပိန်ရှည်ရှည် ဖန်ခွက်ထဲကို ကယ်လိုရီများတဲ့ အရည် ထည့်သောက် ရင် အရည် နည်းနည်းပဲ ထည့်သောက်ဖြစ် တာကြောင့် ကယ်လိုရီ ရရှိမှု လျော့ကျစေ ပါတယ်။

ဇွန်

KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်

Posted by drmyochit Wednesday, April 03, 2013, under | No comments


ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဧပြီလ ၆ ရက်နေ့တွင်မြစ်ကြီး နား မြို့၌ တွေ့ဆုံ မည်ဟု ကချင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ဦးအင်စင်းဆန်အောင် က ပြော သည်။

စီတာပူ ရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ် (Ma Joi) ခန်းမတွင် တွေ့ဆုံရန် သဘောတူထားသည်ဟု သိရ သည်။  

“နှစ်ဖက်စလုံး အဲဒီနေ့တွေ့ဖို့ စာကတော့ ထုတ်ပြန်ပြီ။ ၅ ရက်နေ့ KIO ကို သွားခေါ်မယ်။ တွေ့ဖို့ ရာခိုင်နှုန်း များ တယ်။ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ အတိုင်းအတာ တခုထိတော့ ရောက်လာပြီ။ သဘောတူ လက်မှတ် ထိုးရေး ရောက်ဖို့က ဆွေးနွေးတဲ့အပေါ်မှာ မူတည်တယ်” ဟု ဦးအင်စင်းဆန်အောင် က ပြော သည်။

ဧပြီ ၅ ရက်နေ့တွင် KIO ကိုယ်စားလှယ်များအား PCG ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ၏ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား၏ လက်ထောက် တဦးတို့ ပါဝင်၍ လိုင်ဇာမြို့သို့ သွားရောက် ကြိုဆိုမည်ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တနှစ်ကျော်ကြာ ချိတ်ပိတ်ထားသော KIO ဆက်ဆံ ရေးရုံးနှင့် မနောကွင်း ပတ်ဝန်းကျင်အား ယမန်နေ့မှ စတင်၍ ပေါင်းမြက်များ ရှင်းလင်းနေသည်ဟု မြစ်ကြီး နားမြို့ခံ ဦးအင်စင်းဆန်အောင် က ပြောသည်။

ထိုသို့ တွေ့ဆုံရန် သဘောတူညီမှု ရထားသော်လည်း KIO ကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် အစိုးရ ဘက်မှ မည်မျှ တာဝန် ယူပေး မည်ကို တင်ပြ ထားဆဲ ဖြစ်၍ ၎င်းအပေါ်မှာ မူတည်၍ တွေ့ဆုံမည် ဖြစ်ကြောင်း KIO ၏ အရပ် ဘက် အရာ ရှိ ဦးဒွဲပီဆား က ပြောသည်။

“မြစ်ကြီးနားမှာ ပြန်တွေ့ဖို့ စီစဉ်နေတာတော့ ရှိတယ်။ ဒါပေမယ့် တခြားလုံခြုံရေးနဲ့ ပတ်သက်လို့ ညှိနှိုင်း စရာတွေ နည်းနည်း ရှိသေးတယ် ထင်တယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ သူတို့ ဘယ်လောက် အတိုင်း အတာ ထိ တာဝန်ယူ ပေးနိုင်မလဲ၊ ဘယ်လို လက်တွေ့လုပ်မလဲဆိုတာ တင်ပြထားတာရှိတယ်။ အဲဒါအပေါ် မူတည် တယ်” ဟု မဇ္စျိမကို ပြောသည်။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက် တွေ့ဆုံစဉ် စစ်မှန်သော နိုင်ငံရေး ဆွေးနွေး မှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် တဆင့်ပြီးတဆင့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် နှစ်ဖက် ပိုမိုနီး ကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ စောင့်ကြပ်ရေး ရုံးများကို လိုအပ်သလို ထားရှိသွားရန်တို့ အပါ အဝင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကချင်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ် လှုပ်ရှားမှုများရှိလာကာ ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မ ဟာ ၄ နယ်မြေနှင့် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ နယ်မြေများတွင် ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု သိရသည်။

ယမန်နေ့က မြစ်ကြီးနားနှင့် မိုးကောင်း ကားလမ်းအတိုင်း အစိုးရ စစ်ယာဉ်တန်း ကားစီးရေ ၄၀ ကျော်ဖြင့် ဖားကန့် မြို့သို့ စစ်သားအင်အား ၅၀၀ ကျော်ခန့် ရောက်ရှိလာသည်ဟု KIO ၏ တပ်မဟာ ၂ လက် အောက် ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး ဇော်ဒွဲက ပြောသည်။

“သူတို့တာက တပ်အပြောင်းအရွှေ့လုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီကတပ်တွေ ပြန်ဆင်းသွားတာက မတွေ့ရ ဘူး။ ကျနော်တို့ ဒီလမှာ ပြန်ဆွေးနွေးမယ်လို့ ပြောနေတဲ့ အချိန် တပ်ပြောင်းတာ မဟုတ်ဘဲ ထပ်တိုး လာတာက မကောင်းဘူး။ တပ်တိုးတယ် ဆိုရင်တော့ တိုက်ပွဲက ပြန်ဖြစ်မယ် ဆိုတဲ့ သဘောပဲ” ဟု မဇ္စျိမ ကို ပြောသည်။

အစိုးရ၏ တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့များက နေ့စဉ် ဖားကန့် မှော်စီဆာဘက်မှ ရေမဆေး ကျောက်ရှာ သူများ ခိုလှုံနေသော တဲများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ခြိန်းခြောက်မှုများ ပြုလုပ်နေ သည်ဟု ၎င်းက ပြောသည်။ 

Credit:  ချင်းမိုင်(မဇ္စျိမ)

ဝ ပြည်နယ်ထူထောင်ခွင့်ပေးဖို့ လွှတ်တော်မှသာ အာဏာရှိကြောင်းဦးအောင်မင်းပြော

Posted by drmyochit Wednesday, April 03, 2013, under | No comments


လားရှိုးငြိမ်း ချမ်းရေးဆွေးနွေး ပွဲ၌တွေ့ရသော သျှောင်းဆမ်ခွန်းနှင့် ဦးအောင်မင်း (ဓါတ်ပုံ- SNLD)

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ၀ ပြည်သွေး စည်း ညီညွတ်ရေး တပ်မတော်မှ တင်ပြတောင်းဆိုသည့် ၀ ပြည် နယ် ထူထောင် ခွင့်ပေးရန်အတွက် အာဏာ မှာ လွှတ်တော်အတွင်း၌သာရှိကြောင်း ဦးအောင် မင်းက ပြောပါ သည်။“  ဆွေးနွေးပွဲဖွင့် ပွဲရက် မှာဘဲ ဝ ပြည်နယ် ကိုယ်စားလှယ် အဖြစ် တက်ရောက် တဲ့ သျှောင်းဆမ် ခွန်းရဲ့ ဝ ပြည်နယ် ထူထောင် ခွင့်ပေးဖို့ တောင်းဆိုတဲ့ကိစ္စ။  ဖွင့်ပွဲပြီးဆုံးတော့ သျှောင်းဆမ်ခွန်းက ဦးအောင် မင်း နဲ့တွေ့ တယ်။ ဦးအောင်မင်းက သူ့ကိုပြော လိုက်တယ်။ ၀ ပြည်နယ် ပေးဖို့ကိစ္စ သူ့မှာ ဘာအာ ဏာမှ မရှိဘူး။  လွှတ်တော်ထဲ မှာဘဲ ဆုံးဖြတ်ခွင့်အာဏာ ရှိတယ် လို့ပြောတယ်” ဟု ဆွေးနွေးပွဲ တက်ရောက် သူ တဦး ကပြောသည်။

သျှမ်းပြည်နယ် - ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ၏ ပထမ ရက်ဖြစ်သော မတ်ခ်ျလ ၂၀ ရက်နေ့ ဖွင့်ပွဲအခမ်းအနား၌ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ကိုယ်စား လှယ် အဖြစ်တက် ရောက် သော UWSP / ဒုပြင်ပဆက်ဆံရေးမှူး သျှောင်းဆမ်ခွန်းက “  သီးခြား ၀ ပြည် ထူထော င်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာ ရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြ တယ် ။ ၁၉၉၃ ကတည်းက တောင်းဆိုလာ တယ်။  ဦးအောင်မင်း ပန်ဆန်း လာ တုန်းကလဲ  ပြောတယ်။  ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီးတောင်းဆိုသွားမယ် ” ဟု ပြောဆိုသည့်အပေါ် ဦးအောင် မင်းက တွေ့ ဆုံ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ်ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သော စိုင်း လိတ်က- ၀ ပြည်နယ်တောင်းတယ်ဆိုတာ သူ့မှာတောင်းပိုင်ခွင့်ရှိလို့တောင်းတာဘဲ။ ပေးမပေး ကိစ္စက  ကျနော် တို့ သျှမ်းပြည်ထဲမှာ ရှိနေတဲ့ အခြားတိုင်းရင်းသားတွေ တောင်မှ ဘာအခွင့်အရေးမှမရှိသေးတော့ ဘာမှဝေ ဖန်ချက်ပေး ဖို့မရှိပါဘူး- ဟုသျှမ်းသံတော် ဆင့်အားပြောပြဖူးပါသည်။

ထို့အပြင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်းသို့လည်း  တခြားသော တိုင်းရင်း သားနယ်မြေများကဲ့သို့  မြန်မာအစိုးရ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ယန္တရား ချပေးရန် ဆန္ဒ ရှိကြောင်း    သျှောင်းဆမ်ခွန်းအား ဦးအောင်မင်းကပြောကြားသည်ဟုဆိုပါသည်။

သျှောင်းဆမ်းခွန်းဘက်မှ ဤကိစ္စ အထက်သို့ဆက်လက်တင်ပြသွားမည်ဟုဆိုပါသည်။

နောက်ဆုံးရရှိသော သတင်းအရ ယခင်က နိုင်ငံသားမှတ်ပုံတင်မရှိသော ၀ အမျိုးသားများကို ၀ ပြင်ပ ဆက် ဆံရေး ဌာနမှ လက်မှတ်ထုတ်ပေးလျှင်တန့်ယန်းကိုကျော်ဖြတ်၍ တိုင်းပြည်အနှံ့ သွားနိုင်ခဲ့ကြောင်း၊ သို့သော် ပြီး ခဲ့သည့် အပတ်မှစ၍ မြန်မာအာဏာပိုင်များက ပြင်ပ ဆက်ဆံရေး ဌာန လက်မှတ် ကိုင်ဆောင် သူ များဖြတ်သွားခွင့်အား ပိတ်ပင်ခဲ့ကြောင်း ကြားသိရပါသည်။

မတ်ခ်ျလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီး ရှား၊ ပရူနိုင်း နိုင်ငံ တို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင် မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ် စားလှယ် များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည် ဟု သိရှိရပါသည်။

သျှမ်းသံတော်ဆင့် 

ရွှေအင်းလုပ်ကွက်ထဲက မီးခိုးလိုအငွေ့များကြောင့် လူ ခုနစ်ဦးသေဆုံး

Posted by drmyochit Wednesday, April 03, 2013, under | No comments

ဧပြီ၊ ၃

ရွှေအင်းအတွင်း ဆင်းပြီး အလုပ်လုပ်ရာက မီးခိုးငွေ့တွေထွက်လာ လို့ အောက်ဆီ ဂျင်ပြတ် လပ်ကာ အင်းလုပ် သား ခုနစ်ဦးသေဆုံးမှု ယခုလ ၂၉ ရက် နေ့က မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့ နယ် ဒိုးနွယ် ကျေးရွာမှာ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်က အဲသည်နေ့ နေ့လယ် ၁းဝ၀ နာရီအချိန်မှာ အင်းလုပ်သားငါးဦး အလုပ် လုပ်နေတဲ့ ပေ ၃၀ဝ အနက်ရှိ ရွှေအင်း တွင်းကနေ မီးခိုးအငွေ့တွေထွက်လာတာ ကြောင့် ရွာခံလူငါးဦး ဆင်းကယ်ဖို့ကြိုးစား ရာက အောက်စီဂျင်ပြတ်လပ်ပြီး ထပ်မံလဲ ကျခဲ့ပါတယ်။

တခြားကယ် ဆယ်ရေးအဖွဲ့တွေ ဆင်း ကယ်ရာမှာတော့ ကယ်ဖို့ဆင်းသွားတဲ့ ငါးဦးထဲက သုံးဦးကို သာ အ သက် ရှင်လျက် ကယ်နိုင်ခဲ့ပြီး တွင်း ထဲက လုပ်သားငါးဦး၊ ဆင်းကယ်သူ နှစ်ဦး စုစုပေါင်း ခုနစ်ဦးကို သေ ဆုံး လျက်သာ တွေ့ ရှိခဲ့ရတာကြောင့် တွင်းအပြင်ကို ပြန်သယ်လာခဲ့ရပါတယ်။ သေဆုံး သူခုနစ်ဦီးနဲ့ ပတ် သက်ပြီး လက်ပံ လှရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၃ နဲ့ အမှုဖွင့် ဆောင်ရွက်နေပါ တယ်။

ဒိုးနွယ်ကျေးရွာရဲ့ ရာအိမ်မှူး ဦီးတင် မောင်ထွန်းက “တောမီးလောင်လို့ မီးခိုး ဝင်တယ်လို့ ပြောကြပေမဲ့ မဖြစ်နိုင် ဘူး၊ ခု ဟာက ဘာကြောင့်လဲဆိုတာကို သေချာ တော့ မပြောနိုင်သေးဘူး၊ နေပူရင်တော့ တွင်းထဲ က အဆိပ်ငွေ့တွေ ထွက်လာ တတ်တယ် ပြောနေကြတာပဲ၊ ဆင်းကယ် တဲ့သူတွေ တောင် အငွေ့တွေကြောင့် မူးမူး ပြီး ပြန် တက်လာရတာ”လို့ ပြောပါတယ်။

From: Monywa Times
Author:အေးမွန်ရာပြည့်

KIA တပ်ဖွဲ့များအုပ်စုလိုက် အစိုးရတပ်နှင့် ပူးပေါင်းခဲ့ကြောင်း ဦးဇောင်းဟရား ၀န်ခံပြောဆို

Posted by drmyochit Wednesday, April 03, 2013, under | No comments



ဧပြီလ ၃ ရက် ၂၀၁၃

အစိုး ရနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားစဉ်အချိန်အတွင်း KIA တပ်ဖွဲ့ အ၀င်များအနေဖြင့် အစိုးရတပ်သို့ အုပ်စု လိုက် ပူးပေါင်း ခဲ့ကြောင်း KIO/KIC ဥက္ကဌ ဦးဇောင်း ဟရားက မတ်လ ၂၇ ရက်နေ့က ဗဟိုဌာ န ချုပ် ရှိရာ လိုင်ဇာမြို့ရှိ ဝေကြိုင်အထက် တန်း ကျောင်း တွင် ပြုလုပ်သော ကျေးဇူး ဆပ် ဂုဏ်ပြု ပွဲနှင့် အောက်မေ့ သတိရ ပွဲ တွင် ၀န်ခံပြောဆိုသွားကြောင်း သိရှိရပါ သည်။

KIO/KIC ဥက္ကဌ ဦးဇောင်းဟရာက KIA တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ်ကာလ အတွင်း မိမိတို့၏ စခန်းနှင့် အခြားရဲဘော်များကို စွန့်ခွာပြီးထွက်ပြေး ကာ အစိုးရတပ်နှင့် ပူးပေါင်း ခဲ့ကြကြောင်း၊ အစုအဖွဲ့လိုက် စွန့်ခွာမှုများ ရှိကြောင်းပြောကြားခဲ့ပါသည်။ အဲဒီလို ထွက်ပြေးပြီး အစိုးရ တပ်များသို့ မိမိတို့ လုပ်ငန်းများကို ပြောဆိုခဲ့မှုများကြောင့် မိမိတို့ရဲ့ လုပ်ငန်းကြီးများ ဖျက်သိမ်း လိုက်ရ သည် အထိ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့သည်ဟု ထိုပွဲသို့ တက်ရောက်သည့် လိုင်ဇာမြို့ခံတစ်ဦးမှ ပြောဆိုခဲ့ပါသည်။

“ ဦးဇောင်းဟရား ပြောခဲ့တဲ့ လုပ်ငန်းကြီးတွေဆိုတာ ဘာကိုပြောလဲဆိုတာတော့မသိဘူးကွာ၊ ငါတို့ကို သူတို့က တက်ခိုင်း လို့တာ ဒီပွဲကိုလာတက်ရတာ၊ မတက်ရင်လဲသိတယ်မဟုတ်လား သူတို့ရဲ့ဥပဒေက သေနတ် မှာဘဲရှိတာလေ၊ ငါတို့က အေးအေးဆေးဘဲနေချင်ကြတယ်။ ဒီမှာရှိတဲ့ ဗမာရော၊ ရှမ်းရော၊ ကချင်ရော အားလုံး အတူတူ ပါဘဲ။ သူတို့က အတင်း အမိန့်ပေးပြီး တိုက်ခိုင်းလို့ သေရတဲ့ ငါတို့လူမျိုးတွေကို သူရဲကောင်းလိုလို ဘာလိုလိုပြောနေတာ ရှက်လိုက်တာဗျာ” ဟု ၎င်းက ပြောခဲ့ပါသည်။

ကျဆုံးသွားသော KIO/KIA တပ်ဖွဲ့ဝင်များအား ကျေးဇူးဆပ်ပွဲ ဂုဏ်ပြု ပွဲနှင့် အောက်မေ့သတိရပွဲသို့ KIO/KIC ဥက္ကဌ ဦးဇောင်းဟရာ၊ KIA ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ KIA တပ်ရင်းမှူးများ၊ ကော်မတီ ၀င် များနှင့် ဒုက္ခသည်များ၊ လိုင်ဇာ မြို့ခံများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ၎င်းပွဲတွင် ဦးဇောင်း ဟရားမှ စကားပြောဆိုပြီး၊ ကျဆုံးသွားသော KIA တပ်ဖွဲ့ဝင်များအား အောက်မေ့ဆုတောင်းခြင်းကို ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။

Kachin Daily News

The First Weekly Journal အားလက်ပံတောင်းဒေသတုံရွာမှ မညိုလေးက အသရေဖျက်မှုဖြင့်တရားစွဲ

Posted by drmyochit Wednesday, April 03, 2013, under | No comments

The First Weekly Journal တွင်မြောက် ဒဂုံတွင် နေထိုင်ပြီး   နိုင်ငံရေး အမှုနှင့် ထာင်မှထွက်လာ  သည် ဟုရေး သားဖော်ပြခံရသည့် ဓာတ်ပုံရှင်အမျိုးသမီးမှာ စစ်ကိုင်း  တိုင်းဒေသကြီးမုံရွာခရိုင်၊ဆားလင်း  ကြီးမြို့ နယ်၊ တုံရွာတွင်နေထိုင်ပြီး တုံရွာတွင်ပင်မွေးဖွားကြီးပြင်းလာ  ကာနိုင်ငံရေးမှုဖြင့်ထောင်ကျခဲ့ခြင်း   မရှိသူ တစ်ယောက်ဖြစ် သည့် အတွက်  The First Weekly Journal ရေးသားဖော်ပြမှုမှာ သူမ၏ ဂုဏ်သိက္ခာ ကိုညှိုးနွမ်းစေ သည့်   အပြင် စာမျက်နှာပေါ်တင်၍ အရှက်ခွဲသလိုဖြစ်နေခြင်းကြောင့်   တုံရွာသူ ဒေါ်ညိုလေး မှာ ဆားလင်း   ကြီးတရားရုံးတွင် ဧပြီ ၁ရက်က တရားရုံးသို့ ဦးတိုက်လျှောက်ထား  ၍ အမှုဖွင့် သည် ကို သက်သေစစ် ဆေးပြီး တရားရုံးကအမှုဖွင့်သည် ကိုလက်ခံလိုက်ပြီဖြစ်ကြောင်း ကာယကံရှင် ဒေါ်ညိုလေး ထံမှ သိရသည်။


““ကျွန်မကို မတရားစွပ်စွဲပြီး   သတင်းစာမျက်နှာပေါ်မှာဖော်ပြ ခဲ့တဲ့အတွက် အသေရေဖျက်မှုနဲ့  တရားစွဲ တာပါ။ အမှားပြင် ဆင်ဖော်   ပြပေးရင်လည်း ကျွန်မကလုံးဝ မကျေနပ်ဘူး၊တရားဥပဒေကဆုံး ဖြတ်ပေး တာကို လက်ခံသွားမယ်”” တုံရွာတွင် မွေးဖွားကြီးပြင်လာ သည့် ဒေါ်ညိုလေးမှအတည်ပြု  ပြောကြားသည်။
အဆိုပါ တုံရွာ မှဒေါ်ညိုလေး   က  The First Weekly Journal အားတရားဆွဲစိုမှုနှင့်ပတ်သက်ပြီး   အဆိုပါ ဂျာနယ် ဖုန်း-၀၁-၃၇၈၀၉၀အားဆက်သယ်မေးမြန်း  ရာ ““အယ်ဒီတာ ဦးအောင်စိုးသူ   မ ရှိကြောင်း၊ ဦးအောင်စိုးသူ၏  ဖုန်းနံပါတ်ကိုလည်းပေး၍မရ ကြောင်း၊တွေ့ရင်တော့ အဆိုပါ ကိစ္စ အားပြောပေးမည်ဖြစ်ကြောင်း”” ယင်းဂျာနယ်မှ တာဝန်ရှိသူတစ်  ဦးက ဧပြီ ၁ရက် နေ့လည် (၃) နာရီတွင် ဆက်သွယ် မေးမြန်းမှုကို   ဖြေဆိုခဲ့သည်။ ဆားလင်းကြီး တရားရုံးမှ ဒေါ်ညိုလေး၏တရား   ဆွဲမှုကို လက်ခံပြီး ရုံးသို့ ၅ရက်လျှင် ပြန်လာခိုင်းထားကြောင်း၊ ထိုနေ့ မှ ပုဒ်မကိုတပ်ပေးမည်ဖြစ်ကြောင်း   ဒေါ်ညိုလေး ထံမှထပ်မံသိရသည်။

From : ..hot news

ရေကျော်ဗလီ မီးလောင်မှု ရှို့မီး မဟုတ်ကြောင်း သက်သေရှိသည်ဟု တိုင်းဝန်ကြီးချုပ်ဆို

Posted by drmyochit Wednesday, April 03, 2013, under | No comments



ရေကျော်ဗလီ မီးလောင်ခဲ့ပြီး တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)

ဧပြီ ၂ ရက်နေ့နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် ဗိုလ်တထောင်မြို့နယ် အမှတ် ၁၀ ရပ်ကွက်ရှိ ဆော်ဒီ ကီးယားရေ ကျော်ဗလီ မီးလောင်မှုသည် ရှို့မီး၊ ပေါ့ဆမီးမဟုတ်ဘဲ သာမန်ဖြစ်ပွားနိုင်သည့် မီးအားမြှင့်စက် အပူလွန်ကဲရာမှ လောင်သော မီးဖြစ်ကြောင်း လူသက်သေ ပစ္စည်းသက်သေများ ရှိထားပြီဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောလိုက်သည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ယမန်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဗလီ၏ တာဝန်ခံဆရာ ဦးဇေယျာဖြိုးက အဆိုပါ မီးလောင်မှုသည် ရှို့မီး ဖြစ်သည် ဟု ပြောခဲ့ခြင်း ကြောင့် ပြည်သူတချို့ကလည်း ထိုစကားအား လက်ခံ ယုံကြည်နေကြခြင်းကို တိုင်းဒေ သကြီးဝန်ကြီးချုပ်က ၎င်းသည် မဟုတ်မှန်ကြောင်း၊ မိမိတို့တွင် သက်သေ အထောက်အထားများ ရှိကြောင်း ပြောခဲ့သည်။

“မီးလောင်မှုဖြစ်တဲ့အချိန်မှာ ဗလီအောက်ထပ်မှာ အိပ်နေတဲ့ ၁၄ နှစ်အရွယ် ဝေယံသူ၊ ဇော်ဇော်ထက်နဲ့ မျိုးအောင် တို့က ဗလီတာဝန်ခံကို နှိုးတယ်၊ နှိုးလို့မရတော့ သူတို့ဘာသာသူတို့ မီးငြှိမ်းဖို့ကြိုးစားရင်း အခုလို အကြီး အကျယ် မီးလောင်မှု ဖြစ်သွားခဲ့တာလို့ ပြောတယ်။ သူတို့ဖြေထားတဲ့ အသံဖိုင်တွေလည်း ကျနော်တို့ ဆီမှာ ရှိတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲမှူး မြင့်အေးက ပြောသွားသည်။

ဗလီတွင် ထားရှိသည့် မီးအားမြှင့်စက်မှာ အပူချိန်လွန်ကဲသောကြောင့် အသံများမြည်လာပြီး မီးတောက် ထတောက်ခြင်း ကို ကလေးများက ရေစိုစောင်ဖြင့် ငြှိမ်းသတ်ရာ အနီးရှိ ဒီဇယ်ပုံးအား တိုက်မိ၍ ဒီဇယ် ဆီများ ဖိတ်ကြသွားခြင်းကြောင့် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ခဲ့ရကြောင်း၊ မီးလောင်သဖြင့် ထွက်ရှိသည့် မီးခိုးငွေ့များကြောင့် ဗလီအပေါ်ထပ်တွက် အိပ်နေကြသော ကလေး ၁၃ ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

ထိုမီးလောင်မှုအား ဗလီတာဝန်ခံက သူ၏ ပေါ့ဆမှုကြောင့် ဖြစ်သည်ဟု ထင်သွားသောကြောင့် ၎င်းအပြစ် လွတ်ကင်းစေ ရန် ယခုကဲ့သို့ တခြားသူများအား အပြစ်ပုံချပြီး ရှို့မီးဟု ခေါင်းစဉ်တပ်ခြင်းသာ ဖြစ်သည်ဟု တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

ထိုသို့ မိမိအပြစ်လွတ်ကင်းရန် ရှို့မီးဟု လိမ်လည်ပြောဆိုခြင်းကို အစိုးရအဖွဲ့က သက်သေ အထောက် အထားများ၊ သက်သေ ကလေးများ၏ အသံများဖြင့် စစ်ဆေးမှသာ ဦးဇေယျာဖြိုးက အမှန်အတိုင်း ဝန်ခံ ခဲ့ကြောင်း၊ ဦးခင်မောင်အေးကမူ ယခုထိ ထွက်ပြေး တိမ်းရှောင်နေသေးကြောင်း သိရသည်။

“ဗလီဆရာကို သက်သေ အထောက်အထား အပြည့်အစုံအပြင် ကလေးတွေ ဖြေထားတဲ့ အသံတွေနဲ့ စစ်ဆေးတော့မှ ဦးဇေယျာဖြိုးက ဝန်ခံတယ်။ ဦးခင်မောင်အေးကတော့ အခုအထိ ကျနော်တို့ကို အတွေ့မခံဘဲ ထွက်ပြေးနေတုန်းပါပဲ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်အေးက ဆိုသည်။

အခင်းဖြစ်ပွားစဉ်က ကျန်ရှိခဲ့သည့် မီးလောင်ကျွမ်းထားသော ဒီဇယ်ဆီပုံးနှင့် ကလေးများ ရေစိုဝတ်ဖြင့် ငြှိမ်း သတ် ထားသည့် ဒီဇယ်ဆီများ ပေကျံနေသော ရေစိုစောင်ကိုလည်း သက်သေများအဖြစ် သိမ်း ထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မီးလောင်မှု ဖြစ်ပွားချိန်သည် ပုဒ်မ ၁၈၈ ထုတ်ထားချိန် ဖြစ်သောကြောင့် မည်သူမှ အပြင် ထွက်သည့် အချိန် မဟုတ်သောကြောင့် တခြားမြို့နယ်၊ ရပ်ကွက်မှ လာ၍ မီးရှို့ခြင်း မဖြစ်နိုင်သကဲ့သို့၊ ရပ်ကွက် အတွင်း နေထိုင်သူ များသည်လည်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သော တခြားသူများ အတွေ့ ခံပြီး မီးလာရှို့မည် မဟုတ်ကြောင်း၊ လုံခြုံရေးအရ အလှည့်ကျ ကင်းစောင့်သူများ ကြောင့်လည်း အပြင် လူက မီးလာရောက် ရှို့နိုင်မည်မဟုတ်ကြောင်း မိမိတို့အနေဖြင့် စဉ်းစား သိနိုင်သည်ဟု ဒုတိယ ရဲမှူးကြီး မြင့်အေး က ရှင်းပြသည်။

ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သောကြောင့် မိမိတို့ အနေဖြင့် ရန်ကုန်မြို့၌ မိတ္ထီ လာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကဲ့သို့ အဖြစ်ခံသွားမည် မဟုတ်ကြောင်း၊ ထိုကဲ့သို့ မဖြစ်လာ ရန်လည်း မိမိတို့က တားဆီး၍ အဆင်ပြေသွားစေရန် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြော သည်။

“ပြစ်မှုကျူးလွန်သူတွေ အနေနဲ့ သူတို့အမှားဖြစ်ပြီး သူတို့အပေါ် အပြစ်ပုံချမှာကို ကြောက်တဲ့အတွက် မဆိုင်တဲ့ ဘေးက လူတွေကိုပါ ဆွဲထည့်တတ်ကြတယ်။ ကိုယ့်အပြစ်ကို တခြားသူအပေါ် ပုံချတတ်ကြတယ်။ ဒါဟာ သဘာဝပဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က နားလည်သင့်တယ်။ အရမ်းကြီး စိတ်ထင်တိုင်း မစွပ်စွဲသင့်ဘူး” ဟု ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဗလီကျောင်း၏ အပေါ်ထပ်တွင် ကလေး ၁၃ ဦး အိပ်ကြပြီး ဗလီကျောင်း အောက် ထပ်တွင် ကလေး ၅၈ ဦးက အိပ်နေကြကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်ရှိ ကလေး များက မီးခိုးမွှန်၍ သေဆုံးခဲ့သော်လည်း ဗလီအောက်ထပ်ရှိ ကလေးများမှာမူ မည်သည့်အနာတရမှ ဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးတိုးအောင် က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သာ သနာရေး ဦးစီးဌာန၊ ရဲကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အုပ်ချုပ်ရေးမှူးရုံး၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ စသည့် ဌာနများမှ တာဝန် ရှိသူများ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ ယခုလ ၅ ရက်နေ့ နောက်ဆုံးထား၍ စိစစ် သုံးသပ် ချက်များ ပေးရမည် ဖြစ်သည်။

ညိမ်းပြည့်စုံ
ဧ၇ာဝတီ

“၄၈ လမ်း မီးလောင်မှုမှ လွတ်မြောက်လာသူအချို့ ဘာပြောကြသလဲ”

Posted by drmyochit Wednesday, April 03, 2013, under | No comments


ယခုကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းတွင် မီးလောင် ရာ၌ ရှိနေခဲ့ သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅ နာရီကျော်တွင် မီဒီယာအချို့နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မီးလောင် မှု ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။ ထို့ပြင် ဗလီဥက္က ဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က သတင်းစဉ်သို့ပြောကြားချက် များကိုလည်း ပေါ်ပြူလာနယူးစ် ပရိသတ် များသိရှိနိုင်ပါရန် စုစည်း တင်ဆက်လိုက်ပါသည်။

မောင်ဝေယံသူ(၁၄ နှစ်)

အဲဒီ မှာနေတာေ တာ့ တစ်နှစ်ကျော် aလာက်ရှိပြီ။ ကျွန်တော်က အောက်ထပ်မှာ အိပ်တယ်။ မီးလောင် aနတော့ ကျွန်တော်တို့ ထမင်းစား ခန်းထဲ ဝင်ပြေး ကြတယ်။ မီးသတ် တွေလာမှ ကျွန်တော်တို့ ထွက်လာ ကြတယ်။ သူတို့ကလည်း ကျောင်းသား aလးတွေ ထွက်လာလို့ ရပြီလို့ ပြောတယ်။ အဲဒီမှာ ထွက်လာ ကြတာ။ ကိုယ့်ဘာသာ လွတ်အောင် ပြေးလာတော့ တခြားသူ aတွကိုလည်း ဂရုမစိုက်ဖြစ်ဘူး။ ဘေးအိမ်ကို အကူ အညီ အော်တောင်းတော့ ဘေးအိမ်က မီးတော့ လင်းလာတယ်။ ဒါပေမဲ့ လူတစ်ယောက်မှ မတွေ့ဘူး။

မောင်ဇော်ဇော်ထက်(၁၈ နှစ်)

လှေကား အရင်းက စလောင် တာတွေ့ တယ်။ ကျွန်တော်လည်း အောက်ထပ် မှာပဲ အိပ်တယ်။ အထပ်ခိုး မှာက ကလေးတွေပဲ ထားတာ။ ကလေးတွေ ဆိုတော့ ကြောက် နေကြ တာပေါ့။ ၁၃ နှစ်အရွယ် တချို့ ကလေးတွေက လှေကား မှာ မီးစွဲနေတော့ အပေါ် ကနေ ခုန်ချ ကြ တယ်။ ဆရာ ကပြောတယ်။ မီး လောင်နေပြီ၊ မင်း တို့ပြေးကြတော့၊ လွတ်ရာကို သွားလို့ ပြောတယ်။ ကျွန်တော်တို့လည်း မီးက အရမ်း ပူတော့ စောင်တွေ ကာပြီး ထမင်းစား ခန်းထဲ ဝင်ပြေးကြတယ်။ ဓာတ်ကြိုးတွေကလည်း ထပေါက်တဲ့ ဟာက ထပေါက်တယ်။ နောက် မီးသတ် တွေလာလို့ရပြီပြောမှ ကျွန်တော်တို့ ဓာတ်ကြိုးအောက်ကနေပြီး လာရတယ်။

မောင်မင်းခန့်ဇော်(၁၇ နှစ်)
ကျွန်တော်တို့ ကြီးတဲ့ကလေးတွေကို အောက်မှာ ပေးအိပ်ထားတယ်။ လှေကားနားမှာ အိပ်တဲ့သူတွေလည်း ဘာမှ မဖြစ်ဘူး။ အပေါ်က ကလေးတွေပဲ ဖြစ်သွားတာ။ ကျွန်တော်တို့လည်း အော်ပြီးအကူ အညီတောင်း ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိကြဘူး။

ဗလီဥက္ကဋ္ဌနှင့် ကျောင်းဥက္ကဋ္ဌဖြစ်သူ ဦးဘနီက သတင်းစဉ်(ပြည်တွင်း) သို့ ပြောကြားချက်

ကျွန်တော်လည်း သတင်းကြားကြားချင်း ရောက်လာတာပါ။ ကျောင်းက ပိတ်ထားရာကနေ ပြန်ဖွင့်တာ နှစ်ရက်ပဲ ရှိပါသေးတယ်။ လမ်းထဲက ရပ်ကွက်သူ ရပ်ကွက်သား တွေကလည်း အတော် စောင့် ရှောက်ကြ ပါတယ်။ ဒါကြောင့် ဒီရက်ပိုင်း အရင် ကျောင်းပိတ်ထားရာကနေ ပြန်ဖွင့်လိုက်တာပါ။ ဒီကလေးတွေကို ရပ်ကွက် က ကိစ္စတစ်ခုခု ရှိရင် ခေါ်ခိုင်းတာတွေ ရှိပါတယ်။ ပြီးတော့ လိုအပ်တာတွေကို ရပ်ကွက်က ဝိုင်းပံ့ပိုးကြ ပါတယ်။ ဒီရပ်ကွက်ကို ကျွန်တော်တို့ သိပ်စိတ်ချပါတယ်။ ကလေးတွေက ဒီလမ်း ထဲမှာပဲ အားလပ်ရင် ဆော့ကစားတယ်။ ဒီလမ်းက သိပ် စိတ်ချရတယ်။ ဒါကြောင့် ကျောင်း ပိတ်ရက်မှာ ကလေးတွေ စာတွေ မေ့သွားမယ်ဆိုပြီး ပြန်ဖွင့်တာ။ အခုမှ နှစ်ရက် ပဲ ရှိပါသေးတယ်။ အခုဖြစ်တော့ တံခါးတွေကပိတ်ထားတော့ ကလေးတွေ မီးခိုးတွေမွှန်ပြီး သေရတာပါ။ အောက်ထပ်က စာသင်တဲ့ အဆောင်ပါ။ ရှေ့ဘက်မှာ ဝတ်ပြုဆောင်ရှိပါတယ်။ မီးလောင်စရာတော့ ကြီးကြီးမားမား ပစ္စည်းမရှိပါဘူး။ သစ် သားကြမ်း ခင်းနဲ့ စီလင်ကလည်း သစ်သားပါ။ ဒါလောက်ပဲရှိတာပါ။ အခုတော့ မီး လောင်တာနဲ့ ပတ် သက်ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ပြောပါ တယ်။ မီးလောင်ချိန်ကတော့ သိပ်မကြာလိုက်ဘူး။ ကျောင်း က ကျောင်းသား ၇ဝ ကျော်လောက် ရှိတာမှာ အပေါ်ထပ်မှာနေတဲ့ ၁၃ ယောက်သေသွားတယ်။ ကျန်တဲ့ ကလေးတွေ ကိုတော့ မင်္ဂလာ တောင်ညွန့်မြို့နယ်မှာရှိတဲ့ ဗလီကို ရွှေ့ပြောင်းပေးထားပါတယ်။ အခု ဒီကျောင်း မှာ တက်နေတဲ့ အချို့က မိဘရှိသူလည်း ရှိပါတယ်။ အချို့ ကတော့ နယ်ဘက်က မိဘ မဲ့တွေ ဖြစ်ပါတယ်။ မိဘမဲ့တချို့ကိုတော့ မင်္ဂလာတောင်ညွန့်ဗလီမှာ ဆက် လက်ထိန်း သိမ်းစောင့် ရှောက်ထား ပါတယ်။ တချို့ကိုတော့ သူတို့မိဘ တွေ လာခေါ်သွားတယ်လို့ သိရပါ တယ်။

ကျောင်းဆရာ ဦးဆာအိက သတင်းစဉ် (ပြည်တွင်း)သို့ ပြော ကြားချက်

ဒီမှာအိပ်တာက ဘော်ဒါဆရာ နှစ်ယောက်နဲ့ ကျောင်းသား ၇ဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့က တော့ စာသင် ပြီး ပြန်တာပါ။ ကလေးငယ်တွေကို အပေါ်ထပ်မှာ သိပ်ပါတယ်။ ကလေး အလတ်တွေ နဲ့ ဆရာတွေ ကတော့ အောက်ထပ် မှာ အိပ် ပါတယ်။ မီးလောင်တာကို သူတို့ ငြှိမ်း သတ်ကြတယ်။ နောက် တော့ လှေကားတွေ မျက်နှာကြက် တွေ မီးလောင်ပြီး အပေါ်ထပ်က ကလေးတွေ ဆုံးသွားတာပါ။

မသင်္ကာစရာလူစိမ်း လုံးဝမတွေ့ခဲ့ ပါဘူး” ဟု ပြောခဲ့သည်။

ထိုကဲ့သို့ အမှားမခံနိုင်သည့် အခြေအနေကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ယင်းနေ့ (ဧပြီ ၂ ရက်) မနက် ၁၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမ ၃ တွင် သတင်းစာရှင်း လင်းပွဲတစ်ခု ချက်ခြင်းပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေက အဆိုပါ ရှင်းလင်းပွဲ၌ ”ဒီစာသင်ကျောင်းရဲ့ အားနည်း ချက်က တံခါးတွေအလုံကြီး ပိတ်ထားတယ်။ ဖြစ်တဲ့အချိန်တုန်းက ဆိုရင် သော့နှစ်ထပ်ခတ်ထားတယ်။ သူ့ရဲ့ ပတ်ပတ် လည်ပြတင်းပေါက်နဲ့ မြေညီထပ်က တံခါးတွေ အကုန်လုံးမှာ သံတိုင်တွေ၊ သံဆန်ခါတွေ အထပ်ထပ် ခတ်ထားတယ်။ တော်ရုံ တန်ရုံဖွင့်လို့မရဘူး။ မီးလောင်တော့ ကလေးတွေက အပြင်မ ထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အတွက် ဆင်းရမှာလည်း ဒီတစ်ပေါက်တည်း။ အောက် ထဲကို ဆင်းရမှာ၊ လောင်တာ ကလည်း ဒါပဲဆိုတော့ ကလေးတွေ အပြင် အချိန်မီ မရောက်တဲ့အတွက် မီးခိုး ငွေ့တွေထိပြီး အသက်ရှုကျပ်သေဆုံး ကြရတာပါ”ဟု ဖြစ်ပွားပုံကို ပြောခဲ့ သည်။

ထို့ပြင် ”အဲဒါက တစ်စုံတစ် ယောက်က လုပ်တာမဖြစ်နိုင်ဘူးလို့ အကြမ်းဖျင်းတော့ ကျွန်တော်တို့ သုံးသပ်ပါ တယ်။ သို့သော်လည်းပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး တိတိကျကျ အဖြေပေါ်အောင်လုပ်မယ်။ မနေ့ကအ ထိတော့ ကျွန်တော် တို့ကင်းအဖွဲ့တွေ အကြမ်းဖျင်းစစ် ဆေးတော့ ဘာမှမသင်္ကာစရာမတွေ့ ဘူး။ အားလုံးလည်း သိကြတဲ့အတိုင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတော့ ည ကျရင် ၉နာရီ တော်ရုံ မထွက်ကြ တော့ဘူး။ ဒီလိုမျိုး မနက်ဆို ပိုပြီး တော့ ကင်းချထားတယ်” ဟု ၄င်း က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း ”ဒီနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က အစ္စလာမ်ဘာသာကြီး ၅ ဖွဲ့ကို ခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လောလောဆယ် ချို့ယွင်းချက်အနေနဲ့မြင်တာ မီးအားမြှင့်စက်ပေါ့။ မီးအားမြှင့် စက်က မီးမြင့်ပြီး အပူဒဏ်မခံ နိုင်လို့ လောင်တယ်လို့ယူဆပါတယ်။ အဲလိုယူဆတဲ့ နေရာမှာတစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကို စိုးရိမ် နေတာက လုပ်ကြံဖန်တီးမှုတစ်ခုလို့ ယူဆနေ တာကြောင့် ကျွန်တော်တို့ အနေနဲ့ လုပ်ကြံဖန်တီးမှုလား အမှန်တကယ် မီးအားမြှင့် စက်ကြောင့် လားဆို တာကို အဖြစ်မှန်စစ်ဆေး ဖော်ထုတ်ဖို့အတွက် တောင်းဆို ပါတယ်။ ဝန်ကြီးချုပ် ကလည်း အမြန်ဆုံး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ကော်မတီဖွဲ့ပြီးအမြန်ဆုံး အမှန်ဆုံး ဖော်ထုတ်ပေးမယ်လို့ပြောပါတယ်” ဟု ဆိုခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေး ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က ”စစ်ဆေး တွေ့ရှိ ချက် အရ မီးအား အလွန်အကျွံမြင့်တက်လို့ မဟုတ်ဘဲ မီးအားမြှင့်စက်ကြောင့် ဖြစ်တာတွေ့ရတယ်။ မီးအားမြှင့် စက်မှာ ဗို့အားကို Regulator သုံးထား တယ်။ ပြီးတော့ သူက Manual ဖြစ်နေတယ်။ ညဘက် ကျတော့ မူလထဲကတင်ထားတဲ့အားကို ပြန်မချတော့အပူလွန်ကဲ ပြီးစလောင်တာ။ လျှပ်စစ်ဓာတ်အား မြင့်တာ နဲ့ မဆိုင်ဘူး”ဟု ရှင်းလင်းခဲ့ သည်။

ယင်းအချိန်ကာလတွင် အင်တာနက်စာမျက်နှာ အချို့၌ ဆူပူမှု ဖြစ်စေနိုင်သော သွေးထိုးလှုံ့ဆော်မှုများဖြင့် လှုပ်ခတ်နေခဲ့သော်လည်း အများစုအနေဖြင့်မျှတစွာရှုမြင်ကြ ပြီး အဓိကအားဖြင့် သေဆုံးခဲ့ကြသော ကလေးများ အတွက် ဝမ်းနည်းမှုဖြင့် စိတ်ထိခိုက်ခံစားမှုများကို ရေးသား ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။
မြန်မာနိုင် ငံလုံးဆိုင်ရာ မော် လဝီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးကျော်စိုးကလည်း ”ဘယ် လိုပုံစံနဲ့ ဖြစ်တယ် ဆိုတာကိုသိဖို့က အစည်းအဝေးထိုင်ပြီး ဖြစ်ရပ်မှန်ကို ကော်မရှင်ဖွဲ့လုပ်နေတယ်လို့သိရတယ်။ ထွက်လာ တဲ့အဖြေပေါ် ကြည့်ပြီးတော့မှ ပြောလို့ရမယ်။ အခုဟာက မမြင်တွေ့ရဘဲသုံးသပ်မှု မပြုနိုင်ဘူး။ ဒါက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်၊ ဒါကို ဥပဒေအတိုင်း စုံစမ်းဖော်ထုတ်မယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောထားတာပဲ။ ဒီကိစ္စကြောင့်တော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ဖို့မရှိဘူး။ ရန်ကုန် တိုင်းအစိုး ရအဖွဲ့ကလည်း ဒါကို အဖြစ်မခံပါဘူး”ဟု သုံးသပ်သည်။

ယင်းမီးလောင်မှုမှာ လတ်တလော စစ်ဆေးမှုများအရ မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဖြစ်ပွားခြင်း ဟုသိရပြီး အဓိကတာဝန်ရှိသည့် ဗလီတာဝန်ခံနှစ်ဦးအား အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

နံနက် ၁၁နာရီတွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ရန် ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်က ”ဗလီ တာဝန် ခံနှစ်ယောက် ကို အမှုဖွင့် အရေးယူထားတယ်။ အခုသေဆုံး သွားတဲ့သူတွေက မီးခိုးမွှန်ပြီး သေဆုံးတယ် ဆိုတဲ့ ဆရာဝန်ရဲ့ ဆေးစစ်ချက်အရသိရတယ်။ ဒီဖြစ်စဉ်က ဝါယာရှော့ဖြစ်တာ။ ဒါကို ဖုံးချင်ဇောနဲ့ မသမာ မှုတွေလို့ လျှောက် ပြောနေတယ်။ လမ်းတိုင်းလမ်းတိုင်းမှာ အလှည့်ကျကင်းလှည့် စနစ်ထားပါတယ်။ ဘယ်လူ စိမ်းမှ အဝင်မရှိဘူး။ အပြင်ပယောဂမပါတဲ့အတွင်းက ဖြစ်စဉ်ကြောင့် ဖြစ်တယ်။ ဒီဝါယာရှော့ ဖြစ်တယ် ဆိုတာက လျှပ်စစ်ကျွမ်းကျင်သူရော၊ မီးသတ်ရော ဒီပုဂ္ဂိုလ်တွေရဲ့ သုံးသပ်ချက်တွေပါ။ ဒီမီးလောင် မှုမှာ ဗလီတာဝန်ရှိသူတွေ တာဝန်ပေါ့လျော့ တယ်။ မီးလောင်နေ တာသိရက်နဲ့သော့ကိုင်သူက တံခါး ဖွင့် မပေးဘူး” ဟု ဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ”အမှန်ဆိုရင် သူတို့လေးတွေ မသေသင့်ဘဲ သေသွားတာပါ။ ဗလီဆရာတွေရဲ့ မှားယွင်းစွာ ဆုံးဖြတ်မိလို့ပါ။ သူတို့ သာသော့ဖွင့်ပေးမယ်ဆိုရင် ကလေးတွေကို ကယ်တင်နိုင်မှာပါ။ တာ ဝန်ခံဖြစ်တဲ့နှစ်ဦးကို အရေး ယူပါ မယ်”ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း ထပ်မံ၍ ”ကလေးတွေရဲ့ မျက်မြင် ကိုယ်တွေ့ ဖြစ်စဉ်တွေလည်း ကျွန်တော်တို့ မေးမြန်းထား ပါတယ်။ ဒါတွေကတော့ အခုရန် ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ကော်မရှင်ဖွဲ့ပြီး စုံစမ်းမှာဖြစ်တဲ့အတွက် ကော်မရှင် အဖြေလေး စောင့်စေ ချင်ပါတယ်။ ကော်မရှင် ကတော့ကျွန်တော် တို့လည်း မေတ္တာရပ်ခံတယ်။ ဝန်ကြီး ချုပ်ကလည်း ပြတ်ပြတ်သားသား ပြောပါတယ်။ အမှန်ဆုံးဖြစ်အောင် လုပ်ပေးမှာပါ။ ဒီကော်မရှင်က တကယ် ကျွမ်းကျင်တဲ့ ပညာရှင်တွေ နဲ့ဖွဲ့စည်းပြီး အမှန်ဆုံးဖော်ထုတ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံ မွတ်ဆလင် အများစု စိတ်ဝင်စားတဲ့နေရာ ဖြစ် တယ်လေ။ ဒီနေရာမှာ အမှားအယွင်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး ပြန့်သွားဖို့အချိန်က မဆိုင်းတော့ဘူး။ အဲဒါကြောင့် ဒီနေရာမှာ အမြန်ဆုံး အမှန်ဆုံးဖော် ထုတ်မယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ဂယက်ကလည်း အေးချမ်းသွားမှာပါ။ အဲဒီအတွက်ကြောင့် အမြန်ဆုံးနဲ့ အမှန်ဆုံး ဖော်ထုတ်ပေး မယ်လို့ ဝန်ကြီးချုပ်ကကတိပေးပါ တယ်” ဟုဆိုခဲ့ပြီး ယခုအခြေအနေ အရကြောက်ရွံ့မှုခံစားရခြင်းနှင့် ပတ်သက်၍မူ ”ကျွန်တော်တို့က အမှန်တရားပဲလိုချင်တာ။ အမှန်တရား ပေါ်ပေါက်ဖို့ ကျွန်တော်တို့ ကြားတာ မြင်တာတွေ့တာကိုလည်း သက်ဆိုင် ရာကို တင်ပြပြောဆိုထားပါတယ်။ မီဒီယာကိုလည်း တရားဝင် ဗျုးထားပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ထိန်ချန်တာ လျှို့ဝှက် တာဘာမှမရှိပါဘူး”ဟု ဆိုခဲ့သည်။

မီးလောင်မှုကို မျက်မြင်ကြုံ တွေ့ခဲ့ရပြီးအသက်ဘေးမှ လွတ် မြောက်ခဲ့သော ကလေးများနှင့်ပတ် သက်၍ ¤င်းက ”လောလောဆယ် မှာ ကလေးတွေကို လုံခြုံတဲ့နေရာ မှာ အေးအေးချမ်းချမ်းနား နေခွင့်ပေး ထားတာပါ။ မိဘရပ်ထံကို ကျွန်တော် တို့ပြန်မပို့သေးပါဘူး။ ဒီကိစ္စက မမျှော်လင့်ဘဲ ကြီးကြီးမားမားဖြစ် တယ်ဆိုတော့ ဒီကိစ္စကို လောလော ဆယ်မှာ ကျွန်တော်တို့ အပြင်ကို မထုတ်သေးပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဆို တော့ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့က လုံလောက်အောင် ပြည့်စုံအောင်မှာ ကြားထားတာမို့ တိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်းပြီး အမှန် တရား ပေါ်ပေါက်ဖို့ဆောင်ရွက်သွားမှာပါ”ဟု ထပ်လောင်းပြောခဲ့သည်။

မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းကြားရပြီးနောက် မင်္ဂလာတောင်ညွန့်၁ဝ၁ လမ်းထိပ်မှ M.M  ယောင်နက် အစ္စလာမ် ဗလီတွင် လာရောက်၍ ကူညီပေးခဲ့သော သုဝဏ္ဏ ဘက်တွင် ကိုယ်ပိုင်ဆေး ခန်းဖွင့် ထားသည့် အစ္စလာမ်ဘာသာဝင် ဆရာဝန်(အမည်မပြော)က ”တစ်ယောက်က လက်က ဒီလိုခေါက် သွားတာပေါ့ (လက်ဖမိုး နေရာကို ကွေးပြရင်း) လက်က ကျိုးသွားတာလား ခေါက်သွားတာလား မသိဘူး။ ဒါပေမဲ့ ကျွန်တော် ဘန်ဒေ့စည်းပေးလိုက်တယ်။ နောက်တစ်ယောက်ကျတော့ ခြေသန်းကွဲ သွားတယ်။ သူ့ ကိုတော့ မေးခိုင်ကာကွယ်ဆေးထိုး ပေးလိုက်တယ်။ အနာကိုဆေး ထည့်ပေးလိုက်တယ်။ နောက်တစ်ယောက် ကကျတော့ ဒူးနည်းနည်းနာသွားတယ်။ ဒီလောက်ပဲ ။ ဟိုမှာတော့ ဘယ်လောက် သေလည်း ကျွန်တော်မသိဘူး။ ကျန်တဲ့အပိုင်းကတော့ ကလေးတွေ အေးဆေးပဲလား အေးဆေးပါပဲ။ ဆရာတစ် ယောက်ကတော့ လက်မောင်းမှာ မီးဟပ်ထားတဲ့ ဒဏ်ရာလေးရှိတယ် ။ အရေပြားတော့ ဘာမှ မဖြစ်ဘူး။ ပူတယ်လို့ပဲသူပြောတယ်။ အရေပြားနည်းနည်း နီနေ တယ်။ ဒါပဲ” ဟု ပြောပြသည်။

မည်သို့ပင်ဆိုစေ မီးလောင်မှုအရ ဗလီမှ မီးအားမြှင့်စက်တစ်လုံး၊ အဆောက်အအုံလှေကားနှင့် ကြမ်း ခင်းများ အပါအဝင် ဆုံးရှုံးမှုငွေကျပ် တန်ဖိုးအားဖြင့် ကျပ် ရှစ်သိန်းငါး သောင်းနှင့် အသက် ၁၂ နှစ်မှ ၁၆ နှစ်ထိ ပါဝင်သော ကလေးကျား ၁၃ ဦး သေဆုံးခဲ့ရသည်။

လက်ရှိ အခြေအနေအရ အရပ်သားအစိုးရတက်လာပြီး အတန်အ သင့်ပွင့်လင်းလွတ်လပ်သည့် ကာလ တစ်ခုသို့ရောက်ချိန် နိုင်ငံအနေဖြင့် ရှေ့သို့သာသွားရမည့်အစား မလို လားအပ်သော လူမျိုးရေးနှင့်ဘာသာ ရေးပဋိပက္ခကို ဦးတည်သည့်အကြမ်း ဖက် လှုံ့ဆော်မှုများကတော့ အခွင့် ကောင်းကို ချောင်းနေပြီဖြစ်သည်။
ယင်းအခြေ အနေတွင် လှုံ့ဆော် မှုကို မရည်ရွယ်ဘဲ အားပေးမိလျက် သားဖြစ်နိုင်သည့် အခြေအနေများကို သတိ ထားရှောင်လွှဲရမည်ဖြစ်ပြီး သြ ဇာသက်ရောက်မှုရှိသည့် အင်တာ နက်ကဲ့သို့ လူမှုဝက်ဘ် ဆိုက်များ အနေ ဖြင့်လည်း အမုန်းတရားများ မပြန့် ပွားရန် သတိထားသင့်ကြောင်း နိုင်ငံ ရေး လေ့လာသူများက သုံးသပ် သည်။ ၄င်းအပြင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ၄င်း၏ ဖေ့စ်ဘွတ်ခ် တွင် ကောလာဟလများကို လွယ်လွယ်ကူကူ မယုံကြည်ကြရန်နှင့် မီဒီယာများအနေ ဖြင့်လည်း သတင်း မှန်ဖြစ် စဉ် အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီးကြောင်း သုံးသပ်ရေးသား ထားသည်။

ဒီမိုကရေစီလမ်းပေါ် စတင် လျှောက်လှမ်းခွင့်ရချိန် ဤကာလ တွင်မှ ယင်းကဲ့သို့ ပဋိပက္ခများ ပိုမို များပြား လာခြင်းသည် တိုင်းပြည်ကို အရောင် မထွက်စေလိုသူများ ကြောင့်လော၊ ပြောင်းလဲတိုးတက် မှုကို မမြင် လို၍ အာဏာနှင့်နေရာ အသက်ဆက်ချင်သူများကြောင့် လော။ သို့တည်းမဟုတ် ဖြစ်နိုင် ခြေများကတော့ ဖြစ်နိုင် သည်သာ ချည်းပင်။ သို့သော် အခွင့်အခါကောင်း ခေတ်စနစ်ပြောင်းချိန်ကျမှ ဤကဲ့သို့ အခြေ အနေများ အသက်ဝင်လာခြင်းကတော့ တိုင်းပြည်နှင့် ပြည်သူအတွက် ရတက်မအေး စရာပင် ဖြစ်သည်။

ရန်ကုန်သည် ယခင်ပျော်ရွှင် ဖွယ် ကောင်းသော မြို့ပြဆန်မှုများ ဖြင့် ရန်ကုန်သာ ဖြစ်စေလိုပါသည်။
ရန်ကုန် သာမက မြန်မာတစ်နိုင်ငံလုံး ရှိသမျှ နေရာဌာနတိုင်းတွင်လည်း ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အကာ အကွယ်နှင့်လုံခြုံမှုမဲ့သည့် နေ့ည အချိန်များမရှိစေလိုပါ။ စိတ်ချလက် ချအိပ်စက်နိုင်သော ညများနှင့်အတူ စားဝတ်နေရေး အတွက် နေ့ည အချိန်မရွေး လုံခြုံသော လူမှုပတ် ဝန်းကျင်ထဲ အားလုံးရှင်သန်နေချင် ကြပါ သည်။

ဤနေ ရာတွင် လူတိုင်းမလို လားသော အကြမ်းဖက်မှုများရှိနေ သည်ဟု ယူဆပါက စကားဟောင်း ဖြစ်သည့် အစိုးရနှင့်ပြည်သူ လက် တွဲ၍ တိုင်းပြည်ကို ထူရမည့်အချိန် ရောက်လာပြီဟုဆိုရမည် ဖြစ်သည်။
အယူအ ဆမတူကြသော်လည်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေ ထိုင်နိုင်ရေးသည် တိုင်းပြည်အတွက် အရေးပါသော မူဝါဒဖြစ်ပြီးမည် သည့် အရာတစ် ခုကမှ ပြာသာဒ်ကို မီးလောင်စေမည့် အမှိုက်များမဖြစ်စေ လိုသည်ကတော့ အားလုံး၏ဆန္ဒ ပင်ဖြစ်ပါမည်။

လက်ရှိဖြစ်ရပ်အတွက် သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လည်း လျှပ်စစ်၊ မီးသတ်၊ တိုင်းသာ သနာရေး၊ တိုင်းရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက် ၍ အမှန်တရားပေါ်အောင် ဆောင် ရွက်မည်ဟုလည်း တရားဝင် ထုတ် ပြန်ထားပြီး ဖြစ်သည်။

ထို့အတွက် အမုန်းတရားကို အခြေခံသောအတ္တနှင့်ဆန္ဒကို အသီး သီးထိန်းကာ ငြိမ်းချမ်းရေးအတွက် အတူ ယှဉ်တွဲ၍ အကြမ်း ဖက်မှု မပါ သော တိုးတက်ပြောင်းလဲမှုကို တည် ဆောက်ရမည်ဟု ယုံကြည်ပါသည်။

၂ဝ၁၃ ကတော့ မြန်မာနိုင်ငံအတွက် အမှားမခံသော စိန်ခေါ်မှုများနှင့် စောင့်နေပြီဖြစ်သည်။ ရခိုင်၊ မိတ္ထီလာ၊ ပဲခူး စသဖြင့် စသဖြင့် မည့် သည့်အရပ်ဒေသတွင်မှ အမုန်း တရား မရှိစေရ။ မည်သည့် အကြောင်း ရင်းကြောင့်ဖြစ်ဖြစ် အပြစ်မဲ့သူများ အ သက်မဆုံးစေရ။

လောကပါ လ  တရားများနှင့် အတူ ပြည်သူကတော့ ငြိမ်းချမ်းပျော် ရွှင်ဖွယ်ကောင်းသော ရန်ကုန်ညတွေ အမြန်ပြန် လာနိုင်ပါစေဟူသောဆု တောင်းသံများရင်ထဲတွင် ညံနေကြ ပြီ ဖြစ်ပါသည်။

From: Popular Myanmar News Journal

လက်ထပ်ခါနီးသတို့သားလောင်း ခေါ်ယူစစ်ဆေးရာမှအပြန် သေဆုံးမှုကြောင့် ဖမ်းဆီးသည့်ရဲအား လူသေစေမှုဖြင့် အရေးယူ

Posted by drmyochit Wednesday, April 03, 2013, under | No comments



မန္တလေးမြို့တွင် လက်ထပ်ခါနီးသတို့သားလောင်းတစ်ဦးအား ရဲစခန်းမှ ခေါ်ယူစစ်ဆေးပြီးအပြန်တွင် သေဆုံး သွားမှုကြောင့် ဖမ်းဆီးသူ ရဲတပ် သား အား လူသေစေမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက် နေ့ နံနက် ၃ နာရီအချိန်တွင်သပိတ် ကျင်းမြို့နယ် ရှားတောရွာနေ ဝင်း မင်း (ခ) ဗဒင်မှ သီရိမင်္ဂလာကား ကွင်းသို့ ဘော ကြီး(ခ)ပြည့်စုံအောင် မောင်းနှင်သော ဆိုင်ကယ် ကယ်ရီ အားငှားစီးရာ ကားကွင်းအနီး ငါး လုံးတိုက်တန်းနားအရောက်တွင် ဘောကြီး(ခ)ပြည့်စုံေ အာင်မှ လူကို ထိုး၍ ပိုက်ဆံတစ်သိန်းလုယူကာ ထွက်ပြေးသွားသဖြင့် အရေးယူပေး ပါရန် ကားကွင်းတွင်လုံခြုံရေးတာ ဝန်ထမ်းဆောင်နေသော ရဲတပ် သား သန်းနိုင်ထွန်းအား တိုင်တန်း ခဲ့သည်။ရဲတပ်သားသန်းနိုင်ထွန်းမှာ ကယ်ရီ သမားအသိုင်းအဝိုင်းအား စုံစမ်း ရာအကွက် (၉)တွင် နေ ထိုင် သော ဘောကြီးဖြစ်ကြောင်း စုံစမ်း သိရှိရသဖြင့် လိုက်လံရှာဖွေရာ ၂၆ လမ်း၊ ၈၉-၉ဝ ကြားတွင် တွေ့ရှိ ခဲ့ပြီး ဖြစ်စဉ်ကိုပြောပြကာ ဆိုင်ကယ်ေ ပ်ါတင်၍ စခန်းသို့ခေါ်ယူခဲ့သည်။ ဘောကြီးမှာ ဆိုင်ကယ်ပေါ် တက်ဟန်ဆောင်ပြီး ထွက်ပြေးရာ တပ်သားသန်းနိုင်ထွန်းက လိုက် ဖမ်းခဲ့သည်။ ထွက်ပြေးစဉ်လမ်းတွင် တည်းခိုခန်းတစ်ခုရှေ့ ကတ္တရာ လမ်းပေါ်တွင် ရေဖျန်းနေရာမှ ရဲ တပ်သားမှ လှမ်းအဖမ်း နှစ်ဦးစလုံး ချော်လဲရာ မှ ဘြော ကီးမှာမျက်ခုံး ကွဲသည့်ဒဏ်ရာ ရရှိခဲ့သည်။

၎င်းနောက် အမှတ် ၅ ရဲ စခန်းသို့ ခေါ်သွားရာ ကူညီရှာဖွေ ပေးသည့် ကယ်ရီသမား လေးဦး ခန့်နှင့်အတူ တရားလိုဝင်းမင်း(ခ) ဗဒင်ရှေ့မှောက်တွင် စစ်ဆေးခဲ့ရာ ဘောကြီးမှာ လူကိုထိုး၍ ကယ်ရီခ ငါးထောင်သာ တောင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့်အမှုလိမ်လည် တိုင်တန်းသူ ဝင်းမင်း(ခ)ဗ ဒင်အား ပုဒ်မ ၁၈၂ နှင့်အမှုဖွင့်အရေးယူခဲ့ ပြီး ဘောကြီး(ခ) ပြည့်စုံအောင်အားညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။ ဘောကြီးအား ဒဏ်ရာကိုဆေးရုံ လိုက်ပို့မည်ဟု တာဝန်ကျရဲမှူး မှ ပြောသော်လည်း လက်မခံဘဲ အိမ်သို့ပြန်သွားခဲ့ သည်။ ဘောကြီး(ခ)ပြည့်စုံအောင်မှာ မျက်ခုံးကွဲသည့်ဒဏ်ရာ မသက်သာ သဖြင့်နံနက် ၁ဝနာရီခွဲတွင် ဆေးရုံ သို့သွားရာ လမ်း၌ သေဆုံးခဲ့သည်။ ထို့ကြောင့်မန္တလေးပြည်သူ့ ဆေးရုံကြီးမှ လူသေအလောင်းကို PR12/2013 ဖြင့် လက်ခံခဲ့ပြီး အ လောင်းအားစစ်ဆေးရာ အလောင်း မှာ ဦးခေါင်းခွံအက်ကာ ဦးနှောက် အတွင်းသွေးယိုစိမ့်မှုဖြင့်သေ ဆုံးခဲ့ ကြောင်း မှုခင်းဆရာဝန်ကြီးမှ ထွက်ဆိုခဲ့ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အမှုအား အမှတ် ၅ ရဲစခန်း မှ ထပ်မံစစ်ဆေးပြီးတရား ခံဖမ်း ဆီးရာတွင် သေစေမှုဖြင့် ရဲတပ် သားသန်းနိုင်ထွန်းအား ပုဒ်မ ၃ဝ၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည် ”အင်္ကျီအစိမ်းနဲ့တစ်ယောက် ရောက်လာတယ်။ ပိုက်ဆံတစ်သိန်း ခွဲယူပြေးသွားတယ်လို့ ပြောတယ်။ ဒါနဲ့ ရဲစခန်းကို သွားတိုင်လို့ပြော လိုက်တယ်။ နောက် ၁ဝ မိနစ် လောက်ကြာတော့ ရဲကင်းက ရဲနဲ့ အဲဒီလူနဲ့ ရောက်လာပြီး အရှေ့ ဘက်ကိုထွက်သွားတယ်။ နောက် သေဆုံး တဲ့ေ ကာင်လေးပါ ပါလာတယ်။ ပိုက်ဆံဘယ်လောက်ယူလဲ ဆိုတော့ ၅ဝဝဝ ပဲယူတာဆိုပြီး ပြောတယ်။ ဒါနဲ့ မင်းတိုင်တဲ့သူနဲ့ တွေ့ပေးမယ် အမှန်အတို င်းပြောဆို ပြီး ပြောတာကြားတယ်။ နောက် သေသွားတဲ့ကောင်လေး ထွက်ပြေးသွားတာတွေ့တယ်”ဟု မျက်မြင် တွေ့ရှိသူ ဆိုင်ကယ်ကယ်ရီသမား တစ်ဦးကပြောသည်။ သေဆုံးသူမှာ လက်ထပ်ရန် ငါးရက်သာ လိုသောအချိန်တွင် သေဆုံးခြင်းဖြစ်ပြီး ၄င်းလက်ထပ် မည့် အမျိုးသမီးတွင် ကိုယ်ဝန် သုံးလကျန်ခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ အမျိုးသမီးမသင်း သင်းခိုင်က ”ကျွန်မနဲ့တွေ့တော့ သူ့ကို ဆေးရုံပို့ပေး ဖို့သာ မျက်လုံး ပြူးနဲ့ ပြော တယ်။ ခေါင်းမှာလည်း ဘုကြီးနဲ့။ မေးတော့ ရဲက ခေါင်းကို ရိုက်တယ်လို့ပြောတယ်။ မနက် ၇ နာရီခွဲမှာဆုံးတာ” ဟု ပြောသည်။ သေဆုံးသွားသော ဘောကြီး (ခ)ပြည့်စုံအောင်အား ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကြာနီကန်သုသာန်၌ သင်္ဂြိုဟ် ကြောင်း သိရသည်။ ၄င်း ကိစ္စနှင့် ပတ်သ က်ပြီး သေဆုံးသူမိသားစုမှ ဧပြီ ၂ ရက် နံနက် ၁၁ နာရီက ၂၆ လမ်း၊ ၉၁ x ၉၂ လမ်းကြားရှိ ပြည့်ဖြိုး လက်ဖက်ရည်ဆိုင်၌ စာ နယ်ဇင်းရှင်းလင်း ပွဲ ပြုလုပ်ခဲ့ရာ တွင် သေဆုံးသူ၏ အမျိုးသမီး မသင်းသင်းခိုင်က အထက်ပါအ တိုင်းပြောခြင်းဖြစ်သည်။

ဖိုးလပြည့်၊ စိုင်းလမင်း
From: Popular Myanmar News Journal

ထပ်မံပြုလုပ်မည့် ပရဟိတ လုပ်ငန်းတစ်ခုအကြောင်း နန်းခင်ဇေယျာ အသိပေးပြောကြား

Posted by drmyochit Wednesday, April 03, 2013, under | No comments


ရန်ကုန်။ ဧပြီ ၃

နန်းခင်ဇေယျာ မှ သူ့အနေဖြင့် ထပ်မံပြုလုပ်မည့် ပရဟိတ လုပ်ငန်း တစ်ခု အကြောင်း သူ၏ဖေ့ဘွတ် စာမျက်နှာ မှ တစ်ဆင့် အသိပေး အကြောင်း ကြားလိုက်ကြောင်း သိရသည်။

ယင်းမှာ မြန်မာနှစ်သစ်ကူး သင်္ကြန် အကြို ကောင်းမှု ကုသိုလ်ပြု လုပ်မှု အဖြစ် ရန်ကုန် ကလေးဆေး ရုံ(Helping လမ်း) တွင် တက်ရောက် လျက်ရှိပြီး ဆေးဝါး ကုသမှု ခံယူနေ ရသောကင် ဆာဝေဒ နာရှင် ကလေး ငယ်များ ကို ဧပြီလ ၈ ရက်၌ သွားရောက် တွေ့ဆုံ၍ အားပေးစကားပြောကြားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဆေးဝါး ကုသမှု ခံယူရန် အတွက် ငွေကြေး အခက် အခဲနှင့် ရင် ဆိုင် နေရသည့် ကင်ဆာဝေဒနာရှင် ကလေး ငယ်များအတွက်လည်း တတ်နိုင်သလောက် လှူဒါန်း သွား မည်ဖြစ်ပြီး အမှန် တကယ် ငွေကြေး ချို့တဲ့ပြီး ဆေး ကုသမှု ခံယူရန် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ကလေး ငယ်လေးများ အတွက် ၄င်းအတူတတ်နိုင်သလောက် ပါဝင် လှူဒါန်းလိုသူများ၊ ပရိသတ်များနှင့် အလှူရှင်များ အနေဖြင့် လည်း ၄င်းနှင့်အတူလိုက်ပါလှူဒါန်းလိုလျင်ဖြစ်စေ၊ တစ်ဆင့် လှူဒါန်းလိုလျင်ဖြစ်စေလှူဒါန်းနိုင်ကြောင်း ။ လှူဒါန်းမည် ဆိုပါက ဧပြီလ ၇ ရက်နောက်ဆုံးထား၍ ဖုန်း ၀၉၅၆၀၁၂၅၈၊ email: nangkhinzayyar@gmail.com သို့ ဆက် သွယ် အကြောင်းကြားနိုင်ကြောင်းဖြင့် နန်းခင်ဇေယျာက သူမ၏ဖေ့ဘွတ်တွင် ဖော်ပြထားခဲ့သည်။

NLA
From: Popular Myanmar News Journal

ဗလီကျောင်းမီးလောင်မှု အဖြစ်မှန်စုံစမ်းဖို့ နိုင်ငံတကာတိုက်တွန်း

Posted by drmyochit Wednesday, April 03, 2013, under | No comments



မနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဗလီ စာသင်ကျောင်း မီးလောင် မှုမှာ သေဆုံးခဲ့သူတွေကို၊ မနေ့ကပဲ ရန်ကုန် ရေဝေး သုသာန်မှာ ဈာပန ပြုလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက် လို့ ဖြစ်ရပ် အသေးစိတ်ကို အစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါ တယ်။ တဘက်မှာလည်း ဘာသာရေး တင်းမာမှုတွေ ရှိနေချိန် အခုလို ဖြစ်ရပ်ကြောင့်၊ သံသယ ဖြစ်မှုတွေ မရှိအောင် တာဝန်ရှိသူတွေကလည်း ရှင်းလင်း တင်ပြနေပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြ ထားပါတယ်။

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ဗလီ ကျမ်းစာသင်ကျောင်းမှာ မီးလောင်လို့ မီးခိုးမွှန်ပြီး သေဆုံးခဲ့တဲ့ ကျောင်း သား ၁၃ ဦးရဲ့ ဈာပနကို မနေ့ကပဲ ရန်ကုန် ရေဝေးသုသာန်မှာ အစ္စလာမ်ဘာသာ ထုံးတမ်းနဲ့ သဂြိုလ် ခဲ့ပါတယ်။

ဗလီမီးလောင်မှုအတွင်း သေဆုံးသွားတဲ့ ကလေးငယ် ၁၃ ဦးကို 
အစ္စလာမ်ဘာသာထုံးတမ်းနဲ့အညီ ဈာပနကျင်းပခဲ့ (၂ ဧပြီ ၂၀၁၃)

ထောင်နဲ့ချီတဲ့ အစ္စလာမ် ဘာသာဝင်တွေ တတ်ရောက် ခဲ့ကြသလို၊ ၈၈ မျိုးဆက်အဖွဲ့က ခေါင်းဆောင်နှစ် ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုမြအေးတို့လည်း တတ်ရောက်ပါတယ်။ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေတဲ့ အချိန်မှာ အခုလို ဖြစ်ရပ်ကြောင့် သံသယနဲ့ အမုန်းတရားတွေ ပျံ့နှံ့လာမှာကို စိုးရိမ်တယ်လို့ ကိုမြအေး က အဲ့ဒီ ဈာပနမှာပဲ ဈာပနလာကြသူတွေကို ပြောခဲ့ပါတယ်။

“ကျနော် မနေ့ကလည်း မိတ္ထီလာ ရောက်ခဲ့တယ်။ ဒုက္ခသည်စခန်း အတွင်းမှာ တွေ့ခဲ့တယ်။ အဲ့ဒီ ဒုက္ခသည် စခန်းတွင်းမှာသည်ပင်လျှင် ကျနော် စောစောက ပြောသွားသလို ကောလဟာလတွေက အရမ်းကို ပြန့်နေ တယ်။ လူလူချင်း အမုန်းတရားတွေ ပွားစေတဲ့ ကောလဟာလတွေ အရမ်းကို ပြန့်နေတယ်။ အဲ့ဒါကြောင့် ကျနော်က အရမ်းပဲ စိတ်ပူပါတယ်။ အတိအလင်းပဲ ပြောပါမယ်။ အတိအလင်းဆိုတာက ဒီသင်္ကြန်၊ ဒီသင်္ကြန် ကို ကျနော် အလွန်ပဲ စိတ်ပူနေပါတယ်။ အဲ့ဒါကို ကျနော်တို့ အားလုံး ၀ိုင်းကာပြီးတော့ ၀ိုင်းပြီးတော့ တားဆီး မှ ရမယ်လို့ ကျနော် မြင်ပါတယ်။”

တချိန်တည်းမှာပဲ ဒီဖြစ်ရပ်ကြောင့် ဘာသာရေး တင်းမာမှုတွေ ရန်ကုန်မှာ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မီးလောင်တဲ့ ဗလီနားမှာ လုံခြုံရေးတွေ အတော်လေး တင်းကြပ်ထား ပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကလည်း ချက်ခြင်းဆိုသလို သတင်းစာ ရှင်းလင်းပွဲခေါ်ယူခဲ့ပြီး၊ မီးလောင် မှုဖြစ်စဉ် ကို ရှင်းလင်းပါတယ်။ မီးအားမြှင့်စက်ကနေ ၀ါယာရှော့ဖြစ်လို့ စတင် လောင်ကျွမ်းရာကနေ ပိတ်မိနေတဲ့ အထဲ က ကျောင်းသားတွေ မီးခိုးမွှန်ပြီး သေဆုံးခဲ့တာလို့ မီးသတ်အရာရှိတဦးက အခုလို ကောက်ချက် ချပါတယ်။

“အောက်ဆီဂျင် မရဖြစ်သွားတာ ကလေးတွေ သနားကို အရမ်းကို ကောင်းပါတယ်။ မီးလောင်တဲ့အခါ ကလေးတွေ က ငယ်တော့ မဆင်းနိုင်တဲ့အခါ မီးခိုးငွေ့တွေ ရှုမိတာပေါ့နော်။ မီးခိုးတွေ ထွက်နေလို့ ကျနော် တို့ ရောက်လာတယ်။ မီးစလေးတွေ နည်းနည်းပါးပါး တွေ့တယ်။ တွေ့တော့ တံခါးဖျက်ပြီး ၀င်တော့ မီးအားမြှင့် စက် မီးလောင်နေတာကို တွေ့တာပေါ့နော်။ ကျနော်တို့က မီးစက်မှာပဲ တွေ့တာပဲလေ။ ဒါပေမဲ့ ဘာကြောင့်ဖြစ် တယ်ဆိုတာ မသိဘူးပေါ့နော်။”

ဒါပေမဲ့လည်း အသေးစိတ်ကိုတော့ ဗလီကျောင်း တာဝန်ရှိသူတွေကို စုံစမ်း မေးမြန်းနေ တယ်လို့ ရဲဘက်က ပြောပါတယ်။

ရန်ကုန် အမေရိကန်သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) ကလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက် လို့ ကြေညာချက် ထုတ်ပြန်ရာမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေအတွက် အလွန်အမင်း ၀မ်းနည်းကြေ ကွဲမိတယ်လို့ ဖော်ပြပါတယ်။

တချိန်တည်းမှာလည်းပဲ ဒီမီးလောင်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း နဲ့ အပြည့်အစုံ စုံစမ်းစစ်ဆေး ဖို့အတွက် မြန်မာအစိုးရအနေနဲ့ တာဝန်ရှိတဲ့ လူမှုအသိုင်း အ၀ိုင်းက ပုဂ္ဂိုလ်တွေနဲ့အတူ နီးနီးကပ် ကပ် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။

EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ အလွန်အမင်း တုန်လှုပ်မိပြီး၊ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ကြေကွဲတဲ့အကြောင်း သူ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်အပေါ်မှာ သံသယ မရှိကြစေဖို့အတွက်လည်း စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ အာဏာပိုင် တွေကို EU နိုင်ငံခြားရေး အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က တိုက်တွန်း ထားပါတယ်။

ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ ဦးသန့်ဇော်ဦး ကတော့ ဒါဟာ သာမန် မီးလောင်မှုလို့ ပြောပါတယ်။

“ဒီဗလီမှာရှိတဲ့ လှေကားအောက်က မီးအားမြှင့်စက်နေပြီးတော့ အပူလွန်ကဲပြီးတော့ အဲ့ဒီကနေမှ ၀ါ ယာရှော့ ဖြစ်တာပေါ့။ ၀ါယာရှော့ဖြစ်ပြီးတော့ လှေကားအောက် ဆိုတော့ လှေကားကို မီးလောင် သွားတာ ပေါ့နော်။ လှေကားမီးလောင်သွားတဲ့ အခါကျတော့ အပေါ်ထပ် ထပ်ခိုးလေးမှာ အိပ်ကြတဲ့ ကလေးတွေက ထွက် ပေါက် ပိတ်ပြီးတော့ မီးခိုးမွှန်ပြီးတော့ ၁၃ ယောက်လောက်က ဆုံးသွားတယ်။”

ဖြစ်တဲ့အချိန်မှာ ကျမ်းစာသင်ကျောင်းမှာ ကျောင်းသား ၇၀ ကျော်ရှိနေပြီး၊ အတော်များများကတော့ လွတ်မြောက် သွား ခဲ့ပါတယ်။ ဗိုလ်တထောင်မြို့နယ်က ကြက်ခြေနီ အဖွဲ့ဝင်တဦးဖြစ်တဲ့ မခင်သန်းစိုး ကတော့ မီးထဲကနေ ကလေးငယ် ၃၀ လောက်ကို ကူညီ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

“ဒီအထဲထဲမှာပဲ လောင်နေတာလေ။ ဘာဖြစ်တယ်ဆိုတာတော့ ကျမလည်း မသိဘူးပေါ့။ ကျမတို့ကတော့ ဒါ မီးလောင်တယ်ဆိုတဲ့အတွက် ကြက်ခြေနီ လူမှု ကရုဏာလုပ်ငန်း လုပ်နေသူတွေ ဖြစ်တဲ့အတွက် ကျမတို့ က လူမျိုး၊ ဘာသာမရွေး အကုန်လုံးကို ကူညီဖို့ရာ ကျမတို့မှာ ဒီမေတ္တာ၊ စေတနာလေးတွေ နှလုံးထဲမှာ အမြဲတမ်း ထားထားပါတယ်။ ဘယ်လိုမျိုးပဲ ဖြစ်နေဖြစ်နေ ကျမတို့က သဘာဝဘေးအန္တရာယ်ပဲ ကျရောက် ကျရောက်၊ ဘယ်လိုပုံစံမျိုးပဲ ဖြစ်နေဖြစ်နေ ကျမတို့က ကူညီဖို့ရာ အဆင်သင့်ပါပဲ။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်း မြို့အတော်များများမှာ အစ္စလာမ် ဘာသာ ဗလီကျောင်း တချို့ မီးရှို့ဖျက်စီးခံရတာကြောင့်၊ အခြေအနေတွေ ကူးစက်မ လာအောင် အာဏာ ပိုင်တွေရော လူမှုအဖွဲ့အစည်းတွေကပါ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြရ ပါတယ်။

အထူး သဖြင့် ရန်ကုန်မှာဆိုရင် ညပိုင်းတွေမှာ ဗလီတွေကို အလှည့်ကျ စောင့်ကြပ်ရတဲ့ အထိ ဖြစ်နေ ပါတယ်။ ဒါပေမဲ့ အခြေအနေတွေကို ဘာသာရေးအရ ဖြစ်တယ်လို့ မမြင်ဘဲ တခြား ပယောဂကြောင့်လို့ ယူဆတဲ့အကြောင်း မူဆလင်တဦးက မနေ့က ကျောင်းသား ၁၃ ဦးရဲ့ ဈာပနမှာ ပြောခဲ့ပါတယ်။

“ဒီကိစ္စဟာ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာ တက်နေတဲ့ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာရှိတဲ့ အချစ်တရားကို ဖျက်စီးဖို့အတွက် ဒါ Politics လို့ပဲ မြင်ပါတယ်။ မှန်ပါတယ် မှန်ပါတယ်..”

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်းမှာ မနှစ်က စတင်ခဲ့တဲ့ လူမျိုးရေး တင်းမာမှုတွေကနေ၊ အခုနှစ် ပြီးခဲ့တဲ့ မေလမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ဘာသာရေး တင်းမာမှုတွေအထိ ကျယ်ပြန့် လာတာကြောင့် အခြေအနေတွေကို ပြန်လည် တည်ငြိမ်အောင်လို့ အာဏာပိုင်တွေရော၊ လူမှု အဖွဲ့အစည်း တာဝန် ရှိသူတွေရော ဘာသာရေးခေါင်းဆောင်တွေပါ ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။

ကိုသားညွန့်ဦး
From: VOA

မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်

Posted by drmyochit Wednesday, April 03, 2013, under | No comments


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး 
Yun Byung-Se တို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (၂ ဧပြီ ၂၀၁၃)

မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင် ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင် တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားေ ရးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် စစ်ရေးအရ အရေးယူမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ ရန်စတဲ့ သဘောမှာ ရှိပြီး၊ အန္တရာယ်လည်း များသလို အဆင်ခြင်မဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီး ယွန် ဗြောင်စီ (Yun Byung-se) နဲ့ ၀ါရှင်တန်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်လင်းပွဲမှာ မစ္စတာ ကယ်ရီ က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိအကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အပြည့်အ၀ ပြင်ဆင်ပြီးသား ဖြစ်သလို၊ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ မြောက်ကိုရီးယားကလည်း ဒါကို သိပြီးဖြစ် တယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။  မြောက်ကိုရီးယားနိုင်ငံကနေ လက်နက်တွေ ထပ်ပြီး ထုတ်လုပ် ဖို့ နဲ့နိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ရပ်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်း ဖိုကို အမြန် ဆုံး ပြန်လည်ပတ်မယ်လို့ ပြောသွားပြီး နာရီပိုင်းအကြာမှာပဲ အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယား အစိုးရက ယူရေနီယံ သတ္တုသန့်စင်တဲ့ စက်ရုံနဲ့  လက်နက် ထုတ်လုပ် ရာမှာ အသုံးပြု လို့ရမယ့် ပလူတိုနီယံ ထုတ်လုပ်နိုင်တဲ့ ၅ မီဂါဝပ်အား ရှိတဲ့  ဓာတ်ပေါင်းဖို ကို အရင်စ လည်ပတ်မယ်လို့ ပြောပါ တယ်။

From: VOA

လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင် ရွက်ခဲ့ကြောင်း ကင်တာနားပြော

Posted by drmyochit Wednesday, April 03, 2013, under | No comments



မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက် လာနိုင်တဲ့ နိမိတ် လက္ခ ဏာ တွေ ရှိနေပေ မဲ့၊ အစိုးရဟာ ကာကွယ် တားဆီးရေး ဆောင်ရွက် မှုေ တွကို အပြည့် အဝ မဆောင် ရွက် ခဲ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စား လှယ် မစ္စတာ တောမတ်စ် ကင် တား နားက ပြောလိုက်ပါတယ်။

အဲဒီ နိမိတ် လက္ခဏာ တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ရခိုင်ပြည် နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကတည်းက ရှိနေ ခဲ့ တာဖြစ်ပေမဲ့၊ ဘာသာ လူမျိုး မတူကွဲပြားသူချင်း ခွဲခြားဆက်ဆံတာတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ တနိုင် ငံ လုံး ပြန့်ပွား မသွားအောင် လုံလောက်တဲ့ ကာကွယ် တားဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အစိုး ရ ဟာ ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေ ယခုထက်ပိုပြီး ပြန့်ပွားမသွားအောင် လိုအပ်တဲ့ အစီ အစဉ်တွေ ချက်ချင်း လက်ငင်း ဆောင်ရွက်သင့်ပြီဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

From: RFA

၄၈လမ်း ဗလီ မီးလောင်၊လူသေဆုံးမှု ရှို့မီးမဟုတ်ကြောင်းအထောက် အထားများတွေ့ပါပြီ

Posted by drmyochit Wednesday, April 03, 2013, under | No comments



ဝေယံသူ တဲ့ ဗလီထဲကမီးလောင်သွားတဲ့ မီးအားမြှင့်စက်ဘေးမှာ အိပ်တဲ့ ကလေးပါ နောက် ပြီးမောင် မောင်ဇော် နောက် မောင်မျိုးအောင် ဘာသာရေး စာသင် ကလေးတွေ လေ မွန်းလွဲပိုင်းကြမှ သူတို့ သတင်း တွေက ထွက် လာတာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူပ် က မိုးချူပ်ခါနီးမှ မီဒီယာတွေကို အကုန်ခေါ် ပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ရပါတယ် ။

အဖြစ်က ဒီလိုပါ ဝေယံသူက ဧပြီ ၂ရက်မနက်၃နာရီလောက်မှာ သူ့ဘေးက မီးအားမြငှ့်စက်က အသံတွေ ထွက် လာပြီး မီးခိုးတွေ ထွက်လာပါ တယ် တဲ့ သူနဲ့တခြားကလေးတွေက လိုက်နိုးပါတယ်မထကြပါဘူး လို့ပြောပါ တယ် ။ဒါနဲ့ ကလေးတွေက ခြုံတဲ့စောင် တွေနဲ့ အုပ်ပြီးတော့မီးကို ငြိမ်းပါသေးတယ် ။ မီးကမငြိမ်း ပါဘူး ။

ဒါနဲ့ဘဲ ဗလီ ဆရာဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါ ထလာပြီးတော့ စောင်တထည်ကိုရေဆွတ်ပြီးတော့ အုပ်ပါ တယ်လို့ ကလေးတွေက ပြောပြပါတယ် ။မီးကမသေဘဲမီးခိုးတွေအူလာပြီးတော့ အပေါ်ထပ်က ကလေး ၁၃ဦးက မီးခိုးမွှန်ပြီးတော့ သေဆုံးကုန်ကြပါတယ် ။ေ အာက္ထပ္က ကေလး ၅၀ က ဘာမွ် မျဖစ္ဘူး ။ဒဏ္ယာလဲမရပါဘူးတဲ့ ။

ပြောဘို့တခုလိုသွားတာက အဲဒီ မီးအားမြှားရပ်င့်စက်အောက်ဘက်က ဒီဇယ်ဆီ၅ဂါလံပုံးပေါ့ ဗလီက ၂၅ ကီလိုဝပ် မီးစက် အတွက် ၀ယ်နေကျ ဒေါ်ခါတွန် ကိုယ်တိုင် လာပို့ထားတာပါတဲ့ ။ အဲဒါကြီးကိုမီး စွဲလောင်ပြီး ဒီဇယ်တွေပြန့်ကုန်တာကို အပြစ်ကြီးမှာကြောက်ပြီးတော့ ဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါ က ဖင်ပြောခေါင်းပြော တာမှာ အားလုံးက သံသယတွေဖြစ်ကုန်တာပါဘဲ ။


ဝန်ကြီးချူပ်ဦးမြင့်ဆွေက ပြောပြပါတယ် ။ မီးရှိုခြင်သူက သူများရပ်ကွက်ထဲကို ညကြီးအချိန်မတော် ဒီလို သတိကြီးကြီးနေတဲ့ အခုလိုနေကြတဲ့ အချိန်မှာ လာလို့ရမရတွေးပါတဲ့ ။ သော့ခတ်ထားတဲ့ ဗလီထဲကို ငါးဂါလံ ပုံက ဘယ်လိုသွင်းမလဲ ။ သော့ခတ်ထားလို့ ကလေးတွေတောင်ထွက်မရဘူးလေ ။အဲဒီလို ဂျောင်ပိတ်မေး မှ မိုဟာမက် အူလ၀ါက သက်သေတွေရှေ့မှာဖြော့င်ချက် ပေးပါသတဲ့ ၇ိုက်လို့ပြောရတာပါ ဖြစ်မှာစိုး ရိမ်လို့ သက်သေတွေရှေ့မှာဗီဒီယိုရိုက်ပြီှး တော့မှ ဖြောင်ချက် ယူတာပါတဲ့ ။ မိုဟာမက် အူလ၀ါ မနက် ကပြော သလို ဆိုရင်တော့ ဒုက္ခ ပါဘဲ ။

ဘယ်နဲ့ ဗျာ အိုမာမွတ်ဆလင်အဖွဲ့ချူပ် အတွင်းရေးမှုး ဦးရဲမြင့်သိန်းနဲ့ တခြား မွတ်ဆလင် လူကြီးတွေ ရှေ့မှာ သူပြော လိုက်ပုံ ကသူများ လာလောင်း ထားတဲ့ ဒီဇယ်ဆီတွေ ကြောင့်ဘဲ သူခြော်လဲ သလိုလို သူ့ပုဆိုးကို ပေကြံသွား သလိုလို ဗျာ (တတိုင်းပြည်လုံး တကမ္ဘာလုံး သံသယတွေ ကြောက် ဘို့ကောင်း လိုက်တာ) ကလေးတွေကယ်လို့သာပေါ့။

ကလေးတွေ ထွက်ဆိုချက်ပေးမှ ရဲတွေက ဗလီထဲ မှာ မီးလောင်ထားတဲ့ဒီဇယ်၅ ဂါလံပုံးကို ပြန်ရှာပြီးတော့မှ မီဒီယာတွေ ကို ခေါ်ပြရတာ ဗျား ။ကဲ ဇတ်လမ်းကတော့ ဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါ အူကြောင်ကြား
လိုက် တာ ကလေး၁၃ယောက် လဲသေ ။ မြန်မာပြည်..လဲ.... အင်း


လူထု မောင်ကာဠု

၄၈ လမ်း ဗလီမှာ လောင်တဲ့မီး ဘာမီးလဲ

Posted by drmyochit Wednesday, April 03, 2013, under | No comments


ရန်ကုန်မြို့ ၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံ သူ (အသက် ၁၄နှစ်)၊ မောင်မောင် ဇော်၊ မောင်မျိုး အောင်တို့မှ မီးလောင် ကျွမ်းခဲ့ ပုံအဖြစ် မှန် များကို ထုတ်ဖော်ပြောပြ ခဲ့သောကြောင့် ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းက ၄၈ လမ်း ဘာသာရေးစာသင်ကျောင်း ဗလီ မီးသင့် လောင် ကာ လူသေဆုံးမှု၏ အများက စိတ် ၀င်စား နေသော အဖြစ်မှန်ပေါ် ပေါက်သွားခဲ့ပြီဟု ဧပြီ လ ၂ရက်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံးတွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရ သည်။ တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး တို့က ရှင်းလင်း ပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီးအားမြင့် စက်ဘေးတွင် အိပ်စက်ခဲ့ ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင် လွန် ခဲ့သော ၂ရက်ခန့်က ရောက်ရှိ လာကြ သော ဘာသာရေးစာသင်မည့် ကလေး ငယ် ၇၀ကျော်ကို အပေါ်ထပ်တွင် ကလေး ၁၃ဦး၊အောက်ထပ်တွင် ကလေး ၅၀ကို ဗလီဆရာ ဇေယျာဖြိုးခေါ်၊ မိုဟာ မက်အူလဟွာ နေရာချထားပေးခဲ့ရာ၊ ဧပြီလ ၂ရက်နေ့ နံနက် ၃နာရီခန့်တွင် မောင်ဝေယံသူအိပ်နေသော နေရာဘေး က မီးအားမြင့်စက်မှ အသံများဆူညံစွာ မြည်လာပြီး မီးခိုးများထွက်လာသော ကြောင့် ဗလီဆရာဇေယျာဖြိုးနှင့် အခြား လူကြီးများကို ပြေးနှိုးသော်လည်း မနိုး ကြကြောင်း ထို့ကြောင့် စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်း မီးမသေဘဲ မီးခိုး များ အူထွက်လာပါကြောင်း ထို့နောက် ဗလီဆရာဇေယျာဖြိုးနိုးလာပြီး စောင် များကို ဗလီတွင် သန့်ရှင်းရေးဆေးကျော သော ရေအိုးမှ ရေများကို ဆွတ်ပြီး မီးလောင် နေသောနေရာကို အုပ် ခဲ့ကြောင်း၊ မီးအားမြင့်စက်အောက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီး မီးလောင် နေသောကြောင့် စောင်များ ဖြင့်အုပ်သော်လည်း မီးငြိမ်းမသွားဘဲ မီး ခိုးများအူထွက်လာပြီး အပေါ်ထပ်တွင် အိပ်နေကြသော ကလေး ၁၃ဦးလုံး သေ ဆုံးကုန်ကြောင်း၊ အောက်ထပ်မှ ကလေး ၅၀ မှာ မည်သည့်ဒဏ်ရာမှမရကြောင်း ဗလီဆရာ ဇေယျာဖြိုးခေါ် မိုဟာမက် အူလ၀ါမှ ဗလီမီးလောင် လူသေဆုံး မှု မှာ သူ၏အမှားမှားအယွင်းယွင်း ဆောင် ရွက်မှုများဖြစ်သော အပေါ်ထပ်မှကလေး များကို တံခါးသော့ခတ်ထားမိခြင်း မီးငြိမ်းသက် ရာမှ ထွက်လာသောမီးခိုးများကြောင့် အပေါ်ထပ်မှ ကလေး ၁၃ဦး သေဆုံး ကုန်ကြခြင်း၊ ရှော့ဖြစ်သည့် မီးအား မြင့် စက်အောက်မှ ဒီဇယ် ငါးဂါလံပုံးမှာ ဗလီ မှ ၂၅ကီလို မီးစက်အတွက် လာပို့နေကြ ဒီဇယ်ရောင်း ချသူ ကပို့ထားသော ဒီဇယ် များဖြစ်နေပြီး ပေါ့လျော့စွာ မီးအားမြင့် စက်အောက်၊ လှေကားအောက်တွင် ထား ခဲ့ခြင်း ဗလီဆရာဇေယျာဖြိုး၏ပုဆိုး ၏ ပေကျံနေသော ဒီဇယ်များမှာ သူထား သောဒီဇယ် များသာဖြစ်နေခြင်း၊  သူခြေချော်လဲသော ဒီဇယ်မှာလည်း ထို ဒီဇယ်များသာဖြစ်နေခြင်း၊ ဖြစ်ပေါ်ခဲ့သော ကြီးမား သည့်ဆိုးကျိုးများ ကို မိမိအပေါ်မကျရောက်စေရန် ဘေးကလာစီစဉ်ထားသလို ထင်ရောင် ထင်မှား စကားများကို လိမ်လည်ပြောဆို မိကြောင်းကိုလည်း သက်သေများ၏ရှေ့ တွင် ထွက်ဆို ချက်ပေးပြီးဖြစ်သောကြောင့် မည်သူမျှလာရှို့သောမီးမဟုတ်ဘဲ သဘာ ၀အလျှောက် မီးအားမြင့် စက် မှလောင် ကျွမ်းသောမီးကို ကြောက်လန့်တကြား စောင်အုပ်ပြီးငြိမ်းနေစဉ် ဒီဇယ်များကိုပါ မီးလောင် ခဲ့ခြင်းဖြစ်ကြောင်း၊ 

မီးခိုးများ အူထွက်လာသောကြောင့် အပေါ်ထက် မှ ကလေးများ မီးခိုးမှိုင်းများ သေဆုံးကုန်ခြင်း ဖြစ်ကြောင်း၊ (အကယ်၍ သာအပြင်က မီးလာရှို့ခြင်း ဆိုလျှင် သော့ခတ်ထားသော တံခါးကို ဒီဇယ်ပုံးက မ၀င်နိုင် ပါကြောင်း၊ ယနေ့ အချိန်ကာလ ရပ်ကွက်တိုင်းတွင် နှိုးကြား စွာကင်းစောင့်နေကြချိန်တွင် မည်သည့် လူစိမ်းကမျှ ဒီဇယ်ပုံးကြီးကို ညအချိန် ကြီးမှာ ဆွဲယူလာရန်မဖြစ်နိုင်ပါကြောင်း၊ မီးရှို့မည်ကို စိုး ရိမ်သောကြောင့် သတိထားနေချိန်မို့ ဘေးကလာတာ မဖြစ်နိုင်သည့်အပြင် အကြံသမားမီးရှို့ သူသည် ဒီဇယ် ကိုမသုံးပဲ ဓာတ်စီကိုသာ သုံးမည်ဟု တွက်ဆနိုင်ကြောင်း၊ ယခု အခါတွင် မျက်မြင် သက်သေကလေးများ ၏ အဖြစ်မှန်ဖေါ်ထုတ်ပြပေးသော ကြောင့် ဗလီဆရာ ဇေယျာဖြိုးမှာလည်း သက်သေများ၏ရှေ့တွင် ၀န်ခံရပြီဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး 

မီးလောင်ဗလီမှ ထပ်မံသိမ်းဆည်းရခဲ့သည့် မီးလောင် ထားသော ဒီဇယ်ပုံးကို သတင်းနှင့် စာနယ် ဇင်းတာ ၀န်ရှိသူ များကို ပြသခဲ့ပါ သည်။ မီးကိုဖုံးအုပ်ငြိမ်းသတ်ခဲ့သည့် ဒီဇယ်ပေနေသော စောင်ကို လည်း ထုတ် ဖေါ်ပြသခဲ့ပါသည်။

ယခုအခါ ၄၈လမ်းဗလီမီးလောင် ကာလူသေဆုံးမှုကို ပြည်တွင်းပြည်ပမှ ငြိမ်းချမ်းမှုကိုမလိုလားကြသော လူများ က အင်တာနက်မှတဆင့် မမှန်သ တင်းများကို ပြန်တူးနေကြသောကြောင့် မြန်မာနိုင်ငံအပေါ် အထင် အမြင်လွဲမှု များဖြစ်ပေါ်နေရာသတင်းနှင့်စာနယ် ဇင်းမှ တာဝန်ရှိသူများမှတစ်ဆင့် ပြည် သူများကို လည်းကောင်း၊ နိုင်ငံတကာ စာမျက်နှာသို့လည်းကောင်း အမှန် အတိုင်းတင်ပြ နိုင်ရန် ခေါ်ယူရှင်းလင်းရ ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ သည်။


DVB

သမ္မတထံတိုင်ကြားခံရသည့် အရာရှိ ၆၀ ကျော်ကို အရေးယူ

Posted by drmyochit Wednesday, April 03, 2013, under | No comments


အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများအရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေးအရေးယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်း အရာရှိများ အနက် အရာရှိအချို့ကို အငြိမ်းစားပေးခြင်းဖြင့် အရေးယူပြီး ကျန်အရာရှိများကိုမူ အခြား ဌာနဆိုင်ရာများ သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြင့် အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
"တချို့က နိုင်ငံတော်သမ္မတရဲ့ Reform Strategy အရ ဌာနပြောင်းတာ ရှိတယ်။ အတော်များများ လာဘ်စားမှု ရှိတယ်လို့ တိုင်ကြားခံရလို့ အရေးယူတာ" ဟု အဆိုပါ နိုင်ငံတော်သမ္မတ၏ စီးပွားရေး
လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်က ပြောကြားသည်။

အပြစ်ပေး အရေးယူခံရသည့် အဆင့်မြင့်အရာရှိများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန တို့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေး မှူးချုပ် တာဝန်ထမ်းဆောင် နေသူများပါဝင်ကြောင်း နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူများက ဆိုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေသော နိုင်ငံ့ဝန်ထမ်း များကို အရေး ယူ သင့်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ အရေးယူ သင့်ကြောင်း ရန်ကုန် တိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အကြံပြုသည်။ "အချိန် မီ သတင်း ထုတ်ပြန်ပေး ဖို့လည်း လိုတယ်" ဟု ၄င်းကဆိုသည်။

နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စနစ်ဟောင်းမှမပြောင်းလို သူများနှင့် အသွင်ကူးပြောင်းရေးကို မလိုက်နိုင်သူများကို ချန်ထားရစ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

စီးပွားရေးလုပ်ငန်းရှင်များက သက်သေနှင့်တကွ တိုင်ကြားသောကြောင့် အကောက်ခွန်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ညွှန်ကြားရေးမှူး နှစ်ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၃၃ ဦးကို ယခုနှစ် ဇန်န ဝါရီလ အတွင်း အပြစ်ပေး အရေးယူခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားထားသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပင်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင် စု ဝန်ကြီးဟောင်းအပါအဝင် အဆင့်မြင့်အရာရှိ ခုနစ်ဦးကို နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံး စားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ တို့က ခေါ်ယူ စစ်ဆေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားအစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြ စားခြင်းကို တိုက်ဖျက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဆင့်မြင့်အရာရှိ ကိုးဦး ပါဝင်သော လာဘ်ပေးလာဘ် ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

The Voice Weekly

ရေကျော်ဗလီ မီးလောင်ပြီးမြင်ကွင်း

Posted by drmyochit Wednesday, April 03, 2013, under | No comments


ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ရေကျော်ဗလီ မီးလောင်ပြီး ၂၀၁၃ခုနှစ် ဧပြီလ ၂ရက်နေ့ မြင်ကွင်း








From: burmavjmedia

မူဆယ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

Posted by drmyochit Wednesday, April 03, 2013, under | No comments



ဧပြီ ၁ ရက်နေ့က ဓားပြတိုက်ခံခဲ့ရသည့် ရွှင်လင်းရောင် ရွှေဆိုင် (ဓာတ်ပုံ – JLH / မူဆယ်)

ဧပြီ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မူဆယ်မြို့ စည်ပင်သာယာ အမှတ် ၁ ဈေး အပေါ်ထပ်ရှိ ရွှင်လင်းရောင် ရွှေဆိုင်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် တခြားရွှေဆိုင်များလည်း ထိတ်လန့်စိုးရိမ်မှု ဖြစ်ကာ ဆိုင်ပိတ်ပြီး အရောင်းအ၀ယ် ရပ်ဆိုင်း ထားလိုက်ရကြောင်း သိရသည်။

ဓားပြများက သေနတ်ဖြင့်ချိန်ပြီး ရွှေများကို လုယူသွားခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း ရွှင်လင်းရောင် ရွှေဆိုင်ပိုင်ရှင် စိုင်းယီလွန်းက ဧရာဝတီသို့ ပြောသည်။

ဓားပြ သုံးယောက်ပါ။ မျက်နှာကတော့ အုပ်ထားတယ်။ မမြင်ရဘူး။ နှစ်ယောက်ကတော့ သေနတ်ပါတယ်။ သေနတ်နဲ့တော့ ချိန်ပဲချိန်တယ်။ ပြီးတော့အိတ်ထဲကို ရွှေထည့်ပြီး ပြေးသွားပါတယ်။ ခန့်မှန်းခြေတော့ ကျပ် သိန်းတထောင်ကျော်လောက် ပါသွားတယ် ဟုစိုင်းယီလွန်းက ဆိုသည်။

အဆိုပါ ရွှေဆိုင်ဓားပြတိုက် ခံရမှုကြောင့် မြို့မဈေးအတွင်း ရွှေရောင်းသူများ စိုးရိမ်ကြောက် လန့်နေ ကြကြောင်း၊ ဓားပြမှု၊ လူယက်မှုတိုင်းတွင် တရားခံ ကိုဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောကြ သည်။

မူဆယ်မြို့တွင် မကြာခဏ ဓားပြတိုက်ခံရလေ့ ရှိသည့်အတွက် ရွှေဆိုင်များနှင့် ငွေကြေးလဲလှယ်သည့် လုပ်ငန်း လုပ်ကိုင်သူများသည် ပစ္စည်းများကို အများအပြား မသယ်ဆောင်ရဲအောင် ဖြစ်နေကြသည်ဟု သိရ သည်။

ဒီလို ခဏခဏ ဓားပြတိုက် လုယက်မှုတွေ ရှိနေတယ်ဆိုတာကလည်း ရဲတွေက တရားခံကို ဖမ်း မမိ တာကြောင့်နဲ့ အဲဒီလို လုယူပြီးသွားပြီ ဆိုရင် နယ်စပ်ကိုကျော်ပြီး သွားလို့ရတယ်။ ဒီလို ဖြစ်နေတော့ မူဆယ် ဒေသ ခံတွေက ဘာဆက် ဖြစ်လာမှာလဲ ဆိုတာ စိုးရိမ်နေကြပါတယ် ဟု မူဆယ်မြို့ တောင်ရပ်ကွက်နေ စိုင်းအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

မူဆယ်မြို့သည် စီးပွားရေးဖြစ်ထွန်းကာ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ လာရောက် နေထိုင် အလုပ်လုပ်ကိုင်ကြသည့် ဒေသဖြစ်ပြီး နယ်စပ်ဒေသ ဖြစ်သော်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ တာဝန်ယူမှုမှာ အလွန် အားနည်းနေကြောင်း၊ ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေးကို ကြပ်မတ်စွာ ဆောင်ရွက်သင့်ကြောင်း၊ ဓားပြမှု ဖြစ်ပွားပြီးမှ လိုက်လံစစ်ဆေး ဖေါ်ထုတ်မည့် အစား ယခုကဲ့သို့သော နေရာမျိုးတွင် လုံခြုံရေးအတွက် စနစ်တကျ ကြိုတင်စီစဉ်ထားသင့်ကြောင်း စိုင်းအောင်မြင့်က ဆိုသည်။

ယခုနှစ်အတွင်း ဓားပြမှု ပိုမိုများပြားလာကြောင်းနှင့် ဆိုင်ကယ်ကယ်ရီ သမားများ၊ တရုတ်ငွေ လှဲလှယ် သူများ၊ ကားသမားများနှင့် ရွှေဆိုင်များကို ပစ်မှတ်ထားကာ လုယက်တတ်ကြပြီး လူသတ်မှု ကျူးလွန်သည် အထိ ရဲတင်းစွာ ပြုလုပ်လျက်ရှိကြောင်း၊ ယမန်နှစ်မှ စတင်၍ မူဆယ်တွင် ဓားပြမှုများ သိသာစွာ များပြား လာကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် ဒေသခံများထံမှ သိရသည်။

ဒီလို ဓားပြမှုဖြစ်တိုင်း ရဲတွေဘယ်တော့မှ တရားခံမဖမ်းနိုင်တဲ့ အတွက် ဆက်တိုက်ပြန်ဖြစ်နေတယ်လို့ ယူဆ တယ်။ အမှုဖွင့်ထားတာပဲ ရှိတယ်။ တရားခံ ဖမ်းမမိတော့ ဘာထူးမှာလဲ။ မနေ့ကဆိုရင် ရွှေဆိုင် တွေက ကြောက်လို့ ပိတ်ထားရတယ် ဟု အခင်းဖြစ်ပွားခဲ့သည့် စည်ပင်သာယာအမှတ် (၁) ဈေး အပေါ် ထပ်တွင်ရွှေ ဆိုင်ဖွင့်လှစ်ထားသည့် အမျိုးသမီး တဦးက ဧရာဝတီသို့ပြောသည်။

ဓားပြမှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် စိုးရိမ်စိတ်ဖြင့် ဆိုင်ဖွင့်နေရကြောင်း၊ သတိဖြင့်နေနေရကြောင်း၊ မိမိလုံခြုံရေးကို မိမိကိုယ်တိုင်တာဝန်ယူနေရကြောင်း၊ ၎င်း အမျိုးသမီးက ပြောသည်။

ယမန်နှစ် ဇန်န၀ါရီလက မူဆယ်မြို့ စံပယ်ရွှေဆိုင် ပိုင်ရှင် သားအမိနှစ်ဦး ဓားပြတိုက် ခံရပြီး တဦးသေ ဆုံး၍ ပစ္စည်း ကာလတန်ဖိုးငွေ ကျပ်သိန်း ၂၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။ ယခုနှစ် ဇန်န၀ါရီလတွင်လည်း ကား သမားနှင့် တရုတ်ငွေလဲသည့် အမျိုးသမီး နှစ်ဦး ဓားပြတိုက် လုယက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရ သည်။

သက်ဆိုင်ရာ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် ထားပါတယ်။ လုံခြုံရေး ကိုတော့ အပြည့်အ၀ ယူထားပါတယ်။ အရင် ဓားပြတိုက်မှု ကတော့ တရားခံမတွေ့သေးပါဘူး။ စုံစမ်းဆဲပါ ဟု ပြောသည်။

ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်