Sunday, July 14, 2013

ပဋိပက္ခ သံသရာထဲ ဆွဲထည့်ခံနေရသော ပြည်ထောင်စုမြန်မာနိုင်ငံ

Posted by drmyochit Sunday, July 14, 2013, under | No comments

ဒီနေ့ “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဘင်္ဂလီတွေကို နိုင်ငံသားပေးဖို့ မြန်မာကို သတိပေး တယ်။” ဆိုတဲ့ သတင်းတစ်ပုဒ် နိုင်ငံတကာ မီဒီယာမှာ တက်လာတာ တွေ့ရတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ လုပ်နေလို့ နိုင်ငံတကာကို မျက်နှာချိုသွေးနေရတဲ့ အချိန်ကို အခွင့်အကောင်းယူပြီး ပြောတဲ့ စကားပါ။ မြင့်မြတ်တဲ့ လုပ်ရပ်မျိုး မဟုတ်ပါဘူး။ ရရင် အမြတ်၊ မရရင်လဲ ဘာမှ မရှုံးဘူး ဆိုတဲ့ သွေးတိုးစမ်းတာလဲ ဖြစ်မှာပေါ့။ သူ့ပုဂ္ဂိုလ်ရေးအတွက်လည်း အကျိုးရှိချင် ရှိနေမှာပေါ့လေ။

ဒါကိုမှ ကြောက်အားလန့်အားနဲ့ အလေးထား လိုက်လျှောမိယင်တော့ မြန်မာနိုင်ငံတော်ကြီးဟာ မဆုံးတော့တဲ့ ပဋိပက္ခတွေ၊ အစွမ်းရောက် အကြမ်းဖက်မှုတွေ သံသရာထဲက လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။

နဖူးတွေ့၊ ဒူးတွေ့ မကြုံဖူးတဲ့ လူတွေက ဒီဘင်္ဂလီတွေကို လူသားအနေနဲ့ စာနာသနားကြတာ မဆန်းပါဘူး။ ဒါပေမယ့် တကယ်တမ်း လေ့လာကြည့်ယင် ဒီလူတွေရဲ့ အတွေးအခေါ် အသိဥာဏ်၊ အပြုအမူတွေဟာ ကမ္ဘာမှာ အစွမ်းအရောက်ဆုံးဆိုတဲ့ ပါကစ္စတန်နိုင်ငံက အစွမ်းရောက် အကြမ်းဖက်သမားတွေနဲ့ အတူတူပဲ ဆိုတာ ကို သွားတွေ့ရပါလိမ့်မယ်။ တိုက်ရိုက်လည်း ဆက်နွယ်နေပါတယ်။ တစ်ချိန်က အရှေ့ပါကစ္စတန်မှာ ကျန်ခဲ့ တဲ့ လူမျိုးတူတွေပါဘဲ။ မှန်ကန်တဲ့ လူ့သဘောတရားကို နားလည်တဲ့ လူက တစ်ထောင်မှာ တစ်ယောက်တောင် မတွေ့မိပါဘူး။

ဒီလူတွေကို နိုင်ငံသားသာ ပေးလိုက်လို့ကတော့ အခု ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ခံရမှု သံသရာထဲကို မြန်မာနိုင်ငံဟာ နေ့ချင်းရက်ချင်း ရောက်ရှိသွားမှာကတော့ ရာနှုန်းပြည့် သေချာသွားပါပြီ။ အေးချမ်းတဲ့ အမိမြန်မာနိုင်ငံတော်ကြီးဟာ ကိုယ့်အိမ်ထဲမှာနေပြီး ကြောက်နေရတဲ့ ဘဝကို ရောက်သွားမှာပေါ့။

ဒါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခသံသရာတွေထဲ မြန်မာနိုင်ငံကို ဆွဲထည့်ပြီး နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ် ထုတ်ချင်သူတွေရဲ့ လုပ်ရပ်တစ်ခုမျှသာ ဖြစ်ပါတယ်။

ဘာမှ အားနာစရာကို မလိုပါဘူး။ ကိုယ့်ရဲ့ ကျန်ခဲ့မယ့် သားစဉ်မြေးဆက်တွေ အကျိုးကို ကြည့်ပြီး “No” လို့ ပြောလိုက်တာက ဘာမှ မဆုံးရှုံးနိုင်ပါဘူး။ သူတို့နဲ့ လုပ်မှ မြန်မာလူမျိုးတွေ အသက်ရှင်နိုင်တာမှ မဟုတ်တာ။

From:စင်္ကာပူဖီး

နှလုံးရောဂါကုသရန် အခက်အခဲကြောင့် ကိုရင်တစ်ပါး မိမိကိုယ်ကိုယ် မီးရှို့သတ်သေ

Posted by drmyochit Sunday, July 14, 2013, under | No comments

မန္တလေး၊ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရေဦးကျေးရွာအနီး တောရဘုန်းကြီးကျောင်း အနီးရှိ သမီးဝှက်တောင်တွင် နှလုံးရောဂါကုသရန် အခက်အခဲကြောင့် ဟုဆိုကာ ကိုရင်တစ်ပါး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အာဂန္တုကိုရင် အရှင်ပညာနန္ဒ(ခ) ဇော်မျိုးအောင်၊ ၂၀ နှစ်၊ ဝါတော် ၇ ဝါသည် နှလုံးရောဂါ ဖြစ်နေသဖြင့် ဖခင်ဖြစ်သူ သမီးဝှက်တောင်ခြေ၊ တောရကျောင်းထိုင် ဆရာတော် ဦးသုမဏ(ခ)ဦးဘိုနီ၊ သက်တော် ၇၀ နှစ်၊ ဝါတော် ၁၆ ဝါထံသို့ ဆေးကုသရန် ဇူလိုင်လ ၁၂ ရက် နံနက်တွင် လာရောက်ခဲ့ပြီး ၄င်းဆေးရုံတက်စဉ် လူနာစောင့် အခက်အခဲ အပါအဝင် ဆေးကုသရန် အခက်အခဲများ ရှိနေသဖြင့် တောရဘုန်းကြီးကျောင်းတွင် အသုံးပြုသော မီးစက်သုံး ဓာတ်ဆီဖြင့် ယင်းနေ့ည၌ မိမိကိုယ်ကိုယ်မီးရှို့ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်း ရဲစခန်းမှ စခန်းမှူး ရဲအုပ်နေလင်းထွန်းက ပြောကြားသည်။

"သူ့အဖေကျောင်းထိုင် ဆရာတော်ကို ဆေးကုပေးဖို့ပြောတယ်။ ဆေးရုံ တက်ရင် လူနာစောင့်နဲ့ ဆိုတော့ အဆင်မပြေပုံရတယ်။ ရွာကျောင်းလေးကနေ လာတာ။ မသေခင်မှာ သူ့အခန်းထဲမှာ မှတ်စုစာအုပ် တွေ့တယ်။ ရေးသွားခဲ့တာက ခန္ဓာအား ဘုရားအား လှူပါ၏လို့ ရေးခဲ့တယ်။ ဆေးကုဖို့လာပြောပြီး နောက်ပိုင်းဖြစ်တာ" ဟု ရဲအုပ်နေလင်းထွန်းက ပြောဆိုသည်။

အဆိုပါ ကိုရင် သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက်ရှိပြီး တူးကုန်းရဲကင်းက သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၃)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

(ဖြိုးဖြိုးဇော်)
The Voice Weekly

လားရှိုးနန်းဟေဝန်ပန်းခြံ လူသတ်မှု စီစီတီဗွီကင်မရာမှတစ်ဆင့် ဖော်ထုတ်နိုင်

Posted by drmyochit Sunday, July 14, 2013, under | No comments

လားရှိုး        ဇူလိုင်       ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်   မြို့နေလူ အများ  စိတ်ဝင် တစား စောင့်ကြည့်နေသည့် နန်းဟေ ဝန် ပန်းခြံလူသတ်တရားခံကို   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင် များ က ဇူလိုင် ၁ဝ ရက်တွင်   ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် အမျိုး သမီးအလောင်း တစ်လောင်းကို  တွေ့မြင်သည့် လူတစ်ဦးက ရဲစခန်းသို့ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် အမှုစစ်အဖွဲ့ ဖွဲ့စည်း ကာ ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ  မစန္ဒာဝင်း၏ ထွက်ဆိုချက်အရ   အသတ်ခံရသည့်     မမိုးဆွေဦးနှင့်  အချင်းချင်း စကားများရာမှ   လက်လွန်ကာ  ယခုကဲ့သို့ လူသေသွားသည့်အထိ    ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊  မည်သည့် ရန်ငြိုးရန်စမှ မရှိဘဲ  ဒေါသအလျောက်လက်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမည့်နေ့ ဇူလိုင် ၂ ရက် နံနက် ၁ဝ နာရီဝန်းကျင်တွင် မမိုးဆွေဦးနှင့် နမ္မတူမီးပွိုင့်အနီးရှိ ကမ္ဘောဇ သောက်ရေသန့် လုပ်ငန်း အနီးတွင်တွေ့ရှိကာ   နှစ်ဦးသား သုံးဘီးဆိုင်ကယ်ဖြင့် လားရှိုးမြို့မဈေးကြီးသို့ အတူသွားခဲ့ကြပြီး ထိုမှတစ်ဆင့်    နန်းဟေဝန်ပန်းခြံသို့ လမ်းလျှောက်သွားခဲ့ ကြသည်။ ပန်းခြံအတွင်းရှိ စည်ဘီယာဆိုင်၏ နောက်ကျောဘက်ရှိ ဒုတိယအုတ်ခုံတွင် နှစ်ဦးသား အတူ ထိုင်နေကြပြီး သေဆုံးသူ မမိုးဆွေဦးက  အိတ်အတွင်းတွင်  အသင့်ပါ လာသော  သစ်သီးကို  အသီးအခွံခွာရာတွင်  အသုံးပြုသည့် ဓားငယ်ဖြင့်ခွဲစားနေစဉ် နှစ်ဦးသား  စကားများကြ ကြောင်း၊ ထိုမှတစ်ဆင့်  ကိုယ်ထိလက်ရောက် ရိုက်ပုတ်ကြရာမှ အဆိုပါဓားငယ်ဖြင့် မမိုးဆွေဦး၏နောက်ကျော အားပထမဦးဆုံးထိုးခဲ့ကြောင်း၊ မမိုးဆွေဦးသည် ပက်လက်လှန်လဲကျစဉ် ဝဲဘက်နှင့်ယာဘက်ရင်အုံတို့ကိုပါ   ဆက် တိုက်ထိုးခဲ့ကြောင်း၊ ထို့နောက်မည်သည့်နေရာတွင် ဆက်ထိုးမိသည်ကို မသိတော့ကြောင်း၊ ငြိမ်သက် သွားသည့် မမိုးဆွေဦး၏ ရွှေနားကပ်တစ်ရန်နှင့် ရွှေလက်စွပ်နှစ်ကွင်းတို့ကို ဖြုတ်ယူပြီးလည်ပင်းတွင် ဆွဲထား သည့် ရွှေဆွဲကြိုးကိုဆောင့်ဆွဲရာ တစ်ပိုင်းတစ်စပါလာကြောင်းတို့ကို ၄င်းကိုယ်တိုင်ဖွင့်ဟဝန်ခံချက်များအရ  သိရသည်။

အဆိုပါ အခင်းဖြစ်ချိန်မှာ နေ့ခင်းဖြစ်သော်လည်း တွေ့မြင်သူ တစ်ဦးတစ်ယောက်မျှမရှိသည့်အတွက် ပန်းခြံ အပေါ်ပေါက်မှ  ပြန်ထွက်ကာ  သုံးဘီးဆိုင်ကယ်စီးပြီး ရွှေနားကပ်ကို ''ရွှေလဝင်း''ရွှေဆိုင်တွင်ငွေကျပ် ၅ဝဝဝဝ   ဖြင့်ရောင်းချခဲ့ကြောင်း၊   ထိုမှတစ်ဆင့် မြို့ဈေးကြီးသို့ ပြန်တက်လာကာ ''ဇွဲထက်''ရွှေဆိုင်တွင် ရွှေ လက်စွပ် တစ်ကွင်းကို    ငွေကျပ်  ၆ဝဝဝဝ ဖြင့်   ထပ်မံရောင်းချကာပေးရမည့်အကြွေးများကိုလည်း  ရွှေများ ရောင်းချရ သည့်ငွေများမှ တချို့တစ်ဝက်ကို ပေးချေခဲ့ကာ ဟန်မပျက်အိမ်တွင်နေထိုင်ခဲ့ကြောင်း ယခုကဲ့သို့ တရားခံကို ခုနစ်ရက်အတွင်းဖမ်းဆီးရမိခဲ့သည်မှာ အမှုစစ်အဖွဲ့မှ တွေ့ဆုံစစ်ဆေးခဲ့သော သက်သေများထဲမှ တစ်ဦး၏ ထွက်ဆိုချက်များမှ  စတင်ခြေရာကောက်နိုင်ခဲ့ပြီး မြို့မဈေးအတွင်းရှိ ဈေးခေါင်းရုံးတွင် တပ်ဆင် ထားသည့် စီစီတီဗွီ ကင်မရာမှမှတ်တမ်းတင်ထားသည့် မှတ်တမ်းများအရ လူသတ်တရားခံနှင့်  သေဆုံးသူတို့ နှစ်ဦး အခင်းမဖြစ်ပွားမီ ဇူလိုင် ၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ဈေးအတွင်းသွားလာနေမှုကို  ခိုင်မာသော သက်သေ များဖြင့်    ပြသစစ်ဆေးရာမှ  ပေါ်ပေါက်လာခြင်းဖြစ်သည်သိရသည်။

ချယ်ရီလှိုင်

News and Periodiacl Enterprise
Ref : Thit Htoo Lwin

ကားမှောက်ခဲ့သော အဆိုတော် ဆိုတေး ယနေ့ညနေ ၄နာရီခွဲအထိ သတိမရသေး

Posted by drmyochit Sunday, July 14, 2013, under | No comments

မန္တလေး-ဇူလိုင် ၁၄

မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေသော တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း ၄င်းဆေးရုံမှ သိရသည်။

ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင် အဆိုတော် ဆိုတေး တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ကားဘီး ပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

မိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ လမ်းဘေးဝယ်ယာသို့ နှစ်ပတ်သုံး ပတ်လည်ရ်ျ ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် အပါအ၀င် ဆိုတေး(ခ)အောင်သက် ပိုင် (၂၃)နှစ်၊ မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး မချောချော(ခ) မ၀င်းဂရိ သူမှာ မိတ္တီလာဆေးရုံသို့ ပို့ဆောင် ကုသစဉ် သေဆုံးသွားကြောင်း သိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့ ဒဏ်ရာ သာ ရရှိပြီး ပြင်ပလူနာအဖြစ် ဆေးကုသလျှက်ရှိပြီး ဆိုတေးနှင့် ယာဉ်မောင်း သန်းဝင်းလှိုင်မှာ စိုးရိမ်ရသည့် အခြေနေရှိကြောင်း သိရသည်။

ယာဉ်မောင်း သန်းဝင်လှိုင်မှာ သတိရလာပြီ ဖြစ်သော်လည်း တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းသန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ ၃၀၄-က/၃၈၈ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးလပြည့်

Popular Myanmar News Journal

အဆိုတော်ဆိုတေး အားဆေးရုံသို့ခေါ်ဆောင်လာတာပါ - ဓါတ်ပုံ - Myanmar Celebrities

ဓါတ်ပုံ(Wyne SU's facebook မှ photo.-ဆိုတေးနောက်က ညီမလေး ဆုံးသွားပြီတဲ့ ခုဘဲအသိတယောက်ဖုန်းဆက်တယ် အဲ့ ညီမလေးတွက်ဝမ်းနဲပြီး အရမ်း စိတ်မကောင်းဖြစ်တယ်)

From: သစ်ထူးလွင်

ကားတိမ်းမှောက် တေးသံရှင် ဆိုတေး ဒဏ်ရာရ ၊ ဇနီး သေဆုံး

Posted by drmyochit Sunday, July 14, 2013, under | No comments


ဇူလိုင် (၁၄)

တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဆိုတေး ပါဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

ကားပေါ်မှာ လူလေးဦး လိုက်ပါလာပြီး ကျန်အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာ ဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေး ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။


The Modern News Journal

လိင်လုပ်သား တချို့ရဲ့ဘ၀ ငရဲခန်း တမျှလေလား

Posted by drmyochit Sunday, July 14, 2013, under | 1 comment


'ရေနွေးကြမ်း သောက်ပါဦးလား' ဆိုတဲ့ စကားဟာ မန္တလေးမြို့အနောက်ဘက် ဧရာဝတီမြစ် ကမ်းနား တလျှောက် မှာတော့ သာမန် ဖိတ်ခေါ်မှုထက် ပိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆိုတာ နယ်ခံ မဟုတ်ရင် မသိနိုင်လောက် ပါဘူး။ ကမ်းနား လမ်းဘက်ကို လူစိမ်း တစ်ယောက်ရောက်လာပြီ ဆိုရင် ဒီလိုလိုက် မေးတတ် တဲ့ သူတွေနဲ့ ကြုံရတတ်ပြီး တကယ်တမ်းမှာ ရေနွေးကြမ်းအစား သွေးသားနဲ့ ဧည့်ခံဖို့ စကားလုံး လှလှနဲ့ ဖိတ်ခေါ် လိုက်တာပဲ ဖြစ်ပါတယ်။

ခပ်ယဉ်ယဉ်ပြောရရင် လိင်လုပ်သား၊ ဒါမှမဟုတ် ပြည့်တန်ဆာတွေဟာ နိုင်ငံ အသီးသီးရဲ့ ကန့်လန့် ကာနောက် ကွယ်က အမှောင်ထဲမှာ ခေတ်အဆက်ဆက် ရှိခဲ့ကြမှာ ပါပဲ။ ဒီနိုင်ငံမှာလည်း မန္တလေး ရတနာပုံ မင်းနေပြည်တော်ကို ထူထောင်ခဲ့တဲ့ မင်းတုန်းမင်း တရားကြီး လက်ထက်ကတည်းက ပြည့်တန်ဆာ တွေရဲ့ ရပ်ကွက် ရှိခဲ့သလို မင်းတရားကြီး ကိုယ်တိုင်လည်း ပတ်သက်ခဲ့တယ် ဆိုတဲ့ သုတေသီတချို့ရဲ့ စာပေ အထောက်အထား တချို့ကို တွေ့ရပါတယ်။

ပြီးတော့ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ သူတို့ရဲ့ကဏ္ဍဟာ အသွင်အမျိုးမျိုးနဲ့ ပိုကျယ်ပြန့်လာပါပြီ။ ဒါပေမဲ့ သေမင်းနဲ့ ထိပ်ပုတ်ခေါင်းပုတ် လုပ်နေရတဲ့ ရောဂါမျိုးနဲ့ လုံခြုံမှုနဲ့ အာမခံချက် မရှိတဲ့ ဘ၀မှာ သူတို့ဟာ ဘယ်လို စိတ်မျိုးနဲ့ ရှင်သန်နေနိုင်ကြသလဲ ဆိုတာ ဆန်းစစ်ချင် စရာ ကောင်းနေပါတယ်။

အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းက အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေကြသူ တချို့ရဲ့ ပြောစကားအရတော့ ပြည့်တန်ဆာ ဘ၀ရောက်ကြရတဲ့ သူတွေရဲ့ အနည်း ဆုံးထက် ၀က်ကျော်ဟာ ဆင်းရဲတွင်း နက်လွန်းလို့ ရောက်ကြရတယ်လို့ သုံးသပ်နိုင်ပါတယ်တဲ့။
ဆိုလိုတာက အနေအစားချောင်လို့ ပြည့်တန်ဆာ ဘ၀ကို ခံယူသူက ရှိတော့ရှိပေမယ့် ဆင်းရဲလို့ဖြစ်ရတဲ့ သူလောက် အရေအတွက် မများပါဘူး။ ပြည့်တန်ဆာတွေ၊ အနှိပ်ခန်းတွေ၊ ကေတီဗီနဲ့ စင်တင်က မိန်းကလေးတွေကို အေ့ဒ်စ်နဲ့ ပတ်သက်ပြီး ပညာပေးတာ၊ နှစ်သိမ့်ဆွေးနွေးတာတွေ လုပ်ပေးနေတဲ့ အင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့က လုပ်သက်ရင့် ၀န်ထမ်းဖြစ်တဲ့ အိန်ဂျယ်လေး (နာမည်လွှဲ) ကတော့ ပြည့်တန်ဆာတွေ ကျက်စားတဲ့ နယ်ပယ်ကို လေးမျိုး လောက်ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။

ဒါက ဘန်းစကားနဲ့ 'ဘိ' လို့ခေါ်တဲ့ သတ်သတ်မှတ်မှတ် နေရာတစ်ခုမှာ 'ခေါင်း' တွေရဲ့ အောက်မှာရှိသူတွေ၊ ဒုတိယက စင်တင်တချို့၊ နောက်ပြီး ဟိုတယ် တည်းခိုခန်းတွေမှာ စတည်းချ သူတွေနဲ့ အလွတ်လပ်ဆုံး လှုပ်ရှားနိုင်သူတွေက ကျုံးဘေးလို၊ လမ်းဘေးလို နေရာက ပြည့်တန်ဆာလို့ ဆိုပါတယ်။
ဒီနေရာမှာ တချို့ ပြည့်တန်ဆာတွေဟာ အခုအခါ အနည်းဆုံး ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပျမ်းမျှရကြလေ့ ရှိပေမယ့် 'ခေါင်း' ကို ပေးရတာနဲ့ ဘာမှ မကျန်ပါဘူးတဲ့။ 'ခေါင်း' ကဖြတ်တာနဲ့ ဘာနဲ့ဆိုရင် တချို့ ပြည့်တန်ဆာတွေဆို (တစ်ကြိမ်) ကို ကျပ် ၅၀၀ လောက်သာ ကျန်ပါသတဲ့။

"ရုပ်ရည်အရ ချို့ယွင်းချက် ရှိတဲ့သူတွေက 'ခေါင်း' အောက်မှာ လုပ်ကြရ တာများတယ်။ ပြီးတော့ သူတို့ရဲ့လုံခြုံ မှု အတွက်လည်း ခေါင်းတွေအောက်မှာ နေရင်း ဒီလိုခေါင်းပုံဖြတ်ခံပြီး လုပ်ကြ ရတာပဲ။ စီးပွားရေး လုပ်ဖို့ ဆိုတာလည်း အရင်းအနှီးရှိမှ ဖြစ်တာလေ၊ စားဖို့ တောင်မှ တပိန်ပိန် တလိမ်လိမ် ဘ၀မှာ အမေပေးတဲ့ လယ်တစ်ကွက်နဲ့ ဒီလိုပဲ လုပ်စားကြရတာ" လို့ အိန်ဂျယ်လေး က ပြောပါတယ်။
သူကိုယ်တိုင်က မိန်းမလျာ တစ်ယောက်ဖြစ်ပေမယ့် တချို့ ပြည့်တန်ဆာတွေရဲ့ ဘ၀က သူတို့ ဘ၀ လောက်တောင် ကျေနပ်ပျော်ရွှင် စရာ မကောင်းဘူးလို့ ပြောပါသေးတယ်။ "ကျွန်တော် သူတို့ (ပြည့်တန်ဆာတွေ) ကွန်ဒုံး သုံးမသုံး၊ ခေါင်းတွေကို ခွင့်တောင်းပြီး ချောင်းကြည့် ဖူးတယ်။ ကွန်ဒုံး သုံးကြတယ်ဗျ။ ဒါပေမဲ့ သူတို့ကို ကြည့်ရတာ စိတ်ပျက်စရာပါ၊ မျက်လုံးတွေ ကြောင်တောင်တောင်နဲ့ လုံးဝကို အသက်မဲ့တဲ့ သူတွေလိုပါပဲ" လို့ သူက ပြောပါတယ်။ သူ့အပြောအရ လိင်ဆက်ဆံဖက်များတဲ့ ပြည့်တန်ဆာတွေဟာ သူ့ အန္တရာယ်ကို သူကြောက်လို့ ကွန်ဒုံး သုံးဖို့ကြိုးစားကြတာများ တယ်လို့ သိရ ပါတယ်။

အန္တရာယ်ရှိပြီး ရောဂါဖြစ်နိုင် ခြေများတာက လိင်ဆက်ဆံဖက် နည်းလို့ ကိုယ့်ကိုယ်ကိုယ် သန့်တယ်ထင်တဲ့ သူတွေလို့ ဆိုပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး HIV/ AIDS Prevention and Care Centre အဖွဲ့က ဒေါ်ဖြူဖြူသင်း ကတော့ သူတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထားအရ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါဖြစ်နှုန်းက ပိုမြင့်လာတာကို တွေ့ရတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ အဖွဲ့ စလှုပ်ရှားဖြစ်တာ ၂၀၀၂ ကပါ။ ၂၀၀၄ ခုနှစ်နောက်ပိုင်း မှာ ရောဂါဖြစ်ပွားနှုန်း ပိုမြင့်လာတာမှာ ၂၀၁၀ မှာ အယောက် ၈၀၊ ၂၀၁၃ ခုနှစ် မှာ အယောက် ၃၀၀ ကျော်အထိ တွေ့လာရပါတယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လုပ်နေတယ် ဆိုပေမယ့် မသိ သေးတာတွေ အများ ကြီးရှိနေဦး မှာပါ။ ပွင့်ပွင့်လင်းလင်းသာ လုပ်နိုင်မယ် ဆိုရင် ဒီထက် အဆများစွာ များနေနိုင်ပါတယ်" လို့ ပြောပါတယ်။ ကွန်ဒုံးကို လက်ဝယ် တွေ့ ရင်၊ ဆောင်ထားရင် တရားရုံးရောက် ကြရလို့ ပြည့်တန်ဆာတွေဟာ ကွန်ဒုံးကို အန္တရာယ် တစ်ခုလို မြင်လာကြောင်းလည်း ပြောပါတယ်။ ကွန်ဒုံး သုံးသင့်တာ သိပေမယ့် ပြည့်တန်ဆာတွေမှာ တောင်းဆို ပိုင်ခွင့် ငြင်းဆန် ပိုင်ခွင့် မရှိတာတွေဟာလည်း ရောဂါဖြစ်နှုန်းကို မြင့်စေတာပါပဲ။ ဒီအနေအထားမှာ သူတို့ရဲ့လုံခြုံမှုအတွက် တစ်ဖက်မှာ တရားဝင် လုပ်ကိုင်နိုင်မယ့် 'လိုင်စင်' ကို တချို့ပြည့်တန်ဆာတွေက လိုလား ကြတယ်လို့ ဆို ပါတယ်။

လိုင်စင်ရှိခြင်း အားဖြင့် ကျီးလန့်စာစား မဖြစ်တော့ဘဲ သူတို့လှုပ် ရှားတဲ့နေရာတွေမှာ လုံခြုံမှု ရနိုင်တယ်လို့ အိန်ဂျယ်လေးက ပြောပါတယ်။ "တစ်ယောက်က ခေါ်သွားပေမယ့် ဟိုရောက်မှ တစ်ယောက်မကဘဲ အုပ်စု လိုက် လေး၊ ငါးယောက် ဖြစ်နေတာ၊ ပိုက်ဆံ အပြည့်မပေးတာ၊ ကိုယ်ထိ လက်ရောက် ရိုက်တာမျိုးအပြင် ပိုက်ဆံ လုံးဝ မရလိုက်တဲ့ အဖြစ်မျိုးတွေလည်း ပြည့်တန်ဆာတွေ ကြုံရတတ်ပါတယ်။

လိုင်စင်ရှိရင် ပိုလုံခြုံမယ်။ လိုင်စင်လုပ်တာဟာ ဒါမျိုး လုပ်စားနေပါတယ် ဆိုပြီး ပေါ်တင်ပြနေမှာမျိုး မဟုတ်ပါဘူး။ သွေးစစ်ပြီး ရောဂါကင်းရင် လိုင်စင် လုပ်ပေးပေါ့၊ ကားတွေ လိုင်စင်လဲသလို ကာလ အပိုင်းအခြားနဲ့ လုပ်ရမှာပေါ့။ အင်န်ဂျီအို အဖွဲ့တွေ အားလုံး ပူးပေါင်း လုပ်ရင် ဘယ်သူမှ မလွတ်နိုင်ပါဘူး၊ တချို့က ကိုယ့်ကိုယ်ကိုယ် ပိုးရှိတာလည်း မယုံတာမျိုး ရှိတယ်" လို့ သူက ပြောပါတယ်။

လိုင်စင် ကိစ္စကို တစ်ဖက်မှာ လုပ်သလို ဒီဘ၀က ရုန်းထွက်ချင်သူတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်း တွေဖန်တီးပေးဖို့ အရေးကြီးကြောင်း ဒေါ်ဖြူဖြူသင်းက သုံးသပ်ပါတယ်။ "လိင်လုပ်သားတွေ အနေနဲ့ အကူ အညီမဲ့ နေပါတယ်။ သူတို့အတွက် ဥပဒေအရလည်း အားနည်းတော့ အခြေအနေ ဆိုးတယ်လို့ ပြောလို့ ရပါတယ်။ နိုင်ငံမှာ အပြောင်းအလဲတချို့ လုပ်ဆောင်နေပေမယ့် လိင်လုပ်သားတွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောင်းတာ မတွေ့ရသေးပါဘူး။ အားမရသေးပါဘူး" လို့ သူက ဆိုပါတယ်။

ပြည့်တန်ဆာတွေရဲ့ ဘ၀မှာ ကြားရတာတွေ ကလည်း စုံပါတယ်။ အသက် မပြည့်သေးတဲ့ သမီးကို နှစ်သိန်း၊ သုံးသိန်းရရင် ထည့်ပေးလိုက်တဲ့ အမေ တွေရှိနေသလို ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ်တိုင်မြင်ဖူး ကြားဖူးခဲ့ ပါတယ်။ ပြည့်တန်ဆာလောကမှာ 'အသစ်' လို့ ထင်အောင် သွေးဆွတ်ထားတဲ့ ဂွမ်းကို သားအိမ်အစပ်ထိ ထိုးထည့်ပြီး အင်္ဂါဇာတ်ကို ကျောက်ချဉ်စိမ်တာမျိုး ခေတ်စား သလို 'အသစ်' ကြိုက်တဲ့သူတွေ အညာမိနေတာလည်း ရှိကြောင်း အိန်ဂျယ်လေး ကပြောပြီး ဒါတွေဟာလည်း ကူးစက်ရောဂါနှုန်း များစေတဲ့ အချက်တွေထဲက တစ်ခုပါတဲ့။

From:စင်္ကာပူဖီး

ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်

Posted by drmyochit Sunday, July 14, 2013, under | No comments

ဂျကာတာ ပို့စ် (Jakarta Post) သတင်းစာမှာ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အင်ဒိုနီးရှား နိုင်ငံ ကို သွားရောက် ပြီး အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဆီက စစ်ရေးအကူအညီ တောင်း ခံခဲ့ကြောင်းနဲ့ ရိုဟင် ဂျာ ၃၀၀ ခန့်ဟာလည်း ရခိုင်ပြည်နယ် တွင်း စစ်ရေးလေ့ကျင့် နေကြတယ်ဆိုတဲ့ သတင်းဖော်ပြ ခဲ့ တာကြောင့် ရခိုင်ပြည်နယ်က ဒေသခံတွေ က စိုးရိမ်ကြတယ်လို့ ပြောနေကြ ပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေး နဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို မျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက) ကိုလည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ သောကြာနေ့က ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကအစားထိုးတာဝန်ယူမယ် ဆိုတဲ့အတွက် ရခိုင်ဒေသခံတွေက အားတက်မိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုအာင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး က ဂျမားအစ္စလာမ်မီးယား (Jemaah Islamiah) စစ်သွေးကြွအဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ရေးအကူအညီတွေ တောင်းခံခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ၃၀၀ ဟာ စစ်ရေးလေ့ကျင်မှုတွေ လုပ်နေတယ်တွေ ဆိုတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် မောင်တော ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မောင်တော် မြို့နယ် ဥက္ကဋ္ဌ ဦးဘရွှေကပြောပါတယ်။

“စိုးရိမ်တာတော့ ရှိကြတာပေါ့လေ။ မြို့ပေါ်ထက် နယ်ဘက်ကလူတွေကတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တိုင်းရင်းသားတွေ ကတော့ ပိုပြီး စိုးရိမ်ကြတာပေါ့လေ။”

လက်ရှိအချိန်မှာတော့ မောင်းတော်မြို့နယ်အတွင်းမှာ လုံခြုံရေး ချထားမှု အခြေအနေကတော့ ပုံမှန် အတိုင်းရှိနေတယ်လို့လည်း ဦးဘရွှေက ပြောပါတယ်။
ဘင်္ဂလားဒေရှေ် နိုင်ငံနယ်နိမိတ်နဲ့ နီးစပ်တဲ့ ဘူးသီးတောင် မြို့နယ်နဲ့ မောင်းတော မြို့နယ်တွေက ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အခုလို ရိုဟင်ဂျာတွေနဲ့ RSO စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတယ်ဆိုတာ လုပ်ကြံ သတင်းတွေသာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အက်ဒူလာဦးရွှေမောင်း ကသုံးသပ်ပါတယ်။

“မတည်မငြိမ်ဖြစ်အောင် အဲဒါမျိုး မလိုလားအပ်တဲ့ပြဿနာဖြစ်အောင်၊ ဆူပူမှုတွေ တကြော့ပြန် လုပ်လိုတဲ့လူက ဖန်တီးပြီးလုပ်သလို ဖြစ်တယ်ဗျာ။ အမှန်တကယ်က ကျနော်တို့ ဒေသမှာ အားလုံးက အေးအေးချမ်းချမ်းပါပဲ။”

ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အက်ဘူအာရစ် (Abu Arif) နဲ့ အက်ဘူရှာဖီရက် (Abu Shafiyah) တို့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစတဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နဲ့ ဆက်စပ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ် ဆိုပြီးတော့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကို ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကို အစားထိုးတာဝန်ပေးမှာဖြစ်တဲ့ အတွက် ဒေသခံတွေအကြား အားတက်နေကြတယ်လို့ ဆိုပါတယ်။  RNDP ပါတီ စစ်တွေ မြို့နယ် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကတော့ အခုလို နစက ကို ဖျက်လိုက်တာဟာ ရဲ၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ စစ်တပ် တို့ သုံးခုပေါင်းထားတဲ့ ဒီအဖွဲ့အပေါ်မှာ ကာကွယ်ဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတ တို့အကြား ရှုပ်ထွေးတဲ့ အုပ်ချုပ်ပုံတွေ ဖြစ်နေတဲ့ အတွက် နစကကို ဖျက်လိုက်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်။

“အဲဒါပိုင်းကတော့ ဘယ်လိုပြောမလဲ။ နစက ဆိုတာက အဖွဲ့သုံးဖွဲ့ကို ပေါင်းစည်း ထားတဲ့အပိုင်းဆိုတော့ အဲဒီ နစက မှာ အဓိက ပါဝါ အရှိဆုံးက စစ်တပ်ပေါ့။ စစ်တပ်က ပါဝါရှိတယ်ဆိုတော့ အဲဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေမှာ တခါတခါ သမ္မတရဲ့ ပါဝါ နဲ့ ကာချုပ်ရဲ့ ပါဝါ နှစ်ခုက ထိပ်တိုက်ဖြစ်နေတယ် အဲဒီနေရာမှာ။ အဲဒါကြောင့် နစက ကို ဖျက်သိမ်းလိုက်တဲ့သဘောမျိုးက သမ္မတရဲ့ အာဏာက ပိုပြီး စီမံခန့်ခွဲမှု ပိုပြီးကောင်းအောင် လုပ်တဲ့သဘောမျိုးလို့တော့ ကျနော်တို့အနေနဲ့ သုံးသပ်မိပါတယ်။”

အက်ဒူလာဦးရွှေမောင်းကတော့ မောင်းတောမြို့နယ် အတွင်းမှာ နစက ကို ဖျက်သိမ်းလိုက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒီလို နိုင်ငံတော်သမ္မတကြီးက ဖျက်သိမ်းရတယ်လို့ ကျနော် ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှလည်း နိုင်ငံတော် သမ္မတကြီးကို ကျနော့်အနေနဲ့ အလေးအနက်ထားပြီး ကျေးဇူးတင်တယ်လို့ လည်း ကျနော် ပြောချင်တယ်ခင်ဗျ။”

အင်ဒိုနီးရှားနိုင်ငံက ဂျမားအစ္စလာမ်မီးယား စစ်သွေးကြွအဖွဲ့ဝင် Muhammad Jibril Abdul Rahman က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ အင်တာနက်ဝက်ဆိုက်မှာ တင်ထားပြီး ရာမန်ဒန် ဥပုသ်လ လက်ဆောင်ဖြစ်ကြောင်းနဲ့၊ ကမ္ဘာတ၀န်းက မူဆလင်တွေက ရိုဟင်ဂျာတွေကို အားပေးကူညီဖို့လည်း ဆော်သြထားကြောင်း Jakarta Post သတင်းစာရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ထုတ် သတင်းစာမှာဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက မြို့တချို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်၊ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

အောင်ရဲ မောင်မောင်
VOA

လူမျိုးရေးဘာသာရေး ပဋိပက္ခ "လူတစ်စု၏" မဆင်မခြင်လုပ်ရပ်ကြောင့်ဟု သမ္မတ ပြောပြီ

Posted by drmyochit Sunday, July 14, 2013, under | No comments

မြန်မာနိုင်ငံတွင် မကြာခဏဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး အခြေခံသည့် အကြမ်းဖက်မှုများသည် လူတစ်စု၏ မဆင်မခြင်လုပ်ရပ် များကြောင့် နိုင်ငံတွင်းပြဿနာမှသည် ဒေသတွင်းပြဿနာဖြစ်အောင် ပုံဖော်ခြင်းခံနေရသဖြင့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်ကြီးများ တိုင်းပြည်ဂုဏ်သိက္ခာ မကျဆင်းအောင် ကာကွယ်ပေးကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၃ရက်နေ့၌ ရန်ကုန်မြို့တွင် ပြောဆိုခဲ့သည်။

လူတစ်စုဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြော ဆိုသော်လည်း ဘာသာတရားတိုင်းသည် မေတ္တာတရားကို သင်ကြားပေးပြီး ဒီမိုကရေစီစနစ်ကျင့်သုံးခြင်းကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို နားလည်လက်ခံရမှာဖြစ်ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့မှ ခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံပြီး ပြောဆိုခဲ့သည်။

ဗြိတိန်နှင့်ပြင်သစ်နိုင်ငံများသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး မသွားရောက်မီ တစ်ရက်အလို မြန်မာသမ္မတက မြန်မာနိုင်ငံသည် လူမျိုးစုံ ဘာသာစုံ ပူးပေါင်းနေထိုင်သော အမျိုးသားကြင်အန်လက္ခာသစ် New National Identity ကို တည်ဆောက်နေချိန်ဖြစ်ကြောင်းနှင့် ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုကြောင့် ကုလသမဂ္ဂကပင် မြန်မာပြည်ကို ဖိအားပေးနေခြင်းကို ရင်ဆိုင်နေရပြီဟု ဝန်ခံပြောဆိုခဲ့သည်။

Kamayut Media

ကူညီပါရစေ

Posted by drmyochit Sunday, July 14, 2013, under | No comments


ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရန် အတွက် တစ်ဦး တစ်ယောက်ချင်း မှသည် အဖွဲ့ အစည်း များနှင့် အစိုးရ အနေဖြင့် တစ်တပ် တအား ကြိုးစား နေကြသည်။ အရာ အားလုံး အစိုးရ ကိုချည်း လက်ညှိုးထိုး၍မရပါ။ အစိုးရဘက် လိုက်၍ ပြောခြင်း မဟုတ်ပါ။ သူတို့လည်း အားနည်းချက် တွေကို ပြုပြင်နေတာ မြင်သာပါသည်။ တစ်နယ် တစ်ကျေးက လာရောက်ပြီး တစ်ဝမ်း တစ်ခါး မှသည် မိသားစု အရေးအတွက် ကြုံရာ ကျပန်း လုပ်ကိုင် စားသောက်ရင်း အဆင်ပြေရာ နေရာ များတွင် နေထိုင် ကြရာမှ များပြား လာသော အင်အားသည် ဖရိုဖရဲ ကြိုးတိုး ကျဲတဲ မဟုတ်ပဲ သောင်းပြောင်းထွေလာ စုစည်းနေရာ ပျံကျ အုပ်စုများ ဖြစ်ပေါ် လာပြီး မှုခင်း ရပ်ဝန်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ညီညွတ်မှု မရှိသည့် ကျူးကျော် နေထိုင်သူ အုပ်စုများ ဖြစ်လာ ကြသည်။ ၎င်းတို့ကို လူသားချင်း စာနာ ထောက်ထားစွာ ပညာ ပေးခြင်း၊ ကူညီ ဖေးမ ပေးခြင်းများနှင့် အတူ စနစ် တကျ နေရာ ရရှိရေး ဆောင်ရွက် ပေးရမည် ဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးနှင့် အညီ မြို့ တော် အင်္ဂါရပ်များ ညီညွတ် စေရန် မြို့တော်ကြီး များတွင် ဆောင်ရွက်ချက် များမှ တစ်ချက် ဖြစ်သည့် ကျူးကျော်နေအိမ်များ ဖယ်ရှားပြီး စနစ်တကျ မြေနေရာ ချပေးမှုတွေ ဆောင်ရွက် နေတာ ကြားရသည်။  ထို့လျောက် မြို့တော် တာဝန် ရှိသူများ အနေဖြင့်လည်း တတ်စွမ်း သလောက် ဆောင်ရွက် နေကြသည်။ ရိုးသားမှု မရှိသူ များမှ ကျူးကျော် နေအိမ် မိသားစု တစ်စုတည်း ကိုပဲ မိသားစုကို ဖဲ့ထုတ်ကာ မိသားစု ၅ ယောက်ရှိလျှင် တဲအိမ်ငယ် ၅ လုံး ဆောက်လုပ်လျက် မြေနေရာ သစ်တွင် ၅ နေရာ ရရှိရေး အတွက် အဆင့် အတန်းမရှိ ဆောင်ရွက် နေကြသည်။ ဒီမ ကရေစီ စနစ်ကို နားမလည် သော်လည်း ၎င်းတို့ နားလည် သလို အလွဲသုံးစား ဒီမိုကရေစီ ပြုလုပ်ကြသည်။

ရိုးသားသည့် ကျူးကျော် မိသားစု များသည်လည်း စည်းရုံး ခံရမှု အောက်တွင် နားယောင် သွားကြ သည်။ အထူး သဖြင့် ၎င်းတို့ကို ကာကွယ် စောင့်ရှောက်မည်ဟု လျှာအရိုး မရှိတိုင်း အပေါစား စည်းရုံးရေး ဆောင်ရွက် နေသူ များမှာ အဓိက တရားခံ ဖြစ်ပါသည်။ ဥပမာ အနေဖြင့် ဇွန်လ ၁၀ ရက်နေ့ သင်္ဃန်းကျွန်း မြို့နယ် ၈၈ ကျောင်းသားများ အဖွဲ့ရုံးကို ဒဂုံမြို့သစ်(တောင်ပိုင်း) ကျူးကျော် နေထိုင်သူ များနှင့် ပြည်တွင်း သတင်း ထောက်တို့ လူအုပ် စုဖြင့် လာရောက် အကူ အညီ တောင်းခံ ကြသည်။ ၈၈ မျိုးဆက်များ အနေဖြင့် မည်သည့် နေရာမှ ကောင်းမွန်သော လုပ်ဆောင် ချက်များ ဖော်ဆောင် ပြသ နိုင်ခြင်း မရှိသည့် အတွက် တဖြည်းဖြည်းနှင့် ပြည်တွင်း ပြည်ပမှ အဖွဲ့ အစည်း၊ လူထုတို့၏ ဝေဖန် ပြစ်တင်မှုများကို ရင်ဆိုင် နေရချိန် ၈၈ မျိုးဆက်သစ် ကျောင်းသား များ၏ အဓိက နောက်လိုက်များ အဖြစ် ကျူးကျော်ထဲမှာတောင်မှ အဆင့် အတန်းမဲ့စွာ ကိုယ်ကျိုး အတ္တ လွန်ကဲသည့် သူများ ပေါ်ပေါက် လာတယ်။

၈၈ မျိုးဆက်သစ် ကျောင်းသားများ အနေဖြင့် ပြန်သုံး သပ်ကြပါ။ မိမိတို့ အဆင့် အတန်းဘယ် လောက် ရောက်နေပြီလဲ။ ပြောတာပြောရတယ် ဘယ်တုန်းကမှ ဘာအဆင့်မှ မရှိခဲ့တဲ့အဖွဲ့ပဲ။ ပြည်တွင်း ပြည်ပ နိုင်ငံရေး အကြောင်းပြ မဟာဗျူဟာမြောက် လှုပ်ရှား သူများရဲ့ ကြိုးဆွဲရာ ကခဲ့ကြ တာပဲ မဟုတ် ပါလား။ ကျူးကျော် အိမ်ရာတွေ နေရာသစ်မှာ မြေကွက် ရလျှင် ၈၈ အဖွဲ့တွေတွက် ကျေးဇူး ဆပ်ဦးမယ် ဆိုဘဲ။ ရိုက်ချက် ကတော့ မိုက်တီးတော့ မဟုတ်ဘူး။ မိုက်ရိုင်း နေတာ ချည်းပါပဲ။ တစ်ခုတော့ နားလည် ပေးပါတယ်။ ၈၈ အဖွဲ့တွေ ဒါမျိုး တွေလုပ်နေမှ မိသားစု ရပ်တည် နေနိုင်မှာ မဟုတ် ပါလား။ ဒါပေမယ့် အခြေ အနေ ကြည့်လုပ် ကြပါ၊ မင်းတို့ကို လက်ခံတဲ့ လူတွေက ဘယ် အဆင့် တွေလဲ၊ မင်းတို့ကို လက်မခံ တော့တဲ့ သူတွေက ဘယ်လို လူတွေလဲ၊ မင်းတို့ကတော့ ရေနစ် သလိုပဲ ရရာကို ဖမ်းဆွဲ၊ ရုန်းကန် နေရင်းနဲ့ ကျော်သူရဲ့ နာရေး ကူညီမှုကို အားကိုး နေကြတယ်လို့ မြင်မိတယ်။ ဘာပဲပြောပြော ဘဝကူး ကောင်းစေဖို့ နောက်မကျ သေးပါဘူး။ ကိုယ်မလုပ် နိုင်ရင် နေပါ၊ သာဓု တစ်ကြိမ် ခေါ်ချိန် မှီရင်တောင် အပယ် ငရဲက လွတ်ကောင်း လွတ်နိုင်ပါ သေးတယ်။

ငြိမ်းချမ်း

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ

Posted by drmyochit Sunday, July 14, 2013, under | 1 comment

သက္ကရာဇ် ၂၀၀၂ ခုနှစ်တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိ ကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။

သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်းခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံးကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ မိန်းမအပျော်အပါးလိုက်စား ပါတယ်။ နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့ အမှိုက်ကောက်သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ်သမားဝန်ကြီးဌာနကို မှတ်ပုံတင်ပြန်လျှောက်ပါတယ်။

ပြည်ဗာရာက သူဌေးသား ပုံပြင်တစ်ပုဒ်လိုပဲ အပြင်မှာ တကယ် ဖြစ်ခဲ့ တာလေး ဖြစ်ပါတယ်။
-
Ref: dailymail

သင်ခန်းစာ -

လက်ထဲမှာ ငွေရှိပြီး အကျိုးရှိရှိ အသုံးမချတတ်သူဟာ ပိုက်ဆံကို မီးရှို့ ပြီး မီးလှုံနေသူနဲ့ အတူတူပါပဲ။ --------------- အောင်ခမ်း-
International news for myanmar

ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်ရှိ

Posted by drmyochit Sunday, July 14, 2013, under | No comments

တောင်ဥက္ကလာပ မြို့နယ်တွင် မော်တော်ယာဉ် မတော်တဆမှု တစ်ခုအား မေလအတွင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

၂၀၁၃ ခုနှစ် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မော်တော်ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူဦးရေ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေမှာ ၉၀ ကျော်ထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လတွင်း တိုင်းဒေသကြီး/ပြည်နယ်များ၌ မော်တော်ယာဉ် မတော်တဆ ဖြစ်ပွားမှုမှာ ၃၇၇ မှု ဖြစ်ပွားခဲ့ပြီး ၅၄၀ ဦး ထိခိုက်ဒဏ်ရာရကာ ၈၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်းက မော်တော်ယာဉ် မတော်တဆဖြစ်ပွားနှုန်း အမြင့်ဆုံးမှာ တိုင်းဒေ သကြီး/ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ၁၉၂ မှုတွင် ၂၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃၂ ဦး သေဆုံး ခဲ့ကြောင်းနှင့် ဒုတိယဖြစ်ပွားမှုနှုန်း အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၄၀ မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ၆၄ ဦးရှိပြီး သေဆုံးသူ ၁၃ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူပြီးခဲ့သည့် ဇွန်လအတွင်းက တိုင်းဒေသကြီး/ပြည်နယ်များ၌ မော်တော်ဆိုင်ကယ် မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ ၄၁၉ မှုရှိခဲ့ပြီး သေဆုံးသူ ၉၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၆၅၂ ဦးထိ ရှိခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်များအနက် မော်တော်ဆိုင်ကယ် မတော်တဆ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးမှာ မန္တလေး တိုင်း ဒေသကြီးဖြစ်ပြီး ၇၀ မှုတွင် သေဆုံးသူ ၂၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁၂ ဦးရှိပြီး ဒုတိယ ဖြစ်ပွား မှုနှုန်း အမြင့်ဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး ၆၃ မှုတွင် သေဆုံးသူဦးရေ ၁၀ ဦးရှိပြီး ထိခိုက် ဒဏ်ရာ ရသူ ၈၄ ဦးရှိကြောင်း သိရသည်။

၎င်းအပြင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သည့် ဇွန်လအတွင်း တစ်နိုင်ငံ လုံး အတိုင်း အတာ အနေဖြင့် ၁၃၅ မှု ဖြစ်ပွားခဲ့ပြီး ၄၅ ဦး သေဆုံးခဲ့ကာ ၁၇၆ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရ သည်။

From: Eleven

ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအားအရေးယူ

Posted by drmyochit Sunday, July 14, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်း ရဲ တပ်ဖွဲ့ သည်facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်

ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်း လယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင် သရုပ်ပျက် ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာအဆိုပါသူမှာ

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)ကြာ်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ် ၀ယ်ယူ ခဲ့ကြောင်း စုံစမ်း သိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦး အဖြစ် အယောင်ဆောင် ၀တ်ဆင်အသုံးပြုခဲ့ပြီး

ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျ ဆင်းအောင် ရည်ရွယ် ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်ခင်သက်ခိုင်၊

ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်း ခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေး ယူဆောင်ရွက် လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Video ဖိုင် မနက်၉ခွဲလောက် ဆူးလေပွိုင့်မှာဖျော်ဖြေသွားတဲ့ယာဉ်ထိန်းရဲ ရဲ့ကကွက်ဆန်း



Posted From Yangon Police

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်