Monday, April 08, 2013

ရဲမင်းဦးနှင့် ပတ်သက်သူလေးဦး ထပ်မံ အမှုဖွင့်ခံရ

Posted by drmyochit Monday, April 08, 2013, under | No comments

ရန်ကုန်၊ ဧပြီ ၇။

ရန်ကုန်တိုင်းဒေ သကြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် ဧပြီ ၄ ရက်နေ့က ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် ကိုရဲမင်းဦးနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုသူလေးဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ထပ်မံ အမှု ဖွင့် ထားကြောင်း ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

ကိုရဲမင်းဦးကို ရုံးထုတ်စဉ်အခါက ကိုရဲမင်းဦးသည် အစွပ်စွဲခံရသူတစ်ဦးသာဖြစ်ပြီး တရားခံမဟုတ်ကြောင်း၊ ထို့ကြောင့် အစွပ်စွဲခံ ရသူတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရသင့်ကြောင်း ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ကိုရဲမြတ်ဟိန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြောတာက ခင်ဗျားတို့ ဒီအခွင့်အရေးတွေကို မချိုးဖောက်ပါနဲ့။ ဒီလို ပြောလာရင်းကနေ ရုံးပြင် ကို ရောက်လာတော့ လူတွေ အများကြီးဝိုင်းသွားတယ်။ ကျွန်တော်တို့လည်း လူအုပ်ကြားမှာ ထွက်လို့ မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုရဲမင်းဦးနှင့် ပတ်သတ်ပြီး ဧပြီလ ၆ ရက်တွင် ကိုရဲမင်းဦး၏ ညီ ကိုရဲမင်းအောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုချစ်ကိုလင်းနှင့် မနိုးနိုး (ခ) မနွဲ့နှင်းရည် တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃၅၃/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“အချုပ်ကားပေါ်ခေါ်မယ့်ဆဲဆဲမှာ မီဒီယာတွေက မေးတာမြန်းတာတွေ ရှိတယ်။ ရဲတွေက ၀တ္တရားနှောင့် ယှက်တယ်၊ ခြိမ်းခြောက်တယ် ဆိုရ အောင် ယူနီဖောင်းကြီး ဝတ်ထားတဲ့ ရဲတစ်ယောက်ကို သာမာန်ပြည်သူ တစ်ယောက်က ဘာတွေများ ခြိမ်းခြောက်နိုင်မှာလဲ။ ဒါကို တရားစွဲဆို နိုင်တဲ့ အမှုကြီးတစ်ခုလို့တော့ ကျွန်တော် မမြင်ပါဘူး။ ဒါတွေဟာ ခေါ်ပြီး စစ်မေးရင်လည်း ရတာပဲဗျာ” ဟု ဥပဒေပညာရှင် ဦးအောင်သိန်း က ပြောကြားသည်။

ယင်းအမှုသည် တရားစွဲဆိုနိုင်သည့် ပုဒ်မကြီးတစ်ခုမဟုတ်ကြောင်း၊ ယခုလို အမှုရှာသည့် သဘောမျိုးဖြင့် လူငယ်မျိုး ဆက်များကို ထောင်များ တွင် မလိုအပ်ဘဲ ထည့်သွင်းချင်သည့်စိတ်သည် ယခင်အစိုးရ၏ လက်ကျန် အယူ အဆများ သာဖြစ်ကြောင်း ယင်းက သုံးသပ်ပြောကြားသည်။

ယင်းကဲ့သို့ ကိုရဲမင်းဦး၊ ၎င်း၏ ညီငယ်နှင့် မိတ်ဆွေသုံးဦးကို အမှုဖွင့် အရေးယူထားသည့်အပေါ် ဧပြီလ ၇ ရက်တွင် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီက အစိုးရအနေဖြင့် ယခုကဲ့သို့ အာဏာရှင်ဆန်ဆန် ပြုမူခြင်းများကို ဆက်လက်မပြုလုပ်ဘဲ လူ့အခွင့် အရေး၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်ပေးရန်၊ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော ကိုရဲမင်းဦးအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ကိုရဲမင်းအောင်၊ ကိုချစ်ကိုလင်း၊ ကိုရဲမြတ်ဟိန်း၊ မနိုးနိုး (ခ) မနွဲ့နှင်းရည်တို့အပေါ် ပုဒ်မ- ၃၅၃/၅၀၆ ဖြင့် အမှုဖွင့်ထားခြင်းအား ပြန်လည်ရုတ်သိမ်းပေးရန် စသည့် အချက်များ ပါဝင်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရည်မွန်

မြန်မာ့ခေတ်

နှစ် ၂၀ အတွက် တရုတ်ပြည်အား ကျေးဇူးတင်ကြောင်း မြန်မာ သမ္မတ ပြော

Posted by drmyochit Monday, April 08, 2013, under | No comments

 အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ခံခဲ့ရသည့် ကာလများတွင် မြန်မာနိုင်ငံအား ကူညီပံ့ပိုးမှုများ ပေးခဲ့သည့် တရုတ်နိုင်ငံ အား ကျေးဇူး တင်ရှိကြောင်း တရုတ်နိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန် က ပြောကြား လိုက်သည်။

China Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ပံ့ပိုးမှုတွေ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ကို ဒေသတွင်း နဲ့ နိုင်ငံ တကာ မှာလည်း ထောက်ခံအားပေးမှုတွေ ပြုခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ ပြည်သူတွေက ကျေးဇူး တင်ရှိပါ တယ်” ဟု တရုတ်နေ့စဉ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းစဉ် ဦးသိန်းစိန် က ထုတ်ဖော် ပြောဆိုသွားသည်။

လက်ရှိ မြန်မာပြည်တွင် တရုတ်ကုမ္ပဏီများအား ကြိုဆိုမှု နည်းလာနေ သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေ မှုများ ကိုလည်း ငြင်းဆိုကာ “မြန်မာနိုင်ငံတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုတွေက တရုတ် ရင်းနှီးမြှုပ်နှံသူတွေကိုသာ အကျိုးရှိစေရုံ မကဘဲ မြန်မာပြည်သူများကိုလည်း ကူညီပါတယ်” ဟု သမ္မတ က ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၃.၈ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ကဏ္ဍ ၁၂ ရပ်တွင် ရင်းနှီးမြှုပ်နှံနေကြသည်ဟု ၎င်းက ဆိုသည်။ ထိုအထဲမှ သတ္တုတွင်းလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၏ ၆၀ ရာခိုင်နှုန်း၊ ဓာတ်အား ထုတ်လုပ်မှု၏ ၄၅ ရာခိုင်နှုန်းနှင့် စွမ်းအင်ကဏ္ဍတွင် ၃၃ ရာခိုင်နှုန်းတွင် တရုတ်ကုမ္ပဏီများက လုပ်ကိုင်လျက်ရှိသည်ဟု မြန်မာ သမ္မတ က ထောက်ပြ ပြောဆိုသွားသည်။

တရုတ်နိုင်ငံသို့ Boao အာရှဆိုင်ရာ ညီလာခံသို့ တက်ရောက်လာသည့် မြန်မာသမ္မတ ဦိးသိန်းစိန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဧပြီလ ၅ ရက်က စန်းယမြို့ရှိ Sheraton ဟိုတယ်၌ တွေ့ဆုံခဲ့သည်ကြောင်း သမ္မတရုံး ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။

တရုတ်သမ္မတက ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကိစ္စများတွင် ၎င်းတို့က ဆက်လက်၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ မြန်မာနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍ တိုးတက် ဖွံဖြိုး လာရန် အတွက် စိုက်ပျိုးရေးသရုပ်ပြ စင်တာ တည်ဆောက်မှုကို ဆောင်ရွက်ပေးမည့်အပြင် လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အသေးစားချေးငွေ စီမံကိန်းတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ဆက် စပ်ဆောင် ရွက်သွားမည်ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူချင်း အပြန်အလှန်ထိတွေ့ ဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်လိုသည်ဟုဆိုသည်။

“မြန်မာနိုင်ငံမှာ တရုတ်နွယ်ဖွားတွေ အများအပြား နေထိုင်ကြပါတယ်။ ကျနော်တို့ကြားမှာ ကွဲပြားခြား နားမှုတွေ မရှိပါ ဘူး။ ကျနော်တို့ဟာ တမိသားစုတည်းပါ” ဟု တရုတ်နေ့စဉ် သတင်းစာနှင့် တွေ့ဆုံစဉ် ဦးသိန်းစိန် က ပြောကြားခဲ့သည်။

China Radio International အသံလွှင့်ဌာနနှင့် မြန်မာအသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်း များလုပ်ကိုင်ရန်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်နိုင်ငံက အတိုးနှုန်းသက်သာသည့်ချေးငွေအကူအညီ ရယူရန် နှစ်ဖက်သဘောတူခဲ့သည်။

ယင်းချေးငွေများကို ကျေးရွာအလိုက် ရင်းနှီးမတည်ရန် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိရာ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် ဆန္ဒရှိသည်ဟု ဦးသိန်းစိန် က ဆိုသည်။

ထို့ပြင် ကျေးလက်ဒေသ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရင်းအနှီးနှင့် အတတ်ပညာပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာ့ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည့် ဆန်၊ ပြောင်းနှင့် ရော်ဘာတို့ကို တရုတ်နိုင်ငံသို့ တင်ပို့ရာ တွင် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးနှင့် ပိုးမွှားကင်းစင်မှု စစ်ဆေးရေး စံနှုန်းများနှင့် ကိုက်ညီ တင်ပို့ခွင့် မရသေး သည့်အတွက် အမြန်ဆုံး တင်ပို့ခွင့်ရရှိလိုကြောင်းတို့ကိုဆွေးနွေး ခဲ့ကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ

အီဂျစ်ဘာသာရေး ပဋိပက္ခ တနင်္ဂနွေနေ့အထိ ဆက်လက်ဖြစ်ပွား ခရစ်ယာန်တစ်ဦးသေ

Posted by drmyochit Monday, April 08, 2013, under | No comments

ကိုင်ရို၊ ဧပြီ ၈။


အီဂျစ် ခရစ်ယာန် များသည် အသုဘ ပို့မှု တစ်ခုအတွင်း ကိုင်ရိုဘုရားကျောင်း အပြင်ဘက်တွင် လူအုပ်ကြီးနှင့် ပဋိပက္ခဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့သည်။ တရား စီရင်ရေး ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ ဆန္ဒပြမှု များလည်း နိုင်ငံတစ်ဝှမ်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တနင်္ဂနွေနေ့က ဆက်လက်ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ကိုင်ရိုမြို့တွင် အနည်းဆုံး လူ၈၀ ဒဏ်ရာရ ပြီး မူဆလင် ညီနောင်များ ပါတီက အီဂျစ် နိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားစေရန် လုပ်ဆောင်နေပြီး တိုက်ခိုက်မှု များကို အစရှာနေကြသည်ဟု ကျန်ပါတီများကို ဝေဖန်ထားသည်။

စနေနေ့ကဖြစ်ပွားခဲ့သည့် ကိုင်ရိုမြောက်ပိုင်း ဘာသာရေးပဋိပက္ခတွင် မူဆလင်ဘာသာဝင်တစ်ဦး အပါ အဝင် လူငါးဦး သေဆုံးခဲ့သည်။

တနင်္ဂနွေ ပဋိပက္ခ သည် စနေနေ့က သေဆုံးသူ ခရစ်ယာန်ဘာသာဝင်များကို အသုဘပို့ရာတွင် စိန့်မတ် ဘုရားကျောင်း မှ လူ ရာကျော် လိုက်လံ ပို့ဆောင်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းဘုရားကျောင်းဝန်းကျင်မှ လူများသည် ၎င်းတို့ကို ဘုရားကျောင်းအတွင်းပြန်လည်ဝင်ရောက်စေရန် ကျောက်ခဲများ၊ မီးလောင်ဗုံးများနှင့် ပစ်ဖောက်ခဲ့သည်။

ရဲများရောက်လာပြီး မျက်ရည်ယိုဗုံးများပစ်ဖောက်ခဲ့ရာ တစ်ချို့ဗုံးများ ဘုရားကျောင်းဝင်း အထိ ရောက် ရှိခဲ့ပြီး ကြောက် ရွံနေသော ဘုရား ကျောင်းထဲ မှ လူများကို ပြင်မှလူများ က ကျေနပ်စွာအော် ဟစ်ကြသည်။

သမ္မတ မိုဟာမက်မော်စီက “ဘုရားကျောင်းကို တိုက်ခိုက်ခဲ့ခြင်းသည် ၎င်းကို တိုက်ခိုက်သည်နှင့် တူကြောင်း” ပြောကြား ခဲ့သည်။

ဘုရားကျောင်းအပြင်ဘက်နှင့် ပတ်ဝန်းကျင်မှ နေရာများတွင် လုံခြုံရေးများ ချထားပြီး သမ္မတက မူဆလင်ပြည် သူများနှင့် ခရစ်ယာန်ပြည်သူ များကို ကာကွယ်ခြင်း သည် နိုင်ငံ၏ တာဝန်ဖြစ် ကြောင်း ပြောကြား ခဲ့သည်။

အီဂျစ်တွင် လူသန်း၉၀ရှိရာ ၁၀ရာခိုင်နှုန်းသာ ခရစ်ယာန်ဖြစ်ကြောင်း သိရပြီး ဘာသာရေးပဋိပက္ခများသည် ၂၀၁၁ မူဘာရက် အစိုးရပြုတ်ကျချိန်မှ စ၍ ပိုမိုဖြစ်ပွားလာခဲ့သည်။

တနင်္ဂနွေနေ့က ခေါဆိုယပ်စ် တွင်လည်း ပဋိပက္ခဖြစ်ပွားခဲ့ရာ အရပ်သား ၁၂ဦး ရဲအရာရှိတစ်ဦး ဒဏ်ရာရ ရှိခဲ့သည်။

အီဂျစ်စီးပွားရေးအကျပ်အတည်းကြောင့် ရထားမောင်းသူများနှင့် လက်မှတ်စစ်များသည် တနင်္ဂနွေနေ့တွင် လုပ်ခ ပိုပေးရန် ဆန္ဒပြခဲ့ ကြသောကြောင့် ဘူတာရုံတွင် ခရီးသည် ထောင်ပေါင်းများ စွာ ပြည့်ကျပ်နေစေခဲ့ သည်။

သမ္မတမောစီခန့်အပ်ထားသော တရားသူကြီးချုပ်ကိုလည်း နေရာမှ ဖယ်ပေးရန် ဆန္ဒပြမှုများရှိနေကြောင်း သိရသည်။

Ref:DPA
@ မြန်မာ့ခေတ်

ညလုံးပေါက် အချိန်ပို မဆင်းနိုင်လို့ ဆန္ဒပြ

Posted by drmyochit Monday, April 08, 2013, under | No comments

ရန်ကုန်၊ ဧပြီ ၈ - စက်ရုံအလုပ်သမားတွေကို ည လုံးပေါက် အချိန်ပို ဆင်းခိုင်းတာ ကစပြီး လစာ တိုးပေး ဖို့ အ တွက် ဆန္ဒပြတောင်း ဆို နေကြပါ တယ်။

လှိုင်သာယာ စက်မှုဇုန် (၂) Synergy အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၇၀ဝ ဝန်းကျင်က စက်ရုံဝန်း အတွင်း မှာ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

'အနိမ့်ဆုံးအခြေခံလစာက တစ်ရက် ကို ၅၅၀ ကျပ်ပဲရတယ်၊ တစ်ရက်အလုပ် ပျက်တယ်ဆိုရင် ၁၂,ဝ၀ဝ ကျပ် အဖြတ်ခံ ရတယ်၊ ဆေးခွင့်ယူတယ်ဆိုရင် မဖြတ်ဖို့၊ အခြေခံလစာတိုးပေးဖို့ တောင်းဆိုထား တာ ဘာ သဘော တူညီ ချက်မှ မရရှိသေး ဘူး˘လို့ လိုင်း (၂) ခေါင်းဆောင် မနီနီက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ည ၉း၃၀ ကတည်း ဆန္ဒပြမှု စတင်ပြုလုပ်ခဲ့ပြီး နံနက် ၄းဝ၀ နာရီ အထိ ပြုလုပ်ခဲ့ တာဖြစ်တယ်။ အခု ညှိ နှိုင်းမှုမရရှိတဲ့အတွက် သည်ကနေ့အထိ ဆန္ဒပြမှုတွေပြုလုပ်နေတာလို့ အလုပ် သမားတွေက ပြောပါတယ်။

'ထမင်းဟင်းကတော့ စက်ရုံက ကြွေး တယ်၊ သူတို့ကတော့ လစာထဲက မဖြတ် ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ လစာထဲက တော့ ဖြတ်တာပဲ˘လို့ ဆန္ဒပြအလုပ်သမား တစ်ဦးက ပြောပါတယ်။

အလုပ် သမားတွေက တောင်းဆိုချက် စုစုပေါင်း ၁၂ ချက် တောင်းဆိုထားတယ်။ ညှိနှိုင်းမှုအောင်မြင်ခါနီးမှာ စက်ရုံမှာ အငှားခေါ်ထားတဲ့ သံစည်သံကွေးလုပ် သားတွေက စက်ရုံအပြင်ဘက်မှာရှိတဲ့ ဆန္ဒပြ အလုပ် သမားတွေ ကို လာရောက် ကူညီပေးနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းမှ ကိုမျိုးအောင်နဲ့ မချောစု လှိုင်ကို လိုက်ရိုက် တဲ့အတွက် ညှိနှိုင်းမှုပြုလုပ်နေ တဲ့ ပွဲပျက်သွားတယ်လို့ သိရပါတယ်။

ဆန္ဒပြအထည်ချုပ်စက်ရုံက ကိုရီး ယားလူမျိုး ပိုင်ဆိုင်တဲ့စက်ရုံဖြစ်တယ်လို့ အလုပ် သမားတွေ က ပြောပါ တယ်။ ဆန္ဒပြ နေတဲ့အတွက် စက်ရုံက အလုပ်သမားတွေကို ထမင်းကျွေးမွေးတာမရှိသေးဘူးလို့ သိရတယ်။

From: ကုမုဒြာ

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted by drmyochit Monday, April 08, 2013, under | No comments

 
၂၀၁၃ ခုနှစ် ဧပြီလ (၅)ရက်နေ့ နံနက်တွင် အင်ဒိုနီးရှားနိုင်ငံ မီဒန်းမြို့ရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း တွင် ရိုဟင်ဂျာ ဆိုသူအချို့နှင့် မြန်မာ ဒုက္ခသည် (၁၂)ဦးတို့ ခိုက်ရန် ဖြစ်ပွားခဲ့ရာ မြန်မာ (၈)ဦး သေ ဆုံးပြီး (၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်သည် ယနေ့မွန်းလွဲ (၁၅၃၀) နာရီတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Mr. Sebastianus Surnarsono အား ခေါ်ယူ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးသန့်ကျော်မှ မီဒန်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် ခိုက်ရန် ဖြစ်ပွား မှုတွင် မြန်မာ နိုင်ငံသားများ အသက်ဆုံး ရှုံးရသည့် အတွက် မြန်မာအစိုးရအနေဖြင့် အထူး စိုးရိမ်ပူ ပန် မိကြောင်း၊ ဤကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန်ကို အမြန်ဆုံး ဖော်ထုတ်ပေး ရန်၊ ပြစ်မှုကျူးလွန်သူများအား အရေး ယူပေးရန်နှင့် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာ နိုင်ငံသားများ၏ လုံခြုံရေးအတွက် အထူး ဂရုစိုက် ဆောင် ရွက်ပေး ရန် အင်ဒိုနီးရှား အစိုးရအား တောင်းဆိုကြောင်း ပြောကြားပြီး သတိထောက် လွှာကို ပေးအပ် ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်။

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၆ ရက်။

သြစတြေးလျကို ခိုးဝင်မယ့် ရိုဟင်ဂျာ ၃၅ ဦးကို အင်ဒိုဖမ်းဆီးထား

Posted by drmyochit Monday, April 08, 2013, under | No comments


မလေးရှား ​နိုင်ငံမှာ ​ခိုလှုံခွင့်တောင်းဖို့ ​လှေတွေနဲ့ ​လမ်းပျောက်ပြီး ​အင်ဒိုနီးရှား ​နိုင်ငံ ​ဆူမတြာကျွန်းအနီးကို ​ရောက် ​ရှိ ​လာတဲ့ ​ရိုဟင်ဂျာ ၈၀ ကို ​အင်ဒိုနီးရှား ​အာဏာပိုင်တွေက ​လူဝင်မှု ကြီးကြပ်ရေး စခန်းမှာ ​ထိန်းသိမ်း ထားလိုက်ပြီး ​အဲဒီ မတိုင် ခင် ​ရိုဟင်ဂျာ ၃၅ ​ယောက်ကိုလည်း ​ဖမ်းဆီးထိန်းသိမ်းခဲ့ ​ပါတယ်။
သြစတြေးလျနိုင်ငံကို ခိုးဝင်ဖို့ ကြိုးပမ်းခဲ့တဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား ဖမ်းမိ (Credit: AFP) 

ခိုလှုံခွင့် တောင်းဖို့ ​ရောက်လာ ​သူတွေ ​ဟာ ​ဆူမတြာကျွန်း အနောက် မြောက်ပိုင်း ​အနီးရှိ ​Pulo ​Aceh ဆိုတဲ့ ​ကျွန်းကို ​တနင်္ဂနွေ ​နေ့ ​က ​ရောက်လာ ​တာဖြစ်ပါတယ်။

သောကြာနေ့ ​ညမှာလဲ ​အင်ဒို ​နီးရှား ​နိုင်ငံ ​နောက် ​ကျွန်းတကျွန်း ​ဖြစ်တဲ့ ​အရှေ့ဂျာဗား ​ကျွန်းမှာ ​သြစတြေး လျ ​နိုင်ငံကို ​လှေတွေ ​နဲ့ ​ထွက်ခွါဖို့ ​ကြိုးပမ်းခဲ့ ​တဲ့ ​ရိုဟင်ဂျာလူမျိုး ၃၅ ဦးကို ​အာဏာပိုင် ​တွေ ​က ​ထိန်းသိမ်း ​ခဲ့တယ် လို့ ​သိရ ​ပါတယ်။ 

သောကြာနေ့ ​ည ​က ​ထိန်းသိမ်းခဲ့ ​တဲ့ ​ရိုဟင်ဂျာ ​တွေ ​ထဲမှာ ​ကလေး ၁၂ ယောက်ပါဝင်ပြီး၊ ​အင်ဒို နီးရှား လူဝင်မှု ​ကြီးကြပ်ရေးက  ​သူ ​တို့ ​ကို ​တရားဝင် မှတ်ပုံတင် စာရွက် စာတမ်း ​တွေမရှိတဲ့ ​အတွက် ​ထိန်းသိမ်း ခဲ့ ​ရတာဖြစ် တယ်လို့ ​ဆိုပါတယ်။

ရိုဟင်ဂျာ မူစလင် တွေဟာ ​မြန်မာ ​နိုင်ငံ ​ရခိုင်ပြည် ​အရေး ​အခင်းဖြစ်ပြီးနောက်ပိုင်း ​စတင်ထွက်ပြေး ​တိမ်း ရှောင်နေ ​ခဲ့ကြ တာဖြစ် ပါတယ်။

လက် ​ရှိ ​ဖမ်းဆီး ​ထားသူ ​တွေကို ​ဆူမာတြာ ​ထိန်းသိမ်းရေး ​စခန်းကို ​ခေါ်ဆောင်သွားပြီ ​လို့ ​လဲ ​သိ ​ရ ​ပါ တယ်။

မြန်မာနိုင်ငံတွင်း ​က ​မူစလင်နဲ့ ​ဗုဒ္ဓဘာသာကြား ​အခင်းဖြစ်ပွါးမှု ​တွေကြောင့် ​ဆူမာတြာ ထိန်းသိမ်းရေး စခန်းမှာ ​မြန်မာ ​ဗုဒ္ဓဘာသာ ၈​ဦး ​သောကြာနေ့ ​မနက်ပိုင်း ​က ​အသတ်ခံရ ​ပြီး ​အခု ​ရောက်လာတဲ့ ​ရိုဟင်ဂျာ ၃၅ ​ဦးကို ​ညနေ ​ပိုင်းမှာ ​ဖမ်းပြီး ​အဲဒီ ​ပဋိပက္ခဖြစ်ပွားတဲ့ ​စခန်းကို ​ထပ်မံ ​ပို့ခဲ့တာဖြစ်တယ်လို့ ABC သတင်းထောက် ​Kathryn ​Magann ​ကသတင်း ပေး ​ပို့ ​ခဲ့ပါတယ်။

ဆူမာတြာက ​ထိန်းသိမ်းရေးစခန်းမှာ ​လူပေါင်း ၂၈၀ လောက်ကိုသာ ​ထိန်းသိမ်းဖို့ ​ဆန့်တဲ့ ​စခန်းဖြစ်ပြီး ​အဲဒီမှာ ​မြန်မာ ​နိုင်ငံက ​တရားမဝင် ​ရေပိုင်နက်ကျူးလွန်ပြီး ​ဖမ်းစီးခံထားရ ​တဲ့ ​မြန်မာ ​တံငါသည်တွေ ​နဲ့ တရား မဝင်ရောက် ​ရှိလာတဲ့ ​ရို ​ဟင်ဂျာ ​ကို ​အတူ ​ထိန်းသိမ်းထားတဲ့ ​စခန်းဖြစ်ပါတယ်။

မြန်မာ ​ပြည်တွင်း ​အကြမ်းဖက်မှု ​တွေ ​က ​နေပြေး ​ရှောင်လာ ​ကြတဲ့ ​ရို ​ဟင်ဂျာတွေလဲတနေ့ ​တခြား တိုးများ ​လာ ​နေပြီ ​ဖြစ်တယ်လို့ ​သိရ ​ပါတယ်။

From: ABC 

ကားကို ဆင်ဆင်ခြင်ခြင်မောင်းဖို့ပြောတဲ့ အိမ်နီးချင်းရဲ့မျက်နှာကို တံတွေးထွေးခဲ့တဲ့ ဂျက်စတင်ဘီဘာ

Posted by drmyochit Monday, April 08, 2013, under | No comments


 အိမ်နီးချင်းတစ်ဦးက ကားကို ဆင် ဆင်ခြင်ခြင်မောင်းဖို့ ပြောလာတဲ့ အ တွက် အသက် ၁၉ နှစ်အရွယ် ဂျက် စတင် ဘီဘာက အဲဒီ လူရဲ့ မျက်နှာကို တံတွေးထွေးခဲ့တယ်လို့ သိရပါတယ်။

ဘီဘာရဲ့အိမ်နီးချင်းက အသက် ၄၇ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည် နယ်၊ လော့စ်အန်း ဂျလိစ် ခရိုင်ထဲက ကာလာဘာဆာဆိုတဲ့နေရာမှာ နေထိုင်သူ ဖြစ်ပါ တယ်။ အဲဒီနေရာဟာ လူချမ်း သာတွေ နေထိုင်ရာနေရာ ဖြစ် ပြီး ဂျက်စတင်ဘီဘာရော၊ ဆလီနာဂို မက်စ်တို့ပါ အဲဒီမှာ နေထိုင်နေကြပါ တယ်။

မျက်နှာကို တံတွေးနဲ့အထွေးခံရတဲ့ အိမ်နီးချင်းကတော့ နယ်မြေ ရဲစခန်း တစ်ခုမှာ ဘီဘာကို တိုင်ချက်ဖွင့်ထား ပါတယ်။ ဒါပေမယ့် ဘီဘာဟာ ငယ်ရွယ်သေးတာမို့ အမှားပြုမိတာပါလို့ သူနဲ့ နီးစပ်တဲ့လူတချို့က ကာကွယ် ပြောဆို ထားပါတယ်။

လတ်တလောမှာ ဂျက်စတင်ဘီဘာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကလည်း မနည်းမနောပါပဲ။ သိပ်မကြာ သေးခင် ကပဲ လန်ဒန်ခရီးစဉ်မှာ စင်ပေါ်အရောက် နောက်ကျလို့ လှည့်ပြန်သွားတဲ့ ပရိသတ်တွေကို တောင်းပန် ခဲ့ရ သေးတယ်။

လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက လမ်းခွဲထားကြတယ်ဆိုပေမယ့် ဆလီနာဂိုမက်စ်ဆီက ရလိုက်တဲ့ ဒဏ်ရာ ကလည်း အကင်းမသေသေး တာကြောင့် မတ်လ ၂၇ ရက်နေ့က ဆလီနာဂိုမက်စ်ရဲ့အိမ်ကို သွားရောက် လည်ပတ် ခဲ့သေးတာကို သတင်းမီဒီယာတွေက ဖွထားပြန်တယ်။ တစ်နာရီ ကြာပြီးနောက် ဆလီ နာရဲ့အိမ်ကနေ ပြန်ထွက်လာခဲ့တယ်လို့ ဆိုတယ်။ ဘီ ဘာရဲ့ အနက်ရောင်ဗင်ကားဟာ ဆလီ နာဂိုမက်စ် ရဲ့ခြံရှေ့မှာ ရပ်ထားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့အပေါ် အထင်လွဲနေကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါသထွက်မိတာအမှန်ပါပဲ။ စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ကျွန်တော် ကျရှုံးတာကို မြင်ချင်ကြတယ်။ အဲဒီ လိုမျိုးအဖြစ်ခံမှာ မဟုတ်ဘူး" လို့ ဘီဘာက TMZ မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
AutoWorld

ရောင်းစားခံရတဲ့ မြန်မာ ၇ ဦးကို ထိုင်းနဲ့ မြန်မာအဖွဲ့တွေ ကယ်တင်

Posted by drmyochit Monday, April 08, 2013, under | No comments

ထိုင်းငါးဖမ်းလှေပေါ်ရောင်းစားခံခဲ့ရတဲ့ ​မြန်မာနိုင်ငံသား ၇ ယောက်ကို ​ထိုင်း ​လူကုန်ကူးမှု ​တိုက်ဖျက်ရေး အဖွဲ့ ​(AHTD) ​နဲ့ ​ထိုင်းနိုင်ငံ ရောက် ​မြန်မာ နိုင်ငံသားများ အဖွဲ့ တို့ ​ပူး ပေါင်းပြီး ​မနေ့က ​ကယ်တင် နိုင်ခဲ့တယ် လို့ ​သိရပါတယ်။
ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသမှာ အလုပ်လုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ (Credit: Reuters) 
ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့အနီးက ​ချွန်ဘူရီခရိုင်၊ ​လှေအမှတ် ၆၇​ဆိုတဲ့ ​ငါးဖမ်းလှေပေါ်က ​မြန်မာ နိုင်ငံသား ၄​ယောက် ​နဲ့ ​စမုတ် ပရာကန် ခရိုင် ​ခလောင်တန် လှေဆိပ်က ​လှေအမှတ် ၂၁ ဆိုတဲ့ ​ငါးဖမ်း လှေပေါ်က ​မြန်မာနိုင်ငံသား ၃ ​ယောက်ကို ​ကယ်တင်နိုင်ခဲ့တာပါ။

ရောင်းစား ​ခံရာကနေ ​ပြန်လည် ​လွတ်မြောက် ​လာတဲ့ ​ဧရာဝတီတိုင်း ​မြန်အောင်မြို့နယ်က ​ ကိုအောင်ကို လင်းက ​သူရဲ့ ​အတွေ့အကြုံကို ​အခုလို ​ပြောဆိုပါတယ်။

ကျနော် တို့လာတာ ​ယောင်္ကျားလေး ​(၁၁) ယောက်၊ ​မိန်းကလေး (၃)ယောက်၊ ​မိန်းက လေးတော့ ​သူတို့ အဲဒီ ​မြို့ထဲမှာ ​ထားခဲ့တယ်၊ ​ကျနော်တို့ ​ယောင်္ကျားလေး ​(၁၁)ယောက်တော့ ​တဖွဲ့ထဲ ​လှေထဲ ပို့တာပေါ့၊ ​ကျနော့် အကို ၁ ယောက်နဲ့ ​သူငယ်ချင်း ​တယောက်က ​အချောင်ဘက် (ချွန်ဘူရီ) ကို ​ပို့လိုက်တယ်၊ ​မြဝတီကကောင်(၁) ယောက်နဲ့ ​ကျနော့် အကိုတွေနဲ့ လည်း ​အခု ထက်ထိ ​အဆက် အသွယ်လည်း မရဘူး၊ ​ကျန်တဲ့ လူတွေ ကတော့ ​တဖွဲ့ ထဲ ​တစီးထဲ ပို့တာပေါ့၊ ​ပြီးတော့ ပင်လယ်ထဲ ကြတော့ ​တစီး တယောက် ခွဲတာ ​ကျနော်တို့(၂)ယောက်ပဲ ​တစီးထဲကျတယ်၊ ​ကျန်တဲ့လူတွေကတော့ ​တယောက်စီ ​အကုန်ကွဲသွားတာ၊ ​ပင်လယ်ထဲမှာ ​(၁)လခွဲ ​(၂)လနေရတာပေါ့ ​ကမ်းပြန်ဝင်တော့လည်း ​ကျနော်တို့မှာ ​အလုပ်တွေ ​ပြီးစီး အောင်လုပ်၊ ​လုပ်ပြီးတော့ ​ညထမင်းစားပြီး ​အဲဒီတိုက်ခန်းလေး ​ကျဉ်းကျဉ်းလေးထဲထားပြီး ​သော့ပိတ် ထားတာ၊ ​(၁၀)ပေပတ်လည် ​အခန်းလေးထဲ ​အဲဒီမှာ ​ကျနော်တို့ ​(၁၁)ယောက်လုံးလုံး ​အဲဒီမှာ ​သိပ်ထားတာ၊ ​ပန်းရံ လုပ်ရ မယ်ဆို ​လှေပေါ်ရောက်သွားတာ ​လှေပေါ်က ​သူငယ်ချင်းတွေက ​မင်းတို့ရောင်းစားခံရတာတဲ့၊ ​အဲဒီ အရင် ရောက်တဲ့ သူတွေက ​ပြောတာပေါ့၊ ​ကျနော်တို့လည်း ​အဲဒီကျမှ ​ရောင်းစား ခံရမှန်း သိတာ။

လွတ်မြောက်လာသူတွေထဲမှာ ​အသက် ၁၇  နှစ်အရွယ် ​မောင်ချမ်းငြိမ်းကို ​အပါအ၀င် ​ကိုညီညီဟိန်း၊ ​ကိုလှ သန်း၊ ​ကိုဇော်လင်း၊ ​ကိုမောင်ဖြူ၊ ​ကိုမိုးဝေ၊ ​ကိုအောင်ကိုလင်း ​တို့ဖြစ်ကြပြီး ​မြန်မာနိုင်ငံ ​ရန်ကုန်တိုင်း၊ ​ဧရာ ဝတီတိုင်း၊ ​ပဲခူးတိုင်းနဲ့ ​မွန်ပြည်နယ်တွေမှာ ​နေထိုင်ခဲ့ကြသူတွေ ​ဖြစ်ပါတယ်။

သူတို့ကို ​မြန်မာနိုင်ငံ ​မြဝတီမြို့ကတဆင့် ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့ကို ​လူပွဲစားတွေက ​ခေါ်လာပြီးနောက် ​ငါးဖမ်း လှေတွေမှာ ​တစ်နေရာစီခွဲပြီး ​ရောင်းစားခံခဲ့ကြတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ငါးဖမ်း လှေတွေ ကနေ ​လွတ်မြောက် လာသူ အားလုံးကို ​လောလောဆယ် ​ဘန်ကောက်မြို့က ​လူကုန်ကူးမှု ​ကာကွယ် တားဆီး ​နှိမ်နင်းရေးရုံးမှာ ​စစ်ဆေး ​မေးမြန်းမှုတွေ ​ပြုလုပ်နေတယ် ​လို့လည်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။
From: ABC Radio Australia 

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

Posted by drmyochit Monday, April 08, 2013, under | No comments


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက် အအုံ ကြီး ရှေ့တွင် အစောင့် တပ်သား တဦး တာဝန်ကျ နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည် ရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာ ချက် တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

တရုတ်ပြည် ရွှေလီမြို့မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ KIO တို့ နောက်ဆုံးဆွေးနွေးပွဲမှာ  နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို ဧပြီလ (၁၀) ရက်နေ့ မတိုင်ခင် ကျင်းပဖို့ သဘောတူညီခဲ့ကြပေမဲ့၊ တရုတ် အစိုးရက ကန့်ကွက် ခဲ့တဲ့ အတွက် မြန်မာအစိုးရက ဆွေးနွေးပွဲရက်ရွှေ့ဆိုင်းလိုက်တဲ့  သဘောမျိုး မြန်မာ သတင်း မီဒီယာ တချို့က ရေးသားဖေါ်ပြခဲ့ကြပါတယ်။

အဲဒီ သတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက်  တရုတ်သံရုံးအနေနဲ့ စိတ် မကောင်းဖြစ်ရ ပါတယ် လို့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။

ဆက်လက်ပြီး မြန်မာ့ အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာနဲ့ ဂုဏ်သိက္ခကို လေးစားသမှု ရှိတဲ့အပြင်၊  မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်း သားချင်း သဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ကုန် ပိုင်း က  ရွှေလီမြို့မှာ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ် ကမ ကထပြု စီစဉ်ပေးခဲ့ပါတယ်၊ အဲဒီဆွေးနွေးပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည် ဆောက် နိုင်ခဲ့သလို၊ တင်းမာမှု ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး၊ အခြေအနေတွေ တဖြည်း ဖြည်း တည်ငြိမ်မှု ရလာ တာနဲ့အတူ၊ လူသားချင်း စာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေ အထား ဖြစ်ခဲ့ ပါတယ်၊ ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာရင် ဆက်လက် ကူညီ သွားမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူညီချက်အရ နောက်တစ်ကြိမ် ဆွေး နွေးပွဲ  မကျင်းပဖြစ်တဲ့ အဓိကအကြောင်းက ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်မှာ ပြဿနာရှိနေလို့ ပဲဖြစ်ပါ တယ်၊ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တခြား သတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေး ပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA

မြောက်ကိုရီးယားက နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု ထပ်မံပြုလုပ်ရန် စီစဉ်နေဟုဆို

Posted by drmyochit Monday, April 08, 2013, under | No comments

မြောက်ကိုရီးယား နိုင်ငံသည် ယခုအခါ စတုတ္ထမြောက် နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုအတွက် လုပ်ဆောင် နေပြီဟု တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဖြစ်သူ ရူးကီလ်ဂျေးက မြောက်ပိုင်းဒေသရှိ ကွန်မြူနစ် နိုင်ငံ၏ အဓိက နျူကလီးယား လက်နက် စမ်းသပ်ရာ နေရာတွင် မကြာသေးမီ ရက်များအတွင်း သိသိသာသာ လှုပ်ရှား မှုများ ရှိလာကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ သတင်းဌာန တစ်ခုကလည်း တောင်ကိုရီးယား စစ်ဘက် ထိပ် တန်း တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး ဖေဖော်ဝါရီလ (၁၂)ရက်နေ့က မြောက်ကိုရီးယား၏ တတိယ မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွင်လည်း အလားတူ လှုပ်ရှားမှုများ ရှိနေခဲ့ကြောင်း ဖော်ပြခဲ့ သည်။


(ဖေဖေါ်ဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု ရုပ်သံသတင်းထုတ်လွှင့်နေစဉ်)

လတ်တလောတွင် မြောက်ကိုရီးယားသည် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် တင်းမာမှုများ မြင့်တက်လျှက် ရှိနေပြီး ယင်းအနေအထားတွင် နျူကလီးယား စမ်းသပ်သည့် နေရာ၌ အလုပ်သမားများ၊ စစ်သုံးမော်တော်ယာဉ်များ သွားလာလှုပ်ရှားမှု ထူထပ်လာခြင်း ဖြစ်သည်။ အဆိုပါ နေရာသည် နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ပွန်ဂျီရီ နျူကလီးယား စမ်းသပ်သည့် ဒေသတွင် တည်ရှိသည်။ "ဖြစ်ပျက်နေတဲ့ အခြေအနေတိုင်းကို ကျွန်တော်တို့ လေးလေးနက်နက် စောင့်ကြည့်နေပါတယ်။ လက်ရှိ အခြေအနေတွေက တတိယမြောက် နျူကလီးယားဗုံး စမ်းသပ်တုန်းကနဲ့ အရမ်းကို ဆင်တူနေတယ်"ဟု တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှု ပြုလုပ်သည့်နေရာ)

ကုလသမဂ္ဂသည် တတိယအကြိမ် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ပြီးနောက် မြောက်ကိုရီးယားကို ပြင်းထန်သော တားဆီး ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။ မြောက်ကိုရီးယား မိမိနိုင်ငံအတွင်းရှိ နိုင်ငံခြား သံရုံးများအား ဝန်ထမ်းများ ရွှေ့ပြောင်းရန် သတိပေးထားပြီး ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နောက်ပိုင်းတွင် သံရုံးများ လုံခြုံရေးအတွက် မိမိတို့ အာမခံချက် ပေးတော့မည် မဟုတ်ကြောင်း ပြောဆိုထားသည်။ 

Source: BBC
Credit: Planet 

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို

Posted by drmyochit Monday, April 08, 2013, under | No comments



ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ် ပွားခြင်း မရှိ ခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။

နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul ၏ ဖြေရှင်းချက်အား ကိုးကား ၍ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ယမန်နေ့က သတင်းဌာနအချို့တွင် မြန်မာ့တပ်မတော်မှ အင်အား ၁၃ ဦး ကျဆုံး ခဲ့ရပြီး နှစ်ဦး ပျောက်ဆုံး ခဲ့သည့် ပစ်ခတ်မှု တခု ကော့သောင်း ခရိုင်တွင် ဖြစ်ပွား ခဲ့ကြောင်း လုံခြုံရေး သတင်းရပ်ကွက်အား ကိုးကား၍ ဖော်ပြခဲ့ကြသည်ကို ဝန်ကြီးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ့ တပ်မှ စစ်သား ၁၃ ဦးမှာ တောထဲတွင် လမ်းပျောက်၍ အခြား ကင်းလှည့် တပ်ဖွဲ့အား စက်မှ အကူ အညီတောင်းစဉ် တောမီး လောင်ကျွမ်း သံများအား အကောက် အယူ လွဲကာ တိုက်ပွဲ ဖြစ်နေ သည်ဟု မှတ်ထင် မှားခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ဖြေရှင်းသည်။

သို့သော် ဘန်ကောက်ပို့စ်ကမူ လက်နက်ကိုင်များနှင့် ကင်းလှည့်တပ်များ ထိုနယ်စပ်ဧရိယာတွင် အပြန် အလှန် ပစ်ခတ် မှုများ ဖြစ်ခဲ့ကြောင်း ဆက်လက် ရေးသား ဆဲဖြစ်ပြီး ပျောက်ဆုံး စစ်သား နှစ်ဦးလည်း ရှာမတွေ့ သေးကြောင်း ၎င်းတို့ သတင်း ရင်းမြစ်အား ကိုးကား၍ ရေးသား ထားသည်။

မဇ္ဈိမ

ကိုယ်ပျောက် တိုက်လေယာဉ်များအား တောင်ကိုရီးယား နိုင်ငံမှ ၀ယ်ယူမည်

Posted by drmyochit Monday, April 08, 2013, under | No comments


မြောက် ကိုရီးယား နိုင်ငံမှ နျူကလီးယား လက်နက် ဖြင့် စစ်ရေး အရ ခြိမ်းခြောက်မှုများ ၊ နှစ်နိုင်ငံ နယ်စပ် ရှိ စက်မှုဇုံ ရပ်ဆိုင်းထားမှုစသည့် အပြန် အလှန် တင်းမာမှုများ မြင့်တက်နေချိန်တွင် တောင် ကိုရီးယား နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံလုပ် ကိုယ် ပျောက် တိုက်လေယာဉ်များ ၀ယ်ယူလိုက်ပြီ ဖြစ် သည်။

အမေရိကန်နိုင်ငံ အနေဖြင့်လည်း မြောက် ကိုးရီး ယားနှင့် ဆက် ဆံရေး တင်းမာပြီး မဟာမိတ် တောင် ကိုးရီး ယား နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ၊ တိုက် လေယာဉ် များဖြင့် ပျံသန်း စောင့်ရှောက်ပေးခြင်းများ ပြုလုပ် ခဲ့ပြီး ယခုအခါ တောင်ကိုးရီးယား နိုင်ငံ ၏ တိုက်လေယာဉ် ၀ယ်ယူရေး ကမ်းလှမ်းချက် ရောင်း ချသွားရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက သဘောတူ လက်မှတ် ရေးထိုးပေးလိုက်ပြီ ဖြစ် ကြောင်း သိရသည်။ တောင်ကိုးရီးယား နိုင်ငံမှ ၀ယ်ယူ မည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်း များတွင် Lockheed Martin Corp F-35 ကိုယ် ပျောက် တိုက်လေယာဉ်နှင့် Boeing Co's F-15 Silent Eagle တိုက်လေယာဉ် နှစ်မျိုးအပြင် ရေဒါ အသစ် များ ၊ အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များနှင့် အခြား ကိရိယာ ပစ္စည်းများလည်း ပါဝင်သည်။

source: Reuters
From: MRTV4 

လျော်ကြေးငွေပေးသော်လည်း လောဘကြီးသည့် မ၀င်းဝင်းဌေးမှ လက်ပံတောင်းအရေး ဆက်လက်ဆန္ဒ ထုတ်ဖော်မည်

Posted by drmyochit Monday, April 08, 2013, under | No comments


လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို ခွင့်ပြု ချက် ယူပြီးဆန္ဒပြသော်လည်း မည်သို့မျှ ဆောင် ရွက်မပေးသေး သဖြင့် ဆက်လက် ဆန္ဒ ထုတ် ဖော် မည် ဖြစ်ကြောင်း ဆည်တည်းကျေး ရွာနေ မ၀င်းဝင်းဌေး က မဇ္ဈိမကိုပြောသည်။

မ၀င်းဝင်းဌေးက “ ကျွန်မတို့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုချက် ယူပြီးဆန္ဒပြခဲ့တာ အခုနဲ့ ဆိုရင် (၆)ကြိမ်ရှိပါပြီ။ ဆန္ဒပြတာကို ဘာမှဆောင်ရွက် မပေးတဲ့အတွက် ခုချိန်အထိ ဆန္ဒဖော်ထုတ် ရခြင်း ဖြစ်ပါ တယ် ” ဟုဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက်မှ ယခုချိန်ထိ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးသည့်အတွက် ဥပဒေ ဘောင် အတွင်း၌ နေ၍ ဆန္ဒပြခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ဧပြီလ ၅ရက်နေ့ နေ့လည် (၁)နာရီမှ စ၍ ညနေ(၄)နာရီအထိ လက်ပံတောင်းဒေသ၊ တုံရွာအရှေ့မှ စ၍ ညောင် ပင်ကြီး ဆိပ်ကမ်းအထိ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အတွက် ဒေသခံ အင်အား (၅၀၀) ခန့်မှ “ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ (၁၄၄) ရုတ်သိမ်းပေးရေး၊ မီးလောင် ဗုံး တရားခံများကို အရေးယူပေးရေး၊ တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားနေသော ဦးပိုင်ကု မ္ပဏီ အလိုမရှိ၊ မြန်မာလူမျိုးတွေကို ကျွန်ဇာတ်သွင်းနေတဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီ အလိုမရှိ ” စသည့် တောင်းဆို ချက်များ၊ ကြွေးကြော်သံများဖြင့် ဆန္ဒ ဖော်ထုတ် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့်၊ ခွင့်ပြုချက်ကို စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဆားလင်းကြီးမြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပေးခဲ့ကြောင်း တုံရွာဒေသခံ ကိုအောင်သန်းမျိုးက မဇ္ဈိမကို ပြောသည်။

တုံရွာဒေသခံ ကိုအောင်သန်းမျိုးက “ဆည်တည်း ကျေးရွာ၊ တုံရွာသစ်၊ အလယ်ရွာ၊ တောကျောင်း ၊မိုးကြိုးပြင် (တောင်၊မြောက်၊အလယ်)ရွာ တို့ပါဝင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။တုံရွာသစ်မှ ညောင်ပင်ကြီး ဆိပ် ကမ်း ကုန်းထိပ် အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။တရားဝင် ဆန္ဒပြတာဆိုတော့ လူ(၅၀၀) ထက် မပိုရဘူး လို့ပြောပါတယ်။”ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒထုတ်ဖော်ခြင်းကို ဆည်တည်းကျေးရွာမှ ဦးဆောင် ခဲ့ခြင်း ဖြစ်ပြီး ရွာခုနှစ်ရွာ စုပေါင်း ဆန္ဒပြခဲ့ကြကြောင်းနှင့် လျော်ကြေးငွေ ကိစ္စမှာ လူကြားကောင်းရုံသာ ဖော်ပြနေကြကြောင်း ဆည်တည်းကျေးရွာ ဒေသခံမအေးက ဆိုသည်။

၎င်းက “အမေစုကလည်း ကျမတို့ကို တရားဝင် စာတင်ပြီးမှ ဆန္ဒပြတာလုပ်ဖို့ပြောထားတဲ့အတွက် ကော်မ ရှင် စည်းကမ်းချက် အတိုင်း ခွင့်ပြုချက် ယူပြီး ဆန္ဒပြတာပါ။” ဟုပြောသည်။

ဧပြီလ(၅)ရက် သောကြာနေ့မှစ၍ ၊ ဧပြီ(၆)ရက်စနေနေ့ထိ (၂)ရက်ဆက်တိုက် ဆန္ဒပြမည် ဖြစ်ကြောင်း တုံရွာ သစ် ဒေသခံ ကိုအောင်သန်းမျိုး ပြောဆိုချက်အရ သိရသည်။

ဧပြီလ(၅)ရက် မနက်(၁၀)နာရီ ခန့်က မိုးကြိုးပြင် အလယ်ရွာသို့ ဝမ်ပေါင် ကုမ္ပဏီမှ ကား(၂)စီး ရောက် လာပြီး မိုးကြိုးပြင် (တောင်၊မြောက်၊အလယ်)ရွာမှ ရွာသူရွာသားများ အား မြေယာ ဟောပြောပွဲ လုပ်မည်ဟု ဆိုကာ ကျေးရွာ ကျန်းမာရေးရုံး၌ လူစုခိုင်းကြောင်း သို့သော် ဝမ်ပေါင် ကုမ္ပဏီမှ ဝန်ထမ်းများက မြေယာ လျော် ကြေးငွေ လက်ခံရန်သာ ပြောဆိုခဲ့ပြီး သဘာဝပတ်ဝန်းကျင် ပြန်လည် ထိန်းသိမ်းရေး ဆောင်ရွက် မည်ဟု မပြောသဖြင့် ဒေသခံများက ကန့်ကွက်ခဲ့သည်ဟု ဒေသခံတဦး ဖြစ်သူ ကိုတင်မျိုးက ရှင်းပြသည်။

၎င်းက “သူတို့က လူစုခိုင်းပြီး ဟောပြောမယ် ဆိုပေမယ့် တကယ်တမ်း ဒီလိုမဟုတ်ဘူး။ တရုတ်ဘက်က လူတွေ က သူတို့ဘက်ပဲ ဆွဲပြောနေတော့ လူတွေက စိတ်မရှည် တော့ဘူး ဝိုင်းပြီး ကန့်ကွက်ကြတယ်။ ကျနော် တို့က ဘယ်နည်းနဲ့မှ တောင်ကြီး ပျက်စီးမှာကို မလိုချင်ပါဘူး ငွေက ရှာလို့ ရပေမယ့် ပျက်စီးသွား တဲ့ သဘာဝ သယံဇာတတွေက လိုက်ဝယ်လို့ မရဘူး”ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ မတ်လ(၁၁) ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီး ယင်းနေ့တွင်ပင် အစီရင်ခံစာကို အကောင် အထည်ဖော် ဆောင်ရွက်ရမည့် ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်း ခဲ့သည်။ အဆိုပါ ကော်မတီသည် မတ်လ(၁၅) ရက်တွင်စတင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး နောက် တစ်ရက်တွင် လျော်ကြေးငွေများကို စတင် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ ကြေညာချက် အရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသနှင့် မလွတ်သော ကျေးရွာပေါင်း(၂၀) ကျော်ရှိ စိုက်ပျိုး မြေဧက (၁၄၀၀)ကျော်မှ တောင်သူ( ၅၃၆) ဦးအားမြေလျော်ကြေး ငွေကျပ်သိန်းပေါင်း (၁၅၇၀၀) ခန့်ကို မတ်လ (၁၆) ရက်မှ မတ်လ( ၃၁) ရက်အတွင်း ပေးအပ်ခဲ့ပြီး၊ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ်(၁၀) သိန်းမှ(၁၅) သိန်းအထိ အမျိုးအစား သုံးမျိုးခွဲ ၍ ပေးအပ် ခဲ့ကြောင်းနိုင်ငံ ပိုင်မီဒီယာများ၏ ကြေညာချက် အရ သိရသည်။

From: မဇ္ဈိမ

ကိုင်ရိုမှာ ဆူပူ

Posted by drmyochit Monday, April 08, 2013, under | No comments

သောကြာနေ့ က ဘာသာရေး အဓိ ကရုဏ်းမှာ သေဆုံး ခဲ့တဲ့ ကော့ပတစ် ခရစ်ယာန် ဘာသာဝင် ၄ ဦးရဲ့ အ သုဘ ဝတ်ပြုဆုတောင်း အပြီးမှာပဲ အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော်မှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
လူတဦး သေဆုံးတယ်လို့ အာဏာပိုင် များက ထုတ်ပြန် ခဲ့ပြီး အနည်းဆုံး ၆၅ ယောက် ဒဏ်ရာ ရရှိ ကြောင်း သတင်းရရှိ ပါတယ်။

စိန့်မာ့က် ကသီဒြယ် ဘုရားကျောင်းက အထွက်မှာ အာဏာရ မွတ်ဆလင် ညီနောင်များ အဖွဲ့နဲ့ သမ္မတ မိုဟာမက် မော်စီကို ဆန့်ကျင်ဟစ်ကြွေးလာကြတဲ့ လိုက်ပါ ပို့ဆောင်သူများကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောကြား ကြပါတယ်။ သေနတ်သံတွေ ကြားရသလို ရဲက မျက်ရည်ယိုဗုံးနဲ့လဲ လူစုခွဲခဲ့ပါတယ်။

ဆူပူမှု ဖြစ်ပွားတာကို သမ္မတ မော်စီက ပြစ်တင်ရှုတ်ချ လိုက်ပြီး ဘုရားကျောင်းကို တိုက်ခိုက်ရန်စမှု မှန်သမျှ သူ့ကို ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှုသာပဲ ဖြစ်တယ်လို့လဲ ပြောကြားခဲ့ပါတယ်။

BBC

မြောက်ကိုးရီးယား ခြိမ်းခြောက်မှုကို သံတမန်တွေ မမှု

Posted by drmyochit Monday, April 08, 2013, under | No comments


မြောက်ကိုးရီးယားနိုင်ငံတွင်းက ​နိုင်ငံတကာသံတမန်တွေရဲ့ ​လုံခြုံရေးကို ​တာဝန်မယူနိုင်တော့ဘူး လို​မြောက် ကိုး ရီးယား အစိုးရက ​ပြောဆိုပေမယ့် ​နိုင်ငံခြား ​သံတမန်တွေက ​နဂိုအတိုင်း ​နေထိုင်လျက် ​ရှိပါ တယ်။
သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး ဘော့ဘ်ကားရ် (Credit: AFP) 

မြောက်ကိုးရီးယားအစိုးရက ​စစ်ဖြစ်လု ​စဲစဲ ​အချိန် ​ဖြစ်တဲ့အတွက် ​မြောက်ကိုးရီးယား ​အတွင်းမှာ ​ရှိနေတဲ့ ​နိုင်ငံခြား ​သံတမန်တွေရဲ့ ​လုံခြုံရေးကို ​တာဝန် ​မယူ ​နိုင် ​တော့ ​ဘူးလို့ ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

မြောက် ​ကိုးရီးယား ​နိုင်ငံ ​အနေနဲ့ ​နျူးကလီးယား ​ဒုံးကျဉ် ​နောက်ထပ် ​စမ်းသပ်တဲ့ ​အနေအထား ​ရှိပေမယ့် ​ကိုးရီး ယား ​ကျွန်းဆွယ်အတွင်း ​စစ်ဖြစ်နိုင်မယ့် ​အလားအလာတော့ ​မရှိသေးဘူးလို့ ​သြစတြေးလျ ​နိုင်ငံခြား ရေး ​ဝန်ကြီးက ​လျော့တွက်ထားပါတယ်။

ဝန်ကြီး ​ဘော့ဘ်ကားရ်က ​မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ ​ပြဿနာပိုကြီးထွားအောင် ​လုပ်နေတဲ့အကြောင်း၊ ​မြောက် ကိုးရီးယား နိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​နိုင်ငံအသီးသီးရဲ့ ​ကိုယ်စားလှယ်တွေကလည်း ​မြောက် ကိုးရီးယား နိုင်ငံမှာ ​စစ်အတွက် ​ပြင်ဆင်မှုတွေ ​လုပ်နေပြီလို့ ​မပြောကြသေးပေမယ့် ​မြောက်ကိုးရီးယားရဲ့ ​ခြိမ်းခြောက်မှု အပေါ်တော့ ​စိုးရိမ်မှုတွေ ​ရှိနေဆဲပဲလို့ ​ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ​William ​Hague ​ကလည်း ​မြောက်ကိုးရီးယားခြိမ်းခြောက်မှုနဲ့ ​ပတ်သက်ပြီး ​စိတ်အေး အေး ထားကြ ဖို့ ​ဒါပေမယ့် ​မြောက်ကိုးရီးယားဖက်က ​တိုက်ခိုက်လာရင် ​နိုင်ငံတကာအနေနဲ့ ​စည်းစည်း လုံးလုံးနဲ့ ​တုန့်ပြန်ကြဖို့ ​ပြောလိုက်ပါတယ်။

From: ABC Radio Australia 

မြန်မာတိုးတက်ရင် ဒေသတွင်း တိုးတက်ရာရောက်လို့ သမ္မတပြော

Posted by drmyochit Monday, April 08, 2013, under | No comments

မြန်မာ နိုင်ငံဟာ ​အာရှ တိုက်ရဲ့ ​အရှေ့ပိုင်းနဲ့ ​အနောက် ပိုင်းကို ​ဆက်သွယ်မှု ပေးနိုင်ပြီး ​အချက် အခြာ ကျလှတဲ့ ​ဒေသမှာ ​တည်ရှိတဲ့ အတွက် ​မြန်မာ နိုင်ငံ တိုးတက် လာမယ် ဆိုရင် ​ဒေသတွင်း တိုးတက်မှု ​ဖြစ်စေ နိုင်တယ်လို့ ​သမ္မတ ဦးသိန်းစိန်က ​ပြောလိုက် ပါတယ်။

ဘိုအောင်း အစည်း အဝေး အတွင်း မိန့်ခွန်း ပြောကြား ခဲ့တဲ့ သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Credit: AFP) 

တရုတ် နိုင်ငံ တောင်ပိုင်း ​ဟိုင်နန်ပြည်နယ်မှာ ​ပြုလုပ်တဲ့ ​ဘိုအောင်းအစည်းအဝေး ​Boao ​Forum ​မှာ ​ပြောသွား ခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း ​အာဆီယံကနေ ​ဒေသတွင်းမှာ ​စီးပွားရေးပူးပေါင်းမှုရှိလာဖို့ ​အဓိက ​လုပ်ဆောင် နေပြီး ​ဒီပူးပေါင်းမှုကနေ ​လျင်မြန်တဲ့ ​စီးပွားရေးဖွံ့ဖြိုးမှုတွေ၊ ​အလုပ်အကိုင် ​အခွင့် ​အလမ်းတွေ ​ပွင့် လာပြီး ​ဒေသတွင်းက ​ရင်းနှီးမြုပ်နှံသူတွေနဲ့ ​နိုင်ငံတကာက ​ရင်းနှီးမြုပ်နှံ ​သူတွေအတွက် ​မျက်စိကျစရာ ​ဖြစ် အောင် ​အာဆီယံအသင်းက ​ကြိုးစား ​ဆောင်ရွက် ​နေကြကြောင်းလည်း ​ရှင်းပြခဲ့ပါတယ်။

ကမ္ဘာတခွင်မှာ ​စိန်ခေါ်မှုတွေ ​များပြားနေပေမယ့် ​အာဆီယံ ​အသင်းဝင်နိုင်ငံတွေကတော့ ​အောင်မြင်စွာ ​လုပ်ဆောင် နိုင်မယ့် အကြောင်း ​အာဆီယံနိုင်ငံတွေအတွင်း ​အစားအစာ၊ ​စွမ်းအင်လုံလောက်မှု၊ ​သဘာဝ ပတ်ဝန်းကျင် လုံခြုံရေး၊ ​စီးပွားရေးတိုးတက်မှုတွေကို ​မျှတအောင် ​ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ​မြန်မာ နိုင်ငံ မှာလည်း ​စီးပွားရေး၊ ​လူမှုရေး ​ပြုပြင်ပြောင်းလဲမှုတွေ ​အစွမ်းကုန် ​လုပ်ဆောင်နေပြီလို့ ​သမ္မတ ဦးသိန်းစိန်က ​ပြောပါတယ်။

သမ္မတဦးသိန်းစိန် ​တက်ရောက်နေတဲ့ ​ဘိုအောင်းအစည်းအဝေးမှာ ​အိမ်ရှင်ဖြစ်တဲ့ ​တရုတ်သမ္မတအပြင် ​သြစတြေးလျ၊ ​နယူးဇီလန်၊ ​မွန်ဂိုးလီးယား၊ ​ပီယူး၊ ​မက္ကဆီကို၊ ​ဖင်လန်၊ ​ဇမ်ဘီယား ​အစရှိတဲ့ ​နိုင်ငံ့ ​ခေါင်းဆောင်တွေလည်း ​တက်ရောက်ကြတယ်လို့ ​သိရပါတယ်။

ဒီစီးပွားရေးဆိုင်ရာ ​အစည်းအဝေးအတွင်း ​တရုတ်သမ္မတ ​ရှီကျင်ပင်းက ​အာရှဒေသနဲ့ ​ကမ္ဘာမှာ ​တည်ငြိမ် ​အေးချမ်း မှု ​ရှိဖို့ ​လိုအပ်နေပြီး ​တရုတ်နိုင်ငံအနေနဲ့ ​ဒေသတွင်းက ​တင်းမာမှုတွေကို ​ကောင်း မွန်စွာ ချဉ်း ကပ်ပြီး ​ဖြေရှင်းမှုတွေ ​လုပ်သွားမယ်လို့ ​ကတိပေးခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ်နဲ့ ​သီးသန့်တွေ့ဆုံတဲ့အခါ ​တရုတ်သမ္မတက ​တရုတ်နဲ့ ​သြစတြေးလျနှစ်နိုင်ငံ ​ဆက်ဆံ ရေးကို ​ဒိထက်ပိုမို ​ကောင်းမွန်စေလိုတဲ့အကြောင်း ​ပြောသွားတဲ့အတွက် ​တရုတ်နဲ့ ​သြစတြေးလျ ​ဆက်ဆံ ရေး ​ပိုမိုတိုးတက်လာဖို့ရှိပြီး ​ကုန်သွယ်ရေးဆိုင်ရာမှာလည်း ​ပိုမိုပူးပေါင်းမှုရှိလာမယ်လို့ ​ယုံကြည် ကြောင်း ​သြစတြေးလျဝန်ကြီးချုပ် ​ဂျုလီယာဂေးလဒ်က ​ပြောပါတယ်။

အဲဒါ့အပြင် ​ဒေသတွင်း ​လုံခြုံရေးကိစ္စတွေလည်း ​ဆွေးနွေးခဲ့ကြပြီး ​ဒီတွေ့ဆုံမှုအပေါ် ​အကောင်း ရှုမြင် တယ်လို့ ​ဝန်ကြီးချုပ် ​ဂျူလီယာဂေးလဒ် ​ဆိုပါတယ်။

တရုတ်နိုင်ငံ ​သမ္မတက ​ကိုးရီးယားကျွန်းဆွယ်အတွင်း ​ပဋိပက္ခဖြစ်တာကို ​မမြင်လိုတဲ့အကြောင်း ​ပြောခဲ့တယ် လို့လည်း ​သြစတြေးလျဝန်ကြီးချုပ်က ​ပြောပါတယ်။

တရုတ်အစိုးရရဲ့ ​ဖိနှိပ်မှုခံနေရတဲ့ ​တိဘက်လူမျိုးတွေရဲ့ ​လူ့အခွင့်အရေးကိစ္စနဲ့ ​ပတ်သက်ပြီး ​တရုတ်အစိုးရကို ​ဖိအားပေး မယ်လို့ ​ဂျူလီယာဂေးလဒ်က ​ကတိပေးခဲ့ပေမယ့် ​တရုတ်သမ္မတနဲ့ ​တွေ့ဆုံမှုအတွင်း ​ဖိအားပေးမှု ​လုပ်ခဲ့တယ် ​မလုပ်ခဲ့ဘူးဆိုတာတော့ ​မသိရသေးပါဘူး။

နိုင်ငံ့ခေါင်းဆောင်တချို့ ​တက်ရောက်နေတဲ့ ​ဘိုအောင်းအစည်းအဝေးက ​ဒီကနေ့ ​ပြီးဆုံးမှာ ​ဖြစ်ပါတယ်။

From: ABC Radio Australia

ရခိုင်ပြည်နယ်၊ မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

Posted by drmyochit Monday, April 08, 2013, under | No comments


ဧပြီလ ၇ရက်၊ ၂၀၁၃ခုနှစ်

မြန်မာ- ဘင်္ဂလား ဒေရှ့်နယ် စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက် ကိုင် အဖွဲ့အ စည်းတွေက ခြိမ်းခြောက်နေ တယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။

အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလို အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသား တစ်ဦးရှိပြီး၊ နှစ်ဦးကတော့ ယခု အချိန် ထိ ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲသလို နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာ အမျိုး သမီး တွေကို အတင်းအဓ မ္မ ပြု ကျင့်တာတွေ မရှိကြောင်း နစက တပ်ဖွဲ့ အကြီးအကဲက အခုလို ငြင်းဆို ပါတယ်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ ခုံရုံးဖွဲ့ပြီး၊ စုံစမ်း စစ်ဆေး မှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ ရာဇဝတ်မှုတွေမှာ တရား ခံ ဖမ်းဆီးရေးကို ရွာတွေ မှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက် တပြက် ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့ သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒ ဖြန့်တာ တွေ တွေ့ရပါတယ်။”

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေရှ့်နယ်မြေ အတွင်းမှာ အခြေစိုက် လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုကြား ပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ဝန်ခံ ပြောကြားတာတွေ ရှိပါတယ်။

RFA News

လူငယ်များ နှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု

Posted by drmyochit Monday, April 08, 2013, under | No comments


အမေရိကန် ပြည်ထောင်စု တွင် လူငယ် ထက်ဝက် ကျော် သည် HIV ရောဂါပိုး ကူးစက်ခံ နေရပြီး ၄င်းတို့ သည် အဆိုပါ ရောဂါပိုး ကူးစက်ခံ နေရ သည်ကို သတိမမူ မိကြပေ။ HIV ရောဂါပိုး ကူးစက် ခံရသည့် အသက် ၁၃ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် အရေ အတွက် သည် ယင်း ရောဂါပိုး ကူးစက်ခံ ရသူ စုစု ပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်း ရှိကြောင်း အမေ ရိကန် AIDS ရောဂါ တားဆီး ကာကွယ်ရေး မှ ထုတ်ပြန် ထားကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု တွင် လစဉ် လူငယ် ၁၀၀၀ သည် HIV ရောဂါပိုး ကူးစက်ခံ နေရပြီး ကုသမရသည့် အဆိုပါ ရောဂါပိုးအား အသက်ရှင်စဉ် အတောအတွင်း ကုသမည် ဆိုပါက အမေရိကန် ဒေါ်လာ ၄ သိန်း ကုန်ကျဖွယ် ရှိသည်။ AIDS ရောဂါ အဖြစ်သို့ ရောက်ရှိ သွားနိုင်ပြီး အစောတလျင် အသက် ဆုံးရှုံး သွားနိုင်ဖွယ် ရှိကြောင်း AIDS ရောဂါ တားဆီး ကာကွယ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သောမတ်စ် ဖရိုင်ဒန်း က ပြောကြား ထားသည်။ အဆိုပါ အချက်မှာ ကြောက်မက်ဖွယ် ကောင်းပြီး လူငယ်များ အတွက် စိုးရိမ်ဖွယ်ရာ တစ်ခုပင် ဖြစ်သည်။

လူငယ်များအကြား HIV ရောဂါပိုး ကူးစက် ခံရမှုမှာ ယခုနှစ်အတွင်း ပိုမို တိုးမြင့် လာလျက်ရှိပြီး ကျန်းမာရေး အာဏာပိုင် များက HIV ရောဂါပိုး အကြောင်း သိကောင်းစရာ အဖြစ် ပညာပေး ဟောပြော ပို့ချ ထားသည့် အထက်တန်း ကျောင်းမှ ကျောင်းသား ၂၂ ရာခိုင်နှုန်း ကို ယင်း ရောဂါပိုး ရှိ- မရှိ မကြာခဏ စစ်ဆေး ပေးလျက် ရှိသည်ကို တွေ့ရသည်။

အလားတူ နိုင်ငံ အတွင်းရှိ အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်းမှ လူငယ် ၃၅ ရာခိုင်နှုန်း ကိုလည်း HIV ရောဂါပိုး ရှိ - မရှိ စမ်းသပ် စစ်ဆေးလျက် ရှိကြောင်း ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာနက ပြောကြား ထားသည်။ HIV ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မား လာရသည့် အကြောင်းရင်းမှာ လူငယ်များ အကြား လိင်တူ ဆက်ဆံမှုများ ပိုမို များပြား လာခြင်း အတွက် ဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်သူ ဒေါက်တာ ဖန်တန် က ထောက်ပြ ထားသည်။ အထက်တန်း များတွင်လည်း လိင်တူ ဆက်ဆံသူများ ၊ လိင်မဆက်ဆံမီ မူးယစ် ဆေးဝါး သုံးစွဲမှု နှင့် ခန္ဓာကိုယ် အတွင်းသို့ မူးယစ်ဆေး ထိုးသွင်းသူများ များလာသည်ကို လေ့လာ တွေ့ရှိရကြောင်း ၊ လိင် ဆက်ဆံသူ အများစုမှာ အကာအကွယ် ပစ္စည်း များကို အသုံး မပြုကြသောကြောင့် HIV ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မား လာခြင်း ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူငယ်များ အနေဖြင့် HIV ရောဂါပိုး ကူးစက်ခြင်း မခံရ စေရန် အသိတရား ဖြင့် ဆင်ခြင် ကျင့်ကြံသင့်ပြီး ရောဂါပိုး ကူးစက်ခံရ သူများ အနေဖြင့်လည်း မိမိကိုယ်ကို ဂရုတစိုက် နှင့် စားသောက် နေထိုင်းခြင်း ၊ ကိုယ်လ်က လှုပ်ရှားမှု ပြုလုပ်ခြင်း နှင့် စိတ်ဓာတ် ကြံ့ခိုင်မှု ရှိအောင် နေထိုင်ပါက ကူးစက်မှု အဆင့်ကို ထိန်းချုပ် ထားနိုင်ကြောင်း ၊ မိမိ၏ ဇနီး နှင့် ခင်ပွန်း ထံသို့လည်း မကူးစက် နိုင်ကြောင်း ဖြင့် ကြိုတင် ကာကွယ်မှု ပြုနိုင်ရန် ရေးသား လိုက်ရပါသည်။

( မျိုးသူထက် )
မြ၀တီ

ဘာသာရေးဥပဒေသစ် ဘင်္ဂလားဒေ့ရှ် ပယ်ချ

Posted by drmyochit Monday, April 08, 2013, under | No comments


ဘာသာရေး စော်ကားမှု တင်းကျပ်စွာ နှိပ်ကွပ်ဖို့ တောင်းဆို

အစ်စလာမ် ဘာသာကို စော်ကား ပုတ်ခတ်သူ တွကေို အရေးယူ အပြစ်ပေးနိုင်တဲ့ ဥပဒေသစ် ပြဋ်ဌာန်းဖို့ အစ်စ လာမ် အုပ်စု တွေရဲ့ တောင်းဆို မှုကို ဘင်ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ပယ်ချ ခဲ့ပါ တယ်။

ဘင်ဂလားဒေ့ရှ်ဟာ ဘာသာရေး လွှမ်းမိုးမှု မရှိတဲ့ ဒီမို ကရေစီ နိုင်ငံ ဖြစ်လို့ ဘယ် ဘာသာမဆို လွတ်လပ် စွာ ကိုးကွယ်ခွင့် ရှိသလို ဘာသာရေး စော်ကား ပုတ်ခတ် မှုတွေ အတွက်လဲ ရှိရင်းစွဲ ဥပဒေ တွေနဲ့ အပြစ် ပေးဖို့ လုံလောက် ပြီးသား ဖြစ်ကြောင်း ရှိတ်ဟာဆီနာက ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ဘာသာရေး စော်ကား နှောင့်ယှက်မှုတွ အတွက် ပိုမို တင်းကျပ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့ ဒက်ကာ မြို့တော်မှာ သိန်းနဲ့ချီတဲ့ လူတွေက ဆန္ဒပြ တောင်းဆိုခဲ့ ကြအပြီး ၂ ရက် အကြာမှာ ဟာဆီနာက ဒီလိုပြောကြား ခဲ့တာ ဖြစ်ပါတယ်။

တမန်တော် မိုဟာမက်နဲ့ အစ်စလာမ် ဘာသာကို စော်ကားမှု တွေကို သေဒဏ် အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ အစ်စလာမ် အုပ်စု တွေက တောင်းဆို နေကြပါတယ်။

အမျိုးသား အမျိုးသမီး ရင်းနှီးစွာ ဆက်ဆံ ပြောဆိုမှုလို နိုင်ငံခြား ယဉ်ကျေးမှု အားလုံးကို ပိတ်ပင်ဖို့ လဲ ဒီအဖွဲ့တွေက တောင်းဆို ခဲ့ကြပါတယ်။

ဒီ တောင်းဆို မှုတွေဟာ နိုင်ငံနဲ့ လူမှု အသိုင်း အဝိုင်း အတွက် မဆီလျော်ဘူးဆိုပြီး ဝန်ကြီးချုပ် ဟာဆီနာက ပယ်ချ ခဲ့ပါတယ်။

ဦးပိုင်ကို မြေမရောင်းကြောင်း ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

Posted by drmyochit Monday, April 08, 2013, under | No comments


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာရှိတဲ့ တောကျောင်းကျေးရွာက ဒေသခံတွေရဲ့ လယ်မြေ တွေကို ဦးပိုင် ကုမ္ပဏီဆီ မရောင်းချ နိုင်ကြောင်း ဆိုင်းဘုတ် တင်ပွဲ အခမ်း အနားကို မနေ့က နေ့လည် ပိုင်းက ကျင်းပခဲ့ ပါတယ်။

ဒေသခံ လူထု (၅၀၀) လောက်က တောကျောင်းရွာရဲ့ လမ်းမကြီးဘေးတစ်ဖက်မှာ ဆိုင်းဘုတ် တင်ပွဲ ကျင်းပခဲ့ တယ်လို့ ဒေသခံရွာသား ဦးမြင့်ဌေးက RFA ကို အခုလို ပြောပါတယ်။

" မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မိမိတို့ မြေယာများ ပြောင်းရွှေ့ခြင်း ရောင်းချခြင်း လွဲပြောင်းခြင်းများ လုံးဝပြုလုပ်မည် မဟုတ်ပါဆိုတဲ့ ဆိုင်းဘုတ် ကို ဆိုင်းဘုတ်တင်ပွဲ ကျွန်တော်တို့ ယနေ့ပြုလုပ်နေတာ ဖြစ်ပါတယ်ခင်ဗျ"

ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ် ပေးရေး နဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး အဆိုတွေကို သံပြိုင်ကြွေးကြော်ပြီး ဆိုင်းဘုတ်စိုက်ထူမယ့် နေရာကို ချီတက် ခဲ့ကြ တယ်လို့ ဦးမြင့်ဌေးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်တွေကလည်း ဖောင်းကထာ၊ မိုးကြိုးပြင်၊ ဇီးတော၊ ဆည်တဲ၊ အလယ်ရွာနဲ့ တော ကျောင်းရွာ တွေမှာ အခုလိုဆိုင်းဘုတ်တင်ပွဲတွေ ကျင်းပခဲ့ကြသလို၊ နောက်ရက်တွေမှာလည်း တခြား ရွာတွေမှာ ထပ်မံ ကျင်းပသွားဖို့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

From: RFA

ယောင်္ကျားအရက်မူးသောင်းကျန်းလို့အုပ်ချုပ်ရေးမှုး သွားတိုင်တာအုပ်ချုပ်ရေးမှုးကအဓ္ဓမပြုကျင့်ဖို့လုပ်ဆောင်

Posted by drmyochit Monday, April 08, 2013, under | No comments

 ကသာ၊ ဧပြီ ၆

ကသာမြို့ ရဲတပ်ဖွဲ့ စခန်းမှ (ပ)၄၃၃/၂၀၁၂ ဖြင့် တိုင်ချက် ရေးသွင်းပြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူမှု တစ်ခု ပြုလုပ်ခဲ့ရာ ထို အမှု ဖွင့်လှစ် ခဲ့ရခြင်းမှာ တရားခံဟု စွတ်စွဲ ခံရသူ နိုင်ဦး၏ အာချောင်မှုကြောင့် ဖွင့်လှစ် လိုက်ရခြင်း ဖြစ်ကြောင်း အမှုဖွင့် တိုင်ကြား ခဲ့သူ အသက်(၂၅)နှစ်ရှိ မလုတောင် (ဘ) ဦးနော်တောင်မှ ယခုလို ပြောကြား ခဲ့ပါသည်၊

“ စဖြစ် တာက ၂လ ကျော်ကြာ ခဲ့ပါပြီ၊ အတိ အကျ ပြောရရင် ၂၁.၁၀.၂၀၁၂ ည ၉ နာရီ လောက်မှာ ကျွန်မ ရပ်ကွက် (၉) အုပ်ချုပ်ရေးမှူး ရုံးကို သွားပါတယ်၊ အိမ်မှာ ကျွန်မ ယောက်ျား အရက် မှူးပြီး သောင်းကျန်း နေလို့ အုပ်ချုပ် ရေးမှူးကို သွားတိုင် တာပါ၊အဲဒီလို ရပ်ကွက် အုပ်ချုပ် ရေးမှူးကို တိုင်ပြီး ရုံးအောက်ကို ဆင်းတော့ရာ အိမ်မှူး နိုင်ဦးက နောက်လိုက် လာပြီး လှေ ခါးရင်း ရောက်တော့ ကျွန်မကို ငါ့ကို လဘက်ရည်တိုက် သွားဦးလို့ ပြောပါတယ်၊ ကျွန်မ ကလည်း ဟုတ်ကဲ့ တိုက်ပါမယ်လို့ ပြောပါတယ်၊ အေး ဒါဆို ငါ့နောက်က ထိုင် ဆိုပြီး လဘက်ရည် ဆိုင် ရှိတဲ့ မြို့ထဲကို သူ့ဆိုင်ကယ် နောက် ကနေ တင်ခေါ် သွားပါတယ်၊ ဘူတာ လမ်းကြား ရောက်တော့ ဆိုင်ကယ် ရပ်ပြီး ကျွန်မလက်ကို ဆွဲပါတယ်၊ ကျွန်မက လူကြီး လူကောင်း တစ်ယောက်ဟာ အခုလို မလုပ်သင့်တဲ့ အကြောင်း ပြောတော့သူက အေးအေး ဒါဆိုရင် ငါ အိမ်ပြန် ပို့ပေးမယ် ဆိုပြီး သူ့ ဆိုင်ကယ်ကို နောက်ပြန် လှည့်ပါတယ်၊

ကျွန်မလည်း သူ့ဆိုင်ကယ် နောက်က ပြန်ထိုင်ပြီး လိုက်လာခဲ့ပါတယ်၊ အဲဒီလို အိမ်ပြန်တဲ့ အခါ လူရှင်းတဲ့ အာရှဘဏ် လမ်းကြား ကနေပြန်ပါ တယ်၊ လူရှင်းတဲ့ တောစပ်နား ရောက်တော့ ဆိုင်ကယ် ရပ်ပြီး ခြုံထဲကို ဆွဲခေါ်ပြီး လုံးပါတယ်၊ ကန်တော့ပါရဲ့၊ သူက အားကောင်းတော့ ကျွန် မအပေါ် ရောက်ပြီး ထမိန်လန်တဲ့ အချိန် မှာကျွန်မက သတိ ရှိရှိနဲ့ ကျွန်မဟာ ဗိုက်ခွဲ ထားတာ မကြာသေးတဲ့ အကြောင်း၊ ဆက်ဆံလို့ မရ ကြောင်း၊ လူကြီး လူကောင်း အနေနဲ့ ဒီလို မပြုလုပ် သင့်တဲ့ အကြောင်း၊ကျွန်မယောက်ျားဟာ အရက် သောက်ပြီး သွေးဆိုးသူ ဖြစ်တဲ့အကြောင်း၊ ဒီ အကြောင်း သာသိရင် သတ်ခံရမယ့် အကြောင်းတွေ ရှင်းပြ ပါတယ်၊ အဲဒီတော့မှ သူ့ရဲ့ အားထုတ်မှု ရပ်သွားပြီး “အေးပါ၊ ဒါဆိုလည်း ပြီးတာပါပဲ၊

နင် အခုလို ပြောတာ ကျေးဇူး တင်တယ်၊ နင့်လို ငါ့ကို ဘယ်မိန်း မမှ ဒီလို မပြော ဖူးဘူး”ဆိုပြီး ကျွန်မကို အိမ်ပြန်ပို့ ပေးပါတယ်၊ နောက်ရက် ညနေ ၃နာရီ လောက်မှာ ကျွန်မ ရုံးကို ထပ် မသွား ရဲတော့လို့ ရပ်ကွက် အုပ်ချုပ် ရေးမှူး အိမ်ကို သွား တိုင်ပါတယ်၊

အဖေါ် အဖြစ် အသိဖြစ်သူ မအိငယ် ကိုလည်း အတူ ခေါ်သွား ပါတယ်၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးကို သူ့ရဲ့ ရာအိမ်မှူး နိုင်ဦး ကြံစီ ခဲ့ပုံကို တိုင်ပါတယ်၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးက ကျွန်မကို ဘယ်လို ဖြစ်ချင်လဲ လို့မေး ပါတယ်၊ ကျွန်မက ဘယ်လိုမှ မဖြစ်ချင် ပါဘူး၊ နောက်နောင် ဒီလို မကြံစီဖို့ ဆုံးမ ပေးပါလို့ပဲ ပြောဖြစ် ခဲ့ပါတယ်၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး ကလည်း အေးအေး ငါ ဆုံးမ လိုက်မယ် လို့ ပြောပါ တယ်၊ ကျွန်မလည်း နိုင်ဦးရဲ့ သိက္ခာကို ငဲ့ပြီး ဘယ်သူ့ကိုမှ  မပြော ခဲ့ပါဘူး၊

ဒီလိုနဲ့  ၂၂.၁၂.၂၀၁၂ ရက်နေ့မှာ ကျွန်မယောက်ျား အရက် မူးပြီး အိမ် ပြန်လာ ပါတယ်၊ ပြီးတော့ ဓါးဆွဲပြီး ကျွန်မ ခေါင်းကို ရွယ်ပါတယ်၊ နင်ကို နိုင်ဦးက ဆွဲလုံးတာ ဘာဖြစ်လို့ ငါ့ကို မပြော တာလဲ ဆိုပြီး မေးပါတယ်၊ ကျွန်မက ဘယ်သူ ပြောတာလဲလို့ မေးတော့ အရက်ဆိုင် ထဲမှာ နိုင်ဦးက အရက် သောက်ပြီး ပြောနေ တာလို့ပြောပါတယ်၊

ဒါနဲ့ ကျွန်မကလည်း အလွန် အကျူး ဘာမှ ဖြစ်ခဲ့ တာလည်း မဟုတ်တဲ့ အပြင် လူသတ်ပွဲတွေ ဖြစ်ကုန် မှာစိုး လို့ မတိုင် ခဲ့ တာဖြစ် တဲ့အ ကြောင်းရှင်း ပြရင်းနဲ့ ကျွန်မ ခေါင်းကိုရမ်း လိုက်မိတော့ ကျွန်မရဲ့ ဦးခေါင်း ဘယ်ဘက်ချမ်းကို ဓါးရှ သွားပါတယ်၊

ကျွန်မဘက်က လူကြီး ဆန်ဆန်တွေးပြီး မကြီး ကျယ်အောင် ထိန်းသိမ်း ခဲ့ပေမယ့် နိုင်ဦးက ဒီလောက် အာချောင် ရပါ့ မလား ဆိုပြီး ကျွန်မ စိတ်တိုလို့ ကသာရဲစခန်းကို အမှုသွားဖွင့်ပါတယ်၊အဲဒီလို အမှု သွားဖွင့် တာကို ရပ်ကွက်အုပ်ချုပ် ရေးမှူး သိသွားပြီး ရဲစခန်းကို လိုက်လာ ပါတယ်၊

ရဲ စခန်းပေါ်မှာ ကျွန်မကို အမှု မဖွင့်ဖို့ ပြောပါတယ်၊ ကျွန်မ အမှုဖွင့်ရင် သူကလည်း ကျွန်မ ယောက်ျားကို ဓါးခုတ်မှု (ကျွန်မကို ဓါးခုတ် တယ်ပေါ့)၊ သံလမ်းခိုးမှု (အရင် ခြံတစ်ခြံရှင်းရင်း တူးလိုရခဲ့တဲ့ သံလမ်း အဆက်ကို အိမ် ယူလာလို့)တို့နဲ့ အမှုဖွင့်လို့ရတဲ့အကြောင်းပြောဆိုပြီး သူတို့ ရပ်ကွက် အုပ်ချုပ် ရေးမှူး ရုံးမှာ ပြေလယ်အောင် လုပ်ပေးမယ့် အကြောင်း ပြောဆိုပြီး၊ နောက်နေ့မှာ ကျွန်မတို့ကို ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးမှာ ညှိနှိုင်းပါတယ်၊

ကျွန်မကို နောက်နေ့ညမှာ လျော်ကြေးငွေ ၅သိန်း ပေးမယ် ပြောပါတယ်၊ ကျွန်မက ငွေရချင်လို့ တိုင်တာ မဟုတ်တဲ့ အတွက် အမှု ဖွင့်ဖြစ် ခဲ့ပါတယ်” ထိုအမှုနှင့် ပါတ်သက်၍ ဒုရဲအုပ် ကျော်အောင်မှ တရားခံ ရာအိမ်မှူး ဟောင်းနိုင်ဦး (၃၂/၂၀၁၂နှစ်) ဘဦးညိုကြီးအား ကသာမြို့နယ် တရားရုံးသို့ တရား စွဲတင်နိုင်ရေး စစ်ဆေးလျှက် ရှိပါသည်၊

မှုခင်း စတင်ဖြစ် ပွားရန် အခြေ တည်ခဲ့သည့် နေရာမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးဖြစ်ခဲ့ပြီး ရပ်ကွက် နေလူထု အားကိုးရန် နေရာသည် လုံခြုံမှု မရှိသည့် သဘော ဖြစ်နေပါ သဖြင့် ဤ ဖြစ်စဉ် အပေါ် အုပ်ချုပ် ရေးပိုင်း မှလည်း တင်းကြပ်စွာ တားဆီး သင့်ပါကြောင်း ရပ်ကွက်နေ လူထု အချို့က ပြောဆိုလျှက် ရှိပါသည်၊

ယခု ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့မှာ အရင် လူဟောင်းများ ဖြစ်ခဲ့ပြီး ထပ်မံ ရွေးချယ် ရာတွင်လည်း မူလ နေရာ အတိုင်း ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် ဆယ်အိမ် ခေါင်း ပြန်ဖြစ် လာကြပါ သည်၊

ဟာဂျူလီ(ကသာ)
Monywa Times

စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ

Posted by drmyochit Monday, April 08, 2013, under | No comments


စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေဟာ ကာလကြာရှည် လုပ်ခ လစာ မရ တာကြောင့် အလုပ်က ထွက်ပြေးသူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်း က ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်ဝါရီလ ကတည်းက အိမ်ရှင်တွေဆီကနေ ထွက်ပြေးခဲ့သူ မြန်မာအိမ်ဖော်အမျိုးသမီး (၃၂) ဦး ရှိနေ ကြောင်း၊ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးမှာ ထွက်ပြေးသူ (၆၄) ယောက်ရှိခဲ့တာကြောင့် ဒီနှစ်မှာ ထွက်ပြေး သူ အရေ အတွက် ပိုများလာဖွယ်ရှိကြောင်း သတင်းက ဆိုပါတယ်။

မြန်မာ အိမ်ဖော် အမျိုး သမီး တွေရဲ့ တစ်လ လုပ်ခ လစာဟာ စင်္ကာပူ ဒေါ်လာ (၄၀၀ - ၄၂၀) အထိသာ ရကြပြီး အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီကို ပြန်ဆပ်ဖို့က စင်္ကာပူ ဒေါ်လာ (၃၂၀၀) ကနေ (၃၃၆၀) အထိ ရှိတာ ကြောင့် တစ်လ စင်္ကာပူ ဒေါ်လာ (၁၀-၂၀) လောက်သာရကြကြောင်း၊ တချို့ဆိုရင် (၈) လလောက် အထိ လစာမရဘဲ၊ အကြွေးအကျေ ဆပ်ပြီးမှသာ လစာရကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ အစိုးရက အမျိုး သမီးတွေ ပြည်ပ နိုင်ငံတွေမှာ အိမ်ဖော် အဖြစ် လုပ်ကိုင် တာတွေ၊ ဖျော်ဖြေရေး လုပ်ငန်း တွေမှာ လုပ်ကိုင် တာတွေကို တားမြစ် ထားပေမဲ့၊ စင်္ကာပူ နိုင်ငံကို အိမ်ဖော် အဖြစ် သွားရောက် လုပ်ကိုင် သူတွေ တနှစ်ထက်တစ်နှစ်ပိုပြီး များလာတယ်လို့ သိရပါတယ်။

အိမ်ဖော် အလုပ် ရှာဖွေပေးသူတစ်ဦးရဲ့ ပြောဆိုချက်အရ စင်္ကာပူမှာ အိမ်ဖော်အဖြစ် လာရောက် လုပ်ကိုင် တဲ့ မြန်မာ အမျိုးသမီး အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်သောင်းလောက်သာ ရှိပေမဲ့၊ ဒီနှစ် ပထမ လေးလ အတွင်း ၂၇,၀၀၀ နီးပါးအထိ ရှိနေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

From: RFA 

မြောက်ကိုရီးယားက ဒီသတင်းပတ်ထဲ ဒုံးကျည်ပစ်လွှတ်လိမ့်မယ်လို့ ယူဆကြောင်း တောင်ကိုရီးယားအစိုးရပြောဆို

Posted by drmyochit Monday, April 08, 2013, under | No comments


မြောက် ကိုရီးယားက ဒီသတင်းပတ်ထဲ ဒုံးကျည် ပစ်လွှတ် လိမ့် မယ်လို့ ယူဆကြောင်း တောင် ကိုရီး ယား အစိုး ရက မနေ့က ပြောဆို လိုက်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ ၀န်းကျင်လောက် ဖြစ်မယ်လို့ ခန့် မှန်း ထားပါတယ်။ ဒါပေမဲ့ အခု အချိန် အထိ တော့ မြောက် ကိုရီး ယားက ဒုံကျည် ပစ်လွှတ်ဖို့ ကျည် တင် ထဲ့တာ ရှင်းရှင်း လင်းလင်း မတွေ့ရ သေးဘူး လို့ ဆိုပါတယ်။

မြောက် ကိုရီးယာ အနေနဲ့ ဒီလို စတင် စစ်ပြင်မယ် ဆိုရင် သူတို့ ရရှိလာမဲ့ ထိခိုက်မှုဟာ အလွန်တရာ များလိမ့် မယ်လို့ တောင်ကိုရီးယားက သတိပေးလိုက်ပါတယ်။

နှစ်နိုင်ငံ ပူးတွဲ ဖွင့်လှစ် ထားတဲ့ စက်မှုဇုံမှာ ကုမ္ပဏီပေါင်း ၁၃ ခုရှိပြီး အခု အလုပ်သမား ၅ရာကျော် ပြန်လည် ထွက်ခွါ ခဲ့ကြပါပြီ။ ကျန် ၃၉ ဦးကတော့ ဒီကနေ့ ထွက်ခွါရမှာပါ။ 

မြောက် ကိုရီး ယားဟာ နေ့စဉ်နေ့တိုင်း သတင်း ခေါင်းကြီးပိုင်းမှာ စစ်ပြင်နေတဲ့သတင်းတွေပုံတွေကို ဖော်ပြပြီး လူတွေကို ကြောက်လန့််တကြားဖြစ်စေမယ့် ပရိယာယ်ကို အသုံးပြုနေတယ် လို့ တောင်ကို ရီးယား အစိုး ၇က ပြောဆို ပါတယ်။ 


Burma-Newselite

အိမ်နီးချင်းနဲ့ စကားများပြီး ရဲစခန်းမှာ အတိုင်ခံရပြန်တဲ့ Justin Bieber

Posted by drmyochit Monday, April 08, 2013, under | No comments



ပရိသတ် ဘ၀င်မကျ စရာ ဖြစ်ရပ်တွေ တစ်ခုပြီး တစ်ခု ဆိုသလို ဆက်တိုက် ဖြစ်ပေါ်နေတဲ့ အဆိုတော် Justin Bieber ဟာ သူ့ရဲ့ Believer World Tour ကမ္ဘာလှည့် ဖျော်ဖြေ ပွဲစဉ် တစ်ရပ် အဖြစ် ပိုလံ နိုင်ငံမှာ ဖျော်ဖြေ ခဲ့ပြီး နောက် ဂျာမနီ နိုင်ငံကို ပွဲမကူးခင် ခဏတာ အနားယူရန် အမေ ရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ကို မတ် ၂၆ ရက်နေ့က ပြန်လည် ရောက်ရှိ လာခဲ့ ပါတယ်။ ရောက် ရောက်ချင်း ဆောက်နဲ့ ထွင်းဆိုသလိုပဲ အိမ်နီးချင်း တစ်ဦးက Bieber မရှိခိုက် သူ့နေအိမ်ဟာ သူငယ်ချင်းတွေ ပါတီပွဲ ကျင်း ပရာ နေရာ ဖြစ်ပြီး ပတ်ဝန်းကျင် မခံသာ လောက်အောင် ဖြစ်နေတာကြောင့် Bieber ရောက်လာချိန်မှာ လာရောက် တိုင်တည် ပြောကြားရင်း အဆင် မပြေ ဖြစ်ကာ Bieber ရဲ့ လုံခြုံရေး အစောင့်တွေ က အဆိုပါ အိမ်နီးချင်းကို နေအိမ် ၀န်းထဲကနေ အပြင်သို့ ခေါ်ထုတ် သွားခဲ့ရသည်။ 

အဲဒီ အိမ်နီးချင်းက မနက်ခင်းမှာ ဖြစ်ခဲ့တဲ့ စကား အချေအတင် ဖြစ်မှုမှာ Justin Bieber က ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သည့် အပြင် ခြိမ်းခြောက် ပြောကြားမှု တွေလည်း ပြုလုပ်ခဲ့ကြောင်း ရဲဌာနမှ တိုင်ချက် ဖွင့်ခဲ့ပါသည်။ လော့စ်အိမ်ဂျလိစ် ရဲအဖွဲ့က အမှုကို စုံစမ်း စစ်ဆေးဖို့ လက်ခံ ထားကြောင်းလည်း သိရပါတယ်။ Bieber ဟာ ပိုလန် နိုင်ငံ Lodz မြို့ ဖျော်ဖြေပွဲ ပြီးနောက် လေဆိပ်ကို တန်းဆင်းပြီး အမေရိကန် ပြည်ထောင်စုကို ပြန်လာခဲ့ တာပါ။ အဲဒီမှာလည်း ကားပေါ်က ဆင်းလာ ကတည်းက အပေါ် အိင်္ကျီ ချွတ်ပြီး ကိုယ်ပိုင်း ဗလာကျင်းလျှက် အနေအထားနဲ့ Lodz လေဆိပ်ထဲကို ၀င်ရောက် လာခဲ့ တယ် ဟုဆိုပါတယ်။ ရေခဲမှတ် အောက်ရောက်အောင် အေးမြတဲ့ ရာသီ ဥတု ဖြစ်ပေမယ့် စစ်ဆေးရေး ဂိတ်အ၀မှ အင်္ကျီချွတ် ပြစရာ မလိုတော့ဘူးပေါ့ ဆိုတဲ့ အကြောင်း ပြချက်ပေးကာ ကိုယ်တစ်ပိုင်း ဗလာနဲ့ ပိုလန် နိုင်ငံ Lodz မြို့ လေဆိပ် ထဲကို ၀င်ရောက်ခဲ့တဲ့ Justin Bieber ဟာ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လော့အိန်ဂျလိစ် ကို ပြန်လာ ခဲ့တာပါ။ 

Myanmar Daily News မှ ကူးယူ ဖော်ပြသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်