Wednesday, July 31, 2013

မကွေးနည်းပညာတက္ကသိုလ် ကထိကလေးဦးက ရွာသားငါးဦးကို အမှုဖွင့်

Posted by drmyochit Wednesday, July 31, 2013, under | No comments


မကွေးမြို့နည်းပညာတက္ကသိုလ်မှ ကထိကလေးဦးက ရွာသားငါးဦးသည် ၎င်းတို့ကို ဆဲရေးတိုင်းထွာပြီး ထိုးကြိတ် သည်ဟု စွပ်စွဲကာမကွေးနယ်မြေ ရဲစခန်း၌ ဇူလိုင် ၂၈ ရက် နေ့လည်က လာရောက် တိုင်ကြား သဖြင့် အမှုဖွင့်ထားသည်ဟု ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။

ယခုကိစ္စကို တိုင်ကြားသည့် ကထိကလေးဦးမှာ ဦးအောင်ကိုကိုကျော်၊ ဦးဟန်ထွန်းအောင်၊ ဦးအောင် ဇင်မြင့်နှင့် အးငြိမ်းအောင်တို့ဖြစ်သည်ဟု ရဲစခန်းကအတည်ပြုထားသည်။

ကထိကလေးဦးသည် ဇူလိုင် ၁၆ ရက်က ဂိမ်းဆိုင်မှ နည်းပညာတက္ကသိုလ်သို့ ပြန်လာကြစဉ် ဘော်ဒါဆောင် တစ်ခု အနီးအရောက်တွင် လမ်းမပေါ်တွင် ဂစ်တာနှင့် ဘီယာပုလင်းများကို ဆောင် လာကြသော ကျောင်းအနီးရှိ ကန်ပြားအရှေ့ရွာမှ ရွာသားငါးဦးနှင့် ဆုံခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့တွေ့ဆုံစဉ် ရွာသားများက ကထိကများကို “What is your name”ဟု အော်ဟစ်မေးမြန်းကြောင်း၊ ထို့ကြောင် ကထိကများက “မင်းတို့ ကျောင်းသားတွေလား” ဟု ပြန်မေးမိစဉ် ရွာသားများက မချေမငံ ဆဲရေး တိုင်း ထွာမှုများ ပြုလုပ်ကြောင်းကထိကများက ရဲကို ထွက်ဆိုသည်။

ထို့နောက် ကထိကများကကျောင်းသို့ ပြန်လာစဉ် တက္ကသိုလ်အ၀အထိ ရွာသားများကနောက်မှ လိုက် လာပြီး ဆဲရေးတိုင်းထွာကာ ကထိကတစ်ဦးဖြစ်သည့် ဦးအောင်ကိုကိုကျော်၏ နောက်ကျောကို ဘီယာပု လင်းဖြင့် ပစ်ပေါက်သည်ဟုလည်း ကာယကံရှင်က ရဲကိုတိုင်တန်းထားသည်။

မကွေးနယ်မြေ ရဲစခန်းကလည်း ကထိကများ၏ တိုင်ကြားမှုကို အမှုအမှတ်(ပ)၁၄၂/ ၂၀၁၃ ဖြင့် အမှုဖွင့် ထားပြီး စွပ်စွဲခံရသည့် ရွာသားငါးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရန် အားပေး ကူညီမှု၊ ပုဒ်မ ၂၉၄ ဆဲရေးမှု၊ ပုဒ်မ ၃၂၃ နာကျင်စေမှု၊ ပုဒ်မ ၅၀၆ ရာဇ၀တ် မကင်းသောချောက်လှန့်မှုတို့ဖြင့် တရားစွဲ ဆိုရန် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်သည်။

Source : Mizzima

ဟိုတယ်မှာ လူခေါ်အိပ်သူ iPhone ၂ လုံး ပျောက်ဆုံး

Posted by drmyochit Wednesday, July 31, 2013, under | No comments


ဗဟန်းမြို့နယ် ဆရာစံလမ်းက ဟိုတယ်တခုမှာ ပြည့်တန်ဆာအမျိုးသမီးနဲ့ အိပ်စက်ခဲ့တဲ့ အမျိုးသား တယောက် တန် ဘိုးကြီးပစ္စည်းတွေ ပျောက်ဆုံးလို့ ရဲတိုင်ထားကြောင်း  ဒီကနေ့ထုတ် သတင်းစာတချို့မှာ ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ကို ကိုးကား ရေးသားထားကြပါတယ်။

iPhone 5  (ဓာတ်ပုံ - APPLE.COM)

သောကြာနေ့က အဲဒီဟိုတယ်မှာ အဲဒီအမျိုးသမီးနဲ့ အိပ်စက်ရာတယ်၊ နောက်တနေ့မှာ ဟိုတယ်အခန်းထဲ အဲဒီအမျိုးသမီးမရှိတော့ဘူး၊ အဲဒီအမျိုးသားရဲ့ iPhone ၁ လုံး၊  iPhone 5 ၁ လုံး၊ စိန်စီထားတဲ့ ဆွစ်နာရီ ၁ လုံး၊ ငွေသား တချို့လည်း မရှိတော့ဘူးလို့ ရေးထားတာ တွေ့ရမှာပါ။

အဲဒီထဲမှာ ဈေးအများဆုံးက လက်ပတ်နာရီပါပဲ။ သိန်း ၆၀ တန်ပါတယ် တဲ့။
ပျောက်သွားတာတွေက စုစုပေါင်း ၈၈ သိန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီသတင်းကို မဇ္ဈိမ၊ ပြည်ထောင်စု စတဲ့ သတင်းစာတွေ့မှာ တွေ့ရမှပါ။
သူတည်း ခဲ့တဲ့ ဟိုတယ်အမည်ကိုတော့ သတင်းတွေမှာ ရေးမထားပါဘူး။
အမျိုးသမီးနဲ့ အမျိုးသားအမည်လည်း မတွေ့ရပါဘူး။

အမျိုးသမီးက  အသက် ၁၈ နှစ်အရွယ်ဖြစ်တယ်၊ ဟိုတယ်ဝန်ထမ်းက ခေါ်ယူပေးတဲ့သူဖြစ်တယ်လို့ ဆိုတယ်။
အမျိုးသားက အသက် ၃၉ နှစ်အရွယ် လို့ ဆိုတယ်။

ဒီအတိုင်းသာ ဆိုရင် အမှုကို ဖော်ထုတ်ဖြေရှင်းဖို့အတွက် အမည်မသိဟိုတယ်က အမည်မသိဝန်ထမ်း ခေါ်ယူစစ်ဆေးခံရဖွယ် ရှိပါတယ်။

From: ဧရာဝတီ

ဂျာမနီဘားတစ်ခုတွင် အရက်စပ်ဆရာ စက်ရုပ်ထားရှိ

Posted by drmyochit Wednesday, July 31, 2013, under | No comments



အရက်ဘားရှေ့တွင် ထိုင်နေသည့် အရက်သောက်မည့်သူ ၉ဦးအား အဆင်ပြေစွာ အရက်စပ် ပေးနိုင်သည့် စက်ရုပ်ကို ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ အီမီနူမြို့တွင် အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စက်ရုပ်သည် အရက် သောက်ရန် ရောက်ရှိလာသော သူများ၏ မှာယူ မှုကို အဆင်ပြေစေရန် ဖျော်စပ် နိုင်စွမ်း ရှိပြီး စက်ရုပ်၏ အမည်မှာ ကားလ် ဖြစ်သည်။

၎င်းစက်ရုပ်ကို ဂျာမန် နည်းပညာ အဖွဲ့ အစည်း တစ်ခုဖြစ်သည့် ကူကာမှ ဖန်တီးသော စက်ရုပ် အစိတ် အပိုင်း များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ပြီး တာဝန်ယူ တည်ဆောက်သည့် အဖွဲ့အစည်းမှာ စက်ရုပ် ထုတ်လုပ် မှု နယ်ပယ်တွင် ၂၃ နှစ် သက်တမ်း ရှိပြီ ဖြစ်သည့် စက်မှု အီလက်ထရောနစ် အင်ဂျင်နီယာ ဘန်စချီဖာ ဦးဆောင်သော အင်ဂျင်နီယာ အဖွဲ့ ဖြစ်သည်။

စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသည့် လူများနှင့်လည်း စကား အနည်းငယ် ပြောဆိုနိုင်စွမ်းရှိပြီး ထိုသို့ ပြောဆိုနိုင်ရန်အတွက် မှတ်ဥာဏ် ထည့်သွင်း ပေးထားသည်။ အရက် မှာရာတွင် အဆင်ပြေ စေရန် အတွက် ထိုသို့ စကားပြော စွမ်းရည် ထည့်သွင်း ပေးထား သော်လည်း စကားများများ ပြောကြသည့် သူများ အတွက် ၎င်းင်းတို့၏ စကားသံ များကို စက်ရုပ်က မှတ်မိ နိုင်မည် မဟုတ်ကြောင်း သိရသည်။

Ref: Direct Marketing News
From: Myanmar ICT

ဖွေးဖွေးကိုချစ်တဲ့သူတွေအတွက် သူ့ဓာတ်ပုံလေးတွေ

Posted by drmyochit Wednesday, July 31, 2013, under | No comments










Galaxy S4 ပေါက်ကွဲပြီး အိမ် မီးလောင်ကျွမ်းမှု ဟောင်ကောင်တွင် ဖြစ်ပွားခဲ့

Posted by drmyochit Wednesday, July 31, 2013, under | No comments




မစ္စတာ ဒူ လို့ခေါ်တဲ့ ဟောင်ကောင်နိုင်ငံသား တစ်ဦး အသုံးပြုတဲ့ Samsung Galaxy S4 စမတ်ဖုန်းဟာ ပေါက်ကွဲခဲ့ပြီး အိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ Xianguo.com မှ ဖော်ပြခဲ့ပါတယ်။ ၎င်းအသုံးပြုတဲ့ ဖုန်း၊ ဘက်ထရီနဲ့ အားသွင်းစက်ဟာ Samsung ရဲ့ တရားဝင် ထုတ်ကုန်များ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်တစ်အိမ်လုံး မီးလောင်ကျွမ်းခဲ့မှုနဲ့ ပတ်သက်ပြီး အတည်ပြုရ ခက်နေတယ်လို့ ဆိုပါတယ်။

မစ္စတာ ဒူ ဟာ ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်ပြီး အားသွင်းထားတဲ့ Galaxy S4 မှာ Love Machine ဂိမ်းကို ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန်တွင် မစ္စတာဒူမှာ အပူရှိန်ကြောင့် စမတ်ဖုန်းကို ဆိုဖာပေါ်သို့ လွှင့်ပစ်လိုက်ရာမှ ဆိုဖာတွင် မီးစစွဲကြောင်း၊ မီးတောက်မှာ လိုက်ကာများထံ ကူးစက်သွားပြီး အိမ်အသုံးအဆောင် ပစ္စည်းများ၊ ပရိဘောဂများ အပြင် အိမ်အပြင်ဘက်မှာ ရပ်ထားတဲ့ မာစီဒီးကားကိုပါ လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း Xianguo.com မှ ဖော်ပြခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ ၅ လက်မအရွယ် စမတ်ဖုန်းကနေတစ်ဆင့် အိမ်တစ်အိမ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် အနေအထား မရှိဘူးလို့ မီးသတ်ဌာနမှ ဆိုပါတယ်။

နောက်ပြီး Samsung ကလည်း အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ Xianguo.com ထံ ပြောကြားခဲ့ပါတယ်။

Ref: PCMag
Internet Journal

လေဒီ ဂါဂါးရဲ့ ကိုယ်တုံးလုံး မဂ္ဂဇင်း ကာဗာ

Posted by drmyochit Wednesday, July 31, 2013, under | 2 comments


ကာဗာအဖြစ် အသုံးမပြုရသေးခင် ဓာတ်ပုံ

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလိပ် ပေါ့ပ်အဆိုတော် လေဒီဂါဂါးဆိုရင် လူတိုင်းနီးပါ သိကြမှာပါ။ သူ့ရဲ့ ထူးခြားတဲ့ fashion တွေကြောင့်လည်း ပါမှာပေါ့။ ဒီလောက်နာမည်ကြီးတဲ့ lady gaga ဟာ အခုတစ်ခါမှာတော့ ဒီထက်ပိုပြီး နာမည်ကြီးအောင် လုပ်ချလိုက်ပြန်ပါပြီ။

အကြောင်းကတော့ "V Magazine" ဆိုတဲ့ မဂ္ဂဇင်းတစ်ခုဟာ နယူယောက်ရဲ့ ပေါ့ပ်လောကကို လှစ်ဟာပြဖို့အတွက် နာမည်ကြီးပေါ့ပ်အဆိုတော် လေဒီဂါဂါးကို ကိုယ်လုံးတီးဓာတ်ပုံကို မဂ္ဂဇင်း အဖုံးအဖြစ် အသုံးပြုဖို့အတွက် ဓာတ်ပုံ ရိုက်ခဲ့လို့ဖြစ်ပါတယ်။

ဒီ ဓာတ်ပုံမှာတော့ လေဒီဂါဂါးဟာ မည်သည့်အဝတ်အစားမှမဝတ်ဘဲ ရိုက်ထားတာဖြစ်ပါတယ်။ အမြင်မရိုင်းစေရန်တော့ သူမရဲ့ ရင်သားနဲ့ နောက်တစ်နေရာကို သူမလက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။


From:Myanmar CNN

သန်လျင် GTC အတွဲ၏ ဗီဒီယို အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

Posted by drmyochit Wednesday, July 31, 2013, under | No comments



ရန်ကုန်နည်းပညာ တက္ကသိုလ် (သန်လျင်) ကျောင်းသူတို့အပေါ် သားသမီးချင်း စာနာသင့် အင်တာနက် အွန်လိုင်း ပေါ်တင် သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ကျောင်းစာသင်ခန်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ကျောင်းသူတို့၏ လူမှုရေးအရှက်ရစေသည့် ဗီဒီယိုအခွေနှင့်ပတ်သက်၍ အင်တာနက် စာမျက်နှာ များနှင့် မီဒီယာအချို့တွင် ပျံ့နှံ့စေခဲ့ခြင်းသည် ကျောင်း၏ ဂုဏ်သိက္ခာနှင့် ၎င်းကျောင်းတွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံယူကြသော ကျောင်း သား၊ ကျောင်းသူများအား လုံး၏ကိုယ်စား မခံမရပ်နိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ တစ်ဖွဲ့ က ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါတက္ကသိုလ် ကျောင်းရှေ့ရှိ လက်ဖက်ရည် ဆိုင်တစ်ခု အတွင်း ၌ မီဒီယာများနှင့် တွေ့ဆုံကာ ရင်ဖွင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အထင်အမြင်သေးခံရ-
အဆိုပါဗီဒီယိုသည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဆိုသော်လည်း ယခုအခါ ၎င်းကိစ္စကိုအကြောင်းပြု၍ အမျိုးမျိုးပြစ်တင် ဝေဖန်ကဲ့ရဲ့မှုများပြုလုပ်လျက်ရှိပြီး ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုပါ အထင်အမြင်သေးစွာ သား သမီးချင်းမစာမနာ ဆက်ဆံလာကြသည်။ အထူးသဖြင့် ကျောင်းသူများမှာ ပို၍ခံစားရသည်ဟု ၎င်းတို့က ပြောပြကြသည်။

တရားဥပဒေအရ-
နှမချင်းမစာနာသော ယင်းဗီဒီယိုကို ခိုးကြောင်ခိုးဝှက်ရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့သူကိုလည်း မိမိတို့အစီအစဉ်ဖြင့် စုံစမ်းရှာဖွေ၍ တရားဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းတက္ကသိုလ်မှ ကျောင်းသားကျော်ဇင်ထက်က ပြောသည်။

စည်းကမ်းပိုင်း-
ထို့ပြင် ကျောင်းသား၊ ကျောင်း သူများ၏ စည်းကမ်းပိုင်းဆိုင်ရာများကိုလည်း ပိုမိုတင်းကျပ်ဆောင်ရွက်ရန် ၎င်းတို့ကလုပ်ဆောင်ကြမည်ဟု ဆိုသည်။

ပုံနှိပ်မီဒီယာပေါ်ရောက်လို့-
အဆိုပါဗီဒီယိုသည် အွန်လိုင်း စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုပုံနှိပ်မီဒီယာ အချို့၌ပင် တွေ့ရှိ လာရသည့်အတွက် ၎င်းတက္ကသိုလ်၌ ပညာသင်ကြားနေကြ သော ကျောင်းသားများအထူးသဖြင့် ကျောင်းသူများအတွက် အလွန်ထိခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ကျောင်းသူ မသန္တာကပြောသည်။

၎င်းကိစ္စကို အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်စောင်က မျက်နှာဖုံးတွင် အကျယ်တဝင့် ဖော်ပြ ထားခြင်းကြောင့် ယခုကဲ့သို့ မီဒီယာများအား တွေ့ဆုံပြောကြားခြင်းဖြစ်ပြီး ဖော်ပြခဲ့သည့် ဂျာနယ်တိုက်သို့ လည်း ဆက်သွယ်အကြောင်းကြားထားသည်ဟု ၎င်းတို့ကပြောသည်။

ခိုးရိုက်-
ကျောင်းခန်းအတွင်း လူမှုရေး ကိစ္စကျူးလွန်နေသော ကျောင်း သားနှင့်ကျောင်းသူကို တစ်စုံတစ် ယောက်က မိုဘိုင်းဖုန်းကင်မရာဖြင့် ခိုးရိုက်ကူးကာ အင်တာနက် စာ မျက်နှာများထက်သို့လွှင့်တင်ခဲ့သည်။ ယခုအထက်ပါ ကျောင်းသားနှင့် ကျောင်းသူကိုလည်း ၎င်းတက္ကသိုလ် မှထုတ်ပယ်ခဲ့ပြီးဖြစ်သည် ဆိုသည်။



From : .ရွှေနိုင်ငံသစ်သတင်းစာ၊

" လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများ၏ သားကောင်သစ် "

Posted by drmyochit Wednesday, July 31, 2013, under | No comments



ယခုနှစ် အနည်းငယ် အတွင်းတွင် မြန်မာနိုင်ငံ၌ ယခင်က မကြုံဖူး မကြားဖူးသည့် ရာဇ၀တ်မှုတစ်မျိုး မကြာ ခဏ ဆိုသလို ခပ်စိတ်စိတ် ဖြစ်ပွားလာပါသည်။ ယင်းမှာ အရွယ်မရောက်သေးသည့် ကလေး သူငယ် များအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုများပင် ဖြစ်သည်။ ယခင်ကလည်း အရွယ် မရောက်သေး သည့် သူများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိခဲ့ဖူးပါသည်။ သို့သော် ယခုနှစ်များ အတွင်း မကြာခဏ ဖြစ်ပွားလာသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင်တော့ အကြမ်းဖက်ခံရသူ ကလေးသူငယ်များသည် တွေးမကြည့် နိုင်လောက်အောင် ငယ်ရွယ်လွန်းနေပြီး လမ်းလျှောက်တတ်ခါစ အရွယ်ကလေးငယ်များ၊ မူလတန်းအရွယ် ကလေးငယ်များထိ ဖြစ်နေပါသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးသိမ်မွေ့သော လူမျိုးများ နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားပါသည်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဗုဒ္ဓတရားတော်၏ အဆုံးအမနှင့် သိမ်မွေ့စွာ နေထိုင်ခဲ့ကြသော နိုင်ငံဖြစ်ပါသည်။ ဒီလိုနိုင်ငံမျိုးတွင် စိတ်ကူး၍ပင် မ၀ံ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည်မှာ အံ့သြ၀မ်းနည်းစရာ ကောင်းပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်ရန်အတွက် ကလေးသူငယ်များအား ခွင့်ပြုချက် မရှိဘဲ ထိခွင့် ကိုင်ခွင့် နမ်းရှုပ်ခွင့် မဆိုထားနှင့် ဓာတ်ပုံရိုက်ခွင့်ပင် မရှိအောင် ဥပဒေနှင့် တားမြစ်ထားခဲ့သည်။ မြန်မာနိုင်ငံတွင်တော့ ထိုကဲ့သို့ စိတ်မကူးရက်စရာ အကြမ်းဖက်မှုမျိုး ယခင်က မရှိခဲ့ဖူးသည့် အတွက် ချစ်စဖွယ် ကလေးငယ်များကို နမ်းရှုပ်လိုကလည်း နမ်းရှုပ်နိုင်သည်။ ထိကိုင်လိုကလည်း ထိကိုင်နိုင်သည်။ မိဘများကလည်း သဘောတူ ကြည်ဖြူသည်။ သို့သော် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာသည့် ယခုလို အချိန်တွင်တော့ မြန်မာတို့၏ ယဉ်ကျေးပြီး ချစ်စဖွယ် ကောင်းသည့် ဆက်ဆံရေး ပျက်ပြား သွားနိုင်ပါသည်။ မိဘများ အနေဖြင့် လူတိုင်းကို သံသယ မျက်ဝန်းဖြင့် စောင့်ကြည့်နေရမည့် အခြေအနေသို့ ရောက်ရှိနေပြီး မိမိတို့၏ သားသမီး ငယ်လေးများအတွက် ရတက်မအေးစရာများ ဖြစ်လာပါသည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာကို သာမက စိတ်ပိုင်းဆိုင်ရာ ကိုလည်းဆိုးရွားစွာ ထိခိုက်မှု ရှိစေပါသည်။ မိဘတို့၏ ရင်ခွင်ထဲတွင် အေးချမ်းစွာ ပျော်ရွှင်နေသည့် အရွယ်တွင် စိတ်ကူး၍ပင် မရနိုင်သည့် ကြမ်းတမ်းသည့် အတွေ့အကြုံမျိုး ခံစားလိုက် ရသောအခါတွင် ၎င်းအတိတ်ဆိုး၏ ခြောက်လှန့်မှုကို တစ်သက်လုံး ခံစားသွားရ နိုင်ပါသည်။ ထို့အတွက် ယခုပြဿနာသည် ထိရောက်စွာ ဖြေရှင်းရမည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ အနာဂတ်၏ ကလေးငယ်များအား ဥပဒေအရ လုံခြုံစွာ အကာအကွယ်ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းကို အရေးယူရာတွင် သာမန်ရာဇ၀တ်မှု တစ်ခုအဖြစ်သာမက ကလေးငယ်များ၏ အနာဂတ်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု အပေါ်ပါ ထည့်သွင်းစဉ်းစား သုံးသပ်ပြီး ဥပဒေအရ ပြင်းထန်စွာ အရေးယူ ပေးနိုင်ပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

ဇူလိုင်လ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

မဖွယ်မရာများ ကင်းဝေးရေး သန်လျင်နည်းပညာတက္ကသိုလ် စာသင်ခန်းများ အတန်းပြီးချိန် သော့ခတ်ပြီ

Posted by drmyochit Wednesday, July 31, 2013, under | No comments

သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်း သားနှင့် ကျောင်းသူတို့၏ မဖွယ်မရာ ပြုလုပ်နေ သည့် ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် ၄င်းကျောင်းအတွင်း စာသင်ချိန်ပြီးဆုံးသည်နှင့် စာသင်ခန်းများအား တံခါးသော့ ခတ်သည့်ကိစ္စ များ ပြုလုပ်နေပြီဖြစ်ကြောင်း ၄င်းတက္ကသိုလ်မှ ဒုတိယနှ စ် စက်မှုအင်ဂျင်နီယာ ကျောင်းသား ကိုကျော်ဇင်ထက်က ပြောသည်။

ယခင်က အခန်းများနှင့်အဆောင်များကို တာဝန်ကျ ဆရာ၊ ဆရာမများမှ လှည့်လည်စစ် ဆေးခြင်း၊ ကျောင်းမှတာဝန်ကျလုံခြုံရေးဝန်ထမ်း မှ အလှည့်ကျတာဝန်ယူခြင်းများ ပြုလုပ်သော် လည်း လက်ရှိတွင် စာသင်ခန်းတံခါးသော့ခတ် ခြင်းကိစ္စကိုပါ တိုးချဲ့ဆောင်ရွက်လာခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

”စာသင်ခန်းတွေကို အရင်က Lock မခတ် ဘူး။ အဆောင် Main တံခါးတွေလောက်ပဲ သော့ခတ်တာ။ အခုတော့ သော့ခတ်တဲ့အပိုင်း တစ်ခုတိုး လာတာပေါ့” ဟု ၄င်းက ပြောသည်။

အဆိုပါကျောင်းမှ ကျောင်းသား ကျောင်း သူတို့၏ ဖြစ်ရပ်မှာ ဇွန်လ ၂၆ ရက်နေ့ ပါမောက္ခ ချုပ်မှ ကျောင်းသူ၊ ကျောင်းသားအားလုံး ကို ကျောင်းခန်း မတွင် စုဝေးတွေ့ဆုံနေချိန်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်း သန်လျင်နည်း ပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ဇူလိုင်လ ၂၈ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သန်လျင်နည်းပညာတက္ကသိုလ်မှ မြို့ပြ အင်ဂျင်နီယာ ဒုတိယနှစ် တက်ရောက်နေသည့် ကျောင်းသားကိုစည်သူအောင်က ဖုန်းနှင့်နည်းပညာ ပစ္စည်းများ တိုးတက်ပေါများလာခြင်းကြောင့်သာ ယခုကဲ့သို့အွန်လိုင်း၌ လွယ်လွယ်ကူကူ ပျံ့နှံ့ သွားခြင်းဖြစ်သည်ဟု ပြောကြားသည်။

လက်ရှိတွင် အဆိုပါမဖွယ်မရာ ပြုလုပ် သည့် ကျောင်းသား၊ ကျောင်းသူနှင့် ဗီဒီယိုဖိုင် ဖြန့်ချိသူများကို အရေးယူခြင်းမျိုး ပြုလုပ်ခြင်း မရှိသေးဘဲ ကျောင်းသားအချင်းချင်း ထိန်းသိမ်း သည့်ပုံစံမျိုးဖြင့် သာဆောင်ရွက်နေသည်ဟု စက်မှု အင်ဂျင်နီယာကျောင်း သား ကိုကျော်ဇင်ထက်က ဆက်ပြောသည်။

”ကျောင်းသားတွေကိုယ်တိုင်လည်း ဒီကိစ္စ လိုမျိုး လုံးဝလုပ်ရဲတော့မှာ မဟုတ်ပါဘူး။ သူတို့ လည်း သိသွားပါပြီ”ဟု ကိုစည်သူအောင်က ဆို သည်။

အထက်ပါကိစ္စများနှင့် စပ်လျဉ်း၍ သန် လျင်နည်းပညာတက္က သိုလ် ကျောင်းသားများမှ ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်း ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် လည်း ကျောင်း ပါမောက္ခချုပ်မှ ကျောင်းသား၊ ကျောင်းသူအားလုံးကိုခေါ်ယူ၍ ၄င်းကိစ္စများနှင့် ပတ်သက် သည့် ဆွေးနွေးပွဲတစ်ရပ်ကို ကျောင်း စုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal

“စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်

Posted by drmyochit Wednesday, July 31, 2013, under | No comments


ရန်ကုန်မြို့လယ်ခေါင်မှာ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။ သာသနာရောက်ကထဲကစ ရှိတဲ့'' သိမ်တော်ကြီး'' ပါ။ ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ ရွှေတိဂုံတောင် ဘက်နား မှာရှိတယ်။

ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။ ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေ ရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။ ဆူးလေဘုရားလောက်ရှိတယ်။

အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။ စေတီလေးတွေကြားမှာ ထီးလေး တွေ နဲ့ဗမာတွေဈေးရောင်းကြတယ်။

မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က အင်္ဂလိပ်အစိုးရကို''ရန်ကုန်မြို့လယ်ခေါင်မှာ ဈေးမရှိသေးဘူး ဈေးကြီး ဆောက် ချင်တယ်'' ဆိုပြီးတော့ ဈေးဆောက်ခွင့်တောင်းတယ်။

''စူလတန်''ဆိုတာ မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ ကုမ္ပဏီပဲ။ သူတို့ကအကွက်မြင်တယ်။ ''ဈေးဆောက် ခွင့်ပေး ပါ'' ဆိုတော့ အင်္ဂလိပ်အစိုးရက အခုသိမ်ကြီးဈေးနေရာကို ပေးလိုက်တယ်။

''စူလတန်ကုမ္ပဏီ''က ကျိုက်မြတ်သံချိုဘုရားနဲ့ အတူတူအခြားစေတီလေးတွေ အကုန်လုံး ဖျက် သိမ်းပြီးတော့ သိမ်ကြီးဈေးကို ဆောက်တယ်။

စေတီတွေ သိမ်းကြီးဈေးထဲမှာပဲပျောက်သွားတယ်။ ဒါပေမဲ့ သိမ်ကြီးဈေးဘေးမှာတော့''ဗလီ''က အခုထိ ရှိပါသေး တယ်။

သိမ်ကြီးဈေး ဆောက်တော့''ဘုရား''တော့ ပျောက်သွားတယ်။ ''ဗလီ''ပဲ ကျန်တယ်။

ရန်ငြိုးနဲ့ပြော တာမဟုတ်ဘူး။ သမိုင်းအမှန်ကို ပြောပြခြင်းပါ။ သမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့ တပည့်တော် တို့ သိဖို့ အရေးကြီးတယ်။

လူ့အခွင့် အရေး ဆိုတာတွေပြောရင် ''စေတီတွေ မပျောက်ကွယ်ခွင့်''ဆိုတာကိုလည်းပဲပြောရမယ်။

လူ့အခွင့်အရေးသမားတွေဟာ ''ဗုဒ္ဓဘာသာဘက်'' ကလည်းရပ်တည်ပေးသင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံ မှာ ''မွတ်စလင်လူနည်းစု''ဆိုပြီး သူတို့ဘက်ကပဲရပ်တည်ပေးနေတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်မဟုတ်ပါဘူး။ ဟိန္ဒူတွေ ဖြစ်ပါတယ်''။

ဒါကြောင့်တပည့်တော်တို့ရဲ့အဖွဲ့အစည်းရဲ့နောက်မှာ တစ်ခုခု ပြောစရာလိုလာရင် သမိုင်း အထောက် အထား ခိုင်မာအောင်ပြောဖို့ လိုလိမ့်မယ်။ အဲဒါကိုလည်းတင်ပြပါတယ်။
(အင်းစိန် သံဃာ့ ညီလာ ခံကြီး၌မိန့်ကြားတော်မူခဲ့သော သီတဂူဆရာတော်ကြီး၏ အမျိုးသားရေးတရား ကောက် နုတ်ချက်)

From : ..wira thu

နန်းသူဇာရဲ့ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေ

Posted by drmyochit Wednesday, July 31, 2013, under | No comments







မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်

Posted by drmyochit Wednesday, July 31, 2013, under | No comments



ရေတာရှည်    ဇူလိုင်      ၃ဝ

ရေတာရှည်မြို့နယ်  ဆွာချောင်းရေလှောင်တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေးစိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြုသွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆွာချောင်းရေလှောင်တမံရေပြင်အတွင်းရှိ ဝံဂဲတဲစုနေ ဝင်းဇော် ဦး (၃ဝ)နှစ်  ၄င်း၏တဲပေါ်တွင် ရင်ဝ၌ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း သတင်း အရ ဆွာနယ်မြေ ရဲစခန်းမှ  စခန်းမှူး ရဲအုပ်သောင်းစံ  ဦးစီးရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ခဲ့ပြီး ပြစ်မှုကျူးလွန်သည့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေး(၂၂)နှစ်ကို ကျွန်းပင် ဆိပ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

ဆွာချောင်း ဆည်ရေပြင် အတွင်း ငါးရှာသည့်အလုပ်လုပ်ကိုင်သော ဝင်းဇော်ဦးက မော့လေး(ခ)ချစ်ထွေးကို ဝင်ငွေကောင်းသော ငါးရှာခြင်းအလုပ်ကို လုပ်ကိုင်ရန် ပြောဆိုပြီး ဝင်းဇော်ဦးတို့နေထိုင်သော ဝံဂဲတဲစုတွင် အတူနေထိုင်ကာ ငါးရှာသည့် အလုပ်ကို ဝင်းဇော်ဦးနှင့် အတူ လုပ်ကိုင် ခဲ့ပြီး ဝင်းဇော်ဦးနှင့် မိန်းကလေး စိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေးတို့ ချစ်သူအဖြစ် ခုနစ်နှစ်ကြာ အတူနေထိုင်လာ ခဲ့ကြောင်း ယခုနှစ် သင်္ကြန်အပြီး ဝင်းဇော်ဦးက တစ်တဲစုတည်းနေ မိန်းကလေးနှင့်ချစ်ကြိုက်ကာ ခိုးယူထွက်ပြေးသွားသည် ကို မော့လေး (ခ) ချစ်ထွေးက မကျေနပ်၍ မေ ၃ ရက် မွန်းလွဲပိုင်းက ငါးဖိုးစာရင်း ရှင်းကြရင်း စကားများရာမှ ဓားဖြင့် ထိုးသတ် ခဲ့ခြင်းဖြစ်ကြောင်းသိရ၍ ဆွာ နယ်မြေ ရဲစခန်းက ပြစ်မှုကျူးလွန်သူ မော့လေး(ခ) ချစ်ထွေးအား (ပ)၇၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး စွဲချက်အမှတ် ၉၁/၂ဝ၁၃ ဖြင့် တောင်ငူခရိုင် တရား သူကြီး ရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ (ဒု)ခရိုင်တရားသူကြီးရုံးမှ ရာကြီး ၃၁/၂ဝ၁၃ ဖြင့် လက်ခံကြား နာစစ်ဆေး ကာ ပြစ်မှုထင်ရှား၍ ပြစ်မှုပုဒ်မ ၃ဝ၂ (၂)အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။  

မြန်မာ့အလင်း

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်

Posted by drmyochit Wednesday, July 31, 2013, under | No comments




ဖျာပုံ ဇူလိုင် ၃၀

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပဆက် သွယ်ရေး မှ အင်ဂျင်နီ ယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ပြည်ပ ဆက်သွယ်ရေးရုံးမှ လက်ထောက်အင်ဂျင်နီယာ အဖွဲ့ တို့ ပူးပေါင်းပြင်ဆင်ခဲ့ရာ ဇူလိုင် ၃၀ ရက် ညနေ ၅နာရီမှ စတင်ကာ အင်တာနက်လိုင်းများ ပြန်လည် ကောင်း မွန် ခဲ့ပြီဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့အနီးတွင် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းနှင့် ဆက်သွယ်ထားသော  ကုန်းတွင်းပိုင်း ဆက်ကြောင်း ပြတ်တောက်နေမှုကို အဆိုပါအဖွဲ့နှစ်ဖွဲ့က ပူးပေါင်းကာ ရှစ်ရက်ခန့်ကြာမျှ ကြိုးစားပြင်ဆင် ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပြင်ဆင်ရာတွင် ဖျာပုံမြို့နယ် ကုလားထပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ Beach Man Hole ရှိ Joint  ကို ဖွင့်ပြီး ပင်လယ်ရေအောက် ကေဘယ်နှင့် ကုန်းတွင်းပိုင်း မြေအောက်ကေဘယ်ကြိုး Joint အဆက်ကို ပြန်လည်ဆက်သွယ် နိုင်ခဲ့ရာမှ ဇူလိုင် ၃၀ ရက် ညနေ ၅နာရီတွင် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်သွားခြင်းဖြစ်သည်။

အင်တာနက် ကေဘယ်ဆက်ကြေင်း ချွတ်ယွင်းသွားမှုမှာ ဖျာပုံမြို့နှင့် နှစ်မိုင် တစ်ဖာလုံနှင့် နှစ်မိုင် ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း မြေအောက်မြှုပ်ထားသော ပါဝါကေဘယ်ကြိုး ပေါက်ပြီး ပါဝါယိုစိမ့်မှု ဖြစ်ပေါ်နေခြင်းကို ပါဝါကေဘယ်ကြိုး အရှည်မီတာ ၅၀၀ဖြင့် အစားထိုးပြုပြင် ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်သွားပြီဖြစ်သည်။

Ministry of Information
From: Thit Htoo Lwin

အပျိုစင်ဘ၀ကို ရောင်းချခဲ့သော်လည်းဘရာဇီးမိန်းကလေး အပျိုစင်ဘ၀ကို ပိုင်ဆိုင်နေသေး

Posted by drmyochit Wednesday, July 31, 2013, under | No comments



အွန်လိုင်းမှ တစ်ဆင့် အပျိုစင် ဘ၀ကို ရောင်းချခဲ့သည့် ၂၁ နှစ်အရွယ် ဘရာဇီးမိန်းကလေးသည် ယခု အချိန်အထိ အပျိုစင် ဘ၀ကို ပိုင်ဆိုင်လျက် ရှိနေသေးကြောင်း ပြောကြား သွားခဲ့သည်။ ကတ်ထရီနာ မင်လီယို ရေနီသည် ၎င်း၏ အပျိုစင်ဘ၀ကို အွန်လိုင်းတွင် လေလံတင် ရောင်းချခဲ့ရာ ၅၃ နှစ် အရွယ်ရှိ ဂျပန် လူမျိုး သန်းကြွယ် သူဌေး နတ်စုက ဒေါ်လာ ၇၈၀,၀၀၀ ဖြင့် ၀ယ်ယူခဲ့သည်။ ကတ်ထရီနာသည် နတ်စုခေါ် ဂျက်စတင်ဆစ်ဆေးထံမှ စရံငွေ ၂၀ ရာခိုင်နှုန်း ရရှိခဲ့ပြီး သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့တွင် နှစ်ဦးသား တွေ့ဆုံ ခဲ့သည်။

သို့သော် ဂျက်စတင် ဆစ်ဆေးသည် ကတ်ထရီနာနှင့် လိင်ဆက်ဆံခဲ့ခြင်း မရှိသည့်အပြင် ကျန်ငွေများ ကိုလည်း ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ ကတ်ထရီနာသည် ဂျပန် သန်းကြွယ် သူဌေးနှင့် စာချုပ် ပျက်ပြယ် ခဲ့ပြီး ယခု အချိန်ထိတိုင်း အပျိုစင် ဖြစ်နေဆဲ ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြား သွားခဲ့သည်။

By: swesonemedia

ပါကစ္စတန်ထောက်လှမ်းရေးရုံး စီးနင်းတိုက်ခိုက်ခံရ

Posted by drmyochit Wednesday, July 31, 2013, under | No comments


ပါကစ္စတန် နိုင်ငံတွင် ထောက်လှမ်းရေးဌာနရုံးခန်းကို အကြမ်းဖက်သမားများက ဗုံးခွဲကာ စီးနင်း တိုက်ခိုက် မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတောင်ပိုင်း ဆင်းဒေသရှိ ဆွတ်ကူအားရှိ ထောက်လှမ်းရေး ဌာန ကို အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် လူ(၄၀)မျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆို သည်။ ကယ်ဆယ်ရေးများက ဆေးရုံသို့ ပို့ဆောင်ခဲ့သူများအနက် (၁၅)ဦးမျှသည် အခြေအနေ ဆိုးရွား ကြောင်း ပြော ဆိုခဲ့သည်။ ဗုံးပေါက်မှုများ ဖြစ်ပွားပြီးနောက် သေနတ်သမားများသည် လုံခြုံရေး တင်း ကျပ်စွာ ချထားသည့် ထောက်လှမ်းရေးဌာနကို စီးနင်းတိုက်ခိုက်ခဲ့ရာ လုံခြုံရေးများနှင့် ထိပ်တိုက် ရင်ဆိုင် ခဲ့ရသည်။ ထိုတိုက်ပွဲတွင်မူ အနည်းဆုံး (၇)ဦးမျှ အသေအပျောက် ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ သည်။ ရဲတပ်ဖွဲ့က သေဆုံးသူ အများစုသည် အကြမ်းဖက်သမားများဘက်မှဟု ပြောကြားထားသည်။

ဗုံးဒဏ်ကြောင့် ပြိုကျသွားသည့် အဆောက်အအုံအောက်တွင် ပိတ်မိနေသူများ ကျန်ရှိနေမည်ကို အာဏာ ပိုင်များ က စိုးရိမ်နေသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့ အစည်း ကမျှ မိမိတို့ စီမံဆောင်ရွက်ခြင်းဟု ကြေညာ တာဝန်ယူခြင်း မရှိသေးချေ။ ရဲများက အကြမ်းဖက် အဖွဲ့များ သည် Inter-Services Intelligence အေဂျင်စီ (ISI)ကို ဦးတည် တိုက်ခိုက်ခဲ့ခြင်းဟု ပြောဆို ခဲ့သည်။ ပါကစ္စတန် ရုပ်မြင်သံကြား ဌာနများက အစိုးရ အဆောက်အအုံ တစ်ခုကို သေနတ်သမားများက ထိန်းချုပ် ခဲ့ပြီး ကျန်တစ်ခုမှာ မီးလောင်နေကြောင်း၊ အခြားအဆောက်အအုံ တစ်ခုမှာမူ ပြိုကျသွားကြောင်း ဖော်ပြ ခဲ့သည်။

ရဲတပ်ဖွဲ့သည် ပြဿနာ ဖြစ်ပွားရာ ဒေသသို့ တပ်ကူများ စေလွှတ်ခဲ့ပြီး တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ကြိုးကိုင် သူကို စုံစမ်းနေဆဲဟု ဆိုသည်။ ပါကစ္စတန်တွင် တာလီဘန်တို့ အပါအဝင် အစွန်းရောက် အစ္စလာမ် မစ် လက်နက်ကိုင် တပ်ဖွဲ့အချို့၏ တိုက်ခိုက်မှုများကို ပြီးခဲ့သည့် လပိုင်းများအတွင်း ဆက်တိုက် လိုလို ကြုံခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သမား (၁၀)ဦးမျှ ပါဝင်ခဲ့ပြီး ပေါက် ကွဲမှုကြီး (၄)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထို့အပြင် တိုက်ခိုက်မှုတွင် အသေခံ ဗုံးသမားများပါ ပါဝင်ခဲ့သည်ဟုလည်း ရဲများက ခန့်မှန်းထားသည်။

တိုက်ခိုက်မှုအတွင်း ပတ်ဝန်းကျင် လူနေအိမ် အချို့လည်း ပြိုကျခဲ့ပြီး လတ်တလောတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲဟု Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။ ပါကစ္စတန်တွင် ပြီးခဲ့သည့်လက နာဝက်ဇ်ရှာရစ်ဖ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။ ရှာရစ်ဖ်သည် အကြမ်းဖက်အင်အားစုများအပေါ် ပိုမိုထိရောက်စွာ ကိုင်တွယ် အရေးယူရန် ရည်ရွယ်ထားပြီး ယင်းအခြေအနေသည် နိုင်ငံအတွင်း နောက်ထပ် သွေးထွက်သံယို ပဋိပက္ခများထံ ဦးတည်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

From : ..planet

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား

Posted by drmyochit Wednesday, July 31, 2013, under | No comments



ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်

ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်၌ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ၀င်းသော်တာလမ်းတွင် နေထိုင်သူ ကိုအောင်ကျော်ဦးသည် အိမ်သို့ ဆိုက်ကားဖြင့် ပြန်လာစဉ် ၀င်းသော်တာလမ်းပေါ်၌ ဆိုင်ကယ်နှစ်စီး၊ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ စောင့်နေစဉ် ယင်းတို့အနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့မှ ၎င်းအား တုတ်၊ အုတ်ခဲများဖြင့် အုတ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်ကျော်ဦး၏ ဦးလေးဖြစ်သူ ဦးလှထွန်းက ပြောကြားသည်။

အရိုက်ခံရသူ ကိုအောင်ကျော်ဦးမှာ လက်ကျိုးပြီး ဦးခေါင်းတွင် ဒဏ်ရာများ ရရှိမှုကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနသို့ ပို့ဆောင်၍ အတွင်းလူနာ (စိုးရိမ်ရ) အနေဖြင့် ခွဲစိတ်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်သူ တစ်ဦးဖြစ်သည့် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်တွင် နေထိုင်သူ အောင်ကျော်မိုးနှင့် အရိုက်ခံရသူ အောင်ကျော်ဦးတို့မှာ ဇူလိုင် ၂၇ ရက်က အနည်းငယ် စကားများခဲ့ရာ အရိုက်ခံရသူနှင့်အတူ ပါလာသူ အမည်မသိ အမျိုးသားတစ်ဦးမှ အောင်ကျော်မိုးအား ဆဲဆို၍ ပါးကိုလက်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

"ရိုက်နှက်မှု မဖြစ်မီ နံနက်ပိုင်းက ၁ ရပ်ကွက်နေ အောင်ကျော်မိုးနဲ့အတူ လူတစ်ဦးက အိမ်ကိုလာပြီး ကျွန်တော့်တူ ဘယ်မှာလဲ။ ပါးရိုက်ခဲ့တဲ့အတွက် ဘယ်လိုရှင်းမှာလဲဆိုပြီး မေးတယ်။ အဲဒါ တူဖြစ်သူ မရှိဘူး။ သူလည်းပါးရိုက်တာလည်း မဟုတ်ဘူး ဖြေလိုက်တယ်။ တကယ်က သူ့သူငယ်ချင်း ရိုက်တာ။ ခဏနေတော့ သူတို့ပြန်သွားတယ်။ မွန်းလွဲပိုင်း တူဖြစ်သူ အိမ်ကိုပြန်လာတဲ့အခါ ဒီလိုအုပ်စုဖွဲ့ ၀ိုင်းရိုက်တော့တာပဲ။ ရဲစခန်းကတော့ ကျူးလွန်သူ တစ်ဦးလို့ပဲ ဖော်ပြထားတယ်" ဟု ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။

အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ထွန်းမင်းအောင်က "လက်ရှိစစ်ဆေးနေတဲ့ အချိန်မှာတော့ အုပ်စုဖွဲ့ရိုက်နှက်တာမျိုး မဟုတ်ဘဲ တစ်ဦးထက် ပိုတယ်။ တစ်ဦးချင်းဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လက်ရှိစစ်ဆေးနေဆဲ ကာလဖြစ်လို့ ဒီလောက်ပဲ ပြောပြနိုင်ပါမယ်" ဟု ပြောကြားသည်။

ထိုသို့ အုပ်စုဖွဲ့ အရိုက်ခံရမှုကြောင့် ဦးလေးဖြစ်သူ ဦးလှထွန်းမှ ရိုက်နှက်သူ အောင်ကျော်မိုးအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၃/၁၃ ပြစ်မှုပုဒ်မ-၂၃၅ ဖြင့် အမှုဖွင့်ထားပြီး၊ အောင်ကျော်မိုးမှလည်း ဇူလိုင် ၂၇ ရက်တွင် ၎င်းအားပါးရိုက်မှုနှင့် ပတ်သက်၍ အောင်ကျော်ဦးပါ သုံးဦးအား အရေးယူပါပေးရန် တိုင်ကြားထားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၄/၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/ ၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

From: Eleven

ဆရာတော် ဦးဝီရသူအား အကြမ်းဖက်သမားဟု ဒေါ်စု ၏ နောက်လိုက်များ စွတ်စွဲပြောဆိုနေကြ

Posted by drmyochit Wednesday, July 31, 2013, under | No comments


ဦးဝိရသူ ဟောတဲ့ တရားတွေဟာ Hate Speech တွေဖြစ်တယ်၊ ပြည်တွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ကို ထိခိုက်တယ် အစရှိသဖြင့် တော်တော်လေး ဆိုးဆိုးဝါးဝါး ဝေဖန်ခဲ့တဲ့လူတွေဟာ အခု တလော အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ အစ္စလာမ်ဘာသာရဲ့ ဟောပြောချက်နဲ့ ပါတ်သက်လို့တော့ မှတ်ချက်ပြု သံ မကြားမိသလို ဘာသံမှ ထွက်မလာပဲ ငြိမ်သက်နေတာလည်း အတော်လေး ထူးထူးခြားခြား အံ့သြစ ရာတစ်ခု ဖြစ်နေပြန်တယ်.......

ဟိုက ဟောထားတဲ့ အထဲမှာတော့ ဘာသာခြား (ကာဖိရ်) တွေကို ခေါင်းဖြတ်သတ်ဖို့၊ ဒီလိုခေါင်းဖြတ်သတ်တာဟာ အလ္လာဟ်ရဲ့ အလိုတော်ပဲဖြစ်ကြောင်း၊ ဒါကို ကိုယ့်ဘာသာဝင်ထဲက တားမြစ်သူရှိလာရင် အဲ့ဒိတားမြစ်တဲ့လူကို အရင်ဆုံး ခေါင်းဖြတ် သတ်ပလိုက် ဆိုတာတွေ ဟောထားပါတယ်..... အဲ့ဒိစကားလုံးတွေနဲ့ ပါတ်သက်လို့တော့ Hate Speech အဆင့်မဖြစ်လို့များ ပြည်တွင်းက လစ်ဘရယ်နာမည်ခံတွေ ရှောင်ရှားနေသလား မပြောတတ်ပါ.......

ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ ကွာခြားချက်ကတော့ ဦးဝိရသူဟောတဲ့ တရားနဲ့ ပါတ်သက်လို့ ဗုဒ္ဓဘာသာဝင်တွေထဲကကိုပဲ သဘောမတူတာကို အတိအလင်း ထုတ်ပြောခဲ့သူတွေ အများကြီး ရှိကြပေမယ့် အခု အစ္စလာမ် တရားဟောဆရာရဲ့ တရားနဲ့ ပါတ်သက်လို့တော့ သဘောမတူကြောင်း၊ လက်မခံကြောင်း ထုတ်ပြောတဲ့လူ မရှိသလောက် နည်းနေတာကို တွေ့ရပါတယ်...... ဒါကိုကြည့်ရင် ကွာခြားမှုကို တွေ့ပါလိမ့်မယ်......

ဘာပဲဖြစ်ဖြစ်ပါ ဘာသာ နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့အတွက် နှစ်ဖက်စလုံးက ဆင်ခြင်ရမှာပဲ..... ဦးဝိရသူရဲ့ တစ်ချိန်တုန်းက ဟောခဲ့တဲ့ ကုလားတွေကို နေစရာမရှိအောင်၊ စားစရာမရှိအောင် လုပ်မယ်ဆိုတဲ့ တရားကို လက်ညှိုးထိုးပီး ဝေဖန်နေကြတဲ့ လစ်ဘရယ် နာမည်ခံတွေဟာ လက်ရှိ မိတ္ထီလာကိစ္စတွေကို လက်ညှိုးထိုးပီး အားလုံးကို ခေါင်းဖြတ်သတ်ဖို့ ဟောတဲ့ တရားမှာတော့ မသိချင်ယောင် ဆောင်နေတာဟာ လစ်ဘရယ်နာမည်ခံတွေရဲ့ ရပ်တည်မှုကို အထူးတလည် စိစစ်စရာမလိုအောင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလာတာပါပဲ......

ဦးဝိရသူရဲ့ တစ်ချိန်က ဟောခဲ့တဲ့ တရားကို လက်ညှိုးထိုးပီး အရေးယူဖို့ ဆော်သြနေသူတွေဟာ အခုလက်ရှိ ဟောတဲ့ ခေါင်းဖြတ်သတ်ဖို့ တရားဟောဆရာကိုတော့ စိုးစဉ်းမျှတောင် ဝေဖန်ခြင်း မရှိကြပါဘူး...... သက်ဆိုင်ရာ ဘာသာရေး အသင်းအဖွဲ့တွေကလည်း ဒီကိစ္စနဲ့ ပါတ်သက်ပီး ပြောဆိုတာတွေလည်း မတွေ့ရပါဘူး........

ဒီအတွက် အာဏာပိုင် အစိုးရအနေနဲ့ ပြတ်သားတဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုအပ်နေပီ လို့ မြင်မိပါ တယ်..... တကယ် Hate Speech တွေ ဖြန့်ဝေနေတဲ့ လုပ်ရပ်တွေကို တားမြစ်နိုင်မှ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ဖော်ဆောင်နိုင်မှာပါ....... ဘာသာရေးကို ခုတုံးလုပ်ပီး ဘာသာမတူသူတွေကို သတ်ဖို့ နှိုးဆော်နေတာတွေကို လစ်လျူရှုထားခဲ့ရင် နောက်ထပ် ကြီးမားတဲ့ ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ မလွဲဘူးဆိုတာလေး အသိပေးပါရစေ.


From : .ဒေါက်တာဆိတ်ဘွား.

နီပေါမှာ ဗုဒ္ဓဘာသာ ဘုန်ကြီးတွေ ဆန္ဒပြ

Posted by drmyochit Wednesday, July 31, 2013, under | No comments

နီပေါနိုင်ငံ အနောက် တောင်ဘက်ပိုင်းမှာ ဉာဏ်တော် ငါးမီတာရှိ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက် မှာကို နီပေါအ စိုးရက ခွင့်မပြုတဲ့အတွက် မြို့တော် ကက်မန်ဒူမှာ ဘုန်းတော်ကြီးတွေ အခုလို ဆန္ဒပြခဲ့ကြတာပါ။

ဘုန်းတော်ကြီးတွေ နဲ့ သီလရှင် အများအပြား အစိုးရရုံးတွေ ရှေ့မှာ လာရောက် ဆန္ဒ ပြခဲ့ကြလို့ ရဲတွေလည်း အများအပြား ချထားပါတယ်။

အရင်က သဘောတူထားတာကို အစိုးရက ဖျက်ပစ်တာဆိုပြီး၊ ဘုန်းတော်ကြီးတွေနဲ့ ဆန္ဒ ပြသူ တွေက စွပ်စွဲပါတယ်။

၂၀၀၇ ခုနှစ်က တော့ ရုပ်ပွားတော် တည်ဆောက် ဖို့ ကာကရာ ဘီဟာ ဆိုတဲ့ နေရာမှာ အုတ်မြစ် ချထားပြီး သားဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရက အခုတော့ ခွင့်မပြုတော့ပါ။

အကြောင်းကတော့ အဲဒီ ဗုဒ္ဓ ရုပ်ပွားတော် တည်မယ့် နေရာဟာ ဟိန္ဒူ ဘာသာ မြေနေရာ ဖြစ်တယ် ဆိုပြီး ဟိန္ဒူ အဖွဲ့တွေ ကနေ ကန့်ကွက်ခဲ့ကြတာပါ။
အဲဒီ အငြင်းပွားရာ ကာကရာ ဘီဟာ နေရာဟာ ၁၂ ရာစု နှစ်လောက် ကတည်းက ဟိန္ဒူရော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက်ရာတွေ ရှိနေတဲ့ နေရာပါ။

ကာကရာ ဘီဟာ ဆိုတဲ့ အဓိပ္ပါယ် ကိုက ဗုဒ္ဓဘာသာ ဘုန်းကြီျးကျာင်း ဆိုပြီး ရည်ညွှန်း တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဟိန္ဒူ တွေကတော့ အဲဒီ နေရာမှာ သူတို့ရဲ့ ရိုးရာ ပွဲတွေကို ကျင်းပလေ့ ရှိတာ ဖြစ်ပါတယ်။

အစိုးရကတော့ အားလုံးနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်း မှုတွေ လုပ်မယ်လို့ ပြောပါတယ်။

From: BBC

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်