Friday, June 28, 2013

"လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှုန်းအထိ ကျဆင်းလာနိုင်ဟု ဆက်သွယ်ရေး ဒု ၀န်ကြီးဆို"

Posted by drmyochit Friday, June 28, 2013, under | 1 comment

စိုင်းနောင်

နေပြည်တော်

ဇွန်၊၂၈

GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်းလာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
"ခုအချိန်ထိ (၅) ကျပ် နှုန်းအထိ အဆိုပြု ကမ်းလှမ်းထားတာ များမရှိသေးသည့်တိုင် အပြိုင် အဆိုင် လုပ်လာ ကြမည့် ကုမ္မဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင် မှု ရဲ့ သဘောတရား အရ တစ်ချိန်ပြီး တစ်ချိန် ဈေး နှုန်းတွေ ကျဆင်းလာမှာ ဖြစ် ပါတယ်။ တစ်ချိန်ချိန် မှာ တော့ ၅ကျပ် နှုန်း အထိကျဆင်းကောင်း ကျဆင်းလာနိုင်ပါတယ်" ဟု ဒု ၀န်ကြီးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် က "လက်ကိုင်ဖုန်းများ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင်(၅၀)ကျပ်နှုန်းမှ (၅)ကျပ်နှုန်းသို့ လျှော့ချပေးရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများ ရှိ/မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင် လျှော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းကာ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် ဒု ၀န်ကြီးက "ကျွန်တော် တို့ ဝန်ကြီးဌာန က လွှတ်လပ်စွာဈေးကွက်ယှဉ် ပြိုင် မှု အရ ဈေးနှုန်းကိစ္စကို သတ်မှတ်မှာ မဟုတ်ပါဘူး သူတို့ အနေ နဲ့ လွှတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေး မှာ ဖြစ်ပါတယ်" ဟု ထပ်လောင်းပြော ကြားသည်။

လက်ရှိတွင် GSM ၊CDMA လက်ကိုင်ဖုန်း များ၏ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် (၅၀)ကျပ် နှုန်းမှ (၅) ကျပ်နှုန်းသို့လျှောချပေးရန်ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္မဏီများ
မရှိသေးကြောင်း ဒု ၀န်ကြီး၏ ပြောကြားချက် အရ သိရသည်။

From: Popular Myanmar News Journal

"တစ်ရှက်က နှစ်ရှက်"

Posted by drmyochit Friday, June 28, 2013, under | No comments


ယနေ့ အချိန်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့ အညီ လူငယ်တွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ အလေးပေး အသုံးပြု နေကြပါပြီ။

အင်တာနက်ပေါ်မှာ ပလူပြန်နေအောင် တင်ထားကြတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုဖိုင် တွေဟာ ဆိုရင် မောင်နှင့် နှမတွေ မိဘတွေနဲ့ အတူတူ မကြည့်ရဲအောင် ပါပဲ.....။

ဒါဟာကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ ဖက်ကလည်း အများကြီး လိုအပ် ပါတယ်....။ မြန်မာအမျိုးသမီးတိုင်းကို ကျွန်တော်မ ဆိုလိုပါဘူး။တစ်ချို့ အကျင့်ပျက်နေတဲ့ မိန်း ကလေးတွေ ကိုပြောချင်တာပါ....။

ကျွန်တော်ဇာတ်ကားတစ်ကားကြည့်ဖူးတယ်ဗျ...ကိုလူမင်း ရိုက်ထားတဲ့ ဇာတ်ကားလေးပါ တော်တော်လေး ကောင်းပါတယ်ဗျာ....ဘာဖြစ်လို့လည်းဆိုတော့ သူရိုက်ထားတာလေးဟာအခုခေတ် ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို လူငယ်တွေ အထူးသဖြင့် မိန်းကလေးတွေ ဆင်ခြင် စဉ်းစားနိုင်ပြီး

မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နေနိုင်ဖို့၊ မိမိလူမျိုး၊မိမိဘာသာကို ကာကွယ်ဖို့၊မိမိအသိုင်းအ၀ိုင်း မိမိဆွေမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရိုက်ကူးထားတာလို့ကျွန်တော်မြင်ပါတယ်..။

ခုခေတ်မိန်းကလေးတွေ ဖြစ်ပျက်နေတာကို
ရိုက်ထားတာပါ မိန်းကလေးတွေ အွန်လိုင်းပေါ်က လူတွေနဲ့ ချက် ပြီးတော့
အပြင်မှာ တွေ့ဖို့ ခေါ်ပြီး စကားပြော အချိုရည်တွေ တိုက် မုန့်တွေစား ...

ဒါပေမဲ့ အဲဒီမှာ ဇာတ်လမ်းက စတာပဲ အဲဒီ အချိုရည်ထဲမှာ ဆေးတွေထည့်
မိန်းကလေးက ဘာမှ မသိတော့ တည်းခိုးခန်းတွေပါသွား ပြီး မိန်းကလေးတွေ
ဘ၀ပျက်ရတယ် ဘ၀ ပျက်တာက တစ်ခါရှုံးတယ် နောက်ထပ် Video File
ရိုက်ပြီး အင်တာနက်ပေါ်ကို တင်အဲဒီမှာ မိန်းကလေးမှာ တစ်ခါတည်းနဲ့ ဘ၀ ကိုပျက်ရော အဲဒါကို မိဘတွေကသိတော့ မိဘ တွေက ရှက်ပြီး ကိုယ့်ကိုကိုယ့်သတ်သေသွားတယ် .....

အဲဒါပြီးတော့ မိန်းကလေး ကပါ ရှက်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...


မိတ်ဆွေတို့ကြည့်စေချင်လို့ပါ..အထူးသဖြင့် မိန်းကလေးတွေပေါ့နော် အဲဒီကားလေးကိုကြည့်ပြီး ကျနော် အစ်မညီမ တွေ သတိပြုနေနိုင်စေရန် နဲ့ အဲဒီလို အဖြစ် ဆိုးမျိုးတွေမဖြစ် ရလေအောင် စေတနာ အပြည့် အ၀ဖြင့် ပြန်မျှဝေ လိုက်ပါတယ် ..

We Love True

ညီဖြစ်သူက အစ်ကိုအရင်းနှင့် မရီး နှစ်ဦးစလုံးကိုသတ်

Posted by drmyochit Friday, June 28, 2013, under | No comments



ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ

Posted by drmyochit Friday, June 28, 2013, under | No comments


ရန်ကုန်၊ ဇွန် ၂၈။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ကမ်းနားလမ်းနားနှင့် (၇)လမ်းထောင့်တွင် မြို့တော်စည်ပင်မှ လမ်းများ တိုးချဲ့လျက် ရှိသော မြေများတူးဖော်နေသည့်နေရာတွင် ရေနံများ ထွက် ရှိနေကြောင်း မြို့တော်စည်ပင်မှ ယင်းနေရာသို့ ရောက်ရှိနေသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနားမယ် မြေတူးတာက အရင် ပထမပတ်လောက် ကတည်းက မိုးရွာတော့ ရေတွေများနေလို့ ထားခဲ့တာ။ ဒီနေ့မှ ၁၁နာရီလောက်က အလုပ်ဆက်လုပ်ဖို့ ရေခပ်ထုတ်တော့ ရေနံတွေ ထွက်နေတာ ကို တွေ့တာ။ ရေတွေနဲ့ ရောနေသေးတော့ ရေနံစိမ်းလား ရေနံဆီလား မသိသေးပါဘူး ”ဟု မြေတူးအလုပ်သမား ကြီးကြပ်ရေးမှူး ကိုအောင်ထွေးက ပြောကြားသည်။

လွန်ခဲ့သောတစ်ပတ် မြေတူးစဉ်ကတည်းက ရေနံအနံ့ ရရှိခဲ့ပြီး ယင်းနေရာ အနီးရှိ မီးစက်မှ ရေနံများ ယိုစိမ့်နေသည်ဟု ထင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အလုပ်သမားများ ရေပက်ထုတ်သော အခါတွင် ရေနံထွက်နေသော နှစ်လက်မခန့် အပေါက်နှစ်ပေါက်ကို မြင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရေနံထွက်ရှိရာ နေရာနှင့် ကပ်လျက်ရှိသော ဈေးဆိုင်မှ ဒေါ်တင်တင်အေးက ပြောကြားသည်။

ယနေ့နေ့လည် ၁၁နာရီခန့်မှ စတင်ခပ်ထားသော ၎င်းရေရောရာ ရေနံများသည် ယခုညနေ ၇နာရီခန့် အချိန်ထိ ဆီပေပါ ငါးလုံးခန့်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ယင်းနေရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သော အနေဖြင့် မီးသတ်ကားနှစ်စီး အဆင်သင့် ထားရှိထားကြောင်းလည်း သိရသည်။

အောင်သိုက်
@ မြန်မာ့ခေတ် 

မာရီနာ ရဲ့ ဓါတ်ပုံတွေ

Posted by drmyochit Friday, June 28, 2013, under | No comments


အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာလေးချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ပြန်လည်ကူးပြောင်းပွဲ ကျင်းပ

Posted by drmyochit Friday, June 28, 2013, under | 1 comment



From: Myanmar Daily News

က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ

Posted by drmyochit Friday, June 28, 2013, under | No comments


က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ လာရာကာတာ

ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးက သူမသည် ကလေး​ လိုချင်​ လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်း ထုတ်ဖော်​ ဝန်ခံ​ လိုက်သည်။

အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး​ အရ ကလေး​ ရနိုင်ရန် အလွန်​ ခက်ခဲ​ မည်ဟု​ သိလာ​ ပြီးနောက် ထို​ အဖြေကို​ လက်မခံ​ ​ ချင်ခဲ့ဟု​ ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း​ မသိသည့် လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။

တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အတင်း​ သွားရောက်ကာ ထိုသူနှင့် လိုက်သွား​ ခဲ့ကြောင်း လာရာက ပြောကြား​ သွားသည်။ ရုံးမန်နေဂျာ တစ်ဦး​ ဖြစ်သည့် လာရာက သူမသည် ကလေး​ ရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ ပြုလုပ်​ ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်​ ရသေးကြေင်း ဝန်ခံ​ ခဲ့သည်။ ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​ တစ်ခု ထုတ်ပေး​ လိုက်သော်လည်း ထို​ သူ​ မသိအောင် အပေါက်ဖောက်​ လိုက်ကြောင်း ပြောကြား​ သွားသည်။

သူမသည် အတည်တကျ ချစ်သူ​ မထားဘဲ လူစိမ်းများကိုသာ ချဉ်းကပ်ပြီး ကလေး​ ရအောင် ကြိုးစား​ ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည် သုက်ပိုး​ အလှူရှင် အကူအညီဖြင့် ကိုယ်ဝန်​ ရအောင် ဆောင်ရွက်ရန် စဉ်းစား​ ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​ အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။

လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ ခဲ့သော်လည်း အချို့က သဘောမတူ​ ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​ အိတ်ထဲကျပ် အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ ထားလိုက်ကြောင်း လာရာက ပြောဆို​ သွားသည်။

From: လူထုအသံ

တရုတ်နိုင်ငံ လူမျိုးရေးအဓိကရုဏ်း ၃၅ ယောက်သေ

Posted by drmyochit Friday, June 28, 2013, under | No comments



တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွါးခဲ့တဲ့ အဓိကရုဏ်းတွေကနေ သေဆုံးသူ ၃၅ ယောက်အထိ တိုးသွားပြီဖြစ်ပါတယ်။ ဒီအဓိကရုဏ်းဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး အကြမ်းဘက်  အတိုက်ခိုက်ခံခဲ့ရတာလို့ တရုတ်အစိုးရက ပြောပါတယ်။

ရှန်ရှန်း (Shanshan) ပြည်နယ် လုကွန်(Lukqun) မြို့နယ်မှာ မနက်အစောပိုင်းဖြစ်ပွါးခဲ့တဲ့  တိုက်ခိုက်မှုကို အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တရုတ်အစိုးရ Xinhwa သတင်းမှာ ကြာသပတေးနေ့က ဖေါ်ပြထားပါတယ်။ အကြမ်းဖက်သူတွေဟာ ရဲစခန်းတွေ ပြည်နယ် အစိုးရအဆောက်အဦးတွေနဲ့ ဆောက်လုပ်ရေးဝင်းတခုမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ရဲအရာရှိ ၂ ဦးအပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သူ ၁၁ ဦးသေဆုံးခဲ့ရပြီး အခုတော့ မြို့နယ် အာဏာပိုင်တွေက နယ်မြေပြန်လည်တည်ငြိမ်အောင် ထိမ်းထား နိုင်ပြီလို့ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ Xinjiang ခရိုင်ထဲက လူနည်းစု မူစလင် Uighur ၁၆ ဦးလည်း ပါဝင်တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

ဒေသခံတွေကတော့ အခင်းဖြစ်ပွါးပြီးတဲ့နောက်ပိုင်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ပြောကြပါတယ်။ Xinjiang ခရိုင်ထဲမှာ ၂၀၀၉ ခုနှစ်က Urmqui မြို့တော်မှာဖြစ်ပွါးခဲ့တဲ့ Uighur လူနဲစုတွေနဲ့ ဒေသခံ ဟန်တရုတ်တွေကြား လူမျိုးရေး အဓိကရုဏ်းတွေကြောင့်  လူပေါင်း ၂၀၀ လောက်သေဆုံးခဲ့ချိန်ကစပြီး အခုထိ အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေပြီး ခုနောက်ဆုံး ဖြစ်ပွါးတဲ့ အဓိကရုဏ်းကတော့ လူသေဆုံးမှု အများအပြား ရှိခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း

Posted by drmyochit Friday, June 28, 2013, under | No comments


ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီး မိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။

ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

 ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြိုဝေဒနာလို့ ခေါ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ်ပြင်းပြ တာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွား တတ်ပါတယ်။

ရာသီအကြိုဝေဒနာကို ဘာကြောင့် မိန်းကလေးတချို့ကပဲ ခံစားရတာလဲ

ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေး တစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီ မလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေကြောင့်လည်း ဝေဒနာဖြစ်ပေါ်တယ် လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်ဒ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက်မှီဝဲတာ က တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာ လို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရ စေပြီး ဗိုက်အောင့်တာကို သက်သာစေ ပါတယ်။

- ရာသီအကြိုဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်ဆေးကို ဆောင်ထားပါ။

- ရာသီအကြိုဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကို သိနားလည် ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါနေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီလာစဉ် ပင်ပန်း နွမ်းနယ်မှုပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။

(၃) အာဟာရပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင်ဟင်းရွက်၊ အနီရောင်အ သား၊ တိရစ္ဆာန် ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါ ဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အခက်အခဲတွေ့ ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်း လွယ်အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ် သုံးပစ္စည်း ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီ ခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

Myawady Health

ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ

Posted by drmyochit Friday, June 28, 2013, under | No comments

၂ဝ၁၃ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် Mr. Crusher , Ms. Quench ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ဇွန်လ ၂၇ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့ ၊ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြု လုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ကာယဗလမောင် အလွတ်တန်း ပထမ သန်းနိုင်၊ ၂၁ နှစ် နှင့် အောက် ပထမ လှဌေး၊ ၅ဝ နှစ် နှင့် အထက် ပထမ ဦးပြား၊ အမျိုးသမီး ၅ ပေ ၃ လက်မ အထက် ပထမ - ခိုင်ဝေ လွင်၊ ၅ ပေ ၃ လက်မအောက် ပထမ နန်းထက်ထက်လင်း နှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ဆုကို နန်းထက် ထက်လင်းတို့ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

သတင်း၊ ဓာတ်ပုံ-သီဟ
Popular Journal











ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

Posted by drmyochit Friday, June 28, 2013, under | No comments

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေးမပြေမလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး အဖွဲ့များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်းနှင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဆောက်လုပ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီတွင် အလုပ်သမားများ အတွက် ကြိမ်နီပြင်စခန်းမှ ဘင်္ဂါလီလူမျိုး လာလု ဆိုသူကို အလုပ်သမား ခေါင်းဆောင်

အဖြစ် တာဝန်ပေး၍ တဲကြီးများကို ဆောက်လုပ်စေခဲ့ရာ အတော်အတန် ပြီးမြောက်နေပြီ ဖြစ်ပါကြောင်း၊ ဇွန် ၂၇ ရက် နေ့လည် ၁၂ နာရီ အချိန်က အလုပ်သမားခေါင်းဆောင် လာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည်အချို့ အလုပ်သမားခ ငွေကြေးကိစ္စများ မပြေမလည် ဖြစ်ရာမှ လူအုပ်စုဖြင့် ယာယီတဲကြီးများ ဆောက်လုပ်နေသည့် အလုပ်သမား ခေါင်းဆောင် လာလုနှင့် အလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်ရာ လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများက လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်ရာမှ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း ထုတ်ပြန်ခဲ့သည်။


အခင်းဖြစ်ပွားရာသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက် ဖြေရှင်းနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးဦးသာလူချေနှင့် ၀န်ကြီးဦးလှဟန်၊ UNHCR မှတာဝန်ရှိသူတို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။

ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ အဖွဲ့ဝင် ဦးမျိုးသန့်က ''အခင်းဖြစ်တာက နေ့လည် ၁၂ နာရီမှာ ဖြစ်ခဲ့တာပါ။ UNHCR က တဲတွေဆောက်ဖို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံ လာလုကို အလုပ်သမားစုပေးဖို့ ကုမ္ပဏီက ငှားရမ်းတဲ့အတွက် လာလုက ဘင်္ဂါလီ(၃၅)ဦး စုဆောင်းပေးပါတယ်၊ သဘောထား တင်းမာသော ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်တွေက တဲဆောက်လုပ်ရေးအတွက် အလုပ်သမားအဖြစ် မပါဝင်ကြရန် ဆော်သြမှုတွေ ရှိပါတယ်၊ စားဝတ်နေရေးအတွက် ငွေရပေါက်ဖြစ်လို့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း များပါတယ်။

၃၅ ဦးသာ အလုပ်ပေးနိုင်တော့ အလုပ်မရသူတွေကလည်း လာလုကို မကျေနပ်ရာက ပဋိပက္ခအသွင် ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက လာလုနဲ့ အလုပ်သမား ၃၅ ဦးကို အကြမ်းဖက် မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ အလုပ်သမားတစ်ဦး ၀ါးသယ်ဖို့ အသွားမှာ ကြိမ်နီပြင်က ဘင်္ဂါလီ အုပ်စုက ခဲနဲ့လှမ်းပေါက် နောက်ကထပ်ကြပ်မကွာ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ဆူဆူ ညံညံ ညာသံပေးပြီး လာကြပါတယ်။ ရှေ့ဆုံးမှာ ကလေးနဲ့ မိန်းမတွေလည်း ပါပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေက အလုပ်သမားများကို ကာကွယ်ရင်း တဖက်ကလည်း မိမိတို့ကို ကာကွယ်ရင်း၊ မဖြစ်တန်တာ မဖြစ်ရအောင် သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး လူစုခွဲခဲ့ရပါတယ်၊ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။ ပေါက်တောကို သယ်ယူပြီး အလောင်းစစ်ဆေးမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

မိုင်းဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရသော လဂျားယန် အနီးရှိ မိုးလဲတံတား ပြန်လည်ပြုပြင်

Posted by drmyochit Friday, June 28, 2013, under | No comments





ဗန်းမော် မြစ်ကြီးနား ကားလမ်း မိုးမောက်မြို့နယ် လဂျားယန်၊ လိုင်ဇာဝင်ပေါက် အနီးရှိ မိုးလဲချောင်း ဖြတ်ကူးသည့် ဘေလီတံတား အား KIA အဖွဲ့မှ ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ၂ဝ၁၃ခုနှစ်၊ ဇွန်လကုန်တွင် ပြန်လည် ပြုပြင် ပြီးစီးမည် ဖြစ်သည်။

အဆိုပါ တံတားအား KIA အဖွဲ့မှ စစ်ရေးကို အကြောင်းပြကာ ၂ဝ၁၁ခုနှစ်၊ ဇူလိုင်လ လောက်က ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ဗန်းမော်-မြစ်ကြီးနား သွားလာမှုများ ပြတ်တောက် ခဲ့ရသည်။ အလားတူ ဗန်းမော်မြစ်ကြီးနား ကားလမ်းပေါ်ရှိ တံတား အများအပြားအား  KIA အဖွဲ့မှ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ အဆိုပါ မိုးလဲတံတားသည် သံဘောင်ဘေလီ တံတားဖြစ်ပြီး ပေ ၃၇ဝ အရှည်ရှိသည်။ ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် အရှည် ၂ဝပေ၊ အနံ ၁ပေ၊ ဗျက် ၆လက်မ၊ သံဘောင်ယက်မကြီး ၃ခုနှင့် ၁ဝပေ ဘေလီသံဘောင်အချို့ပျက်စီးကာ မော်တော်ယာဉ်များ သွားမရအောင် ပျက်စီးခဲ့ရသည်။

၎င်းသံဘောင်ကြီးများအား မိုးမောက်မြို့နယ် အစိုးရ ဆောက်လုပ်ရေး အဖွဲ့မှ အစားထိုး ပြုပြင်၍ တည်ဆောက်ခဲ့ရာ ဆွေးမြေ့သော သစ်သားများ ပြန်လဲရန်သာ အနည်းငယ် ကျန်ပြီး ယခုအခါ ကားများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်သည်။ တံတားနှင့်ပတ်သက်၍ ဗန်းမော်-မြစ်ကြီးနားသွား ''မနောဧရာ'' ယာဉ်လိုင်းစီး ခရီးသည်တစ်ဦးမှ'' ဒီတံတားကြီး (၃)နေရာ ဖောက်ခွဲခံရပြီး ကားလုံးဝ သွားလို့ မရတော့ဘူး၊ ဒါ့ကြောင့်ချောင်းရဲ့ အောက်ဘက် ရေတိမ်တဲ့ မန်သဲရွာနားမှာ သစ်သားတုံးနဲ့ ယာယီတံတား ဆောက်လုပ် ပြီးသွား နေရတယ်၊ မိုးရာသီ ရေများလာရင် တံတားပါ ရေမျောသွားပြီး သွားလို့ရမှာ မဟုတ်တော့ဘူး၊ မိုးရာသီအမီ ဒီတံတားကြီး ပြုပြင်ပြီးစီးသွားလို့ ကားသွားလာမှု မပျက်တော့ဘူးပေါ့ အဆက်အသွယ် မပျက်တော့တဲ့ အတွက် အတော်ဝမ်းသာ မိပါတယ်'' လို့ပြောကြား ခဲ့ပါတယ်။

ဗန်မော်မြို့မှပေးပို့သော ကိုနေလင်းအား အထူးပင် ကျေးဇူး တင်ရှိပါသည်။
Today Myanmar

မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ရေး သံဃာတော်တွေ ဆွေးနွေး

Posted by drmyochit Friday, June 28, 2013, under | No comments


Time မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ ပတ်သက်လို့လည်း ဒီ အစည်း အဝေးမှာ ရှုတ်ချခဲ့ကြ

ဗုဒ္ဓ ဘာသာဝင် မြန်မာ အမျိုးသမီးတွေကို အကာ အကွယ် ပေးဖို့ မျိုးစောင့် ဥပဒေလို့ ဆိုတဲ့ ဥပဒေ တရပ် အတည်ပြု ပြဌာန်း နိုင်ရေးအတွက် သံဃာတော်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဗုဒ္ဓ ဘာသာဝင် မြန်မာ အမျိုးသမီးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် ဥပဒေ တရပ် ပြဌာန်းနိုင်ဖို့ လိုအပ် နေပြီလို့ အင်းစိန်မြို့နယ် အောင်ဆန်း တောရ တပ်ဦးကျောင်းမှာ ကျင်းပခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒ ခံယူပွဲ ခေါင်းစဉ်နဲ့ သံဃာ့ အစည်း အဝေးမှာ အဓိက ဆွေးနွေး ဆုံးဖြတ် ခဲ့ကြတာ ဖြစ် ပါတယ်။

ဒီအချက်ကို ထောက်ခံကြတဲ့ သံဃာတော် ၁၅၀၀ လောက် တက်ရောက် လာတဲ့ ပွဲမှာ ကိုယ့်ဘာသာ ကို ထိန်းသိမ်း ကာကွယ်ဖို့ ဆောင်ရွက် တာကို ကန့်ကွက်တာဟာ မသင့်တော်ဘူးလို့ အစည်း အဝေးကို ဦးဆောင် ကျင်းပ ခဲ့တဲ့ အင်းစိန် ရွာမ စာသင် တိုက်က ဆရာတော် ဦးတိလောက က မိန့် ကြား ခဲ့ပါတယ်။

တခြား ဘာသာ အသီးသီးမှာ သူတို့ဘာသာကို ကာကွယ်ဖို့ အတွက် ပြဌာန်းချက် တွေ ရှိနေတာမို့ ဗုဒ္ဓ ဘာသာ ကိုလည်း အလားတူ ကာကွယ်ပိုင်ခွင့် ရှိကြောင်း၊ ဒီလို ကာကွယ်ဖို့ ဆောင်ရွက် တာဟာ လူ့အခွင့် အရေး ချိုးဖောက်တာ မဟုတ်ကြောင်း သံဃာတော်တွေက ပြောခဲ့ကြ ပါတယ်။

ဒီညီလာခံကို မြန်မာနိုင်ငံမှာ ရှိတဲ့ တိပိဋက ဆရာတော် ၉ပါး စလုံး ကလည်း ထောက်ခံတယ်လို့ဆိုပါတယ်။

အဲဒီ မျိုးစောင့် ဥပဒေ မူကြမ်းကို သံဃာတော် တွေရဲ့ တိုက်တွန်းချက် အရ ရေးဆွဲ ခဲ့တဲ့ ဥပဒေ ပညာရှင် ဦးရဲခေါင်ညွန့် ကလည်း မြန်မာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်တဲ့ အခါ တခြား ဘာသာတွေရဲ့ စည်းကမ်း ဥပဒေတွေ ကိုတော့ Statutary Law လို့ ခေါ်တဲ့ ပြဌာန်း ဥပဒေ အနေနဲ့ သတ်မှတ် ခံရပြီး မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေကို ကျတော့ Customary Law လို့ ခေါ်တဲ့ ဓလေ့ ထုံးတမ်း ဥပဒေ အဆင့်သာ သတ်မှတ်တာကြောင့် ပြဿနာ ဖြစ်လာရင် သူများ ဘာသာရဲ့ ဥပဒေတွေကိုသာ လိုက်နာ နေရတယ်လို့ ပြောပါတယ်။

တခါ The face of Buddhist Terror ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးကို ဖော်ပြခဲ့တဲ့ Time Magazine ကိုလည်း ဒီ အစည်းအဝေးမှာ ရှုတ်ချ ခဲ့ကြပါတယ်။

ဒီဆောင်းပါးဟာ နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စွပ်စွဲ ပုတ်ခတ်မှု ဖြစ်တယ်၊ ငြိမ်းချမ်းတဲ့ မြန်မာ နိုင်ငံရဲ့ ပုံရိပ်နဲ့ ဗုဒ္ဓ သာသနာရဲ့ ပုံရိပ်ကိုလည်း နိုင်ငံ တကာက အထင်အမြင် လွဲစေနိုင်တယ်လို့ ဒီညီလာခံက သုံးသပ် ပြောဆို ခဲ့ပါတယ်။

မလေးရှား ကနေ ပြန်ရောက် လာတာနဲ့ လေဆိပ် ကနေ ညီလာခံဆီ တန်းပြီး ကြွလာခဲ့တဲ့ သီတဂူ ဆရာတော် အသျှင် ညာဏိသရက အခုအခါ မွတ်ဆလင် နိုင်ငံတွေ ဖြစ်နေတဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်ဂလား ဒေ့ရှ် လို နိုင်ငံတွေဟာ တချိန်က ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ခဲ့တာကို ဆောင်းပါးရှင် Henna Beach က လစ်လျူရှုခဲ့ တယ်လို့ ဆိုခဲ့ပါတယ်။

ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အတွက် ဒီညီလာခံကို တက်လာတဲ့ သံဃာ့ အဖွဲ့နဲ့ အစိုးရ၊ သံဃာ့ မဟာ နာယက၊ ပြည်သူ စတဲ့ အင်အားစု လေးခု စလုံး ညီညွတ်ကြဖို့ လိုတယ် လို့လည်း မိန့်ကြားခဲ့ပါတယ်။

ဒီတော့ ညီလာခံ တက်လာတဲ့ သံဃာ ၁၅၀၀ ရဲ့ သဘောထားဟာ သံဃာ အားလုံးရဲ့ သဘောထား ဖြစ်တယ်လို့ ခုချိန်မှာ ပြောနိုင်ဖို့ ခက်ပါတယ်။

ဒါပေမယ့် ဒီညီလာခံ ကျင်းပခဲ့တဲ့ အနေအထား ကိုကြည့်ရင် မကြာသေးခင်က မြန်မာ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် အရေးကြီးနေပြီ ဆိုတဲ့ သဘောထားမျိုး ရှိတဲ့ အင်အားစု တရပ် ကြီးကြီး မားမား ရှိနေတာကိုတော့ တွေ့မြင် နေရပါတယ်။


မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ အမျိုးဘာသာ သာသနာကို စောင့်ထိန်း ရမယ် ဆိုတာကို လက်ခံပေမယ့် ဒီမျိုးစောင့် ဥပဒေကြမ်းပါ အချက်တွေဟာ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေနဲ့ရော ဗုဒ္ဓ ဘာသာ ပြဌာန်းချက်တွေနဲ့ပါ မညီတဲ့ အတွက် အတည်ပြုလာနိုင်စရာ မရှိဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

From: BBC

ငါးနှစ်အတွင်း တစ်နိုင်ငံလုံးမိုဘိုင်းကွန်ယက်များ တည်ထောင်မည်ဟုTelenor မှ ကြေညာ

Posted by drmyochit Friday, June 28, 2013, under | No comments



မေလ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သည် Telenor ကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ

ရန်ကုန်၊ ဇွန် ၂၇။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော် ဆက်သွယ်ရေးလုပ်ငန်းမှ HSPA နှင့် LTE-ready နည်းပ ညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ဇွန်လ ၂၇ရက်နေ့ ညပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် Telenor မှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ကမ္ဘာ့အဆင့်မီစေရန် HSPA နှင့် LTE-ready နည်းပညာများ အသုံးပြုကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး မိုဘိုင်းကွန်ယက်များ တည်ထောင် မည်ဖြစ်ကြောင်း၊ အသံနှင့်ဒေတာ အပါအ၀င် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း များကို ၂၀၁၄ ခုနှစ်တွင် ပြည်သူများထံသို့ စတင်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
တယ်လီနော်၏ အမှုဆောင် ဒုဥက္ကဋ္ဌနှင့် အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ Sigve Brekke က “Telenor ဟာ မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးအတွက် ထူးခြားစွာ အထောက်အကူ ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အာရှဒေသရဲ့ ကွဲပြားခြားနားတဲ့ ဈေးကွက်ကြီး ငါးခုမှာ မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းတွေ ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အာရှဒေသ အတွင်းမှာ အရည် အသွေးကောင်းပြီး ဈေးနှုန်း သင့်တော်တဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ တယ်လီနော်ရဲ့ မဟာဗျူဟာ အောင်မြင် တယ် ဆိုတာကို ယခုကြေညာချက်က ထောက်ခံလိုက်တယ်လို့ ယူဆပါတယ်”ဟု ပြောကြား သည်။

တယ်လီနော်မှ မြန်မာနိုင်ငံအတွက် မဏ္ဍိုင်လေးခုဖြင့် အခြေခံကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တင်ဒါ လုပ်ငန်း စဉ်များ အရ လက်ရှိတွင် Telenor Group မှ လာမည့် လအနည်းငယ်အတွင်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် အတည်ပြုပေးနိုင်ရန် မြန်မာအာဏာပိုင်များနှင့် နောက်ဆုံးအဆင့် ညှိုနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။

“အခုလို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာ ဆက်သွယ်ရေး လိုင်စင်တင်ဒါကို တယ်လီနော်မှ ရရှိအောင်မြင် ခဲ့တဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ရည်မှန်းချက်များ ပြည့် မီအောင် ဆောင်ရွက်ရာမှာ အထောက်အကူ ပေးနိုင်တဲ့ အခွင့်အရေးကို တယ်လီနော်ကို ပေးအပ်ခဲ့ တဲ့အပြင် ပွင့်လင်းမြင်သာပြီး တိကျတဲ့ တင်ဒါ လုပ်ငန်းစဉ်အတွက် မြန်မာ အစိုးရကို ကျေးဇူးတင်ရှိပါတယ်” ဟု Telenor Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Jon Fredrik Baksaas က ပြောကြားသည်။

တယ်လီနော် ကုမ္ပဏီသည် စကဲန်ဒီနေးဗီးယန်း၊ ဖင်လန် နှင့် အိုက်စလန် အစရှိသော ဥရောပ မြောက်ပိုင်းနိုင် ငံများ၊ အရှေ့ နှင့် အလယ်ပိုင်း ဥရောပ နိုင်ငံများနှင့် အာရှဒေသအတွင်း တွင်မိုဘိုင်းဖုန်း အော် ပရေတာ လုပ်ငန်းဈေးကွက် ၁၁ခု ရရှိထားပြီး၊ ဈေးကွက် ၁၈ခုတွင် လုပ်ကိုင်နေသော Vimpelcom Ltd အတွင်း တွင်လည်း Voting Stake 42.95% (Economic Stake 33%) ရှယ်ယာ ပိုင်ဆိုင်မှုရှိကြောင်း၊ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီသည် ၂၀၁၃ခုနှစ် ပထမ လေးလပတ်အထိ စုစုပေါင်း လုပ်ငန်း များအရ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၄၈သန်းရှိသော ကမ္ဘာ့ထိပ်တန်း မိုဘိုင်း အော်ပရေတာဖြစ်ပြီး ၂၀၁၂ ခုနှစ်၏ လုပ်ငန်းတွင် တည်ရှိငွေ(revenues)မှာ နော်ဝေငွေကြေး ကိုနာ ၁၀၂ဘီလီ ယံရှိကြောင်း၊ ယင်း အပြင် ကမ္ဘာတစ်ဝန်းလုံးတွင် တယ်လီနော်မှ ၀န်ထမ်းဦးရေ သုံးသောင်းခန့်ကို ခန့်အပ်ထားကြောင်း သိရ သည်။

ဆုဝေ
မြန်မာ့ခေတ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်