Tuesday, May 07, 2013

သြစတြေးလျ၏ စီးကရက်ထုပ်ပိုးမှုဆိုင်ရာ ဥပဒေ ကျူးဘား ကန့်ကွက်မည်

Posted by drmyochit Tuesday, May 07, 2013, under | No comments


သြစတြေးလျ နိုင်ငံ၏ စီးကရက် ထုပ်ပိုးမှုဆိုင်ရာ ဥပဒေ ကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (ဒဗလျူတီအို)တွင် ကန့်ကွက် သွားရန် ကျူးဘားနိုင်ငံက စီစဉ် ဆောင်ရွက် ထားလျက် ရှိကြောင်း ဆွစ်ဇာလန် နိုင်ငံ ဂျီနီ ဗာမြို့ အခြေ စိုက် ဒဗလျူတီအိုက မေ ၆ ရက်တွင် ထုတ်ပြန် သော သတင်းကြေညာချက် တစ်ရပ်တွင် ဖော်ပြ သည်။ သြစတြေးလျနိုင်ငံက စီးကရက် ထုပ်ပိုးမှု ဆိုင် ရာ တင်း ကျပ်သည့် ဥပဒေ ထုတ်ပြန် ပြဋ္ဌာန်း ခဲ့ခြင်းနှင့် ပတ်သက် ၍ ယူကရိန်း၊ ဟွန်ဒူးရပ်စ်နှင့် ဒိုမီနီကန် သမ္မတ နိုင်ငံတို့ ကလည်း ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့တွင် တရား ဥပဒေ ကြောင်း အရ တရားစွဲဆိုမှုများ ပြုလုပ် ထားကြသည်။ သြစတြေးလျနိုင်ငံ၌ လွန်ခဲ့သည့် ဒီဇင် ဘာလက အာဏာ သက်ဝင်လာခဲ့သော ဥပဒေအရ စီးကရက် ကုမ္ပဏီများ အနေဖြင့် ၄င်းတို့ ထုတ် လုပ်သော စီးကရက်ဘူးများပေါ်တွင် ကုမ္ပဏီအမှတ်တံဆိပ် (လိုဂို)ကို ဖော်ပြခွင့် မရှိပေ။ ၄င်းအပြင် စီးကရက် ဘူး ပေါ်တွင် ကျန်းမာရေးသတိပေးချက်ကို အထင်အရှား ဖော်ပြရန် လိုအပ်သည်။ စီးကရက်ဘူး ထုပ်ပိုးခြင်း ဆိုင်ရာ တင်းကျပ်သော ဥပဒေကို သြစတြေးလျနိုင်ငံက ပြဋ္ဌာန်းခဲ့ပြီးနောက် ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေ၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် ကနေဒါနိုင်ငံတို့ကလည်း အလားတူ ဥပဒေတစ်ရပ် ပြဋ္ဌာန်း နိုင်ရန် စဉ်းစားသုံးသပ်လျက် ရှိကြသည်။ 

(ရိုက်တာ)
From: ခေတ်လူငယ် 

တာမွေရာပြည့်ဈေးအသစ်ပြန်ဆောက်မည့်ကိစ္စ စည်ပင်မှ ပွင့်လင်းစွာဖြင့် တိကျသော ကတိက၀တ်ပေးရန် ဈေးသူ/ဈေးသားများတောင်းဆို

Posted by drmyochit Tuesday, May 07, 2013, under | No comments


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မ တီနှင့် ပုဂ္ဂလိ က ဆောက်လုပ်ရေး ကုမ္ပဏီ တစ် ခုဖြစ်သော မောင်ကောင်း ကျော် ကုမ္ပဏီအကျိုးတူပူးပေါင်းတည် ဆောက်မည်ဖြစ်သော တာမွေရာ ပြည့်ဈေး သစ်ကြီး အတွက် မူလ ဈေးသူ/သားများအား တာမွေ အခွန်လွတ်ဈေးအနီး ယာယီဈေး အဖြစ် သတ်မှတ်ကာ နေရာချ ထားမှုပြုလုပ်ခဲ့ပါသော်လည်း ဈေးသစ်ကြီးတည်ဆောက်ပြီး ဆိုင်ခန်းသစ်များအား ဈေးသူ/ ဈေးသား များ အတွက် နေရာပြန် ချပေးနိုင်ရန် စည်ပင်မှ ခိုင်မာ သော ကတိက၀တ်တစ်စုံတစ်ရာ မပေးသည့် အတွက် ယင်းအား တောင်းဆိုပါကြောင်း တာမွေ ရာပြည့်ဈေးသူ၊ ဈေးသားများက တောင်းဆို သည်။
““

ကျွန်မ တို့ ဈေးသူ၊ ဈေးသား တွေအနေနဲ့ တာမွေမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်း ဆွေကို တင်ပြထား တယ်။ ဘာလို့လည်းဆိုတော့ စည်ပင်နဲ့ ကုမ္ပဏီနဲ့ပေါင်းပြီးလုပ် လို့ မူလဈေးသူ၊ ဈေးသား တွေ လမ်းဘေးရောက်သွားတဲ့ သာဓက တွေအများကြီးရှိတယ်။ ဒီလိုမျိုး တာမွေမှာလည်း ဖြစ်ဖူး တယ်။ နောက် ကမ္ဘာအေး၊ ဂမုန်းပွင့် ဆောက်တုန်းကလည်း မူလအဲဒီ နေရာက ဈေးသည်တွေခမျာ ဘာနေရာ မှပြန် မရဘဲ ဂမုန်းပွင့် ကြီးက ထီးထီးကြီးပေါ်လာ၊ ဈေး သည်တွေမှာတော့ ဂမုန်းပွင့် အနောက်ကို ရောက် သွားပြီး ဈေး တန်းလေးလိုဖြစ်သွားခဲ့တယ်။ အဓိက ကျွန်မတို့လိုချင်တာက ဘယ် အချိန် ရောက် ရင် မူလဆိုင် ခန်းရှင်တွေကို နေရာပြန်ချပေး မယ်။ ဒါကို အာမခံပါတယ်ဆိုတဲ့ ကတိက ၀တ်တစ် ခုခုပဲ။ ဒါကို ပြီး စလွယ်ပါးစပ်နဲ့ပြောလို့တော့ ကျွန်မတို့လက်မခံနိုင်ဘူး။ ခိုင်မာ တိကျတဲ့ စာချုပ်စာ တမ်းတစ် ခုခု နဲ့ ပေးမှကျေနပ်မယ်””ဟု ဈေးသူ၊ ဈေးသားတစ်ဦးက Hot News သို့ ပြောကြားသွားသည်။

တာမွေ မဲ ဆန္ဒနယ် ပြည်သူ့  လွှတ်တော် ကိုယ်စား လှယ် ဒေါ် လဲ့လဲ့ဝင်း ဆွေကလည်း ဈေးသူ၊ ဈေးသား များ အတွက် ယာယီ နေရာချထားပေးပါသော်လည်း ဈေးသစ်ကြီးပြီးသည့်နောက် နေရာရရှိရန် ခိုင်မာ သော ကတိ က၀တ်ပြုရန်လိုကြောင်း ထိုသို့ မဟုတ်ပါက ဈေးသူ၊ ဈေးသား အချို့နေရာမဲ့သွားသော သာဓက များအရ ရာပြည့်ဈေးသူ၊ ဈေး သားများ မည်သို့မျှ စိတ်ချမ်းသာ မှုရှိနိုင်မည်မဟုတ်ကြောင်း ပြော ကြား ခဲ့ပြီး တရားလွှတ်တော် ရှေ့ နေပြီး ဦးသန်းအောင်ကလည်း စည်ပင်အနေဖြင့် ဆိုင်ခန်းများအား ငှားရမ်း စာချုပ် အရ ငှားရမ်းထား သော်လည်း ယင်း၏လုပ်ငန်း သဘာဝအရ လိုအပ်၍ပြန်လည် သိမ်းမည် ဆိုပါက လည်း ငှားရမ်း စာချုပ်ဖြစ် သိမ်းခြင်းမရ အစား ပြန်ပေးရမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

 ခန့်ခန့်(ဒဿနိက)
From: The Hot News 

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖို့ တိုင်းရင်းသားများအား မတိုက်တွန်းခဲ့ပါကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်မှဆို

Posted by drmyochit Tuesday, May 07, 2013, under | No comments



ရှမ်းပြည်နယ် မြောက်ပိုင်း နမ့် ခမ်းမြို့နယ် ပန်ဆေး ဒေသ တွင်းရှိ ခိုလုံလီရှော့၊ ရှမ်း၊ ပလောင်အစရှိ သည့် တိုင်းရင်းသား များ စုပေါင်းကာ ရှင်သာမဏေ၀တ်ခြင်း၊ ဗုဒ္ဓဘာသာ  ခံယူခြင်းကို မေလ (၄) ရက်နေ့ မှ (၅) ရက်နေ့ထိ ကျင်းပ ပြုလုပ် ခဲ့တဲ့ ပွဲသည် တိုက်တွန်းခြင်း ကြောင့် ဖြစ်လာသည့် ပွဲမ ဟုတ်ပါကြောင်း သာသနာရေး ၀န်ကြီးမှ ဆိုပါသည်။

တိုင်းရင်းသား ယဉ်ကျေးမှု ဥက္ကဋ္ဌဦးကျော်မြင့်မှ ဦးသောင်း ကျင်ပကာ တောင်ပေါ်ပန်းဆေး  ဒေသရှိ တိုင်းရင်းသား (၃) သောင်း ကျော်ဗုဒ္ဓဘာသာဝင်ဖြစ်လာရခြင်း  အပေါ်မိမိအနေဖြင့် တိုက်တွန်း ပြော ဆိုခြင်း တစ်စုံ တစ်ရာ မရှိခဲ့ပါ ကြောင်း သာသနာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြိးဦးဆန်းဆင့်မှ ဆိုပါ သည်။ ဗုဒ္ဓဘာသာဝင်အဖြစ်  ခံယူကြလို့ “ကြိုဆိုပါတယ်” ဘာသာရေးအရပြောရရင်သာဓုခေး ပါပေတယ်။ သို့သော် ဒီပွဲကြီးဖြစ်  လာရခြင်းနှင့် ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်သူကိုမှ  မင်းတို့ ဗုဒ္ဓဘာ သာဝင် အဖြစ် ခံယူကြ ပါလို့လုပ်ခိုင်းပြီး ဖြစ်လာတဲ့ပွဲ မဟုတ်ဘူး။ 

ဒီနယ်အကြောင်းကို  အနည်းအကျဉ်းပြောပြမယ်။ ဗုဒ္ဓ ဘာသာ မဟာ ယာန ဆရာတော်  သာသနာ ပြုလုပ်တဲ့ နေရာ မှာတော့  မဟာ ယာန ကိုးကွယ်ကြတယ်။ တချို့လမ်းပန်းဆက်သွယ်မှုမရှိတဲ့ နေရာတွေ ကြတော့ လည်း တိတိ ကျကျ ကိုးကွယ်သည့် ဘာသာ အယူ မရှိကြဘူး။ မဟာယာန ဆရာတော်  တွေက လည်း သူတို့နဲ့ လက်လှမ်း မီ သလောက်တော့ သာသနာပြု လို့ရတာပေါ့။ 

အလှမ်း ကွာဝေးတဲ့ နေရာ တွေကျတော့ ဘယ်ရောက်   နိုင်ပါ့မလဲ။ အခုသိသိသာသာဖြစ်  လာတာဟာ လမ်းပန်း ဆက်သွယ် မှုဖြစ်လာပြီး တိုင်းရင်းသားတွေ  ဟာလည်းပွင့်လင်းလာတယ်။ ဘာသာရေး ဆိုတဲ့ အမြင်တွေ မြင် လာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကနေ ဒီပွဲလုပ်ပြီး ကျွန်တော် တို့ကို  ဖိတ်တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ   မှမဟုတ်ပါဘူး ဘယ်လူမျိုးမဆို ဘယ်ဘာသာကိုမဆိုကိုးကွယ်လို့ ရပါ တယ်။ အခုတိုင်းရင်းသားတွေ  ဟာလည်းပဲ သူတို့စိတ်ကြိုက်သူတို့  ရွေးချယ်ခွင့်လေ့လာခွင့်တွေတာမို့ တိုက် တွန်းခြင်း မရှိကြောင်း ဗုဒ္ဓဘာသာခံယူပွဲတွင် ရှင်းလင်း သွားကြောင်း သိရှိရသည်။ 

စိုးဝင်းနိုင်
From: The Hot News 

မွတ်စလင်အခွင့်အရေးအတွက် လုပ်ပေးမယ်လို့သမ္မတပြော

Posted by drmyochit Tuesday, May 07, 2013, under | No comments


မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေး ကို စောင့်ရှောက် သွားမှာဖြစ် တဲ့ အကြောင်း သမ္မတဦးသိန်းစိန်က ကတိကဝတ်ပြုလိုက်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြီး ခဲ့တဲ့တစ်ပတ်ကပဲ အစီရင် ခံစာ ထွက်ပေါ်ခဲ့အပြီးနောက် မနေ့က မိန့်ခွန်းပြောရာမှာ ခုလို ပြော လိုက်တာဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ဖို့ကိုလည်း သမ္မတဦးသိန်းစိန်က ပြောခဲ့ပါ တယ်။

ရခိုင် ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေးတွေ ကို စောင့်ရှောက်သွား ဖို့ဟာ အစိုးရအဖွဲ့ရဲ့ တာဝန်ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေဖြစ် တဲ့ ဒေသခံရခိုင် လူမျိုးတွေကိုလည်း လစ်လျူ ရှု ထားမှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်ရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ အပြီးမှာ အကြမ်း ဖက်မှုတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ပါဝင်ပတ်သက်နေသလို ရဲအဖွဲ့တွေကလည်း အကြမ်း ဖက်မှု တချို့ကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတာကို လက်ခံတဲ့အကြောင်း ဒီလိုဖြစ်ရ တာဟာ အရင်ကသုံးခဲ့တဲ့ မူဝါဒတွေအရ ဖြစ်ခဲ့ရတဲ့အကြောင်း ပြောခဲ့ပေမယ့် ဘယ်လို မူဝါဒ မျိုးဆို တာကိုတော့ အတိအလင်းပြောတာမရှိဘူးလို့လည်း သိရပါတယ်။

ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရှိဖို့အတွက် လုံခြုံရေးအဖွဲ့တွေက လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင် ဖို့ကိုလည်း သူ့အနေနဲ့ တာဝန်ယူသွားဖို့လည်း ကတိပြုခဲ့ပါတယ်။

ရခိုင်အရေး အခင်းတွေနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားခဲ့တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ရခိုင်ပြည် နယ်ကို အထောက်အပံ့တွေ တိုးမြှင့်ပေးဖို့နဲ့ မုတ်သုန်ဝင်ရောက်ဖို့ နီးလာတာနဲ့ အမျှ ကယ် ဆယ် ရေး စခန်းတွေမှာ နေထိုင်နေရသူတွေအတွက် ဒုက္ခပိုစရာဖြစ် လာမယ် လို့လည်း ပါရှိကြောင်း သိရပါ တယ်။

From: ABC Radio Australia

ကိုးတန်းကလေးနှင့် Sexy နမ်းရှုံ့ခန်းရိုက်သည့် ဒါရိုက်တာ ကိုယ်စား ဇနီးသည်မှ တောင်းပန် (ဗီဒီယို ဖိုင်ပါ)

Posted by drmyochit Tuesday, May 07, 2013, under | 1 comment


ကျမ နံရိုးရှင် ဒါရိုက်တာ ဝင်းထွန်းထွန်း .. ရိုက်ကူးခဲ့တဲ့ 
မျက်လုံးလေး ကလယ် ကလယ် ဆိုတဲ့ ဇာတ်ကား နဲ့ပတ်သက်ပြီး .. 
ဝေဖန် ရှုံချ ပြစ်တင်မှု တွေ ကို .. 
ကျမ ဝမ်းနည်း နာကျင် ထိခတ် ခံစားရ တာထက် .. 
ဒါဟာ ပြောသင့်တဲ့ .. လက်ညှိုးထိုးသင့်တဲ့ .. အမှန်တရား .. တခုမို့ .. 
ကျမ ဝမ်းနည်း နာကျင် ရပေမဲ့ .. လူတိုင်း ပြောသမျှ .. ကို .. 
ကျမ လက်ခံပါ တယ် .. 
ကောင်းအတူ ဆိုး အတူ ပေါ့ ရှင် .. 
သူ ကောင်းခဲ့တာတွေအတွက်ချည်း .. ကျမ စံနေရတာ များပါပြီ ... 
တခုလေးပဲ တောင်းပန်ချင်တာက .. 
သူ့ရဲ့ ဖန်တီးမှု ကို ကြိုက်သလိုထောက်ပြလို့ရပါတယ် .. 
သူ့ ရဲ့ အနုပညာသက်တမ်းတလျှောက် .. 
ဘာမှ မလေ့လာ မစူးစမ်းပါဘဲ .. ဝါးလုံးရှည် နဲ့ သိမ်းကျုံးရမ်း ပြီး .. 
သူစောင့်ထိန်းခဲ့တဲ့ သိက္ခာတွေကိုတော့ မှိုချိုးမျှစ်ချိုး မပြောစေချင်ပါဘူး .. 
အပြစ်ရှိတယ်လို့ ထင်တဲ့အတွက် .. 
သူ့ကိုယ်စား .. ကျမ က တောင်းပန်နေပါတယ် .. 
နောက်မဖြစ်စေရဘူး လို့လဲ ကတိပေးနေပါတယ် .. 
ဆင်းရဲသည်ဖြစ်စေ .. ချမ်းသာသည်ဖြစ်စေ .. 
ကျန်းမာသည် ဖြစ်စေ .. မကျန်းမာသည်ဖြစ်စေ .. 
အောင်မြင်သည်ဖြစ်စေ .. ကျရှုံးသည်ဖြစ်စေ .. 
ကောင်းရင်လဲ တူတူစံပါ့မယ် .. မကောင်းတာတွေကိုလဲ တူတူမျှဝေပါ့မယ် .. 
ကျမ သူ့ကိုယ်စား အထပ်ထပ် တောင်းပန်ပါတယ် ရှင် .. 
ဟုတ်ကဲ့ ရှင် .. 
ကျမ ဒါရိုက်တာဝင်းထွန်းထွန်းရဲ့ဇနီး .. သစ်သစ်မြင့်ဆိုင် ပါ .. 
ကျေးဇူးတင်ပါတယ် ..

ဒီကား ကို ဖန်တီးတဲ့ သူ က ကျမ နံရိုးရှင် ဒါရိုက်တာဝင်းထွန်းထွန်း ဖြစ်နေတဲ့ အတွက် ..ကျမ ကိုယ်တိုင် .. အဲဒီ ဒါရိုက် တာကို ပြင်းထန် စွာ ရှုံ့ချကြောင်း ပြောလို ပါတယ် ..
နောက်တခါ ဒီလိုမျိုး ရိုက်ဦးမယ် ဆိုရင် ..
ကျမ ဘယ် လိုမှ လက်မခံနိုင်တဲ့ အတွက် ..ကျမ ဘာလုပ်မယ် ဆိုတာ စောင့်ကြည့်လိုက်ပါ .. ဒါရိုက်တာ ..
ပြင်းပြင်း ထန်ထန် ကို ရှုံ့ချပါတယ်
$ ရှက်ကင်းမဲ့လိုက်တာ ဆိုတာ ..ရှက်စရာ ကောင်း လှတယ် ..
လွန်လွန်းလှတယ် ..စောက်ရှက်ကွဲတယ် ဆိုတာ အဲလိုမျိုး ..
အဟတ်ဟတ် ..
ဘယ်လိုမှ ကို ဖြေတွေးတွေးပေးလို့မရတဲ့ .. ကိစ္စ တခု ဖြစ်ပါတယ် ..
စိတ်ကုန်လှတယ် ..
ရှက်လှတယ် ..
ကျမ က အားလုံး ကို သူ့ကိုယ်စား တောင်းပန်ပါတယ် ...နောက်မဖြစ်စေ ရပါဘူး ..
ကျမ wall ပေါ်မှာ cmt အနေနဲ့ လာ share ပေးတဲ့ Soe Min Oo ကို ကျေးဇူးအထူးတင်ရှိပါတ်
ကျမ က သူဘာတွေ ရိုက်တယ် ဘယ်သူ တွေနဲ့ ရိုက်တယ် ဆိုတာ မသိတော့
နောင် ဒါမျိုးတွေ့ခဲ့ရင်လဲ လက်တို့ပေးကြပါဦး ရှင် ..



လူ ၄ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရှမ်းတပ်စခန်း ၁ ခု မီးရှို့ခံရ

Posted by drmyochit Tuesday, May 07, 2013, under | No comments


ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ လူ ၄ ဦး ပျေက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ရဲ့ တပ်စခန်းတခုကို အစိုးရတပ်က  မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ ရှမ်းပြည် တပ်မ တော်က ပြောပါ တယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စုထဲမှာ  ရုပ်ပုံ ပိုစတာ ဓာတ်ပုံတွေ လိုက်လံ ရောင်း နေတဲ့ လူ ၄ ဦး ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး   ခလရ ၁၉၀ အစိုးရ တပ်က သူတို့ စခန်း ထဲကို ၀င်ရောက်ရှာဖွေရာမှာ လူမတွေ့တဲ့အတွက်  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“မြန်မာ့ တပ်မတော် စစ်ကြောင်းက ကျနော်တို့ တပ်စ ခန်းတခုကို ဒီလ ၅ ရက်နေ့မှာ မီးရှို့ ပစ်လိုက် တာပါ။ ဖြစ်တာက စစ်ထောက်လှမ်းရေးလို့ ယူဆရသူ ၄ ယောက်ပျောက်သွားတော့၊ ကျနော်တို့ကို ဖမ်းထား သလားပေါ့၊ သူတို့လူ ပြန်ပေးပါ။ မူဆယ် အခြေစိုက် ဗျူဟာမှူးက အဲလို ပြောလာတယ်။ ကျနော်တို့က မဖမ်း ရဘူး၊ ရှိလည်း မရှိ တွေ့လည်းမတွေ့ရဘူး ပြောပါတယ်။ သူတို့က အယုံအကြည် မရှိဘူး။ တပ်စခန်းကို ၀င်စစ်ဆေးကြည့် မယ်တဲ့။ ဖယ်ပေး ဆိုပြီး ဖယ်ပေး လိုက်တဲ့အခါ တပ်စခန်းကို လာစစ် တယ်၊ မီးရှို့ ဖျက်ဆီး လိုက်ပါတယ်။”

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း  ခလရ ၁၉၀ နဲ့ ခလရ ၄၅ က တပ်ဖွဲ့ဝင်တွေဟာ  အဲဒီ ကျေးရွာ အုပ်စု ထဲမှာ ရှိတဲ့ တိန်းခါး၊  နောင်ပိုင်နဲ့ နမ့်အွဲ့စတဲ့ ကျေးရွာတွေထဲ ၀င်ရောက်ပြီး ပျောက်ဆုံးသွားတဲ့ လူ ၄ ဦးကို ၀င်ရောက် ရှာဖွေခဲ့သေးတဲ့အတွက် အဲဒီလူတွေဟာ ရိုးရိုးအရပ်သားမဟုတ်နိုင်ဘဲ ဈေးသည် ယောင် ဆောင် ထားတဲ့ ထောက် လှမ်းရေး တွေ   ဖြစ်နိုင် တယ်လို့ သူက ခန့်မှန်း ပြောဆို ပါတယ်။

အစိုးရတပ်က လူဝင်ရှာပြီး  မီးရှို့ ခဲ့တဲ့စခန်းကတော့  တိန်းခမ်းရွာမှာရှိပြီး  ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ တပ်မဟာ ၇၀၁ လက်အောက်ခံ တပ်က စခန်းချနေတာ ဖြစ်ပါတယ်။

မေလ ၅ ရက်နေ့မတိုင်ခင်က အဲဒီဒေသထဲမှာ နယ်မြေရှင်းလင်းရေး နဲ့ ပျောက်ဆုံးနေတဲ့သူတွေ ရှာဖွေဖို့ အတွက် ရှမ်းတပ်ကို ဖယ်ပေးဖို့ မူဆယ်အခြေစိုက် အစိုးရတပ်ဘက်က ဗျူဟာမှူးက ပြောခဲ့တဲ့အတွက် ရှမ်းတပ် ကလည်း ဖယ်ပေးခဲ့ တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ စစ်ဆေး အရေးယူ မှုတွေ လုပ်ပေးဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ဒုဥက္ကဋ္ဌ   ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဆီကို မေ ၆ ရက်နေ့က စာတစောင် ပေးပို့ ထားတာ မှာ ခုထိ ဘာမှ အကြောင်း မပြန် သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အနောက်ဘက်ခြမ်း ကျိုင်းတောင်း မြို့နယ် ထဲမှာ ရှိတဲ့ သံလွင်မြစ် ကူး တံတား နားမှာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ အစိုးရ တပ်တွေကြား ပစ်ခတ်မှု တွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရ တပ်ဘက်က ကျိုင်းတောင်းဒေသ ရွှေတူးဖော်ရေးနဲ့ သစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို လာရောက် စစ်ဆေး တာလို့ ပြောပေမယ့်လည်း သူတို့ဘက်ကို  ကြိုတင် အကြောင်း မကြားဘဲ ရောက်လာ တဲ့ အတွက် ရှမ်းပြည် တပ်မတော် ဘက်က စပစ်ရာက ပစ်ခတ်မှု မိနစ် ၂၀ လောက်   ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ် ဆိုင်က ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် လွိုင်တိုင်း လျဲန်း အခြေစိုက် ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စု အဆင့်မှာပါ အပစ်အခတ်ရပ် သဘောတူ လက်မှတ် ရေးထိုးခဲ့ ပေမယ့် ပစ်ခတ်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြန်ဖြစ်ခဲ့တယ်။

ပစ်ခတ် မှုတွေ ဖြစ် တိုင်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဆီကို အကြိမ်ကြိမ် စာပို့ အကြောင်းကြား ပေမယ့် ထူးခြားမှု မရှိကြောင်း၊ တပ်မတော်ဘက်က ငြိမ်းချမ်းရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်း ကြောင်း၊ ဒါဟာ ယုံကြည်မှုကို ပျက်ပြားစေပြီး ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်ဖို့ အင်မတန် ခက်ခဲ စေ တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)

ဗိုလ်မှူး စိုင်းလောဝ်ဆိုင်

အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး

Posted by drmyochit Tuesday, May 07, 2013, under | No comments


အိန္ဒိယ နိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများ ရှေ့တွင် စွန့်စွန့် စားစား စတန့်ပြကွက်တစ်ခု ပြုလုပ်နေစဉ် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြ ခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက် ဘင်္ဂလား ဒေသရှိ တီစ တာမြစ်ကို တွဲလောင်း ချထားသည့် အနေ အထားဖြင့် အမြင့်မှ ဖြတ်ကူးပြရန် ကြိုးစားရင်း လမ်းတစ် ဝက်တွင် သေဆုံး သွားခြင်း ဖြစ်သည်။ ၎င်း၏ ပိုနီတေး ကျစ်ဆံမြီး ဆံပင် ကို တွဲချည် ထားသည့် ကြိုးတန်း အတိုင်း မြစ်ပေါ်မှ ကျော်ဖြတ် စဉ် နက်သ်ရွိုင်းမှာ ယခုလို ကွယ်လွန်သွားခြင်း ဖြစ်သည်။ စတန့်ပြ ကွက် အ တွင်း အလွန်ဆိုးရွား ပြင်းထန်သော နှလုံးဖောက်ပြန်မှုဖြင့် နက် သ်ရွိုင်း အသက် ဆုံးရှုံးသွားကြောင်း ရဲများက ဆိုသည်။
(နက်သ်ရွိုင်းအား မကွယ်လွန်မီ စတန့်ပြကွက်ပြသနေသည်ကို တွေ့ရစဉ်)

နက်သ်ရွိုင်းသည် ရဲတပ်ဖွဲ့အတွက် ယာဉ်မောင်းအဖြစ် အလုပ်လုပ်သူ တစ်ဦးဖြစ်သည်။ ၎င်းသည် မီတာ (၁၈၀) ရှည်သော လမ်းကြောင်းအတိုင်း ဖြတ်သန်းနေရင်း တစ်ဝက်တစ်ပျက်တွင် ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် ၎င်းကို အဆိုပါ ကြိုးပေါ်မှ ပြန်ချရန် (၄၅)မိနစ် အချိန်ယူ လုပ်ဆောင် ခဲ့ရသည်။ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်နောက် ဆရာဝန်များက ၎င်းသည် စတန့်ပြကွက်အတွင်း ပြင်းပြင်း ထန်ထန် နှလုံးထိခိုက်မှု ဝေဒနာ ခံစားသွားရခြင်းဖြစ်ကြောင်း ပြောဆို အတည်ပြုခဲ့သည်။

(စတန့်ပြကွက်ပြသနေစဉ် ကွယ်လွန်သွားသည့် နက်သ်ရွိုင်း)

ဓာတ်ပုံဆရာ တစ်ဦးဖြစ်ပြီး ထောင်နှင့်ချီသည့် အခြားသော မျက်မြင်များနှင့်အတူ ရှိခဲ့သည့် ဘာလိုင်ဆူထရက်ဟာက "ရှေ့တိုးဖို့ သူအသည်းအသန် ကြိုးစားခဲ့တယ်။ ပြီးတော့ တစ်ခုခု အော်မလို့ လုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်သူမှ သူဘာပြောချင်တယ် ဆိုတာကို မကြားရဘူး"ဟု ပြောဆိုခဲ့သည်။ "မိနစ်(၃၀)လောက် ရုန်းကန်နေရတဲ့နောက် သူငြိမ်သက်သွားတာပဲ"ဟုလည်း ၎င်းက ဆိုသည်။

(၂၀၀၈ ခုနှစ်က ရထားတစ်စင်းကို ကျစ်ဆံမြီးဖြင့် ဆွဲပြခဲ့သည့် နက်သ်ရွိုင်း)

နက်သ်ရွိုင်း သည် ကွယ်လွန် ချိန်တွင် အသက် (၄၉)နှစ် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် (၂၀၀၈)ခုနှစ်က ပိုနီတေး ကျစ်ဆံမြီးဖြင့် ရထားတစ်စင်းကို ဆွဲပြခဲ့ဖူးပြီး (၂၀၀၇)ခုနှစ်က အဆောက်အအုံ နှစ်ခုကြား ဆံပင် ဖြင့် တွဲလောင်း ချကာ ကူးပြောင်းပြီးပြီး ဆံပင်ကို ချိတ်ဆက် အသုံးပြုပြီး ခရီးအဝေးဆုံး ရောက်အောင် သွားနိုင် သူ အဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စာရင်းသွင်း ဖော်ပြ ခံခဲ့ရသည်။

Source: TheSun

မိတ္ထီလာ လူသတ်မှု စွဲချက် စတင်

Posted by drmyochit Tuesday, May 07, 2013, under | No comments



လူသတ်မှုဖြင့် စွပ်စွဲခံထားရသူများကို ဧပြီလအတွင်းက ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ – Reuters)

မိတ္ထီလာတွင် ဘုန်းတော်ကြီးတပါးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ၇ ဦးထဲမှ ၆ ဦးကို ခရိုင် တရား ရုံးမှ တရားစွဲ ဆိုရန် စွဲချက် တင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ရုံးထုတ် သော အချိန်တွင် တရားရုံးမှ တရားခံစစ် စစ်ဆေးသူ ၄ ဦးရှိခဲ့ပြီး လာမည့် မေလ ၈ ရက်နေ့ တွင် နောက် ထပ် ၂ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများထဲမှ အသက် ၁၇ နှစ်အရွယ် ရှိ ညီညီနိုင်ကိုတော့ အသက်မပြည့်သည့်အတွက် ကလေးသူငယ်အက်ဥပဒေဖြင့် အသစ်ပြန် လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စွတ်စွဲခံရသူများဘက် မှ ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီ သို့ပြောသည်။

၎င်းတို့ကို စွဲချက်မတင်မီ နောက်ဆုံးသက်သေဖြစ်သော ရဲအုပ်ဦးမြင့်သန်းကို စစ်ပြီးမှ  စွဲချက်တင်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ တရားစွဲဆိုခံရသူများမှာ အစ္စလမ်ဘာသာဝင်များဖြစ်ပြီး မိတ္ထီလာ အဓိ ကရုဏ်းတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသောဘိတကို သတ်ဖြတ်သည်ဟု သင်္ကာမ ကင်းခံရ သူများ ဖြစ်ကြောင်း သိရသည်။

“ အသက်မပြည့်တဲ့သူကိုတော့ သီးခြားခွဲထုတ်ပြီး စွဲချက်မတင်မီ ပြန်ရုတ်သိမ်းပြီး ကလေးသူငယ်ဥပဒေနဲ့ အသစ်ပြန် တရားစွဲမှာ။ အဲဒီထဲကမှ မြတ်ကိုကို ကိုတော့ သူကိုယ်တိုင် ဓါးနဲ့ ထိုးသတ်တယ်လို့ စွပ်စွဲတဲ့ အတွက် လူသတ်မှုနဲ့ တရားစွဲခံရလိုက်တယ် ” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

မျိုးထွန်း ထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ ဇော်ထက်နိုင်၊ မျိုးဝင်း(ခ)ဒါဂျိဂန်း တို့ကို တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန် တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄၊ သာသနာ ညစ်နွမ်းစေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅(က)၊ လူသတ်မှု ကို အားပေးကူညီမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁/ဂ/၁၁၄ တို့ဖြင့် စွဲချက်တင်လိုက်ပြီး မြတ်ကိုကို(ခ)အဏ္ဏ၀ါကိုတော့ လူသတ်မှု ပုဒ်မ ၃၀၂/၁ /ဂ၊ ပုဒ်မ ၁၄၄၊ ပုဒ်မ ၂၉၅(က) တို့ဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။

လူသတ်မှု ပုဒ်မ ၃၀၂/၁/ဂ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်၍ရကြောင်း၊ အားေ ပးကူညီခြင်းဆိုင်ရာ ပုဒ်မ ၁၁၄ ပါတွဲပါသည့်တိုင်အောင် သီးခြားပုဒ်မ တပ်မထားလျှင် ၎င်းတို့ကိုပါ ထိုပြစ်ဒဏ် အထိ ပေး၍ရ ကြောင်း အထက်တန်းရှေ့နေ ဦးသန်းအောင်က ဧရာဝတီသို့ ပြောသည်။

သို့ရာတွင် တရားရုံး၏ ဆင်ခြင်သုံးသပ်မှု၊ သက်သေခိုင်မာမှုများအပေါ် မူတည်ပြီး ပြစ်ဒဏ်ကို ပြောင်းလဲ သွား နိုင်ကြောင်း၊ တရားခံများအဖြစ် ဆုံးဖြတ်လိုက်လျှင်လည်း တရားရုံးအဆင့်ဆင့် အယူခံ ပိုင်ခွင့် ရှိကြောင်း  ၎င်းကဆိုသည်။

“ အခုက ပုဒ်မ ၃၀၂/၁/ဂ လို့ တပ်လိုက်တာမှာ သေစေလိုတဲ့ဆန္ဒနဲ့ ကြိုတင်စီမံတဲ့သဘောမျိုးဖြစ်နေတယ်။ ရန်ဖြစ် လို့၊ ဒေါသဖြစ်လို့၊ နာကျည်းလို့ လူသတ်မိတာက တမျိုးလေ။ ဒါပေမယ့် တရားရုံးရဲ့ အကြောင်း ချင်း အရာ ပေါ် ကြည့်ရဦးမယ်။ ပြစ်ဒဏ် ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတာ ကြိုတင်ပြောလို့မရဘူး။ တရားခံ အဖြစ် စွပ်စွဲခံရသူတွေကလည်း ဥပဒေ ဘောင်ထဲက ခုခံပိုင်ခွင့်ရှိပါတယ် ” ဟု ၎င်းက ဆက်ဆိုသည်။

လက်ရှိ အချိန်အထိ မိတ္ထီလာအကြမ်းဖက်မှုကြောင့် ဖမ်းဆီးထားသော လူ ၇၀ ရှိပြီး ၎င်းတို့အထဲတွင် ဗုဒ္ဓဘာ သာဝင် ၄၂ ဦး၊ အစ္စလမ်ဘာသာဝင် ၂၈ ဦးရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ထို့အပြင် လက်ရှိအချိန်အထိ ဖမ်းဆီးထားသူများထဲမှ ရွှေဆိုင်ပိုင်ရှင်နှင့် အပေါင်းအပါ ၃ ဦးကို မြို့နယ် တရား ရုံး၏ စီရင်ပိုင် ခွင့်ရှိသည့် အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပြီး မိတ္ထီလာမြို့၊ မြို့မ ၄ ရပ်ကွက် မှ ဘေဘီစတိုးဆိုင်ကို လုယက်ဖျက်ဆီးသည့် ၁၃ ဦးကို တရားစွဲဆိုရန် ရုံးတင်ထားပြီး ယခု ဘုန်းတော်ကြီး တစ်ပါးကို သတ်မှုဖြင့် ယခု လူ ၇ ဦးကို စွဲချက်တင်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်း များအရ သိရသည်။

ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသူများ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန် လျှက် ရှိကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

လက်ရှိအချိန် အထိ ဖမ်းဆီးထားသူများ၏ မှတ်တမ်းများကို မိတ္ထီလာခရိုင်သို့ ဆက်သွယ် မေးမြန်း သော် လည်း မှတ်တမ်း အသေးစိတ်ကို ပြောဆိုခြင်းမရှိသောကြောင့် အတိအကျမသိရသေးပေ။

From: ဧရာဝတီ 

အကြား အမြင် ဟောသူထံ အပ်နှံ ထားသည့် ရွှေထည် ပစ္စည်းများ ပြန် မရ ဟု ဆိုကာ အမှုဖွင့်

Posted by drmyochit Tuesday, May 07, 2013, under | No comments


ရန်ကုန်တိုင်း ဒေသကြီး၊ မြော က်ဥက္ကလာပ မြို့နယ်၊ နွယ် သာကီ(၁) လမ်းတွင် စရိမူ သူ မာရီ ယမ္မာန် မယ် တော် အား ကိုးကွယ် ပြီး အကြား အမြင် ဗေဒင် ဟော လျက် ရှိသော ဆရာမ ဒေါ်အေး အေးသင်း (၄၃)နှစ်အား တာမွေ မြို့နယ်၊ တာမွေကြီး (က/ဂ) ရပ်ကွက်နေ ဒေါ်မြင့်မြင့်ကြည် (၅၆)နှစ်မှ ၎င်းပိုင် ဆိုင်သော ငါးကျပ်သား ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေဘယက် သုံးကျပ်သား တစ်ကုံး၊ ရွှေ လက်စွပ် တစ်ကျပ် သား တစ် ကွင်း၊ ရွှေကလစ်တစ်ကျပ်သား အပါအ၀င် စုစုပေါင်း ရွှေ (၁၃) ကျပ်သား၊ တန်ဖိုး (၉၁၀၀၀၀၀) ဖိုးအား လွန်ခဲ့သည့် ဖေဖော်ဝါရီ လတွင် အပ်နှံထားခဲ့ပြီး ပြန် တောင်းခံခဲ့ရာ ပြန်လည်ပေးအပ် ခြင်းမရှိ သဖြင့် အကြား အမြင် ဆရာမ ဒေါ်အေးအေး သင်းအား အရေးယူ ပေးရန် ဧပြီ (၂၂)ရက် တွင် တိုင်ကြား ခဲ့ရာ ဝေဘာဂီရဲ စခန်းက (ပ/၁၁၃/၂၀၁၃) ပုဒ်မ (၄၀၆)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် ပတ် သက်၍ အကြား အမြင်ဆရာမ ဒေါ်အေး အေးသင်းအား မြောက် ဥက္ကလာ ပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ် သာကီ(၁)လမ်းရှိ ဗေဒင်ဟော ခန်း၌ သွားရောက်တွေ့ဆုံခဲ့ရာ ““ကျွန်မအသက် (၁၈)နှစ်က တည်းကစပြီး မယ်တော်အမိန့်နဲ့ အကြားအမြင် ဗေဒင်ဟောပါ တယ်။ ဉဏ်ပူ ဇော်ခ သတ်မှတ် ချက်မရှိ ပါဘူး။ ကိုယ့်ဆီ ရောက် လာတဲ့ (၇)ရက် သားသမီး တွေရဲ့ အခက် အခဲတွေကို ကယ်တင်တဲ့ အနေနဲ့ မယ်တော်ထံမှာ အဓိ ဋ္ဌာန်ပြီး ဗေဒင် ဟောပေးတယ်။ ယတြာ လုပ်ပေးမယ်။ အောင်မြင် တဲ့ သူတွေက မယ်တော် ထံမှာ လှူကြ၊ တန်းကြ ပါတယ်။ ယခင် က မင်းရန် အောင်ရပ်ကွက်၊ (၅) လမ်းမှာ ဟောပါ တယ်။ အခု ဒီကို ပြောင်းရွှေ့ဟောတာ မကြာသေး ပါဘူး။ 

တာမွေ(၁၆၆) လမ်းမှာ နေတဲ့ ဦးသန်းဇော်က သူ့ရဲ့ အဓိဋ္ဌာန်အောင်မြင်လို့ ဒီအိမ်ကို မယ်တော်ရဲ့ ဘုရား ကျောင်း သဘော မျိုးလှူ ထားတာပါ။ ဒီလိုပါပဲ အခု ကျွန်မကို တိုင်ကြားတဲ့ မမြင့်မြင့် ကြည်က (၂၀၀၇)ခုနှစ် လောက် ကတည်းက ကျွန်မဆီကို ရောက် ခဲ့ပါတယ်။ သူ့ရဲ့ အမွေဆိုင်အိမ် ကိစ္စနဲ့ပတ် သက်ပြီး ရောက်လာတော့ ကျွန်မက ဗေဒင်တွက်ပေးတယ်။ ယတြာတွေလုပ်ပေးတယ်။ (၂၀၁၁)ခုနှစ်မှာ ပြန်ရောက် လာ တယ်။ သူအိမ်ကို ကံထရိုက်တိုက် ဆောက်ပြီး သူရတဲ့အခန်းတွေ ဈေးကောင်းကောင်းနဲ့ရအောင်လို့ ယတြာ တွေ လုပ်ပေးခဲ့တယ်။ ရောင်းပြီးရင်မယ်တော်ကိုလှူပါ မယ်လို့လည်း အဓိဋ္ဌာန်ခဲ့တယ်။ ကျွန်မဟော ခန်းက တစ်နေ့ကို လူ (၂၀)ကျော်ရှိပါတယ်။ အားလုံးလည်း မြင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ သူ့တိုက် ခန်း တွေ ရောင်းထွက်ခဲ့ပါတယ်။ မယ်တော်အမိန့်ပေးခဲ့တဲ့အတိုင်း လုပ်လို့ အောင်မြင်တယ်ဆိုပြီး မယ်တော် ရဲ့ပုံ တော်ရှေ့ မှာ ပထမ ဦးဆုံး ရွှေငါးကျပ်သားတစ်ကုံးကို ကပ်လှူခဲ့ပါတယ်။ နောက်တစ် လခြား လောက်မှာ ရွှေလက်စွပ်၊ ရွှေဘယက်တွေ၊ ရွှေလက်ကောက် တွေ၊ ရွှေဆံညှပ်၊ ရွှေကလစ်တွေ ကို သူ့ရဲ့ အဓိဋ္ဌာန် အောင်မြင်လို့ မယ်တော်ကို ကပ်လှူခဲ့ပါတယ်။

ကျွန်မဆီလာတိုင်းလည်း ဒီ ပစ္စည်းတွေ ပြန်ပေးဖို့တစ်ခါမှ တောင်းဆို ခဲ့ဖူးခြင်း မရှိဘဲ ဧပြီ (၂၂)ရက်ကျမှ ရဲစခန်း မှာ အမှု ဖွင့်ပြီး လှူထား တဲ့သူ့ရဲ့ ရွှေပစ္စည်း တွေ ပြန်တောင်း ခဲ့ပါတယ်။ ရဲ စခန်းမှူးက ဒီပစ္စည်း တွေ အပ်နှံ ဖို့တောင်းဆိုတော့ တိုင်တဲ့မမြင့်ပ မြင့်ကြည်နဲ့တွေ့ပေးဖို့ ပြောခဲ့ ပါတယ်။ လုံးဝတွေ့ခွင့်မပေးခဲ့ ပါဘူး။ သူမယ် တော်ကို လှူတာ ကျွန်မထံမှာဗေဒင်လာမေးတဲ့သူ တွေအားလုံး သိပါတယ်ဟု ပြော ကြား သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်တိုင်ကြားသူ ဒေါ်မြင့်မြင့် ကြည်ထံ ဆက်သွယ်စုံစမ်းရာ ဆက်သွယ်မရရှိတဲ့ အမှုကို (၃၀-၄-၂၀၁၃)တွင် မြောက်ဥက္ကလာ ပမြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှတ် ၅၃၃/၂၀၁၃ ပုဒ်မ (၄၂၀)ဖြင့် စတင်စစ်ဆေးလျက် ရှိပြီး ထိုနေ့တွင်တရားလိုတိုင် ကြားသူ ဒေါ်မြင့်မြင့်ကြည်မှာ ရုံးတော်သို့ လာရောက် နိုင်ခြင်း မရှိဘဲ သက်သေခံပစ္စည်းများကို ၎င်း၏ ကိုယ်စားလှယ် ဒေါ်ခင် ချိုချိုချစ်အား အာမခံဖြင့် ထုတ် ယူခွင့်ပြုခဲ့ပြီး အမှုကို (၉-၅-၂၀၁၃)တွင်ဆက်လက်စစ်ဆေးရန် ရှိကြောင်း စုံစမ်းသိရှိ ရသည်။

တရားလိုဒေါ်မြင့်မြင့်ကြည် က ဝေဘာဂီရဲစခန်းသို့ တိုင်ကြား စာတွင် ရွှေထည်ပစ္စည်းများကို နေအိမ်ရှိ မောင်ဖြစ် သူ စက် အန္တရာယ်ကို ကြောက်ရွံ့သည့် အပြင် ဒေါ်အေးအေးသင်းက လည်း မယ်တော် များထံ တွင် ဆပ်ကပ်ထားပါက ဘာမျှစိုးရိမ် စရာမရှိကြောင်းပြောသဖြင့် ၎င်း ၏ ညီမ၊ သူငယ်ချင်း၊ ယာဉ် မောင်းတို့ နှင့် သွားရောက်အပ်နှံ ခဲ့ကြောင်း ထည့်သွင်းဖော်ပြ ထားသည်ကို တွေ့ရသည်။


ရဲနန္ဒ
From: The Hot News 

မြန်မာသံရုံးဗုံးဖောက်ခွဲရန်ကြံစည်သူ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခြေရာခံနိုင်ခဲ့

Posted by drmyochit Tuesday, May 07, 2013, under | No comments


မေ ၂ ရက်က အင်ဒို နီးရှား နိုင်ငံရှိ မြန်မာ သံရုံးအား ဗုံးဖောက် ခွဲရန် ကြံစည် ခဲ့သူဟု မသင်္ကာသူ တစ်ဦးသည် လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍ ၎င်းနှင့်အတူ  ဗုံးခွဲမည့် သူများကို စုဆောင်း ခဲ့ ကြောင်း သိရသည်။

“ဖေ့စ်ဘွတ်ခ် ပေါ်က သူတို့ရဲ့ လှုပ်ရှား မှုတွေကြောင့် ကျွန်တော်တို့ နာမည် အချို့ကို ခြေရာ ခံနိုင်ခဲ့ တာပါ”ဟု Densus 88 ဟု ခေါ်ဆို သော  အမျိုးသား ရဲတပ်ဖွဲ့အကြမ်းဖက် ဆန့်ကျင်ရေးဌာနမှ အမည် မဖော် လိုသော အရာရှိ တစ်ဦးက ဂျကာ တာဂလိုဘ် သတင်း စာအား ပြောကြားသည်။

ဗုံးခွဲရန် ကြံစည် မှုနှင့် ဆက်စပ်၍ လူပုဂ္ဂိုလ် အမည် များကို စုံ ထောက်များက ဆက်လက် ခြေရာခံ နေသော ကြောင့် ဖေ့စ် ဘွတ်ခ်တွင် တွေ့ရှိခဲ့သူများ၏  နာမည်များထုတ်ဖော်ပြောကြားရန် သတင်း ရင်းမြစ် က ငြင်းပယ် သည်။

ဖေ့စ်ဘွတ်ခ် စာရင်း အချို့တွင် ပါဝင်သော အကြောင်း အရာများကို နက်နက် နဲနဲ ပိုင်းခြား စိတ်ဖြာ လေ့လာ ရာမှ ယခု ကိစ္စကို ဖော်ထုတ် နိုင်ခြင်း ဖြစ်ပြီး အင်တာနက်  လမ်းကြောင်း များကို လည်း ရှာဖွေ နိုင်ခဲ့ကြောင်း အဆိုပါ ရဲ အရာ ရှိက ပြောသည်။ အင်ဒို နီးရှား ရဲတပ်ဖွဲ့က အကြမ်းဖက် သမား နှစ်ဦးအား ဖမ်းဆီး ထားပြီး  ဗုံးခွဲရန် ကြံစည် အမှု အစီ အစဉ် နောက် ကွယ်မှ အဓိက ကြိုးကိုင် သူဟု ရဲ တပ်ဖွဲ့က ဖော်ထုတ် ထားသူ အင်ဒရာဂစ် မှာမူ လွတ်မြောက် နေဆဲ ဖြစ်သည်။

မသင်္ကာသူ အကြမ်း ဖက် သမား များသည် အသေခံ ဗုံးခွဲရန် စီစဉ် ထားခြင်း မဟုတ်ဘဲ ချိန်ကိုက် ဗုံးများဖြင့် ဖောက်ခွဲရန် စီစဉ် ခဲ့ခြင်း ဖြစ်သည်ဟု  ဂျကာတာ ဂလုဘ် သတင်း ရင်းမြစ်က ပြောကြား သည်။

From : ..7day 

ဘာသာရေးစစ်ပွဲ သတင်းဖော်ပြမှု ကျင့်ဝတ်နဲ့ညီရဲ့လား

Posted by drmyochit Tuesday, May 07, 2013, under | No comments



အင်ဒို နီးရှား နိုင်ငံမှ အစ္စလာမ် စစ်သွေးကြွ များက မြန်မာ နိုင်ငံ အပေါ် ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲ မည် ဆိုသော သတင်း များကို ပုဂ္ဂလိက သတင်း မီဒီယာ များက သတင်း ဖော်ပြကြ သဖြင့် ပြည်သူများ ထိတ်လန့် မှုများ ပေါ်ပေါက် နေပြီး အဆိုပါ သတင်း ဖော်ပြမှု သည် စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှု ရှိ၊ မရှိ ဝေဖန် သုံးသပ် ချက်များ ပေါ်ထွက် လာသည်။

မြန်မာ နိုင်ငံကို ဂျီဟတ် စစ်ပွဲ ဆင်နွဲရန် အစ္စလမ် စစ်သွေးကြွ ဝါဒီ အချို့က ဖော်ထုတ် ပြောဆို ပြီးနောက် မေလ ၃ ရက်နေ့က အင်ဒိုးနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးကိုချိန်ကိုက်ဗုံးနှင့် ဖောက်ခွဲရန် ကြံစည် ခဲ့သည် ဟု  သံသယ ရှိသူ ၂ ယောက်ကို ဖမ်းဆီး မိပြီး လက်လုပ်ဗုံး ၅ခုကို ရှာဖွေ တွေ့ ရှိ ခဲ့ သည်ဟု နိုင်ငံ တကာ သတင်း ဌာန များက ရေးသား ဖော်ပြခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများကလည်း အင်ဒို နီးရှား နိုင်ငံမှ လာသော သတင်း များကို ကိုးကားပြီး မြန်မာနိုင်ငံအပေါ် ဂျီဟတ် ဘာသာရေး စစ်ပွဲပြု လုပ်ရန် လှုံ့ဆော်ဆန္ဒပြသည့်သတင်းနှင့် ဆန္ဒပြဓာတ်ပုံကို ဝေေ၀ ဆာဆာဖြင့် ဖော်ပြခဲ့ရာ မြန်မာ မွတ် စလင် အသိုင်း အ၀ိုင်းနှင့် ပြည်သူများ အကြား စိုးရိမ်မှုများ တိုးပွား လာကြောင်း သိရှိရသည်။

ပြည်တွင်း သတင်း မီဒီယာ များ၏ သတင်းဖော်ပြမှုကြောင့် စိုးရိမ်မှုများ တိုးပွား လာရခြင်း ဖြစ်ပြီး ပဋိ ပက္ခ သတင်း များ ဖော်ပြ ရာတွင် မြန်မာ သတင်း မီဒီယာများ အနေဖြင့် စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ သတိထား ဖော်ပြ သင့်သည် ဆိုသော ဝေဖန် သုံးသပ် မှုများ ပေါ်ထွက် လာသည်။

သမ္မတ ပြောရေး ဆိုခွင့် ရှိသူ လည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သူ  ဦးရဲထွဋ်က  မြန်မာ နိုင်ငံတွင် ဖြစ်ပွား ခဲ့သော ဘာသာရေး နှင့် လူမျိုးရေး ပဋိ ပက္ခ များကြောင့် အင်ဒို နီးရှား နိုင်ငံမှ အစွန်းရောက် အစ္စလမ် စစ်သွေးကြွ ဝါဒီ များက မြန်မာ နိုင်ငံ အပေါ် ဂျီဟတ် စစ်ပွဲ ဆင်နွဲရန် လှုံ့ဆော် ပြောဆိုချက် များ ရှိ လာပြီး ယင်း ပြောဆို ချက်များနှင့် ပတ်သက်၍ ပုဂ္ဂလိက သတင်း မီဒီယာများက  ကျယ်ကျယ် ပြန့်ပြန့် သတင်း ဖော်ပြ ခဲ့ခြင်း ကြောင့် ပြည်သူ များကို ထိတ်လန့် စေကြောင်း သူ၏ ဖေ့ဘုတ်စ် လူမှု ကွန်ရက် စာမျက် နှာ တွင် ရေးသား ထားသည်။

“အဲဒီလို ပြောဆို မှုတွေကို သက်ဆိုင်ရာ နိုင်ငံ အစိုးရ များက လက် မခံဘူး ဆိုတာ လည်း သတိပြု စေလို ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံ အတွင်းမှာ ရှိတဲ့ အစ္စလမ် ဘာသာရေး အဖွဲ့ အစည်း များရဲ့ ခေါင်း ဆောင် များရဲ့ ဒီလို အကြမ်း ဖက်တဲ့ အယူ အဆများ အပေါ် သဘောထား ကိုလည်း မေးမြန်း ဖော်ပြ ပေးနိုင်ရင် ပိုသင့် တော်မယ် လို့ ထင်ပါ တယ်”ဟု ဦးရဲထွဋ်က ပြောသည်။

သတင်း သမားများ တွင် လိုက်နာ ရမည့် ကျင့်ဝတ် ၊ မူများ ရှိပြီး ဖြစ်သောကြောင့် သတင်းရေး ရမည့် အလုပ် မှာ သတင်း သမား များ၏ တာဝန်သာ ဖြစ်ကြောင်း၊ ပဋိ ပက္ခနှင့် သက်ဆိုင် သည့် သတင်း သာမက မည်သည့် သတင်းကို မဆို ကျင့်ဝတ် နှင့် အညီ ရေးသား ရန် လို အပ်ကြောင်း၊ သို့ရာတွင် ဖြစ်ပျက် နေသော ဖြစ်ရပ်မှန်ကို ပဋိပက္ခဖြစ်ပေါ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် မရေးဘဲ ချန်ထား၍ မရ ကြောင်း  ဒေးလီး အဲလဲဗင်း သတင်းစာ အယ်ဒီ တာချုပ် ကို ဝေဖြိုးက ပြောသည်။

”ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ကတော့ ကျင့်ဝတ်မှာ ပါပြီး သားပဲ။ ဖြစ် တာ ကိုတော့ ဖြစ်တဲ့ အတိုင်း ရေးရ မှာပဲ။ ပဋိပက္ခဖြစ်မှာ စိုးလို့ ဆိုပြီး ချန်ထား လို့ မရဘူး”ဟု ကိုဝေဖြိုးက ဆိုသည်။

မြန်မာ နိုင်ငံကို ဂျီဟတ် စစ်ပွဲ လုပ်မည် ဆိုသော သတင်းကို  ဆဲဗင်း ဒေး သတင်းစာ အနေဖြင့် ဖော်ပြခြင်း မပြုခဲ့ ကြောင်း၊ လတ် တလော ပဋိပက္ခ သတင်း များမှာ လူအများ စိတ်ပါ ၀င်စား မှု ရှိ နေပြီး ပုဂ္ဂလိက သတင်း မီဒီ ယာများ အနေဖြင့် သတင်း ဖော်ပြ လျက် ရှိရာ နေ့စဉ် ထုတ် သတင်းစာ တစောင် အနေဖြင့် အင်ဒို နီးရှား ဆိုင်ရာ မြန်မာ သံရုံး အနီး ဆန္ဒ ပြသူများ အကြောင်း ဓာတ်ပုံနှင့် သတင်း ဖော်ပြ ရာတွင် သေချာ ဂရု စိုက်၍ ပဋိပက္ခ ပိုမိုကြီး ထွားခြင်း မရှိစေရန် ကြိုးစား သတင်းဖော်ပြ ခဲ့ကြောင်း ဆဲဗင်းဒေး သတင်း စာမှ အမူဆောင် အယ်ဒီတာ ကိုအား မာန်က ပြောသည်။

“ဖော်ပြ လိုက်တဲ့ သတင်း တွေကြောင့် လူတွေ စိုးရိမ်စိတ် တွေ ပိုကြီး သွားမှာ။ တဖက်နဲ့ တဖက် သံသ ယတွေ ဖြစ်လာ မှာနဲ့ လူမှု ကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာ တွေမှာလည်း သံသယ ဖြစ်စရာတွေ များနေတဲ့ အတွက် ကြောင့် အဲလိုပုံမျိုးတွေကို မသုံးဘဲနဲ့ ရွေး ပြီးတော့ သံရုံးလုံခြုံရေး ပေးထား တဲ့ပုံကို အပေါ် က နေမြင် ရတဲ့ အနေအထားနဲ့ ပုံလေးကို ရွေးပြီးတော့ သုံးခဲ့တာပါ။ ကျနော်တို့ဆီမှာ အမှန်ပြောရရင် အနာ မကျက် သေးဘူး။ တဖက်နဲ့ တဖက် သံသယတွေ ဖြစ်နေတဲ့ကာလမှာ ဖော်ပြလိုက်တဲ့ သတင်း ဓာတ် ပုံကြောင့် သံသယ တွေ ပိုပွား လာမှာ။ ပိုပြီးတော့ ပူပန် လာမှာ မျိုး မဖြစ်အောင် ဆုံးဖြတ် ရွေးခဲ့ တာပါ”ဟု ကိုအား မာန်က ဆိုသည်။

အ မေရိကန် ပြည်ထောင်စု၊ ဘာကလေ တက္ကသိုလ်တွင် သတင်းစာ ပညာဘွဲ့ ဆည်းပူး ခဲ့သူ သတင်းစာ ဆရာ ဦးမြင့် ကျော်ကမူ သတင်း မီဒီယာ များ အနေဖြင့် ပဋိပက္ခ သတင်းများ ရေးသား ဖော်ပြ ရာတွင် တဖက်သတ် ရေးသားခြင်း မျိုးကို ရှောင်ကြဉ်ပြီး ရှု့ထောင့် ပေါင်းစုံ၊ ဘက်မ လိုက်ဘဲ မျှမျှ တတ ရေးသား ဖော်ပြရန် လိုအပ် ကြောင်း ရှင်းပြသည်။

”တဖက်ထဲ ရေးလိုက် လို့ စိုးရိမ် စရာကြီး လို့ လူတွေ ကမြင် လာရင် ရန်ပြုဖို့ အဆင်သင့် ဖြစ်လာမယ်။ ရှုထောင့် စုံက ပြည့်ပြည့် စုံစုံ ဖော်ပြ ရင်တော့ ပြဿနာ မရှိဘူး”ဟု ဦးမြင့် ကျော်က သုံးသပ်သည်။

လူငယ် သတင်း သမားများ အတွက် သတင်းစာ ပညာများ ဖွင့်လှစ် သင်ကြား နေသော သင်တန်း ဆရာ ဦးရဲနိုင် မိုးကမူ သတင်းသမားများအနေဖြင့် ပဋိပက္ခသတင်းများ ရေးသားရာတွင် မည်သည့် သတင်း အရင်း အမြစ် က လာ သည်ကို သေချာစွာ အကဲဖြတ် ဆန်းစစ်မှု(Verification) လုပ်ရန် လိုအပ် ကြောင်း၊ မည်သည့် မီဒီယာတွင် ပါဝင်သနည်း၊ ယင်းမီဒီယာက မည်သည့်သတင်းရင်းမြစ်ကိုကိုးကားထားသနည်း စသည့် အချက် များကို လေ့လာ သုံးသပ် သင့်ကြောင်း အကြုံသည်။

”ကိုယ်သိတဲ့ သတင်းက လူတစ် ဦး နှစ်ဦး ကပဲ ပြော တာလား။ လူ တစု ကပဲ ပြော တာလား။ အဲလို မဟုတ် ဘဲနဲ့ အဲဒါကို လိုအပ် တာထက် ပိုပြီးတော့ Highlight အသားပေး ရေး တာမျိုး ဖြစ်လာ ရင် အဲဒါက ပဋိပက္ခ ကို တနည်း နည်းနဲ့ စေ့ဆော် သလိုမျိုး ဖြစ်သွား မှာကို စိုးရိမ်ရတယ်။ လူတွေက စိတ်လှုပ်ရှားမယ်။ စိတ်လှုပ် ရှားရင် သံသယဖြစ်ပြီ။ သံသယစိတ်များလာရင် ကြောက်စိတ်များလာရော။ ကြောက်စိတ် များ လာ ရင် လူတွေက ကာကွယ်ဖို့ အတွင်း ဒေါသစိတ် တွေ ထွက်လာတာပေါ့”ဟု ဦးရဲနိုင်မိုးက သုံးသပ် ပြောသည်။

အစွန်းရောက် အစ္စလမ် ၀ါဒီ များ၏ ဂျီဟတ် စစ်ပွဲ ဆင်နွဲ မည် ဆိုသော ပြောဆို ချက်များနှင့် လုပ်ဆောင် ချက် များသည် မြန်မာနိုင်ငံ တွင် အေးချမ်း စွာ နေထိုင် လိုသော အစ္စလမ် ဘာသာ ၀င်များ၏ ပုံရိပ်ကို ထိခိုက် စေကြောင်း၊ အစ္စလမ် ဘာသာ အပေါ် နားလည်မှု လွဲမှား စေနိုင်စေကာ မတူ ကွဲပြား သည့် လူမှု အဖွဲ့ အစည်း များ၊ နားလည်မှု တည်ဆောက်ရေး၊ ငြိမ်းချမ်းစွာ၊ သဟဇာတ ဖြစ်စွာ နေထိုင် နိုင်ရေး လှုပ်ရှား မှု များကိုလည်း ထိခိုက် စေနိုင်ကြောင်း ဦးရဲထွဋ်က သုံးသပ်သည်။

”ဒီလို ပြောဆို တိုက်တွန်း ချက်များဟာ လူ့ အသိုင်း အ၀န်း နှစ်ခုကြား မှာ သံသယ တွေပို မိုများပြား လာ အောင် ရည်ရွယ် ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်းဖြစ်နိုင်တဲ့ အတွက် ကျနော်တို့အားလုံးက သတိရှိ ရှိနဲ့တုံ့ပြန်ဖို့ လိုပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံ မော်လ၀ီ အဖွဲ့ချုပ် အတွင်း ရေးမှူး ဦးရဲနောင်သိန်း က ပြည်တွင်း မီဒီယာများ အနေဖြင့် နှစ်ဖက် ပဋိပက္ခ ဖြစ်နေစဉ် ကာ လတွင် အကြမ်း ဖက်မှု ဖြစ်လာ စေနိုင်သော အားပေး လှုံဆော် သည့် အရေး အသား များကို ရှောင် စေ လိုကြောင်း၊ ပုဂ္ဂလိက သတင်း မီဒီယာ အချို့သည် ကျင့်ဝတ်နှင့် မညီသော ရေးသား မှုများ ရှိကြောင်း  ပြောသည်။

”တိုင်းပြည် ငြိမ်းချမ်း ရေးကို ဦးတည် တယ်ဆိုရင် ဟိုမှာမီးတစ၊  ဒီမှာ မီးတစ ဖြစ်နေတဲ့ အချိန်မှာ ဖွတာမျိုး စွတာ မျိုး တွေ မရေးသင့်ဘူး။ မနေ့ကဂျာနယ်တစောင်မှာ ဂျီဟတ်ဘာသာရေးစစ်ပွဲလုပ်မယ့်အကြောင်း ရေးထား လိုက်တာ စိုးရိမ်ထိတ်လန့်စေတယ်။ ကျနော်တို့ကလည်း အေးအေးချမ်းချမ်းနေချင်တယ်။ ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆိုတာကို သဘော မတူဘူး။ မီဒီယာတွေ အနေနဲ့ ကျနော်တို့ ပြည်တွင်း အစ္စလမ် အဖွဲ့ တွေ ရဲ့  သဘော မတူတဲ့ သဘော ထား တွေကို ဖော်ပြ သင့်တယ်။ ရေး သင့်တယ်။ တဖက် တည်း မရေး သင့်ဘူး”ဟု ဦးရဲနောင် သိန်းက ဆိုသည်။

ရခိုင်ပြည် နယ်နှင့် မိထ္တီလာတွင် ဖြစ်ပွားခဲ့သော ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခများကြောင့် လူသေ ဆုံးမှု များ ရှိ နေပြီး အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ ထိန်းသိမ်းမှုများ လုပ်ဆောင် နေရ ဆဲဖြစ် သည်။


From : ..irrawaddy 

မိတ္ထီလာ ဘုန်းကြီးကို သတ်မှုနဲ့ မွတ်ဆလင် ၇ဦးကို စွဲချက်တင်

Posted by drmyochit Tuesday, May 07, 2013, under | No comments


မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးကို သတ်ခဲ့မှုနဲ့ အစ္စလာမ် ဘာသာဝင် ၇ ဦးကို ဒီကနေ့ ၁၂ ရက်နေ့မှာ စွဲချက် တင်လိုက် ပါတယ်။

အဲဒီ ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရမှုဟာ ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စ လာမ် ဘာသာဝင်တွေ အကြား ဘာသာရေး အဓိကရုဏ်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တခု အပါ အဝင် ဖြစ်ပါတယ်။

ဒီအမှု ကို ရှေ့နေ ကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦး အပါအ၀င် ရှေ့နေ ၅ဦးက တရားခံတွေရဲ့ ရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက် ပေးနေ ပါတယ်။

ဖမ်း ထားတဲ့ ၇ယောက်ထဲက ၆ ယောက်ကို စွဲချက် တင် လိုက်ပြီး ညီညီ နိုင်ဆိုတဲ့ တယောက် ကိုတော့ အသက် ၁၆နှစ် မပြည့် သေး တာကြောင့် တရားစွဲတဲ့ အဖွဲ့က အမှုကို တရားရှင် ရုပ်သိမ်း လိုက်ပြီး ၁၉၉၃ ခုနှစ် ကလေး သူငယ် ဆိုင်ရာ အက်ဥပဒေ အရ ကလေးသူငယ် တရားရုံးမှာ ဆက်ပြီး အမှု ရင်ဆိုင်ရ မယ်လို့ ပြောပါတယ်။

အခု စွဲချက် တင်ခံရသူ ၆ဦးကတော့ အမှုမြောက်လို့ စီရင်ချက်ချခံ ရမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေ ဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံ ရနိုင်ဖွယ် ရှိပြီး ကလေးသူငယ် အက်ဥပဒေအရ လျှော့ပေါ့ စဉ်းစား ပေးတဲ့ ညီညီ နိုင်ကတော့ အမြင့် ဆုံး ပြစ်ဒဏ် ၇ နှစ်ထက် ပိုပြီး ကျ နိုင်ဖွယ် မရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်းမှာ လူ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒီအဓိ ကရုဏ်းမှာ ပါဝင် ပတ်သက် သူ ၇၀ ကျော်ကို သက်ဆိုင် ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်။

အဓိကရုဏ်း စဖြစ်ပွားစေခဲ့တဲ့ နယူးဝိန့် စိန်ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက်နဲ့ ၀န်ထမ်း တယောက် ကို ဧပြီလ ဒုတိယ အပတ် တုန်းက ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ် ခဲ့ပါတယ်။

အခု ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရတဲ့ အမှုကိုတော့ လာမယ့် မေလ ၈ ရက်နေ့မှာ တရား ခံတွေ ကို စစ်ဆေး မှာဖြစ်ပြီး မကြာ ခင်မှာ စီရင်ချက် ချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒီ အမှုမှာ ရဲအလိုရှိတာ ၁၁ယောက် ဖြစ်ပေမယ့် ၄ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ၇ယောက် ကိုပဲ ရုံးတင် စစ်ဆေး နေတာ ဖြစ် ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဖေ့စ်ဘွတ်ခ်တွင်မြေးဖြစ်သူအားရောင်းချသည့်အဘိုး

Posted by drmyochit Tuesday, May 07, 2013, under | No comments



အန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ပန်ဂျပ် ပြည်နယ်၊ လူဒီ ယားနား မြို့မှ အသက် ၄၇ နှစ်အရွယ်ရှိဖာ ရောက်ခန် အား မွေးကင်းစ မြေး ဖြစ်သူအား ရောင်းချ မှုဖြင့် ရဲများက ဖမ်းဆီး ခဲ့သည်။

ဖာရောက်ခန် သည် သမီးဖြစ် သူတက်ရောက် မီးဖွားခဲ့သော ဆေးရုံမှ ယာယီ ၀န်ထမ်း နှစ်ဦး၏ အကူ အညီဖြင့် မွေးကင်းစ မြေး ယောက်ျားလေးအား ခိုး ယူပြီး ဖေ့စ်ဘွတ်ခ်တွင် ရူးပီး လေးသောင်း ငါး ထောင်ဖြင့် ရောင်းချ ရန်စီစဉ် ခဲ့ သည်။

ကလေး ရောင်းချ မှုတွင် ပါဝင် ပတ်သက် နေသူ အားလုံးအား ဖမ်းဆီး ထားပြီး ကလေးအား ၀ယ်ယူ သည့် လုပ်ငန်းရှင် တစ်ဦး အားလည်း စစ်ကြော မေးမြန်း မှုများ ပြုလုပ်နေကြောင်း လူဒီယားနား ရဲစခန်းမှ အဆင့်မြင့် ရဲ အရာရှိ တစ်ဦးက ပြောကြား လိုက်သည်။

ကလေးအား ရဲများက ကယ်တင် လိုက်ပြီး အိမ်ထောင်နှင့် ကွဲကွာ နေသည့် မိခင်ဖြစ်သူ နိုရီခန်၏ လက်သို့ ပြန်လည် အပ်နှံခဲ့ သည်။ နိုရီခန်သည်ကလေး ပျောက်ဆုံးမှု အတွက် ဖခင်ဖြစ်သူ အား တိုင်ကြား ခဲ့သူ လည်း ဖြစ်သည်။

ကလေး ခိုးယူရာတွင် ပါဝင် ပတ်သက်သူ (၃) ဦးအား တရား စွဲဆို ထားပြီး ပြစ်မှု ထင်ရှား ပါက ၎င်းတို့ အနေ နှင့် ထောင်ဒဏ် (၇) နှစ်ထိ ပြစ်ဒဏ် ကျခံ ရဖွယ် ရှိသည်။

၂၀၁၁ ခုနှစ်အတွင်းက လူပေါင်း ၅၀၀၀ကျော်ပါဝင်သော ကလေးခိုးဂိုဏ်း ၈၁၅ ဂိုဏ်းတို့က ကလေးများ အားခိုး ယူပြီး ပြည့်တန်ဆာ အဖြစ် သော်လည်း ကောင်း၊ သူတောင်း စားများ အဖြစ်သော် လည်းကောင်း အိန်္ဒိယ နိုင်ငံ တစ်ဝှမ်းတွင် ခိုင်း စေခဲ့ ကြောင်း ရဲ တပ်ဖွဲ့က တရား ရုံးတွင် သက်သေ ခံခဲ့သည်။


Source: DailyChilli
ဥက်္ကာအောင်
From: The Hot News 

ဆီးရီးယား သူပုန်တွေ အဆိပ်ငွေ့သုံးကြောင်း ကုလပြော

Posted by drmyochit Tuesday, May 07, 2013, under | No comments



အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြော

ဆီးရီးယား သူပုန်တွေ ဓာတု လက်နက် သုံးတယ် ဆိုတဲ့ အထောက် အထားတွေ တွေ့ရ တယ်လို့ ကုလ သမဂ္ဂ လူ့ အခွင့် အရေး ဆိုင်ရာ စုံစမ်း စစ်ဆေး ရေး အရာရှိ Carla del Ponte က ပြောကြား လိုက်ပါ တယ်။

ဓာတု လက်နက် ဒဏ်ကို ခံခဲ့ ရသူတွေနဲ့ ဆရာဝန် တွေကို မေးမြန်းရာ၊ သံသယ ဖြစ်စရာတွေ ပိုတိုး များလာနေ ကြောင်း ဒါပေမယ့် အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြောပါတယ်။

ဆီးရီးယား အတိုက် အခံတွေ ဟာ အာရုံကြောကို ထိခိုက် စေတဲ့ အဆိပ်ငွေ့ တွေကို အသုံး ပြုခဲ့ တယ်လို့ ဆိုပါ တယ်။

ဒါပေမယ့်လို့ အစိုးရ တပ်ဖွဲ့တွေ ကနေ ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိသလား ဆိုတာကိုတော့ မသိရ သေးကြောင်း သူက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ကတော့ သမ္မတ အာဆတ်ကို သစ္စာ ခံသူတွေဟာ အခုလို ဓာတု လက်နက်တွေ သုံးနိုင် ဖွယ် ရှိတယ်လို့ ပြောကြားထား ပါတယ်။

အစ်စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု

ဆီးရီး ယား နိုင်ငံ ကတော့ တနင်္ဂနွေနေ့ညက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ် သက်ပြီး နောက်ထပ် အသေး စိတ် အချက် အလက် တွေကို ထုတ် ဖေါ် ပြောကြား ပါတယ်။

ဒမာ့ စကက်စ် အနီးက ဂျမရာယာ သုတေသန စင်တာကို ထိမှန် ခဲ့တာ အပြင်၊ အစ်စရေး တို့ဟာ ဒုံးကျည် တွေနဲ့လက်ဘနွန် နယ်စပ် အနီးက အဆောက် အဦးတွေနဲ့ ဆီးရီးယား စစ်ဖက် ဆိုင်ရာ လေဆိပ် တခု ကိုလည်း ပစ်ခတ် ခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဒီ့ အတွက် သေဆုံး ဒဏ်ရာ ရရှိသူ အတော် များများ ရှိခဲ့ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက် အရေ အတွက် ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောကြား ခြင်း မရှိပါ။

ဆီးရီး ယား အတိုက် အခံ တွေကို လိုလားတဲ့ ဝက်ဘ် ဆိုဒ် တခုမှာတော့ အစိုးရ စစ်သား ၁၅ ဦး သေဆုံး သွားတယ်လို့ ဖေါ်ပြပါတယ်။

လက်ဘနွန်က ဟက်ဇ်ဘိုလာ ပျောက်ကျားတွေ အတွက် အီရန်လုပ် ဒုံးတွေ ပို့ဆောင်ဖို့ လုပ်နေတာကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုတာ ကိုတော့ ဆီးရီးယား ဘက်က ငြင်းဆို လိုက်ပါတယ်။

အစ်စရေး တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ် ဆင်နွှဲတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ကုလ သမဂ္ဂ ကတော့ ဆီးရီးယား ပဋိပက္ခ အရှိန်မြင့် လာ နေတဲ့ အပေါ် သတိပေး ပြောကြားလိုက် ပါတယ်။

From: BBC 

မလေးရှား အတိုက်အခံ ပါတီ ရွေးကောက်ပွဲ ရှုံးနိမ့်

Posted by drmyochit Tuesday, May 07, 2013, under | No comments


မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက် (လယ်) ကွာလာ လမ်ပူမြို့ မဲရုံတွေရှိရာ ရောက်ခဲ့စဉ်။ (မေလ ၅ ရက်၊ ၂၀၁၃)။.

မလေးရှား နိုင်ငံကို နှစ်ပေါင်း ၅၆ နှစ် ကြာ အုပ်ချုပ် လာတဲ့ အာဏာရ ညွှန့်ပေါင်း အစိုးရက တနင်္ဂနွေနေ့ က ကျင်း ပတဲ့ လွှတ်တော် ရွေးကောက်ပွဲ မှာပြန် လည် အနိုင်ရ သွားပါ တယ်။ အတိုက် အခံတွေ ဘက်က အကြီး အကျယ် စိန်ခေါ် မှုကို ရင်ဆိုင် ရတဲ့ ကြား ကနေ ခုလို ပြန်လည် အ နိုင် ရ ခဲ့ တာဖြစ် ပါတယ်။

မဲရလဒ် ၃ ပုံ ၂ ပုံကို အတည်ပြုပြီး ချိန်မှာ လွှတ်တော် အမတ် နေရာ ၂၂၂ နေရာ အတွက် ဝန်ကြီးချုပ် နာဂျစ်ရာ ဇက် (Najib Razak) ရဲ့ National Front ညွန့်ပေါင်း အဖွဲ့က အမတ်နေရာ ၁၁၂ နေရာနိုင်ပြီး အများ စု အနိုင် ရတယ်လို့ ရွေးကောက်ပွဲ တာဝန် ရှိသူ တွေက ကြေညာပါတယ်။

အတိုက် အခံ ခေါင်းဆောင် အန်န၀ါ အီ ဘရာဟင် (Anwar Ibrahim) ရဲ့ ၃ ပါတီ မဟာမိတ်အဖွဲ့က အမတ် နေရာ ၅၇ ရာ ရထားပါတယ်။ မလေးရှား နိုင်ငံမှာ အချမ်းသာဆုံး ဒေသတခုဖြစ်တဲ့ Penang ပြည်နယ် နဲ့ အကြီးဆုံး Kuala Lumpur မြို့တို့မှာတော့ အတိုက်အခံတွေဘက်က ပြန်လည် အနိုင်ရရှိ ခဲ့ပါ တယ်။

ဒီရွေး ကောက် ပွဲဟာ မသမာတဲ့ရွေးကောက်ပွဲဖြစ်တယ်၊ ရွေးကောက်ပွဲကော်မရှင် ဘက်က တာဝန် ပျက်ကွက် ခဲ့တယ် လို့ မစ္စတာ အန်န၀ါအီဘရာဟင် စွပ်စွဲလိုက်ပါတယ်။ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲ ချက် တွေကို ကော်မရှင်က မဖြေရှင်းသရွေ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူးလို့ မစ္စတာအန်န၀ါက Twitterလူမှု ကွန်ယက် ပေါ်မှာလည်း ရေးသားခဲ့ပါတယ်။

အာဏာရ ညွန့်ပေါင်း အဖွဲ့ဟာ ပြည်သူ့ ဘဏ္ဍာ အလွဲ သုံးစား လုပ်နေတယ်၊ လူမျိုးရေး ခွဲခြား မှုတွေ လုပ်နေ တယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ကြောင့် အတိုက်အခံ မဟာမိတ် အဖွဲ့ တွေရဲ့ စိန် ခေါ်မှုကို ဒီ တခါ ရွေးကောက် ပွဲမှာ အဆိုးဆုံး ခံခဲ့ ရပါတယ်။ မဲပေးပြီး သူတွေရဲ့လက်မှာ သုတ်ပေး လိုက်တဲ့ မှင်တွေ အလွယ် တကူ ဖျက်လို့ ရတာ၊ နိုင်ငံခြား သားတွေကို လည်း မဲပေး နိုင်အောင် မဲရုံ တွေထဲ ပေးဝင်တာ စတဲ့ မဲ မသာ မာ မှုတွေ ရှိတယ် ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် နေပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက် ပွဲမှာ မဲပေးသူ ၁၀ သန်း ကျော် ရှိခဲ့တဲ့ အတွက် ရွေးကောက် ပွဲ မဲပေး ကြသူဟာ စံချိန် တင်အောင် ၈၀ ရာ ခိုင်နှုန်း လောက်ဖြစ် ခဲ့ပါတယ်။ ဗြိတိသျှ တို့ လက် ကနေ လွတ်လပ် ရေးရ ခဲ့တဲ့ ၁၉၅၇ ခုနှစ်ကတည်းက မလေးရှား ရွေးကောက်ပွဲတွေမှာ National Front ညွန့်ပေါင်းအဖွဲ့က ၁၃ ကြိမ် ဆက်တိုက် အနိုင် ရခဲ့ တာဖြစ် ပါတယ်။  

From : ..voa 

''ပင်လယ်ရေအောက်က ရှေးဟောင်း ဂရိ မြို့ကြီးတစ်မြို့ ရှာဖွေတွေ့ရှိ''

Posted by drmyochit Tuesday, May 07, 2013, under | No comments


ရှေးဟောင်း ''ဂရိ'' နဲ့ ''အီဂျစ်'' ''သိုးနီးစ်'' မျိုးနွယ်တွေရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ''ဟာရယ်လီယံ''ဆိုတဲ့ အဓိ က ပင်လယ် ဆိပ်ကမ်းမြို့တစ်မြို့ရဲ့ အကြောင်း အရင်က မှတ်တမ်းတွေ မရရှိခဲ့ ဘူး သေးပေမဲ့ ''ဥရောပ ရေအောက် ရှေးဟောင်း သုတေသန တက္ကသိုလ်'' (European Institute for Underwater Archeology) (IEASM) ရဲ့ စူးစမ်း ရှာဖွေမှု များအရ မြေထဲ ပင်လယ် အောက် နစ်မြုပ် ခဲ့ရတဲ့ မြို့ကြီးတစ် မြို့ကို ရှာဖွေ တွေ့ရှိ ခဲ့တဲ့ အကြောင်း ''weather.com'' အင်တာနက် သတင်း စာမျက် နှာမှာ ဖေါ်ပြ ထားပါတယ်။

''သိုးနီးစ်-ဟာရယ် လီယံ''တွေရဲ့ သမိုင်း အထောက် အထား လမ်းစ တွေကို အီဂျစ်နိုင်ငံ ကမ်းခြေ မှ ၄-မိုင် အကွာ ပင်လယ်ရေ အောက်ပေ ၃၀ အနက် ''အာဘူကီယာ" ပင်လယ်ကွေ့ဒေသမှာ ၂၀၀၀ခုနှစ်က စတင် တွေ့ရှိ ခဲ့တာ ဖြစ်ပြီး၊ ပြင်သစ် ရေအောက် ရှေးဟောင်း သုတေသီ ''ဒေါက်တာ ဖရန့်ဂေါ့ဒီယို''ရဲ့ လမ်းညွှန် မှုနဲ့ တူးဖေါ် ရှာဖွေရေး အဖွဲ့တွေ တွေ့ရှိခဲ့တဲ့ အပျက်အစီးများစွာထဲမှာ ရှေးရိုးစွဲ ဘာသာရေး ၀တ်ပြု ဆောင် တစ်ခု လည်း ပါဝင် ကြောင်း၊ အဆိုပါဝတ်ပြုဆောင်ထဲမှာ ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ''ဟာဖီနတ် ဘုရား''ရုပ်ထု တစ်ခုအ ပါအ၀င် ရှေးခေတ် သင်္ဘောပျက် အစိတ်ပိုင်း များစွာ ကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း၊ အဆိုပါဝတ်ပြုဆောင်တွေ့ရှိခြင်းဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တယ်ဆိုတာ အခိုင် အမာဆုံး သက်သေ တစ်ခု ဖြစ်ကြောင်း၊ ''ဒီ ပင်လယ် ရေအောက် ကြမ်းပြင်မှာ ရာစု နှစ်ပေါင်း များစွာ မပျက်စီး တည်ရှိ ကျန်ရစ် နေတဲ့ အခြေ အနေဟာ ရှေးဟောင်းသုတေသနတွေ့ရှိမှုတွေထဲမှာ အံ့သြဖွယ် ဖြစ် ကြောင်း အောက်စ်ဖို့တက္ကသိုလ် ရှေးဟောင်းသုတေသဌာနမှ ထင်ရှားတဲ့သုတေသီ ''ဆာ ဘယ်ရီကမ်း လိဖ်''က ထုတ် ဖေါ် ပြောဆို လိုက်ကြောင်း သတင်း စာမျက် နှာမှာ ဆက်လက် ဖေါ်ပြ ထားပါတယ်။

''ဟာရယ်လီယံ'' မြို့ကြီးပင်လယ်ရေအောက် နစ်မြုပ်သွားခဲ့ရတဲ့အကြောင်းအရင်းကို အတိ အကျ ဖေါ်ထုတ် နိုင်ဖို့ မလွယ်ကူ သေးကြောင်း၊ ဒေါက်တာဖရန့်ဂေါ့ဒီယို ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ အဆိုအရ ကြီးမား တဲ့ မြေပေါ် အဆောက်အဦး၊ ရုပ်ထုကြီးတွေရဲ့ ဖိအား၊ နူံးမြေပျော်ကျနိမ့်ဆင်းမူကနေ အဆိုပါ မြို့ကြီး ပင်လယ် ရေအောက် ရောက်ရှိ သွားတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဆက်လက် ဖေါ်ပြ ထားပါတယ်။
အခြား ယူ ဆချက် တစ်ခု အနေနဲ့ကတော့ ကြုံ တောင့်ကြုံခဲ ရေဘေး ကြီးမျိုး ကြုံတွေ့ ရခြင်း၊ မြေ ငလျှင် ဒဏ် ခံရခြင်းနှင့် အတူ မြေနု နုံးမြေတွေ ပျော်ကျ နိမ့်ဆင်းမှု တို့ ကြောင့်လည်း ဖြစ်နိုင်ကြောင်း သတင်း စာမျက် နှာမှာ ဖေါ်ပြ ထားပါတယ်။

ကိုးကား


Credit & Copy From >မြန်မာဓိက

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်