Saturday, April 27, 2013

သက်မွန်မြင့်နဲ့ စိုင်းစိုင်းခမ်းလှိုင်ချစ်သူ တွေဖြစ် နေကြပြီ ဆိုတဲ့ သတင်း မမှန်ကန်ကြောင်း စိုင်းစိုင်းခမ်းလှိုင်ပြောကြောင်း သောကြာနေ့ထုတ် မော်ဒန် ဂျာနယ်မှာဖော်ပြ

Posted by drmyochit Saturday, April 27, 2013, under | 1 comment


လူတချို့ ပြော နေကြ သလို မင်းသမီး သက်မွန်မြင့်နဲ့ သူနဲ့ ချစ်သူ တွေဖြစ် နေကြပြီ ဆိုတဲ့ အချက်က မမှန် ကန်ဘူး လို့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်း ခမ်းလှိုင်က ပြောဆို ကြောင်း သောကြာ နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်မှာ ရေးထားပါတယ်။

"ကျွန်တော် တို့ တစ်ယောက်နဲ့တစ်ယောက် ဆန်းဆန်းပြားပြား ဖြစ်ဖို့ အစီအစဉ်လည်း မရှိဘူး။ သူကလည်း ကျွန်တော့ ကို ကြိုက်မှာမဟုတ်ဘူး" လို့ စိုင်းစိုင်းက မော်ဒန်ဂျာနယ်ကို ပြောပါတယ်။

ဒီလ ဆန်းပိုင်း စတိတ်ရှိုးစင်ပေါ်မှာ စိုင်းစိုင်းနဲ့ သက်မွန်မြင့်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အနေအထားကို ကြည့် ပြီး သူတို့ နှစ်ဦး ငြိတွယ် နေကြပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တာပါ။

မင်းသမီး မင်းသားတို့ရဲ့ အတွင်းရေးတွေက တခါတရံ ပြင်ပကို ပေါက်ကြားလာတတ်ပါတယ်။
ဟုတ်တာတွေ လည်း ပါသလို ထင်ကြေးတွေလည်း ပါတတ်တာ တွေ့နေရပါတယ်။ 
 From: Irrawaddy

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများအား တပ်မတော်သားများက နေရပ် အသီးသီး ပြန်လည် ပို့ဆောင်ပေး

Posted by drmyochit Saturday, April 27, 2013, under | No comments



နေပြည်တော်  ဧပြီ  ၂၆

မိတ္ထီ လာ မြို့နယ် အတွင်း ကယ်ဆယ်ရေး စခန်းအသီးသီးရှိ ပြည်သူ များအား နယ်မြေ တည်ငြိမ် အေးချမ်း ပြီ ဖြစ် သဖြင့် နေရပ်ဒေသ အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးလျက် ရှိရာ  ဧပြီ ၂၄ ရက်က မိတ္ထီလာမြို့ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်းရှိ မိသားစု ၁၆၈ စု၊ လူဦးရေ ၅၈၇ ဦးနှင့် ဗဟို ပို့ဆောင် ဆက်သွယ်ရေး ကျောင်းကယ်ဆယ်ရေး စခန်းရှိ မိသားစု ၃၂ စု၊ လူဦးရေ ၉၅ ဦးတို့ အား တပ်မတော် ယာဉ်များဖြင့် ၄င်းတို့၏ နေရပ် အသီးသီး သို့ တပ် မတော် သားများမှ ဝိုင်းဝန်းကူညီ၍ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

From : ..မြဝတီ 

အိမ်ဖော်အား ငှက်ပျောသီး ၊ ပုလင်းများဖြင့် အနိုင်ကျင့်ခဲ့သည့် ညီအမ ထောင်ဒဏ်ထပ်တိုး

Posted by drmyochit Saturday, April 27, 2013, under | No comments


လွန်ခဲ့သော 2003 ခုနှစ် နိုဝင်ဘာ လမှ 2014 စက်တင် ဘာလအထိ တစ်နှစ်တိတိအတွင်း Wong Choy Ling နှင့် Wong Choy Kin ညီအမ ၂ ဦးတို့သည် မိမိ အိမ်တွင် ခိုင်းစေရန် ငှားရမ်း ထားသည့် အိမ်ဖော် အင် ဒို နီး ရှားသူ Hanif Muawanah Muhyi အား ငှက်ပျောသီး ၊ ပုလင်း စသည် တို့ဖြင့် အနိုင်ကျင့် နှိပ် စက်ကြောင်း ကို Hanif မှ တိုင်ကြားခဲ့ သည့် အတွက် Petaling Jaya တရားရုံး တွင် တရားဆွဲ ခံခဲ့ကြရပါ တယ်။

Taman Bukit Serdang, Seri Kembangan အိမ်တွင်းမှာပင် တစ်နှစ်အတွင်း မကြာခဏ ထိုသို့ပြု ကျင့် ရုံမျှ မက လက်ခံ နိုင်စရာ မရှိသော ရုန့်ရင်းကြမ်း တမ်းမှု့အဖြစ် အိမ်ဖော်၏ ဒွာရ ပေါက်များထဲသို့ ဘီစ ကွတ် များ ထည့်ကာ ရက်စက် မှု့ကိုပြု ကျင့်ကြောင်းတရားရုံးမှတွေ့ရှိခဲ့ပါတယ် ။

ထိုသို့ နှိပ်စက်မှု့အတွက် Hahif မှတရားစွဲနိုင်ခဲ့ပြီး 2011 အောက်တိုဘာ 13ရက်နေ့တွင် မူ Pataling Jaya တရားရုံးမှ အဆိုပါ ညီအမအား အိမ်ဖော်အား နာကျင်စေမှု့ကြောင့် ထောင်ဒဏ် 8 လ နှင့် ရက်စက် ကြမ်း ကြုတ်မှု့ အတွက် ထောင်ဒဏ် 2 နှစ်ချမှတ်ကာ အမှု့အဆုံးသတ်ခဲ့ပါတယ် ။ အဆိုပါ ဆုံးဖြတ်မှု့ကို Choy Ling, 41, နှစ်နှင့် Choy Kin, 39,တို့ ကသနားခံစာတင်ခဲ့ကြရာ Shah Alam တရားရုံးတော်မှ လက် ခံပဲ ပယ်ချပစ်ခဲ့ပါတယ် ။ 

ထိုသို့လက်မခံသောကြောင့် အဆိုပါညီအမ နှစ်ဦးတို့က Pataling Jaya တရားရုံးများသို့ဆက်လက် လျှောက် ထားသောကြောင့် တရားရုံးချုပ်တရားသူကြီး ၃ ဦးပါသော အဖွဲ့ဖွဲ့ကာ ဆက်လက်စုံစမ်းမှု့ များပြု လုပ် အပြီး မတရားကျင့်မှု့ထင်ရှားသောကြောင့် ယခင်ထောင်ဒဏ် ၂ နှစ် ၈ လချမှတ်ထားသည့် ပစ်မှု့အား ထောင်ဒဏ် 5 နှစ်သို့ပြောင်းလဲချမှတ်ကာ တရားဥပဒေတွင် နိုင်ရာစားမရှိကြောင်းပြသခဲ့ပါတယ် ။
သို့ကြောင့် 2011 အောက်တိုဘာလမှ စတင်ဖမ်းဆီးခံခဲ့ရသော ညီအမ နှစ်ဦးဖြစ်သူ Wong Choy Ling နှင့် Wong Choy Kinတို့သည် သနားခံစာတင်ကာ တရားရုံးမှ ဆုံးဖြတ်ချက်အား စောဒက တက်သောေ ကြာင့် မကြာမီထွက်ရမည့် အစား လာမည့် 2006 ခုနှစ်တိုင် 5 နှစ်ပြည့်အောင် ထောင်ဒဏ်ကြ ခံရတော့ မည်ဖြစ်ပါတယ်။

မြန်မာညီအကိုမောင်နှမများအဖို့ အိမ်ဖော် ပုံပြင်များစွာအား နား ၊ မျက်စိတို့ဖြင့် ကြားသိနေကြရပေမယ့် ယခု ကဲ့သို့ ကြမ်းကြုတ်မှု့များကြားရသောအခါ လွန်စွာအံအားသင့်ပြီး အဖွဲ့ဝင်များလည်းသိရှိသင့်လို့ ဘာ သာပြန်ေ ပးခြင်းပါ ။
မလေးရှားသာမက အရှေ့တောင်အာရှနိုင်ငံများ အတွင်း တိုးတက်ဆဲနိုင်ငံများဖြစ်ကြသည့် စင်္ကာပူ ၊ ထိုင်း နိုင်ငံ တို့ တွင်လည်း အိမ်ဖော်အားလူမဆန်စွာနှိပ်ဆက်မှု့များ ရှိခဲ့ပြီး ထိုသို့ဖြစ်ပျက်မှု့များတွင် တရားဆွဲ ဆိုနိုင် ခဲ့သော အမှု့များအားသတင်းအဖြစ်ဖတ်နိုင်ကြပေမည့် သတင်းစာပေါ်သို့တက်မလာသော အမှု့ များ စွာ ဖြစ်ပျက်နေဆဲဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူ ရှေ့နေမှ ယနေ့စကားဝိုင်းတွင် ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာသို့ အလုပ်သမားအဖြစ်ရောက်ရှိလာကြမည့် ၊ ထွက်ခွာလာကြမည့် မြန်မာနိုင်ငံ သားများ အတွက် သတိ ၊ အသိများရရှိစေရန် သာမက တတ်နိုင်လျှင် မြန်မာအမျိုးသမီးငယ်များ မည်သည့်အ လုပ် ကို လုပ်မည်ဖြစ်စေ စဉ်းစားဆုံးဖြတ်နိုင်ကြစေရန် စေတနာဖြင့် တင်ဆက်လိုက်ရပါတယ် ။ 

From : Myanmar Express

ပြည်မြို့က လူသတ်မှုကြောင့် သေဆုံးသွားရသူ ဈာပန မြင်ကွင်းများ

Posted by drmyochit Saturday, April 27, 2013, under | No comments


ဧပြီလ ၂၃ ရက်ညက ပြည်မြို့၌ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကြောင့် သေဆုံးသွားခဲ့ရသူ မောင်ဇော်မင်းဦးရဲ့ ဈာ ပန မြင် ကွင်းတွေပါ။ 

အဆိုပါ လူသတ်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူ ၃ ဦးစလုံးကို ယခုအခါ ခလရ (၇၅) တပ်ရင်း အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးတွေ လုပ်သွားမယ်လို့ သိရပါတယ်။ 

ယမန်နေ့က သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦးရဲ ဈာပနကို လာရောက်ပြီး DNA ထုတ်ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီးနေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်းထောက်များအား စစ်ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ ပြောသွားခဲ့တာပါ။ 

တနေ့ည ၉ နာရီလောက်က ပြည်မြို့ ဆင်စု ရပ်ကွက် အနားက ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) မှာ ချိန်းတွေ့နေတဲ့ သမီးရည်းစား စုံတွဲကို လူ ၃ ဦးက ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိလိုက်ချိန်မှာ တပ်မတော်သားများ ဖြစ်နေခဲ့တာပါ။ 

အဖမ်းခံရသည့် တပ်သား  ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကိုတော့ ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်းကို ပြန်လွှဲခဲ့လို့တပ်အချုပ်မှာ ချုပ်နှောင်ထားကြောင်း၊ လွတ်မြောက်သွားတဲ့ တပ်သား သန်းဝင်းအောင်ကိုလည်း တပ်ရင်းကို ပြန်အလာမှာ ဖမ်းဆီးပြီး အချုပ်ချထားခဲ့ကြောင်း သိရပါတယ်။ 

ဒီ အကြောင်း သတင်း အပြည့် အစုံ ကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက် နှာမှာ ကောင်းမြတ်မင်း  ရေးသား တင်ပြ ထားတဲ့ ပြည်မြို့  လူသတ်မှု စစ်ခုံရုံး ဖွဲ့စစ်မည် ( http://burma.irrawaddy.org/ archives/38337 ) ဆိုတဲ့ သတင်းမှာ တင်ပြထားပါတယ်။ 

















From: Irrawaddy

နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ရန် ဆုံးဖြတ်ထားမှု မြောက်ကိုရီးယား ထုတ်ဖော် ပြောကြား

Posted by drmyochit Saturday, April 27, 2013, under | No comments

 
ဆိုးလ် ဧပြီ ၂၆ 

မြောက် ကိုရီးယား နိုင်ငံသည် ဧပြီ ၂၅ ရက်က ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အခမ်း အနား ၌ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယား နိုင်ငံအား နျူကလီးယား အင် အားကြီး နိုင်ငံအဖြစ် ရှုမြင် လာစေရေး ဆုံးဖြတ် ထားမှုအား ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံနှင့် ပြည်ပရှိ ၎င်း၏စစ် အခြေစိုက် စခန်းများအား ဒုံးကျည်ဖြင့် တိုက်ခိုက်မည့် အစီအ စဉ်နှင့် ပတ်သက် ၍ ကင်ဂျုံအွန်အား နိုင်ငံ့ ခေါင်းဆောင်ကြီး အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ကြောင်း သိရ သည်။ 

၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ကျရောက်မည့် ကိုရီးယား စစ်ရပ်စဲရေး စာချုပ်သက်တမ်း နှစ်(၆ဝ) ပြည့်သည့် အ ချိန် တွင် မြောက်ကိုရီးယား နိုင်ငံ သည် နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် အမေရိကန် နိုင်ငံ၏ အသိ အမှတ်ပြု ခံရရေး ရည်မှန်း ထားကြောင်း သိရသည်။ 

မြောက်ကိုရီးယား နိုင်ငံသည် နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှ နေ၍ ဒုံးကျည် များ ပစ်လွှတ်ရန် အတွက် အသင့်ပြင် ဆင် ထားဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်း မှာပင် မြောက်ကိုရီးယား တာဝန်ရှိသူ များသည် အမေရိ ကန်၊ တောင်ကိုရီးယား နိုင်ငံတို့နှင့် ဆွေးနွေးမှု ပြုလုပ်ရန် အတွက် သတ်မှတ်ချက် များ ရေးဆွဲ ထားကြောင်းနှင့် အဆိုပါ သတ်မှတ်ချက် များတွင် အမေရိကန် - တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့် မှုများ ရပ်တန့်ရေး ဟူသည့် အချက် ပါဝင်ကြောင်း သိရသည်။
 
From: မြ၀တီ 

ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာ (၁၀)နေရာ

Posted by drmyochit Saturday, April 27, 2013, under | No comments


 ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည်

၎င်းတို့မှာ...

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။

(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။
(ဖာယီယန် ၏ မှတ်တမ်းအရ)

(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာ တစ်ဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ ဆံတော်ရှင် ဓာတ်တော် အနီး ရှိ ခြေတော်ရာတစ်ဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်, အထက် ခြေတော်ရာ နှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော် ရာတစ်ဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။

စသည် တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ

ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြု ထားပါသည်...။

မြတ်စွာ ဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ

သုနာပ ရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ်

လယ်ကိုင်း ကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။

ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့

ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်

လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။

ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏

လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို

တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ် ခဲ့ကြ သည်ဟု ဆိုကြသည်။

သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင်

ပွဲတော် များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး

တောင်ဖီ လာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့်
ပွင့်ပေါ် လာခြင်းဖြစ်ကြောင်းမှတ်သားရပါသည်...။

သတင်းချစ်သူ - ဝေဟင်

ကျွန်တော်တို့ပြစ်မှုကျူးလွန်ရင်ဥပဒေအရအရေးယူပြီးသူတို့ကြတော့ဘာလို့အရေးမယူတာလဲ

Posted by drmyochit Saturday, April 27, 2013, under | No comments



မကြာသေးမီကဖြစ်ပွားခဲ့ သော တပ်မ တော် ကာ ကွယ်ရေး ဦးစီးချုပ်၏မြေးက ယာဉ်ထိမ်းရဲ တပ်သား တစ်ဦး အား ရိုက်နှက်ခဲ့ သည့်ကိစ္စနှင့်ပတ်သက်၍ ကုန် ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကို ထင်ကျော်က ““ကျွန် တော် တို့ပြစ် မှုကျူးလွန်ရင် ဥပဒေအရအရေး ယူပြီး သူ တို့ကြ တော့ ဘာလို့ အရေးမယူတာလဲ””ဟု ဧပြီလ ၂၄ ရက်က ရန်ကုန်မြို့၊ ကျောက် တံတားမြို့နယ် MJN ခန်းမ တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။
 
““ကျွန်တော်တို့ နိုင်ငံက တရားဥပဒေအထက်လူပုဂိ္ဂုလ် တွေရှိနေပါတယ်။ ဘာလို့ဒီလို ပြောရ တာလည်း ဆိုတော့ ကျွန် တော်တို့ပြစ်မှုကျူးလွန်တယ်ဆို ရင် ရဲတွေက ပုဒ်မတွေတစ်သီ ကြီးတပ်ပြီးတော့ အရေး ယူတယ်။ ကျွန်တော်တို့က ပြစ်မှုကျူးလွန် တယ်ဆိုရင် ကျွန်တော်တို့ကို ဖမ်း ပါ။ ကျွန်တော်တို့ခံပါမယ်။ သူတို့ ကြ တော့ ဘာလို့အရေးမယူတာ လဲ။ ရဲတစ်ယောက် ပါးရိုက် ခံရတာဟာ ပြည်ထဲရေးဝန်ကြီး ဌာန တစ် ခုလုံးကို ပါးရိုက်တာနဲ့  အတူတူပဲ။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းမှာ အမှု သွားဖွင့် တယ်။ ဘယ်စခန်း ကမှ အမှုမဖွင့်ပေးဘူး””ဟု ပြော ကြားခဲ့သည်။
 
ရိုက် နှက်ခံ ရသူ ကာယကံ ရှင်ကမူ ၎င်း အ နေဖြင့် အမှုမဖွင့် လိုကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်းသာ နေ လိုကြောင်း၊ လျော်ကြေးငွေ သိန်း ၃၀၀၀ ယူသည်ဆိုခြင်းမှာ လည်း မဟုတ်ကြောင်း မီဒီယာ အချို့သို့ ပြောကြား ထားကြောင်း သိရသည်။ 

ဖြိုးအောင်
The Hot News 

အဖြေရှာမတွေ့သေးသော လက်ပံတောင်း ပဋိပက္ခ

Posted by drmyochit Saturday, April 27, 2013, under | No comments


လက်ပံတောင်းမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်း တောင် ဒေသမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ တွေနဲ့ တင်းမာမှု တွေ ဖြစ်နေတယ်လို့ သတင်းရပါတယ်။

ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာသစ်အနီးမှာ ဒေသခံ ၁၀၀၀ ၀န်းကျင်ရှိတဲ့ ဆန္ဒပြ လူအုပ်က ထန်းလက် ပျား တုတ် စသည် ကိုင်ဆောင်ပြီး ယမန်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ သူတွေ ပြန်လွှတ် ပေးရေးအတွက် တောင်း ဆိုစဉ် မှာ လုံခြုံရေး ရဲအင်အား ၂၀၀ လောက်က ဟန့်တားခဲ့ရာက တင်းမာမှုဖြစ်တာလို့ ဒေသခံ တဦးက ဧရာဝတီ ကို ပြောပါတယ်။

ဆန္ဒပြသူတွေက မုံရွာမြို့ကို တက်ပြီး ဆန္ဒပြဖို့ တောင်းဆိုနေမှုကို ရဲတပ်ဖွဲ့ဘက်ကလည်း ခွင့်မပြု နိုင်ကြောင်း၊ ဆန္ဒပြသူတွေဘက်ကလည်း ယမန်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်စိုးအပါအ၀င် ဒဏ်ရာရ သူတွေ အတွက် ဆန္ဒပြတာ ဖြစ်တယ်လို့ ဆိုပြီး တင်းမာမှုကနေ လုံခြုံရေး ရဲတပ်ဖွဲ့တွေက ရဲကားတွေ ပတ်ဝန်း ကျင်မှာ နေရာယူထားတယ်လို့ ဆိုပါတယ်။

"ကိုအောင် စိုး၊ ကိုစိုးသူ၊ ကိုမောင်စန်းတို့ကို ချက်ချင်းလွှတ်"လို့လည်း ဆန္ဒပြသူတွေက သံပြိုင်အော် ဟစ် နေကြပါ တယ်။

လုံခြုံရေး ရဲတပ်ဖွဲ့တွေက စည်း ၃ စည်း တား ထားပြီး ကျော်လာပါက ပစ်ခတ်အရေးယူမှာ ဖြစ်တယ်လို့ သတိပေး နေကြောင်း လည်း သိရပါတယ်။

ဒေသခံတချို့ က ပြောတာကတော့ ယမန်နေ့က နေပြည်တော်က အစည်းအဝေး ဆုံးဖြတ်ချက် တခုကို အတည် မပြုနိုင် ပေမယ့် ကြားသိချက်တွေအရ ဆန္ဒပြ လယ်သမားတွေကို ပစ်ခတ်ခြေမှုန်းရန် အစီအစဉ် ရှိတဲ့အတွက် ဆန္ဒပြသူတွေ ဘက်က ကျူးလွန်မှုတခုခုကို စောင့်ဆိုင်းနေတယ်လို့ လည်း ဆိုနေကြပါတယ်။

ယမန်နေ့က လယ်ယာမြေတွေအပေါ် လယ်သမားတွေက နွားလှည်းတွေနဲ့ထွန်ယက်မှုကို ဟန့်တားပြီး လုံခြုံ ရေး ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းနည်းသုံး ပစ်ခတ်၊ ဖမ်းဆီးမှုကြောင့် ၁ ဦး သေနတ်ဒဏ်ရာရပြီး အခြား ထိခိုက် ဒဏ်ရာရသူ တွေလည်း ရှိခဲ့လို့ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ မည်သည့် အကြမ်းဖက်နှိမ်နင်းမှုကို မဆို မလိုလားကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာတော့ ယမန်နေ့က အခင်းဖြစ်စဉ်ကို ဓာတ်ပုံများနှင့် တကွ ဖော်ပြ ထားပြီး ထန်းလက်ပြား ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့အား အော်ဟစ်နေသည့် ဒေသခံရွာသူများ၏ ဓာတ်ပုံနှင့် သတင်းကို ဖော်ပြထား ပါတယ်။

နိုင်ငံပိုင် သတင်းစာတွေ အဆိုအရ ယမန်နေ့က တင်းမာမှုကြောင့် ရဲတပ်ဖွဲ့ ၁၅ ဦး ဒဏ်ရာရခဲ့ပြီး ဆန္ဒပြသူ ဘက်က ၃ ဦး ဒဏ်ရာရပြီး ဒေသခံ တချို့ကို ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ထပ် ကြား သိရတဲ့သတင်းတွေအရ လက်နက်၊ လူအင်အားအပြည့်နဲ့ နောက်ထပ် ရဲကား ၅ စီး ထပ်ရောက် တယ်လို့ သိရပြီး ရဲလုံခြုံရေး အင်အားများတွင် ရဲမေတွေလည်း ပါတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ကြားသိရတဲ့ သတင်းအချက်အလက်တွေအရ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက တားဆီးထားတဲ့ စည်း ၃ စည်းကို ဆန္ဒပြ ဒေသခံတွေက မကျူးကျော်ပဲ ပိုစတာများ ကိုင်ဆောင်ကာ နောက်ပြန် ဆုတ် သွားခဲ့တယ်လို့ ဆိုပါတယ်။


ဧရာဝတီ

ကျောင်းငွေကို အလွဲသုံးစားလုပ်တဲ့ ကျောင်းအုပ်ဆရာကြီး

Posted by drmyochit Saturday, April 27, 2013, under | No comments


စင်္ကာပူ နိုင်ငံတွင် အသက်(၆၅)နှစ်အရွယ် Maris Stella အထက် တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးဟာ ကျောင်းမှ အဆောက် အဦ ပြန်လည် ပြုပြင် တည်ဆောက်ရန် ထား သည့် ရန်ပုံငွေ စင်္ကာပူဒေါ်လာ ခြောက်သောင်း ခုနှစ်ထောင့် ခုနှစ် ရာ အား အလွဲသုံးစား လုပ်ထားတာကို တရားရုံးက စစ်ဆေး တွေ့ ရှိ ရကြောင်း သိရသည်။

ထိုကဲ့သို့ အလွဲသုံးစား လုပ်ထားသည့် ကျောင်းအုပ် ဆရာကြီး အား ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် ဇွန်လ (၂၈)ရက်နေ့ တွင် တရားရုံးက အပြီးအပြတ် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

Source : Straitstimes
ပုံရိပ်(burmesehearts.com) 

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်မည်ဟု ဦးအောင်မင်း ပြော

Posted by drmyochit Saturday, April 27, 2013, under | No comments


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ် အောင် ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာ နိုင်ငံသား များနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ဆင် ရေးနှင့် ပတ် သက်ပြီး မေးမြန်းကြရာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်း နေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူများ အပေါ် မူတည် သည်ဟု ဦးအောင်မင်းက ပြောဆိုသွားကြောင်း လွတ်လပ်သည့် အာရှအသံ (RFA) မြန်မာပိုင်းတွင် ထုတ် လွှင့် သွားသည်။

NLD ပါတီ၏ နာယက ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ပါဝင် အရွေးခံနိုင်ရန် အချက် တချို့ကို ပြင်ဆင်ပေးနိုင် ဖွယ် ရှိကြောင်း၊ ပြင်ဆင်သော်လည်း စစ်တပ်၏အခန်းကဏ္ဍသည် နိုင်ငံရေးမှ ပျောက် သွားမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)အနေဖြင့် လည်း ၎င်းတို့၏ အာဏာခိုင်မြဲရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင် ပေးရင် တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ်အောင် လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံ မှုများမှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦး သည် ပြည်ပနိုင်ငံ အစိုးရ၏ ကျေးဇူး သစ္စာစောင့်သိသူ၊ အခွင့်အရေးများနှင့် ကျေးဇူးခံ စားသူများ မဖြစ်စေရဟု ဖော်ပြထားသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး ကမူ ၎င်းတို့ပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး အတွက် မည့်သည့် အစီအစဉ်မှ မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ဘာမှ မစဉ်းစားသေးပါဘူး၊ ပြင်ချင်တိုင်းလည်း ပြင်လို့မ ရပါဘူး၊ ပြင်မယ် ဆိုရင်လည်း အားလုံးကို ကြိုတင် အသိပေးမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦး ဌေးဦး က ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင် သိန်းလင်း ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒု သမ္မတ တဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြု တင် သွင်းခြင်း အချက်ကို ပယ်ဖျက် လိုကြောင်း မီဒီယာများကို ပြောဆိုသည်ဟု ပြည်တွင်းထုတ် Messenger News Journal တွင် ရေးသားသည်။

ဦးအောင်သိန်းလင်းက “ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့သူသာ သမ္မတ ဖြစ်သွားမယ်ဆိုရင် သမ္မတ ကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ အချက်ကို ပြင်ဆင်ချင်တယ်”ဟု ဆို သည်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ဒု သမ္မတ ၃ ဦးရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်မှ ၁ ဦး၊ အမျိုးသား လွှတ်တော် မှ ၁ ဦးစီနှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသူ ၁ ဦးဖြစ်ပြီး ထို ၃ ဦးမှ ၁ ဦးကို နိုင်ငံ တော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်သည်။

ဦးအောင်သိန်းလင်း၏ ပြောဆိုမှုသည် ပါတီနှင့်မသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက် ၍လည်း ပါတီ အနေဖြင့် မည်သည့် အစည်းအဝေးမှ မလုပ်ဆောင်ရသေးကြောင်း ဦးဌေးဦးက ပြော သည်။

ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုပါကလည်း လူပုဂ္ဂိုလ်၊ ပါတီတခု၏ လုပ်ဆောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကော်မ တီ၊ ကော်မရှင် များ၏ စဉ်းစားသုံးသပ်မှုသည် ကောင်းမွန်မည်ဟု ယူဆ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သုံးသပ် မည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း ၏ရန် ပြည် ထောင်စု လွှတ်တော် က သဘောတူ အတည်ပြု ပေးခဲ့ ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဦးဌေးဦးက“ဖွဲ့စည်းပုံကို ဘယ်ပါတီ၊ ဘယ်အဖွဲ့ကပဲ ပြင်ပြင်၊ ပြင်ချင်တယ်ဆိုရင် ကော်မတီ၊ ကော်မတီရှင်က စဉ်းစား တာဟာ အ ကောင်းဆုံးပါ”ဟု ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး”အဆို တခုကို  ကြံ့ခိုင်ရေး ပါတီ ၏ ဒု ဥက္ကဋ္ဌ နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က မတ်လအတွင်း ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရာ ကြံ့ခိုင်ရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေးခဲ့သည်။

ထိုအဆိုကို ပြည်ထောင်စုလွှတ်တော် ကလည်း သဘောတူ အတည်ပြုပေးခဲ့သည်။ အဆိုပါ ကော်မတီ၊ ကော်မ ရှင်များကို ဇူလိုင်လ တွင် ပြန်စမည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းမည်ဟု ကိုယ်စား လှယ်များ က ပြောသည်။

ယင်းသို့ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို လက်ဦးမှု ရယူလိုက်ပြီး ကန့်သတ်မှုများ လုပ်ဆောင် လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောဆိုကြသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီ တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့က ကြိုးပမ်း ဆောင်ရွက် နေ ချိန်တွင် “ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းရေး” အဆို တင်ခြင်း သည် ကန့်သတ်လိုသည့် သဘော ဟုတ် မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်တိုင်း ရင်းသား များ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က လည်း ဧရာဝတီ ကို ပြော သည်။

ဖွဲ့စည်းပုံ၌ ဒီမိုကရေစီ မကျသည့် အချက်များနှင့် တိုင်းရင်းသား အရေးနှင့်ပတ်သက်သော စာပိုဒ်တချို့ ပြင်ဆင် နိုင်ရန် ကြိုး ပမ်းနေ ကြောင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများအတွက် စေတနာ အပြည့် အ၀ဖြင့် အားလုံးက ၀ိုင်းဝန်း ပြင်ဆင်သင့်ကြောင်း၊ ကြံ့ ခိုင်ရေး အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာ မည့်အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ ထောက်ခံမှု ရရှိရေးအပေါ် မူတည်ကြောင်း၊ လွှတ်တော်၌ စစ်တပ်က ပါဝင် နေသည့် အတွက် နိုင်ငံရေး နောက်ပြန်လှည့်နိုင် ခြေ နည်းပါးကြောင်း ဧရာဝတီ ကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အချက် တခုခုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင် နှုန်း၏ ထောက် ခံ မှုဖြင့် အဆို တင်သွင်းရမည် ဖြစ်ကြောင်း၊ အခန်း တခုခု၏ ပြဌာန်းချက်ကို ပြင်ဆင် လိုပါ ကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘော တူညီ မှု ရှိရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကျင်းပ၍ ယင်းဆန္ဒမဲ အရသာ ပြင်ဆင်နိုင် မည်ဖြစ်ကြောင်း ၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည်။

လွှတ်တော်ထဲ၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး အရပ်ဘက် ကိုယ်စားလှယ် အများစု မှာလည်း ကြံ့ခိုင်ရေးပါတီ ၏ ကိုယ်စားလှယ်များ ဖြစ်သည်။

ဧရာဝတီ

ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရှိမှု တောင်တွင်းကြီး ဆည်ကုန်း ရပ်တွင် ဖြစ်ပွား

Posted by drmyochit Saturday, April 27, 2013, under | No comments


မကွေး တိုင်း ဒေသကြီး၊ တောင် တွင်းကြီးမြို့နယ်၊ ဆည်ကုန်း ရပ် ကွက်တွင် ၀ိုင်းဝန်းရိုက်နှက်မှု တစ်ခုဖြစ် ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ၂၄-၄-၂၀၁၃ ရက် နံနက် ၁၁ နာရီ ၃၀ အချိန် ခန့်တွင် ကုက်္ကိုကုန်းအုပ်စု ဆည် ကုန်းရပ်နေ မိုင်မျိုး သန္တာ အောင် ၁၆ နှစ်သည် ဖခင်ဦးအောင်လံ၊ မိခင်ဒေါ် ခင်သွယ် ၀င်း၊ မောင် အရင်းဖြစ်သူ အောင် မျိုးမင်း တို့ နှင့်အတူ နေအိမ်၌ ရှိနေစဉ် ၂၃-၄-၂၀၁၃ ရက်က အဒေါ်အရင်း ဖြစ်သူ ဒေါ်ထွေးထွေးယုနှင့် အဒေါ် ၀မ်းကွဲ တော်သူ မရိုမီခင် တို့ စကားများသည့်ကိစ်္စနှင့်ပတ် သက်ဆက်နွယ်ကာ မကျေနပ်၍ အိမ်၏ နောက်ကျော ချင်း ကပ်နေ ဦးရောဘတ်(၄၃)နှစ် (ဘ)ဦးမောင် မြတို့မှ ဦးရောဘတ်၏ နေအိမ် ၀ိုင်းဖက်မှ ထင်းချောင်း တုတ် များ ဖြင့် ပစ်ခတ်ပြီး ၎င်းတို့ ၄ ဦးသည် ပေါက်ပြား၊ ထင်းချောင်းများကိုင် ဆောင်၍ နေအိမ်ဝိုင်း အတွင်းသို့ ၀င်ရောက် လာပြီး ၀ိုင်းရိုက်နှက် ကြသည်ဆို၏။ 

အဆိုပါရိုက်နှက် ခံရမှုကြောင့် ဦးအောင်လံတွင် ၀ဲ ဘက်ဂျိုဇောင်း ၁လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက် ငယ် ထိပ် ၃ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ခါး နာကျင်ဒဏ်ရာ(စိုးရိမ်ရ)ဒေါ်ခင် သွယ်ဝင်းတွင် ၀ဲဘက်လက်ဖျံ ၁ လက် မခန့် ပေါက်ပြဲဒဏ်ရာ၊ ခါး ယာဘက်ခြမ်းညိုမဲဒဏ်ရာ၊ မိုင် မျိုးသန္တာအောင်တွင် ၀ဲဘက် လက်မောင်း ရင်းနာ ကျင်ဒဏ်ရာ ၊ ယာဘက်လက်ခလယ်ညိုမဲဒဏ် ရာဝဲဘက်ဒူးခေါင်းဖုရောင်ဒဏ် ရာ၊ မောင်အောင် မျိုးမင်းတွင် ၀ဲ ဘက်လက်ပြင်နာကျင်ဒဏ်ရာ၊ ၀ဲ ဘက်ခြေစုံနာကျင်ဒဏ်ရာအသီး သီး ရရှိခဲ့ သည်ဆို၏။ 

ယင်းဖြစ် စဉ်နှင့်ပတ်သက်၍ မမိုင်မျိုးသန္တာ အောင်မှ ရောဘတ်၊ သံလွင်စိုး၊ မိုင်မောင်နောင်ခင်၊ မရိုမီခင်တို့ ၄ ဦးအား ဥပဒေအရ အရေးယူပေး ပါရန် တရားလိုပြုလုပ်တိုင်တန်း သဖြင့် ကုက်္ကိုကုန်းရဲစခန်းမှ (ပ) ၂၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၅/  ၃၂၆/၄၅၁ ဖြင့် အမှုရေးဖွင့်ပြီး စစ်ဆေးနေကြောင်း သိရသည်။ ယင်းသို့ စစ်ဆေး ဆောင်ရွက် နေစဉ် ဦးအောင်လံ ၅၉ နှစ်(ဘ)ဦးပိုချစ် ဆည်ကုန်းရပ်ကုက်္ကိုကုန်းအုပ်စုနေ သူမှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ဆေးကုသမှု ခံယူရန် သွားရောက်စဉ် ၂၄-၄-၂၀၁၃ ရက် ည ၇ နာရီ အချိန် ဆေးရုံသို့အရောက် ရရှိဒဏ်ရာ ဖြင့် သေဆုံးသွားကြောင်း သမီး အရင်းဖြစ်သူ မနော်မီမှ ၂၅/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၅/၃၂၆/ ၄၅၁ မှ ပြစ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအရေးယူထားကြောင်း သတင်း ရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
HOT NEWS WEEKLY JOURNAL 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်