Wednesday, April 24, 2013

မြန်မာဘုန်းတော်ကြီးများ အကြမ်းဖက်မှု အဆုံးသတ်ပေးရန် ဒလိုင်းလာမား လျှောက်ထား

Posted by drmyochit Wednesday, April 24, 2013, under | No comments


 နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမား (ဓာတ်ပုံ – himalayasnepal.com)

မြန်မာ နိုင်ငံ မြို့နယ် အချို့နှင့် ကျေးရွာ အချို့ တို့တွင် ဗုဒ္ဓ ဘာသာဝင် များနှင့် မွတ် စလင် ဘာသာ ၀င်များ အကြား ဖြစ်ပွားခဲ့ သည့် အကြမ်းဖက် ပဋိပက္ခများသည် မွတ်စလင်များအား ရှင်းလင်း သုတ်သင် ပစ်ရေးဟု သတင်းများ ထွက်ပေါ်လာမှု အပေါ် တိဗက် ဘုန်းတော်ကြီး ဒလိုင် လာမားက မြန်မာ ဘုန်းတော် ကြီးများ အား အကြမ်းဖက် မှုများ အားလုံး အဆုံး သတ်ပေး ပါရန် လျှောက်ထား လိုက်သည်။

မကြာ သေးခင် က အိန္ဒိယ နိုင်ငံ ဒါရမ် ဆာလာမြို့တွင် ဩစတြေးလျ အသံ လွှင့် ဌာနနှင့် သီးခြား ပြုလုပ် ခဲ့သည့် အင်တာ ဗျူးတွင် တိဘက် ဘုန်းတော် ကြီးက ပဋိပက္ခများတွင် လူပေါင်း ရာချီသေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ရခဲ့ရခြင်းကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။

“တကယ့်ကို ၀မ်းနည်းစရာပါ။ ဘာသာတရားတွေ အားလုံးက ချစ်ခြင်းမေတ္တာကို အခြေခံပြီး ခွင့်လွှတ် ခြင်းကို သွန်သင် လမ်းပြပေးပါတယ်။ ဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျင့်ကြံနေသူတွေ၊ ဦးဆောင် လမ်းပြ နေသူတွေက မတူတဲ့ အခြားဘာသာဝင်တွေ အပေါ် အနိုင်ကျင့်တာတွေ မလုပ်သင့်ဘူး” ဟု အ သက် ၇၇ နှစ်အရွယ်ရှိ ဒလိုင်လာမားက ပြောဆို သည်။

မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်တွေအပေါ် တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ မြန်မာ ဘုန်းကြီးတွေ ကို တိုက်ရိုက်လျှောက်ထား ပြောဆိုခွင့်ရမယ်ဆိုရင် ဘာတွေ လျှောက်ထားလိုပါသလဲဟု မေးမြန်းရာ တိဗက်ဗုဒ္ဓဘာသာ ခေါင်းဆောင်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ လျှောက်ထားလိုကြောင်း ဖြေကြား သည်။

“ကျနုပ်တို့ဟာ ဘာသာရေး ရိုသေကိုင်းရှိုင်းတဲ့ သူတွေပါ” ဟု ရွှေဝါရောင် သင်္ကန်းကို ပြရင်း “ဗုဒ္ဓ အမြဲ သွန်သင် တာက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ ကိုယ်ချင်စာဖို့ တွေပါ။ တကယ်လို့ စိတ်မှာ ထိပုတ် ရိုက်နှက်ချင်၊ သတ်ဖြတ် ချင် ဖြစ်လာတယ် ဆိုရင် ဗုဒ္ဓရှင် ဟောပြောလမ်းညွှန်ချက်ကို သတိရပါ။ ဗုဒ္ဓရဲ့ သာဝက တွေဖြစ်တဲ့ ကျန်ုပ်တို့ဟာ ဗုဒ္ဓလမ်းစဉ်ကို လေးစားလိုက်နာရမယ်လေ” ဟု ပြောသည်။

ဒလိုင်လာမား၏ လျှောက်ထား တောင်းဆိုချက် မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိမည်ကို ရှင်းရှင်း လင်းလင်း မသိနိုင်သေးသော်လည်း မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင် အများစုက မွတ်စလင် လူနည်းစု များအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း စွပ်စွဲချက်များ ရှိလာသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်တွင် ကြိုတင်စီစဉ်ထားသည့် ရွာလုံး ကျွတ် ဖျက်ဆီးပစ်ခြင်း၊ အစုလိုက်အပြုံလိုက် မြေမြှုပ်ပစ်ခြင်းများ ရှိနေကြောင်း၊ အခြား ရွာတခု တွင် လည်း ကလေး ၂၈ ဦး အပါအ၀င် လူ ၇၀ ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခြင်းများ ရှိနေကြောင်း ဖော်ပြ ထားသည်။

ယခုနှစ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှ စ၍ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများသည်လည်း အခြား မြို့နယ်များ၊ ကျေးရွာများသို့ ကျယ်ပြန့်သွားကာ လူ ၄၃ ဦးသေဆုံးပြီး သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

From: ဧရာဝတီ 

ပြည်မြို့ လူသတ်မှု မသင်္ကာသူ ၂ ဦး ဖမ်းမိ၊ တဦး လွတ်နေ

Posted by drmyochit Wednesday, April 24, 2013, under | No comments


 အကြမ်းဖက် လုယက်ခံခဲ့ရသည့် အမျိုးသမီးကို ပြည်မြို့ ဆေးရုံပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ကောင်းမြတ် မင်း / ဧရာဝတီ)

ယမန်နေ့ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတား အောက်) တွင် ချိန်းတွေ့ နေသည့် သမီးရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော်သားများဖြစ်နေကြောင်း သိရသည်။

ဧရာဝတီမှ စုံစမ်းသိရှိရသလောက် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲမှ အသက် ၂၁ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ရပြီး အသတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်လာသူ အမျိုးသမီး၏ အကူအညီ တောင်းခံရမှုကြောင့် အရပ်သားများက ကျူးလွန်သူများကို ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ကျူးလွန်သူ ၂ ဦးကို လက်ရဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

“အင်္ကျီချွတ်နဲ့ လူသုံးယောက် ပထမတခါ မီးခြစ်လာငှားတယ်။ နောက်တခါ ကျတော့ ဘာမှမပြောဘဲ ကျမကို နောက်ကျော ကနေ သိုင်းဖက်၊ လည်းပင်းညှစ်ပြီး အနိုင်ကျင့်တော့တာပဲ။ မျက်နှာနဲ့ ခေါင်းကို လက်သီးနဲ့ ထိုးတယ်။ ပြီးတော့ ကျမပေါင်ကို ဖိထိုင်ပြီး လည်ပင်းညှစ်တော့ ကျမလည်း အသတ်ရှုကျပ်လို့ အသက်မရှုတော့ဘဲ သေချင်ယောင်ဆောင် လိုက်တယ်။ သေပြီထင်လို့ ကျမ ပိုက်ဆံအိတ်နဲ့ လက်စွပ်ကို ဖြုတ်ယူသွားတယ်။ အခြေအနေကြည့်ပြီး View Point က ဆိုင်ကယ်အပ် လက်ခံတဲ့ အန်တီကြီးကို အရင်ဆုံး အကူအညီတောင်းခဲ့ရတာပါ” ဟု ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော အမျိုးသမီးဖြစ်သူက ဧရာဝတီသို့ပြောသည်။

ဆင်စုရပ်ကွက်တွင် နေထိုင်သူများက သွေးသန်ရဲရဲဖြင့် ရောက်လာသည့် မိန်းခလေး၏ ငိုယို အကူအညီတောင်းမှုကြောင့် ဆေးရုံပို့ခဲ့ပြီး ကျူးလွန် သူများအား ၀ိုင်းဝန်းရှာဖွေစဉ် ကိုင်းတောထဲမှ တက်လာသူ ၂ ဦးကို တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် ဧရာဝတီမြစ်ကမ်းစပ်တွင် လည်ပင်းနှင့် မျက်နှာတွင် အညိုအမည်း ဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသားဖြစ်သူကို တွေ့ရှိရပြီး ဆေးရုံသို့ ထပ်မံ ပို့ဆောင်ခဲ့ကြောင်း လိုက်လံ ကူညီသူ တဦးဖြစ်သည့် ကိုထိုက်က ရှင်းပြသည်။

လက်ရဖမ်းဆီးမိသူ နှစ်ဦးသည် ပြည်မြို့ အခြေစိုက် ခရလ ၇၅ မှ တပ်သားများ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာ နေရာနှင့် မနီးမဝေး ရန်ကုန် – ပြည် ကားလမ်းပေါ်တွင် ဒုရဲအုပ် စန်းဦးထံ အရပ်သားများမှ အပ်နှံခဲ့ပြီး ၎င်းမှ ထပ်မံ၍ ခရလ ၇၅ မှ ဗိုလ်ကြီး မင်းသူအောင်ထံ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ပ/ ၂၉၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နှင့် ၃၂၅ အရ အမှုဖွှင့်ထားကာ ကျူးလွန်သူ ၃ ဦးအနက် ထွက်ပြေး လွတ်မြောက်သွားသူ မည်သူမည်ဝါ ဖြစ်သည်ကို စစ်ဆေးလျှက်ရှိကြောင်း ပြည်မြို့နယ် ရဲမှူး ဦးမြင့်ဦးကပြောသည်။

“ကောင်လေး က သေသွားတော့ ပုဒ်မ ၃၀၂ လူသတ် မှုပေါ့၊ နောက် တခုက ၃၂၅၊ လောလောဆယ် အမှု နှစ်ခုနဲ့  ဖွင့်ထား တယ်။ တခြား ပုဒ်မတွေလည်း ထပ်တိုးလာစရာ ရှိနိုင်ပါသေးတယ်။ တရားခံတွေ လက်ရ ဖမ်းဆီး မိခဲ့တာ ဆိုတော့ ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု ရဲမှူးက ဆက်လက်ပြောကြားသည်။

ကျူးလွန်သူများအား ဒုရဲအုပ် စန်းဦးလက်သို့ အရပ်သားများ လွှဲပြောင်းပေးစဉ် လူစုခွဲကြရန်နှင့် ၎င်းက “မဖြစ် စလောက် ပြဿနာကို ဘာလို့ ဒီလောက် လူစုနေကြတာလဲ” ဟုပြောဆိုခဲ့ခြင်းနှင့် ဗိုလ်ကြီး မင်းသူ အောင်ထံ ထပ်ဆင့် လွှဲပြောင်း ပေးခဲ့သည်အပေါ် မကျေနပ်ကြသော အရပ်သား ၅၀ ခန့်တို့သည် ပြည်မြို့ အမှတ် ၂ ရဲစခန်းကို သွားရောက် စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျူးလွန် သူများသည် တပ်မတော်သားများ ဖြစ်သောကြောင့် တပ်ဥပဒေနှင့်အညီ ဗိုလ်ကြီး မင်းသူ အောင်ကို လွှဲပြောင်း ပေးအပ်ရခြင်းဖြစ်ပြီး ၎င်းကျူးလွန်သူများသည် လက်ရှိ တပ်အချုပ်ထဲတွင် ရှိကြောင်း၊ ဒုရဲ အုပ် စန်းဦးအနေဖြင့် ကျူးလွန်သူ တပ်သားများကို တပ်ကို လွှဲပြောင်း ပေးပိုင်ခွင့် ရှိကြောင်း၊ ရဲအရေး ပိုင်၍ အမှုဖွင့် ထားကာ ထိုသူများကို အရပ်ဘက်သို့ လွှဲပြောင်းစေပြီး တရားစွဲသွားမည်ဖြစ်ကြောင်း၊ ဒုရဲအုပ် စန်းဦး၏ ပြောစကားအပေါ် စိတ်မခုကြစေရန်နှင့် ၎င်း၏ ပြောဆိုမှုအပေါ် သင်ခန်းစာအဖြစ် မှတ်ယူ သွားမည် ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ဦးက အရပ်သားများအား ပြန်လည် ပြောဆိုခဲ့သည်။

ဧရာဝတီ

ဘင်္ဂလားဒေ့ရှ်တွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၇၀ သေဆုံး

Posted by drmyochit Wednesday, April 24, 2013, under | No comments


ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင် အဆောက် အအုံ တစ်ခု ပြိုကျ မှုကြောင့် အနည်းဆုံး လူ(၇၀)မျှ သေဆုံး သွားကြောင်း သိရှိရသည်။ ဆာဗားရှိ အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့ (ဧပြီ၂၄ ရက်) နံနက် ပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်ပြီး လူပေါင်း(၆၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ (၈)ထပ်မြင့်သော အဆောက် အအုံ တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ရူဟယ်လ် ဟာကျူက "အသေအပျောက် စာရင်းက (၇၀)ထိ ရှိလာပါပြီ"ဟု အတည်ပြုခဲ့သည်။ ဆေးရုံအသီးသီးသို့ တင်ပို့ပေး လိုက်ရသူ အရေအတွက်မှာလည်း (၆၀၀)အထက်တွင် ရှိနေပြီဟု သက်ဆိုင်ရာ တာဝန်ရှိ သူများ က ဆိုသည်။

ထို့အပြင် အဆောက်အအုံ ပြိုကျထားသည့် နေရာအောက်တွင် လူပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်မည်ဟု ယူဆ ရကြောင်း သိရသည်။ ကယ်ဆယ်ရေးများက ထိုအခြေအနေသည် အသေအပျောက် စာရင်းကို ပိုမိုသိ သာစွာ မြင့်တက်လာစေမည်ကို စိုးရိမ်နေသည်။ မီးသတ်ဦးစီးဌာန တာဝန်ရှိသူ နီလူဖာ ယက်စ်မင် က အသင့်သုံး ဘိလပ်မြေ စက်ရုံတစ်ခု တည်ထောင်ထားပြီး ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ထားသလို ဆိုင်ခန်းများ ရာနှင့် ချီ ထားရှိသည့် အဆောက်အအုံသည် ဒေသစံတော်ချိန် နံနက် (၉)နာရီတွင် ပြိုကျခဲ့ခြင်းဟု ပြောဆိုခဲ့ သည်။

မျက်မြင်များက အချို့သော သူများသည် အပျက်အစီးများအောက်မှ တွားသွားထွက်လာကြောင်း ပြောဆို ခဲ့ကြ သည်။ လက်ရှိတွင် မီးသတ်များနှင့်အတူ စစ်သားများကပါ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင် ရွက်နေသည်။ အဆောက်အအုံ ပြိုကျမှုအတွင်း ပထမထပ် နေရာအများစုသာ အက်ရာ အနည်း ငယ်မျှ ထင်ကျန်ရုံမှလွဲပြီး အကောင်းအတိုင်း ရှိနေကာ ကျန်နေရာများမှာမူ လုံးဝ ပျက်စီးသွားကြောင်း သိရ သည်။ ဆရာဝန်များက ဒဏ်ရာရသူများထဲတွင် အလွန်အခြေအနေ ဆိုးရွားသူများ ပါဝင်နေရာ အသေ အပျောက် များလာဦးမည်ဟု ယူဆရကြောင်း ဝန်ခံခဲ့သည်။ အဆောက်အအုံနှင့် ပတ်သက်ပြီး နေထိုင် သွား လာသူ မည်မျှ ရှိသည်ကို တိတိကျကျ မသိရသေးသော်လည်း ဘိလပ်မြေ စက်ရုံအတွက် အလုပ်လုပ်သူ ထောင် ပေါင်း အတော်များများ ရှိနိုင်ကြောင်း နီးစပ်သူများက ပြောကြားခဲ့သည်။












Source: Xinhua
From: Planet Myanmar Network

အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မေလဆန်း ရွှေ့

Posted by drmyochit Wednesday, April 24, 2013, under | No comments


ရန်ကုန်၊ ဧပြီ ၂၃

ငြိမ်းချမ်းရေး ဆွေးနွေး မှုကို မတ်လကုန်ပိုင်းတွင် ထပ်မံကျင်းပ ပြုလုပ်ရန် သဘောတူညီထားသည့် အစိုးရ ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ မေလဆန်း ရောက်မှ သာ တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် များထံမှ သိရသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့သည် ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီး နားမြို့ ၌ တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း ဧပြီလ ကုန်ပိုင်းတွင် တွေ့ဆုံရန် ရက်ရွှေ့ ဆိုင်းကြောင်း နှစ်ဦးနှစ်ဖက်ပြောဆို ထားပြီး ယခုထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ကချင်ပြည် နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦး ကမူ "ဦးအောင်မင်းတို့ ခရီးထွက်နေလို့ ရက်ရွှေ့လိုက် တာဖြစ်နိုင်တယ်။ အတိ အကျတော့ နှစ်ဖက်စလုံး မပြော သေးပါဘူး" ဟု မှတ်ချက်ပေး သည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင်တစ်ကြိမ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တစ်ကြိမ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ခဲ့ပြီး အပြုသဘောဆောင်သော နှစ်ဦးနှစ်ဖက် သဘောတူညီမှု ကြေညာချက်များ ထုတ်ပြန်နိုင်ခဲ့သည်။

ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနား မြို့ ၌ကျင်းပရန် စီစဉ်ထားသော တွေ့ဆုံဆွေးနွေးပွဲသို့ အမေရိကန်၊ ဗြိတိန် နှင့် ဥရောပသမဂ္ဂတို့ကို လေ့လာသူ အဖြစ် ကေအိုင်အိုက ဖိတ်ကြားထားသဖြင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ က ကန့်ကွက်သည့်အတွက် ရက်ရွှေ့ဆိုင်း လိုက်ရခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ် လူမှုရေး အဖွဲ့အစည်းများက ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးကမူ မှန်ကန်မှု မရှိကြောင်း ငြင်းဆိုထားသည်။

From: The Voice Weekly 

အိန္ဒိယမှာ အမျိုးသမီးနပမ်းသမားတွေအတွက် လမ်းဖွင့်ပေး

Posted by drmyochit Wednesday, April 24, 2013, under | No comments

ဧပြီ ၂၄ ၂၀၁၃

အိန္ဒိယ နိုင်ငံက ရှေးရိုးစွဲ မွတ်စလင် လူ့ အဖွဲ့ အစည်းက အမျိုး သမီး တဦး အနေနဲ့ နပမ်းလို အားကစား မျိုးကို လိုက်စားတာ အတော် ရှားရှား ပါးပါး ပါ။ ဒါပေမယ့် ဖာတီမာ ဘာနို ကိုတော့ တားလို့ မရပါဘူး။ သူ့ဒေသ မှာတော့ သူက ပထမဆုံး အမျိုး သမီးန ပမ်းသမားပါ။ ဖာတီမာက အခု နပမ်းအားကစားကို တခြား ၀ါသနာပါကြတဲ့ အမျိုးသမီးတွေနဲ့အတူ လေ့ကျင့်နေပါတယ်။

သတင်း ထောက် ရှုရီယာ နီယာဇီ က မဒါရာ ပရာဒက်ရှ်ပြည်နယ် ဘိုပါးလ်မြို့က အမျိုးသမီး နပမ်းနည်းပြ ဆရာနဲ့ တွေ့ဆုံ မေးမြန်း သတင်း ရယူ ထားပါတယ်။





From: DVB

မင်းမဲ့ဆန်သော မှုခင်းများ နှိမ်နင်းရေး လွှတ်တော်သို့ တင်မည်

Posted by drmyochit Wednesday, April 24, 2013, under | No comments


 ရန်ကုန်၊ ဧပြီ ၂၃

လက်ရှိ ပေါ်ပေါက်နေသော မင်းမဲ့စရိုက် ဆန်ဆန် မှုခင်း များနှင့်ပတ်သက်၍ ဥပဒေတစ်ရပ် ခိုင်ခိုင် မာမာ ဖြစ်ရန် လာမည့် လွှတ်တော်တွင် တင် ပြေ ဆွးနွေး သွား ရန်ရှိကြောင်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွန့်က ပြောသည်။

 ”ပေါ်ပေါက်နေတဲ့ မှုခင်းဖြစ်စဉ်တွေကို လေ့လာပြီး ဥပဒေကြမ်းတစ်ခုကိုပြင်ဆင်ဖို့ စဉ်း စားထား တာရှိ တယ်”ဟု ဦးသိန်းညွန့် ကပြော သည်။ အစိုး ရသစ်တက်ပြီးနောက်ပိုင်းတွင် ရန် ကုန်မြို့၌ အုပ်စုဖွဲ့ ရမ်းကား မှုများ ဖြစ်ပေါ် ခဲ့ပြီး အဆိုပါအမှုများကို ကျူးလွန်သူများမှာ လက်ရှိ အာဏာရထားေ သာ အရာရှိ များ၏ သားသမီးများ နှင့် တစ်ချိန် က အာဏာ ရခဲ့သည့် အငြိမ်း စားများ ၏သား သမီးများ ဖြစ်နေပြီး ညပိုင်း တွင်ပြုလုပ် သော ၄င်းတို့၏ အပန်းဖြေ ကားမောင်း ပြိုင်ပွဲများ သည်လည်း သာမန် လူများကို ထိခိုက် သည် အထိ ဖြစ်လာနေ သည်ဟု ဦးသိန်း ညွန့်က ပြောသည်။

”အထူး သဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ က အာဏာရှိတဲ့သူတွေနဲ့ သြဇာရှိတဲ့သူတွေရဲ့ အသိုင်းအဝိုင်းက ပြစ်မှု ကျူးလွန်ရင် တိုင်ချက် တောင်မှ မဖွင့်ရဲ ဘဲ၊ တရားတောင်မှ မစွဲရဲဘဲ။ ဒါဟာ တိုင်းပြည် တရား ဥပဒေ စိုးမိုးရေး အတွက် အင်မတန်မှရုပ်ဆိုးတဲ့မြင်ကွင်းတွေပဲ”ဟု ၄င်းက ပြောသည်။

 တရားလွှတ် တော်ရှေ့နေ ဦးကိုနီ ကလည်း တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အရေးယူ သည့် အဖွဲ့ အစည်း သည်လည်း အဓိကကျကြောင်း၊ လူတစ် ဦးကို အရေးယူတော့မည်ဆိုပါက မည် သည့်ပုဒ်မနှင့် အရေး ယူမည် ကို ဦးစွာ စဉ်းစားရ မည်ဖြစ်ပြီးထိထိရောက်ရောက် အရေးယူမည်ဆို ပါက ကျူးလွန် သူ၏ မျက်နှာ ကိုမကြည့်ဘဲ သူတို့ ၏လုပ်ရပ်ကိုသာကြည့်၍ အရေးယူရမည်ဖြစ် ကြောင်း ပြောသည်။ ”ဘာ အကြောင်းမှ မရှိဘဲ သက်သက်မဲ့လုပ် တာဆိုရင် ဒါတိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား အောင်လုပ် တာပဲ။ အဲဒီတော့  ဘယ်သူ့ သားသမီးဆိုတာ မကြည့်နဲ့။ ဘယ်သူ့သားသမီး ဆိုတာ ကြည့် လိုက်ရင် ပုဒ်မက သေးသွားတာပဲ” ဟု ဦးကိုနီက ပြောသည်။

သာမန်နာကျင်စေမှု ပုဒ်မ-၃၂၃၊ လက်နက် နှင့် နာကျင်စေမှု ပုဒ်မ-၃၂၄၊ အပြင်းအထန် နာ ကျင်စေမှု ပုဒ်မ ၃၂၅ တို့ သည် အာမခံပေးခွင့် ရှိသောအမှုများ ဖြစ်ပြီး ထက်မြသည့် လက်နက်တစ်ခုခု ဖြင့် အပြင်း အထန်နာ ကျင်စေမှု ပုဒ်မ ၃၂၆ သည်အာမခံပေးခွင့်မရှိသော အမှု ဖြစ်ကြောင်း၊ သို့သော်ကျူးလွန်သူသည် ဖျားနာ နေခြင်း၊ အမျိုးသမီးဖြစ်ခြင်း စသည်တို့ပေါ် မူတည်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ အရ အာမခံ ပေးနိုင်ကြောင်း သိရသည်။

မင်းမဲ့ စရိုက် ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှု များသည် အများပြည်သူ   အေးချမ်းသာယာရေးကို အနှောင့် အယှက်ဖြစ် ပါက အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅(ည)ဖြင့် စွဲနိုင်ကြောင်း ၄င်းက ပြောသည်။ ”၂ဝ၁ဝ လောက် အ ထိ နိုင်ငံရေးလုပ်ရင် စကားတစ်ခုပြောလိုက်လို့ မှားတယ်ဆိုရင် ၅(ည)နဲ့ အရေးယူ လိုက် တယ်။ အရေးယူချင်တဲ့ကိစ္စဆို ပုဒ်မ လေးငါးခြောက်ခုနဲ့ အရေးယူခဲ့တာတွေ ရှိတာပဲ။ ဆိုလိုတာက တရားစွဲ တဲ့အ ဖွဲ့ အစည်း၊အုပ်ချုပ်တဲ့အာဏာပိုင်တွေက ဒီပြဿနာကိုမလို လားဘူး၊ မဖြစ်စေချင်ဘူးဆို ရင် ထိရောက် တဲ့ ပုဒ်မ၊ ထိုက်တန်တဲ့ပုဒ်မနဲ့ အရေးယူ၊ တရားရုံး ကလည်း ထိထိရောက်ရောက် အပြစ်ပေး၊ အဲဒီ လို လုပ်ရင် ဒါတွေလျော့ပါးသွားမှာ ပဲ” ဟု ဦးကိုနီ က ပြောသည်။

 လိုအပ်ပါ က အဆိုပါ အမှုများအ တွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။

”လက်ရှိ တည်ဆဲဥပဒေတွေက သိပ်ပြီး တော့ ကြာနေပြီ။ သိပ်ကြာ မြင့်တဲ့ကာလက ပြဋ္ဌာန်း ထားတာ ဆိုတော့ အရာ ရာကို ခြုံငုံမိ အောင်တော့မရှိ ဘူး။ ကျိုးကြောင်းခိုင်လုံမှု မရှိဘဲ အုပ်စုဖွဲ့ရမ်းကားတာတို့၊ ကားမှန် ဖျက်ဆီး တာတို့၊ လူတွေကိုလိုက်ရိုက်တာတို့နဲ့ပတ်သက်ပြီး သီး သန့်ဥပဒေမရှိ ဘူး။ ဥပဒေတစ်ခု ပြဋ္ဌာန်း သင့် တယ်” ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီက ပြောကြားခဲ့သည်။

ယခင်လအတွင်းက ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စု က အသက် ၃ဝ ကျော် အရွယ် အမျိုးသားတစ်ဦးကို ရန်စ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယခုလ ၁၁ ရက်နေ့ တွင်လည်း အရာရှိကြီး အချို့၏ သားများ ပါဝင် သည့်လူငယ်တစ်စုက ကင်ဒိုဓားနှင့် သံပိုက်လုံး များဖြင့် ရုပ်ရှင် သရုပ်ဆောင် သျှိုင်းနှင့် ဝင်ရောက်   ဖြန်ဖြေသူ မင်း သတ္တိတို့ အား ရိုက်နှက် ခဲ့သည်ဟု သျှိုင်းက ဆိုကြောင်း ဧပြီ ၂၂ ရက်ထုတ် The Voice Daily တွင် ဖော်ပြ ထားသည်။

မေဇင်ဝင်း - Popular Myanmar News Journal

လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူ

Posted by drmyochit Wednesday, April 24, 2013, under | No comments


၂၀-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုး အမှတ်(၁) ရဲစခန်းမှ တပ်ဖွဲ့ ၀င်များ သည် ပြည့် တန် ဆာ လုပ်ငန်း လုပ်ကိုင် နေကြောင်း သတင်း အရ လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၆)နေ ရဲလှိုင်ဦး(ခ) ဂျင်း စိမ်း(၂၀)နှစ်၏ နေအိမ်သို့ အသွင် ယူသက် သေအား ကြိုတင် မှတ်သား ထား သည့် ငါးထောင် တန်ငွေ စက္ကူ (၃)ရွက် ပေးအပ်၍ ပျော်ပါး စေပြီး သက် သေများနှင့်အတူ ၀င်ရောက် စစ်ဆေးရာ နေအိမ် အိပ်ခန်း အ တွင်း အသွင်ယူ သက်သေနှင့်အတူ ပြည့်တန် ဆာကိစ္စ အလို့ငှာ မြှူဆွယ် နေသူ မစန္ဒာဦး (၃၃) နှစ်နှင့် မနန်းပိုး အိမ် (၂၅)နှစ်၊ ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ ရဲလှိုင်ဦး တို့အား စစ်ဆေး တွေ့ရှိ ရသဖြင့် ရဲလှိုင်ဦးအား လား ရှိုး အမှတ်(၁)ရဲစခန်း(ပ)၁၇၅/၂၀၁၃၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက် ဥပဒေ ပုဒ်မ ၅(၁)/၈(က)ဖြင့် လည်းေ ကာင်း၊ မစန္ဒာဦး နှင့်မ နန်းပိုး အိမ်တို့ ၂ ဦးအား (ပ)၁၇၆/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၃(က)ဖြင့် လည်းကောင်း အသီး သီး အမှုဖွင့် အရေး ယူထားကြောင်း သတင်းရရှိသည် ။

ရဲဇာနည်

နောက်ဆုံးပေါ် ၁,၅ဝဝ တန် ဖုန်းကတ် ခေါင်းစဉ်နဲ့ မြန်မာ့အလင်းအား ဧရာဝတီရဲ့ ဝေဖန်ချက်

Posted by drmyochit Wednesday, April 24, 2013, under | No comments


ကျပ် ၁,၅ဝဝ တန် တန်ဖိုးနည်း ဖုန်းကတ် အကြောင်း ဒီကနေ့ထုတ် အစိုးရ အာဘော် မြန်မာ့ အလင်းမှာ ဝေဝေ ဆာဆာ ဖော်ပြထား ပါတယ်။

သတင်း တပုဒ်မှာ ဆိုရင် တာချီလိတ် ခရိုင် အတွက် ကတ် ၇ဝဝ ရောင်းမယ့် အကြောင်း တွေ့ရ မှာပါ။  
 ဒီမနက် ရန်ကုန်မြို့မှာ ဖြန့်နေတဲ့ တန်ဖိုးနည်း ဖုန်းကတ်  (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

အဲဒီ အရေ အတွက် ထဲကနေ ဆက်သွယ်ရေး စခန်းများ အတွက် ၃ ကတ်၊ စစ် တပ် မိသား စုများ အတွက် ကတ် ၅ဝ ဖယ်ထုတ် လိုက်တဲ့ အတွက် ၆၄၇ ကတ် ကျန် ပါတယ် တဲ့။

ဖုန်းကတ် ၀ယ်လိုကြောင်း လျှောက်ထားသူတွေက အဲဒီ ၆၄၇ ကတ်ကို မဲနှိုက်ကြ တယ်လို့ ဆိုတယ်။

သတင်း မှာတော့ "ကံထူးရှင်" ရွေးချယ်ကြ တယ်လို့ သုံးပါတယ်။

နိုင်ငံတော်ရဲ့ စေတနာကြောင့် ၁,၅ဝဝ တန် ဖုန်းကတ်တွေ ပေါ်လာရာမှာ အခုလို ကံထူးရှင် ရွေးချယ် ပွဲတွေ ကို နိုင်ငံ အနှံ့ တွေ့လာ ရပါပြီ။

ဒေသခံ အုပ်ချုပ်ရေး ဌာနတွေလည်း လျှောက်လွှာတွေ ကောက်ခံ၊ လော်စပီ ကာနဲ့ တကြော်ကြော်အော်၊ ကံထူးရှင် ရွေးချယ် စတဲ့ အလုပ်အကိုင်သစ်တွေ ရလာကြတာ တွေ့ရမှာပါ။

ကြေးမုံ သတင်းစာ သတင်းတပုဒ်မှာတော့ တောင်ကြီးမြို့ ကံထူးရှင်ရွေးချယ်ရာမှာ ရဟန်းတော်များလည်း ၀င်ရောက်ကြီး ကြပ်ခဲ့ကြောင်း ရေးထားတာ တွေ့ရမှာပါ။

လာမယ့်လတွေမှာလည်း ၁,၅ဝဝ တန်တွေ ချပေးဦးမှာ ဆိုတော့ ဒီမြင်ကွင်းတွေ ထပ်တွေ့ရဖွယ် ရှိပါတယ်။

လတိုင်း ကတ်အရေအတွက် သုံးသိန်းခွဲ ဖြန့်မယ်လို့ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်းက ပြော ဆိုကြောင်း မြန်မာ့ အလင်းမှာ ရေးပါတယ်။

အရေအတွက်

၁,၅ဝဝ တန် ကတ်ထဲမှာ ဖုန်းပြောခ ကျပ် ၃ဝဝ ဖိုး ထည့်ထားပေးတဲ့အတွက် ၆ မိနစ် ခေါ်နိုင်မှာပါ။ ထပ်ခေါ်ဖို့ ဆိုရင် ငွေဖြည့်ကတ် ၀ယ်ပြီး ငွေဖြည့်ရပါမယ်။

ကတ်ဝယ်ထားပြီး ခေါ်ဆိုမှု နည်းသူတွေ သတိထားရမယ့်အချက်တချို့လည်း ရှိပါတယ်။
အဲဒါကတော့ - ဖုန်းပြောခ ၅,ဝဝဝ ထည့်ရင် ၂ လ အတွင်း ကုန်အောင် သုံးရမယ် ဆိုတာပါပဲ။
၂ လ ပြည့်ရင် ငွေထပ်ထည့်ရမယ်၊ ထပ်မထည့်ရင် ဒီကတ်က အလုပ်မလုပ်တော့ပါဘူး တဲ့။

၁,၅ဝဝ တန်ဖုန်းကတ် အချက်အလက်တချို့

    ခေါ်ဆိုခ တမိနစ် - ကျပ် ၅ဝ
    အင်တာနက်သုံးခ တမိနစ် - ၄ ကျပ်
    အင်တာနက်သုံးခွင့် မှတ်ပုံတင်ကြေး - ကျပ် ၁ဝ,ဝဝဝ


ဒီကတ်ကနေ အင်တာနက် သုံးမယ် ဆိုရင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာ ရုံးတွေမှာ လျှောက်လွှာတင်ရမယ်၊ လျှောက်တဲ့အခါ မှတ်ပုံတင်ကြေး  ကျပ် ၁ဝ,ဝဝဝ သွင်းရ ပါမယ် တဲ့။

မိုဘိုင်း ဖုန်း ခေါ်ဆိုမှု အခြေ အနေ

မြန်မာ့အလင်းသတင်းစာနဲ့ ဆက်သွယ်ရေးဒုဝန်ကြီးရဲ့ အင်တာဗျူးထဲမှာ လက်ရှိသုံးနေတဲ့ ဖုန်းလိုင်းတွေ အားနည်းချက်ရှိကြောင်း ဆိုတဲ့အချက်လည်း ပါပါတယ်။
"ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အချို့ မြို့ကြီးတွေမှာ လိုင်းတွေ ကြပ်ပြီး ခေါ်ဆိုရခက်ခဲနေ"တယ် လို့ ဒုဝန်ကြီးက ဆိုကြောင်း ဒီနေ့ မြန်မာ့အလင်းမှာ ရေးပါတယ်။ လိုင်းတွေ တိုးချဲ့ရပါမယ် တဲ့။

အခု ပေါ်လာတဲ့ ၁,၅ဝဝ တန်များအတွက်လည်း တယ်လီဖုန်းမျှော်စင်တိုင် သုံးရာ နီးပါး ရှိနေပါပြီ တဲ့။
တိုင်ရှိတဲ့ဒေသဟာ ဆက်သွယ်ရေးဧရိယာ ဖြစ်လာပါလိမ့်မယ်။ တိုင်နဲ့ဝေးသွားရင်တော့ ဆက်သွယ်ရေးဧရိယာအပြင်ဘက်ရောက်နေတယ် ဆိုတဲ့သဘောပါပဲ။

ပြင်ပပေါက်ဈေး
၁,၅ဝဝ တန် ၀ယ်ခွင့်ရသူတွေထဲမှာ တချို့က ပြန်ရောင်းကြပါတယ်။
ပြင်ပပေါက်ဈေးက မူရင်းဈေးထက် ဆယ်ဆ ဖြစ်သွားပါပြီ။
အမြတ်များပေမယ့် စီးပွားဖြစ်လုပ်ငန်းတော့ မဟုတ်ပါ။ မဲပေါက်သူက ဖုန်းကတ် တကတ်ပဲ ၀ယ်ခွင့်ရတဲ့အတွက် ဖြစ်ပါတယ်။

၅,ဝဝဝ တန် ဖုန်းကတ်
လုပ်ပိုင်ခွင့်တွေရမယ်ဆိုရင် ဖုန်းကတ်တခုကို ကျပ် ၅,ဝဝဝ နဲ့ ရောင်းနိုင်တယ် ဆိုတဲ့သဘော ကုမ္မဏီ တခုရဲ့ ပြောဆိုချက်ကို ကြားကြရပြီး ဖြစ်မှာပါ။

အခုတော့ ဖုန်းကတ်တခုကို ကျပ်ထောင်ဂဏန်း (ပြင်ပပေါက်ဈေး သောင်းဂဏန်း) တကယ်ဖြစ်လာပါပြီ။

ဖုန်းကတ် တခုကို ကျပ်သိန်းပေါင်း များစွာပေး ခဲ့ရတာဟာ ဗိုလ်ချုပ်ကြီးများ ကိုယ်ကျိုးရှာ အုပ်ချုပ်စီမံခဲ့ လို့ပါပဲ။
သူတို့ရဲ့ အရှုပ် တွေကြောင့် ဒီနေ့ခေတ် အပြောင်းအလဲ ဖော်ဆောင်ရာမှာ ကျပ်ထောင်ဂဏန်းတန် ဖုန်း ကတ်တွေ ဖောဖော သီသီ ချပေးရ ခက်ခဲနေဟန် တူပါတယ်။

အခက်အခဲတွေ မရှိဘူး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် တကယ် ပေးပြီ ဆိုရင်တော့ တချို့နိုင်ငံတွေမှာ ဖုန်းကတ် အလကား ပေးတဲ့ မြင်ကွင်းတွေ မြန်မာပြည်မှာလည်း တွေ့လာ တော့မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့်မျိုးကို လာမယ့် ရွေးကောက်ပွဲမတိုင်ခင် တွေ့လာ ရမယ်လို့ ယူဆ ပါတယ်။

စာနယ်ဇင်းတွေက ဘာပြောကြသလဲ

ဖုန်းဈေး ဒလိမ့် ခေါက်ကွေး ပြုတ်ကျတဲ့ အတွက် ပြည်သူ တွေက နှစ်ထောင်း အားရစွာ ကြိုဆိုခဲ့ကြောင်း NLD ပါတီရဲ့ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

"ကျပ်ငွေ သိန်းဆယ်ပေါင်းများစွာ ဈေးနှုန်းမှ ကျပ်ငွေ ထောင်ဂဏန်း ဈေးနှုန်းသို့ လျှော့ချနိုင်ခြင်း၏ လျှို့ဝှက် ဆန်းကြယ် ဇာတ်လမ်းသည် အဘယ်နည်း။ ဖြစ်စဉ်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန် ရှိသည်" လို့လည်း ရေးပါတယ်။

တန်ဖိုး နည်း ဖုံးအဖြစ် ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာက တကယ်တန်းတော့ ဆက်သွယ်ရေးရဲ့ Service မဟုတ် ဘဲ တပ်မတော်ပိုင် MECTEL ရဲ့ Service သာ ဖြစ်ပါတယ် လို့ TechSpace နည်းပညာဂျာနယ် အယ်ဒီတာ့ အာဘော်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကမောက်ကမ ဖြစ်နေမှုဟာ နားလည်ဖို့ ခက်တယ်၊ "ဆေးမှီးတိုများနဲ့သာ ဖြေရှင်း နေရ သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်" လို့ TechSpace နည်းပညာဂျာနယ်က ရေးပါ တယ်။

From: ဧရာဝတီ 

ရုရှားတို့ တင့်ကား TOS

Posted by drmyochit Wednesday, April 24, 2013, under | No comments

TOS လို့အမည်ပေးထားတဲ့ ရုရှားတို့ရဲ့ လျှို့ဝှက်တင့်ကားကို ၁၉၉၉ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

TOS ကို ဆိုဗီယက် ခေတ် ကတည်းက တည်ဆောက် ထားခြင်း ဖြစ်ပြီး ၁၉၈၈-၈၉ခုနှစ် အာဖဂန် နစ္စတန်မှ ဆိုဗီယက် စစ်ပွဲမှာ စတင် အသုံးပြု ခဲ့ပါတယ်။ ၂၀၀၀ခုနှစ် Second Chechen စစ်ပွဲမှာလည်း အသုံးပြုခဲ့ ပါသေးတယ်။

TOS တင့်ကားဟာ အဝေးပစ်နဲ့ အနီးပစ်နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ပြီး အပိတ်အဆို့အတားအဆီးမရှိတဲ့ Open war တို့မှာ အသုံးတည့်ထဲ တင့်ကားဖြစ်ပါတယ်။ ဒုံးကျည်ပြောင်း ၃၀ ပါဝင်ပြီး ဒုံးကျည် အစင်း ၃၀လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်တဲ့ အရှိန်ပြင်း စစ်လက်နက်ဖြစ်ပါတယ်။

ဒုံးကျည် တင် မကပဲ၊ RPG သေနတ်ပါ တပ်ဆင် ထားပြီး အနီး ကပ်ခြုံ တိုက်လိုက် လာမယ့် ရန်သူကို ပါတိုက် ခိုက်နိုင်ပါ တယ်။ အနီးကပ် ပစ်နိုင်မယ့် သေနတ်ပြောင်း နဲ့ ဗုံးပြောင်း တို့လည်း တပ်ဆင် ထားပြီး အလျင် အမြန် မောင်းနှင် နိုင်တဲ့ တင့်ကား ဖြစ်ပါ တယ်။

အသုံးပြုတဲ့ အင်ဂျင်ကတော့ V-84MS ဒီဇယ်သုံး မြင်းကောင်ရေ ၈၄၀ အားရှိပါတယ်။ သူ့ရဲ့မြန်နှုန်း က တော့ တစ်နာရီ ကီလိုမီတာ ၆၀ မောင်း နှင်နိုင်မှာ ဖြစ်ပါ တယ်။ အတွင်း ခန်းမှာ စစ်သား သုံးဦး လိုက်ပါပြီး ပစ်ခတ်မှု တိုင်း ကို ကွန်ပျူတာ ထိန်းချုပ် စနစ်နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ရေဒီယို၊ အင်တာကွန်း၊ လမ်းပြ မြေပုံ စနစ် စသည်ဖြင့် စုံစုံလင် လင် ပါရှိပြီး ၂၀၁၀နောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေပေါင်းစပ် လာတယ်လို့ သိရပါတယ်။

TOS ကို Heavy flame thrower လို့ လူသိများပြီး လက်ရှိအသုံးပြုနေတဲ့နိုင်ငံကတော့ ရုရှားနဲ့ ကာဇာကစ္စတန်ဖြစ်ပါတယ် ဂျော်ဒန်နိုင်ငံမှလည်း ယင်းနည်းပညာကို ဝယ်ယူရန် စီစဉ်နေတယ်လို့ သိရပါ တယ်။

TOS အသုံးပြုပုံဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

International news for myanmar

ကျောင်းသားများကို ဒူးခေါင်းမှမလိုင်အား လျှာဖြင့်လျှက်ခိုင်းသည့် ဘုန်းကြီး

Posted by drmyochit Wednesday, April 24, 2013, under | No comments


စိန့် ဒိုမီနီကား ဆာဗီယို စီလစ်ဆီ ယမ်ကျောင်း ဝက် ဘ် ဆိုက်တွင် ဖော်ပြထား သည့် ပုံများကြောင့် မိဘ များ ထိတ် လန့် တုန်လှုပ်သွားခဲ့ကြရသည်။

ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည့် ပုံများ ထဲတွင် ကျောင်း သူလေး များသည် ဘုန်းတော်ကြီး မာစင် ကို ဇိုင်ရာ၏ ဒူးခေါင်းပေါ်တွင် ပုံထားသည့် မလိုင်မြှုပ်များကို လျှာဖြင့် လျှက်ပေးနေကြသည့် ပုံများအား ထူးဆန်းစွာ တွေ့ရှိ ခဲ့ကြရသည်။

ပိုလန်နိုင်ငံအရှေ့တောင်ပိုင်း၊ လူဘင်းမြို့ရှိ အဆိုပါကျောင်းတွင် ထိုနေ့က ကျောင်းသားသစ်လက်ခံပွဲ၌ ဘုန်းတော်ကြီး က ထိုသို့ကျောင်းသားများကို ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ပုံများထဲတွင် ဘုန်းတော်ကြီး ကိုဇိုင်ရာက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး၊ ထောင်ပေးထားသည့် ဒူးခေါင်း ပေါ်တွင် မလိုင်များကို တင်ထားခြင်းအား တွေ့မြင်ကြရသည်။ ပုံထဲတွင် မျက်နှာများ၌ မလိုင်များ ပေနေ သည့် ကလေး များကိုတွေ့မြင်ရသကဲ့သို့၊ ဒူးခေါင်းတွင်တင်ထားသည့် မလိုင်များကို လျှာဖြင့် လျှက်နေသည့် ကလေး များကိုလည်းတွေ့ကြရသည်။

နောက်တစ်ပုံတွင် ဘုန်းတော်ကြီးသည် မြက်ခင်းပေါ်တွင် ထိုင်ကာ မိန်းကလေးငယ်များကို ဝန်းရံလျက်ရှိပြီး၊ ဘုန်းတော်ကြီးက မိန်းကလေးတစ်ဦးကို ကြာပွတ်ဖြင့် ရိုက်နှက်နေပုံကိုလည်း တွေ့မြင်ကြရသည်။

ပိုလန်အစိုးရ ကလေးသူငယ်ရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရက် မစ်ချာလက်က "အတော်လေး စိတ် ပျက်စ ရာကောင်းတဲ့ပုံပဲ။ လူမှုရေးအရ လုံးဝလက်မခံနိုင်စရာ မရှိပါဘူး။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို ပြောပါ့မယ်" ဟုဆိုသည်။

ဘုန်းတော်ကြီး ကိုဇာရက်ကလည်း ဤအပြုအမူကို နှစ်ပေါင်းများစွာ မိမိအနေဖြင့် ပြုလုပ်ခဲ့သော်လည်း ယခုလို ပြောဆိုဝေဖန်မှုမရှိကြောင်း၊ ယခုမှ ဝက်ဘ်ဆိုက်ပေါ်တွင် ပုံတွေကိုဖော်ပြပြီး တိုက်ခိုက်ခြင်းမှာ အံ့အားသင့်မိ ကြောင်း၊ ပုံကြီးချဲ့ခြင်းသာဖြစ်ကြောင်း၊ မကျေနပ်ပါက ဝက်ဘ်ဆိုက်ပေါ်မှ ပုံများကို ဖယ်ရှားလိုက်စေလို ကြောင်း" ခုခံပြောကြား
သွားသည်။

ကလေး များ၏ ရှေ့နေကမူ "အတုမြင် အတတ်သင် ဆို သကဲ့သို့ မဖြစ် စေလို ကြောင်း" ပြောကြား သည်။ ကလေး သူငယ်များ ဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့၏ ဒါရိုက်တာ မော်နစ်ကာ ဆာဂျောက် စကာ ကမူ ဘုန်းတော်ကြီးသည် လိုအပ်သည် ထက်ပိုပြီး မလုပ်သင့် မလုပ် ထိုက်တာကို လုပ်ခြင်း ဖြစ် ကြောင်း၊ အဓိ ပ္ပာယ် မရှိ သည့်လုပ် ရပ်ကို ဖယ်ရှားပစ်ရမည့်အစား လက်ခံကာလုပ်ဆောင်နေခြင်းမှာ ရယ်စ ရာ ကောင်းေ ကြာင်း ပြောကြားခဲ့သည်။

မောက္ခပညာရေးမဂ္ဂဇင်း

အေသင်ချိုဆွေ စင်ပေါ်မတက်လို့ တောင်ငူပွဲပျက်

Posted by drmyochit Wednesday, April 24, 2013, under | No comments


တောင်ငူမှာ အေသင် ချိုဆွေ သီချင်း မဆိုလို့ နန်းဆု ရတီစိုး ခုံတွေ ခဲတွေနဲ့ အပေါက် ခံလိုက် ရ တယ် ဆိုတဲ့ သတင်း ကို အဲဒီပွဲ သွားတီးတဲ့ ဂီတ သ မား တယောက် ဆီက သိရပါတယ်။

ပွဲကို ဧပြီလဆန်းလောက်က တောင်ငူမှာ ၂ ရက် ကျင်း ပမယ်၊ လက်မှတ်ရောင်းတဲ့ ပွဲဖြစ်လို့ အဆို တော် နာ မည် တွေ ကလည်း ကြေညာပြီး သားလို့ ဆိုပါ တယ်၊ ဒါပေမယ့် ပထမရက်မှာ အေသင်ချိုဆွေ မလာဘဲ နန်းဆု ရ တီစိုးက သီချင်း ဆို ခဲ့ချိန်မှာ အေသင်ချိုဆွေ စင်ပေါ် တက်မ လာရ ကောင်းလား ဆိုပြီး စင်အောက် က ပရိ သတ် ဆီက ခုံပျံတွေ၊ ခဲပျံတွေ စင်ပေါ် ဝဲပျံလာလို့ ပွဲပျက်ပြီး အနုပညာသမားတွေလည်း တရက်နဲ့ ပြန် လာခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ပြန်လာ ရတာတောင် ကောင်းကောင်း မဟုတ်ပါဘူး။ ရရာကားနဲ့ ကြားခုံတွေကနေ စီးခိုင်းပြီး ပြန်လွှတ် လိုက် တာ ပါ။အနုပညာရှင်တွေက အလယ်ခုံကနေတော့ ထိုင်လိုက်သွားဖို့ ခက်တယ်၊ ဒါကြောင့် နောက်ေ န့မှ ပြန် လို့ မရဘူးလား ဆိုတော့ ရတယ်၊ ဒါပေမယ့် ဟိုတယ်က ၁၂ နာရီဆို Check Out လုပ်ရမယ်၊ ဒါကြောင့် ကြိုက်တဲ့နေရာ သွားနေလို့ ပြောလွှတ်တယ်လို့ အဲဒီပွဲမှာ ပါသွားသူတွေက ပြောကြပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ဘုရားပြီး ငြမ်းဖျက်တဲ့ ထုံးစံတွေလို့ အနုပညာရှင်တွေက ဝေဖန်နေကြတာပါ။

အဲဒီပွဲမှာ တူးတူး၊ ဖြိုးကြီး၊ ဂျီလတ်၊ သဇင်၊ နန်းဆုရတီစိုး၊ သဇင်တို့က လိဒ် ဝါဒီယာ အောင်အောင်၊ ဘေ့စ် ခင်ေ မာင်ေ လး၊ ကီးဘုတ် ကိုမောင်မောင်၊ ဒရမ် ရဲလင်း တို့ရဲ့ တီးခတ်မှုတွေနဲ့ ပထမတရက်မှာ ဖျော်ဖြေ ခဲ့ကြတယ်လို့ သိရပါတယ်။

ပြဿနာက အေသင်ချိုဆွေမလာလို့ ဖြစ်ရတာ ဆိုတဲ့ သတင်းတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အေသင်ချိုဆွေရဲ့ မိခင်က “ပွဲကို လာမယ်ပြောပြီးမှ ဖျက်တာမဟုတ်ဘူး။ထီလာ ခင်လှိုင် က ပွဲလာ ငှားကတည်းက သူတို့ကို ပထမရက်တော့ မအားဘူး ပြောခဲ့တယ်။ သူတို့က ပထမ မငှားေ တာ့ ဘူး လို့တောင်ဖြစ်ပြီးမှ ပြန် ဆက်သွယ်လာတယ်။ ဒုတိယရက်အတွက် ၁၀ သိန်းနဲ့ လက်ခံခဲ့ တယ်။ စရန် ၅ သိန်း လာပေးတယ်။ အန်တီက မုန့်ဖိုးတောင် ၅ သောင်း ပြန်ပေးလိုက်သေးတယ်။ ဒါပေ မယ့် ဆိုရမယ့်ရက် မတိုင်ခင် ဖုန်းဆက်လာတယ်။ ပွဲပျက်သွားပြီ၊ မလာနဲ့တော့တဲ့။

သူတို့က အခြေအနေ မငြိမ်သက်လို့ လို့ပဲပြောတာလေ။ အေသင်က ပွဲကို လက်ခံပြီးရင် ဘယ်တော့မှ မ ဖျက် ဘူး။ အန်တီ ကိုယ်တိုင် စီစဉ်နေတာ။ အခုလို အဖြစ်မျိုးလည်း မသိပါဘူး” လို့ ဧရာဝတီကို ပြောလာ ပါတယ်။

ပွဲပျက်သွားလို့ စရန် ပြန်တောင်းတယ် ဆိုတဲ့အကြောင်း၊ သူတို့ စပြောတုန်းက အသွားအပြန်ခရီးနဲ့ တည်းခို မှုကို အားလုံး သေသေချာချာ စီစဉ်ပေးပါမယ် ဆိုပြီး အခုမှ ပြီးစလွယ် လုပ်တဲ့အကြောင်း ပြောရင်း သူက “တော်သေးတယ်၊ မသွားလိုက်တာ” လို့ ဆက်ပြောပါတယ်။

နန်းဆုရတီစိုးကတော့ ဖုန်းအဝင် လက်မခံလို့ သူ့ဘက်က အခြေအနေကို မေးခွင့်မရပါဘူး။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျီလတ်က “ကျနော်က အဲဒီနေ့က ဆိုပြီးတာနဲ့ တည်းခိုတဲ့နေရာ ပြန်ခဲ့ တယ်။ ကျနော့် အလှည့်မှာတော့ ခဲနဲ့ ပေါက်တာမျိုး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။ နောက်တနေ့ မနက် ၁၀ နာ ရီလောက်မှာမှ ပွဲပျက်ပြီ၊ ညက ပြဿနာ တက်တယ်ဆိုတာ သိရတယ်။ တခြားသူတွေတော့ ပြန်ဖို့ ကားပြဿ နာ ကြုံကြရတယ်။ ကျနော်ကတော့ အခြေအနေကို ခန့်မှန်းမိတာနဲ့ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း သူငယ်ချင်းဖြိုးကြီး ကားနဲ့ပဲ ပြန်သွားလိုက်တယ်” လို့ ဆိုပါတယ်။

ပွဲစီစဉ်သူတွေက တောင်ငူမြို့ခံတွေပဲ ဖြစ်ပြီး ပထမ Free ရှိုးလိုလို ပြောပြီး နောက်မှ လက်မှတ်ပွဲ ဖြစ်နေ တာကို သိလိုက်ရတာလို့လည်း ဂျီလတ်က ဆက်ပြောပါတယ်။ ဒါ့အပြင် ပထမရက်မှာ ဘယ်သူ၊ ဒုတိယ ရက်မှာ ဘယ်သူဆိုပြီး ကြော်ငြာ ရမယ့်အစား အနုပညာရှင် နာမည်တွေကို ပေါင်းကြေညာလိုက်တော့ ဒီလို ပြဿ နာတွေ တက်ရတာလို့ သိရတယ်။လက်မှတ် ရောင်းကောင်းအောင် လုပ်တဲ့သဘောပါပဲလို့ ဂျီလတ် က ဆက်ပြောပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ဝါးပြီး ထွေးထုတ်တတ်တဲ့ အကျင့်လို့ အနုပညာရှင်တွေက ပြောဆိုနေကြပါတယ်။

အနုပညာရှင်တွေ ဘက်ကတော့ ပွဲရှိတယ်၊ ငှားတယ်။ ငှားတော့လည်း ဆိုကြမယ် ဆိုပြီး ပွဲကို လက်ခံ လိုက် တာပဲပေါ့။ ပွဲဆိုပြီးမှ ပိုက်ဆံ အကျေ မပေးတဲ့လူတွေ၊ ပွဲက လူမဝင်လို့ပါ ဆိုပြီး ပြောထားတဲ့ အနုပညာကြေး မပေးဘဲ ဈေးလျော့ပေးတဲ့ ပွဲကန်ထရိုက်တွေ အများသားပါပဲ၊ အခုပွဲမှာတော့ ပရိတ်သတ်ကို ညာတာက ပွဲကန်ထရိုက်၊ ခံလိုက်ရတာက အနုပညာရှင်တွေ လို့ပဲ ပြောရတော့မလို ဖြစ်နေပါပြီ။

ဧရာဝတီ

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် ပြောကြားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း

Posted by drmyochit Wednesday, April 24, 2013, under | No comments


International Crisis Group မှ ငြိမ်းချမ်းရေး ဆုချီးမြှင့် ပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်း စိန်၏ မိန့်ခွန်း ကို ဗီဒီယိုဖိုင်ဖြင့် ပြသခဲ့ သည်။ အဆိုပါ မိန့်ခွန်း အပြည့် အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ကြွရောက် လာကြသော ဂုဏ်သရေရှိ လူကြီး မင်းများ ခင်ဗျား-

ပထမဦးစွာ ကျွန်တော့် အနေနဲ့ ICG အဖွဲ့နဲ့ အတူ Madam Louise Arbour နဲ့ ဆုရွေး ချယ်ရေး ဘုတ် အဖွဲ့ ဝင်များကို ကျေးဇူး တင်ရှိကြောင်း ပြောကြား လိုပါတယ်။ မစ္စတာလူလာနဲ့ ဂုဏ်ပြု အမှာ စကား ပြောကြား ပေးတဲ့ မစ္စတာ ဂျော့ဆို ရော့စ် ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီကနေ့ ကျွန်တော်ဒီဆုကို လက်ခံ ရရှိတဲ့ အကြောင်းရင်းဟာ ကျွန်တော်နဲ့ မြန်မာပြည် သူတွေ အတူပူးပေါင်းပြီး ပိုမို လွတ်လပ် ပွင့်လင်း တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီကို လက်တွဲညီညီ ချီတက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

ဒီဆုဟာ ကျွန်တော် တစ်ယောက်တည်း အတွက် မဟုတ် ပါဘူး။ ဒီမို ကရေစီ အရေး ဝိုင်းဝန်း ကြိုးပမ်း ခဲ့ကြ တဲ့ မြန်မာ့လူ့ အဖွဲ့ အစည်း တစ်ခုလုံးရဲ့ကိုယ်စား ကျွန်တော့်အနေနဲ့ ဒီဆုကို လက်ခံရယူတာ ပဲ ဖြစ်ပါတယ်။ ကျွန် တော်နဲ့ ကျွန်တော့် အစိုးရအဖွဲ့ဟာ သက်တမ်းနှစ်နှစ် အတွင်း နိုင်ငံရေးအရ ဖြေလျှော့မှုများ၊ ပြည် တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုများနဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုတို့ အတွက် ပြုပြင်ပြောင်း လဲမှုများစွာကို ဖော် ဆောင် ပေးနိုင် ခဲ့ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုများစွာကို သမ္မတတစ်ယောက်အနေနဲ့ စွမ်းအား ရှိ သ လောက် ဆောင်ကြဉ်းခွင့်ရ တဲ့အ တွက်ရော၊ ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ်တိုင်တွေ့ကြုံ ပါဝင် ပတ်သက် ရတာ တွေရော ကျွန်တော့်အတွက်တော့ ကံကောင်းမှုတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီဆုကို ရရှိနိုင် ဖို့ အတွက် ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲ ပါဝင်တယ်ဆိုတာ နားလည်ပါတယ်။ တစ် ချိန် တည်း မှာပဲ ကျွန်တော်နဲ့အတူ လက်တွဲပါဝင်ခဲ့ကြတဲ့သူတွေ၊ အခုလက်ရှိအတူတကွ မျှဝေခံစားပြီး လက် တွဲ ချီတက် နေကြတဲ့သူတွေ၊ ဆက် လက် ပြီးတော့လည်း ဒီမိုကရေစီခရီးအတွက် လက်တွဲ ချီ တက်ကြ ဦးမယ့် သူတွေအားလုံးဟာ ဒီဆုနဲ့ သက်ဆိုင်ကြ သူများ ဖြစ်ပါ တယ် ဆိုတာကိုလည်း အသိပေး လိုပါ တယ်။ ကျွန်တော့် ပြည်သူပြည်သားများအပေါ်မှာ ကျွန်တော့် အနေနဲ့ထားရှိ နိုင်ခဲ့တဲ့ မြန်မာ နိုင်ငံတော် သစ်ကို ဆောင်ကြဉ်း နိုင်မယ်ဆိုတဲ့ ဒီယုံကြည်ချက်အတွက် ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှု အားလုံး ကို စကားလုံး အနေနဲ့ ဘယ်လိုမှ မဖော်ပြနိုင်ပါဘူး။

ကျွန်တော် တို့ အားလုံးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ကို ရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့ဖြစ်ချင်တဲ့ လူ့အဖွဲ့ အစည်းဖြစ်လာအောင် ကျွန်တော်တို့အားလုံး အစွမ်းကုန် ဆက်လက်ကြိုးစားကြရမယ်ဆိုတဲ့ အ ချက် ကိုလည်း ကျွန်တော့်အနေနဲ့ အစဉ်အမြဲ အမှတ်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေ အထား အရ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရရှိဖို့၊ တိုင်းရင်းသားလူမျိုးအားလုံးစုံလင်ပြီး လက်ရှိကြုံ တွေ့နေ ရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်ဖို့အတွက် အတိတ်ကကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကို အတူ တကွ ပြန်လည်ကုစားကြရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့မရနိုင်သလို ဒီမို ကရေ စီမရှိ ဘဲနဲ့လည်း ငြိမ်းချမ်းရေးမရနိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမို ကရေစီ မျှော်လင့်ချက် အသစ် တွေနဲ့ မြန်မာ နိုင်ငံကို လာရောက် လေ့လာ ကြဖို့ လည်း အား လုံးကို လှိုက်လှဲ ဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။ ဒီမိုကရေစီဆိုတာ မျှော်လင့်ချက်သက်သက်၊ အတွေး အခေါ် သက်သက်မဟုတ် တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အခြေခိုင်ဖို့အတွက် လိုအပ် တဲ့ အင်စတီ ကျူးရှင်းတွေ၊ ဒီမိုကရေစီ အလေ့ အကျင့်တွေ ကို စတင်တည်ဆောက်နေတာပဲ ဖြစ်ပါ တယ်။ ဒီမိုက ရေစီရဲ့ နှုန်းစံ တွေဖြစ်တဲ့ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးရင့်ကျက်မှု စတာတွေကို ပြုစုပျိုး ထောင် နေတာဖြစ်ပါတယ်။ ဒီမိုကရေစီကပေးအပ်ထားတဲ့ တစ်ဦးတစ်ယောက်ချင်း စီရဲ့ လွတ်လပ် မှုကို ကျင့်သုံး တဲ့နေရာမှာ တခြားသူ တစ်ယောက်ရဲ့အခွင့်အရေးကို မထိပါး မိစေဖို့၊ အနှောက် အယှက် မပြုမိစေ ဖို့ အတွက်လည်း မိမိတို့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အတိတ်က စိတ်ကူး ယဉ် သက်သက် သာဖြစ်ခဲ့ တဲ့ ကိစ္စရပ်တွေဟာ ဒီအချိန်မှာတော့ လက်တွေ့ကျကျ အ ကောင် အထည်ဖော်လို့ရနေပါပြီ။ အရာအားလုံး ဖြစ်နိုင်တယ် ဆိုတဲ့အချိန်တွေ ကို ရောက်ရှိ နေတဲ့အ ချိန်အ ခါ လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်တွေမှာ ဖြစ်နိုင်ခြေအားလုံးကို အနာဂတ်အတွက် အကျိုးရှိ စေမယ့် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

မိမိ တို့မြန်မာ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့၊ နိုင်ငံရေးရင့်ကျက်မှုရှိတဲ့၊ အပြန်အလှန် လေးစားတတ်တဲ့၊ အားလုံး ပါဝင်နိုင်တဲ့ ခေတ်မီလူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် ရောက်ရှိအောင် ကျွန်တော်တို့ အားလုံးစုပေါင်း ကြိုးစားကြ ရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရှိတာကို လည်း မိမိအနေနဲ့ သဘောပေါက်ထားတဲ့နည်းတူ ပြုပြင် ပြောင်း လဲ မှုတွေ ကို စေတနာ မှန်ကန် စွာ၊ စိတ်အား ထက် သန်စွာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားပေး ကူ ညီမယ့် မိတ်ဖက်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်း တွေ အများကြီး ရှိတဲ့ အတွက်လည်း များစွာအား တက်မိ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီပြုပြင် ပြောင်း လဲရေး ခရီး ရှည်ကြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက် လက် ရှိနေပေး ဖို့ လည်း မျှော်လင့် ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် ပြောကြားသော နိုင်ငံတော် သမ္မ တ ဦးသိန်း စိန်၏ မိန့်ခွန်း ဗွီဒီယို

International Crisis Group (ICG) မှ In Pursuit of Peace ဆုတံဆိပ် ချီးမြှင့်ပွဲ အခမ်း အနား ကို မြန်မာ စံတော်ချိန် ၂၃−၄−၂၀၁၃ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်မှာ အမေရိကန် နိုင်ငံ နယူး ယောက် မြို့တွင် ကျင်းပ ပြုလုပ် ခဲ့ရာ နိုင်ငံတော် သမ္မတက ဗီဒီယို မိန့်ခွန်း တစ်ရပ် ပြော ကြား ခဲ့သည်။ 
 Video From: မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

ပုဒ်မ ၁၈ နှင့် ၅၀၅(ခ)ကို လေ့လာဆန်းစစ်ခြင်း

Posted by drmyochit Wednesday, April 24, 2013, under | No comments


 အောင်နိုင် (လက်ပံတန်း)

ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိလျှောက်လှမ်းနေပြီ ဖြစ်ပါသည်။ ဒီမို ကရေစီ ခေတ်တွင် ဒီမိုကရေစီ၏ မူဝါဒ အရ ပြည်သူ များသည် မိမိတို့၏ ဆန္ဒများကို ထုတ်ဖော် ပြသ ခွင့်များ ရရှိ လာပါသည်။ ယင်းသို့ ဆန္ဒထုတ်ဖော် ပြသကြရာတွင် ဆန္ဒ ပြသူများ အနေနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခွင့် ရရှိစေရန် တရား ဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုး တို့ကို ထိန်းသိမ်း စောင့်ရှောက် ရန်နှင့် ခွင့်ပြုမိန့်အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို ဥပဒေနှင့် အညီ ဆောင်ရွက်နေသူတို့ကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဘေးအန္တရာယ်ပြုခြင်း မဖြစ် စေရန်တို့ အတွက် နိုင်ငံတော် အစိုးရက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင် ရာ ဥပဒေ” ကို ၂.၁၂.၂၀၁၁ ရက်နေ့က ပြဋ္ဌာန်း ပေးခဲ့ပါသည်။ 


ယင်း ပြဋ္ဌာန်းသော ဥပဒေတွင် ပုဒ်မ ၁၈ ၌ “မည်သူမဆို ခွင့်ပြုမိန် မရ ရှိဘဲ ငြိမ်းချမ်း စွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားရာ ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်း စွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ အရ အရေးယူအပြစ်ပေး ခံရမည်ဖြစ်ကြောင်း အထူး ဥပဒေဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို ဖတ်ရှု သိရှိရ ပါသည်။ 

ဂျာနယ်များကို ဖတ်ရှုသည့်အခါ ခွင့်ပြုချက်မရရှိဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ဆန္ဒပြသူများကို သက်ဆိုင် ရာက အရေးယူရာတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ သာမက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၅၀၅ (ခ) ကိုပါ တွဲဖက်၍ အရေး ယူခြင်း များ ရှိသည်ကို တွေ့ရပါသည်။
 
ထို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ကို လေ့လာကြည့်သောအခါ ပုဒ်မ ၅၀၅ (ခ) ၏ ပြဋ္ဌာန်းချက်မှာ “မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူက ကျူးလွန် ချင်လာ အောင် အများပြည်သူ ကိုသော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိ လျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာ သည့် အကြောင်း ရှိလျှင် ထိုသူကို ၂နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်” ဟု ပြဋ္ဌာန်းချက်ကို တွေ့ရှိရပါသည်။ 

ကင်းလွတ်ချက်အဖြစ် “ထိုဖော်ပြချက် သော်လည်းကောင်း၊ ထိုကောလာဟလ သော်လည်းကောင်း၊ ထို သတင်း သော် လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့် အပြင် အထက် ကဆိုခဲ့ သော အကြံမရှိဘဲ ပြုလျှင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာလျှင် သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ် အရ ပြစ်မှုမမြောက်” ဟု ဆက်လက်ပြဋ္ဌာန်းထား ပါသည်။ ဤပုဒ်မ ၅၀၅ (ခ) ကို နားလည် သဘော ပေါက် စေရန် စီရင်ထုံး တင်ပြပေးလိုပါသည်။ ယင်းစီရင်ထုံးမှာ ၁၉၉၅ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံ တရားစီရင်ထုံး များ (ပြစ်မှု) စာမျက်နှာ ၁၁၄၊ ဦးသိန်းကြံပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင် ထုံးဖြစ် ပါသည်။ 

အမှုမှာ မန္တလေးမြို့ ဟေမာဇလ ရပ်ကွက်မီးလောင်မြေကို သက်ဆိုင်ရာ တိုင်း ငြိမ်ဝပ်ပိပြားမှု တည် ဆောက် ရေး အဖွဲ့ နှင့် ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့တို့၏ အစီအမံဖြင့် ချထား ပေးရာ တွင် ဦးသိန်းကြံ နှင့် ဒေါ်မြင့်မြင့်ရီတို့သည် အကွက်အမှတ် ၆၀၉၊ ဦးပိုင်အမှတ် ၆၀ နှင့် စပ်လျဉ်း၍ အထက်ပါ အဖွဲ့ အစည်းတို့၏ စီမံခန့်ခွဲချထားပေးမှုကို မနာခံဘဲ ဆန့်ကျင် လျက် လမ်းပိတ်နေသောအိမ်မှ မဖယ်ရှား ဘဲ နေခဲ့သည်။ 

သို့ဖြစ်၍ အကြိမ်ကြိမ်ဆွေးနွေး သော်လည်း ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ က ဖယ်ရှားပေးရန် ငြင်းဆန် သည့်အပြင် ၄င်းတို့၏ အိမ်ဝင်းထဲ ဝင်လာရဲရင်ဝင်လာဟု ၁၄.၂.၉၄ နေ့တွင် စိန်ခေါ်ပြီး ပြန်လည်ရန်ပြု မည့် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။ သို့ဖြစ်၍ အင်အားသုံးပြီး ဖယ် ရှားရန် ပြင်ဆင် ဆောင်ရွက် ရသည့် အခြေ အနေသို့ ရောက်ရှိခဲ့သဖြင့် ဦးသိန်းကြံ၊ ဒေါ်မြင့်မြင့်ရီနှင့်တကွ ပါဝင်ကျူးလွန်သူ တို့အား အရေးယူရန် သက်ဆိုင်ရာက ညွှန်ကြားသဖြင့် အမှတ် (၈) ရဲစခန်းမှ ရဲအုပ်စခန်းမှူး ဦးအောင် သိန်း မောင် က သက်သေခံ (က) တိုင်ချက်ရေးဖွင့်၍ တရား စွဲဆိုခဲ့သည်။ 

ယင်းအမှုကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၁၄၄၅/၉၄ အဖြစ် လက်ခံ စစ် ဆေးပြီး ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် တစ်နှစ် စီ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်အား ပုဒ်မ ၅၀၅(ခ) ၁၁၄ အရ ထောင်ဒဏ် ခြောက်လစီကျခံစေရန် ချမှတ်ခဲ့ သည်။ ယင်းသို့ ချမှတ်ခြင်းကို မန္တလေးတိုင်း တရားရုံးက ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၄၇/၉၄ တွင် ကြားနာပြီးနောက် ဦးသိန်းကြံ အပေါ် ချမှတ်သော ထောင်ဒဏ် ၁ နှစ်ကို အတည်ပြု၍ ဒေါ်မြင့်မြင့်ရီ အား ထောင်ဒဏ် ၆ လ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်တို့အား ထောင်ဒဏ် ၄ လစီ ကျခံစေဟု ပြင်ဆင် ချမှတ်ပေး ခဲ့သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့က ဆက်လက်၍ တရားရုံး ချုပ်သို့ ဤပြင်ဆင်မှုကို တက်ရောက် လာခြင်းဖြစ်သည်။ 

ယင်းအမှုတွင် လမ်းပိတ် ဆို့ နေသော အိမ်ကိုဖယ်ရှားပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက အချိန် ပေးခဲ့ သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ တာဝန်ထမ်း ဆောင်ရာ ဌာနအကြီးအကဲများမှ တစ်ဆင့်လည်း အေးချမ်း စွာ ဖယ်ရှားပေးရန် ကြိုးစားခဲ့သည်။ ယင်းသို့ အချိန်ပေးခြင်း၊ ညှိနှိုင်း ခြင်း၊ ကြိုးစားခြင်းတို့မှာ မလွဲမ သွေ အင်အားသုံး၍ ဖယ်ရှားရမည့် အခြေအနေ ထိ မရောက်စေရန်အတွက် အာဏာပိုင်များ က လိုက် လျောကြိုး ပမ်းခဲ့ခြင်း ဖြစ်သည်။ 

မလွှဲမရှောင်သာ အင်အားသုံး၍ ဆောင်ရွက်ရမည်ဆိုလျှင် အများပြည်သူ အတွက် အထိတ်တလန့် ဖြစ်စေနိုင်ပြီး မလို လားသူများက နိုင်ငံတော်၏ အေးချမ်း သာယာရေးကို ထိပါးစေသည့် ပြစ်မှုများ ကျူးလွန်လာဖွယ်အခြေအနေများ ပေါ်ပေါက် လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ် သည့်အနေနှင့် သက်ဆိုင်ရာ အာဏာပိုင် များက ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ 

အထက်ပါ အခြေအနေများကို ယခု လျှောက်ထားသူများအသိဖြစ်သည်။ ထိုသို့ သိပါလျက် ဖယ်ရှားပေးရန် ငြင်း ဆိုခြင်း သည် အထက်ဖော်ပြပါ အခြေအနေများ ပေါ်ပေါက်စေရန် လျှောက်ထားသူတို့တွင် ကြံရွယ် ချက် ရှိကြောင်း မငြင်းသာပေ။ 

လျှောက်ထားသူများသည် မိဘ ဘိုးဘွားများ လက်ထက်မှ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နေအိမ်ကို စွန့်ခွာ ရန် နှမြောတသ၍ ဖယ်ရှားခြင်းမပြုဘဲ နောက် ဆုံး အချိန်အထိ နေထိုင်ခြင်းဖြစ်ပါသည်။ အများပြည် သူအား အထိတ်တလန့်ဖြစ်စေ ရန် အကြံမရှိပါဆိုလျှင်လည်း ထိုသို့ အများ ပြည်သူ အထိတ်တလန့် ဖြစ်စေ ရန် အကြောင်းပေါ်ပေါက်နေသည်မှာ မငြင်း သာပေ။ လျှောက်ထားသူတို့၏ ပြုမူပြောဆို မှုများသည် ပြစ်မှု ဆိုင် ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် အကျုံးဝင်နေသဖြင့် . . . ဤပြင် ဆင်မှုကို ပလပ်ကြောင်း အမိန့်ချ မှတ်ခဲ့ သည်။ 

သို့ဖြစ်ရာ ပုဒ်မ ၅၀၅ (ခ) ပြဋ္ဌာန်း ချက်နှင့် အထက်ပါ စီရင်ထုံးအရ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်မှု မြောက်ရန် မှာ အစိုးရကို ဖြစ်စေ၊ ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက် သည့်ပြစ်မှုကို ကျူးလွန်လာချင်အောင် ပြည်သူ ကိုသော် လည်းကောင်း၊ ပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခု ခုဖြစ်စေ ရန် အကြံဖြင့် ဖော်ပြချက် ကောလာဟလ သို့မဟုတ် သတင်းကိုပြုခြင်း၊ ထုတ်ပြန်ခြင်း၊ ဖြန့်ချိခြင်းပြု ရန် လိုကြောင်း တွေ့ရှိရပါသည်။ 

သို့ဖြစ်ရာ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြ ခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်းပါသလော။ ဆန္ဒပြသူတို့သည် မိမိတို့ ၏ ဆန္ဒကို ထုတ်ဖော်ခြင်းသာ ရှိပါသည်။ ပုဒ်မ ၅၀၅ (ခ) ပါရည်ရွယ်ချက်များ မရှိကြပါ။ အကယ် ၍ ခွင့်ပြု ချက် မရရှိဘဲ ဆန္ဒပြခြင်းသည် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နှင့် လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့်လည်းကောင်း ပုဒ်မနှစ်ခုစလုံး နှင့် အကျုံးဝင်သည်ဆိုစေဦး အကျုံးဝင် သည်ဟုယူဆသည့်အတိုင်း ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အ ဓိပ္ပာယ် ဖွင့် ဆိုရေး ဥပဒေပုဒ်မ ၂၂ တွင် “ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ခုခုသည် ဥပဒေနှစ်ရပ်သို့ မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေ တစ်ရပ်ရပ် ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည်။ ပြစ်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ် ထက် ပို၍ မခံစေရ” ဟူသော ဥပဒေပြဋ္ဌာန်း ချက်ရှိပါသည်။ 

“ပြစ်မှုတစ်ရပ်တည်း အတွက် ပြစ်ဒဏ်တစ်ကြိမ်ထက် ပို၍ မခံစေရ” ဟူသော စကားရပ်၏ ဆိုလိုရင်းမှာ “ပြစ်မှု မြောက်သော ပြုလုပ်မှုသို့မဟုတ် ပျက်ကွက်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ် ၂ ကြိမ်မပေးရ” ဟု ပီ၊ စီ၊ ဒတ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ တော်အမှု၊ ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံးများ (လွှတ် တော်) စာမျက်နှာ ၃၃ တွင် ထုံးဖွဲ့ပေးထားပါသည်။ 

ထို့အပြင် ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ (ပြစ်မှု) စာမျက်နှာ ၁၅၉၊ မောင်သန်းထွန်းနှင့် ပြည် ထောင်စု မြန်မာနိုင်ငံတော် မောင်ရွှေကိန်းပါ သုံးဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် မောင် ရွှေကြီး နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် စီရင်ထုံး တွင်လည်း “မောင်အောင်မင်းတို့ အပေါ် အက်ဖီဒရင်း ၁၂၃ ဒသမ ၆၁၃ ကီလိုဂရမ် ကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းခြင်းအား သိမ်းဆည်း ရမိခြင်းကို အခြေပြုလျက် ၄င်းတို့အား ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါး များ ဆိုင် ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉(က)၊ ၂၀၊ ၂၁ နှင့် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ ပြစ်မှုနှစ်ရပ်ဖြင့် တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ယင်းပြစ်မှု များဖြင့် ပြစ်မှု ထင်ရှား စီရင်ခဲ့ခြင်းသည် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ နှင့် ဆန့် ကျင် လျက်ရှိကြောင်း တွေ့ရသည်။ 

ပြစ်မှုကြီးအမှတ် ၄/၂၀၀၀ တွင် မောင်အောင်မင်းတို့အပေါ် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် စီနှင့် မောင်ရွှေ ကိန်းတို့အား ယင်းဥပဒေ ပုဒ်မ ၁၅ အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် စီကျခံစေရန် ပြစ်ဒဏ် ချမှတ် ပြီးဖြစ်၍ ၄င်းတို့အပေါ် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေ ပုဒ်မ ၅(၁) အရ ပြစ်မှုထင်ရှားစီရင် ရန် လိုအပ်တော့မည်မဟုတ်ပေ။ 

ထို့ကြောင့် စစ်ကိုင်းတိုင်းတရားရုံး (မော်လိုက်ခရိုင်) က မောင်သန်းထွန်း၊ မောင်ရွှေကိန်း၊ မောင်ဌေး၊ မောင်မြင့်မောင် နှင့် မောင်ရွှေကြီးတို့အား ၁၉၄၇ ခုနှစ် သွင်း ကုန်ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ အလုပ်နှင့် ထောင် ဒဏ် ခုနစ်နှစ်စီ ကျခံစေရန် ချမှတ်ထားသည့် အမိန့်ကို ပယ်ဖျက် လိုက်ကြောင်း အမိန့် ချမှတ်ခဲ့ပါသည်။ သို့ဖြစ်ရာ ယင်းဥပဒေပုဒ်မ ၂၂ အရ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု သည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက် ပိုသော ဥပဒေများအရ ပြစ်မှုမြောက်သည့် တိုင် ယင်းဥပ ဒေများအနက် ဥပဒေတစ်ရပ် ရပ်ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည် ဖြစ်ကြောင်း ဥပဒေရှိသည်ကို တွေ့ရှိရ ပါသည်။ 

ထို့ပြင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃(ဃ) တွင် “အထူးဥပဒေ တစ်ရပ် ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်သည် ယေဘုယျ ဥပဒေ တစ်ရပ်ရပ်တွင် ပါရှိသော သက်ဆိုင် ရာ ပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်” ဟု ပြဋ္ဌာန်းထားသဖြင့် အထူးဥပဒေ ဖြစ် သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေသည် ယေဘုယျ ဥပဒေဖြစ်သော ပြစ်မှုဆိုင် ရာ ဥပဒေ (ရာဇသတ်ကြီး) ကို လွှမ်းမိုးသည့် အတွက် လွှမ်းမိုးသော ဥပဒေအရ အရေးယူမှသာ ဥပဒေအရ မှန် ကန် မည်ဖြစ် ပါသည်။ လွှမ်းမိုးခံရသော ဥပဒေဖြင့် အရေးယူခြင်း မပြုနိုင်ပါ။ ထို့ကြောင့် ခွင့်ပြုချက် မရရှိ ဘဲ ဆန္ဒပြခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်း သည်ဟု ယူဆသည့်တိုင် အထူးဥပဒေဖြစ် သော ပုဒ်မ ၁၈ အရ သာ အရေးယူရန်လို ကြောင်း ပုဒ်မ ၃(ဃ) အရ တွေ့ရှိရပါ ကြောင်း ဥပဒေရှုထောင့်မှ ဥပဒေ အမြင် ဥပဒေ သဘော တရား များကို တင်ပြ လိုက် ရ ပါသည်။
 
From: The Voice Weekly 

တရုတ်သင်္ဘောတွေကို ဂျပန် မောင်းထုတ်မယ်လို့ အပြတ်သားဆုံး သတိပေး

Posted by drmyochit Wednesday, April 24, 2013, under | No comments

 
နှစ်နိုင်ငံ စလုံးက သင်္ဘော တွေ အဲဒီ နယ်မြေကို ရောက်ရှိ နေတဲ့ အချိန်မှာ ဂျပန်က သတိပေး လိုက်တာ ဖြစ်

အရှေ့ တရုတ် ပင်လယ်ပြင်က သူပိုင် ငါပိုင် အငြင်းပွား နေကြတဲ့ ကျွန်းစု တွေမှာ တရုတ် သင်္ဘောတွေ လာပြီး ဆိုက်ကပ် မယ်ဆိုရင် ဂျပန် အနေနဲ့ အင် အားသုံး မောင်းထုတ် ရလိမ့် မယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောကြား လိုက်ပါတယ်။

ဒါဟာ မစ္စ တာ အာဘေးရဲ့ အပြတ် သား ဆုံးသော သတိ ပေးချက် ဖြစ်ပြီး၊ နှစ်နိုင်ငံ စလုံးက သင်္ဘောတွေ အဲဒီ နယ်မြေကို ရောက်ရှိ နေတယ်လို့ သတင်းတွေ ထွက် နေတဲ့ အချိန်မှာပဲ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တရုတ် ထောက် လှမ်းရေး သင်ဘော ၈ စီး နဲ့ ဂျပန် ငါးဖမ်းလှေ ၁၀ စီး တို့ အဲဒီ ဒေသမှာ ရောက်ရှိ နေတာ ဖြစ်ပြီး၊ ဂျပန် ငါးဖမ်းလှေ ပေါ်မှာ လက်ယာယိမ်း ဂျပန် အမျိုး သားရေး ဝါဒီ အဖွဲ့ဝင် တွေ ပါပါ တယ်။

အခုလို ဂျပန် အမျိုး သားရေး ဝါဒီတွေ ဒီနေရာကို ခရီးထွက် လာတာဟာ တရား မဝင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က တုံ့ ပြန် ပြောပါတယ်။

From: BBC

မိတ္ထီလာ ဘုန်းတော်ကြီး သေဆုံးမှု စစ်ဆေး

Posted by drmyochit Wednesday, April 24, 2013, under | No comments


 မိတ္ထီလာ အဓိကရုဏ်းမှာ သေကြေ ပျက်စီးမှုကြီး

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမှာ အစ္စလာမ် ဘာသာ ဝင်နဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေ အဓိ က ရုဏ်းမှာ အဓိက အကြောင်း တရပ် ဖြစ်တဲ့ ဆရာတော် ဦးသော ဘိတကို ဝိုင်းဝန်း သတ်ဖြတ် မှုကို နေ့စဉ် ရုံး ထုတ် စစ် ဆေး နေပါ တယ်။

မတ်လ ၂ဝ ရက် ညနေက မိတ္ထီ လာကို ဈေး လာ ဝယ်တဲ့ သာစည် ဟံဇားရွာ မိုးကောင်းကျောင်း ဆရာ တော် ဦးသော ဘိတ အသတ်ခံ ရမှုနဲ့ ပတ်သက်ပြီး မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှူးက တရားလို လုပ်ပြီး လူ ၁၁ ဦးကို တရားစွဲဆို ထားပါတယ်။

တရားစွဲ ခံရတာ ၁၁ ယောက် ဖြစ်ပေမယ့်လဲ ၄ ယောက် ထွက်ပြေး လွတ်မြောက် နေ သေး တဲ့ အတွက် ၇ ယောက်ကို ဖမ်းဆီး ရုံးတင် စစ်ဆေး နေ တာပါ။

ဒီ အမှုကို ဧပြီ ၂၂ ရက်ကစပြီး နေ့စဉ် ရုံးတင် စစ်ဆေး နေပါတယ်။ ဒီအမှုမှာ ရှေ့နေ ကွန်ယက်က ရှေ့နေ ဦးသိန်း သန်းဦး အပါအဝင် ရှေ့နေ ၅ ဦးက တရားစွဲ ခံရသူ တွေရဲ့ ရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက် ပေးနေ ပါတယ်။

အမှု စစ်ဆေး နေတဲ့ အခြေ အနေနဲ့ ပတ်သက်ပြီး ရုံးချိန်း ၂ ခုမှာ တရားလိုပြ သက်သေ ၃၉ ယောက် အနက် ၂၂ ယောက် စစ်ဆေး ပြီးပြီလို့ ဦးသိန်းသန်းဦး က ပြောပါတယ်။

ဒီအမှုကို မြို့ခံလူထု အများစုက စိတ်ဝင် တစား လာနား ထောင်ကြ တာကြောင့် မဆိုင်သူ တွေကို ဝင်ခွင့် မပေးဘဲ လုံခြုံ ရေး တင်းတင်း ကျပ်ကျပ် ချထား ရပြီး တရားခံ အခွင့် အရေး ပေးတာ ထွက်ချက် ပြည့်စုံ အောင် ယူတာ အပါအဝင် အမှု စစ်ဆေးပုံ အတော် မျှမျှ တတ ရှိကြောင်း ဦးသိန်း သန်းဦးက ပြောပါတယ်။

မတ်လ ကုန်ပိုင်းက ဖြစ်ခဲ့တဲ့ မိတ္ထီလာ အဓိ ကရုဏ်း အတွင်း လူ၎ဝ ကျော် သေဆုံး ခဲ့ ရပြီး ဒီ အ ဓိက ရုဏ်းမှာ ပါဝင် ပတ်သက်သူ ၇ဝ ကျော်ကို ဖမ်းဆီး စစ်ဆေး နေပါတယ်။

အဓိ ကရုဏ်း စပြီး ဖြစ်ပွား စေတဲ့ နယူး ဝိန့်စိန် ရွှေ ဆိုင်က ဆိုင်ပိုင်ရှင် ဇနီး မောင်နှံနဲ့ ဝန်ထမ်း တယောက် ကို ဧပြီလ ဒုတိယ အပတ်က ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ် ခဲ့ပါတယ်။

ခု အမှုကို မနက်ဖြန် ရုံးချိန်း ပြန်ချိန်း ထားလို့ မကြာခင် စီရင်ချက် ချမှတ် နိုင်ဖွယ် ရှိတယ်လို့ အမှုလိုက် ရှေ့နေ တွေက ယူဆ နေပါ တယ်။

From: BBC

စေတီပုံပါ အထည်စနှင့် ပတ်သက်၍ မေခလာသိန်းဆိုင် ရှင်းလင်း

Posted by drmyochit Wednesday, April 24, 2013, under | No comments


ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

အထည်စ ပေါ်တွင် စေတီပုံ ပါရှိ သောကြောင့် သာသနာ ညှိုးနွမ်း စေမှုဖြင့် အမှုဖွင့် ခံထား ရသော ယုဇန ပလာ ဇာရှိ မေခ လာသိန်း အထည် ဆိုင်မှ “ပဋိပက္ခနှင့် ပတ်သတ်၍ တကယ့် ဖြစ်ရပ်အမှန် သတင်းစာ ရှင်းလင်းပွဲ” ဟူသော ခေါင်းစဉ်ဖြင့် ယနေ့ နေ့လယ် ၂ နာရီက တော်ဝင် နှင်းဆီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်း သတင်းစာ ရှင်းလင်း ပွဲတွင် အာမခံဖြင့် နေထိုင်နေသူ မေခလာသိန်း အထည်ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ဦးကျော်လှိုင်သိန်း က ပြည်တွင်းရှိ ဂျာနယ်တချို့တွင် ခေါင်းကြီးပိုင်း၌ ဖော်ပြထားသော သတင်း များမှာ ၎င်းတို့မိသားစု၏ ဂုဏ်သိက္ခာနှင့် စီးပွားရေးကို ထိခိုက်စေသောကြောင့် ယခုကဲ့သို့ သတင်း စာ ရှင်းလင်း ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

“ဂျာနယ်တချို့မှာ ကျနော်တို့ဆိုင်က ထမီတွေမှာ စေတီပုံကို တမင်ရိုက်နှိပ်တာ၊ ပြီးတော့ ကျနော်တို့က ဘာသာခြား တွေ၊မွတ်စလင်တွေလို့ ရေးသားထားတာတွေ တွေ့ရတယ်။ ဂျာနယ်တွေက ရေးမယ် ဆိုရင် ကာယကံ ရှင်ကို မေးပြီးမှ ရေးသင့် တာပေါ့။ အခု အကြားစကားတွေနဲ့ ရေးထားကြတယ်။ မိတ္ထီ လာ ကလည်း ဖြစ်တာ မကြာသေးတော့ ကျနော်တို့ လန့်တယ်။ အခု ဆိုင်ပိတ်ထားရတယ်။ မရောင်းရဲဘူး။ တချို့ က ပြောသံကြား တခုနဲ့ ယုံလိုက်တာ များတယ်” ဟု ဦးကျော်လှိုင်သိန်းက ဆိုသည်။

ပြည်တွင်း ဂျာနယ်တချို့တွင် ဘုရားပုံပါသော ထမီစများကို မေခလာသိန်းဆိုင်မှ ရိုက်နှိပ်ထုတ်လုပ် ရောင်း ချ နေသည်ဟု ဖော်ပြထားခြင်းများ တွေ့ရှိရသည်။

ဦးကျော် လှိုင်သိန်းက ဆက်လက်၍ “ကျနော်တို့ဆိုင်က အထည်ကို မထုတ်လုပ်ပါဘူး။ ကယ်ရီတွေက ရောင်းတာ ကိုပဲ တဆင့် ပြန်ရောင်းတာပါ။ ပြီးတော့ အ၀တ်စမျိုးစုံ ရောင်းတာပါ။ အမျိုးသမီးဝတ် ထမီချည်း ပဲ ရောင်းတာ မဟုတ်ပါဘူး။ အထက်ဆင့်တပ်ပြီး ရောင်းတာမဟုတ်ဘူး။ ဒါကို ခေါင်းအုံးဖုံးလည်း ချုပ်လို့ရ တယ်၊ အင်္ကျီလည်း ချုပ်လို့ရတယ်။ အလိပ်ကနေ ဖြတ်ပြီး ရောင်းတာပါ” ဟု ဆိုသည်။

ယခုလ ၁၁ ရက်တွင် သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ပြေ ၃ ဥက္ကဋ္ဌ ဒေါ်ဥမ္မာ က ယုဇနပလာဇာရှိ မေခလာသိန်း (သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စ ၀ယ်ခဲ့ရာမှ ထိုပိတ်စ တွင်စေ တီပုံ ပါရှိနေသောကြောင့် ၁၃ ရက်နေ့တွင် ထေရ၀ါဒဓမ္မကွန်ရက်မှ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်း တွင် ပုဒ်မ (၂၉၅) ဖြင့် အမှုဖွင့်ခဲ့ပြီး ၁၄ ရက်နေ့တွင် ဦးကျော်လှိုင်သိန်းအား ဖမ်းဆီး ခဲ့ခြင်းဖြစ် သည်။

သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသော ထေရ၀ါဒဓမ္မ ကွန်ရက်မှ ဥပဒေအကြံပေးရှေ့နေ ဦးအေး ပိုင်က “ဒီ ရှင်းလင်းပွဲ ခေါင်းစဉ်က ပဋိပက္ခနှင့် ပတ်သတ်၍ ဆိုတော့ လူတွေအထင်အမြင် လွဲနိုင်တယ်။ သာသ နာ ညှိးနွမ်းအောင် လုပ်တာက ဘာသာခြား လုပ်မှ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်လည်း လုပ်လို့ မရဘူး။ ဒီပိတ်စတွေ ဘယ်ကလာတယ် ဆိုတာ အမှန်သိအောင် လုပ်ရမှာပါ” ဟု ပြောသည်။

ဆိုင်ရှိ စေတီပုံပါသော ပိတ်စနှင့် ရောင်းဝယ်ထားသော ဘောက်ချာများကို မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်း တွင် အပ်နှံထားပြီး လာရောက်ရောင်းချသူမှာ မော်လမြိုင်ဘက်က ဖြစ်ကြောင်း၊ ဘောက်ချာ စာရွက် များ အရ ၂၀၁၂ ခုနှစ်ကတည်းက ရောင်းချထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုရှင်းလင်းပွဲတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဘိုးအောင်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဒေါ်မေခလာသိန်းမှာ ဟိန္ဒူမျိုး နွယ်စပ် ဖြစ်ကြောင်းနှင့် အထည်စများ တွေ့ရှိခဲ့သည့် ဆိုင်ဖြစ်သော မေခလာသိန်း (သမီး) ဆိုင်ပိုင်ရှင် ဒေါ်မော်လီ မှာလည်း ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်းကို လ၀ကမှ တရားဝင် ထုတ်ပေးထားသော သန်းခေါင် စာရင်း ပြသ၍ ရှင်းလင်းခဲ့သည်။

ပဋိပက္ခနှင့် ပတ်သတ်၍ တကယ့် ဖြစ်ရပ်အမှန်ဟူသော သတင်းစာရှင်းလင်းပွဲ ခေါင်းစဉ်နှင့် စေတီပုံပါ အထည် များကို ရောင်းချခဲ့သည့် ဧပြီ ၁၁ ရက်နေ့တွင် ဆိုင်ကောင်တာထိုင်သူနှင့် ရောင်းချခဲ့သူတို့ မည်သူ မည်ဝါ ဖြစ်သည်ကို ဧရာဝတီမှ မေးမြန်းရာ ဦးကျော်လှိုင်သိန်းက “အလုပ်သမားတွေမှာ တာဝန်မရှိပါဘူး။ ဆိုင်ရှင် တွေမှာပဲ တာဝန်ရှိပါတယ်။ သူတို့က ပစ္စည်း အသိမ်းအပြုနဲ့ ငွေလက်ခံတာပဲ လုပ်တာပါ။ ဒီခေါင်း စဉ်က ကျနော်တို့ ရှင်လင်းပွဲ အတွေ့အကြုံမရှိလို့ ဖြစ်ရတာပါ” ဟု ဆိုသည်။

ယင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ရွှေဝါရောင် သံဃာတော်များကွန်ရက်၊ ရွှေတောင် ကျောင်း တိုက်မှ ဆရာတော် ဦးပဏ္ဍ၀ံသက “ဘုန်းကြီးက ဒီရပ်ကွက်ရဲ့ ရွာဦးကျောင်း ဆရာတော်ပါ။ လပြည့် နေ့တိုင်း ဆွမ်းခံကြွတယ်။ အဲဒီဆိုင်ကလည်း အမြဲ လောင်းနေကျပါ။ ဂျာနယ်တွေ ရေးတာကလည်း ရေးပြီးပြီ။ ဒါပေမယ့် ပြဿနာ မကြီးထွားအောင် ၀ိုင်းဝန်း ထိန်းသိမ်းပေးကြပါ” ဟု သြ၀ါဒပေးသည်။

ထိုသတင်းစာ ရှင်းလင်းပွဲတွင် မေခလာသိန်း အထည်ဆိုင်မှ ၁၉၉၄ ခုနှစ်တွင် လှူ ဒါန်းခဲ့သော စေတီ ထီးတော် တင်လှူပွဲနှင့် ပဉ္စင်းခံ အလှူပွဲမှတ်တမ်း စီဒီခွေကို ရှင်းလင်း ပွဲသို့ လာ ရောက် သူ များ အား ဝေပေး ခဲ့ သည်။

ချစ်ဆု
ဧရာဝတီ 

စေတီပုံပါ အထည်စများ ရောင်းချခဲ့သော အထည်ဆိုင် ပိတ်သိမ်းထားရ

Posted by drmyochit Wednesday, April 24, 2013, under | No comments


ဗုဒ္ဓ ဘာသာ စေတီပုံပါ ပိတ်ထည်စများ ရောင်းချမိ၍ ရန်ကုန်မြို့၊ မင်္ဂလာဈေး အတွင်းရှိ မေခလာသိန်း အထည် ဆိုင်ကို ဆက်လက် ရောင်းချခြင်း မပြုရဲတော့ဘဲ ပိတ်ထားရကြောင်း အထည်ဆိုင် ပိုင်ရှင် ဦးကျော် လှိုင်သိန်း က ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြား သွားသည်။

အထည် စများကို စေတီတော်ပုံများ ရိုက်နှိပ်ရောင်းချသည်ဟု သတင်းရေးသားချက်များနှင့် ပတ်သက်၍ မေခလာ သိန်း အထည်ဆိုင်မှ သတင်းစာရှင်းလင်းပွဲ တရပ်ကို ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီ အချိန်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) စေတီတော်ပုံများ ရိုက်နှိပ်ထားသည့် အထည်စများကို ၎င်းတို့ ထုတ်လုပ်ရောင်းချခြင်း မဟုတ် ကြောင်း တာဝန်ရှိသူတဦးက ပုံစံတူ အထည်စများဖြင့် ပြသရှင်းလင်းသည်။

“ဆိုင်ပိတ်ထားရတယ် အခု အန္တရာယ်ရှိလာပြီ။ ဂျာနယ်တချို့မှာက ထမီစတွေ ထုတ်လုပ် ရောင်းချတဲ့ ပုံစံမျိုး တွေ ရေးလာတဲ့အတွက် ကျနော်တို့ ငယ်ငယ် ကတည်းက ရောင်းလာခဲ့တဲ့ အထည်ဆိုင်ကို ပိတ်ရတဲ့ အဆင့် ရောက် နေပြီ။ ဘာသာရေး စော်ကားတဲ့ အလုပ်မျိုးဘယ်တော့မှ မလုပ်ပါဘူး။ ဒါကြောင့် ဒီပိတ် စတွေဟာ ကျနော်တို့ ထုတ်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးတွေဟာ မဟုတ်ပါဘူး” ဟု ဦးကျော်လှိုင်ဦး က ငြင်းဆို။

ဧပြီလ ၁၁ ရက်နေ့က စေတီပုံပါ အထည်စများ ထိုဆိုင်မှ ဝယ်ယူမိသည့် ဇနီးမောင်နှံက တိုင်ကြား၍ အထည် ဆိုင်၊ ဂိုထောင်နှင့် ဆိုင်ရှင်၏ နေအိမ်သို့ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ လာရောက်ရှာဖွေ၍ အထည် များကို သိမ်းဆည်းသွားခဲ့သည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်အချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော အထည်စများ ရောင်းချနေသည်ဟု မျက်နှာ ဖုံး သတင်းအဖြစ် ပါရှိလာပြီးနောက် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် မေခ လာသိန်း အထည်ဆိုင်မှ သတင်းမီဒီယာများအား ခေါ်ယူရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

ထိုသို့ ဈေးကွက်များတွင် စေတီပုံပါသော အထည်စများ ရောင်းချမိခြင်းကြောင့် ရှိပြီး ပဋိပက္ခ အခြေ အနေ များကို ပိုပြီး ကြီးထွားစေနိုင်ကြောင်း နိုင်ငံတော် သံဃာမဟာနာယက၊ ထေရဝါဒ ဓမ္မကွန်ယက် အကြံပေး ရှေ့နေ ဦးအေးပိုင် က ဆိုသည်။

“ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ စေတီပုံ ပါတဲ့ အထည်စတွေက ယောက်ျားလေး ဝတ်တွေလည်း မဟုတ် ဘူး။ မိန်းကလေးတွေ ဝတ်လေ့ရှိတဲ့ ထမီပုံစံမျိုးတွေပဲဖြစ်တယ်။ ဒီဟာတွေကို ရောင်းရမယ်ဆိုပြီး နောက် ကနေ ကြိုးကိုင်တဲ့ အဖွဲ့စည်းတွေ ဘာတွေတော့ မရှိနိုင်ပါဘူး” ဟု ဦးအေးပိုင် က ခန့်မှန်းသည်။

ယင်းဖြစ်စဉ်များနှင့် ပါတ်သက်၍ ရွှေဝါရောင် သံဃာတော်များ ကွန်ယက် ဥက္ကဋ္ဌ ဆရာတော် ဦးပဏ္ဍဝံသ က လည်း “အချိန်မီလည်း ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် ဘာမှလည်း ပြဿနာ မဖြစ်ခဲ့ဘူး။ နောက်ပြီး ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့အရေးအခင်းတုန်းကလည်း ဒီလိုပဲ စေတီပုံတွေ ပါတဲ့ အထည်စတွေ ပေါ်လာ ခဲ့ဖူးတယ်။ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ပုံတော်တွေရိုက်နှိပ် ထုတ်ဝေတာတွေနဲ့ပါတ်သက်ပြီး ဥပဒေနဲ့ မကိုက်ညီရင် နိုင်ငံ တော် သံဃာ့ မဟာ နာယက ကနေ အရေးယူဆောင်ရွက်ပါတယ်။ အခုကိစ္စမှာလည်း ဒီလိုပဲ ဆောင်ရွက် လိမ့်မယ်လို့ ဘုန်းကြီး ထင်တယ်” ဟု ယင်းစာနယ်ဇင်းရှင်းလင်းပွဲတွင် မိန့်ကြားသွားသည်။

လက်ရှိတွင် ဆိုင်ပိုင်ရှင် ဦးကျော်လှိုင်သိန်း အား သာသနာတော် ညှိုးနွမ်းစေမှုအဖြစ် ပုဒ်မ ၂၉၅ ဖြင့် မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ အရေးယူထားပြီး အာမခံ ရရှိထားသည်။

ဓာတ်ပုံအညွှန်း

အထည်စ များကို စေတီတော်ပုံများ ရိုက်နှိပ်ရောင်းချသည်ဟု သတင်းရေးသားချက်များနှင့် ပတ်သက်၍ မေခလာ သိန်း အထည်ဆိုင်မှ သတင်းစာရှင်းလင်းပွဲ တရပ်ကို ဧပြီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီအ ချိန်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ- ဟိန်း ထက်၊ မဇ္ဈိမ) စေတီတော်ပုံများ ရိုက်နှိပ်ထားသည့် အထည်စများကို ၎င်းတို့ ထုတ်လုပ်ရောင်းချခြင်း မဟုတ် ကြောင်း တာဝန်ရှိသူတဦးက ပုံစံတူ အထည်စများဖြင့် ပြသရှင်းလင်းသည်။


ဖိုးစိုးသူ 
ရန်ကုန် (မဇ္ဈိမ)။ ။  

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေး၌ ရာဘာပင်စိုက်ပျိုးသောလုပ်ငန်းရှင်များကို ကျူးကျော် ၀င်ရောက် စိုက်ပျိုး သည်ဟု မပြော သင့်ဟုဆို

Posted by drmyochit Wednesday, April 24, 2013, under | No comments


 ရန်ကုန်- မန္တလေး အမြန်လမ်း မကြီးဘေးမိုင်တိုင် (၂၃) မိုင် (၃) ဖာလုံမှ (၂၇) မိုင် (၇) ဖာလုံ၌ နှစ်ရှည် ပင် စိုက်ပျိုး ထားသော လုပ် ငန်းရှင်များကို ကျူး ကျော်ဝင်ရောက်  စိုက်ပျိုး သူဟု မပြော သင့်ကြောင်း  ထို့ နေရာတွင် ရာဘာ စိုက်ပျိုးသူ လုပ်ငန်း ရှင် တစ်ဦး ကပြောကြား သည်။

“အန်တီ တို့ ရာဘာ စိုက်ပျိုး တုန်း က ဒီနေရာဟာ တပ်မ နေရာလို့ မသိ ခဲ့ပါဘူး။ အခုမှာ ဒီနေရာဟာ  တပ်ပိုင်မြေ ဆိုတာ တပ်မ ဆိုင်းဘုတ်  ထူမှ သိရတာပါ။ အခု အန်တီ တို့ကို တပ်မက သူတို့ မြေထဲကို ကျူး ကျော်  ၀င်ရောက် စိုက်ပျိုးတဲ့ လို့ ထင်ပြီး ဥပဒေ ကြောင်းအရ အရေးယူရန်  စီစဉ် နေကြတယ်”ဟု ပြော သည်။

ထို့နေ ရာ၌ ရာဘာ စိုက်ပျိုး သူအ များစုမှား “တပ် မ တော်ပိုင်”ဟု  ၎င်းတို့ ပြောဆိုသော မြေကို အဓမ္မ ကျူးကျော် နေခြင်း မဟုတ် ကြောင်း ၎င်းမြေ ပေါ်တွင် နှစ်ပေါင်းကြာ ရှည်  နေထိုင် လုပ် ကိုင် စားသောက် နေသူ များကို တန်ဖိုး တစ်စုံ တစ်ရာ ပေးပြီးမှသာရာဘာစိုက်ပျိုးခဲ့ ကြောင်း အကယ်၍ကျူးကျော်မြေ  ဟုသတ် မှတ်ပါက အစိုးရနှုန်းထား   (၁)ဧက နှစ်သောင်းနှုန်းကို နိုင်ငံ တော်သို့တရား၊ ၀င်ပေးသွင်းသွား  မည်ဖြစ် ကြောင်း နိုင်ငံတော်မှချ ထားပေးသော နှစ်ရှည်ပင်စိုက်ပျိုး  ခွင့် (၃၀ နှစ်အရန်)ကို နှောင်ကြိုး  မဲ့ရယူ လိုကြောင်း ဤသို့ပေးသွင်း မှုအပေါ်တပ်မတော်အနေနှင့် နစ်နာမှုရှိပါကတပ်မတော်သို့ရန် ပုံငွေ အဖြစ် လစဉ် တိုင် တစ် ဧကကို  နှစ်သောင်း နှုန်းဖြစ် ပေးသွင်း သွားလို့ ကြောင်း ရရှိ လာသော ရာဘာ အစေ့များ ကိုလည်း တပ်မတော် စက်ရုံးသို့ ဦးစားပေး ရောင်းချသွား မည်ဖြစ်ကြောင်း ၎င်းင်းကဆက် လက်ပြော ကြား ခဲ့ သည်။

ယင်း နေရာ တွင် နေထိုင်သော  ဦးတင် ငွေကလည်း “ကျွန်တော် ဒီပဲ   ခူးရိုးမ တွင် နေ ထိုင် ခဲ့သော (၃၇) နှစ်ရှိပြီ။ စစ်တပ် မြေဟု ဘယ်တပ် ကမှ မပြော ခဲ့ဘူး။ ကျွန်တော်ပိုင်  တဲ့ မြေဧ ကက (၂၀၃) ဧက ရှိ တယ်။ (၃) ဧက ပဲရာဘာ စိုက်ပျိုး  နိုင်ခဲ့ပြီး ကျန်ဧက (၂၀၀) ကို လုပ်ငန်းရှင် ဒေါ်ဌေး ဌေးဝင်း ကို ပေးပြီး ရာဘာ စိုက်ခိုင်း ခဲ့တယ်”ဟု ပြော သည်။

ထိုသို့ ၎င်းပိုင် မြေ နေ ရာ၌ လုပ်ငန်း ရှင် များကို ရာဘာ စိုက်ပျိုး ခိုင်း သည်မှာ စိုက်ပျိုး စရိတ်ကြီး မား၍ ငွေမ နိုင်ခြင်း၊ နှစ်ဦး နှစ်ဖက်  အကျိုး ရှိစေရေး တို့ အတွက် ၎င်း ကမြေ စိုက်၍ လုပ်ငန်း ရှင် ဘက်က ငွေစိုက်ပြီး ရာဘာ ပင်ကို စိုက်ပျိုး  ခဲ့ ကြောင်း ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ် ဌာနချုပ် စစ်ဦး စီးမှူး (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး သက် ခိုင်က “ကျွန်တော် တိုက် ဒီမြေ တွေကို ၁၉၉၆ ခုနှစ် ဇွန် ၁၈ ရက်နေ့က ပြည်ထဲရေး အမိန့်  ဖြင့် မြေတွေကို တပ်ပိုင်မြေ အဖြစ်  သိမ်းခဲ့ တယ်။ အစထဲက သူတို့ကို  ဒီမြေမှာ ရာဘာပင် မစိုက် ဖို့ပြော ခဲ့တယ်။ ဒါကို ရှေ့ဆက်ပြီး စိုက်ပျိုး  မယ်ဆိုရင် ဥပဒေ လမ်းကြောင်း အရ အရေး ယူသွားမယ်”ဟု ပြော သည်။

ထို့မြေ များကို တရားဝင်ပိုင် ဆိုင်လို ပါက မြန်မာ နိုင်ငံ ရင်းနှီး မြှုပ် နှံမှု ကော်မရှင် သို့ တရား ၀င် လျှောက်  ထားနိုင် ကြောင်း ထို့သို့ သက်ဆိုင် ရာသို့မ တင်ပြ ပါက တရားဝင် မြေ ပိုင်ဆိုင်မှု ရရှိနိုင်မည့်မ ဟုတ်ကြောင်း  အဆိုပါ ပုဂ်္ဂိုလ် ဆက်လက် ပြောကြား သည်။

ဖြိုးအောင်
From: The Hot News 

HRW အစီရင်ခံစာပါ စကားလုံးအသုံးအနှုန်းများကို လက်မခံနိုင်ကြ

Posted by drmyochit Wednesday, April 24, 2013, under | No comments


အမေ ရိကန် အခြေစိုက် လူ့ အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) မှ ထုတ် ပြန်သော အစီရင် ခံစာ တွင် စကား လုံး ပြင်းပြင်း ထန်ထန် သုံးနှုန်း လိုက်သဖြင့် ထိန်းသိမ်း နေရသည့် အချိန် တွင် အခြား ပြဿ နာများ ဖြစ်ပေါ် လာ နိုင်ကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင် တွင်းရေးမှူး ဦးစစ် မြိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ကုလ သမဂ္ဂ အဖွဲ့ အစည်းတွေ ကျန်တဲ့ အဖွဲ့ အစည်း တွေက လည်း ဆောင်ရွက် သင့် တာတွေ
ဆောင်ရွက် ပြီးတော့ အခြေ အနေ တွေ က လည်း အကောင်း ဘက်ကို ရှေးရှု နေတဲ့ အချိန်မှာ အခုလို အလွန် ပြင်းထန်တဲ့ စွပ်စွဲမှု တခု အနေ နဲ့ ထုတ် တယ် ဆိုတော့ ဒါဟာ ဘယ် လောက် ခိုင်မာ သလဲ ပြည်သူ သန်းခြောက် ဆယ်ကို ကိုယ်စား ပြုတာ မှန်ရဲ့လား ဆိုတာ ကို ဝေဖန်စရာ ဖြစ် လာ တာ ပေါ့” ဟု ဆို သည်။ ထို့အပြင် ၎င်းတို့ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ် မှုများ ကို မတွေ့ရ ကြောင်းနှင့် မီဒီယာများ လည်း အဆိုပါ နေရာ များသို့ ရောက်ရှိ သင့် သလောက် ရောက် ရှိ ကြောင်း ဦးစစ် မြိုင်က ရှင်းလင်း သည်။

“ခင် ဗျားတို့ လုပ်နိုင် သမျှ အရာ အား လုံးက ဆုတောင်း ဖို့ပါ ပဲဟု အဓိပ္ပါယ် ရသော” All You Can Do is Pray” ခေါင်းစဉ် တပ်ထားသည့် စာမျက်နှာ ၁၅၃ မျက်နှာပါ အစီ ရင်ခံစာ တစ်ခုကို HRWက ဧပြီလ၂၂ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်။

မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် အတွင်း ရှိ ရိုဟင်ဂျာ မူဆ လင်များ အား လူမျိုးရေး တိုက်ခိုက် မှုနှင့် လူသား မဆန် သော ရာဇ ဝတ် မှုများ ကျူးလွန် ခဲ့သည့် ဖြစ်ရပ် များ အတွက် မြန်မာ အာဏာပိုင် များနှင့် ဒေသ အာဏာပိုင် များအား HRW က စွပ်စွဲ ပြစ်တင် ခဲ့သည်။ အဆိုပါ ဖြစ်ရပ် များကြောင့် ၂၀၁၂  ဇွန်လ နောက်ပိုင်း တွင် ရိုဟင်ဂျာနှင့် အခြား အစ္စလမ် ဘာသာဝင် ၁၂၅၀၀၀ ဦး တို့ နေရပ် စွန့်ခွာ ပြောင်းရွှေ့ ခဲ့ကြရ သည်ဟု HRW က ၎င်း၏ အစီရင် ခံစာတွင် ဖေါ်ပြ သည်။

“မြန်မာ အာဏာ ပိုင်များ၊ လူမှု အသိုင်း အ၀ိုင်း ခေါင်းဆောင် များနဲ့ ဗုဒ္ဓ ဘာသာဝင် ရဟန်းများက ပြည် နယ် လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ ကျောထောက် နောက်ခံနဲ့  အစ္စလမ် ဘာသာ ၀င်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့၊ သူတို့ နေထိုင်ရာ ဒေသတွေက မောင်းထုတ်ဖို့ ၂၀၁၂ခုနှစ် အောက်တို ဘာလ အတွင်းမှာ ဗုဒ္ဓ ဘာသာ ဝင် ရခိုင် တွေ ကို စည်းရုံး အားပေး ခဲ့ကြပါတယ်” ဟု အစီ ရင်ခံ စာ၌ ပါရှိ သည်။

ယခုလို အကြပ် အတည်း တွေ့နေ သည့် အခြေ အနေမျိုးတွင် ပြော လာသော စကား လုံး များကို လက်ခံ ၍မ ရကြောင်း  လူ့ အခွင့် အရေး ပညာ ပေးဌာန မြန်မာ နိုင်ငံမှ ဦးအောင် မျိုးမင်းက မဇ္ဈိမကို ပြောသည်။

၎င်းက “ ဒီလိုမျိုး အခြေ အနေ တွေက ထိလွယ် ရှလွယ် အချိန်မှာ လူမျိုး သုဉ်းလို့ ပြောဖို့ ကတော့ သိပ်ပြီး လက်ခံ လို့ မရတဲ့ စကားပါ။ ကျွန်တော်တို့ ထပ်ပြီးလေ့လာရဦးမယ်။ သမိုင်းတွေ အများကြီး လေ့လာဖို့ လိုနေ သေး တယ် ” ဟုဆိုသည်။ ဦးအောင်မျိုးမင်းက “ လူမျိုးစု သန့်စင်ရေးဆိုတဲ့ စကားလုံးကို မြန်မာ နိုင်ငံမှာ တိတိ ကျကျ သုံးလို့ မရသေး ပါဘူး။ လူမျိုးစု သန့်စင်ရေးဆိုတာက အခြားလူမျိုးကို သတ်ဖြတ်တာ သူတို့ ရဲ့ လူမျိုးဆက် မပျံ့နှံ့အောင် သူတို့ရဲ့ အမူ အကျင့်စရိုက် တွေ တခြားနေရာကို မပါပဲ ပျောက် သွား အောင် အခြား ကို မပျံ့အောင် လုပ်တာပါ” ဟု ရှင်းပြသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း) မှ ကိုပြုံးချိုက လက်ရှိ အခြေ အနေ များမှာ အစိုးရ အဖွဲ့ အစည်း ဘက်မှလည်း ပြန်လည် ဖြေရှင်း ချက်များ ထွက်ပေါ် လာပြီ ဖြစ်ကြောင်း အပြန် အလှန် ရှင်းလင်း မှုများ ဖြစ်ပေါ် နေဦး မည်ဟု ထင် ကြောင်း မဇ္ဈိမသို့ ပြောသည်။

လူမျိုးစု သန့် စင်ရေး ဖြစ်လာရန် ဆိုသည် မှာလည်း အရင် ကဖြစ်ခဲ့သော နောက်ခံ သမိုင်းကြောင်း နောက်ခံ သမိုင်း အခြေအနေများ အများကြီးပါဝင်ကြောင်း မိမိတို့ဘက်မှ သေချာနိုင်နင်းရန် လိုအပ် ကြောင်း ဦးအောင် မျိုးမင်းက ဆိုသည်။

အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပဋိပက္ခများအပေါ်ပြောဆိုမိခဲ့ပါက လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် ထင်မြင်ခံ ရခြင်း များရှိပြီး ၊အဓိကမှာ လူမျိုးပြဿနာ မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှု အားနည်း နေသော ကြောင့် ဖြစ်သည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းဇေယျက မဇ္ဈိမကို ရှင်းပြ သည်။

“ကျနော်တို့ ၈၈ မျိုးဆက်တွေက နှစ်ပေါင်း များစွာ တိုက်ပွဲ ဝင် လာ ခဲ့တဲ့ လူတွေ ဖြစ်တဲ့ အတွက် လူ့ အခွင့် အရေး အပေါ်မှာ အလေးအနက် တန်ဖိုး ထားတဲ့ လူတွေပါ။ လိပ်ပြာသန့်သန့်နဲ့ ခံယူထားပြီးသားပါ။ Humam Right Watch ရဲ့ အစီရင် ခံစာမှာ ဖော်ပြခဲ့တဲ့ စကားလုံး အသုံးအနှုန်း တွေဟာ ကျနော်တို့ စိတ် မကောင်း ဖြစ် ရတယ်။ စကားလုံး တွေက ကျနော်တို့ နိုင်ငံကို စော်ကား နေတယ်လို့ ခံစား ရတယ်။ ကျနော်တို့ ကတော့ ကန့်ကွက်မှာပါ”လို့ ကိုမင်းဇေယျ ကပြောသည်။

HRW ၏ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြား ရေးမှုး ဖီးလ်ရော ဘတ်ဆန်က “မြန်မာ အစိုးရဟာ ရိုဟင် ဂျာတွေ အတွက် အကူ အညီ ပေးတာ တွေကို ငြင်းပယ်ခြင်း၊ သွားလာ လှုပ်ရှား မှုတွေကို ကန့်သတ်ခြင်း တို့ဖြင့် လူမျိုးရေး တိုက်ခိုက် ရှင်းလင်းမှု တွေမှာ ပါဝင်ပတ် သတ်နေ ပါတယ်” ဟု အစီရင် ခံစာတွင် ပြော သည်။

ရခိုင် ပြည်နယ် အတွင်း၌ လူ အ များ အပြား သေ ဆုံးမှု ၄ ခုနှင့် ပတ် သတ်သော အထောက် အထားများ ၎င်းတို့ ထံတွင် ရှိသည် ဟုလည်း HRW ၏ အစီရင် ခံစာတွင် ဖော်ပြသည်။

အဓိ ကရုဏ်း ဖြစ်ရပ် များ အတွင်း သေဆုံးသူ ၁၈၀ ရှိ ကြောင်း၊ သေဆုံး သူများ ထဲတွင် ရခိုင် ဗုဒ္ဓ ဘာသာ ဝင်များ လည်း ပါဝင်ကြောင်း နေပြည်တော်က ကြေညာခဲ့သည်။

ဖြစ်ပျက် ခဲ့သော ကိ စ္စ များမှာ ဘာသာရေး အရ ဖြစ်ပွား ခဲ့ခြင်း မဟုတ်ကြောင်း စကားလုံး သုံးနှုန်း ထားခြင်းနှင့် ပတ်သတ်၍ လက်မ ခံနိုင်ကြောင်း၊ ဘာသာရေး အရ ပဋိပက္ခ ဖြစ်ပွား ခဲ့ခြင်း မြန်မာ နိုင်ငံမှာ မရှိ ခဲ့ကြောင်း ရခိုင် ဒီမို ကရေစီ အဖွဲ့ ချုပ်မှ အတွင်း ရေးမှူး ဦးမျိုးကျော်က မဇ္ဈိမ ကို ပြောသည်။

ခိုင်ခိုင် 
ရန်ကုန်(မဇ္ဈိမ) 

မိုးကောင်းဆရာတော် မီးရှို့အသတ်ခံရမှု စတင်စစ်ဆေး

Posted by drmyochit Wednesday, April 24, 2013, under | No comments


မိတ္ထီလာ၊ ဧပြီ ၂၂

မိတ္ထီလာ ပဋိ ပက္ခကို ပိုမို ကြီးထွား စေခဲ့သည့် မိုးကောင်း ကျောင်းတိုက် ဆရာတော် ဦးသောဘိတ (၄၅)နှစ်ကို အကြမ်း ဖက် သတ်ဖြတ်ခဲ့ မှုတွင် ပါဝင် ခဲ့သူ ခုနှစ်ဦးကို မိတ္ထီလာ ခရိုင် တရားရုံး၌ ဧပြီလ ၂၂ ရက်နေ့ တွင် ဒုတိယအကြိမ် ရုံးတင်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တရားရုံး ထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါ ဆရာတော်ဦးသောဘိတ သတ်မှုတွင် ပါဝင်ခဲ့သော မိတ္ထီလာမြို့ သီရိမင်္ဂလာနယ်မြေ (၁) တွင် နေထိုင် သူဖိုးချို (၃၃) နှစ်၊ မျိုးထွန်းထွန်း (၄၀)နှစ်၊ မျိုးညွန့်ဦး ( ၄၁)နှစ်၊ မျိုးဝင်း (ခ) ဒါရှိဂန်း (၄၆) နှစ်၊ မြတ်ကိုကို (ခ) အဏ္ဏဝါ ( ၂၀ ) နှစ်၊ ညီညီနိုင် (၁၈)နှစ်နှင့် ပြည်သာယာမြောက်ရပ်တွင် နေထိုင်သည့် ဇော်ထက် နိုင် (၃၁) နှစ်တို့ကို ( ပ) ၇၆ /၂၀၁၃ပြစ်မှုပုဒ်မ ၃၀၂ /၄၃၆/ ၁၁၄ တို့ဖြင့် မိတ္ထီလာမြို့အမှတ် (၂) ရဲတပ် ဖွဲ့စခန်းမှ ရဲအုပ်မြင့်သန်းက တရားလိုပြုလုပ်၍ မိတ္ထီလာခရိုင်တရားရုံး၌ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ တရားမကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ရုံးချိန်းကို ဧပြီလ ၂၂ ရက်နေ့ တွင် ထပ်မံဆင့်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း တရားရုံးထံမှ သိရှိရသည်။

အဆိုပါ ပြစ်မှု ဒုတိယအကြိမ်ရုံးချိန်း တွင် တရားလိုပြသက်သေ ခြောက်ဦးကို 
စစ်ဆေးကြား နာခဲ့ပြီး တတိယအကြိမ် တရားရုံးချိန်းကို ဧပြီလ၂၃ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန် ထွက်ပြေးလွတ်မြောက်လျက် ရှိသော မိတ္ထီလာမြို့ သီရိ မင်္ဂလာ နယ်မြေ (၂) တွင် နေထိုင်သည့် မော်လဝီကျော်နိုင် (၃၁) နှစ်၊ ကိုဝင်း(ခ) ကိုကိုဝင်း (ခ) ကျော်သူဝင်း (၂၆)နှစ်၊ စည်သူ (၂၆) နှစ်နှင့် သီရိမင်္ဂလာ နယ်မြေ (၁) တွင်နေထိုင်သူ ဟာဂျီမျိုးဝင်း (ခ) မျိုးညွန့် (ခ) အဒူ လမန် (၃၀) နှစ် တို့ကို တရားခံပြေးများအဖြစ် အမှုဖွင့်၍ ရှာဖွေ ဖမ်းဆီးလျက် ရှိကြောင်း အဆိုပါမြို့နယ် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါဆရာတော် ဦးသောဘိတ သတ်မှုသည် မိတ္ထီလာဒေသခံများ အထူး စိတ်ဝင်စားလျက်ရှိရာ ယင်းပြစ် မှု ဒုတိယ မြောက် ရုံးချိန်းကို ဒေသခံပြည်သူများ တရားရုံးပြင်ပတွင် လာရောက်နားထောင်ခဲ့ ကြသည်။

ပြီးခဲ့သည့် မတ်လ၂၀ရက်နေ့ ညနေ ၅နာရီခန့်က သာစည်မြို့နယ် ဟံဇားကျေးရွာ၊ မိုးကောင်းကျောင်းတိုက် ဆရာ တော် ဦးသောဘိတသည် မိတ္ထီလာ မြို့မဈေးကြီးသို့ မော်တော်ဆိုင်ကယ် ကယ်ရီဖြင့် လာရောက် ဈေးဝယ် ရာ သီရိမင်္ဂလာရပ်ကွက် ကားကြီးကွင်းနား အရောက်တွင် သီရိမင်္ဂလာနယ်မြေ (၁) နှင့်သီရိ မင်္ဂလာ နယ်မြေ (၂) တွင် နေထိုင်သည့် အကြမ်းဖက်လူတစ်စုက ဖမ်းဆီးရိုက်နှက်၍ ဓာတ်ဆီလောင်းမီးရှို့ ခဲ့ကြ ကြောင်း ဒေသခံ မျက်မြင်သက်သေများက ပြောကြားသည်။

ယင်းသို့အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ဆရာတော် ဦးသောဘိတကို ဒေသခံ လူငယ်အချို့က မိတ္ထီ လာမြို့ ပြည်သူ့ ဆေးရုံကြီး သို့ ပို့ဆောင်ကုသခဲ့သော်လည်း အဆိုပါည၌ ပင် ပျံလွန်တော်မူ သွားခဲ့ကြောင်း အဆိုပါ ဆေး ရုံကြီး၏ တာဝန်ကျ ဆရာဝန်များထံမှ စုံစမ်းသိရှိရသည်။

From: The Voice Weekly 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်