Sunday, May 05, 2013

ပါးစပ်ဖြင့်လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါပိုမိုဖြစ်ပွားစေနိုင်

Posted by drmyochit Sunday, May 05, 2013, under | No comments


( ဆေးပညာ အသိဖြင့် )

ပါးစပ်ဖြင့် လိင်မှု ဆက်ဆံခြင်း ဟာ ဆေးလိပ် သောက်ခြင်း ထက် လည်ချောင်း ကင်ဆာ ရောဂါ ပိုမိုဖြစ်ပွား စေနိုင် တယ်လို့ ဆိုပါတယ်...

သဘာဝကို ဆန့်ကျင် သူတွေ အတွက် သဘာဝရဲ့ ဒဏ်ခတ်ချက်.... သဘာဝနှင့် ဆန့် ကျင်စွာ ပါးစပ်ဖြင့် လိင်မှု ဆက်ဆံခြင်း ဟာ ဆေးလိပ် သောက်ခြင်းထက် လည်ချောင်း ကင်ဆာ ရောဂါ ပိုမိုဖြစ်ပွား စေနိုင် တယ်လို့ ဆိုပါတယ်...ပါးစပ်ဖြင့် ချစ်သူကြင်ဖက်( အခ ကြေးငွေ ပေးပြီး ပျော်ပါးသူ )၏ ပန်း အစုံကို နမ်းငုံ ခြင်းဟာ ယခု အခါတွင် အသက် ၅၀အောက် အရွယ် များတွင် ခံတွင်း အတွင်း ရောဂါပိုး ကူး စက်ပျံ့ ပွားပြီး ( papillomavirus ရောဂါပိုး )လည်ချောင်းကင်ဆာဖြစ်ရခြင်း၏ အဓိကအချက်အလက်၊ အကြောင်း တရားဖြစ် နေပါ သည်ဟု အင်္ဂလန် နိုင်ငံထုတ် ဒေလီမေးလ် သတင်းစာကြီးကဖော်ပြခဲ့ ပါတယ်...

HPV ( Human Papillomavirus ) ဟုခေါ်သည့်  အဆိုပါ ခံတွင်းအတွင်းပျံ့ ပွားသည့် ရောဂါပိုးဟာ လွန်ခဲ သည့် ဆယ်စု နှစ်များ အတွင်း အသက်အန္တရယ် ထိခိုက်စေသည် အထိဖြစ်နိုင်သောပါးစပ်နှင့် လည်ချောင်း ဆိုင်ရာ ကင်ဆာ ရောဂါများ တိုးပွားရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့ပါတယ်...ကိုလံဘတ်မြု မှ အိုဟိုင် ယိုပြည်နယ် တက္ကသိုလ် ပါမောက္ခ မော်ရာဂစ်ဘဆွန်က ( ပါးစပ်ခံတွင်းဖြင့် ) လိင်ဆက် ဆံမှု ကြောင့် ဖြစ်ပွားသည့် လည်ချောင်း၊ ခံတွင်းကင်ဆာဟဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်ပွားရခြင်းထက် ပိုမို အဓိ ကကျ တဲ့ အ ချက်ဖြစ်နေပါတယ် လို့ ပြောကြားခဲ့ ပါတယ်...

ဆရာဝန် များကတော့ ယောကျာင်္းလေးများ ( အမျိုးသားများ ) ဟာလည်း မိန်းကလေးများကဲ့ သို့ အဆိုပါ ကင်ဆာ ရောဂါ ပိုးပြန့် ပွားခြင်းမှတားဆီးကာကွယ်ရန် HPV ပိုးကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းခဲ့ ပါ တယ်....
ဗြိတိန် နိုင်ငံ မှာတော့ အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်အရွယ်ရှိမိန်းကလေးများကို သားအိမ် ကင်ဆာ ကာကွယ် ဆေး ထိုးပေးဖို့ အမျိုးသား ကျန်းမာရေးဌာနမှ စီစဉ်ပေးလေ့ ရှိပါတယ်...
အဆိုပါ ရောဂါကြောင့် နှစ်စဉ်အမျိုးသမီး ၁၀၀၀ ခန့် ဗြိတိန်နိုင်ငံမှာသေဆုံးလျှက်ရှိပါတယ်...

အလွယ် တကူကြည့် ရှုနိုင်နေတဲ့ အွန်လိုင်းမဖွယ်မရာဆိုဒ်များ၊ ဗီဒီယိုကလစ်များကြောင့် လူငယ်များ အကြား အလွန်ပျံ့ နှံ့ ရေပန်းစားနေတဲ့ အလေ့ အထတစ်ခုဖြစ်နေတဲ့ အရာအတွက် သဘာဝ တရားရဲ့ ဒါဏ်ခတ်မှု အကြောင်း အခုလို သတိပေးချက် ထွက်ပေါ်လာတာကို သတိပြု ဆင်ခြင် သင့်ပါ တယ်...တစ် ခဏတာ သာယာမှု အတွက် သူတစ်ပါး အန္တရယ် ဖြစ်စေ တာမျိုး တော့ ရှောင်ကြဉ် သင့်ပါသည်။

ခင်ငြိမ်းသစ်
Mg Mandalay

လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် တကယ်လိုအပ်၍ ဖြစ်ပွားခြင်းဖြစ်ကြောင်း သမ္မတ သုံးသပ်ပြောကြား

Posted by drmyochit Sunday, May 05, 2013, under | No comments


ရန်ကုန်၊ မေ ၅။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ (၁၈)ပါတီတို့ တွေ့ဆုံ မှုတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေမှ လက်ရှိဖြစ် ပွားနေသည့် လက်ပံတောင်းတောင်အရေးကိစ္စနှင့် တပ်မတော် အစိုးရ လက်ထက် တွင်း မြေသိမ်းယာသိမ်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြမှု များရှိကြောင်း သိရပြီး နိုင်ငံ တော် သမ္မတ ကလည်း လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် အမှန်တကယ်လိုအပ်ချက်များ ရှိခြင်း ကြောင့် သာ ဖြစ်ပွားခြင်းဖြစ်ရာ ယခင်အချိန်ကလိုမျိုး နိုင်ငံမငြိမ်သက်စေရန်ရည်ရွယ်သည့်  ကိစ္စရပ် များမ ဟုတ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို တင်ပြဖို့ တစ်ပါတီကို ၅မိနစ်ပဲ ပေးတယ်။ အဲဒီမှာ ကျွန်တော်က ပထမ ဦးဆုံး တစ်ခု အဖြစ် ကိုရမ်ကျမ်းနဲ့ ပတ်သက်ပြီး တင်ပြတာ။ အဲဒါကိုတော့ မတင်ပြပါနဲ့ ဘာသာရေးကိစ္စကို လှုံ့ဆော် သလိုမျိုး ဖြစ်သွားလိမ့်မယ်ဆိုလို့ ကျွန်တော်လည်း ဆက်ပြီး မတင်ပြတော့ပါဘူး။ ကျန်တာ ကတော့ လက်ပံတောင်းကိစ္စကို တင်ပြပါတယ်။ အဲဒီလို တင်ပြတဲ့အခါမှာလည်း အခုဆန္ဒပြ နေကြတဲ့ လူတွေ က တကယ် လိုအပ်လို့ပြတာလို့ပဲ မြင်တယ်ဆိုတဲ့အကြောင်းနဲ့ အရင်ကလို ဆူပူချင်တဲ့ရည်ရွယ်ချက် မရှိဘူး ဆို တာကို သုံးသပ်တဲ့အထဲမှာ ထည့် ပြောသွားပါတယ်”ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်းပြင် လက်ပံတောင်းတောင် လျော်ကြေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း လျော်ကြေး အနေ ဖြင့် တဧကလျှင် သိန်း ၅၀ခန့် ရှိ ကြောင်းနှင့် ပြန်လည်စိုက်ပျိုးမှုများ ရှိသည့်အတွက် လက်ပံတောင်း ကိစ္စ တွင်လည်း ယင်းကဲ့သို့ လျော်ကြေးပေးရန်အတွက် အစီစဉ်ရှိမရှိဆို သည့်အချက်နှင့် တပ်မတော် အစိုးရ လက်ထက် တွင်လည်း သိမ်းဆည်းခံထားရသည့် လယ်ယာမြေကိစ္စရပ်များအား တင်ပြထားကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံမှု၌ တိုင်းရင်းသားပါတီအချို့မှလည်း လက်ရှိအချိန်တွင် ‘ဝ’လူမျိုးအနေဖြင့် ဗမာ လူမျိုး အပေါ် မည်ကဲ့ သို့ ထိန်းချုပ်မှု ရှိမရှိနှင့် တရုတ်လူမျိုးဘက်တွင်လည်း မည်ကဲ့သို့ ထိန်းချုပ်မှုရှိမရှိဆိုသည့် အချက် များနှင့် စပ်လျဉ်း၍လည်း တင်ပြပြောဆိုကြကြောင်း သိရပြီး ငြိမ်း ချမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တင်ပြပြော ဆို မှုများရှိကြောင်း သိရသည်။

ထို့နောက် ရပ်ကျေး/မြို့နယ်အုပ်ချုပ်ရေးများ၏ အဂတိလိုက်စားမှုအပါအဝင် ဥပဒေလုပ်ဆောင်မှုများနှင့် စပ်လျဉ်း ၍လည်း လက်ရှိ နိုင်ငံတော် သွားနေသည့် လမ်းကြောင်းအား အနှောက် အယှက် ရှိနေသည် ဆိုသည့် ကိစ္စရပ်အပေါ် နိုင်ငံရေး ပါတီများက တင်ပြ ပြော ဆိုရာ၌ နိုင်ငံတော် သမ္မတမှလည်း ယင်းကိစ္စ ရပ်အား သေချာ ထိထိ ရောက်ရောက် လုပ်ဆောင်အရေးယူသွား ရန်ရှိကြောင်း ထည့်သွင်း ပြောကြား သွားသည်။

“အခု လက်ရှိမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင် နေတယ်ဆို တဲ့အ ကြောင်းကို ပြောပြတာပါ။ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်အနေနဲ့ကလည်း အခုချိန်မှာ ဒီမိုကရေစီ နည်းကျကျ လုပ်နေပြီ ဆိုတဲ့ အကြောင်းနဲ့ နှစ်ပေါင်း ၆၀အတွင်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေနဲ့ အကုန် လုံး နီးပါး လုပ်ဆောင်တဲ့အကြောင်းတွေလည်း ပြောဆိုသွားပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေး မှူး ဒေါ်သန်းသန်းနုက ပြောကြားသည်။

ယင်းသို့ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားပါတီများအပါအဝင် ပြည်တွင်းနိုင်ငံရေးပါတီ (၁၈)ခုနှင့် တွေ့ဆုံ မှု၌ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ တက်ရောက်ကာ လာမည့်၂၀၁၅ ရွေးကောက် ပွဲတွင် ရိုဟင်ဂျာ လူမျိုး ဆိုသည့် နာမည်နှင့် ပါတီတစ်ခု လာရောက် လျှောက် ထားမည်ဆိုပါက လုံးဝလက် ခံမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားကြောင်း သိရပြီး အောက်ခြေ အစိုးရ ဝန်ထမ်းများ အနေ ဖြင့် လက်ရှိအချိန်အထိ ပီပီပြင်ပြင်လုပ်ဆောင်ခြင်းမရှိသည့်အ ပြင် ပြည်သူနှင့် ဆက်ဆံရေး ပိုင်းတွင်လည်း အဆင်မပြေမှုများ ရှိကြောင်းနှင့် စပ်လျဉ်း၍ တင်ပြပြောဆိုမှုများရှိကြောင်း ၎င်း က ဆက် လက်ပြောကြားသည်။

ယင်းတွေ့ ဆုံမှုအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်း၌ မေလ ၅ရက်နေ့ နံနက် ၁၀ နာရီ ခွဲမှ မွန်းလွဲ ၁နာရီခွဲ အထိ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

TMAံ
မြန်မာ့ခေတ်  

လက်သရဲ ဝင်ပူးသည့် ရောဂါ

Posted by drmyochit Sunday, May 05, 2013, under | No comments



လက်သရဲ ဝင်ပူးတဲ့ ရောဂါ ဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သား လက် ရောဂါ ဝေဒါနာ ဖြစ်ပါတယ်။

ဒီရောဂါ ကလည်း ကြောက် စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက် စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ် ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ် ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက် ယှက်ပါတယ်။

သွားရင်း လာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲ မိပါ တယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ် တာမျိုး တို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။

လက်က သူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက်ပိုင်း အတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ပဲ ထင်ရင် ထင် သလို ရောဂါ ထဖောက်ပါတယ်။

စစ်တမ်း အရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေ မှာ အဖြစ်များပြီး အချို့ ကျ တော့ အလိုလိုကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွားတာကို အချို့  ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သား လက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ ပတ်ဝန်းကျင် အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။

သေချာ တာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်း ခံစားရ နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့တာမျိုးတို့ ဖြစ်တတ်ပါတယ်။

ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand syndrome ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး

ဦးရဲထွဋ်ပြောတဲ့ မြန်မာနိုင်ငံကို ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ မီဒီယာအကြောင်း

Posted by drmyochit Sunday, May 05, 2013, under | No comments


မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲ ဆင်နွှဲဖို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း ဖောက်ခွဲ မှုနဲ့ စွပ်စွဲ ပြစ် ဒဏ် ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြည်တွင်း သ တင်း ဂျာနယ် ရဲ့ ဖော်ပြချက် အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။

ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကတော့ .....

ပြည်တွင်း က ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေး ကြွ ဝါဒီ အချို့က မြန်မာ နိုင်ငံ အပေါ် ဂျီဟဒ်စစ် ပွဲ ဆင်နွဲဖို့ ပြောဆို ချက်များကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြ ခဲ့တာ တွေ့ရပါတယ်။

ဂျီဟဒ် စစ်ပွဲ ဆင်နွဲ မယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင်ချက် များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက် စေပါ တယ်။

ဒီလို ပြောဆို မှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်း ဆောင်ရွက် နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်း စွာ၊ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။

ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ် ချက် ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန် ဖို့လို ပါတယ်။

မီဒီယာ များ အနေနဲ့ ဒီလို ပြောဆို ချက်များကို သတင်း ရေးသားတဲ့ အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေ ကြား မှာ ထိတ်လန့် မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန် သတိထား သင့်ပါတယ်။

အဲဒီလို ပြောဆိုမှု တွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ အစည်း များရဲ့ ခေါင်းဆောင် များရဲ့ ဒီလို အကြမ်းဖက်တဲ့အယူအဆများအပေါ် သဘောထား ကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့် တော်မယ် လို့ ထင်ပါတယ်။

အခုလို ထိလွယ်ရှ လွယ်တဲ့ အခြေ အနေမျိုးမှာ ပုံနှိပ် မီဒီယာ များရော၊ အင်တာနက်မီဒီယာ များက ပါ Conflict Sensitive Journalism သဘောတရားလေးကို နှလုံးသွင်းထားသင့်ကြောင်း မေတ္တာ ရပ်ခံ တိုက်တွန်း အပ် ပါတယ်။

ဧရာဝတီ

Posted by drmyochit Sunday, May 05, 2013, under | No comments


တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ် ပြင်ဆင်ရန် စီစဉ်နေ

မြန်မာနိုင်ငံပညာရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုများတွင် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးစနစ် ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတဒေါက်တာ 
စိုင်းမောက်ခမ်းက ယနေ့ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပ ပညာရှင်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ထောက်ပြလျက်ရှိသော တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးစနစ်နှင့် ပတ်သက်၍ 
အစိုးရအဖွဲ့ကထုတ်ဖော်ပြောကြားလာခြင်းဖြစ်သော်လည်း မည်သည့်စနစ်ဖြင့် ပြင်ဆင်မည်ကို မူပြောကြားခဲ့ခြင်းမရှိပေ။

အဆင့်မြင့် ပညာရေး ကဏ္ဍ အာဆီယံ အဆင့်ဖြစ်ရန် ပြင်ဆင်မှုများနှင့် ပတ်သက်ပြီးပြောကြားရာတွင်“ပုဂ္ဂလိက အခန်းကဏ္ဍကို အားပေးဖို့၊ လွတ်လပ်သော စီမံခန့်ခွဲမှုဖော်ဆောင်ဖို့၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး စနစ်ပြင် ဆင်ဖို့၊ အင်္ဂလိပ်စာတိုးမြှင့်သင်ကြားရေးနှင့် စက်မှုသက်မွေးပညာကဏ္ဍကို တိုးမြှင့် 
အားပေး ဆောင်ရွက် လျက်ရှိ တာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်”ဟု ဒုတိယသမ္မတက ပြောကြားခဲ့ခြင်း ဖြစ် သည်။

မြန်မာ တက္ကသိုလ် အာရှ အဆင့်မီ ရန်အတွက် အလားအလာ အကောင်းဆုံး တက္ကသိုလ် သုံးလေးခုကို ဦးတည် ချက် ထားကာ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက် တာမြအေး ကလည်းပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံတွင် ၀န်ကြီးဌာန သုံးခုကစီမံခန့်ခွဲသော တက္ကသိုလ်၊ ကောလိပ် ၁၆၈ ခု ရှိပြီးဖြစ်သော်လည်း ကမ္ဘာ့ အဆင့် မဆို ထားနှင့် အာရှ အဆင့်မီသော  တက္ကသိုလ်တစ်ခုမှ မရှိကြောင်း၊ ၀န်ကြီး ဌာနများက ကိုယ်ပိုင် စီမံ ခန့်ခွဲမှု များဖြင့် တာဝန်ယူဖွင့်လှစ်နေခြင်းဖြစ်သည့်အတွက်စံနှုန်းအမျိုးမျိုး ဖြစ်နေကြောင်း၊ 
ယင်း အခြေ အနေကြောင့် ပညာရေးတွင် ပင်မဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်လည်းလွှတ်တော်က တိုက်တွန်း ထားသည်။

From: 7 Day News Journal 

ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ

Posted by drmyochit Sunday, May 05, 2013, under | No comments

မြန်မာ နိုင်ငံ အတွင်း သို့ ပြည်ပ နိုင်ငံ အချို့မှ အကြမ်းဖက် သမားများ ၀င်ရောက်ပြီး ဖောက်ခွဲ ဖျက်စီး မှုများ ပြုလုပ်ရန် သတင်းများ ရရှိထား သဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့် ဆောင်ရွက် ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

မန္တလေး တိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က "မြန်မာနိုင်ငံကို ဂျီဟတ် ဆင်နွဲမယ် ဆိုပြီးတော့ ပြောကြားလိုက်တဲ့ အတွက် ကျွန်တော်တို့ တိုင်း အတွင်းမှာ ယခင်ကထက် လုံခြုံရေး ကို ပိုမို ဆောင်ရွက် နေပါတယ်။ မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေ တယ်။ မြို့တွင်းမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက် နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။ ဆူပူမှုတွေ အကြမ်း ဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွားလာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိ ဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။ ဗုံးနဲ့ပတ် သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူ တွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်း ပြောကြား နေပါတယ်" ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူ ဘာကာ ဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။

မကွေး တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "ကျွန်တော်တို့ မကွေးတိုင်း ဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ် ပွားအောင် လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်း ပေးတွေ နဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေ ပူးပေါင်း ပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက် နေတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "ပြည်တွင်းကို အကြမ်း ဖက် သမား တွေက ၀င်ရောက်ပြီးတော့ ဖောက်ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။ ဒါကြောင့် လုံခြုံရေး ကို အရင်ကထက် ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန် ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။ အခု နယ်စပ် ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုးကြီးမြ၀င်းက "အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ ထွက်တွေ မှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်းတွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက် ထားတယ်။ ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်း ကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။ သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာ အသီးသီး ကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု သုံးသပ် ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေး လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

"ကျွန်တော် တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ် တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့် စစ်ဆေး နေပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံး အဖွဲ့ မှူးဖြစ် သူ ဦးသန်းနိုင်ထွန်းက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ် ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ် ဖွဲ့တို့ဖြစ် ကြောင်း သိရှိရသည်။


(ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လ အတွင်း က တွေ့ရစဉ်)

(ဓာတ်ပုံ - ၀င်းမြင့်ကျော်)

အစိုးရဌာနများ၏ တင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် ထုတ်ပြန်

Posted by drmyochit Sunday, May 05, 2013, under | No comments


အစိုးရဌာန အဖွဲ့ အစည်းများ၏ တင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် တင်ဒါ ခေါ်ယူ ရာတွင် ပါဝင်ရမည့် စည်းကမ်းချက်များကို နိုင်ငံတော် သမ္မတရုံးမှ ဧပြီလအတွင်းက ညွှန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အစိုးရဌာန အဖွဲ့ အစည်းများမှ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် ခွင့် ပြုရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရန်နှင့် ဆန်းစစ်ခံနိုင်ရန် လိုအပ် ကြောင်း အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် သည် စီးပွားရေး လုပ်ငန်း များတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ် ယောက် ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးက စားမှုပြု ခြင်းဖြင့် အများ ပြည်သူ တို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာခြင်းမှ တားဆီးကာကွယ်မည်ဖြစ်ကြောင်း ဖွဲ့စည်း ပုံ အခြေ ခံ ဥပဒေတွင် ဖော်ပြထားသည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အစိုးရ အဖွဲ့အစည်းများ ဌာနဆိုင်ရာများက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုရန် တင်ဒါခေါ်ယူရာတွင် ပါရှိရမည့် တင်ဒါစည်းကမ်းချက် ၃၂ ချက်ကို နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု ၀န်ကြီးဌာန အားလုံးကို ညွှန်ကြားချက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် ထုတ်ပြန်ထားသည့် တင်ဒါခေါ်ယူရာတွင် ပါဝင်ရမည့် စည်းကမ်းချက် အချို့မှာ တင်ဒါအတွက် တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေး လုပ်ငန်း ကော် မတီ၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ၊ အရည်အသွေး စစ်ဆေးရေး ကော်မတီ၊ အစရှိသည့် လိုအပ်သော ကော်မ တီများ ဖွဲ့ပြီး စည်းမျဉ်းစည်းကမ်း အသေးစိတ် သတ်မှတ်၍ လိုက်နာဆောင်ရွက်ရန်၊ ဆောင်ရွက် မည့် လုပ်ငန်းအမျိုးအစားများကို ရှင်းလင်းစွာ ဖော်ပြပြီး နိုင်ငံပိုင် သတင်းစာများတွင် ရက်သတ္တပတ် တစ်ပတ် ခန့် သိသာထင်ရှားစွာ ကြော်ငြာ၍ သတ်မှတ်ရက်ထက် အနည်းဆုံး တစ်လကြိုတင်ပြီး အိတ်ဖွင့် တင်ဒါ ခေါ်ယူရန်၊ သတ်မှတ်သည့်နေ့ရက်တွင် ကော်မတီ အားလုံးနှင့် တင်ဒါတင်သွင်းသူများ ရှေ့မှောက် တွင် မျက်နှာစုံညီ တင်ဒါဖွင့်လှစ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။

တည်ဆောက်မှုဆိုင်ရာ တင်ဒါခေါ်ယူမှုများနှင့် ပတ်သက်ပြီး လုပ်ငန်းအကောင်အထည် ဖော်ဆောင် ရွက်ရာ တွင် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ပဏာမလေ့လာ ဆန်းစစ်မှုများ အခမဲ့ ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်း ပါက လက် ခံ ဆောင် ရွက်နိုင်သော်လည်း ယင်းသို့ ဆောင်ရွက်ပေးသည့်အတွက် ယင်းကုမ္ပဏီ လုပ်ငန်း ရှင် ကိုသာ လုပ် ငန်းအပ်နှံခြင်း ခွင့်ပြုမည် မဟုတ်ဘဲ ဈေးပြိုင်တင်ဒါကို အများနည်းတူ ၀င်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း နှင့် ၀န်ကြီးဌာန၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများကြောင့် ဦးစားပေး ဆောင်ရွက်ခြင်း မျိုး မဖြစ်စေဘဲ အများနည်းတူ ယှဉ်ပြိုင်အရွေးခံမှုမျိုး ဖြစ်ရမည်ဖြစ်ကြောင်း စည်းကမ်း ချက် ထုတ်ပြန်ထားသည်။

တင်ဒါ အောင်မြင် ကုမ္ပဏီသည် တစ်ဆင့်ခံ ကန်ထရိုက် ထပ်မံလွှဲပြောင်းခြင်း မပြုရန်၊ ရေနံလုပ်ကွက်များ၊ သတ္တုတူး ဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် အစီအမံများကို ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။


(ဓာတ်ပုံ - အကျိုးတူ ဖက်စပ်လုပ်ရန် စီစဉ်နေသည့် သန်လျင်ရေနံချက် စက်ရုံကို တွေ့ရစဉ်)

From: Eleven 

ဥက္ကံမြို့ ပဋိပက္ခတွင် ပါဝင်ကျူးလွန်သူဟု ယူဆရသူ ၂၅ ဦးအား ဖမ်းဆီးခဲ့ပြီး ရှစ်ဦးကို ခံဝန်ချုပ်ဖြင့် လွှတ်ပေး

Posted by drmyochit Sunday, May 05, 2013, under | No comments


ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်၌ ကျူးလွန်သူဟု ယူဆ ရသူ ၂၅ ဦးအား ဖမ်းဆီး စစ်ဆေး လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ယင်း ကဲ့သို့ ဖြစ်စဉ်တွင် ပါဝင် ကျူးလွန် သည်ဟု ယူဆထားသူ ၂၅ ဦးအား စစ်ဆေး ခဲ့ရာတွင် စစ်ဆေး ချက် မပေါ် ပေါက်ခဲ့သူ ရှစ်ဦးအား ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ ဖြင့် ပြန်လည် လွှတ်ပေး ထားကြောင်း သိရှိရ သည်။

တိုက်ကြီး မြို့နယ် ဥက္ကံမြို့ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ တိုင်း တပ်ဖွဲ့မှူုး ဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က "ဧပြီ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဥက္ကံပဋိပက္ခ ဖြစ်စဉ် ကတော့ ဒီနေ့ မေလ ၄ ရက်အထိတော့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သံသယရှိ ခဲ့တဲ့သူ ၂၅ ဦးထဲကနေ ရှစ်ဦးကို ခံဝန်ချုပ်နဲ့ ပြန်လွှတ်ပေးထားပါတယ်" ဟု မေလ ၄ ရက် မွန်းလွဲပိုင်းက ပြောကြား ခဲ့သည်။

ခံဝန်ချုပ် ဖြင့် ပြန်လည်လွှတ်ပေးခဲ့သူ ရှစ်ဦးမှာ ပနီပင်ကျေးရွာမှ လင်းနိုင်ဦး၊ ကျော်မင်းထွဋ်၊ ကျော်ကျော်၊ ကျော်စိုး မင်း၊ ခင်မြင့်နှင့် ဗန္ဓုလရပ်ကွက်မှ ရာဇာမင်း၊ ရဲထွန်း၊ မျိုးဇော်ဦးတို့ဖြစ်ကြောင်း ဒုတိုင်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။

ဖမ်းဆီး စစ်ဆေးလျက် ရှိသည့် ၁၇ ဦးကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂ မှ (ပ) ၁၂၂ ထိပုဒ်မ ၁၀ ခုဖြင့် အမှု ဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဥက္ကံမြို ၏ ပဋိပက္ခဖြစ်စဉ်ကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဥက္ကံမြို့ ဈေးအနီးတွင် ဆွမ်းခံကြွလာသည့် ကိုရင် လေး တစ်ပါးအား အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဒေါ်ဝင်းဝင်းစိန်က ၀င်ရောက်တိုက်မိရာမှ သပိတ်ပြုတ်ကျ ပျက်စီး ခဲ့ပြီး ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် ပြုလုပ်သူ ဒေါ်ဝင်းဝင်းစိန်ကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂/၂၀၁၃ ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


(ဥက္ကံမြို့ ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူများကို ဖမ်းဆီးလာသည်ကို တွေ့ရစဉ်)

(ဓာတ်ပုံ-၀င်းမြင့်ကျော်)
From: Eleven 

ဆီးရီးယားမှာ အစုလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွား

Posted by drmyochit Sunday, May 05, 2013, under | No comments



ဆီးရီးယား အစိုး ရကတော့ အဲဒီ ဒေသ ဘက်မှာ အကြမ်းဖက် သမားတွေကို မောင်းထုတ်ခဲ့ တယ်လို့ ဆို

ဆီးရီးယား နိုင်ငံမှာ မကြာသေးခင် ရက်ပိုင်းက လူ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရမှု ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ တွေရဲ့ ဖေါ်ပြ ပြောဆို မှုတွေနဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် သတင်း တွေ ထပ်မံ ထွက်ရှိ လာခဲ့ ပါတယ်။

ဆွန်နီ မွတ်ဆလင် ကျေးရွာ ဖြစ်တဲ့ al-Bayda ရွာကို အစိုးရ တပ်တွေ ကြာသပတေး နေ့က ဝင်လာပြီး နောက် ပထမဆုံး အကြိမ် လူသတ်ပွဲ ဖြစ်ခဲ့ ပါတယ်။ al-Bayda မှာ သတ်ဖြတ် ခံရတဲ့ ၇၂ ယောက် ထဲမှာ အမျိုး သမီးနဲ့ ကလေးငယ်တွေ ပါဝင် တယ်လို့ အတိုက် အခံတွေ ဘက်က ဆိုပါတယ်။

Baniyas ကမ်းရိုးတန်း မြို့မှာ အလားတူ ဖြစ်ပွားတဲ့ လူသတ်ပွဲ မှာတော့ အနည်းဆုံး ၇၇ ယောက် သေဆုံး ကြောင်း သတင်းထွက် နေပြီး ရုပ်ပျက် ဆင်းပျက် ဗီဒီယိုတွေ လဲ ထွက်လာ ပါတယ်။

ဒီဗီဒီယိုတွေ ထဲမှာ အမျိုး သမီးနဲ့ ကလေးတွေ မရှု မလှ သေဆုံး မီးလောင် ထားတဲ့ ပုံတွေ တွေ့ရ တယ်လို့ လက်ဘနွန်က ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

နိုင်ငံခြား သတင်းထောက်တွေ ဝင်ခွင့် မပြုတဲ့ အတွက် သတင်း အထောက် အထား တိတိ ကျကျ ရဖို့ ခက်ခဲ နေပါတယ်။ ဒီသတ် ဖြတ်မှု တွေမှာ အစိုးရ ဘက်တော် သား shabbiha စစ်သွေးကြွတွေ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက် နေပါတယ်။

အစိုးရ က ဘာသာ ရေး အယူ အဆ ကွဲလွဲ သူတွေကို မျိုးပြုတ် အောင် သုတ်သင် နေတယ်လို့ အတိုက် အခံတွေ က စွပ်စွဲ နေကြ ပါတယ်။ အစိုးရ ကတော့ ဒီဒေသမှာ အကြမ်းဖက် အုပ်စုတွေကို ချေမှုန်းပြီး ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေး ကို ပြန်လည် ရယူထား ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ အစ္စရေးက ဆီးရီးယားကို လေကြောင်းက ဒုတိယ အကြိမ် တိုက်ခိုက်ခဲ့ ပါတယ်။ လောလော ဆယ် တော့ ဆီးရီးယား အစိုးရရဲ့ ဓာတု လက်နက် သုံးစွဲ နေသလား ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက် နေတာပါ။

စိုးရိမ် စရာ အနေ အထားကို ရောက်နေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက သောကြာနေ့ က ပြောကြား ခဲ့ပေမယ့် အမေရိကန် တပ် တွေကို ဆီးရီးယား လွှတ်ရမယ့် အဖြစ်တော့ အရောက် မခံဘူး လို့လဲ သူက ဆိုပါတယ်။

အမေရိကန်နဲ့ မဟာမိတ် တွေက ဆီးရီးယားကို လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ပြီး လေယာဉ် မပျံသန်းရ ဇုန်တခု ဖြစ်အောင် ဖန်တီး လိုပေမယ့် ရုရှက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ ပါတယ်။

From: BBC

ဘယ်သူ့အတွက် စစ်တိုက်ကြမှာလဲ . . .

Posted by drmyochit Sunday, May 05, 2013, under | No comments


ကရင် ပြည်နယ် အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင် အကွာတွင် တည် ဆောက် ရန် ရှိသော ဟက်ကြီး ရေကာတာ ရေအား လျှပ်စစ် စီမံကိန်း အတွက် တိုးတက်သော ဒီမို ကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) တပ်စခန်း များကို ရွှေ့ပြောင်းရန် တပ်မတော်က အကြောင်းကြား ခဲ့ သည့် အတွက် တင်းမာ မှုများ ဖြစ်ပေါ် နေသည်ဟု သတင်း ထွက်ပေါ် ခဲ့သည်။ အဆိုပါ ဟက်ကြီး စီမံကိန်း ကို မြန်မာ ဘက်မှ IGE၊ ရွှေတောင်၊ Goldwater Resources Ltd၊ ထိုင်း EGTA စသည် တို့နှင့် အတူ တရုတ် ကုမ္ပဏီ ငါးခုက ပူးပေါင်း လုပ်ဆောင် ကြမည်ဟု သိရှိရသည်။ IGE ကုမ္ပဏီသည် အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ဗဟို အတိုင်ပင်ခံ အဖွဲ့ဝင် ဦးအောင်သောင်း၏ သား ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်သည်။ ထို့အတူ ရွှေတောင် ကုမ္ပဏီ သည်လည်း သမ္မတ၏ အရေး ပါသော ၀န်ကြီး တစ်ဦး ဖြစ်သည့် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် နီးစပ်မှု ရှိသော ကုမ္ပဏီဖြစ်သည်။ ကရင်ပြည်နယ် အတွင်းရှိ ယင်း စီမံကိန်း ဧရိယာ အတွက် DKBA နှင့် တပ်မတော် အကြား တင်းမာ မှုများမှ တစ်ဆင့် ထိပ်တိုက် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားမှု များကို မလိုလားပါ။ 

ဤ အခြေ အနေတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ကချင်ပြည်နယ်တွင် တာပိန် ရေအား လျှပ်စစ် စီမံကိန်း လုံခြုံရေးနှင့် ပတ်သက်ပြီး အစပြုခဲ့ရာမှ ကချင် လွတ်မြောက်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်က သတိ ပြုစရာ ဖြစ်နေသည်။ တာပိန် စီမံကိန်း သည် မြစ်ဆုံ စီမံကိန်း၏ ရှေ့ပြေးဖြစ်ပါသည်။ ထိုကာလက ဧရာဝတီမြစ်ဆုံတွင် တရုတ် CPI ကုမ္ပဏီနှင့် အေးရှား ဝေါ ကုမ္ပဏီ တို့၏ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နေချိန်ဖြစ်သည်။ အေးရှားဝေါသည် ယခင် ဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦးနှင့် နီးစပ်ပတ်သက်သော ကုမ္ပဏီဖြစ်သည်။

နောက် ဆုံးတွင် စစ်ပွဲများ ကြောင့် ဒေသခံ တိုင်းရင်းသားများမှာ နေအိမ်များ စွန့်ခွာ၍ ဒုက္ခသည် စခန်း များတွင် ယခု အထိ နေနေရဆဲဖြစ်သည်။ ဒေသခံများ၊ တပ်မတော်သားများ၊ KIA မှ တိုင်းရင်းသား တပ်ဖွဲ့ဝင် များ၏ အသက်ပေါင်းများစွာ စတေးခဲ့ရသည်။

ယခုလည်း ကရင်ပြည်နယ်အတွင်းရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းအတွက် တင်းမာမှုများရှိလာခဲ့ရာ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကဲ့သို့ တိုင်းရင်း သားများနှင့် တပ်မတော်အကြား ပဋိပ က္ခများ မဖြစ်ရန်အတွက် နှစ်ဦးနှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် လိုမည်ဖြစ်ပြီး ရေအား လျှပ်စစ် စီမံကိန်း များအတွက် တိုက်ပွဲများ ဖြစ်ပွားရမည်ဆိုပါက မည်သူ့အကျိုးစီးပွားအတွက် စစ်တိုက်ကြ မည်နည်း ဟု မေးခွန်း ထုတ်လိုက် ပါသည်။

 ကောင်းထက်

အကြမ်းဖက်လုပ်ရပ်များကို လှုံ့ဆော်သူ ကုလားသုံးယောက် ဘင်္ဂလာသို့ ထွက်ပြေးလွတ်မြောက်

Posted by drmyochit Sunday, May 05, 2013, under | No comments

ကြားဖြတ်သတင်း

ဧပြီလ (၄) ရက်နေ့က စစ်တွေ မြို့နယ် အတွင်း ကုလား လူဦးရေ ရှိသော နေရာ များတွင် လူဦးရေ စိစစ် မှတ်တမ်း တင်ခြင်း စီမံချက် အား ပျက်ပြားသွားအောင် ဆူပူအကြမ်းဖက်ခဲ့သူများအနက် အဓိက တရားခံ များဖြစ် သည် ဟု ဖော်ထုတ်သိရှိရသူ ကုလား သုံးယောက်မှာ မနေ့က မနက်အစောကြီးက ဘင်္ဂလာဒေ့ရှ် ဘက်သို့ ထွက်ပြေး လွတ်မြောက် သွားသည် ဟု သိရှိရသည်။

အာမီရှော်ရိ၊ အာမီဆပ်ဘူတန် နှင့် မောင်ဖြူ ဟု အသီးသီး အမည်ရကြသော ထိုကုလားယောက်သည် စစ်တွေ မြို့နယ် ဒါးပိုင် ကျေးရွာနေ ဆွေယော့၏ စက်လှေစီးကာ စစ်တွေမြို့နယ်အစွန် မှန်စီချောင်းဝကနေ ဘင်္ဂလား ဒေ့ရှ်ကို မေလ (၃) ရက်နေ့ မနက်စောစော သုံးနာရီထိုးခါနီးအချိန်တွင် ထွက်ခွာသွားကြောင်း သက်ဆိုင် ရာ တာဝန် ရှိသူ များက (ယနေ့ညနေ) မကြာမီ နာရီပိုင်းအတွင်းက ဖော်ထုတ်သိရှိခဲ့သည်။

အဆို ပါ သုံးဦးမှာ ၂၀၁၂-ခုနှစ် ဇွန်လ ဘင်္ဂါလီဆူပူမှု စတင်ဖြစ်ပွားသည့်နောက်ပိုင်း စစ်တွေမြို့နယ် ဒါးပိုင် ရွာ ဗလီ၊ သဲချောင်းရွာ ဗလီ၊ မှန်စီ ကုလားသင်္ချိုင်း ဗလီများကို တစ်လှည့်စီသွားရောက်ကာ လှည့်လည် သွားရောက် ပြီး အစွန်းရောက် အစ္စလာမ် ဘာသာရေး ဟောပြောမှုများကို စဉ်ဆက်မပြတ် ပြောပြော နေခဲ့ ကြသော ကုလား ဘာသာရေးခေါင်းဆောင် မော်လ၀ီ များ ဖြစ်ကြသည် ဟု ဆိုသည်။

သြဇာ ကြီးမား သူများ ဖြစ်သည့် အလျောက် ကုလား မများကို တရားဝင် မုဒိမ်း ကျင့်ခွင့် လိုင်စင် ရထား သူများ ဖြစ်ကြ သည်ဟု ကုလား သတင်း ရပ်ကွက် များက ဆိုသည်။

( Coral Arakan News )

ဆီးရီးယားလက်နက်သိုလှောင်ရုံတွေ အစ္စရေးလေတပ်တိုက်ခိုက်

Posted by drmyochit Sunday, May 05, 2013, under | No comments


အစ္စရေး နိုင်ငံက ဆီးရီးယား နိုင်ငံကို ဒီရက်ပိုင်း လေ ကြောင်း ကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိ ကန် အရာရှိတွေက ပြောဆိုပါတယ်။ အစ္စရေးကတော့ ဒီ သတင်း နဲ့ ပတ်သက်ပြီး သူတို့မှာ မှတ်ချက် ပေးစ ရာ တစုံ တရာ မရှိဘူးလို့ ပြောပါတယ်။

အစ္စရေး ရဲ့ တိုက်ခိုက် မှုဟာ ကြာသ ပတေးနေ့ နှောင်းပိုင်း၊ ဒါမှမ ဟုတ် သောကြာနေ့ စောစော ပိုင်းမှာ ပြုလုပ် ခဲ့ပြီး တိုက်ခိုက်တဲ့ နေရာဟာ လက်နက်တွေ သိုလှောင် ထားတယ်လို့ သံသယ ရှိတဲ့ နေရာတွေ ဖြစ်တယ် လို့ အမေရိကန် တာဝန် ရှိသူ တွေက ပြောပါ တယ်။

ဒါပေမဲ့ အစ္စရေးတိုက်လေယာဉ်တွေဟာ ဆီးရီးယားပိုင်လေကြောင်း နယ်နိမိတ်အတွင်းကို မ၀င်ရောက် ခဲ့ဘူး လို့လည်း အမည် မဖော် လိုတဲ့ အမေရိကန် အရာရှိ တွေက ပြောပါတယ်။

ဒီအတော အတွင်း ဆီးရီးယားနိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဘာနီးယားစ်က၊ ရာနဲ့ချီတဲ့ ဆူနီ မူစလင်တွေဟာ သူတို့နေ ထိုင်ရာ အနီးက ကျေးရွာမှာ သတ်ဖြတ်မှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပြီးတဲ့နောက် တိုက်ခိုက်မှုတွေ နောက်ထပ် ဖြစ်ပွား လာမှာကို စိုးရိမ်ပြီးတော့ ထွက်ပြေး နေကြတယ်လို့ ဆီးရီးယား အရေး လှုပ်ရှား သူတွေက ပြောပါတယ်။

အဲဒီ ဒေသ အတွင်းက မိသားစုတွေဟာ စနေနေ့မနက်စောစောပိုင်းကစပြီး ထွက်ပြေး နေကြ တာဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါ တယ်။

သောကြာနေ့ တုန်း ကတော့ သမ္မတဘက်ရှာအယ်လ် အာဆတ်အစိုးရဟာ နိုင်ငံအနောက်မြောက်ပိုင်း ဘေဒါး ကျေးရွာ တ၀ိုက်မှာ သတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်လို့ အဓိက အတိုက် ခံအုပ် စုက ပြောဆိုပါတယ်။ အဲဒီဒေသမှာ ကလေးငယ်တွေအပါအ၀င် လူပေါင်း ၁၅၀ ထက်မနည်း သတ်ဖြတ် ခံခဲ့ရ တယ်လို့ပြောပါတယ်။

ဘေဒါး ဒေသမှာ ဆူနီမူစလင်တွေ အများစုနေထိုင်ကြပြီး၊ ဆူနီမူစလင်တွေဟာ အစိုးရဆန့်ကျင်ရေး လှုပ်ရှား မှုမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်အိုဘားမားကတော့ သူ့အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားနိုင်ငံကို စေ လွှတ် ရေး နဲ့ ပတ်သက်ပြီး ဘာမှကြိုတင်ပြောလို့ မရသေးဘူးလို့ သောကြာနေ့မှာ ပြောကြား လိုက်ပါ တယ်။

From: VOA 

သီရိ လင်္ကာနိုင်ငံမှ မွတ်ဆလင် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနမှ ဖမ်းဆီးခဲ့

Posted by drmyochit Sunday, May 05, 2013, under | 1 comment



သီရိ လင်္ကာနိုင်ငံမှ မွတ်ဆလင် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနမှ မေလ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု သိရှိရပါသည်။

မွတ်ဆလင် တမီးလ် အမျိုးသား အဖွဲ့ ခေါင်းဆောင် Colombo ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ၏ အဖွဲ့ဝင်ဟောင်း Azath Salley အား ၎င်း၏နေအိမ် အပြင်ဘက်တွင် ဖမ်းဆီးခဲ့သည်ဟု ဒေသခံ ရဲတပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် Budhika Siriwardena က ပြောကြား ခဲ့ပါသည်။ လွန်ခဲ့သော မတ်လအတွင်း ကလည်း Azath Salley အား စုံစမ်းစစ်ဆေးရေး ဌာနမှ ဖမ်းဆီး ခဲ့ပါသည်။ သို့သော် Azath Salley ၏ ရှေ့နေများသည် ၎င်းအား အာမခံဖြင့် ထုတ်ယူခဲ့ပါသည်။ မတ်လအတွင်း၌ပင် Azath Salley အား စုံစမ်းစစ်ဆေးရေးဌာနသို့လာရောက်ရန် ရဲတပ်ဖွဲ့မှ သမ္မန်စာပေးပို့ခဲ့ပါသည်။

သို့သော် Azath Salley သည် ရဲတပ်ဖွဲ့သို့ သွားရောက်ခြင်း မရှိခဲ့ပေ။ တစ်ချိန်တည်းမှာပင် Azath Salley သည် သီရိလင်္ကာ အစိုးရသည် မွတ်ဆလင်များအား ဖိနှိပ်ရန်အတွက် ဆောင်ရွက်လျက် ရှိသည် ဟူသော စာတစ် စောင်အား ကုလသမဂ္ဂသို့ တင်သွင်းခဲ့မှုနှင့်ပတ်သက်၍ ၎င်းအား ရဲတပ်ဖွဲ့မှသမ္မန်စာ ပေးပို့ခြင်း ဖြစ်ကြောင်း သံသယရှိခဲ့ ပါသည်။

Salley မှ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သော တင်ပြချက်တွင် သီရိလင်္ကာ နိုင်ငံရှိ မွတ်ဆလင် လူနည်းစု၏ လူ့ အခွင့် အရေး များကို တိုးမြှင့်ပေးရန်နှင့် လူနေမှု အခြေအနေ များကို နိုင်ငံတကာ စံချိန်စံညွှန်း များ နှင့် အတူ ဆောင်ရွက်ပေးနိုင်ရန် တောင်းဆို ထားသည်ဟု သိရှိရပါသည်။

ဗဟုသုတဟင်းပေါင်းအိုးကြီး 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်