Monday, October 14, 2013

ရန်ကုန်မှာ ဗုံးထပ်တွေ့၊ သက်ဆိုင်ရာမှ အချိန်မီရှင်းလင်းနိုင်ခဲ့

Posted by drmyochit Monday, October 14, 2013, under | No comments



ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည် ၁ နာရီခန့်က ကမ်းနားလမ်း Western Park Ruby မှာ ဗုံးတွေ့ရှိကြောင်း သိရပါတယ်။

အဆိုပါဗုံးကို Western Park Ruby ရဲ့ စားပွဲအမှတ် ၁၉ အောက်မှာ ထားသွားတာကို ဆိုင်မှ စားပွဲထိုးမှ 
တွေ့ရှိ၍ သက်ဆိုင်ရာကို အကြောင်း ကြားခဲ့လို့ ပေါက်ကွဲမှု မဖြစ်မီ အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။


By ပြည်သူ့အနာဂတ်

မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်တော့မည်

Posted by drmyochit Monday, October 14, 2013, under | No comments


ရန်ကုန်အောက်တိုဘာ ၁၄

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးပွဲကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ MICT Park တွင်ပြုလုပ်မည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မှ တွဲဖက် ပါမောက္ခ ဒေါက်တာ သန္တဖြူ တို့မှ "Cyber Security , Malware Incident" "Understanding Web Application Attacks" ခေါင်းစဉ်ဖြင့် ဆွေးနွေး မည်ဖြစ်သည်။

ဆွေးနွေးပွဲကို မနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လိုပါက မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းဖုန်း 
၀၁ -၆၅၂၂၇၆ သို့ဆက်သွယ်နိုင်သည်။

သုတလင်း
By Popular

ရန်ကုန်မှာ ဒီကနေ့ တွေ့ရတဲ့ ဗုံးတွေအကြောင်း တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

Posted by drmyochit Monday, October 14, 2013, under | No comments

ဒီရက်ပိုင်း ရန်ကုန်နဲ့ တခြားမြို့တချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ အခု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အခုလို ကြေညာ သတိပေးလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် ယနေ့ တွေ့ရတဲ့ မပေါက်ကွဲသေးသောမိုင်းတခု၊ ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လုပ်သားပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း 

ရန်ကုန်၊ အောက်တိုဘာ ၁၄ လုပ်သားပြည်သူများအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနီးလာ ၍့ ဗျောက်အိုးများဖေါက်ခြင်း၊ မီးရှုးမီးပန်းပစ်ခြင်းများပြု လုပ် လျက် ရှိနေပါသည်။
လတ်တလောရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းလက်လုပ်ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်း များတွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး ပေါက်ကွဲမှုများ ထင်ယောင်ထင်မှားဖြစ်နိုင်သဖြင့် လုံခြုံရေးကိုရှေ့ရှု ကာ ဗျောက်အိုးဖေါက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် တရားဥပဒေစိုးမိုးရေး အတွက် လုပ်သားပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် အသိပေးနှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။

အလုံမှာတွေ့ရတဲ့ ချိန်ကိုက်ဗုံးဟု ယူဆရတယ်ဆိုတဲ့ အထုတ်နဲ့ပတ်သက်လို့ 

၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများ အား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါ အထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင် အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီ ယာ တပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အား ရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

မန္တလေးမှာတွေ့တဲ့ ဗုံးက စနက်တံ ဖြုတ်မရ၍ ဖောက်ခွဲပစ်လိုက်ရ

အောက်တိုဘာ ၁၄၊ ၂၀၁၃ မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် မွန်းလွဲ ၂ နာရီကျော်က ဗုံးတလုံး တွေ့ရှိ၍ သက်ဆိုင်ရာက စနက်တံဖြုတ်ရန် ကြိုးပမ်း ခဲ့ပြီး စနက်တံဖြုတ်မရ၍ မွန်းလွဲ ၃ နာရီ တွင် ဖောက်ခွဲလိုက်ကြောင်း အခင်းဖြစ်ပွားသည့်နေရာ ရောက်ရှိနေသည့် မန္တလေးအခြေစိုက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီမထိုးခင် အင်းစိန်စော်ဘွားကြီးကုန်း၊ ကားမှတ်တိုင် မှာ ပေါက် ကွဲမှု တခုဖြစ်၊ ထိခိုက်ဒဏ်ရာမရ၊ သို့သော် လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေရာမှာ မပေါက် ကွဲသေး တဲ့
နောက် ထပ် ချိန်ကိုက်မိုင်းတလုံးတွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။

"စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထည့်ထား သည့်အလျား (၄) လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ် မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါသည်။"လို့ ရဲတပ်ဖွဲ့ ကဆိုထားပါတယ်။

အောက်တိုဘာလ ၁၃ ညနေပိုင်းမှာလည်း ရန်ကုန်တိုင်း သာကေတမြို့နယ်၊  ၃/မာန်ပြေရပ်ကွက်၊ ယမုံနာ လမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရှိ သစ်လုံး တင်ယာဉ် နောက်တွဲ အောက်မှ အထုတ် ကို ဖြေကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၄ နှစ် လူငယ် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ချမ်းမြေ့တည်းခိုခန်းမှာ  ဗုံးပေါက်ကွဲ မှု ကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအပြင် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ညောင်လေးပင်မှ ဖြူးမြို့ကို  မောင်းနှင်လာ တဲ့ မော်တော်ယာဉ် တ စီး ပေါ်တွင် မသင်္ကာဖွယ် အထုတ်တခုအားတွေ့လို့ သက်ဆိုင်ရာကို အပ်နှံခဲ့ပြီး အဲဒီအထုပ်ကို  သဲအိပ်များ ကာ ရံပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့  ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါ တယ်။  

အခု ဧရာဝတီက စုံစမ်းသိရသလောက် ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးလန့်မှုနဲ့ ဗုံးနဲ့ ပတ်သက်တဲ့ ကောလာ ဟလ များ ဆက်တိုက်ထွက်ပေါ်နေပြီး အများပြည်သူ စိုးရိမ်ထိပ်လန့်နေကြတယ်လို့ သိရပါတယ်။

From: Irrawaddy

ယောင်္ကျားလေး ၃ ဦးကို လိမ်လည်ခေါ်ဆောင်သွား မိန်းမ ၃ ဦးအား အမှုဖွင့်ထား

Posted by drmyochit Monday, October 14, 2013, under | No comments


မွန်ပြည်နယ်၊ ရေးမြို့တွင်အလုပ်ရမည်ဟုဆိုကာ သန်လျင်တွင်နေထိုင်သည့် လူငယ်များကို ခေါ်ဆောင် သွားသောကြောင့် ခေါ်ဆောင်သွားသူ အမျိုးသမီးများကို အရေးယူပေးရန် လူငယ်များ၏ ဖခင်ဖြစ်သူက တိုင်ကြားလိုက်သည်။

အမှုကို သန်လျန်မြို့နယ် ထမလုံကျေးရွာနေ ဦးတင်မြင့်က အောက်တိုဘာ ၁၂ ရက်တွင် အမှုဖွင့် တိုင်တန်း ထားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

စက်တင်ဘာ ၁၈ ရက်ညနေ ၄နာရီက သားဖြစ်သူ မောင်သန်းကျော်သည် နေအိမ်သို့ ပြန်လည်ရောက်ရှိ မလာသဖြင့် ၎င်း၏ ဖခင်ဖြစ်သူက စုံစမ်းခဲ့ပြီး သားဖြစ်သူကို ကျောင်းကန်ကွင်းကျေးရွာနေ မသီတာက အောင်မင်္ဂလာကားဝင်းအနီး ငါးပုစွန်ရွေးရန် အလုပ်သမားလိုအပ်၍ စည်းရုံးသိမ်းသွင်းပြီး ခေါ်ဆောင်သွားသည်ကို သိရှိရကြောင်း ထမလုံကျေးရွာနေ ဦးတင်မြင့်က ရဲစခန်းကို ထွက်ဆိုထားသည်။

မောင်သန်းကျော် အပါအ၀င် အိမ်နီးချင်းနေရဲလင်းနိုင်နှင့်တစ်ရွာတည်းနေသား မောင်အောင်မင်းထိုက်တို့ သုံးဦးစလုံးကို ခေါ်ဆောင်သွားကြောင်းနှင့် အောင်မင်းထိုက်၏ မိခင်ဖြစ်သူ ဒေါ်စန်းမြင့်ပါ လိုက်ပါသွားခဲ့ ကြကြောင်း ဦးတင်မြင့်ကဆိုထားသည်။

ထို့နောက် အောက်တိုဘာ ၂၅ ရက်တွင် မသီတာနှင့် မစန်းမြင့်တို့ ပြန်လည်ရောက်ရှိလာပြီး မေးမြန်းရာ သားဖြစ်သူ မောင်သန်းကျော်အပါအ၀င် သုံးဦးကို ဒေါ်သီတာအပါအ၀င် သုံးဦးက မွန်ပြည်နယ်ရေးမြို့ရှိ ပွဲစားတစ်ဦးထံ သွားရောက်အပ်နှံခဲ့ကြောင်း ဦးတင်မြင့်က သိရှိခဲ့သည်။

ထို့ကြောင့် သားဖြစ်သူပါ လူငယ်သုံးဦးတို့ကို အောင်မင်္ဂလာအဝေးပြေးဝင်းအနီး ငါးပုစွန်ရွေးရန်ဟု လိမ်လည်ပြီးရေးမြို့အထိ ခေါ်ဆောင်သွားသူ အမျိုးသမီးသုံးဦးတို့အား အရေးယူပေးရန် အမှုဖွင့် တိုင်တန်း လိုက်ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့ကဆိုသည်။

ယင်းအမှုကို သန်လျင်ရဲစခန်းက (က/ ခ)အမှတ်စဉ် (၉၈/၂၀၁၃)ဖြင့် လက်ခံထားပြီး ပြစ်မှုပုဒ်မ ၃၇၀ ဖြင့် အရေးယူနိုင်ရန် အောက်တိုက်ဘာ ၁၄ ရက်တွင် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားသွားမည်ဟု ဆိုထားသည်။

By Mizzima

ချောင်းသာကနေ လွမ်းနေရတယ်ဆိုသူ ဝတ်မှုံရွှေရည်

Posted by drmyochit Monday, October 14, 2013, under | No comments


ဝတ်မှုံရွှေရည်က ဗီဒီယို ဇာတ်ကားသုံးကားကို ချောင်းသာမှာ သွားရောက် ရိုက်ကူးနေပါတယ်။ ဗီဒီယို သုံးကားအပြင် ရန်ကုန်မှာ ရိုက်ကူးခဲ့တဲ့ ‘အနူးဘစ်’ ရုပ်ရှင်ဇာတ်ကား လက်ကျန် တချို့နဲ့ ကြော်ငြာ တစ် ခုပါ ရိုက်ကူးခဲ့မယ်လို့လည်း သိရပါတယ်။ လတ်တလော ချောင်းသာမှာ ရိုက်ကူး နေတဲ့ ဗီဒီယို ဇာတ်ကား တွေ က ရိုမန့်ဇာတ် ကား လေးတွေလို့လည်း ဝတ် မှုံရွှေရည်က ပြောပြပါ တယ်။

“ချောင်းသာမှာ ရိုက်နေတာ ဆက်တိုက်ဆိုတော့ ရန်ကုန်ကိုလည်း လွမ်းနေပြီ။ ပရိသတ်တွေကို ရော၊ သူငယ်ချင်း တွေကိုရောတအား လွမ်းနေပြီ။ ဒီမှာ က အလုပ်ပဲရှိ တာ လေ။ ကစ်က ဆယ် လပိုင်း လလယ် လောက်မှ ပြန်ရောက်မှာ၊ အဲဒါကြောင့်လည်း ဖေ့စ်ဘုတ်ပေါ်မှာ ကစ်ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေ အတွက် အမြဲ တင်ပေးထားပါတယ်” လို့လည်း ဝတ်မှုံရွှေရည်က ပြောပြပါတယ်။ ရိုက်ကူးထားတဲ့ ဇာတ်ကား တော်တော်များများက ရိုမန့်ဇာတ် ကားလေးတွေများသလို၊ ဇာတ်ရုပ် ကွဲထွက်တာ လေးတွေလည်း ရိုက်ဖြစ်ပါတယ်လို့ ပြောပြပါတယ်။

မေမွန်အောင်

သီချင်းဆိုရတာ စိတ်လှုပ်ရှားရတယ် ဆိုတဲ့ နန်းသူဇာ

Posted by drmyochit Monday, October 14, 2013, under | No comments


ကြော်ငြာတွေမှာ အတွေ့ရများ လာတဲ့ နန်းသူဇာက သူငယ်ချင်းဖြစ် သူ နန်းမြတ်ဖြိုးသင်းနဲ့ နှစ်ယောက် တွဲအခွေထွက်ရှိလာပြီဖြစ်ပါတယ်။ မော်ဒယ်မှ တစ်ဆင့် ဂီတလမ်း ကြောင်းပေါ်ရောက်လာတဲ့ သူမရဲ့ ရင်ခုန်သံနဲ့ ပတ်သက်ပြီး နန်းသူဇာက..

“နန်းသူဇာက ဂီတသီချင်းကို အစောကြီးကတည်းက လုပ်ဖို့ စဉ်းစားလာတာကြာပါပြီ။ နန်းမြတ်နဲ့ ကိုယ်က ဝါသနာလည်း တူသလို တစ်စိတ်တစ်ကိုယ် သူငယ်ချင်း တွေလည်း ဖြစ်တယ်ဆိုတော့ စကားပြောရင်း နှစ် ယောက် ပေါင်းခွေထုတ်မယ်ဆိုပြီး ထုတ်ဖြစ်သွားတာပါ။ မိန်းကလေး နှစ်ယောက်တွဲအခွေက ထုတ်တာ ရှားပါတယ်။ အရှေ့က စီနီယာတွေ နောက်ပိုင်း သိပ်မတွေ့ တော့ဖြစ် ပါ့မလား။ ထုတ်လို့ အဆင်ပြေပါ့ မလား စဉ်းစားကြတယ်။ ဒါပေမဲ့ ဝါသနာတူနေတော့ ထုတ် လိုက်တယ်။ လက်မှတ်ထိုးပွဲမှာ လူတွေ လာပါ့မလား။ စိတ်ပူလိုက်ရတာ ခုလိုပရိသတ်တွေ အများကြီးတွေ့ ရတော့ ရင်ခုန်ပြီး တအားပျော် တယ်” လို့ ပြောပြခဲ့ပါ တယ်။ မော်ဒယ်လော ကနဲ့ ပရိသတ်တွေရဲ့ အားပေးမှု မေတ္တာကို ရရှိထားသူဆိုတော့ ဂီတဘက်မှာကော ပရိသတ်တွေရဲ့ အားပေးမှုကို ဘယ်လောက်ထိ မျှော် လင့်လဲ မေးကြည့်တော့…

“အများကြီးမျှော်လင့်ပါတယ်။ သီချင်းဆိုတာ စိတ်လှုပ်ရှားတယ်။ ရှိုးကျတော့ မျက်နှာကိုယ်အမူအရာပဲ ဂရုစိုက်ရပေမယ့် သီချင်းကျတော့ အသံရော၊ စာသား ရော၊ ဟာမို နီရော အားလုံးချိန်ပြီး လုပ်ရတယ်။ ပရိသတ်တွေ အားပေးမယ်လို့လည်း မျှော်လင့်ပါ တယ်” လို့ ပြောပြခဲ့ပါ တယ်။ နန်းသူဇာက နန်းမြတ်ဖြိုး သင်းနဲ့ နှစ်ယောက်ပေါင်း အခွေမှာ အမှတ်တရ များကို အခုလိုပဲ ပြောပြခဲ့တာက..

“အမှတ်တရ ကတော့ မကြိုက်တဲ့ သီချင်း ကို ပြန်သွင်း လိုက်ပြင်လိုက် ဆို လိုက်နဲ့ လုပ်ခဲ့ကြ တာကတော့ အမှတ် တရပဲ။ ပြီးတော့ စတူဒီယိုကို ခဏ ခဏသွားတာက အမှတ်တရပဲ” လို့ ပြောပြခဲ့ပါတယ်။ နန်းသူဇာနဲ့ နန်း မြတ်ဖြိုးသင်းတို့ ရဲ့နှစ်ယောက်တွဲခွေ ပရိုမိုးရှင်းပွဲကိုတော့ အောက် တိုဘာလ ၆ ရက်နေ့ နေ့ခင်း ၃ နာရီကလှည်းတန်း စိန်ဂေဟာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထူးထူး

မော်ဒယ်ဘဝနဲ့ သရုပ်ဆောင်နှစ်ခုစလုံး က သူမရဲ့ ဘဝပါလို့ ပြောတဲ့ ဝင့်ယမုံလှိုင်

Posted by drmyochit Monday, October 14, 2013, under | No comments


မော်ဒယ်လောကမှာ နာမည်ရလာပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးခံရသူကတော့ ဝင့်ယမုံလှိုင် ပဲဖြစ်ပါတယ်။ ကြော်ငြာများကိုလည်း သွက်သွက်လက် လက်အမူအရာနဲ့ ပရိသတ်တွေ သတိ ထားမိသူ တစ်ဦးလည်း ဖြစ်တာမို့ မော်ဒယ် တစ်ယောက်ရဲ့ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်အောင် ဝင့်ယမုံလှိုင် အနေနဲ့ ဘယ်လို ပြုမူနေထိုင်ပါသလဲလို့ မေးကြည့်တော့ “ကိုယ်ကပရော် ဖက်ရှင်နယ်မော်ဒယ် တစ်ယောက် အနေနဲ့ ရပ်တည်မယ်ဆိုရင်တော့မော်ဒယ် တစ်ယောက်အတွက် ခန္ဓာကိုယ်က
တအားရေးကြီးပါတယ်။ မော်ဒယ် တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘာပဲဝတ်ဝတ်လိုက်ဖက်ပြီး အမြဲ တက်ကြွလန်းဆန်းနေရမယ်။ ကိုယ်ပိုင် စတိုင်နဲ့ ခန္ဓာကိုယ်က မော်ဒယ် တစ်ယောက်အတွက် အရေးကြီး ဆုံးပါ။ညီမဆိုရင်အခုကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းရတယ်။ကိုယ်က မော်ဒယ်ဆိုတာ အမြဲခေါင်းထဲ သတိပေး ရတယ်။ ဒီအလုပ် ကိုလုပ်မှေ တာ့ ခန္ဓာကိုယ်အလှက ထိန်းရတော့တာပေါ့။ အခုဆိုရင် အသက်က ၂၃နှစ် ထဲရောက်လာပြီဆိုတော့ အစားလျှော့ပေမယ့် ဝလာတယ်။ အပင်ပန်း ခံနိုင်တယ်။ လေ့ကျင့်ခန်းတွေ လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ညီမလည်းကိုယ်ကိုယ်တိုင် မော်ဒယ်၊အနုပညာရှင်ပဲဆိုပြီး အမြဲသတိ ထား ထိန်းထိန်းသိမ်းသိမ်းနေရတယ်” လို့ ပြော ခဲ့ပါတယ်။

လက်ရှိမြန်မာပြည်က မော်ဒယ်တွေရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို မေးကြည့်တော့ “ဖက်ရှင်က မော်ဒယ်တစ်ယောက် အတွက် အရေးကြီးတာထက် အရေးပါတယ်ဆိုရင် ပိုပြီး ပြည့်စုံလိမ့် မယ်။ ပြောင်းလဲ လာတဲ့ခေတ်မှာ ခေတ်မီအောင် ဝတ်တတ်စား တတ်ဖို့ကလည်း အရေးကြီးတယ်” လို့ ပြောပါတယ်။ သရုပ်ဆောင် ဘက်လည်း လုပ်ကိုင်နေတယ်ဆိုတော့ နာမည်ကြီး သရုပ် ဆောင်တစ်ယောက် ဖြစ်သွားရင် မော်ဒယ် ဆိုတဲ့ နာမည်လေးကို မေ့လျော့ သွားမှာလား မေးကြည့်တော့ “ဒီ အလုပ် စလုပ်ကတည်းက မော်ဒယ်အပိုင်းရော၊ သရုပ်ဆောင် အိုက်တင်ပိုင်းရော ဝါသနာပါလို့ လုပ်ခဲ့တဲ့အတွက် တအားပဲ ကျေနပ် မိတယ်။ ဒါညီမဘဝရဲ့ အထူးခြားဆုံး အရာ ဖြစ် တယ်။ မော်ဒယ်နဲ့ သရုပ်ဆောင်နှစ်ခုစလုံးက ညီမရဲ့ ဘဝ မို့ ဘာပဲဖြစ်ဖြစ် ညီမမမေ့ဘူး။ ညီမဆက် ကြိုးစားမယ်။ အမြဲဝေဖန်အကြံပြုပေးစေချင်တယ်။ ပရိသတ် တွေ ဝေဖန်အကြံပြုတဲ့ အတိုင်း ပြင်ဆင်ပြီး ကြိုးစား သွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

ည ၁၀ နာရီကျော်လို့ အပြင်ထွက်ရင် မိုင်းပဲနင်းနင်း၊ သေနတ်နဲ့ပဲ အပစ်ခံရခံရ သူတို့တာဝန်မယူဟု အသံပေးမိုင်းတစ်လုံးခွဲ၍ ဒေသခံများကို KIA မှ သတိပေး

Posted by drmyochit Monday, October 14, 2013, under | No comments


ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းလေးကျေးရွာ သချိုင်္င်းကုန်းအနီးတွင်အောက်တိုဘာ ၁၂ ရက် ရက်ည ၉ နာရီခန့်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အဖွဲ့ တစ်ဖွဲ့မှ အသံပေးမိုင်းတစ်လုံးခွဲပြီး ယင်းရွာသူ ရွာသားများအား ည ၁၀ နာရီနောက်ပိုင်း ရွာပြင်မထွက်ရန် လာရောက် တားမြစ်သွားခဲ့ကြောင်း ယင်းဒေသ ခံအချို့ထံမှ သိရှိရသည်။

မန်စီမြို့နယ် နန့်အူကြီးကျေးရွာတစ်ဝိုက်၌ ၀င်/ထွက်သွားလာနေသော KIA တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၂ ရက်နေ့တွင် သံတံတားကျေးရွာ အနီးဝန်းကျင်သို့ အင်အားအလုံးအရင်းဖြင့် ရောက်ရှိ လာပြီး အဖွဲ့များ ခွဲ၍ သွားလာနေသောကြောင့် အစိုးရတပ်များနှင့် KIA တို့ တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားမှာ ကို ဒေသခံများက စိုးရိမ် နေကြသည်။

အဆိုပါ အသံပေးမိုင်းခွဲမှုနှင့်ပတ်သက်၍ မန်ဝိန်းလေးရွာသားတစ်ဦးအား မေးမြန်းကြည့်ရာ ``အဲဒီနေ့ည ၉ နာရီ လောက်မှာ ရွာအနောက်ဘက် သချိုင်္င်းနားလောက်က မိုင်းကွဲသံကြားရပါတယ်။ အသံကအကျယ်ကြီး ဆိုတော့ တစ်ရွာလုံး ကြောက်နေကြတာပေါ့၊ တိုက်ပွဲတွေ ဖြစ်တော့မှာလား ဆိုပြီး တွေးပူနေကြတာ။ အချို့ဆိုရင် အထုပ် အပိုးတောင်ပြင်ပြီး နေကြပြီ´´ ဟု ပြောပြသည်။

``မိုင်းကွဲပြီး နာရီဝက်လောက်ကြာတော့ ကချင်တပ်က အဖွဲ့တွေ ရောက် လာတယ်။ ည ၁၀ နာရီ ကျော်ရင် ရွာပြင်မထွက်ရဘူးလို့ ပြောသွားတာပဲ၊ ရွာပြင်ထွက်လို့ မိုင်းနင်းမိတာ ပဲ ဖြစ်ဖြစ်၊ သေနတ် ပစ်ခံ ရတာဘဲ ဖြစ်ဖြစ်၊ သူတို့အနေနဲ့ လုံးဝတာဝန်မယူဘူးလို့ ပြောဆိုပြီး ပြန်သွားကြတယ်´´ ဟု ၎င်းက ဆက်လက်ပြောပြသွားသည်။

အဆိုပါကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ တစ်ဝိုက်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)အဖွဲ့ ၀င်များအား လှုပ်ရှား သွားလာနေကြပြီး မိုင်းခွဲကာ အသံပေးခြောက်လှန့်ခြင်း၊ ရွာပြင်မထွက်ရန် လာရောက် တားမြစ် ခြင်းတို့ကြောင့် ဒေသခံရွာသူရွာသားများ စိတ်ဒုက္ခရောက်နေကြရကြောင်း ယင်းဒေသ ခံတစ်ဦးက ဆိုသည်။

``ရွာသူရွာသားတွေဟာ ရွာထဲမှာနေရပေမယ့်လုံခြုံတယ်လို့ မခံစားရပါဘူး။ ကချင်တပ်က ဒီလောက်သွား လာ နေမှတော့ အစိုးရ စစ်တပ်နဲ့ တစ်နေရာ မဟုတ် တစ်နေရာတွေ့ပြီး ပစ်ကြခတ်ကြဦးမှာပဲ၊ ဒုက္ခရောက် တာက ဒေသခံတွေပါဗျာ´´ ဟု မန်စီမြို့ခံကျောင်းဆရာတစ်ဦးက ပြောပြသွားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ တို့သည် အောက်တို ဘာ (၈၊၉၊ ၁၀) ရက်နေ့များတွင် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပပြီး သဘောတူညီ ချက်များ ရရှိခဲ့သော်လည်း KIA ၏ ယခုလို လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသား များ၏ လူနေမှု ဘ၀ စိုးရိမ်ဖွယ်ရာ ဖြစ်လာကြောင်း တရုတ် - မြန်မာနယ်စပ်ရှိ ကချင်အရေးလေ့လာသုံးသပ်သူ သတင်းထောက် တစ်ဦးကလည်း ပြောပြ သွားခဲ့သည်။

အယ်နော်ဆိုင်း


By ကချင်နေ့စဉ်သတင်း

ရေကျိုငါးပိ ပြဿနာ ထပ်မံပေါ်လာပါက ငါးပိ လုပ်ငန်းရှင်အသင်း တာဝန်ယူမည်

Posted by drmyochit Monday, October 14, 2013, under | No comments


ရန်ကုန်မြို့တော်တွင် ရေကျိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက် ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်က ပြောကြားသည်။

လက်ရှိ အချိန်တွင် ငါးပိ ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် နှစ်ရာနီးပါး ရှိပြီး အသင်းဝင်တိုင်း၏ စားသောက်ကုန် အရည်အသွေးကို အသင်းက တာဝန်ယူ စစ်ဆေးပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ရေကျိုငါးပိတွင် ယူရီးယား တွေ့ရှိသည်ဆိုသော စားသုံးသူ ကာကွယ်ရေး အသင်း၏ ထုတ်ပြန်ချက်ကြောင့် ငါးပိ ဈေးကွက် ရောင်းအား နှစ်ဆ နီးပါး လျော့ကျခဲ့ရာက စားသုံးသူများအတွက် လုံခြုံစိတ်ချမှု ရှိသော သန့်ရှင်းသော ငါးပိဈေးကွက် ပေါ်ပေါက်ရန် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ငါးပိလုပ်ငန်းရှင်များ၊ စားသုံးသူ ကာကွယ်ရေးအသင်း၊ ဇီဝဓာတု ပညာရှင်များနှင့် စားသုံးသူများ စုစည်းကာ ပထမဆုံး အဖြေရှာခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က အခုဆို အချိုမှုန့်ရော၊ ကြက်သားမှုန့်ကိုပါ ရှောင်ထားကြတယ်။ အဓိက ငါးပိ၊ ငံပြာရည် တို့ကိုပဲ အားကိုးပြီး သုံးနေရတာပါ။ ဒါကိုရောင်းတဲ့ လုပ်ငန်းရှင်တွေက တာဝန်ယူ ပေးနိုင်ရင် ကောင်းမယ်” ဟု စားသုံးသူတစ်ဦးက ဆိုသည်။

ယင်းကြောင့် စားသုံးသူ ကာကွယ်ရေး အသင်းက စားသုံးသူများ၏ အခွင့်အရေးနှင့် အန္တရာယ် ဖြစ်စေမည့် အရာများကို အခါအခွင့် သင့်တိုင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အဆိုပါ အသင်း၏ အတွင်းရေးမှူး ဒေါက်တာရီလွင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် တည်ထောင်ထားပြီး အကျယ်အဝန်းအားဖြင့် မြေဧက ၉၀၀ ကျော် ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဘက်က ရရှိသော ငါးများကို ငါးပိအဖြစ် အဆင့်ဆင့် ပြုလုပ်ကာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူး ရောင်းချနေကြောင်း ငါးပိလုပ်ငန်းရှင်များထံမှ သိရသည်။

The Voice Weekly

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို

Posted by drmyochit Monday, October 14, 2013, under | 1 comment


၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။

၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။

အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း လေ့လာသူများကသုံးသပ်သည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း ပြည်ပပညာရှင်များကလည်းထောက်ပြလျက်ရှိသည်။

ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ရောက်ရှိနေသည်။

အပူချိန်များတိုးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့သည် Global Warning ကမ္ဘာကြီး ပူနွေးလာမှု၏ ဆိုးကျိုးများဖြစ်ပြီး ၎င်း၏ သက်ရောက်မှု (Impact) များကို အရှေကတောင်အာရှနိုင်ငံများမှ လေ့လာ စူးစမ်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော နိုင်ငံများထက် ထူးခြားစွာ ထိခိုက်မည့်မိမိတို့နိုင်ငံသည် Global Warming ၏ Imparct များကို မလေ့လာဘဲ ကြိုတင်ပြင်ဆင်မှုများမရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

“သူများနိုင်ငံတွေ အကုန်လေ့လာပြီးပြီ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး၊ အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်၊ အားလုံးကြို တင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု ၎င်းက ပြောကြားသည်။

၂၁ ရာစုကုန်ပိုင်း အပူချိန်တိုးလာချိန်တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဆားငန် ရေများ ၀င်လာပြီး မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များက သုံးသပ်သည်။

ထို့ပြင် သောက်သုံးရေပြတ်လပ်ခြင်း၊ စိုက်ပျိုးမြေပျက်၍ ဆန်ရေစပါး ရှားပါးခြင်း၊ ငါးလုပ်ငန်း များ ပျက်ဆီးခြင်း၊ တောတာင်များ မီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းတို့က ဆိုသည်။

ကမ္ဘာကြိး၏ ၃၀ ရာခိုင်နှုန်းသည် စိမ်းလန်းသည့် သစ်တော့များနှင့် ဖုံးအုပ်ထားပြီး စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိကြောင်း၊ သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧရိယာစတုရန်းမီတာ 
၇၃၂၀၀ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် လူသား တို့ကိုယ်တိုင် ဖန်တီး ခဲ့ခြင်းဖြစ်ပြီး လူသားများပင် ပြန်လည် ထိန်းသိမ်းကာကွယ်ရမည့် ပြဿနာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများကို အမှတ်တမဲ့ မနေသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆိုးရွာလာတဲ့ အကျိုးဆက်များကို သေချာလေ့လာသုတေသနပြု ကြိုတင်ကာကွယ်ထိန်း သိမ်းခြင်းများ လုပ်ဆောင်ရတော့မည်ဖြစ်သော်လည်း သုတေသနအနေဖြင့် စနစ်တကျ လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

ကမ္ဘာ့ပူနွေးမှုကို ကာကွယ်ပေးမည့် မြန်မာ့ သစ်တောများသည် မြေ အသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့်ပျက်စီးနေရသကဲ့သို့ သဘာဝကို ပြုစုပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တော အရည်အသွေးများ ကျဆင်းလျက်ရှိရာ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း ကျွန်းနှင့် ပျဉ်းကတိုး တို့၏ ထုထည်နှင့် ပါဝင်မှု ရာခိုင်နှုန်းများသိသိသာသာ ကျဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာသန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့် ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေရာမှကုဗမီတာ သန်းပေါင်း ၁၄၉ ဒသမ ၄ နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်းသစ် ၁၀မျိုးကို ကြည့်လျှင်လည်း ထုထည် ကုဗမီတာ သန်းပေါင်း ၁၃၄၀ ဒသမ ၀၅ နှင့် ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေရာမှ ထုထည် ကုဗမီတာ သန်းပေါင်း ၅၅၉ ဒသမ ၆၂ ရာခိုင်နှုန်းနှင့်ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနတို့ထံမှ စုံစမ်းသိရှိရသည်။

တောင်ယာလုပ်ရန် ရှို့သည့်မီးလောင်ခြင်း အပါအ၀င် တောမီးလောင်မှုခြင်းများလည်း မြန်မာနိုင်ငံအနှံ့ တွင် ဆက်တိုက်ဖြစ်ပွားနေခြင်းကလည်း သစ်တောပြုန်းတီးမှုကို အားပေးနေကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးကော်မတီက ထုတ်ပြန်ချက်များအရလည်း သိရသည်။

မြန်မာနိုင်ငံသည် အာရှ၏ စက်မှုအင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်သည့်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် ကျရောက်ခြင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အကျိုးသက်ရောက်မှု ကြီးကြီး မားမားဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်ထားသည်။

ရေးသားသူ- မောင်ထက်
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်
By The Express Times

အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးဘူးဆိုတဲ့ စံရတီမိုးမြင့်

Posted by drmyochit Monday, October 14, 2013, under | No comments


ဒါရိုက်တာသိန်းဟန် (ဖီးနစ်) ရိုက်ကူးနေတဲ့ ‘ကူညီချင်လွန်းလို့’ ဇာတ်ကားကို စံရတီမိုး မြင့် က ဖြိုးငွေ စိုးနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါ တယ်။ အခုနောက်ပိုင်းမှာ ဇာတ် ကားရိုက်ကူးမှု တွေ များလာပြီး ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရရှိထားပေမယ့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက်တော့ လောလော ဆယ်မှာ မရိုက် ကူးဖြစ်သေး ဘူးလို့ ပြောလာတဲ့ စံရတီမိုးမြင့် က “ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ကတော့ ပြောထားတာရှိပါတယ်။ လောလောဆယ်တော့ မရိုက်ဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားကြီး ရိုက်တာက ကိုယ့်အတွက် တာဝန်လည်း တအားကြီးပါတယ်။ ကားကြီးရိုက်ဖို့လာ ပြီးကမ်း လှမ်းပေမယ့် ကိုယ့်ဘက်မှာက တခြားကားရိုက် တွေနဲ့တိုက်တော့ မရိုက်ဖြစ် တာလေးတွေလည်း ရှိတယ်။ အနုပညာရှင် တစ်ယောက် အနေနဲ့တော့ ရုပ်ရှင်ကားကြီးရိုက်ချင် ပါတယ်။ အကယ်ဒမီဆု ဆိုတာလည်း အနုပညာရှင် တိုင်းအတွက် အမြင့်ဆုံး ဆုတစ်ဆုပါပဲ။ လူတိုင်းလည်း လိုချင်ကြပါ တယ်။ အဲဒီအတွက်လည်း စံရတီက ရုပ်ရှင်ကား ကြီးရိုက်ဖြစ်ခဲ့ရင် အများကြီးကြိုး စားသွားမှာပါ” လို့ပြောပါတယ်။
စံရတီမိုးမြင့်က အခုနောက်ပိုင်း မှာလည်း ပရိသတ်လည်း ကြည့်ရတာအဆင် ပြေပြီး ကိုယ်တိုင်လည်း လုပ်နိုင်တဲ့ ဇာတ်ပုံစံမျိုး တွေကိုပဲ ဦးစားပေးပြီး ရိုက်ဖြစ်နေတယ် လို့ ပြောပါတယ်။ အခုအချိန်မှာတော့ အနုပညာ အလုပ်တွေကိုပဲ အာရုံစိုက်ပြီးလုပ်ဖြစ်နေပြီး အိမ်ထောင်ရေးကိုတော့ မစဉ်းစားဖြစ်သေး ပါဘူးလို့ စံရတီမိုးမြင့်က ဆိုပါတယ်။

“စံရတီရဲ့အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အဓိကကတော့ အခုအချိန်မှာ ပိုပြီးတော့ အလုပ်ကိုပဲ အာရုံစိုက်ဖြစ်နေပါတယ်။ဘာဖြစ် လို့လဲဆိုတော့ ဒီအလုပ် က ကိုယ့် အတွက် ပိုပြီးအကျိုး ပြုနိုင် တယ်။စံရတီကတော့ အိမ် ထောင်ရေးကို အသက် ၂၆ နှစ် ကျော်မှပဲ စပြီးစဉ်းစားဖြစ်မယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု ဖို့စိတ် ကူးမရှိပါဘူး။ ကိုယ့်ရဲ့ အိမ် ထောင်ဖက်ကလည်း ကိုယ့်အလုပ်ကို နားလည်ပေးတဲ့ သူမျိုး၊ မိဘကို ရိုသေ တဲ့သူမျိုးဖြစ်ရမယ်။ တကယ်တမ်းချ ပြရရင်တော့ အချက်တွေက အများကြီး ပါပဲ” လို့ ပြောပါတယ်။

လွင်လွင်ထွန်း

သီချင်းတွေပဲဆိုဖြစ်နေတဲ့ ချစ်စနိုးဦး

Posted by drmyochit Monday, October 14, 2013, under | No comments


‘ခိုနားခွင့်ပေးပါ’ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးထွက်ရှိထားတဲ့ သရုပ်ဆောင်အကယ်ဒမီချစ်စနိုးဦးက တစ်ခွေလုံးမှာကိုယ်ပိုင်သံစဉ်တွေချည်းပဲ လုပ်ထားတာကြောင့် ပရိသတ်အားပေးမှု အသံတွေကို အခုလို ပြောပြပါတယ်။

”အခု ပရိသတ်တွေဆီက ပြန်ကြားတာကတော့ သီချင်းလေးတွေ ကောင်းတယ်။ ပရိသတ်ကတော့ Dictionary ကို ကြိုက်ကြတယ်ပြောတယ်။ ရှင်းရှင်းပြောရရင်တော့ ချစ်စနိုးက တစ်ခွေလုံးကို ကိုယ်ပိုင် သံစဉ်တွေ ချည်းပဲ လုပ်ထားတာဖြစ်တဲ့အတွက် ချစ်စနိုးဦးအနေ နဲ့ ပြောရရင် တစ်ခွေလုံးကို ကြိုက် ပါတယ်။ အဲဒီအထဲမှာ ပရိသတ်က ဒီဟာလေးကို ကြိုက်တယ်ဆိုတော့ ဝမ်းသာ ပါတယ်” လို့ ချစ်စနိုးဦးက ပြောပါတယ်။

‘ခိုးနားခွင့်ပေးပါ’ Audio CD ထွက်ပြီးသွားပြီဖြစ်တဲ့အတွက် ဂီတနဲ့ ပတ်သက်တဲ့ အနုပညာ လှုပ်ရှားမှု တွေကိုလည်း ချစ်စနိုးဦးက..

“အတွဲခွေကတော့ ကိုမိချောစီစဉ်တဲ့ အတွဲခွေမှာ ဆိုဖို့ ပြောထားတယ်။ အဲဒါလေးတော့ ရှိမယ်။ လောလော ဆယ်တော့ ကိုယ့် အခွေကိုပဲ ဗီစီဒီရိုက်ဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

သီတင်းကျွတ်ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်တဲ့ အတွက် ရှိုးတွေဆက်တိုက်ဆိုဖြစ်မယ့် အကြောင်းတွေ ကိုလည်း ချစ်စနိုးဦးက “ဒီလက သီတင်းကျွတ်လည်း ဖြစ်တယ်။ ပွင့်လင်း ရာသီလည်း ရောက်လာပြီဆို တော့သီချင်းဆိုဖို့ကတော့ တောက် လျှောက်များနေ တယ်။ ခရီးတွေကတော့နေပြည် တော်၊ မန္တလေးအဲဒါတွေပဲများနေတယ်” လို့ ပြောပါတယ်။ ‘ခိုနားခွင့်ပေးပါ’ ကိုဗီစီဒီရိုက်ဖို့ ပုံစံအသစ် အဆန်းတွေကော စိတ်ကူးထားပြီးပြီလားဆိုတော့ ချစ်စနိုးဦးက “ဗီစီဒီကို အချိန်ပေးပြီး ရိုက်ဖို့စဉ်းစား
ထားပါတယ်။မပန် (ဆုပန်ထွာ)နဲ့ တောင် တိုင်ပင်ဖြစ်သေး တယ်။နှစ်ယောက် ပေါင်းပြီးတော့ ဘန် ကောက်မှာပဲဖြစ်ဖြစ်ပေါ့။လိုကေး ရှင်းအသစ်လေးလည်း ဖြစ်သွား အောင်အဲဒီလိုမျိုးလေးလည်း တစ်ပုဒ်၊နှစ်ပုဒ်လောက်ထည့် ရိုက်ဖြစ် မယ်” လို့ပြောပါတယ်။

မျိုးမောင်

မြန်မာနိုင်ငံရဲတပ်ဖွဲ့က မိဘပြည်သူညီအစ်ကိုမောင်နှမများသို့ မေတ္တာရပ်ခံအကူအညီတောင်းခြင်း

Posted by drmyochit Monday, October 14, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ချထား ဆောင်ရွက် လျက်ရှိပါသည်။

လုပ်သားပြည်သူများအနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့်လမ်းကြိုလမ်းကြားများတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်း သတင်းပို့ပေးကြပါရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း မိမိရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များအားဆက်လက် သတင်းပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြားထားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

လုပ်သားပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ အထိတ်တလန့်ဖြစ်အောင်နှင့် ထိခိုက်ဒဏ်ရာ ရသေစေအောင် အဖျက်အမှောင့်လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေသူ များအား ၀ိုင်းဝန်းကူညီပူးပေါင်းပါဝင် ဖေါ်ထုတ်ပေးကြပါရန် တိုက်တွန်းနိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။
By Yangon Police

ဘာသာကြီး (၃) ရပ်၏ အထွဋ်အမြတ် ပွဲတော်များ တစ်ပတ်တည်း အတွင်း ပြိုင်တူကျ

Posted by drmyochit Monday, October 14, 2013, under | No comments


ယခုနှစ်အတွင်း ဘာသာကြီး (၃) ခု ဖြစ်သည့် ဟိန္ဒိ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပွဲတော်များမှ ရက်သတ္တပတ် တစ်ခု အတွင်း ပြိုင်တူ ကျရောက်ခဲ့သည်။

ဟိန္ဒီ ဘာသာဝင်များ၏ အထွဋ်အမြတ် ဘာသာရေးပွဲတော် တစ်ခု ဖြစ်သော ဒူရဇာ ပူဇာ ( Durga Puja) ပွဲတော်ကို အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

ဟိန္ဒီဘာသာဝင်များ နေထိုင်သော အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့ အပါအ၀င် ကမ္ဘာ့ အနှံ့အပြားတွင် ဒူရဇာ ပူဇာ ပွဲတော်ကို ခြိမ့်ခြိမ့်သည်း ကျင်းပနေကြပြီ ဖြစ်သည်။

အလားတူ အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ် Eid အိဒ်ပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်နေ့ ကျင်းပ ပြုလုပ်ကြမည် ဖြစ်သည်။

သန်းနှင့် ချီသော အစ္စလာမ်ဘာသာဝင်သည် သူတို့၏ အိဒ်ပွဲတော်ကို ဆင်နွဲရန် အတွက် စီစဉ်နေကြပြီ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့၏ ၀ါကျွတ်ပွဲတော်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ ကျရောက်မည် ဖြစ်ရာ မြန်မာနိုင်ငံ အပါအ၀င် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည်များတွင် ၀ါကျွတ်ပွဲတော်ကို ကျင်းပရန် စီစဉ်နေကြပြီ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များသည် ၀ါကျွတ်လပြည့်နေ့တွင် ဘုရားရှင်အား အာရုံပြုပြီး မီးပုံးပျံများ အာကာသို့ လွှတ်တင်ခြင်း၊ ဆီးမီး ပူဇော်ခြင်းနှင့် သက်ကြီးရွယ်အိုများကို ကန်တော့ ပူဇော်မူ ခြင်းစသည့် ကုသိုလ် ကောင်းမူတို့ကို ပြုလုပ် ကြသည်။

ယခုနှစ်တွင် ဘာသာကြီး (၃) ခုမှ ပွဲတော်များ ရက်သတ္တပတ် အတွင်း ရှေ့ဆင့် နောက်ဆင့် ကျရောက်ခြင်းမှာ ထူးခြားမူ ရှိနေကြောင်း သိရသည်။

(နိရဉ္စရာ- ၁၄ အောက်တိုဘာ ၂၀၁၃)

လက်တွေ့မဆန်သော စိတ်ကူးယဉ်စကားများကြောင့် ယုံကြည်ဖို့ ခက်ခဲသွားပြီ UNFC

Posted by drmyochit Monday, October 14, 2013, under | No comments


ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက UNFC ဟာ ပြည်သူလူထုရဲ့ အထင်ကြီး အာရုံစိုက်ခံရမှုကို ရရှိခဲ့တဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အချို့နဲ့အပြိုင် UNFC အဖွဲ့ကလည်း ဖွဲ့စည်းပုံကိစ္စကို ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစခဲ့တဲ့ ဖွဲ့စည်းပုံကိစ္စဟာ လတ်တလော ကာလ မှာတော့ ပြည်သူလူထုစိတ်ဝင်စားမှု အခံရဆုံးစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါပြီ။ UNFC က လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရေးမူကြမ်း ပြုစုနေပြီလို့တောင် သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အခုလောလောဆယ် UNFC က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် ဆွေးေ နွးခဲ့ ကြာတာလို့ သိရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အတွေးထဲမှာ UNFC ရဲ့ လုပ်ဆောင်မှုတွေကို အ မှတ် ထင်ထင်ရှိနေခဲ့တာဖြစ်လို့ ဖွဲ့စည်းပုံအကြောင်း ရေငုံနှုတ်ပိတ်ဖြစ်နေတာကို အားမလိုအားမရ ဖြစ် မိပါတယ်။

ဒါပေမယ့် UNFC ဟာ ဖွဲ့စည်းပုံကိစ္စနဲ့ ပတ်သက်ပြီး အပြောသာကြီးခဲ့ပေမယ့် လက်တွေ့မှာ ဘာမှ မလုပ် ကြနိုင် သေးဘူးဆိုတာ အများက သတိပြုမိလာပြီ ဖြစ်ပါတယ်။ ဒေါက်တာ ဆလိုင်းငွန်ကျုံးလန် နှင့် အင်တာ ဗျူးတစ်ခု ကို ဖတ်လိုက်ရတော့မှ UNFC ဟာ စက္ကူကျားဖြစ်မှန်း သိခွင့်ရခဲ့ပါတယ်။

UNFC က အခြေခံဥပဒေကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှ ရေးဖော် ဆောင် ပေးနိုင်မယ့်ဟာကို သွားချင်တယ်လို့ သိရပါတယ်။ ပြီးရင် UNFC ရဲ့ နောက် ဆုံးအစည်း အဝေး မှာ လည်း ၂၀၀၈ ကတည်းက အာဏာခွဲဝေမှုဇယား ၁၊ ၂၊ ၃၊ ၅ နှင့် သယံဇာတ ခွဲဝေရေးတွေကို ပြင်ချင်တ ယ်လို့ ပြောသွားခဲ့တာ သိရပါတယ်။

ဒီတော့ UNFC ရဲ့ နောက်ဆုံး အတည်ပြုချက်က ဘာလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဖွဲ့စည်းပုံ အ သစ် ရေးမယ်ပြောပြီးမှ ပြင်ဆင်ချင်တယ်လို့ ပြောလာတော့ ရှေ့နောက်စကား မညီဘူးလို့ အများက သတ် မှတ်ထား ပြီ ဖြစ်ပါတယ်။ UNFC ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။ စပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တဲ့ စကားဟာ အတည်ဖြစ်ဖို့ လိုပါတယ်။ ခု တစ်မျိုးပြော တော်ကြာတစ်မျိုးပြောခြင်းဟာ သိက္ခာရှိတဲ့ လုပ်ရပ် မဟုတ်တဲ့အတွက် UNFC တစ်ဖွဲ့လုံး အ တွက် အရှက်ရ စေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

UNFC မှာ ပါဝင်တဲ့ အဖွဲ့(၁၁)ဖွဲ့လုံးမှာရှိတဲ့ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုရော ပါဝင်ခဲ့သလား မေး စရာ ဖြစ်လာပါပြီ။ အဖွဲ့(၁၁)ဖွဲ့လုံးက ကိုယ်စားလှယ်အဖြစ် လာရောက်ကြတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အာဘော် လို့တောင် ထင်မြင်ချက်တွေ ပေးနေကြပါပြီ။ အင်အားနည်းနည်းနဲ့ ကျဲကျဲဝိုင်းထားတဲ့ UNFC ဆိုတာ အိမ် ပြည့်အဖွဲ့တွေ များလို့ အခုလို ကမောက်ကမတွေ ဖြစ်ကုန်တာလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

UNFC ရဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်တဲ့ စကားတွေကြောင့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ် စဲရေး အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက UNFC နဲ့ ထပ်တွေ့ဆုံညှိနှိုင်းစရာ မလိုတော့ ဘူးလို့ ပြောထားတာက သက်သေပြနေပါတယ်။ ဒါ့ကြောင့် UNFC အပေါ်မှာလည်း အများက ယုံ ကြည်ဖို့ အတော်ခက်ခဲသွားပြီလို့ ပြောနိုင်ပါတယ်။

ဖွဲ့စည်းပုံကို ပြင်မှာလား၊ ဒါမှမဟုတ် အသစ်ရေးဆွဲမှာလားဆိုပြီး NLD က လူထုဆန္ဒ ကောက်ခံမှုကို စတင် နေပြီဖြစ်ပါတယ်။ ဒါဆိုရင် ဖွဲ့စည်းပုံအသစ်ဆွဲနေပြီလို့ ပြောခဲ့တဲ့ UNFC ကရော ဘာလုပ်မှာပါလိမ့်။ တစ်ခု ခုတော့ လုပ်ပြဖို့ လိုနေပါပြီ။ ကြားရတဲ့ သတင်းတွေအရတော့ UNFC က ရေးဆွဲဖို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းဟာ အမှိုက်ပုံးထဲရောက်သွားပြီဆိုတာပါပဲ။

UNFC အနေနဲ့ အဖတ်ပြန်ဆယ်ဖို့ လိုပါတယ်။ အစကတည်းက လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်စကားတွေ မ ပြောခဲ့ရင် ဒီလောက်ထိ သိက္ခာကျစရာအကြောင်း မရှိပါဘူး။ ခုတော့ အပြောနဲ့အလုပ် မညီတဲ့ အဖွဲ့အစ ည်း အဖြစ် အများက မြင်သွားကြပြီ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး UNFC ဘာလုပ်မလဲ စောင့်ကြည့်ရပါဦးမယ်။
အားလုံးက တညီတညွှတ်တည်း မှတ်ချက်ပေးလိုက်ကြသလို “ လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်စကား တွေ ကြောင့် ယုံကြည်ဖို့ ခက်ခဲသွားပြီ UNFC ” လို့ပဲ ပြောလိုက်ချင်ပါတော့တယ်ဗျာ။ ။

ကျော်မျိုးထက် (မုဒုံ)

သမ္မတ၏ သမီးဖြစ်သူ လိင်ပျော်ပါးသည့် ပါတီပွဲတက်ခဲ့ဟုဆို

Posted by drmyochit Monday, October 14, 2013, under | No comments


ချက်နိုင်ငံ သမ္မတ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူမှာ မဖွယ်မရာ ပါတီပွဲတစ်ခုသို့ တက်ရောက်ပျော်ပါး ခဲ့ကြောင်း စွပ်စွဲမှုများကို အသည်းအသန် ငြင်းဆိုဖြေရှင်းနေရသည်။ အင်တာနက်တွင် ကက်ထရီနာ ဇီမာနိုဗာဟု ယူဆရသည့် အမျိုးသမီး တစ်ဦးသည် အုပ်စုလိုက် လိင်ပျော်ပါးသည့် ပါတီပွဲတစ်ခုတွင် တက်ရောက်ခဲ့ကြောင်း ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည့်နောက် သမ္မတရုံးက ယင်းသည် အတုအပ လုပ်ကြံမှုသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။ အသက်(၁၉)နှစ်ရှိ ကက်ထရီနာဟု ယူဆရသော မိန်းကလေးသည် လူအများ ရှုပ်ထွေးနေသည့် ပါတီပွဲတွင် မြူးထူးရယ်မောနေပြီး သူမ၏ဘေးတွင် စုံတွဲတစ်တွဲက မဖွယ်မရာ ပြုမူနေသည်ကိုလည်း တွေ့ရှိရသည်။ ဘလောက်စ်အင်္ကျီ အဖြူရောင်၊ မီနီစကက် အနက်ရောင် ဝတ်ထားသော မိန်းကလေးသည် သူငယ်ချင်းများနှင့်အတူ ပရာ့ဂ်မြို့ရှိ ကလပ်တစ်ခု၌ ကခုန်နေသည့် ဗီဒီယိုကို Extra.cz ဝက်ဘ်ဆိုက်က လွှင့်တင်ခဲ့သည်။

ကက်ထရီနာသည် သူငယ်ချင်းများနှင့်အတူ PartyHardcore.comက စီစဉ်ပေးသည့် အပျော်ကျူးပွဲ တစ်ခုသို့ တက်ရောက်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်နေသည်။ ယင်းဝက်ဘ်ဆိုက်သည် အုပ်စုဖွဲ့ လိင်ပျော်ပါးသည့် ပွဲလမ်းသဘင်များကို စီစဉ်ဖန်တီးပေးလေ့ ရှိသည်။ သို့သော်လည်း ကက်ထရီနာ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကမူ ယင်းဗီဒီယိုထဲမှ အမျိုးသမီးသည် ကက်ထရီနာ လုံးဝမဟုတ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။ "အဲဒါ ကျွန်မမဟုတ်ပါဘူး။ ဒီပုံရိပ်တွေက လုပ်ကြံမှုတွေ၊ အတုတွေချည်းပါပဲ"ဟုလည်း ကက်ထရီနာက ပြောကြားခဲ့သည်။

သို့သော်လည်း နံဘေးပတ်ဝန်းကျင်မှ လူများ၏ ပုံရိပ်ကို ဖြတ်တောက်ထားသည့် ဗီဒီယိုထဲမှ အမျိုး သမီးသည် ကက်ထရီနာပင် ဖြစ်လိမ့်မည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသလို ချက်နိုင်ငံမှ အင်တာနက် အသုံးပြုသူများကြား အကြီးအကျယ် အငြင်းအခုန် ဖြစ်နေကြသည်။ "ဒါဟာ ကက်ထရီနာဆိုတာ သေချာ ပါတယ်။ လူတူတာ မဖြစ်နိုင်ဘူး။ မျက်နှာက တင်းတိပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်"ဟု Extra.czမှ အယ်ဒီတာက မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ပါတီပွဲသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သည်ဟု ယူဆရပြီး အချိန်အားဖြင့် ကက်ထရီနာ၏ ဖခင် မီလို့စ်ဇီမာနိုဗာ အောင်ပွဲခံခဲ့သည့် ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းမျှ အလိုတွင်ဖြစ်သည်။ 
By Planet

ကျော်ကြားခဲ့တဲ့ ဂြိုလ်သားဖြစ်ရပ်တွေထဲက တစ်ခု

Posted by drmyochit Monday, October 14, 2013, under | No comments


၁၂ ရာစုက အင်္ဂလန်နိုင်ငံ Suffolk ဒေသနားက လယ်သမားတစ်ယောက်ဟာ ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခုကို တွေ့ရှိခဲ့ပါတယ်။လယ်ကွင်းထဲမှာ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယော က် နဲ့ ကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့အသားအရေတွေက အစိမ်းရောင်တွေဖြစ်နေပါတယ်။ကလေးတွေကို သူကအိမ်ေ ခ်ါသွားပါတယ်။သူတို့ကထူးဆန်းတဲ့ ဘာသာတစ်ခုကို ပြောဆိုကြပြီးတော့ ၀တ်ဆင်ထားတာတွေက လဲသ တ္တုနဲ့လုပ်ထားတဲ့အင်္ကျီပျော့တွေပါ။ကောင်လေးကတော့ အစာမစားနိုင်ဖြစ်ပြီးတော့ မကြာခင်သေ ဆုံးသွား ပါတယ်။ကောင်မလေးကတော့ ပဲစေ့နဲ့အခြားအရာလေးတွေကို စားသောက်ပြီး ကြီးပြင်းခဲ့ပါတယ်။နောက် ပိုင်းအခြားအစားအစာတွေနဲ့ နို့တွေကိုသောက်ပြီး အသက်ကြီးလာတော့ အသားအရောင်ပြောင်း သွားခဲ့ပါ တယ်။နောက်ပိုင်း အင်္ဂလိပ်စကားကို သင်ပေးပြီးတော့ မေးကြည့်တဲ့အခါမှာတော့ သူမက နေမရှိတဲ့ မှောင် မဲနေတဲ့နေရာတစ်ခုကပါတဲ့။သူတို့လူတွေ အားလုံးဟာ အစိမ်းရောင်တွေပါ။သူတို့နှစ်ယောက်ဟာ မိဘေ တွမသိအောင် ခိုးထွက်ရင်းကနေ ဒီကိုရောက်ရှိလာတာပါ လို့ဆိုပါတယ်။

အလားတူဖြစ်ရပ်မျိုးကို ၁၈၈၇ စပိန်နိင်ငံ Banjosမှာဖြစ်ပွားခဲ့ပါတယ်။ကောင်လေး တစ်ယောက်နဲ့ကောင် မလေးတစ်ယောက်ကို အနီးအနားက ဂူတစ်ခုမှာတွေ့ပါတယ်။အသားအရေတွေလဲ စိမ်းနေပြီးတော့ မျက် လုံးတွေကတော့ အာရှတိုက်သားတွေနဲ့တူနေပါတယ်။နေရောက်နဲ့တွေ့တဲ့အခါမှာ မေ့လဲကုန်ကြပါတ ယ်။ ကောင်လေးက သေဆုံးသွားပြီးတော့ ကောင်မလေးကတော့ စားသောက်ပြီး ကြီးပြင်းကာ စပိန်ဘာသာကို လဲ သင်ယူနိုင်ခဲ့ပါတယ်။

သူမ ပြောပြတာကတော့ သူတို့ရဲ့အလင်းမရှိတဲ့ကမ္ဘာအကြောင်းဖြစ်ပြီးတော့ သူတို့နှစ်ယောက် ဆော့က စားနေစဉ် လေပွေလို အရာတစ်ခုထဲမြောပါပြီးတော့ ဒိကိုရောက်လာတာပါတဲ့။အဲဒီကောင်မလေးကတော့ ၁၈၉၂ မှာ သေဆုံးသွားပါတယ်။

ဒီအကြောင်းကို ပညာရှင်တွေက အမျိုးမျိုးယူဆကြပါတယ်။တစ်ချို့က ဂြိုလ်သားတွေ၊တစ်ချို့က မြေအော က်မှာနေတဲ့ လူမျိုးတွေနဲ့ ဆရာဝန်တွေကတော့ malnourishment ရောဂါတစ်မျိုးကြောင့် အသားအရေ အစိမ်းရောင်ဖြစ်တာလို့ဆိုလိုပါတယ်။

ဒါပေမယ့် လူအများစုကတော့ ဂြိုလ်သားတွေလို့ယုံကြည်ကြပြီးတော့နောက်ပိုင်း ဇတ်လမ်းတွေနဲ့ ၀တ္တုေ တွမှာတောင် အဲလို ကောင်လေးနဲ့ကောင်မလေးကို ထည့်ရိုက်တတ်ကြပါတယ်။

မောင်စိုင်း
(ကနောင်)
Scientist Myanmar

ညသန်းခေါင်အချိန်ရောက်တိုင်း လမ်းပေါ်မှာအ၀တ်အစားချွတ်ပြတတ်သည့် မိန်းကလေး၏ အ၀တ်မဲ့ ဓာတ်ပုံများ အင်တာနက်မှာ ပျံ့နှံ့နေ

Posted by drmyochit Monday, October 14, 2013, under | No comments


တရုတ်နိုင်ငံရှိ အင်တာနက် အသုံးပြုသူများကြား အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်နေစေသည့် ရှန်ဟိုင်း အဖော်အချွတ်မယ်ကို မြို့တော် ရဲတပ်ဖွဲ့က စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။ သူမ၏ ဓာတ်ပုံများသည် တရုတ်ရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာသော်လည်း ယင်းမိန်းကလေး မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူမနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များကို မည်သူမျှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။ လူအများရှေ့တွင် အဝတ်အစားများကို လှစ်ပြတတ်သည့် ပဟေဠိဆန်သော မိန်းကလေးကို ယခုအခါ ရှန်ဟိုင်းရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းမှု စတင်နေပြီဟု သိရသည်။

ပထမဆုံး သူမ၏ ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်လာချိန်က အရက်မူးနေသည့် မိန်းကလေးတစ်ဦး အဆင်ခြင်မဲ့ ပြုမူသည်ဟု ယူဆခဲ့ကြသော်လည်း သီတင်းပတ် အတော်များများ ကြာလာသည်အထိ ဓာတ်ပုံအသစ်များ ပေါ်ထွက်နေသည့်နောက် လူပြောများသည့် သတင်းတစ်ခု ဖြစ်လာခဲ့သည်။ ဓာတ်ပုံတစ်ခုတွင် လူအများ သွားလာနေသည့် ဟန်ရှန်လမ်းမပေါ်၌ ကင်မရာဘက်သို့ လှည့်ကာ အဝတ်အစားများကို လှစ်ပြနေသည့် မိန်းကလေး၏ ပုံရိပ်ကို တွေ့နိုင်သည်။ ထို့နောက်ပိုင်းတွင် ရှင်တီယန်ဒီနှင့် ဘွန်းဧရိယာများ၌ပါ ညဘက်ထွက်၍ အဝတ်အစားများ ချွတ်ပြသည့် မိန်းကလေး၏ ဓာတ်ပုံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

ရှန်ဟိုင်း ရဲတပ်ဖွဲ့သည် နောက်တစ်ကြိမ် လူအများရှေ့သို့ ထိုအမျိုးသမီး ထွက်ပေါ်မလာမီ သူမကို အတည်ပြု ဖော်ထုတ်နိုင်ရန် တစ်မြို့လုံးအနှံ့ ရှာဖွေမှုများ ပြုလုပ်နေသည်။ သို့သော်လည်း သူမ၏ သတင်းကို လုံးဝဥဿုံ အစအန မရသေးဘဲ ရှိနေကြောင်း သိရသည်။ အင်တာနက်တွင် ရှန်ဟိုင်းမှ အဖော်အချွတ်မယ်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသူဟု အများစုက လက်ခံထားပြီး သူမကို ကူညီနေသည့် ဓာတ်ပုံသမား တစ်ဦးလည်း ရှိနိုင်သေးကြောင်း ဆွေးနွေးနေကြသည်။ တရုတ် အင်တာနက် လုံခြုံရေး တာဝန်ရှိသူများကလည်း ဓာတ်ပုံများ စတင်လာသည့် ရင်းမြစ်ကို ရဲတပ်ဖွဲ့နှင့်အတူ ကူညီ ရှာဖွေပေးနေကြောင်းလည်း သိရှိရသည်။ 
By Planet

၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်၊ မထောင် ယခုနှစ်ကုန်ပိုင်း ဆုံးဖြတ်မည်

Posted by drmyochit Monday, October 14, 2013, under | No comments


၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဟု ၈၈ မျိုးဆ က် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။

ယခုအချိန်တွင် အခြားလုပ်ငန်းများကိုသာ လုပ်ဆောင်နေပြီး အဆိုပါ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယ ခုနှစ်ကုန်ပိုင်းတွင် အပြတ်ဖြတ်သွားမည်ဟု ရည်ရွယ်ထားကြောင်း ဦးမင်းဇေယျက ပြောကြားသည်။

"အခုထိတော့ ဒီကိစ္စကို မကိုင်တွယ် နိုင်သေးဘူး ဖြစ်နေတယ်။ ဒီနှစ်ကုန်ပိုင်းလောက် ဆိုရင်တော့ ဒီကိစ္စကို ကိုင်တွယ်ရမယ်။ ဒီနှစ်ကုန် သို့မဟုတ် ရှေ့နှစ်ဆန်းလောက်မှာ ပြတ်အောင်ဖြတ်မယ်ဆိုပြီး လျာထားတယ်" ဟု ဦးမင်းဇေယျက ဆိုသည်။

၈၈ မျိုးဆက်အဖွဲ့ အနေဖြင့် ပါတီထောင်ဖြစ် ပါကလည်း လက်ရှိအသုံးပြုနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမည်ဖြင့် ထောင်ဖြစ်မည် မဟုတ်ဘဲ လက်ရှိအသုံးပြုနေသော အမည်မှာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) အဖြစ်သာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

"နားလည်လွယ်အောင် ပြောရရင် ပြည်ခိုင်ဖြိုး အသင်းကနေ ပြည်ခိုင်ဖြိုးပါတီ ဆိုတာမျိုးလို မလုပ်ဘူး။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဆက်ရှိနေမှာပဲ။ ပါတီဘက်ကို ကူးမယ့်သူတွေက တ ခြားနာမည်နဲ့ သွားမှာ။ ဒါကတော့ အခြေခံမူပေါ့။ အဲလိုမျိုး လျာထားတယ်။ အကုန်လုံးတော့ ပါချင်မှပါမယ်။ ဘာလို့လဲဆိုတော့ NGO ပုံစံမျိုး ဆက်ပြီးသွားချင်တဲ့ သူကလည်း ရှိသေးတာကိုး" ဟု ဦးမင်းဇေယျက ပြောကြားသည်။

၈၈ မျိုးဆက် အဖွဲ့ဝင်များ အနေဖြင့် ပါတီထောင်ဖြစ်မည် ဆိုပါကလည်း အားလုံးပါဝင်မည် မဟုတ် ကြော င်းနှင့် အခြားပုံစံများနှင့်လည်း ပါဝင်ဖွယ်ရှိကြောင်း နော်ဝေခရီးစဉ်အတွင်း ဦးမြအေးက ပြောကြားသည်။

၈၈ မျိုးဆက်အဖွဲ့ အနေဖြင့် ယခင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟု ဖွဲ့စည်းကတည်းကပင် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းစဉ်ဖြင့် ပြည်နယ်နှင့် တိုင်းအားလုံးနီးပါးသို့ သွားရောက်ကာ ဟော ပြောပွဲများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် စာပေဟောပြောပွဲများတွင်လည်း လိုက်လံဟောပြောမှုများ ရှိခဲ့သ ည်။

လက်ရှိတွင်လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အစည်း အနေဖြင့် တောင်သူလယ် သမားရေး ရာ၊ အလုပ်သမားရေးရာ၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသ ည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်ကလည်း နေပြည်တော်၌ သမ္မတဦးသိန်းစိန်၊ သမ္မတရုံး ၀န်ကြီးများဖြစ် သ ည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န် ကြီးဦးခင်ရီနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီးဦး အုန်း မြင့် စသူတို့ကို ၈၈ မျိုးဆက် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Eleven Media Group

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် UNFC လိုလားချက်များ ထုတ်ပြန်

Posted by drmyochit Monday, October 14, 2013, under | No comments


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအ ဖြစ် လက်မှတ်ရေးထိုးပေးရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အကျေအလည် ညှိ နှိုင်းဖြေရှင်းရေးကို အာမခံရန်ဆိုသည့် အချက်များ အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအ တွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ လိုလားချက်များကို အောက် တိုဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သော UNFC အရေးပေါ် ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့သည်။

သက်သေများအဖြစ် လက်မှတ်ရေးထိုးမှုတွင် ၎င်းတို့နှစ်ဦးအပြင် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်များ၏ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများ၊ UNFC အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုတိယ ဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများနှင့် အခြားပါဝ င်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များ ပါဝင်လက်မှတ် ရေးထိုးရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်မှတ်ရေးထိုးမှုတွင် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် တရားသူကြီးချုပ်တို့ ပါဝင်လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး အဆိုပါ ငါးဦးမှ တစ်ဦးဦး ပျက်ကွက် ပါက သဘောတူညီချက် အထမြောက်မှု မရှိဟု မှတ်ယူစေရမည်ဟု UNFC ၏ ကြေညာချက်၊ လက်တွေ့အ ကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ရမည့် အချက်များတွင် ပါရှိသည်။

လက်မှတ်ရေးထိုးပွဲ မပြုလုပ်မီတွင် လိုအပ်သော အချက်များအဖြစ် စစ်ရေးနှင့် ပတ်သက်၍ ရန်လိုမှုနှင့် စစ် ရေးပြုမူမှု အားလုံးကို ရပ်စဲရန်၊ နှစ်ဖက်ညှိနှိုင်း၍ အစိုးရ တပ်စခန်းများအား ပြန်လည်နေရာ ချထားခြင်းနှင့် နှစ်ဖက်တပ်လှုပ်ရှားမှုများ သတ်မှတ်ထားရှိရန်၊ Nationwide Ceasefire Accord (မူကြမ်း) ကို နှစ်ဖက်ကြို တင်လေ့လာ ညှိနှိုင်းထားပြီး ရေးသားထားရန် စသည်ဖြင့် ပါဝင်သည်။

ထို့ပြင် အစိုးရမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲကြောင်းကို တရားဝင်ထုတ်ပြန် ကြေ ညာပေးရန်၊ နှစ်ဖက်လက်ခံနိုင်သော နိုင်ငံရေးလမ်းပြ မြေပုံကို ညှိနှိုင်းဆွေးနွေး သဘောတူထားပြီး ဖြစ်ရန်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သဘောတူပြီး နောက် အကောင်အထည် ဖော်ဆောင်မှုကို ကြီးကြပ်သည့် အဖွဲ့များ ထားရှိရန်ဟူသော အချက်များလည်း မပြုလုပ်မီ လိုအပ်သော အချက်များတွင် ထည့်သွင်းထားသည်။

လက်မှတ်ရေးထိုးပွဲတွင် အဓိက ပါဝင်ရမည့် အချက်များအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုက ရေစီ ဖက်ဒရယ် အခြေခံမူများနှင့်အညီ တည်ဆောက်သွားရန်နှင့် ပြည်ထောင်စု အဖွဲ့ဝင် အမျိုးသား အေ ခြခံ ပြည်နယ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံရန်၊ ဖက်ဒရယ် ပြည်ထော င်စု ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းတည်ဆောက်သွားရန်၊ လက်မှတ်ရေးထိုးပွဲ ပြီးသည့်နောက် ရက်ပေါ င်း ၃၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံ မူဘောင်ကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရ ယူရန်၊ သဘောတူပြီးသော အခြေခံ မူဘောင်နှင့်အညီ နှောင့်နှေးခြင်း မရှိစေဘဲ လွှတ်တော်ပြင်ပ၌ နိုင်ငံေ ရး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသွားရန်၊ လက်မှတ်ရေးထိုးပြီး အချိန်ပိုင်း အတွင်း၌ တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို မတရားအသင်း ဥပဒေပုဒ်မနှင့် ငြိစွန်းခြင်းမှ ကင်းရှင်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ပေးရန်နှင့် ဥပဒေကြောင်းအရ ဆောင်ရွက်မှုများကို ၁၅ ရက်အတွင်း စီစဉ်ပေးရန်၊ သဘောတူထားပြီးသော စစ်ဘက်ဆိုင်ရာ အချက်များကို အမြန်ဆုံး အကောင်အထည် ဖော်ရန်တို့ ပါဝ င်သည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလကုန်တွင် ပြုလုပ် သွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ စီစဉ်နေပြီး အဖွဲ့အားလုံး မပါဝင် ပါကလည်း ပြုလုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

UNFC အဖွဲ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် အဖွဲ့ခြောက်ဖွဲ့၊ ကေအိုင်အေ အပါအ၀င်ေ ဆွးနွေးဆဲ အဖွဲ့နှစ်ဖွဲ့နှင့် ဆွေးနွေးမှု လုံးဝမပြုလုပ်ရသေးသည့် အဖွဲ့သုံးဖွဲ့ စသည်ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ကြောင်း သိရသည်။

Eleven Media Group

စာအရမ်းကျက်လွန်းလို့ စိတ်ကစဥ့်ကလျားဖြစ်ပြီး အိမ်ကထွက်သွားတဲ့ ၁၀ တန်းကျောင်းသူမိန်းကလေး တွေ့ရင် အကြောင်းကြားပေးကြပါ

Posted by drmyochit Monday, October 14, 2013, under | No comments


လူပျောက်ကြေညာ

ကျေးဇူးပြု၍ရှယ်ပေးပါ။
ကျွန်တော်ညီမဝမ်းကွဲတော်သူ ဆယ်တန်းကျောင်းသူ
ညီမလေးပြည့်ပြည့်သည် စာကျက်လွန်ပြီး၊ စိတ်ကစဥ့်ကလျားဖြစ်နေပြီး
မန္တလေးမြို့စက်မှု ၂ မိခင်နေအိမ်မှထွက် သွားပါသဖြင့်
တွေရှိပါကအောက်ပါဖုန်းနံပါတ်သို့ အကြောင်းပေးပါရန်

09402549853
0991037700

အိမ်မှထွက်သွားစဉ်အကျီ င်္ နီညိုရောင်လက်ပြတ်ဝတ်ဆင်ထားပါသည်၊
မျက်မှန်ပါပါသည်။

By ပန်းနုရောင် လွင်ပြင်

ရွှေတိဂုံဘုရားသို့ ဖူးမျှော်လိုသူများ ယာဉ်လမ်းကြောင်းပြောင်းပေးထားခြင်းကြောင့် အဆင်ပြေကြဟုဆို

Posted by drmyochit Monday, October 14, 2013, under | No comments


ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်လမ်း နှင့် ကမ္ဘာအေး ဘုရားလမ်းဆုံ တွင် တည်ဆောက်လျက် ရှိသော ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြောင့် ယာဉ်များ ထိခိုက်မှုများ မဖြစ်ပေါ် စေရန် အတွက် အဆိုပါလမ်းဆုံ အနီးရှိ ကမ္ဘာအေး ဘုရားလမ်း ပိုင်းကို ခေတ္တ ယာယီ ပိတ်ထားကာ တခြားသော လမ်းများမှ မော်တော်ယာဉ် များကို ယာဉ်သွား လမ်းကြောင်း ယာယီ ပြောင်းထား ခြင်းကြောင့် ရွှေတိဂုံ ဘုရားသို့ သွားလိုသူများ အတွက် အဆင်ပြေ မောင်းနှင် သွားလာ စေသဖြင့် ယခုအခါ လိုင်းကား တချို့သည် ရွှေတိဂုံဘုရား သို့ သွားရာ ကြားတောရလမ်း မှတစ်ဆင့် ရွှေတိဂုံလမ်း ဘက်သို့ ရောက်အောင် ဖြတ်သန်း မောင်းနှင် ကြရသည်။

ထိုကဲ့သို့ လိုင်းကားများ လမ်းကြောင်းပြောင်း မောင်းနှင် ရာတွင် ရွှေတိဂုံ ဘုရားအနီးမှ မောင်းနှင် သွားလာကြ ရသဖြင့် ရပ်နီးရပ်ဝေး မှနေ၍ ရွှေတိဂုံဘုရား သို့ လာရောက် ဖူးမြော်ကြသူများ အတွက် ပိုမို အဆင်ပြေကာ ဘုရားသို့ ရောက်ရန် လမ်းအနည်း ငယ်သာ လျှောက်ရ တော့သည်။ ယခင်က ဗဟန်း (၃)လမ်း မှတ်တိုင်ဘက်မှ နေ၍ ဘုရားဖူး လာကြသူ များသည် ဘုရားသို့ ရောက်ရန် မိုင်ဝက် ကျော်ခန့် လမ်းလျှောက် ကြရသော်လည်း ယခုအခါ ဘုရား ခြေတော်ရင်း အနီးရှိ လမ်းဆုံအထိ လိုင်းကားများ ရောက်ရှိ ခြင်းကြောင့် ဘုရား အရှေ့ဘက်မုခ်မှ တစ်ဆင့် ဘုရားလာဖူး ကြသူများလည်း ပိုမိုများပြား လာသည်ကို တွေ့ရသည်။ ယင်းသို့ မော်တော်ယာဉ် များ သွားလာရန် လမ်းကြောင်း ပြောင်းထား ခြင်းကို ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက် ပြီးစီးလု နီးပါးအချိန် အထိ ယာယီ သတ်မှတ် ထားမည်ဖြစ်ပြီး အဆိုပါ ရွှေဂုံတိုင် ခုံးကျော် တံတားသည် လာမည့် နိုဝင်ဘာလ တတိယပတ် လောက်တွင် အပြီး တည်ဆောက် သွားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

By Myawady Daily

အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ထုတ်ပြန်ချက်

Posted by drmyochit Monday, October 14, 2013, under | No comments


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်

လိုက်ပါမည့် လူဦးရေစာရင်း
(၁). ဒေါ်အောင်ဆန်းစုကြည် - (ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂). ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson)
(၃). ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄). ဦးစိုးဝင်း - (Personal Aide to Chairperson)

ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့ ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ခရီးထွက်ခွာရန် အစီအစဉ်ရှိပါသည်။ အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နို င်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်း ရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process) နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Stras bou rg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုက ရေစီအရေး အတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိပါသည်။

National League for Democracy

လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့ ဓာတ်ပုံ

Posted by drmyochit Monday, October 14, 2013, under | No comments


အမည် Myleene Klass လို့ခေါ်ပါတယ်။ အင်္ဂလန်နိုင်ငံသူဖြစ်ပြီး လက်ရှိ အသက်-၃၅ နှစ်အရွယ်ရှိပါပြီ။ နာမည်ကျော် အဆိုတော်၊မော်ဒယ်လ်တစ်ယောက်လည်းဖြစ်သလို၊ ပါပါရာဇီတွေ စိတ်ဝင်စားတဲ့ Celebrity တွေထဲမှာလည်း အပါအဝင်ပါပဲ။ ယခုမြင်တွေ့ရတဲ့ ပုံကတော့ သူမရဲ့  Instagram မှာတင်ထားတဲ့ ဓာတ်ပုံ ဖြစ်ပြီး လူအများစိတ်ဝင်စားခဲ့တဲ့ပုံ တစ်ပုံဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အစစ်နီးပါးတူညီအောင်ပြင်ဆင်မွန်းမံထားတဲ့ မွေးကင်းစကလေးငယ်ပုံစံ Baby Cake ကြောင့်ပါ။ အမှတ်တမဲ့ကြည့်လိုက်ရင်တော့ ကလေးကို အထုတ်က ဖြေပြီး ဝါးစားတော့မယ့် ဘီလူးမအတိုင်းပါပဲ။

သီးစုံကိတ်အဖြစ်ပြုလုပ်ထားတဲ့ အဆိုပါ Baby Cake သူမဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကိုတော့ ရေးသားထားခြင်းတော့မရှိပါဘူး။ ဒါပေမယ့် အနုပညာသတင်းတွေကိုဖော်ပြတဲ့ omg.yahoo.com မှာတော့ အဆိုပါပုံကို လူပြောသူပြောများတဲ့ ဓာတ်ပုံအဖြစ် ယခုလိုဖော်ပြသွားပါတယ်။

Khun Nay@ခွန်နေ

ဆီးဂိမ်းမှာ နိုင်ငံတကာက တားမြစ်ဆေး စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ လာစစ်ဆေးမည်

Posted by drmyochit Monday, October 14, 2013, under | No comments


မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ နိုင်ငံတကာ မှ တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့သုံးဖွဲ့ လာရောက် စစ်ဆေး ပေးမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ အားကစား ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲအတွင်း ယှဉ်ပြိုင် ကြမည့် အားကစား သမားများ အနေဖြင့် တားမြစ် ဆေးဝါးများ သုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်မည် ဖြစ်ရာ အတိအကျ စစ်ဆေး ပေးနိုင်ရေး အတွက် ယင်းကဲ့သို့ လာရောက်မည် ဖြစ်ကြောင်း ၊ ထို့အပြင် စစ်ဆေးမှု ပြုလုပ်ရာ၌ တားမြစ်ဆေး သုံးစွဲခြင်း ရှိ၊ မရှိကို မည်သည့် အားကစား သမားကိုမှ အသိပေးခြင်း မပြုဘဲ ရှောင်တခင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

'' နိုင်ငံတကာ ကလည်း ပါဝင်မှာဖြစ် သလို မြန်မာနိုင်ငံ အနေနဲ့လည်း ဖွဲ့စည်း ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်မယ့် ဆရာဝန်တွေ ၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတွေ လည်း ပါဝင် ပါမယ် ..." ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အတွင်းရှိ အားကစား အဖွဲ့ချုပ် အသီးသီးတွင် နိုင်ငံတကာ အသိအမှတ်ပြု အားကစား အရေအတွက် နည်းပါး နေကြောင်း ၊ ယင်းအတွက် နိုင်ငံတကာ အဖွဲ့ဝင်များက ၀င်ရောက် ဆောင်ရွက်မည် ဖြစ်ပြီး ပြိုင်ပွဲ မစတင်မီ အချိန်တွင် အားကစား သမားများ၏ ဆီးနမူနာကို အရှေ့တောင် အာရှ အိုလံပစ် ကော်မတီသို့ ပေးပို့ စစ်ဆေး ရမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့ဖြစ်သည့် ဂျပန်နိုင်ငံမှ ငါးဦး ၊ အာဆီယံ ခုနစ်နိုင်ငံမှ တားမြစ်ဆေး ဆန့်ကျင်ရေး အဖွဲ့ဝင် ခုနစ်ဦး ၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ၁၁ ဦး ပါဝင်မည် ဖြစ်ကြောင်း ၊ ထို့အပြင် မြန်မာနိုင်ငံမှ ရန်ကုန် ၊ မန္တလေး နှင့် မကွေး ဆေးတက္ကသိုလ် များမှ နောက်ဆုံးနှစ် (အပိုင်း-က) ကျောင်းသား ဦးရေ ၁ဝဝ ၊ ၂ဝ၁၁ ခုနှစ်က တားမြစ်ဆေး နှင့် ပတ်သက်၍ သင်တန်းများ ပို့ချ ထားသည့် ဆရာဝန် ၅၂ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။
By Myawady Daily

ပဲခူးတိုင်းဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ န၀ဒေး တံတားအောက် လူသတ်ပစ္စည်းလုယူမှု၊ ဗုံးပေါက်ကွဲမှုနှင့် ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကိုးလအတွင်းဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ များကို ဖမ်းဆီးရမိခြင်း မရှိသေး

Posted by drmyochit Monday, October 14, 2013, under | No comments


၂၀၁၃ ခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်၊ န၀ဒေး တံတား အနီး လူသတ် ပစ္စည်းလုခဲ့သည့် ဖြစ်စဉ်၊ ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ဗုံးပေါက်ကွဲမှု စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ယခုထိ ဖော်ထုတ်နိုင်သေးခြင်း မရှိ သေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းချက်များအရ သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ယခုလက်ရှိ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၌ လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများအနက် ပြည်သူများ စိတ်ဝင်စားမှုနှင့် ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့သည့် ဖြစ်စဉ်အချို့မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာ ရန်ကုန်-မန္တလေး (ပုံမှန်)ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁ နှင့် ၁၃၉/၂ အကြားရှိ တံတားအမှတ် ၁၄၀/၁ ဇဟားချောင်းတံတားအောက် အနောက်ဘက် ကမ်းစပ် တစ်နေရာတွင် ပီနံအိတ်ကြီး တစ်လုံးအတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဦးခေါင်းပြတ် (ဦးခေါင်းမပါ) အသက် ၂၀ ၀န်းကျင်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် ဦးခေါင်းအား ဆက်လက်ရှာဖွေရာ ညနေ ၃ နာရီတွင် မိုင်တိုင်အမှတ် ၁၃၈/၂ မှ ၁၃၈/၃ ကြား ရန်ကုန်- မန္တလေး ကားလမ်းနှင့် ရထားလမ်းကြား ကွင်းပြင်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ပြည်န၀ဒေး တံတားအနီး စုံတွဲတစ်တွဲထံမှ လုယက်ပြီး လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက် ည ၈ နာရီခန့်တွင် အဆိုပါ တံတားအနီး စုံတွဲတစ်တွဲထံမှ ပစ္စည်းအချို့ လုယက်ခဲ့ပြီး ၎င်းစုံတွဲမှယောကျာ်းလေးဖြစ်သူ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူ မအိဇင်မိုက ၎င်းကိုယ်တိုင် မျက်မြင်တွေ့ရှိ ရမှုမှ လူသတ်မှု ကျူးလွန်ခဲ့သူမှာ တပ်မတော် သားများဖြစ်ကြောင်း သိရသည်။တချို့အမျိုးသမီးတွေဆိုရင် မှတ်ပုံတင်လုပ်မထားတဲ့အတွက် လက်ဗွေရာ စစ်ဆေးတဲ့အခါ အဆင်မပြေလို့ အခုဘယ်သူဘယ်ဝါ သေဆုံးတယ် ဆိုတာကို စစ်ဆေးနိုင်ဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးက အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသမီး လူပျောက်တိုင်တန်းတာတွေ ရှိမရှိကို တောင်းခံထားပါတယ်။ တရားခံရဲ့လမ်းစကို ရှာနိုင်ဖို့အတွက် . . . . .

သို့သော် အောက်တိုဘာ ၁ ရက်တွင် ပြည်မြို့အထွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) ဧည့်ရိပ်သာတွင် တပ်မတော်ဘက်မှ ယင်းဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများမှာ တပ်မတော်သားများ မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ခဲ့သည်ဟု သိရသည်။

"စစ်ဘက်က အရာရှိ တစ်ဦးက ဒီတပ်မတော်သား သုံးဦးပာာ အဲဒီနေ့က အရက်နဲ့ဘီယာ သောက်ခဲ့တဲ့ အကြောင်း၊ ဖြစ်စဉ်ဖြစ်အပြီး တန်းစီးချိန် ည ၉ နာရီမှာလည်း ရှိနေခဲ့ကြောင်း၊ ပြစ်မှုကျူးလွန် ခံရသူ အသက်မသေဘဲ ကျန်ရစ်သူ မအိဇင်မိုကို၏ ထွက်ဆိုချက်အရ တရားခံ၏ ပါးစပ်တွင် အရက်နံ့ နံမနေခဲ့ကြောင်း စသဖြင့် သူတို့ပြန်လာတဲ့ လမ်းကြောင်းနဲ့တကွ ရှင်းပြတယ်။ နိဂုံးချုပ်မှာ တရားခံဟာ သူတို့တပ်သားသုံးဦး မဟုတ်ကြောင်း ပြောပါတယ်။ လက်ရှိမှာလည်း ဒီတပ်သား သုံးဦးကို တပ်တွင်း စည်းကမ်း ဖောက်ဖျက်မှု ဥပဒေအရ တပ်တွင်းထောင်သုံးလ ကျခံစေပြီး ဖြစ်တယ်လို့ ပြောတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားလိုဘက်မှ ခိုင်လုံချက်ကြီးကြီးမားမား ပြနိုင်မှသာလျှင် အရပ်ဘက်ကို ဒီစစ်သား သုံးဦးကို လွှဲပြောင်းပေးနိုင်မယ်လို့ ပြောပါတယ်။ ကျွန်မတို့က DNA ကိစ္စကို မေးတဲ့အခါမှာလည်း DNA ကိစ္စဟာ ရဲဘက်ကို အပ်ခဲ့တဲ့အကြောင်း သူတို့ဆီမှာ ထားလို့ရှိရင် လှဲလှယ်တယ်လို့ အထင်ခံရမှာ စိုးတဲ့အတွက်ဖြစ်ကြောင်း ပြန်ပြီးပြောပါတယ်" ပာု သေဆုံးသူ၏ အစ်မဖြစ်သူ မသီတာဦးက ခေါ်ယူတွေ့ဆုံမှုနှင့် ပတ်သက်၍ ပြောကြားသည်။

၎င်းကပင် ဆက်လက်၍ "ရှင်းလင်းပွဲအပြီး ပြန်ခါနီးမှာ ကျွန်မတို့ မိသားစုကို ရဲကနေပြီး DNA ကို သူတို့ဆီမှာ ရှိတဲ့အကြောင်း၊ သိမ်းဆည်းထားကြောင်း၊ ပြည်မြို့မှာ DNA စစ်တဲ့ဖြစ်စဉ် တစ်ခါမှ မရှိခဲ့ဘူးကြောင်းနဲ့ DNA စစ်တယ်ဆိုတာ ငွေကြေးအမြောက်အမြား ကုန်ကျမှာ ဖြစ်တဲ့အတွက် လတ်တလောမှာ မစစ်နိုင်သေးတဲ့အကြောင်း ပြောပါတယ်။ ကျွန်မတို့ကို DNA စစ်မယ်ဆိုတုန်းက တစ်ပတ် အကြာမှာ သိရမယ်ဆိုတာ အခု ငါးလကျော် ကြာနေတာတောင် အဖြေဘာမှ မသိရဘူး။ ဒါကြောင့်မို့လို သူတို့ သိမ်းဆည်းထားတယ်ဆိုတဲ့ အချက်အလက်တွေကို အမြန်ဆုံး စစ်ဆေးအဖြေရှာပေးဖို့ လိုလားပါတယ်" ပာု ဆိုပါသည်။ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ ပဲခူးတိုင်းဒေသကြီး နယ်စပ်နှင့် လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သက်ထွန်းကလည်း ယခုဖြစ်စဉ်ကို သေချာမသိရှိ ထားကြောင်းနှင့် စစ်ဘက်နှင့် ရဲဘက်ပူးပေါင်းပြီး ဖြစ်စဉ်အား ထပ်မံစစ်ဆေး ပေးမည်ဟု အဆိုပါ တွေ့ဆုံပွဲ၌ ပြောကြား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား ဆက်စပ်ဖော်ထုတ်မှုနှင့် အရေးယူမှု အခြေအနေကို မေးမြန်းရာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ၀င်းအောင်က "ဒါနဲ့ ပတ်သက်ပြီးတော့ CID ကို ဧပြီ ၃၀ ရက်က လွှဲထားတယ်။ ဒါကြောင့် ဘယ်လိုဆက်လက် ဆောင်ရွက်လည်းဆိုတာ မသိရသေးပါဘူး" ဟု အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှစ်ခုကို ပြည်ရဲစခန်း (ပ) ၂၉၄/၂၀၁၃၊ ပုဒ်မ- ၃၀၂၊ ၃၂၅၊ ဖြူးရဲစခန်း (ပ) ၃၆/၂၀၁၃၊ ပုဒ် မ- ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းရှေ့ ရန်ကုန်-မန္တလေးလမ်းညောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် လိုက်ထရပ်ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဖြူးမှာဗုံးတွေ့တာနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနေတုန်းပါပဲ။ အခုရက်ပိုင်း ပဲခူးတိုင်းဒေသကြီးမှာ ဗုံးတွေ့တာ၊ ဗုံးပေါက်ကွဲ တာတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ CID တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်က ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်လူသတ်မှုနှင့် ပတ်သတ်၍ "တချို့အမျိုးသမီးတွေဆိုရင် မှတ်ပုံတင် လုပ်မထားတဲ့အတွက် လက်ဗွေရာ စစ်ဆေးတဲ့အခါ အဆင်မပြေလို့ အခုဘယ်သူဘယ်ဝါ သေဆုံးတယ် ဆိုတာကို စစ်ဆေးနိုင်ဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးက အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသမီး လူပျောက်တိုင်တန်းတာတွေ ရှိမရှိကို တောင်းခံထားပါတယ်။ တရားခံရဲ့ လမ်းစကို ရှာနိုင်ဖို့အတွက် လမ်းကြောင်းနှစ်ကြောင်းနဲ့ ဆောင်ရွက်နေပါတယ်" ဟု ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဗုံးတွေ့ရှိခဲ့ပြီးနောက် ၂ ရက်အကြာတွင် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံး ခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလက်ရှိ အချိန်မှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ်နိုင်ဖို့ အတွက် အဖွဲ့တွေခွဲပြီးတော့ ဆောင်ရွက်နေတယ်။ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးမှာတော့ တပ်ရော ရဲတပ်ဖွဲ့ရော လုံခြုံရေး အပြည့်ချပြီး အထူးတင်းကျပ် ထားပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ပြောကြားခဲ့သည်။

"ကျွန်တော့်အမြင် အရတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း ဆိုင်တယ်။ လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး သမား နည်းနည်းပဲပါပြီး ခိုးဆိုးနှိုက် ဒုစရိုက်သမားတွေ အများကြီး ပါနေတယ်။ အဲဒီလူတွေက အပြင်ကို ရောက်လာပြီး အလုပ်အကိုင်က အဆင်မပြေတော့ သူကျင်လည်ခဲ့တဲ့ ခိုးဆိုးနှိုက် လုပ်ငန်းတွေပဲ ပြန်လုပ် ကြတာပေါ့၊ မြန်မာတစ်ပြည်လုံးမှာ အခုလို ခိုးဆိုးနှိုက်တွေ များလာတော့ လူသတ်မှုတွေ၊ လုယက်မှုတွေ၊ မုဒိမ်းမှုတွေ စတဲ့မှုခင်းတွေ အဖြစ်များနေတာပဲ ဖြစ်တယ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အပိုင်းတွေလည်း ပါတာပေါ့။ အဓိက ပညာရေး အဆင့်အတန်း ထိန်းကွပ်မှု မရှိဘူးပေါ့၊ နောက်ဆုံးတော့ လူတွေက ဆင်ခြင်တုံတရား မရှိတော့ပဲနဲ့ အခုလို မလိုလားအပ်တဲ့ မှုခင်းဒုစရိုက်တွေ ခဏခဏ ဖြစ်ပွားနေရတာပါ" ဟု တောင်ငူမြို့နေ ဒုရဲမှူး အငြိမ်းစား ဦးစံလှက ဆိုသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် တောင်ငူမြို့၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ သိသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြ၀င်းအား ဖုန်းဖြင့် အောက်တိုဘာ ၁၂ ရက်တွင် အကြိမ်ပေါင်းများစွာ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းဝေး လုပ်နေသည်ဟုသာ ပြန်လည်ဖြေကြား ခဲ့သည်။
eleven media group

ရန်ကုန်တွင် ဗုံးပေါက်ကွဲမှု တစ်ရက်တည်း နှစ်ကြိမ်ဖြစ်၊ တရားခံရှာ မရသေး

Posted by drmyochit Monday, October 14, 2013, under | No comments


ရန်ကုန်မြို့ နှစ်နေရာတွင် တစ်ရက်တည်း နှစ်ကြိမ်ဗုံးပေါက်ကွဲမှု စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းနှင့် ညပို င်းတို့ မင်္ဂလာဒုံမြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်နှင့် သာကေတမြို့နယ် ယမုံနာလမ်းမကြီးပေါ်ရှိ မာန်ပြေ မှတ်တိုင်အနီးတွင် ဖြစ်ပေါ်ခဲ့သည်။

သာကေတ မြို့နယ် ဗုံးပေါက်ကွဲမှုမှာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲခြင်းဖြစ်ကာ အဆိုပါ ရပ်ကွ က်အနီးရှိ အသက် ၁၄ နှစ် ၀န်းကျင်ရှိ ကလေးငယ် နှစ်ဦးက အခွန်လွတ်ဈေးရှေ့ လမ်းဘေး ပလက်ဖေါင်း အနီးရပ်ထားသည့် နောက်တွဲယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ်အမဲဖြင့် ထုပ်ထားသည့် အထု ပ်အတွင်းမှ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သ တင်းထုတ်ပြန်ထားသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာများမှာ မစိုးရိမ်ရဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ ပေါက်ကွဲသည့် ဗုံးအမျိုးအစားမှာ လက်လု ပ်ဗုံး အမျိုးအစား ဖြစ်သည်ဟု ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက ပြောသည်။ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ဦးတင်ဝင်းက "တရားခံက ဘယ်သူဘယ်ဝါဆိုတာပြောဖို့ ခက်နေပါတ ယ်၊ ဗုံးပေါက်ကွဲတာတွေက ထူးခြားဖြစ်စဉ်ဖြစ်နေတယ်" ဟုလည်း ဆိုသည်။

ဗုံးပေါက်ကွဲစဉ် ကိုယ်တိုင် မြင်တွေ့ခဲ့သူ အဆိုပါ ရပ်ကွက်အနီးမှ အမျိုးသားတစ်ဦးကလည်း “ဖြစ်တာက ည နေ ၅နာရီကျော်လောက်မှာ၊ အုန်းဆိုတဲ့ အသံကြားလိုက်ရတယ်၊ ဗုံးကိုသွားကိုင်တဲ့ ကလေးနှစ်ေ ယာက် က တော့ လန့်အော်ထွက်ပြေးတာကို မြင်လိုက်ရတယ်၊ ကလေးတွေကတော့ လက်တွေ ထိသွားတယ်"ဟု ပြော သည်။

အောက်တိုဘာ ၁၃ ရက် နံနက် အစောပိုင်းအချိန်တွင် ရန်ကုန်မှ မင်္ဂလာဒုံအသွားတွင်ရှိသည့် စော်ဘွားကြီး ကုန်း ကားမှတ်တိုင်တွင် မှတ်တိုင်ရှိ ထိုင်ခုံ နောက်ဘက်ကပ်လျှက် အောက်ခြေမှ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ထိခို က်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ယင်းနေရာတွင် မပေါ က်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း တွေ့ရှိ ရှင်းလင်းနိုင်ခဲ့သည်။ အောက်တိုဘာ ၁၁ ရက်တွင်လည်း တော င်ငူမြို့ ၁၇ ရပ်ကွက် ကံလမ်းရှိ ချမ်းမြေ့တည်းခိုရိပ်သာတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေ ဆုံးက တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ လုံခြုံရေး အသိရှိစေရန် နှိုးဆော် ထားပြီး ပေါက်ကွဲမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေသူများကို ၀ိုင်းဝန်းကူညီ ပူးပေါင်းပါဝင် ဖေါ်ထုတ် ပေး ကြပါရန် တိုက်တွန်းထားသည်။

ယင်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁၃ ရက်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေး တိုးမြှင့်ချထား ဆောင်ရွက်နေသည်ဟုလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်သူများအနေဖြင့်လည်း ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေ ရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာစရာ အထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်း မပြုလုပ်ဘဲ သ က်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်း သတင်းပေးပို့ကြ ရ န်လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တဆင့် ရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက သတင်းေ ပး ပို့နိုင်ရန် အသိပေး အကြောင်းကြားထားပါဟုလည်း ထုတ်ပြန်သည်။

Mizzima - News in Burmese

နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်

Posted by drmyochit Monday, October 14, 2013, under | No comments


ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော် လ ည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆို သွားမည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် တက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့နှင့် ဖမ်းဆီးထားမှုများ ရှိကြော င်း၊ ယင်းပုဒ်မများနှင့် အရေးယူ ခံရသူများကို ၎င်းတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ထားေ ကြာင်းနှင့် အချက်အလက်များအပေါ် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

"ကျွန်တော်တို့ကလည်း ၅၀၅ ဆိုရင် ၁၈ ကိုတော့ ထားပေါ့ဗျာ။ ၅၀၅ တွေ အကုန်လွှတ်ပေးပါလို့ ၅၀၅ တွေ အားလုံးဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်လို့ မပြောလိုပါဘူး။ တစ်ခါတလေကျရင် လူမျိုးရေးကိစ္စတွေ လှုံ့ေ ဆာ် တာတွေနဲ့ ပတ်သက်ပြီး ၅၀၅ တပ်ထားတာတွေ ရှိတယ်။ တချို့ဟာတွေကျတော့ ခြွင်းချက်မရှိ လွှတ်ပေးပါ ဆိုတာမျိုးက ပြန်စဉ်းစားရမယ့်အပိုင်း ဖြစ်နေတယ်။ ၅၀၅ မှန်ရင် အကုန်လွှတ်ပေး၊ ၁၈ မှန်ရင် အကုန် လွှ တ်ပေး ဆိုတာထက်စာရင် နိုင်ငံရေးနဲ့ဆိုင်တဲ့ တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ ကျွန်တော်တို့က ပြောနေတာပါ" ဟု ဦးရဲအောင်က ပြောကြားသည်။

"နိုင်ငံရေးနဲ့ဆိုင်သော ၁၈ ကို မပြောလိုဘူး။ ၁၈ က ကျိန်းသေတယ်။ ဒါက ဆန္ဒထုတ်ဖော်တာ။ ၅၀၅ (ခ) မှာ တချို့ကျတော့ နိုင်ငံရေးနဲ့ မဆိုင်သော ၅၀၅ (ခ) များ ပါလာရင် ကျွန်တော်တို့က စိစစ်ပေးမှာပါ။ ၅၀၅ (ခ) နဲ့ ပတ်သက်ပြီး လွှတ်ပေးဖို့ တောင်းဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူများကိုသာ တောင်းဆို သွားမှာ ပါ" ဟု ၎င်းကဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင်လည်း နိုင်ငံရေး ပြစ်မှုများကို နိုင်ငံရေး ပုဒ်မနှင့် တရားမစွဲဘဲ အခြားပုဒ်မ များဖြင့် တရားစွဲဆိုမှုများ ရှိနေပြီး နိုင်ငံရေးပြစ်မှု မဟုတ်ဘဲနှင့်လည်း နိုင်ငံရေးပြစ်မှု ပုဒ်မများနှင့် တရားစွဲခြ င်းမျိုးများ ရှိနေသည်ဟု ဦးရဲအောင်က ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အနေဖြင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရာတွင် ကော် မတီ ဖွဲ့စည်းသည့်နေ့ မတိုင်မီက အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရမည်ဟု အဓိပ္ပာ ယ် ဖွင့်ဆိုရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ကော်မတီ အဖွဲ့ဝင်များ အနေဖြင့် ကော်မတီဖွဲ့ပြီးနောက်ပိုင်း ပြစ် ဒဏ်ကျခံ နေရသည့် နိုင်ငံရေးနှင့် ဆက်နွှယ်သည့် အကျဉ်းသားများ၏ အရေးကိုလည်း ဆောင်ရွက် နေသ ည် ဟု ကော်မတီ အဖွဲ့ဝင်ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ဒီဇင်ဘာလအတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ပြောဆိုထားသည်။

Eleven Media Group

ထိုင်း ချစ်ကြည်ရေးအပျော်တမ်းစက်ဘီးအဖွဲ့ ထားဝယ်နယ်စပ်ရောက်ပြီ

Posted by drmyochit Monday, October 14, 2013, under | No comments


ထားဝယ်- ထိုင်းနယ်စပ် ထီးခီးနယ်စပ်စခန်းမှတစ်ဆင့် ကန်ချနဘူရီ - ထား ၀ယ် လမ်းမကြီးအတိုင်း စီးနင်း ၀င်ရောက်လာမည့် ထိုင်းချစ်ကြည် ရေးအေ ပျာ်တမ်းစက်ဘီးစီးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကန်ချနဘူ ရီမြို့သို့ေ ရာက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါအဖွဲ့တွင် အမျိုးသမီးစက်ဘီးစီးအားကစားသမား ၆ ဦးအပါအ၀င် အဖွဲ့ဝင်စုစုပေါင်း ၄၇ ဦးပါဝင်ေ ကြာင်းသိရပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် နဘုလယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်း သို့ရောက်ရှိညအိပ်ရပ်နားမည်ဖြစ်သည်။ထို့နောက်ထားဝယ်စက်ဘီးစီးအဖွဲ့နှင့်တွေ့ဆုံကြမည်ဖြစ်သည်။

အဆိုပါစက်ဘီးစီးအဖွဲ့သည် ဘန်ကောက်မြို့မှထွက် ခွာလာခြင်းဖြစ်ပြီး ယနေ့တွင်နယ်စပ်မှဖြတ်ေ ကျာ်ဝင် ရောက်လာကာမေတ္တာမြို့နယ်ခွဲတွင်ညအိပ်ရပ်နားရန်စီစဉ်ထားကြောင်းသိရပြီးထားဝယ်သို့ရောက်ရှိနေစဉ်အတွင်းတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အားကစားဝန်ကြီးနှင့်တွေ့ဆုံရန်အစီအစဉ်ရှိကြောင်းသိရသည်။

Popular Myanmar News Journal

အနေအစား ချောင်ဖို့ အမေရိကန်သွားမယ့် ရီဖူဂျီ အသစ်များ ကြန့်ကြာမှုနဲ့ကြုံ

Posted by drmyochit Monday, October 14, 2013, under | No comments


အမေရိကန်ပြည်ထောင်စုမှာ Obamacare လို့ခေါ်တဲ့ တန်ဖိုးနည်း ကျန်းမာရေး အာမခံအတွက် အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းကိစ္စ အစိုးရနဲ့ Republican အမတ်တွေအကြား ညှိနှိုင်းလို့မရ ဖြစ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်း ထားရတာ အခုဆိုရင် သီတင်းနှစ်ပတ် နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီဂယက်က အာဖရိက၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းကနေ အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချနေထိုင်ကြဖို့ရှိနေတဲ့ ဒုက္ခသည်တွေ ကိုပါ ရိုက်ခတ်လာတာပါ။ ဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည် တွေလည်း ပါဝင်ပါတယ်။ ထိုင်းနယ်စပ် တာ့ခ်ခရိုင်မှာရှိတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၇၀ ကျော်ဟာ အောက်တိုဘာလ ၄ ရက်၊ ၈ ရက်နဲ့ ၁၄ ရက်တွေမှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမယ့် အစီအစဉ် ပျက်သွားခဲ့ပြီး ဒီလထဲ နောက်ထပ်သွားမယ့် ဒုက္ခသည်တွေရဲ့ အခြေအနေဟာလည်း မရေရာတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၄ ရက်နဲ့ ၁၄ ရက်နေ့ အမေရိကားကို ထွက်မယ့် အုန်းဖြန်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ဘာကိစ္စမှန်း ကျနော်တို့မသိဘူးပေါ့လေ- သူတို့ ခနရပ်ဆိုင်းထားတယ်။ သူတို့ IOM ကနေအကြောင်း ကြားလာတယ်။ ဒီလူတွေဟာ ခန ရပ်နားထားတယ်-တဲ့။ ဘယ်နေ့ ဘယ်ရက်ထွက်ရမလဲ မလာသေး ဘူးနော်။ ဆက်စောင့်နေရအုံးမယ်လို့တော့ ပြောတာပဲ။ ၄ ရက်နေ့က ၈ ယောက်နော်၊ ၈ ရက်နေ့က ၂၀၊ ၁၄ ရက်နေ့က ၄၃ ယောက်၊ အားလုံးပေါင်း ၇၁ ယောက်နော်။ အခု နောက်သတင်းထပ်ကြားတာက ၁၈ ရက်နေ့ ထွက်ဖို့က အယောက် ၂၀ ရှိတယ်။ ၂၁ ရက်နေ့မှာက ၃၅ ယောက်၊ ၂၂ ရက်နေ့မှာက ၁၂ ယောက်၊ ၂၅ ရက်နေ့မှာက ၃ ယောက် အားလုံး လူ ၉၀ နော်- အားလုံး ready သူတို့လုပ်ထားပြီးပြီ။ အခုတော့ တစ်ယောက်မှ သွားမဖြစ်သေးဘူး။”
ဒါ့အပြင် အခုလိုဖြစ်ရပ်မျိုး ကြုံဖူးတာဟာ ဒါ ပထမဆုံးဖြစ်ပြီး - အရင်က အမေရိကန်ပြည်ထောင်စုကနေ မြန်မာဒုက္ခသည်တွေကို ခေါ်ယူတဲ့အခါတိုင်း ဒီလို နှောင့်နှေးကြန့်ကြာမှုမျိုး၊ ခရီးစဉ်ပျက်ရတာမျိုးတွေ မရှိခဲ့ဘူးလို့လည်း အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ပြောပြပါတယ်။

အိန္ဒိယဘုရားဖူး ၈၉ ဦး လူပိသေဆုံး

Posted by drmyochit Monday, October 14, 2013, under | No comments


အိန္ဒိယနိုင်ငံ၊ မာဒီယာပရာဒတ်ရှ် (Madhya Pradesh) ပြည်နယ် ဒါဆီယာ (Datia) ခရိုင်က ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းရဲ့အပြင် တံတားပေါ်မှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိမိပြီး ၈၉ ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရှိသွားပါတယ်။

ဒီတံတား ကျိုးကျတော့မယ်ဆိုတဲ့ ကောဠဟာလထွက်လာပြီးတော့ လူတွေ ရုန်းရင်းဆန်ခတ်ပြေးလွှားကြလို့ တစ်ဦးနဲ့တစ်ဦး နင်းမိကုန်တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေး ဟာ လူတွေကြပ်ပိတ်တဲ့ အခက်အခဲတွေကြားက လှုပ်ရှားနေကြရတဲ့အတွက် သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့ကသတိပေးနေပါတယ်။

တံတားက ဆင်းမြစ် (Sindh River) ကိုဖြတ်ပြီး ဆောက်ထားတာဖြစ်ပြီး ဘာသာရေး ပွဲတော်တစ်ခုအတွက် လူတွေ တံတားကို ဖြတ်ကူးလာကြတာပါ။ တချို့ဘုရားဖူးတွေ လူတွေအများကြီးရဲ့ ခြေထောက်အောက်မှာ နင်းမိလို့ သေကြရသလို တချို့ကလည်း ကြောက်အားလန့်အားနဲ့ တံတားပေါ်ကနေ ဆင်းဒ်မြစ်ထဲခုန်ချလို့ ရေနစ်ပြီးသေကြရပါတယ်။

Ratangarh ဟိန္ဒူဘုရားကျောင်းမှာ ၁၀ ရက်ကြာကျင်းပတဲ့ Navaratra ပွဲတော်ကို ဘုရားဖူး ၅ သိန်းလောက် စုဝေးရောက်ရှိနေကြတာ ဖြစ်တယ်လို့ အိန္ဒိယ သတင်းတွေမှာဖော်ပြပါတယ်။ ရဲတွေက လူအုပ်ကို ထိန်းဖို့ နံပါတ်တုတ်တွေ သုံးခဲ့တာကြောင့်လည်း အခုလို ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ရတာလို့ မျက်မြင် တချို့က ပြောကြပါတယ်။ အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတော်တွေမှာ အခုလို လူနင်းမိလို့ သေဆုံး ရတဲ့ သာဓကတွေအများကြီး ရှိပါတယ်။

ဖြူးတွင် လင်မယားနှစ်ယောက် ခေါင်းဖြတ်သတ်ခံရ

Posted by drmyochit Monday, October 14, 2013, under | No comments


ဖြူးမြို့နယ် ၊ ခင်တန်းကြီး ကျေးရွာအုပ်စု ၊ ကျွဲမကူး ကျေးရွာရှိ ကျွန်းစိုက်ခင်း အတွင်း အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က ဇနီးမောင်နှံ နှစ်ဦး အသတ်ခံ ရမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားမှာ ဦးခေါင်းဖြတ် အသတ်ခံ ရပြီး ဦးခေါင်း ရှာမတွေ့ သေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွဲမကူး ကျေးရွာ အနောက်ဘက် တစ်ဖာလုံခန့် အကွာရှိ ဖြူးမြို့နေသူ ဒေါ်စန်းစန်းသွယ် ၏ စိုက်ခင်းတွင် အစောင့် လုပ်ကိုင် နေသည့် ဦးဇော်မင်း ၅၆ နှစ် (ဘ) ဦးဇသန်း ဗဟာဒူး နှင့် ဒေါ်တင်ရွှေ ၅၅ နှစ် (ဘ) အမည် စုံစမ်းဆဲ ၊ ကျွဲမကူး ကျေးရွာနေသူ ဇနီးမောင်နှံ နှစ်ဦးသည် ညနေ ၅ နာရီခွဲ ကျော်သည်အထိ နေအိမ်သို့ ပြန်ရောက်ခြင်း မရှိသဖြင့် တစ်ရွာတည်း နေ ကိုဇော်နိုင်ဦး က အဖော် နှစ်ယောက် ခေါ်ဆောင်ပြီး ဦးဇော်မင်း တို့ ဇနီးမောင်နှံ အလုပ်လုပ် ကိုင်သည့် စိုက်ကွင်း အတွင်း သွားရောက် ကြည့်ရှု ခဲ့သည်။ ကိုဇော်နိုင်ဦး နှင့် အဖွဲ့ ရောက်ရှိချိန်တွင် စိုက်ကွင်းရှိ တဲအတွင်း မြေကြီး ပေါ်တွင် ဦးဇော်မင်း မှာ လည်ပင်းပြတ် ရှလျက် ( ဦးခေါင်း ရှာမတွေ့သေး ) ယာရင်အုံ ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေပြီး ၊ ၄င်း၏ အနီးတွင် ဇနီးဖြစ်သူ ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက် နံဘေး ထိုးသွင်း ဒဏ်ရာ တစ်ချက် ရရှိကာ အူများ ထွက်ပြီး သေဆုံး နေကြောင်း တွေ့ရှိခဲ့ သဖြင့် ဖြူး ရဲစခန်းသို့ အမှုဖွင့် တိုင်ကြား ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူးမြို့မ ရဲစခန်းမှ (ပ) ၄၃၃ / ၂၀၁၃ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ၊ အမှုကြီး အမှတ်စဉ် ၇/၂၀၁၃ ဖြင့် အမှုဖြင့် အရေးယူ ထားပြီး တရားခံ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၈၂၂)
By မြ၀တီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်