Saturday, August 17, 2013

အပျိုဖော်ဝင်စအရွယ် မိန်းကလေးများဖတ်ရန်

Posted by drmyochit Saturday, August 17, 2013, under | No comments


အာဟာရပြည့်လျှင် ရောဂါစင်၊ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ ဆိုသောခေါင်းစဉ်ဖြင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် ဟု ကျန်းမာရေးဝန်ကြီးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ သတ္တုတွင်းဝန်ကြီးဌာနတို့မှ ကြော်ငြာချက်အရ ကလေးသူငယ်များ အာဟာရပြည့်စွာ စားသောက်နိုင်ရေး သိမှတ်ဖွယ်ရာ အဖြာဖြာကို ရေးသားပြီးခဲ့ပါပြီ။ ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အား ဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅^၁၆ နှစ်အထိ ကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂နှစ်မှ ၁၈^၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါသည်။

ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅^၁၆ အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈ ^ ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘ၀၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌ တစ်ကြိမ် ကြီးထွား နှုန်း အမြန်ဆုံးဖြစ်လေ သည်။ သို့ဖြစ်၍ ဤအရွယ်တွင် အာဟာရ ပြည့်ဝသော အစားအစာများကို များများ စားသုံးသင့်ပေသည်။ ထို့အပြင် ဤအရွယ် ပျိုဖော်ဝင်စအရွယ်တွင် သွေးသားပြောင်းလဲချိန်ဖြစ်၍ သွေးသား နှင့် ဆက်နွယ်နေသည့် သံဓာတ်ပါသော အစား အစာများ၊ ကြီးထွားနှုန်းကို အကောင်းဆုံး မြှင့်တင်ပေး နိုင်မည့် ပရိုတင်းဓာတ်နှင့် အင်အားလုံလောက်သော အစားအစာ များကို စားသုံးသင့်ပေသည်။ အထူး သဖြင့် နွားနို့၊ ပဲနို့၊ အသား၊ ငါး၊ ပဲ အမျိုးမျိုးတို့မှာ ကယ်လိုရီနှင့် ပရိုတင်းကြွယ်ဝသော အစာများဖြစ်သဖြင့် အထူးဦးစားပေး စားသုံးသင့်ပေသည်။ ဗီတာမင် (အေ) ဓာတ်သည် မျက်စိအမြင်အားကို ကောင်းစေ ရုံမျှမက ခန္ဓာကိုယ်ကြီးထွားမှု၊ ကိုယ်တွင်းခုခံမှု စွမ်းအား စသည့်တို့နှင့် ဆက်နွယ်နေကြောင်း သုတေသနပြု ချက်များစွာတို့က ထောက်ခံလျက်ရှိကြရာ ပျိုဖော်ဝင်စ အရွယ် တွင် ဗီတာမင် (အေ) ဓာတ် ကြွယ်ဝသော အ၀ါရောင်နှင့် အစိမ့်ရင့်ရောင်ရှိ အသီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ သင်္ဘောသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ရွှေဖရုံသီး) စသည်တို့ကိုလည်း သင့်တင့်စွာ စားသုံးပေးရပေမည်။ ထို့အပြင် ပျိုဖော်ဝင်စ အရွယ်၌ အရိုးကြီးထွားမှုသည် အလွန်အရေး ကြီးလှပေသည်။ အရိုးကြီးထွား ကျစ်လျစ် ပါမှ အရပ်မြင့်လာ နိုင်ပေသည်။ ထို့ကြောင့် အရိုးကြီးထွား ကျစ်လျစ်မှုကို အားပေသည့် ထုံးဓာတ် အလုံအလောက်ပါ သော အစားအစာများ (ဥပမာ - စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ) ကိုလည်း လုံလောက်စွာ မှီဝဲပေးသင့် ပေသည်။

ပျိုဖော်ဝင်စအချိန်အရွယ်မှာ ယောက်ျားကလေးဖြစ်က အရပ်ထွက်လာ၊ အသံသြလာသည်။ မိန်းကလေးဖြစ် ပါက တင်ကား၊ ရင်ထွား၊ ခါးသေး စသည်ဖြင့် မိန်းမပုံသဏ္ဍာန် စç ရလာသည်။ ယင်းသို့ ထင်ရှားသော ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများ သာမက အခြားသော ပြောင်းလဲမှုများလည်း ရှိကြပေသည်။ ဥပမာ – လည်ပင်းရှိသိုင်းရွိုက်အကြိတ်

သည် အပျိုပေါက်ကာလ၌ အနည်းငယ် ပို၍ ကြီးလာသည်။ ယင်းသို့ကြီးလာသဖြင့် သူက ထုတ်လုပ်သော သိုင်းရွိုက်ဟိုမုန်း ပိုများလာသဖြင့် မိန်းကလေးဆိုလျှင် သွက်လက်ဖျတ်လတ်လာကြသည်။ သို့ရာတွင် လှုပ်ရှားတက်ကြွလွန်း၍ အချို့ မိန်းကလေးများ အစားအသောက်နည်းကာ အပျိုပေါက်အရွယ်တွင် ပိန်တတ် လေသည်။ များသောအားဖြင့် ပျိုဖော်ဝင်စအရွယ်များသည် စားကောင်း သောက်ကောင်းအရွယ် များ ဖြစ်ကြသည်။ သို့သော်စားကောင်း ခံတွင်းတွေ့တိုင်း စိတ်အလိုလိုက်၍ အစားအစာများကို မကြာခဏ စားသုံးခြင်းမျိုးကို ရှောင်ရပေမည်။ သို့မဟုတ်က အ၀လွန်ရောဂါ ဖြစ်နိုင်ပါသည်။ သုတေသနပညာရှင်များ က အ၀လွန်ရောဂါရှင်မှာ ပျိုဖော်ဝင်စများကို အများအပြားတွေ့ရသည်ဟု ဆိုပါသည်။ အချုပ်အားဖြင့် ပျိုဖော်ဝင်စ အရွယ်များတွင် ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝသော နွားနို့၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို မဖြစ်မနေ စားသုံးသင့်ပါသည်။ ထို့ကြောင့် ပျိုဖော်ဝင်စ အရွယ်များ အတွက် တစ်နေ့တာ စားသုံးသင့်သော အာဟာရ အစားအစာများကို တင်ပြလိုက်ပါသည်။

Myanmarexpress

မိန်းကလေးများ ဖြစ်တတ်သော မိန်းမကိုယ်ဆိုင်ရာရောဂါများ(အမျိုးသမီးများဖတ်ရန်)

Posted by drmyochit Saturday, August 17, 2013, under | No comments




ဆီးစပ်နာကျင်တာ၊ ရာသီသွေး ပုံမမှန်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ် ယားယံတာ စတဲ့ ဝေဒနာတွေက အမျိုးသမီးအများစု ခံစားရနိုင်တာတွေ ဖြစ်တာကြောင့် သိရှိထားဖို့ လိုအပ်ပါတယ်။

ဆီးစပ်နာကျင်ခြင်း
မိန်းကလေးတွေဟာ ဓမ္မတာမလာမီနဲ့ ဓမ္မတာစက်ဝန်း အလယ် သားဥြွေကချိန်တွေ ဆီးစပ်နာကျင်တာကို ခံစားရတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးမတူဘဲတခိျု့တွေမှာ ဆီးစပ်နာကျင်တာကို သိသိသာသာ ခံစားရပြီး တခိျု့တွေကတော့ သိသိသာသာ နာကျင်မှု မရှိတာကို တွေ့ရပါတယ်။

ဆရာဝန်နှင့် ပြသပါ
တကယ်လို့ ဆီးစပ်နာကျင်မှုက နာတာရှည် ဖြစ်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က သင်ရဲ့ မျိုးပွားအင်္ဂါမှာ ကင်ဆာမဟုတ်တဲ့ အလုံးအဖုနဲ့ အသားလုံးရှိ၊ မရှိ စစ်ဆေးပါလိမ့်မယ်။ ဆီးစပ်နာကျင်မှု အပြင် ယောနိလမ်းကြောင်းမှ ပုံမမှန် အရည်ဆင်းတာနဲ့ အဖျားတက်တာတွေ ရှိနေပါက မျိုးပွားအင်္ဂါတွေ ရောင်ရမ်းမှု ရှိ၊ မရှိကိုပါ စစ်ဆေးပေးပါလိမ့်မယ်။
ဖြစ်နိုင်ခြေ များသော ရောဂါများ
ဝမ်းဗိုက် အလွန်အမင်း နာကျင်တာ ဒါမှမဟုတ် ဆီးစပ် အလွန်အမင်း နာကျင်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် သားဥအိမ်မှာ ဖြစ်ပေါ်နေတဲ့ အရည်အိတ်ပေါက်သွားတာ၊ သွေးထွက်တာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးစပ်တစ်လျှောက် အလွန်နာကျင်ပြီး သွေးဆင်းတာပါ ဖြစ်ပေါ်ခဲ့ရင် နေရာလွဲမှား သန္ဓေသားကို သန္ဓေဆောင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစပ်နာကျင်မှု ခံစားရတာ၊ လေပွတာ၊ ဆီးစပ်တစ်လျှောက် တင်းသလို ခံစားနေရတာ၊ မကြာခဏ ဆီးသွားတာတွေ နှစ်ပတ်နဲ့ အထက် ခံစားနေရပါက သားဥအိမ်ကင်ဆာနဲ့လည်း ဆက်စပ်မှု ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ပုံမမှန် သွေးဆင်းခြင်း
ပဋိသန္ဓေတားဆေး သောက်သုံးတာ၊ ထိုးဆေး အသုံးပြုတာ စတဲ့ ပဋိသန္ဓေတားနည်းတွေကို အသုံးပြုတာကြောင့် ရာသီသွေးဆင်းမှု ပုံမမှန်တာ ဖြစ်တတ်ပါတယ်။စိုးရိမ်စရာ မရှိပါဘူး။ လိုအပ်ပါက ပဋိသန္ဓေတားနည်းကို ပြောင်းလဲအသုံးပြုဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ပုံမမှန် သွေးဆင်းမှုဆိုသည်မှာ ပုံမမှန် သွေးဆင်းတာက ခါတိုင်း ရာသီသွေးဆင်းတဲ့ ရက်ထက် ကျော်လွန်ပြီး သွေးဆင်းနေတာ၊ တစ်လနဲ့ တစ်လကြားမှာ နောက်တစ်ကြိမ် သွေးဆင်းတာ၊ တစ်လထဲကို ရာသီသွေး နှစ်ကြိမ်ဆင်းတာ၊ လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းတာနဲ့ တခြား မူမမှန် သွေးဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများသော အကြောင်းများ
မူမမှန် သွေးဆင်းရတဲ့ အကြောင်းအချက်တွေ များစွာရှိပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေ၊ သားဥြွပန်အတွင်း သွေးလုံးတည်တာ၊ အသားလုံးတည်တာ၊ သိုင်းရွိုက်အကျိတ်မှာ ရောဂါရှိတာ စတာတွေကြောင့် ရာသီသွေးဆင်းတာ ပုံမမှန်ဖြစ်တတ်ပါတယ်။ နို့တိုက်မိခင်တွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ယောနိလမ်းကြောင်း ခြောက်သွေ့တာကြောင့် လိင်ဆက်ဆံတဲ့အခါ သွေးထွက်ပြီး နာကျင်မှု ခံစားရတာတွေ ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများသော ရောဂါများ
လိင်ဆက်ဆံပြီးတဲ့ အခါတိုင်းမှာ သွေးဆင်းတာ၊ သားအိမ်ခေါင်းက အထိမခံနိုင်လောက်အောင် နာကျင်တာတွေ ဖြစ်ခဲ့ရင် ဂနို၊ ကလန်မိုင်ဒီးယား စတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေ ရာသီသွေး ဆင်းလာခဲ့ရင် သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ စောစောစီးစီး သိရှိပါက ရောဂါ ပျောက်ကင်းအောင် ကုသနိုင်တာကြောင့် သွေးဆင်းတဲ့ လက္ခဏာ ပြသပါက ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူပါ။

ပုံမမှန် အဖြူဆင်းခြင်း
အမျိုးသမီးတွေက ကိုယ်ရဲ့ ခန္ဓာဗေဒကို ကောင်းစွာ သိရှိပါတယ်။ အထူးသဖြင့် မိန်းမကိုယ်က ထွက်ရှိတဲ့ အရည်တွေနဲ့ ပတ်သက်ပြီးလည်း ကိုယ့်ကိုယ်ကိုယ် သိရှိကြပါတယ်။ ပုံမှန်အရောင်အဆင်း၊ အနံ့အသက်တွေကိုလည်း သိရှိထားကြပါတယ်။
ပုံမမှန် အဖြူဆင်းခြင်းဆိုသည်မှာ မိန်းမကိုယ်က ထွက်ရှိတဲ့ အရည်ရဲ့ အနံ့အသက်က ဆိုးဆိုးရွားရွား နံလာတာ၊ အဖြူတွေ အများကြီးဆင်းတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာနဲ့ ပုံမမှန်တဲ့ အရောင်အဆင်း ဖြစ်နေတာတွေပါ။

ဖြစ်နိုင်ခြေများသော အကြောင်းများ
ပုံမမှန် အဖြူဆင်းတာ ဖြစ်ရတဲ့အကြောင်းက မှိုစွဲတာ၊ ဘက်တီးရီးယားပိုး ၀င်တာတွေကြောင့် အဖြစ်များပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေကြောင့်လည်း မူမမှန် အဖြူဆင်းတာကို ဖြစ်စေတာကြောင့် ဆရာဝန်နဲ့ ပြသ စစ်ဆေးဖို့ လိုပါတယ်။
ဖြစ်နိုင်ခြေများသော ရောဂါ
အဖြူဆင်းတာက ရေလိုပဲ အရောင်မရှိတဲ့ ကြည်ကြည်အရည်တွေ ကြာရှည်ဆင်းနေတာက သားဥြွပန်ကင်ဆာ ဖြစ်နိုင်ပေမယ့် တွေ့ရခဲတဲ့ ရောဂါတစ်ခုပါ။ယားယံခြင်း
ယောနိလမ်းကြောင်းကနေ အဖြူဆင်းတာ၊ သွေးဆင်းတာတွေ မရှိဘဲ မကြာခဏ မိန်းမကိုယ် ယားယံတာတွေ ဖြစ်တတ်ပါသလား။

ဖြစ်နိုင်ခြေများသော အကြောင်းများ
သန့်စင်လွန်းတာကြောင့် မိန်းမကိုယ် ယားယံတာ ဖြစ်တတ်ပါတယ်။ အမွှေးနံ့ပါတဲ့ ဆပ်ပြာ၊ မိန်းမကိုယ် သန့်စင်ဆေးရည်တွေ အလွန်အကျွံ သုံးစွဲပြီး သန့်စင်တာကြောင့် ထိခိုက်လွယ်သူတွေမှာ မိန်းမကိုယ် ယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။
ဆရာဝန်နှင့် ပြသပါ
မိန်းမကိုယ် ယားယံတာကို နေရထိုင်ရ ခက်လောက်အောင် ခံစားနေရင်၊ မိန်းမကိုယ် ယားယံတာအပြင် အသားအရောင် ပြောင်းလဲတာတွေပါ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။


ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး ဗုံးပေါက်ကွဲ သေဆုံးခဲ့ရမှုနှင့်စွယ်တော်ဗုံးပေါက်ကွဲမှုများကို စစ်ဆေးဖော်ထုတ်သွားမည်

Posted by drmyochit Saturday, August 17, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၁၆ ။              ။စစ်အစိုး ရလက်ထက်က ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး၏သမီး လုပ်ကြံ ခံရပြီး သေဆုံးမှုနှင့် ဗုဒ္ဒမြတ်စွယ်တော် ဗုံးပေါက်ကွဲမှု၏ အဓိကတရားခံ များကို ဖော်ထုတ်နိုင်ရေး အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့နှင့် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ် ဆေးသွားရန် စီစဉ်နေကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ်ဖော်ပြော ကြားလိုက်သည်။

၁၉၉၆ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင်ဖြစ်ပွားခဲ့သော စွယ်တော် ဗုံးပေါက်ကွဲမှုနှင့် ၁၉၉ရခုနှစ် ဧပြီ ရရက်တွင် ဖြစ်ပွား ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ နေအိမ် တွင် စာအိတ်ဗုံး ဖောက်ခွဲခံရမှု ကြောင့် သမီးဖြစ်သူ ဒေါ်ချိုလဲ့ ဦး အသက် (၃၃)နှစ် သေဆုံး ခဲ့သည့် ဖြစ်ရပ်များအတွက် အဆိုပါ ဗုံးပေါက်ကွဲမှုများ၏ တရား ခံများ အား ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အ တွက် အစီအစဉ်ကို နိုင်ငံတော် သမ္မတ၏အစိုးရအဖွဲ့ထံ မကြာမီ တင်ပြသွား ရန်စီစဉ်ထားကြောင်း၊ လိုအပ်သည့် အကူအညီများ ပေး ရန်နှင့် သက်သေအထောက်အ ထားများ ရှာရန် လိုအပ်သည့်စစ် ဆေးမှုများကိုလည်း ပြုလုပ်ပိုင်ခွင့် များတောင်းဆိုရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှအ ဆင့်မြင့်အရာရှိက ''ကျွန်တော် တို့အနေနဲ့ ဒီကိစ္စကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရ လက် ထက်မှာ ပေါ်ပေါက်အောင်ဖော် ထုတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။အရင်က စစ်ဆေး ခဲ့တဲ့သက်သေ အထောက် အထား တွေနဲ့ ဆက် စပ်ပြီးစစ်ဆေးသွားမယ်။ သံသယရှိ တဲ့သူတွေကိုတော့ သိထား တယ်။ ဒါပေမဲ့ မပြောသေးဘူး။ သက် သေအထောက်အထား ခိုင်လုံမှ တရားခံက မငြင်းနိုင်မှာ။ တစ် ဆက်တည်းပြောရရင် ငါးလောင်း ပြိုင်လူ သတ်မှုကိုလဲ လက်ရှိ စစ် ဆေးနေ ဆဲပါ။ အထူးစုံစမ်းစစ် ဆေးရေးအဖွဲ့ကစစ်နေတာ။ ပြည် သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲ တာ၊ ဦးတင်ဦးသမီးအိမ်ကို ပါဆယ် ဗုံးပို့ လို့သေ ဆုံးတာကို မေ့သေး မှာမဟုတ်ပါဘူး''ဟု ပြောသည်။ ယင်းကဲ့ သို့စစ် ဆေးရခြင်း ၏ရည်ရွယ် ချက် မှာ ပြည်သူ များ အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အသိအ မှတ်ပြုလာစေရန်နှင့် လူထု လုံခြုံ ရေးကို မည်ကဲ့သို့ဆောင်ရွက်သည် ကို သိရှိရန်ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးမှ တရားသူကြီး တစ်ဦးက ''ဒီလိုမမိတဲ့အမှုတွေ ကို တရား ခံဖော်ထုတ် တော့မယ် ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ ကျွန်တော်တို့တရား သူကြီးတွေကလဲ တတ်နိုင် သမျှ တရား ဥပဒေ ဘက်က လုပ်ဆောင် သွားမှာပါ''ဟုပြောသည်။ စစ်အစိုးရလက်ထက်က တရုတ် နိုင်ငံမှ ဗုဒ္ဒမြတ်စွယ်တော် လာရောက်ဖူးမြော်သူများအနေ ဖြင့် မသမာသူများထောင်ထား သည့် ဗုံးကြောင့် ရဟန်းရှင်လူပြည် သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတွင်း ရေးမှူး (၂) ဒုတိယဗိုလ် ချုပ်ကြီး တင်ဦး ၏သမီး မသမာ သူပို့လိုက်သည့် ပါဆယ်ဗုံးကြောင့် ၄င်းနေအိမ်တွင် သေဆုံးခဲ့ကာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးလည်း ကရင်ပြည်နယ်တွင် ရဟတ်ယာဉ် ပျက်ကျကာ သေဆုံးခဲ့သည်။

ကျော်မြတ်ဇံ
Yangon Media Group 

Day Club များတွင် Sexy Dance များကလျက်ရှိကာ အသက် မပြည့်သောကျောင်းသား လေးများ ပျက်စီးစေနိုင် ၍ အရေးယူပေးပါရန်

Posted by drmyochit Saturday, August 17, 2013, under | No comments


ကျွန်တော်၏သမီးဖြစ်သူနှင့်သူ၏ သူငယ်ချင်းများသည် Day Club များသို့ခိုးသွားခဲ့ရာ ကျွန်တော်လိုက်လံ ရှာဖွေရာမှDay Club တော်တော် များများတွေ့ရှိခဲ့ပါသည်။

Day Club များသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက် မရဘဲပြုလုပ်နေကြောင်း တွေ့ရှိရ ပါသည်။ ၎င်းတို့သည် မြန်မာ့ဝတ်စား ဆင်ယင်မှုနှင့်ယဉ်ကျေးမှုကိုဖျက်ဆီးနေခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရ ပါသည်။ ရန်ကုန်တိုင်းဒေ သကြီးတွင်ရှိသော Club တော်တော်များများတွင် Day Party များပြုလုပ် လျက်ရှိပြီး(ရှစ်တန်း၊ ကိုးတန်း) အသက် မပြည့်သေးသော ကလေးများမှာ ကျောင်းပြေးပြီးလာရောက်ေ နကြပါသည်။

၎င်းတို့မှာ ကျောင်းပိတ်ရက်၊ ဖွင့်ရက်မရှောင်ဘဲ ပြုလုပ်နေပါသည်။ အများဆုံးပြုလုပ်သည့်Club များ ကတော့အလုံမြို့နယ်ရှိ Sky World၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိဆရာဝန်အသင်းနှင် မျက်စောင်း ထိုးစိတ်တိုင်းကျလက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် IQ (or) Cloud 9၊တာမွေမြို့နယ်ရှိတာမွေပလာဇာေ ဘးClub ဖြစ်ပါသည်။ ၎င်းDay Party များတွင် Sexy Dancerကိုပါဆုများ ပေးလျက်ရှိပါသည်။ ၎င်း Club သည် ပြည့်တန်ဆာများနှင့်ပြုလုပ်နေသည်ဟုလည်း ကြားသိရပါသည်။

ကျွန်တော်သည်မိဘတစ်ယောက်အနေနှင့် စိတ်မသက်မသာ ဖြစ်ခဲ့ ရပါသည်။ အလားတူ ကလေးများ၏ မိဘများလည်းထပ်တူ ခံစားရမည် ဖြစ်သောကြောင့်အယ်ဒီတာမှတစ်ဆင့်ကလေး မိဘများအားမသွား သင့်သော ထိုနေရာများသို့ မသွားခိုင်းကြရန်ဂျာနယ်တွင် ဖော်ပြပေးစေ လိုပြီး မြန်မာ့ယဉ်ကျေး မှုနှင့်လျော်ညီသော နေရာများသို့သာ သွားစေ လိုကြောင်းမေတ္တာရပ်ခံ အကြံပြု တင်ပြအပ်ပါသည်။

မိဘတစ်ဦး
By SGFF

စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ

Posted by drmyochit Saturday, August 17, 2013, under | 1 comment





ပွင့်လင်းမြင်သာတဲ့ ခေတ်အခြေအနေအရ မြန်မာ့ရုပ်ရှင် လောကမှာ ဆင်ဆာလွတ်လပ်ခွင့်တွေ အများကြီး ရရှိလာပါတယ်။ ဒါပေမယ့် ဆင်ဆာလွတ်လပ်ခွင့်တွေ ဘယ်လောက်ပဲ ပေးပေး ဆင်ဆာ ငြိတဲ့ ဇာတ်ကားတွေကတော့ ရှိနေဆဲပါပဲ။

ဇူလိုင်လအတွင်းက ဆင်ဆာစီစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအရ ဆင်ဆာငြိ ဇာတ်ကား (၂၃) ကားရှိနေတယ်လို့ သိရပါတယ်။ အဲဒီကားထဲက ဇူလိုင်လရဲ့ အစည်းအဝေးအမှတ် (၂၅/၂၀၁၃)နဲ့ (၂၇/ ၂၀၁၃) ဆုံးဖြတ်ချက်အရ စကပ်တိုလွန်းခြင်း ၊ အောက်ခံ ဘောင်းဘီ ပေါ်ခြင်း၊ ဘောင်းဘီတင်းကျပ်လွန်းခြင်းတွေကြောင့် ဆင်ဆာငြိတဲ့ ဇာတ်ကား ငါးကား ပါဝင်နေပြီး အဲဒီအထဲမှာ ရွှေမှုန်ရတီ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ သုံးကားရှိနေပါတယ်။ ရွှေမှုန်၇တီကတော့ သရုပ်ပျက်ဝတ်စားတာကို သဘောကျသူမဟုတ်ပဲ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုကိုသာ နှစ်သက်သူဖြစ်ပြီး သူမအနေနဲ့လည်း အမြဲတမ်း ရိုးရှင်းစွာ ၀တ်ဆင်တက်သူ ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ပြောဆိုထားပါတယ်။

ဂျင်းဘောင်းဘီရှည်ကို ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး ဦးထုပ်ဆောင်းတဲ့ စတိုင်လ်က ဘယ်တော့မှ မပြောင်းလဲတဲ့ ရွှေမှုန်ရတီရဲ့ စတိုင်လ်လို့လည်း အသိပေးသွားပါတယ်။

Friday(Malay)
Myanmar Daily News

မိန်းကလေးများမိမိတို့ အမျိုးသမီးအင်္ဂါကို သန့်ရှင်းအောင်ဘယ်လိုလုပ်မလဲ

Posted by drmyochit Saturday, August 17, 2013, under | No comments


ယနေ့ ၂၁ ရာစုခေတ်ကြီးမှာ အမျိုးသမီး တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုအတွက် လိုးရှင်းတွေ ၊ သန့်စင် ရည်တွေ ဟာ တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် အပြိုင်အဆိုင် ထွက်ပေါ်လို့ လာနေပါပြီ ။ အမျိုးသမီးတွေ အတွက် မိန်းမကိုယ် သန့်ရှင်းရေးဆေးကြောအရည်တွေဟာလည်း ဈေးကွက်ထဲမှာ အမျိုးအစားစုံလင်စွာ နဲ့ အလွယ် တကူ ၀ယ်ယူရရှိနေနိုင်ပါပြီ ။ မိန်ကလေးတွေအများစု ယုံကြည်နေတဲ့အချက်ကတော့ တစ်ကိုယ် ရည်သုံး လိုးရှင်းတွေသန့်စင်ရည်တွေဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်တယ် သန့်ရှင်း စင်ကျယ်စေ တဲ့ ဖက်ရှင် (Cleaning fashion) တစ်ခုဖြစ်တယ်ဆိုတာပါပဲ ။ ခန့်မှန်းချက် အရကတော့ United states မှာဆိုရင် အမျိုး သမီး ၂၀ မီလီယံလောက်ဟာ Health care lotion လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံး လိုးရှင်းတွေကို တခါတရံ အ သုံးပြုကြပြီး ၊ အာဖရိကနဲ့ အာရှတွေမှာဆိုရင်တော့ အသုံးများပါတယ် ။ ဒီလိုလိုးရှင်းတွေကို အသုံးပြုကြ တာဟာ တကယ်ပဲ အမျိုးသမီးကျန်းမာရေးကို အထောက်အကူဖြစ်စေသလား ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်စေ သလား ဆိုတာ ပညာရှင်တွေက ဆေးပညာဆိုင်ရာ လေ့လာစမ်းသပ်မှု Medical Research တွေပြု လုပ်နေ ကြပြီဖြစ် ပါတယ် ။

သားအိမ်ခေါင်း ၊ သားအိမ်အတွင်းပိုင်းနဲ့ mucosa ၊ မိန်းမကိုယ်နံရံတွေမှာရှိတဲ့ microbes လို့ခေါ်တဲ့ အဏုကြည့် မှန်ပြောင်းကိရိယာဖြင့်သာမြင်နိုင်တဲ့ပိုးမွှားတွေကို vaginal flora က ပုံမှန်အတိုင်းသဘာဝအလျှောက် သန့် စင်ဆေးကြောပေးပါတယ် ။ အမျိုးသမီးတွေရဲ့သဘာဝ vaginal flora မှာ ပြင်ပပိုးမွှားတွေကို ကာကွယ် တိုက်ထုတ်နိုင်တဲ့ လူ့ခန္ဓာကိုယ်အကျိုးပြုဘတ်တီးရီးယား lactic acid bacteria တွေ 80 million/ml လောက်အထိပါဝင်ပါတယ် ။ သူ့ရဲ့ အဓိက တာဝန်ကတော့ ပြင်ပကနေ ပိုးမွှားတွေ လွယ်လွယ် ကူကူ ၀င်ရောက်နိုင်ခြင်း ကို ကာကွယ်တားဆီးဖို့ ဖြစ်ပြီး lactic acid bacteria တွေကို Guardian of health အဖြစ်တင် စားပြောဆိုကြပါတယ် ။ Lactobacillus တွေများစွာပါဝင်တဲ့ အမျိုးသမီးမိန်းမကိုယ်ထဲက ထွက်တဲ့ အရည်တွေဟာ မိန်းမကိုယ်ကို ဘသာဝအလျှောက် သန့်ရှင်းစင်ကြယ်စေခြင်း ( self cleaning function) ကို လုပ်ဆောင်ပေးပါတယ် ။ လေ့လာစမ်းသပ်မှုတစ်ခုရဲ့အဖြေအရ မျိုးပွားနိုင်စွမ်းရှိတဲ့ အသက် ၄၀ အရွယ်အမျိုး သမီးတွေ မှာ lactobacillus ၉၂.၅ ရာခိုင်နှုန်းပါဝင်ပြီး ၊ အသက် ၆၀ အရွယ်မျာတော့ ၆၀ ရာခိုင်နှုန်း သာ ပါဝင် ပါတော့ တယ် ။ ဒါကြောင့် မိန်းမကိုယ်မှာ အမျိုးသမီး သန့်စင်ဆေးရည်တွေကို ပုံမှန်အသုံးပြုခြင်းဟာ Lactobacillus ပါဝင်မှုပမာဏကို လျော့နည်းသွားစေနိုင်ပါတယ် ။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ပြုလုပ်ခဲ့ကြတဲ့ အမျိုးသမီး မိန်းမကိုယ်ဆေးကြောရည် စမ်းသပ်မှု (women's vaginal washing the report) အရ တစ်ပတ်ကို တစ်ကြိမ်ဆေးကြောခြင်း သို့မဟုတ် ဒီထက်ပို ပြီး အကြိမ် အရည် အတွက်များစွာ ဆေးကြောခြင်းဟာ တင်ပဆုံအတွင်းပိုင်း ပိုးမွှားဝင်ရောက်မှု ( pelvic infection ) ကိုပို များစေခြင်း ၊ နေရာလွှဲမှား သန္ဓေသား ပြဿနာ ( ectopic pregnancy ) ကို များပြားစေခြင်း ၊ ပိုးမွှား ၀င်ရောက်စေ မှု များပြားစေခြင်း စသည်တို့ကိုတွေ့ရှိခဲ့ရပါတယ် ။ American Journal of Public Health မှ report အ ရ မိန်းမကိုယ်ထဲမှာ အရည် vaginal fluid မရှိတဲ့ အမျိုးသမီးတွေဟာ ပုံမှန် မိန်းမကိုယ်ထဲ အရည်ရှိတဲ့ အမျိုးသမီးတွေထက် Pelvic infection ဖြစ်ပွားစေတဲ့ နှုန်းကို ၇၃ ရာခိုင်နှုန်းထိ ပိုများတယ်လို့ သိရပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုရင် အမျိုးသမီးမိန်းမကိုယ်အရည်ရဲ့ မိမိဘာသာ သန့်ရှင်း စင်ကြယ်စေခြင်း ဆိုတဲ့ self cleaning function ပျက်ဆီးသွားပြီး သားအိမ်ခေါင်း ၊ သားအိမ် ၊ fallopian tube ( သားအိမ်နှင့် သားဥအိမ်ဆက်သွယ်ထားသောလမ်းကြောင်း ) စသည်တို့မှဆင့် ရောဂါပိုးမွှားတွေကို ၀င်ရောက်စေပြီး pelvic infection ကို ဖြစ်ပွားစေပါတယ် ။

လူအများစုကတော့ လိင်ဆက်ဆံမှုများတဲ့အမျိုးသမီးတွေ ဟာ ကိုယ်ဝန်ကို တားဆီးနိုင်ဖို့ တကိုယ်ရည်သုံး သန့်စင်ဆေး ရည်တွေကို သုံးစွဲကြတယ်လို့ မှားယွင်းယုံကြည်နေကြပါတယ် ။ နောက်တစ်ခုကတော့ အမျိုးသမီး သန့်စင်ဆေးရည်တွေကို အသုံးပြုတာ ပိုးမွှားဝင်ရောက်တာကို ကာကွယ်နိုင်ဖို့ ၊ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါများကို ကာကွယ်နိုင်ဖို့ ၊စတဲ့ရည်ရွယ် ချက်အများအနေနဲ့သုံးစွဲကြပါတယ် ။ ဒါပေ မယ့် ဆေးပညာ လေ့လာစမ်းသပ်မှု အဖြေအရတော့ အားလုံးဟာ ဆန့်ကျင်ဖက်တွေပါပဲ ။ အင်ဒိုနီးရှားမှ ဆရာဝန်တွေ ဟာ မီးမဖွားခင်ကိုယ်ဝန်ဆောင်သည် ၅၉၉ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါမှာတော့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ဖို့ အတွက် ရည်ရွယ် ချက်နဲ့သုံးစွဲပေမယ့် တကယ်တမ်းမှာ ဖြစ်ပွားနိုင်မှု risk ကိုပိုများစေပါတယ် ။ ဒါပေမယ့်လည်း သာမန်မိန်းမ ကိုယ်ကို ရေနဲ့ ဆေးကြောခြင်းကတော့ အန္တရာယ်မရှိစေပါဘူး ။ လေ့လာမှု ဆာဗေးတွေရဲ့ အဖြေအ ရတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ် PH မျှ ခြေ ပျက်ဆီးသွားခြင်းဟာ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါ များကိုပိုများစေပါတယ် ။ ရေကတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်မျှခြေကို မပြောင်း လဲစေ ပါဘူး ။ ဒါ့အပြင် ပုံမှန် vaginal flora ကိုလည်း မပျက်ဆီးစေပါဘူး ။

American scholars တွေဟာ လက်ထပ်ပြီးသားစုံတွဲ ၈၄၈ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါ မိန်းမကိုယ် သန့်စင်ဆေး ရည်နဲ့ သုံးစွဲခြင်းဟာ တစ်လမှာ ကိုယ်ဝန်ဆောင်မှု ကို ၃၀% ထိလျော့နည်းသွားစေနိုင်ပါတယ် ။ ဘာကြောင့် လည်း ဆိုတော့ vaginal acidity ပြောင်းလဲသွားခြင်း ၊ micro-ecological ပတ်ဝန်း ကျင် ပြောင်းလဲ သွားခြင်း ၊ ရောဂါပိုးမွှားများပေါက်ဖွားကြီးထွားရင် သင့်တော်ခြင်း ၊ ဒါ့အပြင် ရောဂါတစ်ခု ခုဖြစ်စေဖို့ လည်း ဦး တည်နိုင်ပြီး နောက်ဆုံး infertility လို့ခေါ်တဲ့ မျိုးမပွားနိုင်ခြင်း ကိုဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် ယေဘူ ယျကြည့် မယ်ဆိုရင် မိန်းမကိုယ်ဟာ သူ့ဘာသာသူ အလိုအလျောက်သန့်စေစေခြင်း self cleaning feature ပါရှိတဲ့ အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေသုံးစွဲဖို့ မလိုအပ်ပါဘူး ။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို ဘယ်အချိန်တွေမှာ သုံးစွဲဖို့လိုအပ်သလဲ ?



ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ရေရှည်တော့မသင့်တော်ပါဘူး ။ မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေ ပျက်နေ မယ် အနံ့တွေဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့် စင်ဆေးကြောရည်တွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ကဲဒါဆိုရင် မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင် ။ မျိုးပွားနိုင်တဲ့အသက် အရွယ်တွေဖြစ် တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ရှိပါတယ် ။ ပမာဏ ၊ အရောင် ပါဝင်မှုနဲ့ အနံ့ တွေပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ ။ ဒီလိုပြောင်း လဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှု များခြင်း စ တာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်းရှီမယ် ပမာဏကလည်း နည်းလိုက်များ လိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ် ။ Vaginal Discharge ရဲ့ လက္ခဏာတွေကတော့
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ် ။

မိန်းမကိုယ်ထဲ ပိုးမ၀င်အောင် အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ် ။

၁ ။ သင်ဟာ diaphragm လို့ခေါ်တဲ့ အမျိုးသမီးသုံးကွန်ဒုံး ၊ သုတ်ပိုးသတ်သော ဆပ်ပြာသို့မဟုတ် ဂျယ်လီ ဒါမှမဟုတ် ကွန်ဒုံး တစ်ခုခု သုံးစွဲတဲ့အတွက် မိန်းမကိုယ်ထဲ ခဏခဏပိုးဝင်နေပြီဆိုရင်တော့ သင့်ဆရာဝန် နဲ့တိုင်ပင်ပြီး သားဆက်ခြားနည်းလမ်း Birth control options တွေကို ပြန်လည်ဆွေးနွေးဖို့ လိုနေပါပြီ ။

၂ ။ အိမ်သာတက်ပြီးတဲ့အခါတိုင်းဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့သာ ဆေးကြောပါ ။ သို့မှသာ စအိုအတွင်းမှ ပိုးမွှားများ မိန်းမကိုယ်အတွင်းသို့ ၀င်ရောက်ခြင်းကို တားဆီးပေးနိုင်မှာပါ ။

၃ ။ မိန်းမကိုယ်တစ်ဝှိုက်ကို ရေသန့် သို့မဟုတ် အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့နဲ့ တစ်နေ တစ်ကြိမ်လောက်ဆေးကြောပေး ဖို့လိုပါတယ် ။ ရေချိုးခန်းသုံးဆပ်ပြာမသုံးပါနဲ့ ။ သေချာဆေး ကြောပြီး ခြောက်သွေ့ အောင် သုတ်ပါ ။

၎ ။ သွေးဆင်းချိန်ကာလအတွင်း မှာ tempons ကို တစ်နေ့ သုံးကြိမ်အနည်းဆုံးလဲပါ ။ သင့်ရဲ့ ကာလပြီး ဆုံးသွားရင် နောက်ဆုံးအသုံးပြုတဲ့ tampon ကို စွန့်ပစ်ဖို့ မမေ့ပါနဲ့ ။

၅ ။ တင်းကျပ် တဲ့အ၀တ်အစားတွေကို ၀တ်ခြင်းကို တတ်နိုင်သမျှရှောင်ပါ ။ cotton underwear ကို သာဝတ် ဆင်ပါ ။ Cotton underwear နဲ့ ချောင်ချိတဲ့ အ၀တ်အစားတွေဟာ သင့်ရဲ့ မိန်းမကိုယ်နေရာကို yeast cell တွေ ကြီးထွားခိုအောင်းစေတဲ့ ပူနွေးစွတ်စိုခြင်းမှ ကာကွယ်တားဆီးပေးပါတယ် ။ အကျပ်တွေ ၀တ်ဆင်ခြင်း ဟာလည်း အရေပြားကို မသက်မသာဖြစ်စေပြီး rash တွေထွက်ပေါ်စေပါတယ် ။

၆ ။ စပရေးတွေနဲ့တခြားအမွှေးနံ့တွေပါတဲ့ အရာတွေကို သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ ။ ဒါတွေဟာ အရေပြားမှာ irritation ဖြစ်ပေါ်စေပြီး အလာ့ဂျစ် (ဓါတ်မတည့်ခြင်း )တွေဖြစ်စေပါတယ် ။

၇ ။ သင်ဟာ လိင်ဆက်ဆံမှုများတဲ့ multiple sex partners ရှိတယ်ဆိုရင်တော့ ကွန်ဒုံးလည်းမသုံးဘူးဆိုရင် STD လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများဖြစ်စေနိုင်ပါတယ် ။ မိန်းမကိုယ် ထဲပိုးဝင်ဖို့ လည်းလွယ်ကူပါတယ် ။

၈ ။ အမျိုးသားနဲ့အတူနေပြီးတဲ့အခါမှာလည်း ဆီးသွားပါ ။ ပြီးတဲ့အခါမိန်းမ ကိုယ်နေရာကို ရေအေးအေး နဲ့ ဆေးကြောပေးဖို့လိုပါတယ် ။

၉ ။ စက်ဘီးစီးခြင်း ၊ မြင်းစီးခြင်းစတာတွေဟာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့အတွက် အကန့်အသတ်ဖြင့်သာ ပြုလုပ် သင့်ပါတယ် ။

၁၀ ။ သင့်မှာ ဆီးချိုသွေးချိုရောဂါရှိတယ်ဆိုရင်လည်း သွေးတွင်းသကြားဓါတ်ကို ကောင်းစွာ ထိမ်းထား ဖို့လို ပါတယ် ။

လိုအပ်မယ်ဆိုရင်တောပိုးသောက်ဆေးသောက်သင့်ပြီး မလိုအပ်ပဲ ပိုးသတ်ဆေးသောက် ခြင်းကို ရှောင်ရှား ရပါမယ် ။ ဆရာဝန်နဲ့သေချာပြသပြီး သင့်ရဲ့ရောဂါရာဇ၀င်က အစ သေချာစမ်းသပ်စစ်ဆေးကာ ကုသမှု ခံယူဖို့လို အပ်ပါတယ် ။

By သက်တန့်ချို

တန်ဖိုးကြီး ရတနာများကို အာကာသတွင် ရှာဖွေရန် နာဆာ၏ ထောက်လှမ်းရေး ခရီးစဉ် စတင်မည်

Posted by drmyochit Saturday, August 17, 2013, under | No comments



အမေရိကန် အမျိုးသားအာကာသသိပ္ပံအေဂျင်စီ (နာဆာ)သည်အာကာသတွင်း၌ရှိသော
ဥက္ကာခဲ များ အား မိုင်းဖြင့် ဖောက်ခွဲကာ တန်ဖိုးကြီးသော ရတနာများရှာဖွေနိုင်မည့်
နည်းလမ်း အတွက် ဖြစ်နိုင်ချေ ရှိ၊ မရှိကို သိရှိရန် ထောက်လှမ်းရေး ခရီးစဉ်တစ်ရပ်ကို
စတင်တော့မည် ဖြစ်ကြောင်း သိရသည်။ အာကာသ သိပ္ပံပညာရှင်များ၏သုံးသပ်မှုအရ
အာကာသအတွင်း၌ ရွေ့လျားနေသော ဥက္ကာခဲ၊ ဥက္ကာပျံစသည့်အရာများထဲတွင်ရွှေ၊ငွေ၊စိန်
အစရှိသည့် တန်ဖိုးကြီး သတ္တုများ ရှိနေနိုင်ကြောင်း သိရပြီး ယင်းအရာများအားဖောက်ခွဲရန်
နည်းလမ်းကို စဉ်းစားခဲ့ရာမှ ယခုကဲ့သို့ လက်တွေ့ အကောင်အထည် ဖော်ရန်စီစဉ်လာခဲ့ခြင်း
လည်း ဖြစ်သည်။ နာဆာ၏ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် စုံစမ်းထောက်လှမ်းရေး
ခရီးစဉ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး ၂၀၁၈ခုနှစ်တွင်ဂြိုဟ်သိမ်ဘန်နူသို့
ရောက်ရှိပြီး လေ့လာနိုင်မည်ဟု သိရသည်။

အဆိုပါ ခရီးစဉ် အောင်မြင်မှုရခဲ့လျှင် ကမ္ဘာပေါ်တွင်ရတနာပစ္စည်းကြွယ်ဝမှုများစွာပိုမိုမြင့်မား
လာမည်ဟု ပညာရှင်များက သုံးသပ်ထားကြပြီး တိုးတက်လာသည့်နည်းပညာများကြောင့်
ဂြိုဟ်သိမ်များ၊ ဂြိုဟ်မွှားများနှင့် ဥက္ကာခဲ၊ ဥက္ကာပျံများထံမှ အဖိုးတန်ရတနာပစ္စည်းများကို
ဖော်ထုတ်နိုင်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့၏ လေ့လာမှုတွင် သံနှင့် ကြေးကဲ့သို့
အရာများတည်ရှိပြီ ဖြစ်သော်လည်း ရွှေနှင့်ပလက်တီနမ်စသည့်အရာများလည်းရှိနိုင်သည်
ဟု သိရသည်။

၁၀ မီတာ ၀န်းကျင် ရှိသည့် ဂြိုဟ်သိမ်တစ်ခုတွင် အလေးချိန် ၁,၄၃၃,၀၀၀ပေါင်ရှိပြီး
ယင်းအထဲတွင် ပေါင် ၁၁၀ မှာ ရွှေနှင့် ပလက်တီနမ်တို့ ဖြစ်ကြောင်း အယ်ရီဇိုးနားတက္က
သိုလ်မှပညာရှင် တစ်ဦး ဖြစ်သူ ဒန်တီက ဆိုသည်။ ယခုအစီအစဉ်ကို ငါးနှစ်အတွင်း
အကောင်အထည် ဖော်နိုင်ရန် နာဆာက မဟာဗျူဟာ ချမှတ် လုပ်ဆောင်သွားမည်
ဖြစ်ကြောင်းလည်း သိရသည်။

From: OPP

လူသားများအပြီးတွင် မှတ်ဉာဏ်အကောင်းဆုံး သက်ရှိ

Posted by drmyochit Saturday, August 17, 2013, under | No comments

စမ်းသပ်မှု တစ်ခုအရ လင်းပိုင်များသည် နှစ်ပေါင်း(၂၀)မျှ ကင်းကွာနေသည့်တိုင် အဆိုပါ လေချွန်သံကို ကြားလျှင် မှတ်မိနေတတ်ကြောင်း သိရှိရ


လူသားများပြီးလျှင် သတ္တလောက၌ မှတ်ဉာဏ်အား အကောင်းဆုံး သတ္တဝါများမှာ လင်းပိုင်များ ဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ လင်းပိုင်များသည် ၎င်းတို့နှင့် အကျွမ်းတဝင် ရှိခဲ့သော လေ့ကျင့်သင်ကြားသူများ၏ လေချွန်သံကို ကောင်းစွာ မှတ်သားထားလေ့ ရှိသည်။ စမ်းသပ်မှု တစ်ခုအရ လင်းပိုင်များသည် နှစ်ပေါင်း(၂၀)မျှ ကင်းကွာနေသည့်တိုင် အဆိုပါ လေချွန်သံကို ကြားလျှင် မှတ်မိနေတတ်ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ ချီကာဂို တက္ကသိုလ်မှ ပညာရှင်များက သုတေသန လုပ်ငန်းစဉ် တစ်ခုတွင် လင်းပိုင်များ၏ ထူးခြားသော မှတ်ဉာဏ် စွမ်းရည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ "လူသားမဟုတ်တဲ့ သက်ရှိ မျိုးစိတ်တွေထဲမှာ ကာလရှည် မှတ်ဉာဏ်ကို အားအကောင်းဆုံး သိုလှောင်ထားနိုင်တဲ့ သတ္တဝါတွေ"ဟု ပညာရှင်များက လင်းပိုင်များအပေါ် ကောက်ချက်ချထားသည်။

ယခင်က ဆင်များနှင့် ချင်ပန်ဇီ မျောက်ဝံများတွင် မှတ်ဉာဏ်အင်အား ကောင်းမွန်ကြောင်း စစ်ဆေး တွေ့ရှိဖူးသော်လည်း ချစ်စဖွယ် ရေနေ နို့တိုက် သတ္တဝါလေးများက ၎င်းတို့ထက် သာလွန်ကြောင်း ချီကာဂို တက္ကသိုလ် လူသားဖွံ့ဖြိုးမှု နှိုင်းယှဉ်သိပ္ပံ ဌာနမှ ဦးဆောင် သုတေသီ ဂျေဆန်ဘာ့ခ်က ရှင်းပြခဲ့သည်။ "စမ်းသပ်ချက်တွေအရတော့ လင်းပိုင်တွေရဲ့ မှတ်ဉာဏ်ဟာ လူသားတွေပြီးရင် အကောင်းဆုံးပဲ"ဟု ၎င်းက ဆိုသည်။ ယခုစမ်းသပ်မှုတွင် လေ့ကျင့်ပေးထားသော လင်းပိုင်များ၏ မှတ်ဉာဏ်ရောထွေးစေရန် ရေကန်ထဲဆင်းပြီး အဖော်ပြုပေးသူများကို မကြာခဏ လဲလှယ်ပေးခဲ့သေးသည်။

"ခွဲခွာထားတဲ့ အခြေအနေ တစ်ခုမှာ ကိုယ့်မိတ်ဆွေကို တိရစ္ဆာန်တွေ ဘယ်လောက် မှတ်ဉာဏ်ကောင်းသလဲ ဆိုတာကို ကျွန်တော်တို့ သိချင်တာပါ။ ဒါပေမဲ့ ဒီစမ်းသပ်မှုဟာ သဘာဝ အရိုင်းနယ်ပယ်မှာ ရှင်သန်နေတဲ့ တိရစ္ဆာန်တွေဆီမှာ သုတေသနပြုဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"ဟု ဘာ့ခ်က ပြောကြားသွားသည်။ အစောပိုင်းကလည်း သုတေသီများက လင်းပိုင်များသည် အပြန်အလှန် အသံပြု ဆက်သွယ်မှုတွင် မိမိတို့ချင်း အမည်သတ်မှတ် ခွဲခြားထားသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ပြီး ဖြစ်သည်။

From: Planet Myanmar Network

Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်

Posted by drmyochit Saturday, August 17, 2013, under | No comments


Ooredoo မှ Mr.Ross Cormack မီဒီယာများအား ရှင်းလင်း ပြောကြားနေစဉ်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခ များကိုလည်း တစ်မိနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၄၀ အတွင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လိုင်စင်ရရှိပြီး ခြောက်လအကြာ၌ မိုဘိုင်းဆင်းကတ်များကို စတင် ရောင်းချပေးသွားမည် ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဆင်းကတ်တွေကို တန်းစီစောင့်ဆိုင်းပြီး ဈေးကြီး ပေးဝယ်စရာ မလိုအောင် လမ်းဘေးဆိုင် တွေမှာပါ ရောင်းချပေးသွားမှာပါ။ နောက် ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြု နိုင်အောင် ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်း အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။ နောက်ပိုင်း အတည်ပြု ကြေညာတဲ့ အခါမှာ မြန်မာပြည်သူတွေ အားလုံး စိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချ ပေးသွားမှာပါ'' ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲ၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack ပြောကြားသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ပထမဆုံး အနေဖြင့် Station ပေါင်း တစ်သောင်းကျော် ဆောက်လုပ်၍ ဆက်သွယ်ရေး ၀န်ဆောင်မှု ၃၅ ရာခိုင်နှုန်းကို ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်း ကျေးလက်ဒေသများ အထိပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အလွန်ဝေးလံ ခေါင်ပါးသည့် ဒေသများကိုမူ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ၉၇ ရာခိုင်နှုန်းအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ် အတွင်း၌ ၉၉ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသားများကို အလုပ်အကိုင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

From: Eleven

တူနီးရှားတွင် အစ္စလာမ်မစ်အစိုးရအား ပြည်သူများက ဆန္ဒပြ

Posted by drmyochit Saturday, August 17, 2013, under | No comments


အင်္ဂါနေ့က စတင်သော ဆန္ဒပြမှုသည် အစ္စာလမ်ဘာသာရေး ဩဇာသက်ရောက်မှု ကြီးမားသော အစိုးရကို ဖယ်ရှားရန် အဓိက တောင်းဆိုခဲ့ခြင်းဟု ဆိုသည်

တူနီးရှားတွင် အစ္စလာမ်မစ်အစိုးရအား ပြည်သူများက ဆန္ဒပြ
တူနီးရှားနိုင်ငံတွင် ထောင်နှင့်သောင်းနှင့်ချီ များပြားသော ပြည်သူများက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့က စတင်သော ဆန္ဒပြမှုသည် အစ္စာလမ်ဘာသာရေး ဩဇာသက်ရောက်မှု ကြီးမားသော အစိုးရကို ဖယ်ရှားရန် အဓိက တောင်းဆိုခဲ့ခြင်းဟု ဆိုသည်။ လွန်ခဲ့သော သီတင်းနှစ်ပတ်ခန့်က တူနီးရှား၏ ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် ယခုကဲ့သို့ အင်အားကြီးမားသော ဆန္ဒပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တူနစ်မြို့တော်တွင် ပြည်သူများစွာ စုရုံးက အစ္စလာမ်ဝါဒကို လက်ကိုင်ပြုသည့် အန်နာဒါးပါတီ၏ ကြီးစိုးမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။


တူနီးရှား ပြည်သူများက အန်နာဒါး ပါတီကို အစိုးရ အဖွဲ့မှ ဖယ်ထုတ်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသွင်ကူးပြောင်းရေး အမျိုးသား ညီလာခံ (ANC)ကို ဖျက်သိမ်းရန် တောင်းဆိုကြသည်။ အဆိုပါ ညီလာခံသည် အခြေခံ ဥပဒေသစ်တစ်ခု ဖွဲ့စည်းရန် ဆွေးနွေးနေဆဲ ဖြစ်သည်။ "လက်ရှိ အစိုးရကို ပြည်သူတွေက ပြိုလဲစေချင်နေပြီ"ဟု ဆန္ဒပြသူများက အော်ဟစ်ကြသည်။ အဆိုပါ ဆန္ဒပြမှုများတွင် ဩဇာကြီးမားသည့် တူနီးရှား အထွေထွေ အလုပ်သမား ယူနီယံကလည်း ပါဝင်ပူးပေါင်းခဲ့သည်။ ယူနီယံက မိမိတို့၏ အဖွဲ့ဝင် (၆၀၀၀၀)ကျော်ကိုလည်း ဆန္ဒပြ စုဝေးမှုတွင် ပါဝင်ရန် ဆော်ဩထားသည်။ ဇူလိုင်လ (၂၅)ရက်နေ့က လယ်ဝဲယိမ်း နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် မိုဟာမက် ဘရာမီသည် တူနစ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီး ယင်းပြဿနာသည် ယခုအုံကြွမှုများနှင့် ကြီးကြီးမားမား ဆက်နွယ်နေကြောင်း သိရသည်။

ယင်းမတိုင်မီ လပိုင်းကလည်း ဘာသာရေး လွှမ်းမိုးမှုကို မလိုလားသည့် နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ချိုကရီ ဘီလေ့ဒ်မှာလည်း လုပ်ကြံမှု တစ်ခုအတွင်း အသက်ဆုံးရှုံးခဲ့သည်။ အင်္ဂါနေ့က စုရုံးဆန္ဒပြမှုများသည် ဘီလေ့ဒ်သေဆုံးမှု (၆)လပြည့် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေသည်။ လတ်တလောတွင် ANCမှ ညီလာခံ တက်ရောက်သူ (၇၀)ကျော်မှာ နုတ်ထွက်သွားခဲ့ပြီး ဆန္ဒပြသူများနှင့် ပူးပေါင်းခဲ့ကြသည်။ ANC၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မူစတာဖာ ဘန်ဂျဖားကမူ ဥပဒေပြု ကိုယ်စားလှယ်များသည် ဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်နေမည်ဟု ပြောကြားထားသည်။ အာဖရိက နိုင်ငံတစ်ခုဖြစ်သော အီဂျစ်တွင် ပြည်သူများ အုံကြွမှုဖြင့် အစိုးရ ပြုတ်ကျခဲ့မှုသည် တူနီးရှား နိုင်ငံရေးအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်ပေါ်စေသည့် အခြေအနေမျိုးလည်း ရှိနေသည်။ အီဂျစ်တွင် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့က ထောက်ခံသည့် သမ္မတ မိုဟာမက်မော်စီသည် ပြည်သူလူထု ထောက်ခံသော စစ်တပ်အာဏာသိမ်းမှုအတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

From : ..planet

ဒီခေတ်မှာ အပျိုစစ်မစစ်က အရေးကြီးလား ။ ကိုယ်ပိုင်အရည်အချင်းအတွေးအခေါ်က အရေးကြီးသလားဟု မြန်မာမိန်းကလေးတစ်ဦးမှ မေးခွန်းထုတ်

Posted by drmyochit Saturday, August 17, 2013, under | No comments



မိန်းကလေးတစ်ယောက် အတွက်တော့ အပျိုစစ်စစ်ဆိုတဲ့ ဂုဏ်ဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တတ်နိုင်ရင် ... ကိုယ့်အပျိုဂုဏ်လေးကို ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်သင့်တာ ... မြန်မာမိန်းကလေးမှ မဟုတ်ဘူး .. ကမ္ဘာမှာ ရှိတဲ့ မိန်းကလေးတိုင်းပါ။

ဒါပေမယ့် ... ဘဝတစ်ကွေ့မှာ ကံအကြောင်းကြောင်းကြောင့်ဖြစ်စေ .. ငယ်ရွယ်နုပျိုချိန်မှာ အမှားအယွင်းကြောင့်ဖြစ်စေ ... ကိုယ့်ချစ်သူနဲ့ကိုယ် အပျိုဘဝကို ယုံကြည်လို့ ပေးဆပ်မိခဲ့တဲ့ မိန်းကလေးတွေ ... အိမ်ထောင်ပြုလိုက်ပြီးမှ အိမ်ထောင်ဖောက်ပြန်လို့ ကွဲရတဲ့ မိန်းကလေးတွေ ... အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေး ဖြစ်သွားရင်ရော ... လောကကြီးမှာ မျက်နှာငယ်စရာ .. အားငယ်စရာ ... စိုးရွံကြောက်နေဖို့ လိုသလားးး

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။ ယောကျာ်းထပ်ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။ ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။ တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

အပျိုစစ်စစ်ကို လက်ထပ်ထားပြီးတော့ ... ဘာမှသုံးစားမရ .. "အိပ် ခံ ပက်လက် .. ထမင်းချက်" ဆိုတဲ့ မိန်းမခေတ် (၂၁) ရာစုမှာ မရှိတော့ဘူး ... အဲလိုမိန်းမမျိုးကို ရထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာနဲ့ .. အပျိုမစစ်တဲ့ မိန်းမဖြစ်သော်လည်း .. ဘဝကို ထက်ထက်မြက်မြက် နဲ့ နှစ်ဦးလက်တွဲပြီး စဉ်းစားတွေးခေါ် လျှောက်လှမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာဟာ .. အများကြီး ကွာသွားတတ်တယ်။

နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ .. ယောကျာ်းက အရိပ်ပြရင် .. မိန်းမက အကောင်မြင်တတ်မှ .. အဆင်ပြေနိုင်မယ်။

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ .

By singaporefeel

သံတွဲတွင် ငါးဖမ်းလှေခုနှစ်စင်း မီးရှို့ခံရ

Posted by drmyochit Saturday, August 17, 2013, under | No comments

ညမထွက်ရ အမိန့်များထုတ်ပြန်ထားသော ရခိုင်ပြည်နယ် သံတွဲမြို့ အနောက်ဘက် ခြောက်မိုင်အကွာလောက်တွင် သြဂုတ်(၁၃)ရက်နေ့ ညပိုင်းက ငါးဖမ်းလှေခုနှစ်စင်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။

မီးရှို့သည့် တရားခံများကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတုန်းပဲဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

မီးရှို့ခံရသည့် ငါးဖမ်းလှေများသည် သီတင်းကျွတ်မှ တန်ခူးလအတွင်းသာ အလုပ်လုပ်သော အတောင်လေးဆယ် ရှည်လျားသည့် ငါးဖမ်းလှေကြီးများဖြစ်ကြောင်းနှင့် နားနေချိန်တွင် ယခုကဲ့သို့ မီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလာသော ကလေးများ၏ အပြောအရ မီးရှို့မည့်သူများက လောက်လေးခွများဖြင့် ပစ်သောကြောင့် အစောင့်ကလေးအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်သွားသည့် လှေဆယ်စီးအနက် တဝက်လောက်သာ ပြန်ပြင်လို့ရပြီး ကျန်အစီးရေများမှာ လုံးဝသုံးမရအောင် မီးလောင်သွားခဲ့တာဖြစ်ကြောင်း သိရသည်။

Source : DVB

သတ်ဖြတ်ရန် ငွေပေးပြီး ငှားရမ်းခဲ့သူ ဟုဆိုသူ (၃)ဦးအား ဖမ်းပြီးမှပြန်လွှတ်ပေး

Posted by drmyochit Saturday, August 17, 2013, under | No comments



အမ်းမြို့နယ်၊ ကင်းခြေအုပ်စု၊ ဝေချောင်းကျေးရွာတွင် ဇူလိုင်လ ၂၀ရက်နေ့က အသတ်ခံရသော မူလတန်း ကျောင်အုပ် ဆရာမ ဒေါ် မြင့်မြင့်ဇော် ကိုသတ်သောတရားခံ ၏ထွက်ဆိုချက်အရ ငွေပေးသတ်ခိုင်းသူဟု ဆိုသူများကို ရဲကဖမ်းဆီးပြီးနောက် ပြန်လွတ်ပေးလိုက်ကြောင်းသိရသည်။

အသတ်ခံရသူ ဒေါ်မြင့်မြင့်ဇော်သည် အမ်းမြို့နယ်၊ ခမောင်းတောကျေးရွာ မဲလက်မောင်းအုပ်စုတွင် လက်ရှိ မူ/အုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပြီး မိသားစုများရှိရာ ဝေချောင်းကျေးရွာတွင် ၀ါဆိုလပြည့်နေ့ အလှူလုပ်ရန်လာရောက်စဉ် အသတ်ခံရခြင်းဖြစ်သည်။

သတ်ဖြတ်သူ တရားခံများကို ဖမ်းဆီးရမိပြီး ၄င်းတို့၏ထွက်ဆိုချက်အရ ဝေချောင်းကျေးရွာမှ ဦးကြည်ဝင်း၊ ဦးရဲမြင့်၊ ဦးမောင်ဦး (ခ) တင်ကိုကိုဦး တို့မှ လူသတ်ရန် ငွေ (၂)သိန်းပေး၍ငှားရမ်းခဲကြောင်း၊ ငွေပေး၍ သတ်ခိုင်းသူက ဒေါ်မြင့်မြင့်ဇော်၏ ခင်ပွန်းအားသတ်ခိုင်းသော်လည်း ခင်ပွန်းသည် ဖြစ်သူမရှိသဖြင့် ဇနီးဖြစ်သူ အားသတ်ဖြတ်ခဲ့ခြင်း ထွက်ဆိုကြသည်။

တရားခံ၏ ထွက်ဆိုချက် အရ လူသတ်ရန်ငှားရမ်းခိုင်းစေသူ သုံးဦးအား ဒုရဲအုပ်၊ ရဲသားနှစ်ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှုးတို့က ဖမ်းဆီးကာ စခန်းမှုး ဦးသိန်းဆောင်ထံသို့အပ်နှံခဲ့ကြသည်။ ထို့နောက် စခန်းမှုးက အပြင်ဘက်တွင် သီးသန့် ဆယ်မိနစ်ခန့် တီးတိုး ပြောဆိုကြပြီး လူသတ်ရန်ငှားရမ်းစေခိုင်းသူ ဟုဆိုသူသုံးဦးအား ပြန်လွတ်ပေးလိုက်သည်ဟုသိရသည်။

ထိုသို့ လူသတ်တရားခံ၏ ထွက်ဆိုချက်အရ လူသတ်ခိုင်းသူ သုံးဦးအား စုံစမ်းမေးမြန်းခြင်း၊ တရား စွဲဆိုခြင်း မရှိဘဲ ပြန်လွတ်ပေးလိုက်သောကြောင့် ဒေသခံများ အနေဖြင့် မကျေ မနပ်ဖြစ် လျှက် ရှိကြောင်းသိရသည်။

 Coral Arakan News

Black List မှ ထပ်မံ ပယ်ဖျက်ပေးခြင်း

Posted by drmyochit Saturday, August 17, 2013, under | No comments



အမည်ပျက်စာရင်း (Black List) ရေးသွင်းခံရသော ကုမ္ပဏီ (၂) ခုနှင့် လူပုဂ္ဂိုလ် (၁၀) ဦး အား အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်-

 (က) မြန်မာအင်ချမ်းထွန်း အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (Myanmar Inchan Tun International Co.,Ltd.)
  (၁) ဦးပေါင်ဂင်မန့်

(ခ) သောမတ် ၄/တတန (နိုင်) ၀၁၀၄၉၄
 (၂) ဦးစိုးနောင် (ခ) အာကာ ၁၂/ဗဟန (နိုင်) ၀၆၄၁၁၂
(၃) ဦးဆိုင်ဆုံ ၁၂/အစန (နိုင်) ၁၁၇၄၄၇
(၄) ဦးသိန်းဝင်း ၁၃/လလန (နိုင်) ၀၀၄၀၀၅
 (၅) ဦးစောလကပေါ ၁၄/မအပ (နိုင်) ၁၆၇၀၃၀
(၆) ဦးပါမှို ၄/မတပ (နိုင်) ၀၃၂၀၃၉
(၇) ဦးသက်နိုင် (ခ) ဘိုင်လေး ၁၂/အစန (နိုင်) ၁၅၃၈၃၈
(၈) ဦးသိန်းသန်းထွန်း ၁၂/သဃက (နိုင်) ၀၃၇၈၅၄

 (ခ) ရွှေမြားမြန်မာကုမ္ပဏီလီမိတက် (Golden Arrow Myanmar) ။  ဦးသန့်ဇင် ၁၂/မဂတ (နိုင်) ၀၈၂၁၀၆

(ဂ) ကုမ္ပဏီဖွဲ့စည်းထားခြင်း မရှိသော နိုင်ငံခြားသားပုဂ္ဂိုလ်။

Mr. In Kwal Lhi Black list တွင်ရေးသွင်းခံရသော သြစတြေးလျနိုင်ငံသားများ (မြန်မာနိုင်ငံသားဟောင်းများ) ဖြစ်ကြသော ဦးဘအေး (PP No. M 5953363) နှင့် ဦးတင်ဦး (PP. No. E 7522396) တို့အား Black list မှ ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

From : .... သမ္မတရုံး

VIPခရီးစဉ်အတွက် ဆက်သွယ်ရေးအင်တာနာပြင်စဉ် သုံးဘီးသမားများ တစ်ဦး ဓာတ်လိုက်သေဆုံး

Posted by drmyochit Saturday, August 17, 2013, under | No comments



လားရှိုး၊ သြဂုတ် ၁၆။

ယမန်နေ့နေ့လည် ၁း၂၀နာရီ အချိန်တွင် လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးဝန်း အတွင်း၌ လျှပ်စစ်ဓါတ်လိုက် သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ၎င်းယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနသည် VIP-ခရီးစဉ်အတွက် ဆက်သွယ်ရေး အင်တာနာတိုင်အား ပြင်ဆင်ရန် နဂိုမူလ တပ်ဆင်ထားသော ဆက်သွယ်ရေး အင်တာနာ သံပိုက်လုံးအား
ဖြုတ်ကာ အသစ်တိုးချဲ့ တပ်ဆင်ရန်အတွက်သုံးဘီးယာဉ်မောင်း သမားများကို အခကြေးငွေပေး၍ အကူအညီတောင်းခံ ပြုလုပ်ခိုင်းရာမှ ယခုကဲ့သို့ ဓါတ်လိုက်သေဆုံး ရခြင်းဖြစ်ကြောင်း
သိရသည်။

ပေလေးဆယ်ကျော်မြင့်သော ဆက်သွယ်ရေး အင်တာနာတိုင်သည် ၎င်းယာဉ်ထိန်းရုံးဝန်းတွင်းရှိ သရက်ပင် အနီးတွင် ရှိပြီး အများပြည်သူသွား ကားလမ်းဘေးရှိ ဗို့အားမြင့် လျှပ်စစ်ကြိုးတန်းနှင့်လည်း ကပ်လျှက်ရှိနေခြင်း ဖြစ်သည်။ သုံးဘီးယာဉ်မောင်းသမား (၃)ဦးသည် ခါးလည်၌ သံပိုက်ဆက် မူလီနပ်ကိုဖြုတ်ရင်း တစ်ဦးက ပိုက်လုံးကို ဆွဲချွတ်ရာ အားမနိုင်ဘဲ လမ်းဘေးအနီးရှိ ဗို့အားမြင့်
ဓါတ်ကြိုးတန်းပေါ်သို့ လှဲကျဓါတ်လိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ဦးမှာ အောက်သို့ ပြုတ်ကျ၍ သိတိမေ့သွားကြောင်း၊ ယာဉ်ထိန်းရဲမှ EPC-ဌာနသို့ ဖုန်းဆက် အကြောင်းကြားကာ EPC-မှ အချိန်မီ မီး ဖြတ်ပေး၍ ဓါတ်လိုက်နေသူ ဝေယံမင်း ဆိုသူမှာ အောက်သို့ ပြုတ်ကျခဲ့ကြောင်း၊ ၎င်းတို့(၃)ဦးအား အရေးပေါ် ဆေးရုံသို့ ပို့ဆောင် ဆေးကုသသော်လည်း သေဆုံးသွားကြောင်း၊ ကျန်နှစ်ဦးမှာ ခေါင်း၊ ခြေ၊ လက်ဒဏ်ရာများ ရသွားကြောင်း အသက်မစိုးရိမ်ရ အနေအထားရှိကြောင်း လားရှိုး ပြည်သူ့ဆေးရုံမှ သိရသည်။

သေဆုံးသူသည် အသက်(၂၄)နှစ်ရှိပြီး လားရှိုးမြို့ ရပ်ကွက်(၉)၊ နယ်မြေ(၁၁)တွင် နေထိုင်သူဖြစ်ပြီး ကျန်နှစ်ဦးအနက် ဒဏ်ရာရ အောင်ကိုဝင်းမှာ အသက်(၃၂)နှစ်၊ ရပ်ကွက်(၄)၊ နယ်မြေ(၁၆)မှဖြစ်ပြီး ကျန်ဒဏ်ရာရသူတစ်ဦး ဇော်လတ်ဆိုသူမှာ ရပ်ကွက်(၁)တွင် နေသူဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

သေဆုံးသူနှင့် ပတ်သက်၍ လားရှိုးယာဉ်ထိန်းတပ်ဖွဲ့မှ သင်္ဂြိုလ်စရိတ်များ အကုန်အကျခံကာ ကူညီပေးကြောင်း၊သေဆုံးသူ၏ ဆွေမျိုးများကိုလည်း ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ဒဏ်ရာရ ကျန်နှစ်ဦးကိုလည်းဆေးရုံတက်ရောက် ကုသခွင့် စရိတ်များကို ၎င်းယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ယူခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရ ကာယကံရှင်များဘက်မှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့မ ရဲစခန်းမှ သေမှုသေခင်းအရ (ပ)၁၁/၂၀၁၃ဖြင့် အမှုဖွင့် ထားကြောင်း ၎င်းရဲစခန်းမှ သိရသည်။

ထွန်းထွန်း
မြန်မာ့ခေတ်

နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခြင်း

Posted by drmyochit Saturday, August 17, 2013, under | No comments



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၆ / ၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်)

နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၈၅ ၊ပုဒ်မခွဲ(က)၊
ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ၂၂ နှင့်
နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များအရ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး
ဦးတင်ငွေအား နေပြည်တော်ကောင်စီ ကောင်စီဝင် အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။


(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မိုးယုစံ ယောက်ျားယူတော့မည်................

Posted by drmyochit Saturday, August 17, 2013, under | No comments



မိုးယုစံ ယောက်ျားယူတော့မည်................ဆိုလျှင်


သရုပ်ဆောင် မိုးယုစံက မိဘတွေ ချမ်းသာခြင်းထက် ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင်မည့် ယောက်ျားမျိုးကို အိမ်ထောင်ဖက် အဖြစ် ပိုပြီး သဘောကျကြောင်း ဆိုသည်။

”အရင်တုန်းက ထက်စာရင် အခုချိန်မှာ လွတ်လွတ် လပ်လပ် နဲ့ စိတ်ချမ်းသာမှု အပြည့်အဝ ရှိပါတယ်။ မိုးယု ကတော့ မိန်းကလေး တစ်ယောက် အနေနဲ့ အသက် ၂၇ နှစ် နဲ့ ၃ဝ ကြား အိမ်ထောင်ပြုမယ် ဆိုရင် အကောင်း ဆုံး လို့ မြင်မိတယ်။ ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင် မှလည်း ဘဝရှေ့ရေး အတွက် ကောင်း မှာလေ။ တချို့ ဆို ယောက်ျားလေး ဖြစ်ပြီးတော့ ယောက်ျားစိတ် မရှိတာမျိုးတွေ ရှိတယ်လေ။ တစ်ခုခု ဆိုရင် တာဝန် မယူရဲတာမျိုး။ အဲဒါမျိုးတွေ ရှိတယ်။ အဲဒီလိုမျိုးဆိုရင် သဘော မကျဘူး။ ကိုယ့်ကို ဦးဆောင်နိုင် ရမယ်။ ယောက်ျားလေး စိတ်ဓာတ် အပြည့်အဝ ရှိရမယ်။ ယူထားတဲ့ တာဝန်ကို ကျေကျေပွန်ပွန် လေး လုပ်နိုင်တဲ့ စိတ်မျိုး ရှိရ မယ်၊ စကားပြောတာက အစ ပြတ်ပြတ် သားသား ရှိရမယ်။ ကိုယ်တိုင်ကလည်း တည်တည် ငြိမ်ငြိမ် အေးအေး ဆေးဆေး တည်တည်တံ့တံ့လေး နေတတ်တော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ကိုလည်း တည်တည်ငြိမ်ငြိမ် ပုံစံလေးမျိုး ဆိုရင် သဘော ကျတယ်”ဟု ၄င်းကပြောသည်။

”မိုးယု ရွှေမန်းပွဲမှာ ကခဲ့တဲ့ ဂျော်နီဝေါကား အကကိုတော့ Jade Dragon က သင်ပေးတယ်။ နိုင်ငံခြား အကလည်း ဖြစ်တဲ့ အတွက် တစ်ခါမှလည်း ကိုယ်က မကဖူးဘူး။ ပရိသတ် ကလည်း ကိုယ့်ကို မမြင်ဖူးဘူး ဆိုတော့ ပိုပြီး ဂရုစိုက် ဖြစ်ပါတယ်။ Jade Dragon ကလည်း သေချာလေး သင်ပေးပါတယ်။ ကိုယ်ကလည်း တစ်ခါမှ မက ဖူးတော့ မလုပ်ဖူးတာလေ။ လုပ်ရတော့ ကျေနပ်မိပါတယ်။ အနုပညာရှင် ဆိုတာက တစ်ခုတည်း မဟုတ်ဘဲနဲ့ အားလုံးကို သိထားရင်တော့ အကောင်းဆုံး ပါပဲ။ မြန်မာ အက ဆိုလည်း မြန်မာ မိန်းကလေး ဖြစ်တဲ့ အတွက် နိုင်ငံခြား သွားတာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေ နဲ့ တွေ့တဲ့အခါမှာ မြန်မာအက က ဖော်ပြလို့ အကောင်းဆုံး ပဲဟု မိုးယုစံ က ပြောသည်။

လွင်လွင်ထွန်း Popular

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်