Wednesday, December 04, 2013

ဟဇ်ဘိုလာ ခေါင်းဆောင် လက်ဘနွန်မှာ လုပ်ကြံခံရ

Posted by drmyochit Wednesday, December 04, 2013, under | No comments

လုပ်ကြံခံရသူ ရှီးယား မွတ်ဆလင် အုပ်စုဝင်
ဟဇ်ဘိုလာ ခေါင်းဆောင်
ဟဇ်ဘိုလာ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဟာဆန် လာကစ်ဟာ မနေ့ည သန်းခေါင်ယံ အချိန်တဝိုက်က လက်ဘနွန်နိုင်ငံ ဟာဒတ်သ် မြို့ရှိ သူ့အိမ်ကို အပြန်မှာ လုပ်ကြံ ခံခဲ့ရကြောင်း ဟစ်ဘိုလာ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သူဟာ လူသိနည်းသူ ဖြစ်ပေမယ့် ဟဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာ့စ်ရာလာနဲ့ နီးစပ်သူ ဖြစ်ပြီး လက်နက်ထုတ်လုပ်ရေး အပိုင်းမှာ ကျွမ်းကျင်သူ လို့ သိရပါတယ်။

ဟဇ်ဘိုလာ အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဒါဟာ အစ္စရေး လက်ချက် ဖြစ်တယ်လို့ စွပ်စွဲထားပြီး မကြာခဏ ဆိုသလို အစ္စရေးက လုပ်ကြံဖို့ ကြိုးစားနေခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အစ္စရေး ဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဟဇ်ဘိုလာတွေ အနေနဲ့ ခိုင်လုံတဲ့ သက်သေခံ အချက်အလက်တွေကို ဘယ်တော့မှ အရင် မရှာဘဲ အစ္စရေးကိုသာ ပုံချလေ့ရှိတဲ့အကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။

ဘီဘီစီ သတင်းထောက် ဂျင်မြူယာကတော့ ဟာဆန် လာကစ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ ဟဇ်ဘိုလာ ရှီးယားမွတ်ဆလင် အုပ်စုဝင် ဖြစ်တဲ့အတွက် ဝင်ရောက် တိုက်ခိုက် ပတ်သက်မှုတွေ ရှိနေခဲ့လို့ ဆွန်နီ စစ်သွေးကြွတွေက လုပ်ကြံဖွယ်ရှိကြောင်း ပြောပါတယ်။

ဟာဆန် လာကစ်ဟာ ဟဇ်ဘိုလာ အဖွဲ့ထဲမှာ အဆင့်မြင့် လက်နက် ထုတ်လုပ်တဲ့ အပိုင်းနဲ့ ဖောက်ခွဲရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်သူ ဖြစ်တဲ့အကြောင်း၊ အကြမ်းဖက် လုပ်ငန်းနဲ့ တန်ပြန် အကြမ်းဖက် လုပ်ငန်းတွေကို အီရန်နိုင်ငံမှာလည်း သွားရောက် လေ့လာသင်ယူခဲ့လို့ ဟဇ်ဘိုလာ အဖွဲ့ထဲမှာ ထင်ရှားတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့အကြောင်း စစ်ထောက်လှမ်းရေး ကျွမ်းကျင်တဲ့ အစ္စရေး သတင်းစာ ဆောင်းပါးရှင် ဒေါက်တာ ရိုနင် ဘဂ်မင်က ရေးသား ဖော်ပြထားပါတယ်။

From: BBC

တရုတ်အလံကို မီးရှို့ဆန္ဒပြသူ ရန်ကုန်မှာ အဖမ်းခံရ

Posted by drmyochit Wednesday, December 04, 2013, under | No comments

ကြေးနီစီမံကိန်းကို ကန့်ကွက်ကြသူများ။
 နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်က တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ် အလံကို မီးရှို့ ဆန္ဒပြ ခဲ့တဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့(GY) က ကိုတင် ထွဋ်ပိုင်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ေ စမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာမခံ မပေးဘဲ ဖမ်းဆီး လိုက်ပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက် မနေ့ညက ဒဂုံရဲစခန်းက ဖမ်းဆီးသွားပြီး ဒီမနက်မှာ ရုံးတင်စစ်ဆေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ဒီမနက် ရုံးထုတ်ချိန်မှာ ကိုတင်ထွဋ်ပိုင်ကို မိသားစုက တွေ့ခွင့်မရခဲ့ကြောင်း ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ် ပြောပါတယ်။

ကိုတင်ထွဋ်ပိုင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ ခ နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဒဂုံရဲစခန်းကို ဆက်သွယ်မေးကြည့်ရာမှာ တာဝန်ကျ ရဲအရာရှိက သူ့အနေနဲ့ ပြောရခက်တယ်လို့ ဆိုပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်းကတော့ တခြားနိုင်ငံရဲ့ အလံကို မီးရှို့တာနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုတာဟာ အစိုးရသစ် လက်ထက်မှာ ထူးဆန်းတဲ့ ပုဒ်မ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုံစံနဲ့ ဒီမိုကရေစီကို သွားဖို့ မလွယ်ဘဲ အခုကိစ္စဟာ တရုတ်အလံကို မီးရှို့လို့ တရုတ် ကျေနပ်အောင် ထောင်ချပြတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးတာနဲ့ ဆက်စပ်ပြီး အဲဒီနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးနဲ့ ဒေါ်နော်အုံးလှ တို့ကိုလည်း ရဲက အလိုရှိတယ်ဆိုလို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

From:BBC

ဆလိုဗက်ကီးယားတွင် ချောင်းငယ်တစ်ခုမှ ရေများ သွေးရောင်ပြောင်းသွား

Posted by drmyochit Wednesday, December 04, 2013, under | No comments

ချောင်းထဲမှ ရေများသည် တောက်ပနီမြန်းသည့် အရောင်သို့ ပြောင်းသွားခြင်း ဖြစ်သည်။ အဆိုပါ ချောင်းလေးကို မိုင်ဂျာဗာဟုခေါ်သည်။ ရဲတပ်ဖွဲ့က မိမိတို့သည် ယင်းဖြစ်စဉ်ကို စုံစမ်းနေဆဲဟု ပြောကြားထားသည်။

ဆလိုဗက်ကီးယား နိုင်ငံရှိ ကျေးရွာတစ်ခုတွင် ဖြတ်သန်းစီးဆင်းနေသည့် ချောင်းငယ်လေးတစ်ခုမှ ရေများ အနီရောင် ပြောင်းလဲသွားသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း သိရှိရသည်။ အယူသီးသူ အချို့က အဆိုပါ ဖြစ်ရပ်သည် မကောင်းဆိုးရွားတို့၏ သင်္ကေတ လက္ခဏာအဖြစ် ချဲ့ကား ပြောဆိုနေကြသည်။ ယခုသီတင်းပတ်အတွင်း ညတစ်ညတွင် ချက်နိုင်ငံနှင့် နယ်နိမိတ် အနီးတွင် တည်ရှိသော ရွာကလေး၌ ယခုလို အပြောင်းအလဲမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ချောင်းထဲမှ ရေများသည် တောက်ပနီမြန်းသည့် အရောင်သို့ ပြောင်းသွားခြင်း ဖြစ်သည်။ အဆိုပါ ချောင်းလေးကို မိုင်ဂျာဗာဟုခေါ်သည်။ ရဲတပ်ဖွဲ့က မိမိတို့သည် ယင်းဖြစ်စဉ်ကို စုံစမ်းနေဆဲဟု ပြောကြားထားသည်။



သတင်းအမျိုးမျိုး၊ ကောလာဟလ အဖုံဖုံ ထွက်ပေါ်နေသော်လည်း ရဲများက အနီးစပ်ဆုံး ဖြစ်နိုင်ခြေသည် မြစ်အထက်ပိုင်း ကမ်းစပ်အနီးရှိ သားသတ်ရုံ တစ်ခုမှ ရေလွှတ်စနစ် မှားယွင်းပြီး ချောင်းထဲသို့ ဦးတည်ခဲ့၍ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ အသက်(၆၅)နှစ်ရှိ ရိုမန် ပေါ့ဒ်ဘရီဇိုဗာသည် မနက်ပိုင်း လမ်းလျှောက်ရင်း ရွာလယ်အရောက်တွင် ယင်းဖြစ်ရပ်ကို စတင်သတိထားမိခဲ့သည်။ "ကိုယ့်မျက်လုံးတောင် ကိုယ်မယုံဘူး။ ချောင်းက လုံးဝနီနေတယ်။ ခြောက်ခြားစရာ ရုပ်ရှင်ဇာတ်ကား တစ်ခုခုထဲက ပုံရိပ်မျိုးပါ။ မြို့လယ်ခေါင်မှာ သွေးတွေစီးဆင်းနေသလိုပဲ"ဟု ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး အီလီနာ အန်တာလိုဗာကမူ "ကျွန်မတို့ အနေနဲ့ ရေတွေ သွေးရောင်ပြောင်းသွားတဲ့ အရင်းအမြစ်ကို စစ်ဆေးနေပါတယ်။ ငါးအသေတွေကြောင့်လား၊ ဒါမှမဟုတ် သွေးတွေထည့်ထားတဲ့ စည်ပိုင်းတွေ ချောင်းထဲကျသွားတာမျိုး ဖြစ်နိုင်တယ်။ ခုထိ ချောင်းရိုးတစ်လျှောက် စစ်ထားတာတော့ ပြတိုက်နားက ရေထွက်ပေါက်မှာ ရေနီတွေ စဆင်းလာတာကို တွေ့ထားတယ်"ဟု ပြောကြားခဲ့သည်။ အဆိုပါချောင်း၏ အထက်ဘက်တွင် သားသတ်ရုံတစ်ခု ရှိနေပြီး အညစ်အကြေးများကို ကန်တစ်ခုထဲတွင် ထည့်သွင်းထားကာ ပြန်လည်သန့်စင်ပြီးမှ ချောင်းထဲသို့ စွန့်ပစ်လေ့ရှိကြောင်း သိရှိရသည်။

From: Planet Myanmar Network

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း

Posted by drmyochit Wednesday, December 04, 2013, under | No comments


laptopLaptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။

ဒါကြောင့် ယင်းဆိုးကျိုး များကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လို အသုံးပြု ရမယ်ဆို တာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

Use a Separate Mouse
Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါ ဘူး။ နေရာ အကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထား တာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှု ကို ရှောင်းရှားနိုင်စေ ပါတယ်။

Level to the Eye
Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။

Use a Separate Keyboard
Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။

Take a Break
Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရ ပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါ မယ်။ ခေတ္တ အနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။

Recline Slightly
အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆို ရင် နောက်တစ်နည်းနဲ့ ရှောင် ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။
အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
-----

အောင်ခမ်း ( ရိုးရာလေး )
BY ရိုးရာလေး

ဗုဒ္ဓဆင်းတု ဦးခေါင်းတော်မှ ဆံတော်များထွက်ပေါ်

Posted by drmyochit Wednesday, December 04, 2013, under | No comments

ဗုဒ္ဓဘုရားဆင်းတုတော်၏ ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည်ကို အနီးကပ်ဖူးတွေ့ရစဉ်။ ဓာတ်ပုံ-ငယ်ထွေး

ဗုဒ္ဓဘုရား ဆင်းတုတော်၏ ဦးခေါင်းတော် မှဆံတော်များ ထွက်ပေါ်လာသ ဖြင့် ပြည်သူအများပူဇော်နိုင်ရန် ပညာ သိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့ အပူဇော်ခံထားကြောင်း သိရ သည်။ မရမ်းကုန်း မြို့နယ် (၈)ရပ် ကွက် ရေကူး ဘူတာရုံလမ်း ပညာ သိပ္ပံ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း တွင် ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည့်  ဗုဒ္ဓရုပ်ပွားတော်ကို အများပြည် သူပူဇော်ဖူးမြော် နိုင်ရ န် ဘုရား ဒကာမှပြောင်းရွှေ့ပူဇော်ထား ကြောင်း ဘုရား ဒကာဖြစ်သူဦး ခင်မောင်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ဘုရားဒကာဖြစ်သူ ဦးခင် မောင်ဦးက ''ဇူလိုင် ၁ ရက်က စပြီးတော့ ဘုရားရုပ်ပွားတော် ကနေဆံတော်တွေ ပွင့်လာတာ ကိုဖူးမြော်ရပါတယ်။ အဲဒီနောက် မှာတော့ ရုပ်ပွားတော်လုံခြုံရေး နဲ့ အများပြည်သူဖူးမြော်နိုင်ဖို့ အတွက် ဆိုပြီး ဦးတို့ ကိုးကွယ် တဲ့ဆရာတော်ကျောင်းကို နိုဝင် ဘာ ၃ဝရက်မှာ ရွှေ့ပြောင်းပူ ဇော်ခဲ့ တာပါ''ဟုပြောသည်။ ၂၀၁၁ခုနှစ် မတ် ၁၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီးလယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံး ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းဗိုလ် က ရာထူးတိုး နှင့် ပြောင်းတဲ့အချိန်တွင် အဆို ပါဗုဒ္ဓရုပ်ပွားတော်ကိုပူဇော်ရန် ပေးထားခဲ့ခြင်းဖြစ်ပြီး ဘုရား ဆံတော်မပွင့်မီအချိန်တွင် နေ အိမ်၌ ဝင်ငွေများတိုးပွားခဲ့ပြီးထူး ခြားဖြစ်စဉ်များဖြစ်ခဲ့သည်ဟု ဦးခင်မောင်ဦးက ပြော သည်။

''ဘုရားဆံတော်မပွင့်ခင် အချိန်မှာကျွန်တော်တို့အိပ်ရာ က စောင်ခေါက်တွေထဲမှာ လောက်ကောင်တွေတွေ့ခဲ့ရပါ တယ်။ ဘာအပုပ်အသိုးမှမရှိဘဲ တွေ့ခဲ့ရတာပါ။ဘုရားဆံတော် ပွင့်တဲ့နေ့မှာပဲ တိုက်ဆိုင်စွာနဲ့ ဘုရားမှာပူဇော်ထားတဲ့ သပြေခက် ကနေ အရွက်တွေထွက်လာပါ တယ်။ နေ့ချင်းကိုထွက်လာခဲ့ တာပါ။ ဘုရားဆံတော်ပွင့်ပြီး နောက်ပိုင်းမှာတော့ ငွေအလုံး အရင်းနဲ့တစ်ခါရခဲ့ပါတယ်'' ဟု ဦးခင်မောင်ဦးက ပြောသည်။ ယင်းကဲ့သို့ ဘုရားဆံတော် ပွင့်ခြင်းသည်ဖြစ်ခဲသည့် ကိစ္စ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ဗုဒ္ဓ သာသနာတော်ယခုထက်ပိုပြီး ထွန်းကားပြန့်ပွားလာနိုင်သည့် နိမိတ်ပင်ဖြစ်ကြောင်း ပညာ သိပ္ပံဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ကမိန့် တော်မူ သည်။

ပညာသိပ္ပံဘုန်းတော်ကြီး သင်ပညာရေးကျောင်းဆရာ တော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒ န္တပညာသာမိက ''နိုဝင်ဘာ ၃၀ ရက်မှာ ကျောင်းကိုရုပ်ပွားတော် ရောက်တဲ့ ည ၇ နာရီခွဲအချိန် မှာပဲ ကျောင်းဝင်းပြည့်ဖူးမြော် ပူဇော်သူတွေနဲ့ ပြည့်နေ ခဲ့ပါတယ်'' ဟုမိန့်တော်မူသည်။ တိုင်းသူပြည်သားခုနစ် ရက်သားသမီးများအနေဖြင့် ကံပွင့်၊ ဉာဏ်ပွင့်၊ ဓာတ်ပွင့်၊ လာဘ်ပွင့်ပြီးတော့ စီးပွားရေး များ တိုးတက်ပြီး သာသနာပြု ခွင့်များရသည့်အပြင် လက်ရှိ ကျင်းပတော့မည့် (၂၇) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲသည်လည်း မြန်မာနိုင်ငံ၏အရေးအကြီးဆုံး သော အောင်မြင်မှုများရနိုင်    အောင်ကျင်းပနိုင်မည့်ပွဲတော် တစ်ခုဖြစ်လာနိုင်သည့်နိမိတ် များဖြစ်ကြောင်း ဆရာတော်သဒ္ဓ မ္မဇောတိကဓဇဘဒ္ဒန္တပညာသာ မိက မိန့်တော် မူ သည်။ လက်ရှိအချိန်တွင် ဆံ တော်ပွင့်သည့်ဗုဒ္ဓဘုရားဆင်း တုတော်အား ယာယီစံကျောင်းဖြင့် အပူဇော်ခံထားရှိပြီး နောက်ပိုင်း အချိန်များတွင် စံကျောင်းတော် များ၊ ဘုရားကျောင်းဆောင် များတွင် ပူဇော်ပြီး အများပြည် သူဖူးမြော် နိုင်ရန် ခမ်းနား စွာ စီမံသွားရန်စီစဉ်နေကြောင်း သိ ရသည်။

ငယ်ထွေး(ကလေး)
Yangon Media Group

အသစ်ဆောက်လို၍ အန္တရာယ်ရှိအဆောက်အအုံ ဖြစ်ရန် တမင်လုပ်ဆောင် ဟုဆို

Posted by drmyochit Wednesday, December 04, 2013, under | No comments


ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်မြို့တော်တွင် နေထိုင်သူ အချို့သည် အဆောက်အအုံဟောင်း အချို့ကို အသစ် ဆောက်လို၍ လူနေထိုင်ရန် မသင့်လျော်သည့် အန္တရာယ်ရှိ အဆောက်အအုံများ အဖြစ် သတ်မှတ်ရန် ရည်ရွယ်ချက်ရှိစွာ တမင်လုပ်ဆောင်မှုများ ရှိကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ခံရပါက အသစ်ပြန်လည် မွမ်းမံခြင်း၊ ဖြိုဖျက်၍ အသစ် ပြန်လည် တည်ဆောက်ခြင်းများ ပြုလုပ်ခွင့် ရှိ၍ မူလရှိရင်းစွဲ အဆောက်အအုံ အမြင့်ထက် ပိုမိုဆောက် လုပ်မှု များ ရှိကြောင်း မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင်လည်းဖြစ်သူ ၄င်းက ဆိုသည်။
"အန္တ ရာယ် မရှိတာကို အန္တရာယ်ရှိအောင် လုပ်ပြီး DB (Dangerous Building) ဖြစ်အောင် ကုလားဖန် ထိုးနေ တာ လည်း အများကြီး ရှိပါတယ်။ အိမ်ထဲက နေပြီး နံရံကို တူနဲ့ထုနေတာတွေ ရှိပါတယ်" ဟု ၄င်းက ထုတ်ဖော်ပြော ကြားသည်။

ပြည်သူများအတွက် အန္တရာယ်ရှိသော အဆောက်အအုံများ ရန်ကုန်မြို့တွင် မည်မျှအထိ ရှိ၍ ယင်းအဆောက်အအုံများကို မည်သို့ အချိန်မီပြုပြင်ရန်နှင့် မွမ်းမံ ပြင်ဆင်ရန် လုပ်ဆောင်နေ သည်များကို သိလိုကြောင်း ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက မေးခွန်းထုတ်သည်။

ရန်ကုန်တစ်မြို့လုံးတွင် လူနေရန် မသင့်သော အန္တရာယ်ရှိ အဆောက်အအုံ ပေါင်း ၁၆၀၀ ကျော်ခန့် ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ) မှလက်ထောက်ဌာနမှူး ဒေါ်တင်တင်ကြည် က The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ ပေ ၃၀ အကျယ် လမ်းတွင် ၄၅ ပေ အမြင့်သာ ဆောက်လုပ်ခွင့် ရှိရာ လူမှုရေးအရ ဆောက်လုပ်သူ လုပ်ငန်းရှင် အဆင်ပြေစေရန် ၈ ထပ်အထိ ဆောက်ခွင့်ပေးခြင်း၊ ယာဉ်ရပ်နားရန် နေရာ မပါဘဲ ဆောက်လုပ်ခွင့် ပြုပေးခြင်းတို့ ရှိကြောင်း ဒေါ်လှိုင်မော်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မြို့မြေ အသုံးချရန်နှင့် အဆောက်အအုံ တည်ဆောက်မှု ဇုန်များကို ရန်ကုန် တစ်မြို့လုံးကို ဇုန် ၁၁ ဇုန် သတ်မှတ်၍ လိုက်နာကျင့်သုံးရန် ရှိကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သည့် အများပြည်သူ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာသည်။

The Voice Weekly

Android 4.4 KitKat တွင် Myanmar Unicode Font တရားဝင် ပါဝင်လာပြီဖြစ်

Posted by drmyochit Wednesday, December 04, 2013, under | No comments


Google ၏ နောက်ဆုံးထွက်ရှိထားသည့် မိုဘိုင်း Operation System ဖြစ်သော Android 4.4 KitKat တွင် Android 4.4 ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။ မြန်မာစာယူနီကုဒ် Font များကို Windows, Mac OSX, Android, Linux အစရှိသည့် Operation System တို့တွင် Install ပြုလုပ် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း iOS Platform အတွက် ပါဝင်လာခြင်း မရှိသေးပေ။ ယခင်က Android 4.4 KitKat Version တွင် Unicode Font ကို ပြုလုပ်မှ အသုံးပြု၍ ရနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ တရားဝင် ပါဝင်လာခြင်း ဖြစ်သည်။ Android 4.4 KitKat Version တွင် Myanmar Unicode ပါဝင်လာခြင်းနှင့် ပတ်သက်ပြီး “Root လုပ်စရာ မလိုတော့ဘူးပေါ့။ ပြီးတော့ Android apps ရေးရင် Myanmar Font အတွက် Zawgyi Font ကို app ထဲ ထည့်စရာ မလိုတော့လို့ ကျုံ့သွားတာပေါ့။ သူတို့က Myanmar Font ဆိုတော့ Zawgyi Font မဟုတ်ဘဲ တခြား Unicode Font သုံးမယ်ဆိုရင် ရှိပြီးသား app တွေအတွက် Compatible ဟု Developer တစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးရှိန်က ဆိုသည်။ ယခုကဲ့သို့ Android 4.4 KitKat တွင် Myanmar Unicode တရားဝင် ပါဝင်လာခြင်းကြောင့် Unicode အသုံးပြုလိုသူများအတွက် အဆင်ပြေလာမည် ဖြစ်ပြီး စတင်စမ်းသပ် သုံးစွဲသူများ အတွက်မူ လက်ကွက် အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

ယုဇနကိုကို
Ref & Credit to Internet Journal

ကျွန်းသစ်ကို ထုတ်ယူနိုင်သည့်ပမာဏထက် အစိုးရကလည်းထုတ်၊ တစ်ဆင့်ခံကန်ထရိုက်သမားနှင့် လက်နက်ကိုင်များကလည်း ထုတ်ယူနေဟုဆို

Posted by drmyochit Wednesday, December 04, 2013, under | No comments


ကျွန်း သစ်ကို လက်ရှိကဲ့သို့ ထုတ်ယူနိုင် သည့်ပမာဏထက် အစိုးရ၊ တစ် ဆင့်ခံ ကန်ထရိုက်သမားများနှင့်  လက်နက်ကိုင်များလည်း ထုတ်ယူ လျက်ရှိရာ ယင်းသို့ပိုမိုထုတ်ယူ နေမည်ဆိုပါက နောင်ဆယ်နှစ် အတွင်း မျိုးသုဉ်းပျောက်ကွယ် သွားနိုင်ကြောင်း သစ်တောသ ယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်း ရေးအသင်းဥက္ကဋ္ဌဦးအုန်းက သတိပေးပြောသည်။

လာမည့် ၂၀၁၄-၂၀၁၅မှ စတင်၍ AAC အရ ကျွန်းသစ်ကို နှစ်စဉ် တန်ချိန်ခြောက်သောင်းသာ ထုတ်ယူ ရတော့မည်ဖြစ်ပြီး ယင်း သို့ ထုတ်ယူမည်ဆိုပါက သတ် မှတ်ထားသောပမာဏထက် ပိုမို ထုတ်ယူခြင်းများ မရှိသင့်ကြောင်း၊ ယခုကဲ့သို့ ကျွန်းသစ်တန်ချိန်ထုတ် ယူမှုလျှော့ချလိုက်ခြင်းသည် ဆက် လက်ထုတ် ယူရန်ပ မာဏ လွန်စွာ နည်းပါးသွားနိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်တန်ချိန် ခြောက်သောင်း ထက် ပိုမိုထုတ် ယူနေမ ည်ဆိုပါက နောင်ဆယ်နှစ်အတွင်း ကျွန်းသစ် မှာ ပျောက်ကွယ်သွားနိုင်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးအုန်း က ''ဒီလိုမျိုးကျွန်းသစ်တန်ချိန် လျှော့ချလိုက်တာ ကောင်းတယ်။ ဒါပေမဲ့ ပြောထားတဲ့ပမာဏထက် ပိုမထုတ်ရဘူး။ ခြောက်သောင်း လို့ပြောပြီး ရှစ်သောင်း၊ တစ်သိန်း ထုတ်နေမယ် ဆိုရင် နောက်ထပ် ကျွန်းကို ဆက်ထုတ်လို့မရအောင် ကို ပြုန်းတီးသွားမယ်။ အခုတောင် ခြောက်သောင်းတောင် ရှိပါဦး မလားမသိဘူး။ ဘာဖြစ်လို့လဲဆို တော့ သစ်တောတွေက တော် တော်ကို ပြုန်းတီးပျက်စီးနေပြီ။ အစိုးရကလဲ ထုတ်တယ်။ တစ် ဆင့်ခံ ကန်ထရိုက်သမားတွေက လဲ တရားဝင်ထုတ်လို့ရတာထက် မတရားထုတ်ကြတယ်။ ဒီကြား ထဲ သူပုန်တွေလဲ ထုတ်နေတော့ တောတွေပျက်စီးကုန်တယ်။ ဒီ လိုသာ ဆက်သွားနေမယ်ဆိုရင် နောင်ငါးနှစ်၊ ဆယ်နှစ်က အာ ဏာကုန်ပဲ။ အဲလိုမှမဟုတ်ဘဲ သတ်မှတ်ထားသလောက်ကိုပဲ ထိန်းထိန်းသိမ်းသိမ်း ထုတ်မယ် ဆိုရင် နောက်ထပ်မပျက်စီးတော့ ဘဲ ရှိတာလေးကို ဆက်ထိန်းသိမ်း လို့ရတာပေါ့''ဟု ပြောသည်။

အဆိုပါကျွန်းသစ်ကို ၁၉၅၆ -၁၉၅ရခုနှစ်ဝန်းကျင်ခန့်က စတင် ၍ နှစ်စဉ်တန်ချိန် လေးသိန်းနှင့် အထက်ထုတ်ယူခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်ဝန်းကျင်ခန့်မှစတင်ပြီး တန် ချိန်ရှစ်သောင်းအထိ သတ်မှတ် လျှော့ချခဲ့သော်လည်း ထုတ်ယူ သည့်ပမာဏများသည် သတ်မှတ် ပမာဏထက် များနေခဲ့ကြောင်း၊ ယင်းအပြင် တစ်ဆင့်ခံကန်ထရိုက် များကို သစ်တောဧက ထောင်၊ သောင်းများအား ထုတ်ယူခွင့်ပေး ခဲ့ပြီး ပြန်လည်စိုက်ပျိုးမှုများမှာ လွန်စွာအားနည်းခဲ့ကြောင်း သိ ရသည်။

 ဆက်လက်၍ ဦးအုန်းက     ''သစ်တွေကို တရားဝင်ထုတ်ခွင့် ရှိတဲ့သူတွေကလဲ မတရားထုတ် နေတဲ့အတွက် တောတွေ တော် တော် ပျက်စီးကုန်ပြီ။ တောမရှိတဲ့ အတွက် ငါးလက်မ၊ ဆယ်လက်မ ရွာတဲ့မိုးရေကို မထိန်းသိမ်းပေး နိုင်တော့ဘူး။ လူတွေဒုက္ခရောက် ကုန်တယ်။ ဒါတွေကို ထိန်းချုပ်ဖို့ ဆိုရင် ဖြစ်နိုင်ရင် သစ်ထုတ်တာ တွေကိုရပ်ရမယ်။ တောတွေပြန် စိုက်ရမယ်။ စိုက်ရင်လဲ ကျွန်းသစ် တစ်မျိုးတည်းမစိုက်ဘဲ တခြား သစ်မာ၊ ပျဉ်းကတိုးတွေနဲ့ရောပြီး အစုံစိုက်ရမယ်။ အထူးသဖြင့် မြစ် ဖျားခံတဲ့တောတွေကို၊ ကမ်းနား ဒေသတွေကို ဦးစားပေးထိန်းသိမ်း ရမယ်။ တောတွေ ပြန်စိုက်တဲ့အခါ စိုက်ရုံနဲ့ မပြီးဘူး။ ဥပဒေနဲ့ထိန်း ချုပ်ရမယ်။ Instruction နဲ့မရဘူး။ ဥပဒေလုပ်ရမယ်။ ဒေသခံတွေ စိုက်ထားတဲ့တောတွေကို ထိခိုက် လာပြီဆိုရင် ဥပဒေက ကာကွယ် ပေးရမယ်။ လျော်ကြေးတွေပါ တောင်းလို့ရရမယ်။ ဒီလိုလုပ်သင့် လုပ်ထိုက်တာတွေကို အစိုးရဘက် က လုပ်တာ အားနည်းနေတယ်'' ဟု ပြောသည်။

ယင်းကဲ့သို့ထုတ်ယူနိုင်သော ပမာဏထက် ပိုမိုထုတ်ယူနေခြင်း ကြောင့် တောများပျက်စီးပြုန်း တီးမှုပမာဏမှာ ၁၉၉ဝပြည့်နှစ် တွင် ကုဗမီတာ ၂၈၀၂ဒသမရ၂ သန်းရှိခဲ့ပြီး ၂ဝဝဝပြည့်နှစ်တွင် ကုဗမီတာ ၂၈၆၉ဒသမဝ၄သန်း ရှိခဲ့ကြောင်း သိရသည်။

Yangon Media Group

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ အမိမြေြ ပန်လာနိုင်ရေး သီတဂူအထောက်အကူပြုအဖွဲ့ကခြောက်ကြိမ်မြောက် အခမဲ့စီစဉ်ပေးမည်

Posted by drmyochit Wednesday, December 04, 2013, under | No comments


မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများ အမိမြေပြန်လာနိုင်ရေးအတွက် သီတဂူ အထောက် အကူပြု အဖွဲ့ မှ ခြောက်ကြိမ်မြောက် အခမဲ့စီ စဉ်ပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။ယခုအကြိမ်တွင် မလေးရှား နိုင်ငံ၌ အကျဉ်းကျခံနေရသူ မြန် မာလုပ်သားများကို ပြည်တွင်းသို့ ပြန်လာနိုင်ရေး အခမဲ့စီစဉ်ပေး ခြင်းဖြစ်ပြီး သီတဂူအထောက် အကူပြုအဖွဲ့နှင့် အပြည်ပြည်ဆိုင် ရာ မြန်မာ့လေကြောင်းလိုင်း (MAI) တို့မှ စီစဉ်ဆောင် ရွက်လျက်ရှိရာ ယခုနှစ် ဒီဇင်ဘာလအတွင်း မ လေးရောက် မြန်မာလုပ်သားများ ပြန်လည်ရောက် ရှိလာမည်ဖြစ် ကြောင်း သီတဂူအထောက်အ ကူပြုအဖွဲ့အစည်းမှ သိရသည်။

သီတဂူအထောက်အကူ ပြုအဖွဲ့အစည်းမှ ဦးမြင့်အောင် က ''မလေးရှားထောင်ထဲမှာရှိနေ တဲ့ မြန်မာလုပ်သားတွေကို သီ တဂူရဲ့ ခြောက်ကြိမ်မြောက်အစီ အစဉ်နဲ့ ပြန်ခေါ်လာဖို့ရှိတယ်။ ဒီဇင်ဘာ ၂ဝရက် မတိုင်မီ ဖြစ် မယ်။ ပြန်လာမယ့်လူဦးရေစာရင်း က ၁ဝဝကျော်ရှိနေပြီ။ ၁ရဝပြည့် ရင် ပြန်ရောက်လာကြမှာပါ''ဟု ပြောသည်။

မလေးရောက်မြန်မာလုပ် သားများ ပြည်တွင်းသို့ပြန်လာ လိုပါက မြန်မာအလုပ်သမားများ အတွက် MAI နှင့်အတူ ကမ္ဘောဇ ဘဏ်လီမိတက်၊ သီတဂူဆရာ တော်ဘုရားကြီး ဦးဆောင်သော သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)တို့မှ အခမဲ့စီစဉ်ပေး လျက်ရှိရာ ပြည်တွင်းသို့မြန်မာ လုပ်သား ၃၀၀၀ ကျော်ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သိ ရသည်။

Yangon Media Group

အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ

Posted by drmyochit Wednesday, December 04, 2013, under | No comments


သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။ သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစား ရှိတတ်ကြ သည်။ သတင်းဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ ယင်းကဲ့ သို့တစ်ကြိမ် တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြ မည်က မလွဲ။

လတ်တလောတွင် ထိုကဲ့သို့သတင်းထူးသတင်းဦးများစွာအနက် သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်တုန်ခါသွားစေခဲ့သော သတင်းတစ်ခုပေါ်ပေါက်လာ ခဲ့သည်။ တကယ်တော့ ထိုသတင်း၏အသွင်ပိုထူးခြားစေခဲ့သည်က လျှို့ဝှက်အပ်သောအရပ်မှ ပေါက်ကြားခဲ့သော သတင်းဖြစ်နေသောကြောင့် ပင်။

”ဟိုးအစောပိုင်းကတော့ ကျွန်တော်တို့လည်း အစစ်ခံခဲ့ရဖူးတာပဲ။ အမှားက တော့ကင်းတဲ့သူ သိပ်မရှိပါဘူး။ ဒီဟာမကောင်းဘူးဆိုတာ သိလို့ လမ်းမှန်လျှောက် နေတဲ့ သူတွေ အများကြီးပါ။ တရားဥပဒေကိစ္စကတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ဒီဟာက စစ်ဆေးတဲ့ဟာ အပြင်ထွက်လာတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ အပြင် ထွက်လာတော့ ရှုပ်ကုန်တာပေါ့။ မဟုတ်ဘဲ အစွပ်စွဲခံရသူတွေက ငြင်းတာအကြောင်း မဟုတ်ပေမယ့် ဟုတ်နေတဲ့သူတွေ ငြင်းတာကတော့ ပြဿနာပေါ့။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်အပ်တဲ့ မပေါက်ကြားသင့်တဲ့အရာကတော့ အခုလိုပေါက်ကြားတာ လုံးဝ မသင့်လျော်ဘူး။ အမှားကို ဆက်လုပ်နေတဲ့သူတွေအတွက်ကတော့ သတိပေးလိုက်တဲ့ သဘောတော့ ရှိနိုင်ပေမယ့် အရင်က မှားခဲ့တဲ့အမှားကိုသိပြီး အမှန်ကိုလျှောက်နေ တဲ့သူတွေ ခြေလှမ်းတုံ့ဆိုင်းသွားနိုင်တယ်”ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ အဖြစ် လူမှုရေးကိစ္စများကို ကိုယ်အား စိတ်အား ထက်သန်စွာဆောင်ရွက်နေသူ ဦးကျော်သူက ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်အနုပညာရှင် များနှင့်မူးယစ်ဆေးဝါးကိစ္စ အပေါ် သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုပါသည်။

အဆိုပါ အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုခြင်းနှင့် သုံးစွဲသူတို့၏ အမည်စာရင်းပါ ရဲစစ်ဆေးချက်၌ မူးယစ်ဆေးဝါးသုံးစွဲသူ အဆိုတော်သုံးဦး အမည် စာရင်းတွင် ပါဝင်နေသည့် သားဖြစ်သူ၏ကိုယ်စားသာမက ရုပ်ရှင်လောကတစ်ခုလုံး ကိုယ်စား ပြောကြားသူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းက ”ကျွန်တော်ပြောမယ်ဆိုရင် မင်းမော်ကွန်းဖခင်ဖြစ်တဲ့ ဇင်ဝိုင်းအနေထက် ရုပ်ရှင် လောကသားတစ်ဦးအနေနဲ့ လောကတစ်ခုလုံး ကိုယ်စားပြောချင်တယ်။ ကျွန်တော် တို့ သိသလောက် ဒီစစ်ဆေးချက်က ၂ဝဝ၈ ခုနှစ်က ဖြစ်တယ်။ အဲဒီကာလတုန်းက ဒီနှစ်ယောက်တည်း ခေါ်ယူစစ်ဆေးတာ မဟုတ်ပါဘူး။ အနုပညာရှင် တော်တော်များ များကို ခေါ်ယူစစ်ဆေးတာ ကျွန်တော့်သား အပါအဝင်ပါပဲ။ ခေါ်ယူစစ်ဆေးပြီး စစ် ဆေးချက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ မှတ်တမ်းတင်ချက်၊ စစ်ဆေးချက်တွေ ဆိုတာ ရုံးလုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ လူမှုရေးအရပဲဖြစ်စေ လျှို့ ဝှက်ထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ အခု ဒီကိစ္စပေါက်ကြားလာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိပါ သလဲမေးချင်ပါတယ်။ ဒီလူမှုကွန်ရက် Facebook ပေါ် တက်လာတာနဲ့ သတင်းကို ပုဂ္ဂလိကစာနယ်ဇင်းတွေက ဖော်ပြတာရှိတယ်။ အတည်ပြုချက်ရယူပြီးမှ ဖော်ပြတာ လား ဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော့်နာမည်နဲ့ ပြည့်တန်ဆာခန်း ထောင်ထားသူ ဇင်ဝိုင်းလို့ စာတစ်ကြောင်းကိုFacebook ပေါ်မှာ တက်လာရင် ပေါ်ပြူလာကတင်လာ မယ်ဆိုပါတော့ ကျွန်တော့်ကို အတည်ပြုမေးရပါမယ်။ အဲဒါက အတည်ပြုချက်မပါဘဲ ပါလာရင် လုပ်လို့ မရပါဘူး။ ကျင့်ဝတ်အပိုင်း ပါသွားပြီ။ ဒါကိုတော့ ထားလိုက်ပါ။   ခေတ်စနစ်တစ်ခုကို ပြောင်းလဲနေတဲ့ကာလမှာ အားလုံးက နေသားတကျ မှားယွင်းမှု ကို နားလည်ပါတယ်။ အခု အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ နာမည်စာရင်းတွေက အနုပညာသည်တွေ မကပါဘူး။ မူးယစ်ဆေး ဝါးအန္တရာယ်ဟာ ကျွန်တော်တို့နိုင်ငံ တော်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုပါပဲ။ လူငယ်တွေကြားမှာ သူတို့ ပတ် ဝန်းကျင်က စာအုပ်ကောင်းတစ်အုပ် ဘဝတက်လမ်းအတွက် အကျိုးပြုစေတဲ့ အချက်များရှိနေတာထက် မူးယစ်ဆေးဝါး အရက်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ နံပါတ် ၄၊ ရာမ အစုံ အစုံ လက်လှမ်းတမီမှာ ရှိနေပါတယ်။ သိပ်ကြောက်စရာကောင်းပါတယ်။ အများအမြင်မှာ ဒီကလေးတွေ ဒီလူစာရင်းတွေဟာ တရားခံလို့ မြင်ကြပေမယ့် ကျွန် တော် ကတော့ ခေတ်ဆိုးစနစ်ဆိုးရဲ့ သားကောင်လို့ပဲမြင်တယ်။ အနုပညာလောက ရယ်မှမဟုတ်ပါဘူး။ မင်းမော်ကွန်းအတွက် ပြောခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထုတွေကို အမြန်ဆုံးမူးယစ်ကျွန်ဘဝမှ အမြန်ဆုံး ကယ်တင်ပေးကြပါ။ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇင်ဝိုင်းအနေနဲ့ တောင်းဆိုတာပါ။ မူးယစ် ရာဇာတွေက လူကုံထံရပ်ကွက်ထဲမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့တိုက် ကြီးတွေနဲ့ နောက်ဆုံးပေါ်ကား ၁၄ စီး ၁၅ စီးနဲ့ တဝီးဝီးစီးနေကြတဲ့ မျက်လုံးမည်း မည်း အသား နီစပ်စပ်ပုဂ္ဂိုလ်တွေက ဘိန်းဖြူဘိန်းမည်းက အစရောင်းတာကို ပဲပြုတ်သည် သာမက ဆိုက်ကားသမားပါသိပါတယ်။ သက်ဆိုင်ရာတာဝန် ရှိသူများက မသိကြ တာ၊ မတွေ့ ကြတာ၊ သတင်းမရကြတာကတော့ အလွန်အံ့သြဖို့ ကောင်းပါတယ်”
၂ဝဝ၈ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ် ဆေးခဲ့မှု ရဲမှတ်တမ်းတစ်ခု ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် လက်ရှိနာမည်ရ အနုပညာရှင်များစွာ ပါဝင်နေခြင်းက သတင်း၏တန်ဖိုးကို ပိုမြင့်မားစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူ သိရန်ခဲယဉ်းသော အရေးယူစစ်ဆေးမှုမှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့ခြင်းဖြစ်၍ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်လာသကဲ့သို့ ဝေဖန်ကန့်ကွက်မှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။  အဓိကထောက်ပြကြသည်က လူ့အခွင့် အရေး နှင့် ဂုဏ်သိက္ခာ။
ထိုသတင်းကို ဖေ့စ်ဘွတ်တွင် ထုတ်ဖော်တင်ခဲ့သူကတော့ ယခင် ကာလ ဥပဒေစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အာဏာလွှမ်းခဲ့သည့်အတွက် အရေးယူမှုများ   ပေါ့လျော့ဖုံးဖိခဲ့သည်ကို သိရှိရန်ဟု ဆိုခဲ့သည်။ သို့သော် လတ်တ လောရပ်တည်နေကြသူများ၏ ဂုဏ်သိက္ခာအတွက် ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ သည်ဟု ဝေဖန်မှု များက ပို၍ညံလာခဲ့သည်။ ယင်းတို့အနက် သရုပ်ဆောင်လူမင်းက ထိုသတင်းပေါ်ပေါက်ပြီး မရှေးမနှောင်းတွင်ပင် ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှနေ၍ ငြင်းဆို ကန့်ကွက်ေ ကြာင်းတင်ခဲ့ပြီး စိုးမြတ်သူဇာကလည်း ၄င်း၏သဘောထားကို တင်ခဲ့သည်။ သို့အတွက် အကယ်ဒမီစိုးမြတ်သူဇာနှင့် ဒါရိုက်တာမိုက်တီးတို့၏ ဖေ့စ် ဘွတ်တွင် ဖော်ပြချ က်သဘောထားနှင့်တကွ အနုပညာလောကမှ သဘောထားများကို ဆက်သွယ်မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ လုပ်ဆောင်နေပါတယ်…
လူမင်း(ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)

”အခု ကျွန်တော်တို့ ထုတ်ပြန်ချက် တစ်ခုကို ထုတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ဌာနကို စာတင်ဖို့ လုပ်ဆောင်နေ ပါ တယ်။ ကျွန်တော် အရင်အင်တာဗျူး မှာ ဖြေခဲ့တာကို အဓိပ္ပာယ်ကောက်လွဲ မှားခဲ့ကြပါတယ်။ ကျွန်တော် ဖြေတာ ဒီ ထဲက စာရင်းပါတဲ့ လူတွေကို ခေါ်ေ တွ့ တာမဟုတ်ပါဘူး။ ခေါ်တွေ့စရာ အ ကြောင်းလည်း မရှိပါဘူး။ ကျွန်တော် ဆိုလိုတာက ဒီ Facebook ထဲက ပါ တဲ့အကြောင်းအရာသည် မှန်ခြင်း မမှန် ခြင်းကို
စုံစမ်းသွားမှာပါ။ ဒါကို ပြောတာ ပါ”

အထူးလျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက်ကြားကုန်မှတော့ …
ဇာဂနာ(ဦးသူရ)

”အခုFacebook စာမျက်နှာ တွေပေါ်မှာ မူးယစ်စစ်ကြောရေးစခန်း က စစ်ချက်နဲ့ ထွက်ချက်တွေ ပေါ်ထွက် လာတာတွေ့ရပါတယ်။ ဘရက်ဒ်လေ မန်းနင်း တောင်အဲ ဒီလောက် မစွမ်းသ လို ဝီကီလိခ်လည်း အဲသလို မတတ်နိုင် ခဲ့ပါဘူး။ ဖြစ်ရပ်ကတော့ အထူးလျှို့ ဝှက်ဖို့ ခေါင်းစဉ်တပ်ထားတဲ့ စစ်ကြော ထွက်ဆိုချက်တွေ ပေါက်ကြား တာပါ။ ကာယကံရှင်တွေ နစ်နာတာထက် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စီမံမှုညံ့ ဖျင်းတာက ပိုဆိုးတာပါ။ အခုလဝက ဝန်ကြီးဟာ အဲဒီတုန်းက ရဲချုပ်ပါ။ တာဝန်အရှိဆုံး ပါ။

ဖြေရှင်းပေးသင့်ပါတယ်။ အထူး လျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက် ကြားကုန်မှတော့ လဝကက ကောက်ယူ မယ့်သန်းခေါင်စာရင်းထဲက အချက် ပေါင်း ၄၂ ချက် မပေါက်ကြား စေရပါ ဘူးလို့ အာမခံထားတာ ကျွန်တော်တို့ လုံးဝ မယုံကြည်နိုင်တော့ပါဘူး။ နိုင်ငံသားတိုင်းရဲ့ လုံခြုံမှုအတွက် ပြည်သူ့ရဲ မှာ တာဝန်အရှိဆုံးပါ။ ဖိုင်လေး တစ်ဖိုင် နှစ်ဖိုင်တောင် မထိန်းသိမ်းနိုင်ဘဲနဲ့ အ မျိုးသားထောက်လှမ်းရေးဖွဲ့ဖို့ လွှတ် တော်မှာ တင်နေတာမျိုးကတော့ ဖင် မနိုင်ဘဲ မန်ကျည်းဖျော်ရည် သောက် ချင်နေသ လိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရော၊ မင်းကိုနိုင်ရော၊ အစစ်ခံ ကြတာပဲ။ နောက်လျှို့ဝှက်ချက်တွေကို ဘယ်လိုလျှို့ဝှက်ကြမှာလဲ ပြောစရာဖြစ် လာတယ်။ လုပ္တဲ့လူကိုေ တာ့ မသိဘူး။ ဒါက ရဲဌာနက မပေါက်ကြားရင် ဘယ် ကပေါက်ကြားမှာလဲ။ ရဲမှာပဲ ရှိတာလေ။ စိုးမြတ်သူဇာဘက်က ကြည့်ရင်လည်း စိတ်ထိခိုက်တယ်။ သနားလည်း သ နား သွားတယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ နဝရတ်တို့ အခြား လူတွေနဲ့လည်း သူတို့ခင်မင်မှုတွေအထိ အခိုက်ဖြစ်နိုင်တယ်။ ဒါကို မစဉ်းစား ကြဘူး။ လူ့အခွင့်အရေးဆို တာရှိတယ် လေ”

လူမှုရေးအရပဲ ကြည့်ကြည့်  ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရပဲ ဖြေရှင်းရမယ့်ကိစ္စ …
ဦးအောင်စိုးဦး (တရားလွှတ်တော် ရှေ့နေ)

”အဲ့ဒီဖော်ပြချက်က အစိုးရဌာန တစ်ခုရဲ့ တာဝန်ရှိတဲ့ အရေးကြီးသော အစိုးရဌာနရဲ့ ဆောင်ရွက်ချက်ဖြစ် တယ်။ လျှိုဝှက်ချက်တွေပေါ့။ အဲ့ဒီတော့ အပြင်ကို ပေါက်ကြား တယ်ဆိုရင် ဒါက တာဝန်ရှိတယ်။ နောက်ဒါက လွယ်လွယ် ကူကူယူလို့လည်းမရဘူး။ နောက်တစ်ခု က ဒါဟာ တရားဝင်သလားလို့ မေးရမယ်။ ရဲထွက်ချက်က တရားမဝင် ဘူး။ မှန်ခြင်း မမှန်ခြင်းကို ပြောတာ မဟုတ်ဘူး။ သူ့ရဲ့ မှန်ခြင်း မမှန်ခြင်း မဟုတ်ဘူး။ ရဲရှေ့မှာ ထွက်တဲ့စစ်ချက်က အသုံးမဝင်ဘူး။

 နောက်တစ်ချက်က ၂ဝဝ၈ ခုနှစ် မှာ ဖြစ်တဲ့ကိစ္စ။ အဲ့ဒီအတွက် သက်ဆိုင် ရာက အရေးယူသင့်တဲ့ လူတွေလည်း ယူပြီးပြီလို့ ယူဆရတယ်။ ဒါခု ကိစ္စ မဟုတ်ဘူး။ အဲ့ဒီတော့ ခုမှ ဖော်ပြခြင်း က နံပါတ် ၁ သက်ဆိုင်ရာ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်။ နံပါတ် ၂ က ကာယကံရှင်တွေရဲ့ဂုဏ်သိက္ခာ ကျဆင်း တယ်။ နောက် ဖေ့စ်ဘွတ် မှာတင်တဲ့သူက တကယ်တမ်း ပြောရမယ်ဆို မတင်သင့် ဘူးပေါ့။ လူမှုရေးအရပဲ ကြည့်ကြည့် ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရ ပဲဖြေရှင်း ရမယ့်ကိစ္စ၊ ဒီလိုလုပ်ခြင်းက အဲ့ဒီလိုတင် တဲ့သူမှာလည်း တာဝန်ရှိတယ်။ တင်တဲ့ သူက အကြောင်းမဟုတ်ဘူး။ ကျန်တဲ့ သူတွေက အဲ့ဒါကို Share မလုပ်ဖို့လို တယ်။ Share လုပ်တဲ့သူတွေကလည်း အားပေးတဲ့အထဲမှာ ပါသွားပြီ။ အတွင်း စည်းပေါက်လို့ဖြစ်တာ။ အတွင်းစည်း မပေါက်အောင် ထိန်းရမှာ အဲဒီဌာနရဲ့ တာဝန်ပဲ။”

မိုက်တီး (ဒါရိုက်တာ)

”တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကြုံတွေ့နေကျ လှည့်ကွက် ဆန်းတစ်ခုပါပဲ။ ပြည်သူ့ဘက်တော် သားတွေနဲ့ ဗိုလ်ချုပ်သားတွေရဲ့ ကြား ဖြစ်လက်စ အမုန်း အတေးတစ်ခုကို အောင်မြင်ကျော်ကြား အနုပညာရှင်များ ရဲ့ ပရိသတ်တွေပါ ရောထွေးပြီး ပဋိပက္ခ ကို ကြီးသထက်ကြီးအောင် ဇာတ်ရှိန် တင်လိုက်တာပါ။ ဝုန်းခနဲ ဒိုင်းခနဲ တစ် မဟုတ်ချင်း ပျံ့နှံ့ပေါက်ကွဲသွားလောက် အောင် ကတော့ ဗေထိဆိုတာနဲ့ ဝိုင်းအုံ တတ်ကြတဲ့ လူသားတို့အကြိုက်အပုပ်နံ့ မိုက်မိုက်လေးပါ အပေါ်ကရိုက်ပေးလိုက် မှတော့ ပြီးပြီပေါ့။ ပထမဦးဆုံး အနု ပညာ ညီအစ်ကိုမောင်နှမ အချင်းချင်း စိတ်ဝမ်းကွဲ၊ ပြီးတာနဲ့ ပရိသတ် ပြည်သူ နှစ်ခြမ်းကွဲ၊ ဒီကြားထဲမှာ မူးယစ်မှုလေး ပါ စနက်တံနှ စ်ချောင်းလောက် လက် တွေ့ရှို့လိုက်လို့ကတော့ မီဒီယာတွေ မှာလည်း သတင်းတွေပါ။ နောက်ဆုံး လည်းကျရော ဗိုလ်ချုပ်နှင့် သား အပေါင်းပါများနဲ့ပါ ၅ သင်းပတ်လည် တိုက်ပွဲတွေလည်း နွှဲကြရော လိုရင်းကို လည်းရောက်ရောပေါ့။ အောင်မြင်ချက် ကတော့ လန်ထွက်တယ်ဗျာ။ တစ်ချက် လေးခုတ်ရုံနဲ့တင် နုတ်နုတ်စဉ်းပြီးသား ဖြစ်တာ မတန်ဘူးလားဗျာ။ အဲ ဒါပေမဲ့ လို့ ခုချိန်ထိတိုင်မှာပဲ မှန်းချက်နဲ့ နှမ်း ထွက် မကိုက်လောက်စရာက သူတို့ ကြို မတွက်မိတဲ့ တစ်ချက် အဲဒါက လူမြင်လို့ တောင် မတော်တာဗျာ။ လူမမာကို ကြိုး တုပ်ပြီး ရိုက်တာကိုး။ ဒီပွဲမှာ ကိုင်လှုပ် မယ့်သူက အနုပညာရှင်တွေလေ။ သူတို့ ခမျာ အော်နိုင်စရာကို အကြောင်းမှ မရှိတော့တဲ့ဟာ၊ ဥပမာပြောရင် ကျွန်   တော်တို့ ကျားထိုးတဲ့အခါ တစ်ကောင် တည်း အကျန်သမားကို အကွက်ရွှေ့ စရာမရှိအောင် ပိတ်ထားမိတဲ့အဖြစ်ပေါ့။ အခုပွဲလည်း ခင်ဗျားဘယ်အနိုင်ရတော့ မလဲ၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အနုပညာရှင်တွေဘက်မှာ ကိုယ့်သတ် မှတ်ချက်နဲ့ ကိုယ် ဒဏ်ရာလေးတွေ ကိုယ်စီတော့ ရခဲ့ကြရပြီပေါ့ဗျာ။ အဲဒီ အတွက် နောင်ကြီး   ကျေနပ်လိုက်ပါ တော့။ နောင်ကြီး မည်သူမည်ဝါဆိုသည် ကို ကျွန်တော်မသိပါ။ မည်သည့် ရည် ရွယ်ချက်ဖြင့် ရေးသည်ကိုလည်း ကျွန် တော်အမှန်မသိနိုင်ပါ။ အကယ်၍ ပွင့် လင်းမြင်သာ အမှန်အတိုင်း သိစေလို သည့် စေတနာဆိုလျှင်လည်း မည်သူ့ အတွက် မည်သို့ အကျိုးရှိမည်၊ မည်မျှ အကျိုးရှိသည်၊ အလဲအထပ်လုပ်ရမည့် အရင်းအနှီး များနှင့် တန်၏မတန်၏၊ ထို အရင်းအနှီးတွေကရော အဲဒီအတိုင်း အတာလောက် နစ်နာရလောက်စရာ တစ်ဖက်သားအပေါ် ယုတ်မာ စော်ကား ပြစ်မှုမြောက်သူများလား၊ တရားဥပဒေ အရတောင် အမှုမမြောက်တော့တဲ့ ဒီ ကိစ္စ အတွက် သင်တစ်ယောက်တည်းရဲ့ ရန်လိုချက်က မဆိုးလွန်းပေဘူးလား သူ ငယ်ချင်း၊ စိတ်လျှော့ပါဘော်ဒါ၊ အဆင့် မြင့်မြင့်တွေးပြီး အမြင်ကျယ်ကျယ်ကြည့် ပါ၊ တို့တွေ လုပ်ရမှာ ဒီအလုပ်မှ မဟုတ် တာ၊ အသုံးချခံ မဖြစ်ပါစေနဲ့ ကိုရင်။ အသေအချာ ထပ်စဉ်းစား၊ ကျုပ်တို့ပြည် သူတွေအကုန်လုံးလိုအပ်ချက် အလုံးစုံနဲ့ ရုန်းကန်နေရတုန်း မဟုတ်ပါလား။ နေ့ စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် တောင် အခြိမ်းခြောက်ခံနေကြရသူတွေ ပဲလေ။ ရုပ်ရှင်မင်းသမီးမို့ လွတ်လိမ့်မယ် ထင်လား၊ အပူကိုယ်စီပါပဲ ညီရယ်၊ အကြီးအသေးသာကွာပါလိမ့်မယ်၊ အေး အဲဒီမှာမှ အခု တို့အတွက်…ပိုပြီး နစ်နာ စရာ တစ်ချက်တိုး တာလေးက ညီတော် မကျေလည်တဲ့ အဲဒီအချိန် အဲဒီ အခါကတည်းကကိုပဲ  တို့တွေ အားလုံးဟာ အာဏာပါးကွက်သား တွေရဲ့ ထောင်ချောက်တွင်းသို့ တစ် ယောက်ပြီး တစ်ယောက် ဆွဲချခံခဲ့ရရင်း သူတို့ ကြိုက်သလို ပြုသမျှ နုရတော့မယ့် ပြန်ပေးအဆွဲ ခံထားရတဲ့ နယ်ရုပ် ကလေးတွေ ဖြစ်နေခဲ့ကြရတယ် ဆိုတာ ပါပဲ နောင်ကြီးရေ။
ဤမျှဆိုရင်တော့ စာရွက်ထဲပါသမျှ စာသားများကို သင် သဘောပေါက်ပေးပါတော့၊ ထိုမျှနှင့်ပင် မကျေ လည်သေးပါလျှင်လည်း အားလုံး ကိုယ်စား ကျွန်တော်ဖြေပေးပါဦး မည်၊ ဖြေပေးနိုင်ပါသည်၊ အကြောင်းကတော့ ဘာ နိုင်ငံတော်အလုပ်မှ မလုပ်တဲ့ ကျွန် တော်တစ်ယောက်တည်းသာ သေသေ ချာချာ အဖမ်းခံလိုက်ရလို့သာပါ။  အတွင်း ထဲအရောက် အကုန်ပေါက်ခဲ့ ပါတယ်။ ကျေနပ်နိုင်ပါလိမ့်မယ်။ တ ကယ်တော့ အရှုပ်ထုပ်တွေအတွက် အလုပ်မရှုပ်ကြပါနဲ့၊ တကယ်လုပ်ရမှာ တွေက အုတ်တစ်ချပ်သဲ တစ်ပွင့်တောင် မလုံလောက်ရတဲ့အထဲ ကဲ
Ready; 1,2,3,4
(ဒါရိုက်တာမိုက်တီး၏ Facebook  မှ)

ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေ ပါနေတယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့က ဖြေရှင်းသွားမှာပါ . . .
ညိုမင်းလွင်(သရုပ်ဆောင် ဒါရိုက်တာ)

”ကျွန်တော်တို့ထက် စီနီယာကျတဲ့ လူလည်းပါတယ်။ ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေပါနေ တယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့ က ဖြေရှင်းသွားမှာပါ။ သူတို့လမ်းညွှန်မှုအတိုင်းပဲ လုပ်ဆောင် သွားမယ်။ ဘာမှမတိုင်ပင်ရသေးတဲ့အ တွက် ကျွန်တော်တစ်ယောက်တည်း သဘောထား မပြောသေး ပါဘူး။”

ဒါက လူမှုရေးဖောက်ပြန်တာလည်း  မဟုတ်ဘူး။ အဲဒီအတွက်အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှလုပ်လို့ မရပါဘူး . . .
သားညီ(သရုပ်ဆောင်)

”ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ ကြီးတွေစီမံတဲ့အတိုင်းပဲ လိုက်လုပ်မှာ ပါ။ ကျွန်တော့်အထက်မှာ စီနီယာတွေ အများကြီးပဲ။ လူပဲ မှားမှာပဲလေ ဟုတ် တယ်မလား။ မှားခဲ့ တဲ့အချိန်တွေလည်း ရှိမှာပေါ့။ အဲဒါကို ပြန်လှန်ပြီး ဘာလုပ် မှာလဲ။ အဓိကက ကိုယ်ပဲ။ အခု ကျွန် တော်အေးဆေးပဲ လိမ်လိမ်မာမာပဲနေ တယ်။ အဓိကက ကိုယ့်မိသားစုနဲ့ ကိုယ့် ပတ်ဝန်းကျင်နဲ့ ပြဿနာမဖြစ်ဖို့ပါပဲ။ ဒါကိုဖြေရှင်းဖို့ ကျွန်တော်တော့ ဦးမ ဆောင်ဘူး။ ခေါင်းထဲလည်း ထည့်မထား ဘူး။ ဒီကိစ္စက ဒါကလူမှုရေး ဖောက်ပြန် တာလည်း မဟုတ်ဘူး။ အဲဒီအတွက် အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှ လုပ်လို့မရပါဘူး။ လူကြီးတွေ စီမံတဲ့အ တိုင်းပဲ လိုက်လုပ်မယ်။”

ကိုယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံးပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေဘာပြောပြော
အစ်မ ဘာမှမထိခိုက်ဘူး  . . .
နန္ဒာလှိုင်(သရုပ်ဆောင်)

”ဒီပြဿနာကိစ္စက အဓိက ကိုယ် က အဓိကပဲ။ ကိုယ်ဟုတ်တယ် မဟုတ် ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံး ပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေ ဘာပြောပြော အစ်မ ဘာမှမထိခိုက်ဘူး။ အဲဒီတော့ ကိုယ်မဟုတ်ရင် ပြီးတာပဲ လေ။ အစ်မဘာမှလည်း ပြောစရာမရှိ ဘူး။ ဒီလိုမျိုးတွေ တက်လာတာလည်း အစ်မ ဒါနဲ့ပတ်သက်ပြီး ဘာမှမဝေ ဖန် ဘူး။ ဘယ်လိုမှမနေဘူး။ အဓိကကတော့ အစ်မကိုယ်တိုင်က အဓိကပဲလေ ဟုတ် တယ်မလား။”

Nobody Perfect  ဆိုပေမယ့် Perfect ဖြစ်တဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ သေချာတာက ကျွန်မဟာ  Perfect  မဟုတ်ဘူးဆိုတာပါပဲ . . .
စိုးမြတ်သူဇာ

”ပရိသတ်များရှင် ဒီရက်ပိုင်းအ တွင်း ဖေ့စ်ဘွတ် စာမျက်နှာပေါ်သို့ ရောက်လာသည့် ကျွန်မနှင့် ပတ်သက် သော အကြောင်းအရာများနှင့် ပတ် သက်ပြီး ကျွန်မ မိသားစု မိတ်ဆွေသူ ငယ်ချင်းများအပါအဝင် ကျွန်မကို သံ ယောဇဉ်ရှိကြတဲ့ ပရိသတ်များ အားလုံး စိတ်အနှောင့်အယှက်များစွာ ဖြစ်ရ သလို ကာယကံရှင် ကျွန်မကိုယ်တိုင် လည်း အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက်နာကျင်ရပါတယ်။

Moe Zay Nyein ကိုကျွန်မ မသိပါ။ဘယ်လိုရည်ရွယ်ချက်နဲ့ဒီလိုလုပ် ရပ်ကို လုပ်ခဲ့လဲဆိုတာကိုလည်း ကျွန်မ နားမလည်ပါ။ သူတင်ပြထားတဲ့ အ ကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှမထောက်ခံထား သလိုလုံးဝအမှန်လို့လည်းမယူဆသင့်ပါ။

အခြေအနေမှန်ကို သေချာမသိ ဘဲ ဝင်ရေးထားတဲ့ Comment  နှစ်ခု လောက်ကို မြင်ရတဲ့အခါ ကျွန်မ တော် တော်ကို စိတ်ပျက်မိပါတယ်။

 အနုပညာရှင်တွေဟာ စည်းကမ်း မရှိ၊ အရှက်အကြောက် မရှိ၊ ဥပဒေ ဘောင်အတွင်း တကယ်နိုင်ငံတော်အစိုး ရက ဒီတိုင်းကြည့်မနေဘဲ ထိထိ ရောက် ရောက် အပြစ်ပေး ခဲ့တာ လူတိုင်းလည်း သိကြပါတယ်။

Nobody Perfect  ဆိုပေမယ့်Perfect ဖြစ်တဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ သေချာတာက ကျွန်မ ဟာ Perfect မဟုတ်ဘူး ဆိုတာပါပဲ။ ကျွန်မမှာ အား နည်းချက်၊ ချို့ယွင်းချက် တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလည်း မဟုတ်ပါ ဘူး။ ကျွန်မ အသက် ၄၂ နှစ်ရှိပါပြီ။ လက်ရှိ မိဘတွေနဲ့အတူတူနေပြီး ကျွန်မ ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာနဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ် အောင် ရပ်တည်နေပါတယ်။ အခု ကိစ္စ မှာ ကျွန်မကို မရည်ရွယ်လည်း ကျွန်မ ဓာတ်ပုံနဲ့ ခေါင်းစဉ်တပ်အကြောင်းအရာ တွေကိုတော့ ကျွန်မအနေနဲ့ အင်မတန် ခံရခက်ပါတယ်။

 နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုးမရှိတဲ့အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် ဒီနိုင်ငံသူတစ် ယောက်အနေနဲ့ နိုင်ငံရေးကိုတော့ ကျွန် မစိတ်ဝင်စားပါတယ်။ ပစ္စုပ္ပန်ကာလမှာ ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်နေတဲ့ အတွက် ကျွန်မနဲ့ သက်ဆိုင်သော ကိစ္စ များကိုပဲ ကျွန်မစိတ်ဝင်စားပါတယ်။ ကျွန်မအ လုပ်ကို လေးလေးစားစား လုပ် ပါတယ်။ ဘယ်သူ့ကိုမှ အနိုင်မယူ၊ ဘယ်သူ့ကိုမှ အရှုံးမပေးWin Win Situation   ကို လက်ခံကျင့်သုံးပါတယ်။ ကျွန်မ  Life ကို Day by day  ဖြတ် သန်း ပါတယ်။ ကျွန်မ ပျော်ပျော်နေတတ် ပေမယ့် ဘယ်တုန်းကမှ ပေါ့ပေါ့မနေခဲ့ ပါဘူး။

 ကျွန်မ Life Perfect  မဖြစ်ပေ မယ့် ဒီနေ့ ဒီအချိန်ထိ ကျွန်မကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက် နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် ဆိုး ရွားတဲ့ အပြစ်မျိုး၊ အမှားမျိုး မလုပ်ခဲ့ တဲ့အတွက် ဒီအသက်အရွယ်ထိ ဒီနေ ရာမှာ ကျွန်မရပ်တည်ခွင့်ရနေတာ လူ တိုင်းအမြင်ပါပဲ။ လိပ်ပြာသန့်တဲ့အတွက် ကျွန်မဘဝက မင်္ဂလာရှိပါတယ်။

 MZN ရဲ့ အမှန်တရားဖော်ထုတ် တဲ့ ကိစ္စက ကျွန်မတင်မက အကြောင်း အရာထဲမှာ နာမည်ပါတဲ့ လုပ်ဖော် ကိုင် ဖက် ကျွန်မရဲ့ အနုပညာရှင် မောင်နှမ တွေကိုပါ အများကြီးထိခိုက်နစ်နာစေပါ တယ်။ မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အ လှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်စီး စေပါတယ်။ သံသယေ တွနဲ့ ရင်းနှီးမှုကို ဒုက္ခရောက်စေပါတယ်။

 ဘယ်သူ့အတွက်မှ အကျိုးမရှိ အ များအတွက် နစ်နာဆုံးရှုံးမှုကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက် ပဲ (အမှန်) ဖြစ်နေပါစေ နောက်ဆုံးမှာ (အမှား) ဖြစ်စေပါ တယ်။
ပရိသတ်များရှင် MZN  တင်ပြ ချက်မှာပါတဲ့ ကျွန်မနဲ့ ပတ်သက်တဲ့ ဓာတ်ပုံအပါအဝင် အကြောင်းအရာ အားလုံးကို ကျွန်မလုံးဝ လက်မခံပါ ဘူး။ အစစ်အမှန် ဆိုတာကိုလည်း မယုံ တဲ့အတွက် အသိအမှတ်လည်း မပြုပါ ဘူး။ ကျွန်မအတွက် အချိန်က ဘဝပါ။ ဘဝကို တန်ဖိုးထားသလို အချိန်ကို လည်း ကျွန်မ အရမ်းတန်ဖိုး ထားပါတယ်။

ကျွန်မရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကို အကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျွန်မကိုချစ်တဲ့လေးစားကြတဲ့ ပရိသတ် တွေကို ကျွန်မတန်ဖိုးထား ထားလို့ပါ။ ကျွန်မအတွက် နံပါတ်တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိသတ်များ ပါပါတယ်။ ဆက်လျှောက်ဖို့ ကျန်နေ သေးတဲ့ခရီးမှာ ကျွန်မကို လက်တွဲထား မယ့် အဖော်ကောင်းမပါပေမယ့် မိတ် ဆွေကောင်းတွေကိုလက်တွဲပြီး ပရိသတ် ပေးတဲ့ ခွန်အားတွေနဲ့ ကျွန်မ ဆက် လျှောက် ချင်ပါတယ်။

MZN က ကွန်းမန့်တစ်ခုမှာ မကြီးစိုး စဆရလို့ သုံးနှုန်းထားပါတယ်။ စစ်သား သားသမီးဖြစ်လို့ ဒီအသုံးအနှုန်း ကို ကျွန်မနားလည်ပါတယ်။ ဦးMZN ရှင် (ဦးနဲ့ ပတ်သက် လို့ အနည်းငယ် သိထားတဲ့အတွက် ဦးတပ်ပြီး ခေါ်လိုက် တာပါ) ဦးပြောသလို အကြောင်းအရာ တွေ ချန်ထားခဲ့လို့ဆိုပြီး မရှိတဲ့ အကြောင်းအရာတွေအတွက် ကျွန်မ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ ဦးပြောတဲ့ အသုံးနှုန်းအတိုင်းပြောရရင် ကျွန်မအ တွက် MZN စဆရမှာ မိတ်ဆွေကောင်း တွေ အများကြီး ထပ်ရလိုက်လို့ ဒီ့အတွက် ဦးကို ကျေးဇူးတင်မိပါတယ်။

ဘယ်သူနဲ့မှ ရေရှည်အခြေအတင် မဖြစ်ချင်တာ ကျွန်မဆန္ဒပါ။ လူမှုဆက် ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍပါ။ လူမှုဆက်ဆံ ရေး မပြေလည်ရင် တခြားဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး။

ကျွန်မနိုင်ငံခြားမှာ နေရတဲ့အချိန် မှာ သိခဲ့တဲ့ ဥပဒေတစ်ခုရှိပါတယ်။ ဘယ်နိုင်ငံမှာပဲ နေနေ၊ နိုင်ငံတိုင်းရဲ့ ဥပ ဒေမှာ တူညီတဲ့ ဥပဒေတစ်ခုတော့ရှိပါ တယ်။ အနုပညာ ရှင်များ(သို့) အောင် မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို (၁) ကာယကံရှင်ရဲ့ ခွင့်ပြုချက် မရရှိပါက (၂) တရားဥပဒေ အရ အကြောင်းမတိုက်ဆိုင် (သို့) တရား ရုံးမှ ခွင့်ပြုချက် မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ကျူးလွန် နေသူဟု ခိုင်လုံသောသတင်းအထောက် အထားမရှိပါက ဘယ်တော့မှ လူအများ မြင်သာတဲ့ နေရာတွေမှာ  ဖြန့်ဝေနိုင်ခွင့် မရှိဘူးဆိုတာပါပဲ။

ကျွန်မကတော့ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင်သလို ဥပဒေနဲ့ စကားပြောရတာမျိုးတွေအထိလည်း အလုပ်တွေ မရှုပ်ချင် ပါ။ အဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ပထမဆုံးနဲ့ နောက် ဆုံး ရှင်းပြတာပါ။ နောက်ထပ်ဒါနဲ့ ပတ်သက်တဲ့ ဘာအကြောင်းအရာကိုမှ ကျွန်မ ပြန်ရှင်းပြမှာ မဟုတ်ပါဘူး။ လူ့ အခွင့်အရေးကို တကယ်နားလည် လေး စားမယ်ဆိုရင် စာနာစိတ်နဲ့ ဆက်ဆံ ရေးကို အသုံးပြုကြတာ အကောင်းဆုံး  မဟုတ်ဘူးလား။

ကျွန်မကိုချစ်တဲ့ ပရိသတ်များ၊ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး နာမည် ပါတဲ့ အနုပညာ မောင်နှမများရှင် ။ကျွန်မနဲ့ ပတ်သက်ပြီး စိတ်အနှောင့် အယှက်ဖြစ်ခဲ့ကြတဲ့ အတွက် ဒီနေရာ ကနေ ကျွန်မတောင်းပန်ပါတယ်။ ကျွန် မကို နားလည်ပေးကြပါ။ ဒီကိစ္စမှာကျွန်မကို ကူညီဖေးမခဲ့တဲ့ သူများနဲ့ အ ကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

(စိုးမြတ်သူဇာ ဖေ့စ်ဘွတ်မှ)”

Popular Myanmar News Journal

လိင် အင်္ဂါ ပြောင်းလဲ ထားသူ အချင်းချင်း ချစ်သူ စုံတွဲ ဖြစ် သွားခဲ့ သည့် ဖြစ်ရပ် မှန်

Posted by drmyochit Wednesday, December 04, 2013, under | No comments


အသက် ၁၈ နှစ်အရွယ် Katie ဆို တဲ့ မိန်းက လေးနဲ့ သူရဲ့ ချစ်သူ ရည်းစား Arin (အသက် ၁၆ နှစ်) ဟာ လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေဖြစ် ကြပြီး သူတို့ နှစ်ဦးဟာ အိုကလာ ဟိုးမား ပြည်နယ်မှ လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေကို အ ထောက်အ ပံ့ပေးတဲ့ အဖွဲ့အစည်းမှာ ဆုံတွေ့ ကြရာမှ ချစ်သူတွေ ဖြစ်သွား ကြပါ တယ်။ နှစ်ယောက် စလုံးဟာ လိင် အင်္ဂါ ပြောင်းလဲဖို့ အတွက် ဟော်မုန်းနဲ့ ကုသ ထားသူ တွေဖြစ်ပြီး ကေတီဟာ သူ့အသက် ၁၈ နှစ် ပြည့်ပြီး ပြီးချင်းမှာ လိင် အင်္ဂါ ပြောင်း လဲဖို့ အတွက် ခွဲစိတ်ပြုပြင် ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကေတီဟာ မွေးတုန်းက ရေတပ် စစ်ဗိုလ် တစ်ယောက် ရဲ့သား Luke ဖြစ်နေပြီး ယောက်ျား ဘဝနဲ့ ၁၅ နှစ် တိုင်တိုင် နေခဲ့ပါ တယ်။ သူ ဟာ သုံးနှစ် အရွယ် ကတည်းက မိန်းကလေး ဖြစ်ချင် နေပြီး အရုပ် နဲ့ပဲ ဆော့ ကစားချင် သူဖြစ် တယ်လို့ ဆိုပါတယ်။သူ၏ ယောင်္ကျား ကိုယ်ကို မုန်းတီးနေ သူလည်း ဖြစ်ပါတယ်။ အထက်တန်း ကျောင်းပြီး သွားတဲ့ ကေတီဟာ အခု အချိန်မှာ အမျိုးသမီး ဟော်မုန်း အီစထရိုဂျင် ကုသမှုကို ပြီးဆုံးအောင် ခံယူထားတဲ့ အတွက်ဆီလီကွန် ထိုးစ ရာမလို လောက်အောင် သားမြတ် တွေဟာ သဘာဝ အတိုင်း ကြီးထွား နေရ တာကို ကေတီရဲ့ အဖေဟာ ပထမ တော့ သူရဲ့ ပထမ ဆုံးသားက မိန်းကလေး ဖြစ်သွားလို့ စိတ်ဆိုး နေပေမယ့် နောက်ကြာ လာတဲ့ အခါမှာ သူ့ကို သမီး အဖြစ် လက်ခံသွား တယ်လို့ ဆိုပါတယ်။

အေရင် ဟာလည်း မွေးဖွား စဉ်က မိန်းကလေး အယ်မရာ အနေနဲ့ အက ကျွမ်းကျင်သူ ဖြစ်ပြီး အလှ အပ ပြိုင်ပွဲ တွေမှာ ဆုရ ရှိခဲ့သူလည်း ဖြစ်ပါတယ်။ အေရင်ကို သူရဲ့အမေက ကချေ သည်အလုပ် လုပ်ခိုင်း ပေမယ့် သူအမှန် တကယ် ဝါသနာ ပါတာက သူ့အဖေ Mitch လို မော်တော် ဆိုင် ကယ်စီးတာ၊ အပြေး ပြိုင်တာနဲ့ တောင်တက်တာ တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ သူအသက် ၁၁ နှစ် အရွယ်မှာ သူ့အမေက သူ့ကို အလိုလိုက် ခဲ့ပါတယ်။ အေရင်ဟာ ခုချိန်မှာ သူရဲ့ သားမြတ်ကို ဖယ်ရှား လိုက်ပြီး အမျိုးသား ဟော်မုန်း တက်စတိုစတီ ရုန်းတွေ ထိုးနေ တယ်လို့ သိရပါတယ်။ သူတို့ နှစ်ယောက်ဟာ အိုကလာ ဟိုးမား ပြည်နယ် တူဆာမြို့က လိင် အင်္ဂါ ပြောင်းလဲ ထားသူ တွေကို အထောက် အပံ့ ပေးတဲ့ အဖွဲ့ အစည်းမှာ ဆုံတွေ့ ကြပြီး ချစ်သူ တွေဖြစ် သွားကြ တယ်လို့ သိရ ပါတယ်။

Good Health

ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ

Posted by drmyochit Wednesday, December 04, 2013, under | No comments


Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန် ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။

ဒေါက်တာတင့်ဆွေ

ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်ပုံ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သူ၊ ကြည့်ရှုသူ ၂၀၀ကလည်း အားပေးအားမြှောက်လုပ်ခဲ့

Posted by drmyochit Wednesday, December 04, 2013, under | No comments


မြောက်အမေရိကမှ အသက်၂၀အရွယ် လူငယ်တစ်ဦးသည် 4chan အွန်လိုင်းဝက်ဘက်ဆိုဒ်မှ တဆင့် သူကိုယ့်သူ မီးရှို့သတ်သည့် ဗီဒီယိုကို ကြည့်ရှုသူ ၂၀၀ခန့်အား တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြောင်း သိရသည်။

စတီဖန်ဟုသာ သိရသော လူငယ်သည် LoLdoge အမည်ဖြင့် 4chan ၀က်ဘ်ဆိုက်သုံးသူ တစ်ဦးဖြစ်သည်။ 4chan သည် သုံးစွဲသူများ ဘက်က ဓာတ်ပုံများ စိတ်ကြိုက်တင်ခွင့်ပေးထားသော ဆိုက်ဖြစ်သည်။ ပြီးခဲ့သော စနေနေ့နံနက်တွင် စတီဖန်က ယနေ့ညတွင် သူ၏ဘ၀ကို အဆုံးသတ်တော့မည် ဖြစ်ကြောင်း၊
သူသည် ၂၀၀၄ ခုနှစ်ကတည်းက 4chan တွင် Loldoge အမည်ဖြင့် ရှိနေခဲ့ကြောင်း၊ သူ၏ နောက်ဆုံးအချိန်တွင် အွန်လိုင်းအသိုင်းအ၀န်းများကို အကောင်းဆုံး နည်းလမ်းသုံး ကာဖြတ်သန်းချင်ကြောင်း၊ သူ၏ ၀က်ဘ်ကန်မှတစ်ဆင့် “an hero” လုပ်ပုံကို ထုတ်လွှင့် ပြသလိုကြောင်း၊
လာရောက်ကြည့်ရှုကြရန် တိုက်တွန်းထားခဲ့သည်။

“an hero” ဆိုသည့် အသုံးအနှုန်းသည် မိမိကိုယ့်ကိုယ်ကိုယ်သတ်သေခြင်း ဟူသည့် အွန်လိုင်း ဗန်စကား ဖြစ်သည်။ သူ့စာကို ရသော အခြား4chanသုံးစွဲသူ ၂၀၀ ခန့်ကလည်း စောင့်ကြည့်အားပေးနေ မည်ဖြစ်ကြောင်း အားပေးအားမြောက် ပြုခဲ့သည်။

ကနေဒါတွင် ပညာသင်ကြားနေသော စတီဗင်သည် ထိုနေ့ည ၇နာရီတွင် သူ့ကွန်ပျူတာမှ ကင်မရာကို အသေအချာ ဆင်ကာ ပြသချိန်တွင် ကြည့်ရှုသူများကလည်း အသင့်ရှိနေကြသည်။
စတီဗင်သည် အမျိုးအမည်မသိ ဆေးဝါး လက်တစ်ဆုပ်ခန့်ကို ဗော်ကာအရက်ဖြင့် သောက်ချလိုက်ပြီးနောက် သူ့ကိုယ်သူ မီးရှို့လိုက်သည်။

အွန်လိုင်းတွင်တွေ့ရသည့် တိုက်ရိုက်ထုတ်လွှင့်သော ဗီဒီယိုဖိုင်တွင် မီးခိုးလုံးများ ပြည့်လွှမ်းသွားပုံ၊ မီးသတ် သမားများက စတီဗင်ကို ဆွဲထုတ်သွားပုံများကို တွေ့ရသည်။ သို့သော်လည်း စတီဗင် သေဆုံးသွားခြင်း ရှိမရှိ ကိုမူ မည်သူတစ်ဦးတစ်ယောက်မှ သိရှိခြင်း မရှိပေ။

သူ၏ အဖြစ်အပျက်ကို အွန်လိုင်းတွင် ကြည့်သူအများစုက မှတ်ချက်များ ၀င်ရောက်ရေးသားသည့်အခါ မနှစ်သက်သူထက် အားပေးအားမြောက်လုပ်ကာ ဂုဏ်တင်ပြောဆိုသူကသာများကြောင်း ထူးထူးခြားခြား တွေ့ခဲ့ရသည်။

Ref: News AU
The Myanma Age

ဝမ်းချုပ်နေစဉ် ဆောင်သင့် ရှောင်သင့်သော အစားအစာများ

Posted by drmyochit Wednesday, December 04, 2013, under | No comments

ဝမ်းချုပ်နေစဉ် ဆောင်သင့် ရှောင်သင့်သော အစားအစာများဝမ်းချုပ်တာဟာ လူတိုင်းမှာ ဖြစ် လေ့ဖြစ် ထရှိ တဲ့ ပြဿနာ တစ်ခုပါ။ လူတိုင်း ဆိုပေမယ့် ကွဲပြားခြားနားတဲ့ ပုံစံ မျိုးစုံ နဲ့ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဝမ်းမသွား ဘဲ နှစ်ရက်၊ သုံးရက်လောက် ကြာလာချိန် မှာတော့ ဝမ်းသွားရခက်ခဲမှု နဲ့အတူ ဝမ်းသွား ချိန်မှာ စ အိုက နာကျင် လာပါတော့တယ်။ အချိန်ကြာ လာရင် စ အိုကွဲရာကနေ သွေးပါ လာ တတ်ပါတယ်။ ဝမ်းသွားနေ ချိန်မှာ မစား သင့်တဲ့ အစား အစာတွေရှိ ပါတယ်။ ဖော်ပြပါ အစားအ စာတွေကို စားမိရင် သင့်ကို ဝမ်းပို ချုပ်စေ တဲ့အပြင် မအီမသာဖြစ်စေပါတယ်။

ရှောင်သင့်သော အစားအစာများ

ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ၊ ဟော့ဒေါ့နဲ့ ဟမ်ဘာဂါလို အစားအစာ တွေ၊ ချောကလက်နဲ့ ချောကလက်ပါဝင် တဲ့ အစားအစာတွေကို ဝမ်းချုပ်နေချိန် မှာ ရှောင်သင့် ပါတယ်။ ပြောင်းဖူးပေါက် ပေါက်၊ ချိစ်နဲ့ ကိတ်မုန့်ခြောက်တွေကို ရှောင်ပါ။ ပီဇာတွေကိုလည်း အသီးအနှံနဲ့ ပြုလုပ်ထားတာမျိုးကိုသာ စားသင့်ပြီး အ သားနဲ့ ပြုလုပ်ထားတာမျိုးကို ရှောင်ပါ။ အသားတွေထဲမှာ ကြက်သားနဲ့ ကြက် ဆင်သားလိုမျိုး အဖြူရောင်အသားတွေ ကိုသာစားသင့်ပြီး ကင်စားတာထက် ချက်ပြုတ်စားသောက်တာက ပိုကောင်း ပါတယ်။ အကင်စာတွေကို ရှောင်ပြီး ရေ ခဲနဲ့ ရေခဲမုန့်တွေကိုလည်း ဝမ်းချုပ်နေစဉ် မှာ ရှောင်ပါ။ အသင့်ပြုလုပ်ထားတဲ့ အ စားအစာတွေကို ဝမ်းချုပ်နေစဉ် ခဏ ရှောင်ထားပါ။ ငှက်ပျောသီးနဲ့ ကာဗို ဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို လည်းရှောင်ပါ။

စားသင့်သော အစားအစာများ

ဝမ်းချုပ်နေစဉ်မှာ သံပရာသီးတစ် ခြမ်းကို ရေနွေးတစ်ခွက် ထဲမှာ ည§စ်ထည့် ပြီး တစ်နေ့တစ်ခွက်သောက်ပေးပါ။ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အချိုနည်းမုန့်တွေနဲ့ လတ် ဆတ်တဲ့ သစ်သီးတွေကို စားပေးပါ။ စွပ် ပြုပ်၊ လက်ဖက်ရည်ကြမ်း၊ လိမ္မော်သီးနဲ့ ပျားရည်ရောထားတဲ့ ဖျော်ရည်မျိုးတွေကို သောက်ပေးပါ။ ဟင်းရွက်တွေနဲ့ ပြုလုပ် ထားတဲ့ စွပ်ပြုတ်မျိုးကတော့ ဝမ်းချုပ်နေ ချိန်မှာ အစားသင့်ဆုံး အစားအစာပဲဖြစ် ပါတယ်။ ဝမ်းချုပ်နေချိန်မှာ ငါးလည်းစား ပေးနိုင်ပါတယ်။

ဝမ်းချုပ်နေချိန် စားသင့်သော အစာစားနည်း ပုံစံ

ဝမ်းချုပ်နေချိန်မှာ အစာကို လျှော့ စားရမယ် ပိုစားရမယ် ဆိုပြီးမရှိပါဘူး။ ဒါ ပေမဲ့ တိကျမှန်ကန်တဲ့ စားသောက်မှုပုံစံ တော့ လိုအပ်ပါတယ်။

အချိန်မှန်မှန် စားသောက်ပါ

မနက်ပိုင်း အစာများများစားတာ ကြောင့် တစ်နေ့တာလုံးအတွက် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ လူ တစ်ယောက်အတွက် တစ်နေ့တာလုံး လှုပ်ရှားနေရမှာဖြစ်တဲ့အတွက် သင့်ခန္ဓာ ကိုယ်က စွမ်းအင်တွေလိုအပ်ပါတယ်။ မ နက်ခင်းအိပ်ရာက နိုးထလာချိန်မျိုးမှာ သင့်ခန္ဓာကိုယ်လှုပ်ရှားချိန် လောင်ကျွမ်း ဖို့ အစာကောင်းကောင်းစားထားဖို့လိုပါ တယ်။ မဟုတ်ရင် စွမ်းအင်တွေကို ခန္ဓာ ကိုယ်က ထုတ်သုံးရတဲ့အတွက် မောပန်း လွယ်တတ်ပါတယ်။ မနက်စာစားပေး တာကြောင့် အစာလည်း ကြေလွယ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် ပုံမှန်အလုပ်လုပ် နိုင်ပြီး ဝမ်းချုပ်မှုဖြစ်စဉ်ကို ရပ်တန့်သွား စေကာ ပုံမှန် ဝမ်းသွားစေနိုင်ပါတယ်။

အချိန်မှန်မှန် စားသောက်ပါ

အစာစားချိန် မှန်ကန်မှုမရှိတာက လည်း သင့်ကို ဝမ်းချုပ်စေတဲ့ အကြောင်း ရင်းတစ်ခုပဲဖြစ်ပါတယ်။ အစာစားချိန် မ မှန်ကန်တာကြောင့် သင့်ခန္ဓာကိုယ်ထဲက အစာခြေစနစ်တွေက ပုံမှန်မဖြစ်ဘဲ ကြာ လာတဲ့အခါမှာ ဝမ်းချုပ်စေနိုင်ပါတယ်။ မနက်ပိုင်းစာကို ပုံမှန်စားပြီးပြီဆိုတာနဲ့ နေ့လယ် အနပ်ကြီးတစ်နပ်ကို ဘယ်အ ချိန်မှာ စားမယ်လို့ သတ်မှတ်ပြီး ပုံမှန် အဲဒီအချိန်အတိုင်း စားပေးပါ။

အမျှင်ဓာတ်ကို ပိုစားပါ

အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာ တွေက အစာခြေစနစ်ကို ကောင်းမွန်စေ တာကြောင့်ပါ။ အမျှင်ဓာတ်က ဆာ လောင်မှုကိုလည်း ခံနိုင်ရည်ရှိစေတာ ကြောင့် အစာလျှော့စားနေသူ တွေအနေ နဲ့ အမျှင်ဓာတ် ပါဝင် တဲ့ အစားအစာကို ပို စားပေးသင့် ပါတယ်။ လတ်ဆတ်တဲ့ ဟင်း သီးဟင်းရွက်တွေနဲ့ သစ်သီးဖျော်ရည်တွေ ကို သောက် သုံးပေးပြီး ထမင်းစားချိန် တိုင်း ရေတစ်ဖန်ခွက် လောက်တော့ သောက်ပေးပါ။ စားတဲ့ ထမင်းဟင်း ထဲမှာ လည်း ဟင်းချို၊ စွပ်ပြုတ်တစ်ခွက် ပါဝင်အောင် စားသင့်ပါတယ်။

ရိုးရာလေး
BY GOOD HEALTH

“မင်းသမီး ဘယ်သူက ဘယ်လောက်ဆိုတဲ့ ဈေးကွက်မရှိဘူး”

Posted by drmyochit Wednesday, December 04, 2013, under | No comments

သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗို (ဓာတ်ပုံ – ထွန်းအိန္ဒြာဗို facebook မှ)

အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ သဘာဝကျတဲ့ သရုပ်ဆောင်မှုများကြောင့် ရုပ်ရှင်ချစ်ပရိသတ်များရဲ့ ချစ်ခင်နှစ် သက် အားပေး မှုကို လက်ခံရရှိသူ တဦးဖြစ်ပြီး သရုပ်ဆောင်အနုပညာ အဝန်းအဝိုင်းအတွင်း လုပ်ဖော် ကိုင်ဖက်တွေရဲ့ လေးစား ချစ်ခင် ခြင်းကိုပါ ခံယူရရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ဂီတဘက်မှာလည်း ပရိသတ်အခိုင်အမာ ရခဲ့သူဖြစ်ပြီး သူ့ရဲ့ခေတ်တခေတ် ကို ဖြစ်စေခဲ့သူ တဦး ဖြစ်ပါတယ်။ ဇာတ်ရုပ်တွေ ထပ်လွန်းလာတဲ့ သရုပ်ဆောင်ခြင်း အလုပ်ကို ငြီးငွေ့လာတဲ့အတွက် စိတ်ကြိုက်တွေ့တဲ့ ဇာတ်ကောင် စရိုက် မျိုး ရိုက်ခွင့်မကြုံမခြင်း ကားရိုက်တွေ နားထားတယ်လို့ ဆိုတဲ့ သူဟာ လောလောဆယ် ဗိုလ်ချုပ်အောင် ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်ကူညီ ဝိုင်းဝန်းပေးနေရင်းက တဘက်မှာလည်း ဆက်လက် သင်ယူချင်နေတဲ့ ပညာရပ်တွေအတွက် အခြေခံဖြစ်တဲ့ အင်္ဂလိပ်စာကို အရင်ဆုံး လေ့လာနေတယ်လို့ သိရပါတယ်။ နိုင်ငံရေးလောကနဲ့လည်း ရင်းနှီးထိစပ်မှုရှိတဲ့ ထွန်းအိန္ဒြာဗိုကို သူသိမြင် ခံစားထိတွေ့မိတဲ့ မြန်မာပြည် က အမျိုးသမီးများ အရေးကိစ္စနဲ့ ပတ်သတ်ပြီး ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ အေးချမ်းမြေ့က မေးမြန်းထားပါတယ်။

မေး။     ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နေပြည်တော်မှာ အမျိုးသမီးဖိုရမ် လုပ်သွားတယ်။ အဲဒီမှာ
ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းပြောတဲ့အခါမှာ အမျိုးသမီးတွေ အင်အားမြှင့်တင်ဖို့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုပြီး ပါဝင်လာအောင် သူ့အနေနဲ့ကြိုးစားနေတယ်တဲ့။ မြန်မာပြည်မှာလည်း အမျိုးသမီး အမျိုး သား ခွဲခြားမှုတွေ ရှိနေသေးတယ်လို့ သူကပြောသွားတယ်။ လွှတ်တော်ထဲမှာလည်း ခွဲခြားမှုတွေ ရှိနေတယ် လို့ လွှတ်တော်အမတ် မဖြူဖြူသင်းက ပြောသွားခဲ့တော့ အောင်မြင်တဲ့ အမျိုးသမီးတဦးဖြစ်တဲ့ မထွန်းအိန္ဒြာဗို ကရော အဲဒါကို ဘယ်လိုသဘောရသလဲ။

ဖြေ။     ။ ကျမထင်တာတော့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ အဓိက အဓိပ္ပာယ်ကတော့ Gender ခွဲတဲ့ကိစ္စကို ပပျောက် စေချင်လို့၊ မရှိစေချင်လို့ပြောတဲ့ သဘောပဲ။ ကျမတို့ဆီမှာ Gender ခွဲတာ ရှိနေတာပေါ့။ ဘုရားဆိုလည်း တက်လို့ မရတဲ့နေရာတွေ ရှိနေတယ်။ ကျမတို့လည်း ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် နားလည်ကြပါတယ်။ တခြားနေရာမှာလည်း အမျိုးသမီးနဲ့ အမျိုးသား ခွဲခြားတာ တွေ့ရတယ်။ ကျမကတော့ လူဆိုရင် လူသားတယောက်အနေနဲ့ပဲ လက်ခံချင်တယ်။ အဲဒီလူရဲ့ အရည်အချင်းပေါ်မှာပဲ ဆုံးဖြတ်ချင်ပါတယ်။ ယောက်ျားမို့လို့ ဘာဖြစ်ရမယ်၊ မိန်းမမို့လို့ ဘာဖြစ်ရမယ် ဆိုတာမျိုးတော့ ကျမသိပ်မကြိုက်ဘူး။ ကျမတို့ အိမ်ထောင်ရေးမှာလည်း ယောက်ျားနဲ့ မိန်းမဆိုပြီး ကျမလက်မခံဘူး။

ဒီအိမ်ထောင်တခုမှာ အရေးကြီးတဲ့ကိစ္စကို ဘယ်သူ ဘယ်လိုတာဝန်ယူပြီး  ခွဲခြမ်းလုပ်ကိုင်နေသလဲ ဆိုတဲ့အပေါ် မှာပဲ အိမ်ထောင်ရေးကို ပြေလည်အောင်တည်ဆောက်တယ်။ ယောက်ျားမို့လို့ဆိုပြီး ခြေသုတ် ပုဆိုးမြွေ စွယ်ကျိုး မိန်းမတွေ လိုမျိုးလည်း ကျမမလုပ်နိုင်ဘူး။ ဒီလိုပဲ မိန်းမ ထမီနား ခိုစားတဲ့ယောက်ျား ဆိုတဲ့ အပြော မျိုးကိုလည်း ကိုအောင်မင်းထွန်းလည်း အဖြစ်ခံမှာ မဟုတ်ဘူး။ ဒီအိမ်ထောင်မှာ အရေးကြီး တဲ့ တာဝန်ဆိုတာ အများကြီးရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ တာဝန် တွေကို ကျမဘယ်မှာ တာဝန်ယူသလဲ၊ သူဘယ် မှာ တာဝန်ယူသလဲ၊ သူဘယ်လောက် တာဝန် ယူမှု ရှိသလဲ ဆိုတဲ့အပေါ်မှာ ကျမတို့ အိမ်ထောင်ရေး က တည်နေတာဖြစ်တယ်။ ကျမတို့အိမ်ထောင်မှာ ယောက်ျား၊ မိန်းမ မရှိသလိုပဲ တိုင်းပြည်မှာ လည်း မရှိစေချင်ဘူး။ အရည်အချင်းနဲ့ပဲ သွားစေချင်တယ်။

မေး။     ။ လွှတ်တော်ထဲမှာ အမျိုးသမီးအင်အား အရမ်းနည်းနေတယ်လို့ အမျိုးသမီးအဖွဲ့အစည်း တချို့က ဝေဖန်ကြတဲ့ အပေါ် အစ်မအနေနဲ့ ဘယ်လိုမြင်သလဲ။ ဘယ်လို ဖြစ်စေချင်သလဲ။

ဖြေ။     ။ ကျမကတော့ အမျိုးသမီးနဲ့အမျိုးသား Gender ခွဲတဲ့ကိစ္စကို ခေါင်းစဉ်သပ်သပ် ဖြေရမှာပေါ့။ လွှတ်တော်ထဲမှာ ကတော့ တကယ် နားလည်တတ်ကျွမ်းပြီး တကယ်လုပ်ကိုင်နိုင်တဲ့ သူတွေ ဖြစ်စေချင်ပါတယ်။ အမျိုးသမီးပဲ များများ၊အမျိုးသားပဲ များများ၊ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သက်ရောက်မှု နှေးနေတာကို မြန်အောင် လုပ်နိုင်တဲ့ သူတွေ ရောက်စေချင်ပါတယ်။ အမေစု တယောက်တည်းနဲ့ မဖြစ်ဘူးလေ။ အမေစုက အများကြီး ပြောနိုင်ဆိုနိုင်  ရှိသော်လည်း လုပ်ပေးမှလည်း ဖြစ်သေးတာ။ သူက လွှတ်တော်ဥက္ကဋ္ဌလည်း မဟုတ်ဘူး။ နောက်တခုက ၂၅ ရာခိုင်နှုန်း ကိစ္စကြီးကလည်း လုံးဝ သဘောမကျဘူး။ ဘယ်မှာမှလည်းမရှိဘူး။ အဓိပ္ပာယ်လည်းမရှိဘူးလို့ ထင်တယ်။

မေး။     ။ မြန်မာပြည်မှာ အမျိုးသမီးကဏ္ဍကို မြှင့်တင်ဖို့ စတင်ကြိုးစားလာကြပြီ၊ အရင်ကဆိုရင် လုပ်ခွင့်မရတာတွေ အခု မြှင့်တင် လာကြတာ တွေ့ရတယ်။ မင်းသမီးတွေက နိုင်ငံတကာမှာ ဆိုရင် လှတာတခုတည်း မဟုတ်ဘဲ တော်ကြတယ်။ အဲဒီလို လှလည်းလှ တော်လည်း တော်တဲ့ မင်းသမီးတွေ မြန်မာနိုင်ငံ ရုပ်ရှင်လောကအတွက် လိုအပ်သလား။ လိုအပ်တယ် ဆိုလို့ရှိရင်လည်း ဘာကြောင့်လဲလို့ ပြောပြပေးပါ။

ဖြေ။     ။ လိုအပ်တာပေါ့။ အများကြီးလိုအပ်တယ်။ အသိ၊ အမြင်၊ အကြား၊ ဗဟုသုတကြွယ်ဝခြင်းဟာ ဘယ်ကဏ္ဍကိုမဆို တိုးတက် စေတာပဲ။ နိုင်ငံတကာမှာကျတော့ ငယ်ကတည်းက ပွင့်လင်းလာတဲ့ တိုင်းပြည်မှာ ကြီးပြင်းလာရတော့ သူတို့မှာ လက်လှမ်း မီတာတွေ အများကြီးပေါ့။ ကျမတို့မှာက ဘယ်လောက်မှ မရှိတဲ့ ကာလလေးကနေ စလေ့လာနေရတာတွေ ဖြစ်တာပေါ့နော်။ နောက်တခုက ဒီနိုင်ငံမှာ သင်တန်းကျောင်းတွေ၊ အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံမှု ဘာမှမရှိသေးဘူး။ နောက်တခုကလည်း မြန်မာကားက တကမ္ဘာလုံး ဈေးကွက်မဟုတ်တဲ့ အတွက် မြန်မာပြည်ရဲ့ ပရိသတ်ကိုပဲ ရည်ရွယ် ရတာပေါ့။ ကြည့်တဲ့ ပရိသတ် ဘာကြိုက်လဲ၊ ကြိုက်တာလေးကိုပဲ သွားနေရတယ်။ သူ့ဆီက ပိုက်ဆံရချင်တာကိုး။ အဲဒီမှာတင် ဒုက္ခတွေ ရောက်ကုန်တာ။ အဲဒါကြောင့် တပြည်လုံးဗဟုသုတ ကြွယ်ဝဖို့လိုအပ်တယ်။

မေး။     ။ ကျမဆိုလိုတာက တော်တဲ့မိန်းကလေးတွေလည်း မရှိဘူးမဟုတ်ဘူး။ တော်လည်းတော်တယ်၊ လှလည်းလှတယ် ဆိုတာမျိုး၊ မင်းသမီးတွေက အဲဒီလို မဖြစ်သင့်ဘူးလား။

ဖြေ။     ။ ကျမတို့မြန်မာပြည်မှာ တော်တဲ့အမျိုးသမီး တော်တော်များများ တွေ့ဖူးတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီးတွေကို အနီးကပ် စကားပြောမိတဲ့ အခါတိုင်းမှာ သူတို့မှာ တွေ့ရတာလေးက တဘက်မှာ တဘက်ကမ်းခတ်အောင် တော်ပြီး
ကျန်တဘက်မှာ တဘက်ကမ်းခတ်အောင် သူမသိတဲ့ အရာလေးတွေ ရှိနေတယ်။ သာမန်လေးတောင် သူသိသင့်တဲ့ ဟာလေးတွေကို သူမေ့နေတယ်။ ဒါက Balance အောက်နေတယ်လို့ ကျမထင်တယ်။ အဲဒါက ကျမတို့တိုင်းပြည်ရဲ့
ပညာရေးနဲ့ပဲ ဆိုင်တယ်ရှင့်။ ကျမတို့တိုင်းပြည်မှာ ကလေးတွေကို ငယ်ကတည်းကစပြီး ပညာတွေအများကြီး သင်ပေးဖို့ လိုတယ်။ လူမှုဆက်ဆံရေးနဲ့ ပြုမူတဲ့ အပြုအမူကအစ သင်ခန်းစာတွေ အမျိုးမျိုးရှိတယ်။ စကားပြောတာက အစ၊ အတွေး အခေါ်က အစ တယောက်ပြောနေတုန်း ဖြတ်ပြောတာက ရိုင်းတယ်ဆိုတာ သူတို့ သိချင်မှလည်းသိတာပါ။ တခါတလေ
လုပြောချင်ရင်လည်း ပြောနေတာပဲ။ အဲဒါက ဗဟုသုတတွေပေါ့။ ဒီလိုမျိုးလေး သိဖို့ဆိုတာကို အများကြီး လုပ်ရအုံးမှာ။
နိုင်ငံခြားသား တယောက်နဲ့ ဆက်ဆံတဲ့အခါမှာ သူတို့တွေ ဘယ်လိုလုပ်တာလဲ ဆိုတာကို ပြီးပြီးရော ပြောလိုက်ရင်တော့ မသိလိုက်ဘူးပေါ့။ သေချာလေ့လာပြီး ပြောလို့ရှိရင် လေ့လာစရာ အများကြီးရှိတယ်။ ကျမတို့တိုင်းပြည်မှာ အများကြီး နောက်ကျနေတယ်။ ဒါက တိုင်းပြည်တခုလုံးနဲ့ ကျမတို့က ခြုံပြောတာ။ ပညာရေး အသတ်ခံရတာကစပြီး တိုင်းပြည်တခုလုံး
ချွတ်ခြုံကျတယ်လို့ပဲ ကျမမြင်တယ်။

မေး။     ။ အခုမြန်မာပြည်မှာ မှုခင်းဂျာနယ်တွေပဲ အားကောင်းလာလို့လား၊ စာပေစိစစ်ရေးပဲ မရှိတော့လို့လားမသိဘူး၊ အရင်ထက် စာရင် အမျိုးသမီးတွေကို လိင်အကြမ်းဖက်တဲ့ ကိစ္စတွေ ပိုပြီး မြင်လာ ကြားလာရတယ်၊ နောက်ပြီး ကလေးတွေကို
အဓမ္မကျင့်တဲ့ ကိစ္စတွေ၊ နောက်တခုက တရုတ်နယ်စပ် ဒေသတွေမှာ အမျိုးသမီးတွေကို ရောင်းစားတဲ့၊ လူကုန်ကူးတဲ့ ကိစ္စတွေ။ အဲဒါမျိုးတွေက အခုနောက်ပိုင်း ပိုပိုပြီး ကြားလာရတယ်။ အဲဒီဟာတွေ အပေါ်မှာရော အစ်မက အမျိုးသမီး တယောက်အနေနဲ့ ဘာပြောချင်သလဲ။ ဘယ်လိုမြင်လဲ။

ဖြေ။     ။ အဲဒါ တိုင်းပြည်စီးပွားရေးက ချွတ်ခြုံကျလာတော့ ငါးစာကိုပဲ မြင်တယ်၊ ငါးမျှားချိတ်ကို မမြင်ကြဘူးဆိုတဲ့ သဘောတွေလည်း ပါတယ်။ နောက်တခုက ဒီကလေးတွေ Abuse လုပ်ခံရတဲ့ကိစ္စက အမေတွေ ပညာအားနည်းတာလည်း ပါတယ်။ ပညာဆိုတာ ကျောင်းအတန်း ပညာကို ပြောတာမဟုတ်ဘူး။ အပြင်ဗဟုသုတ ဘာဖြစ်နိုင်လဲ ဆိုတာ လာဘ် မမြင်တာပေါ့။

ကျမပြောမယ်။ မိန်းကလေးမှ Abuse လုပ်ခံရတာ မဟုတ်ဘူး၊ ယောက်ျားလေးလည်း လုပ်ခံရနိုင်တာပဲ။ ယောက်ျားလေး အချင်းချင်းလည်း ဇယားတွေ အများကြီးရှိတယ်၊ မိန်းကလေး အချင်းချင်းလည်း ရှိတယ်။ ဒါတွေက ဘယ်လိုလုပ်ရင် ဘယ်လို အန္တရာယ် ဖြစ်နိုင်သလဲ ဆိုတာ အုပ်ထိန်းသူက ဗဟုသုတ အကြားအမြင် အများကြီး လိုအပ်တယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်မှာ ကျတော့ အဲဒါ ကြားမြင်ဖို့ နေနေသာသာ၊ ကိုယ့်ဟာကိုယ် စီးပွားရေးနဲ့ လုံးခြာလိုက်နေရတယ်။ အဲဒီလို ကိုယ့်ကလေးကိုကိုယ် လှည့်မကြည့်နိုင်ဘဲ ဖြစ်နေရတာကြောင့်၊ တိုင်းပြည် စီးပွားရေး ကျလေလေ၊ ဒါမျိုးကိစ္စတွေက များလေလေ ဖြစ်မှာပဲ။ NGO တွေ အများကြီး ပေါ်လာတဲ့ ကိစ္စတွေကလည်း လိုအပ်လို့ ပေါ်လာတာပဲလေ။ နေရာတိုင်းမှာ အများကြီး လိုနေတာကို နိုင်ငံတကာနဲ့ ယှဉ်ပြီး သွားပြောရင်တော့ ကျမတို့ဟာ နွားလှည်းနဲ့ ကားနဲ့ သွားယှဉ်နေသလို၊ အမောင်းပြိုင်မလား၊ ၀င်တိုက်တာ ပြိုင်မလား၊ ဘာပြိုင်မလဲ၊ ဘာမှပြိုင်လို့မရတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ အဲဒီလိုမျိုး ယှဉ်ပြောဖို့ မတရားဘူးလို့ပဲ ကျမထင်တယ်။ ကျမတို့ လိုအပ်တာတွေကို ဘယ်လိုကူနိုင်မလဲ။ ကိုယ်မသေခင်မှာ တတ်နိုင်တာလေးတွေပဲ လုပ်သွားကြရမှာပေါ့။ ကျမတို့လည်း ဘာပညာမှ လက်လှမ်းမမီဘူး။ မီသလောက် အခုအချိန်မှာ လှမ်းနေရတုန်းပဲ။ ရသလောက်ဝေနေပြီး တတ်နိုင်သလောက် ကူညီရမယ့် အဆင့်လောက်နဲ့ပဲ သွားနေရမှာပဲ။

မေး။     ။ အစ်မတို့ ရုပ်ရှင် အသိုင်းအ၀ိုင်းမှာရော အမျိုးသား၊ အမျိုးသမီး ခွဲခြားတဲ့ကိစ္စမျိုးတွေ ရှိလား။

ဖြေ။     ။ ကျမတို့က မြန်မာလူမျိုးတွေဆိုတော့ ငယ်ငယ်ကတည်းကကို ယောက်ျားဆိုရင် ဘုန်းမြင့်တယ်ဆိုတဲ့ အသိပညာနဲ့ ကြီးပြင်း လာခဲ့ရတာပေါ့။ အလိုအလျောက် နေရင်းနဲ့ကို Respect ပေးပြီးသားပဲ။ ဒါကတော့ ကျမဆိုရင် ဇာတ်ပို့ ဇာတ်ရံ မင်းသား သရုပ်ဆောင်တွေကို မပြောနဲ့၊ စက်အဖွဲ့က လူတွေကိုလည်း နာမည်ကို ကျမထက် ဘယ်လောက်ငယ်ငယ် ‘ကို’ တပ်ခေါ်တယ်။ ကျမကတော့ ယောက်ျားမို့လို့ သူ့ကို အသားပေးပြီး ခေါ်တာမဟုတ်ဘူး။ ယဉ်ကျေးမှုအနေနဲ့ တယောက်နဲ့ တယောက် ရင်းနှီးခင်မင်မှုအနေနဲ့ သူကြားရတာ နားဝင်ချိုအောင် ခေါ်တဲ့သဘောပါ။

မင်းသားနဲ့ မင်းသမီးက ကျတော့ ဘယ်နေရာမှာ သွားဖြစ်လဲဆိုရင် ဈေးကွက်မှာ မင်းသားနာမည် ပြောရလောက်တဲ့ ဈေးကွက် ဖြစ်တယ်။ ဥပမာ – ဦးကျော်ဟိန်းကား ဘယ်လောက်၊ ကျော်သူကား ဘယ်လောက်၊ စိုးသူကား ဘယ်လောက်ပေါ့။ စသဖြင့် သူ့တန်းနဲ့သူ သူ့ဈေးက ပေါက်ပြီးသား။ မင်းသမီး ဘယ်သူက ဘယ်လောက်ဆိုတဲ့ ဈေးကွက်မရှိဘူး။ ကျမ အထင်ကတော့ အမျိုးသမီး ပရိသတ် ပိုများလို့ ဖြစ်မယ်ထင်တယ်။ သူတို့ကြိုက်တဲ့ မင်းသားတွေကားမှာမှ အများစုကြိုက်တဲ့ ဒါရိုက်တာပါရင် ဈေးလေး နည်းနည်း တက်တာပေါ့။ သူတို့ကြိုက်တဲ့ မင်းသမီးဆိုရင် ဈေးနည်းနည်း ပိုရတာ ရှိတယ်။ ဒါပေမယ့် အဲဒီ ဒါရိုက်တာ ရိုက်တဲ့ ကားဆိုရင် ဈေးဘယ်လောက် ဆိုတာမရှိဘူး။

မေး။     ။ အစ်မက အကြားအမြင် ဗဟုသုတလည်း များတော့ နည်းနည်း ထပ်မေးချင်တာက ရိုက်ကွင်းမှာ အစ်မကတော့ မင်းသမီးကြီး ဖြစ်တဲ့အတွက် ဒါရိုက်တာကပဲ ဖြစ်ဖြစ်၊ မင်းသားမင်းသမီး တွေကပဲ ဖြစ်ဖြစ် လေးစားမှု ရှိမှာပဲလေ။ အစ်မ အနေနဲ့ ကြည့်ရင်တော့ မိန်းမယောက်ျား မခွဲပါဘူး ဆိုတဲ့ဟာမျိုးဖြစ်မှာပဲပေါ့။ တခြားလူတွေကော ဥပမာ – ရိုက်ကွင်းမှာ မိန်းကလေးတွေကို နှုတ်အားဖြင့် စော်ကားနှောက်ယှက် ပြောဆိုတာမျိုးတွေ၊ ပါးစပ်သရမ်းတာ မျိုးတွေပေါ့၊ အခုအချိန်အထိ ရှိနေသေးလား။

ဖြေ။     ။ သြော် … ဖြစ်နိုင်တာပေါ့။ အများကြီးရှိတာပေါ့။ ဒါပေမယ့် ဒီလို အနုပညာ လောကမှာက ပြေလည်အောင် လုပ်တဲ့သူက အလုပ်လုပ်ရပြီးတော့ မပြေလည်ရင် ကိုယ့်ထမင်းအိုး ထိခိုက်တာ ဖြစ်တဲ့အတွက် ကလေးမလေးတွေ ခမျာမှာလည်း အဆင်ပြေအောင် ပြောဆို ဆက်ဆံရတာမျိုးတွေ ဖြစ်နေတယ်။ ယောက်ျား၊ မိန်းမ မခွဲဘဲ နင်ငါ့ကို နှိမ်တာပဲ၊ ငါဒါမျိုး မခံနိုင်ဘူးဆိုပြီး သွားစွာနေပြန်တော့လည်း၊ စွာလို့မရတဲ့ တခြား အကြောင်းတရားတွေ ကလည်း သူတို့ခမျာ ရှိပြန်တယ်။ အဲဒါကြောင့် ကိုယ့်ကို သူများ ရိုသေမှုရချင်ရင် သူများကိုအရင် ရိုသေလိုက်လို့ပဲ အကြံပေးတတ်တယ်။ လောလောဆယ်လည်း အဲဒီလို အကြံပေးလို့ပဲရတယ်။

နှိမ်တိုင်း ပြန်ပြီး မတုံ့ပြန်ဘဲနဲ့ ယဉ်ယဉ်ကျေးကျေးလေးနဲ့ပဲ ပြန်တုန့်ပြန်တော့ လုပ်တဲ့သူက တခါနှိမ်မယ်၊ နှစ်ခါနှိမ်မယ်၊ သုံးခါလောက် ကျတော့ အားနာလာမယ်။ ကိုယ်ကတော့ သည်းခံတဲ့ဘက်က အရင်သွားရမှာပဲ။ ဈေးကွက်အရရော၊ လုပ်ငန်းသဘောသဘာဝ အရရော ကိုယ်က မာနိုင်တဲ့ အနေအထားမရှိတဲ့ အတွက်ပေါ့။ အားလုံးကို ပြေလည်အောင် ဆက်ဆံ ရတဲ့ သဘောသဘာဝ ကလည်း ရုပ်ရှင်လောကမှာရှိတယ်။

မေး။     ။ အမျိုးသမီးတွေ လမ်းသွားရင် နှုတ်အားဖြင့် စနောက်တာတွေ၊ လက်အားဖြင့် နှောက်ယှက်စော်ကားတာတွေ
ရှိတဲ့အပေါ် အမျိုးသားထု ကိုကော ဘာပြောချင်သလဲ။

ဖြေ။     ။ ကျမတို့တိုင်းပြည်က လူတယောက်ကို အဲဒီလို ပြောတာ သိပ်ရိုင်းတယ်။ သူများ စိတ်အနှောင့်အယှက် ဖြစ်သွားအောင် လုပ်တာဟာ ကိုယ်သိပ်ရိုင်းနေတဲ့ အပြုအမူကို လုပ်နေမိပါလားဆိုပြီး ကိုယ်ကိုယ်တိုင် ရှက်တတ်မှ ရမှာပါ။

အဲဒီလို ရှက်တတ်တဲ့ အသိပညာတွေ အများကြီး လိုသေးတာပေါ့။ အဲဒီလိုပဲ ယောက်ျား မိန်းမမှ မဟုတ်ဘူး၊ မိန်းမ တယောက်ရဲ့ အပြုအမူကလည်း ယောက်ျားတယောက် အတွက်ပဲဖြစ်ဖြစ၊် တခြားမိန်းမ တယောက်ယောက် အတွက် ဖြစ်ဖြစ် အနှောင့်အယှက်ဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ် ရှက်တတ်အောင် ပညာပေးရမှာတွေ အများကြီး လိုသေးတယ်။

တခါတလေတော့ ကိုယ်လုပ်လိုက်တဲ့ အပြုအမူတွေဟာ ကိုယ်တိုင်တောင် ရိုင်းမှန်းမသိတာတွေ အများကြီးရှိတယ်။
ကျမတို့ ဘေးကကြည့်တဲ့ သူတွေက ဒီကလေးက အရမ်းရိုင်းပါလား၊ သူ့ကိုသွားပြောရင် ကိုယ့်ကို ပြန်ထိုးသွားတာပဲ ရှိမယ်။ ကျမတို့တိုင်းပြည်မှာ ပညာရေးကို အသတ်ခံထားရပြီး လုံးလည်ချာလည် လိုက်နေတာတွေ အများကြီး ကျန်သေးတယ်။
အခုအချိန်က ဒီမိုကရေစီဆိုပြီး ဒီမိုကရေစီကို သေချာနားမလည်ဘဲ၊ လွတ်လပ်ရမှာပဲ ဆိုပြီး တဘက်လူ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာတွေ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ သိသင့်တယ်။ ဒါကအစိုးရနဲ့ပဲ မဆိုင်ဘူး၊ တိုင်းသူပြည်သား အားလုံး၊ နိုင်ငံသူနိုင်ငံသား အားလုံးနဲ့လည်း ဆိုင်တယ်။ ပညာတွေအများကြီး ပေးပြီး အချိန်ယူရဦးမယ်။ ကျမတို့က ပညာပေးပြီး သင်တန်းဖွင့်လည်းပဲ စီးပွားရေး လုပ်နေတဲ့သူတွေက မအားဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်လို့ ရမလဲ။ ကျမတို့တိုင်းပြည်က စနစ်တကျကြီး ပျက်ယွင်းနေတော့ ကိုင်ရတာ တော်တော်ခက်မှာလေ။ ကျမတို့လည်း အသက်ရှိသရွေ့ လုပ်ရဦးမှာပဲ။

ကိုယ်ကိုယ်တိုင် ဦးဆောင်ဖို့က ဘယ်လိုမှမလွယ်ဘူး။ အမေစုလို အမျိုးသမီး ဦးဆောင်တာတောင် အထင်လွဲတဲ့သူတွေ
အများကြီး ရှိသေးတာပဲ။ ကျမတို့လို ခြေစာမှုန့်ဆိုတာ ဘယ်လိုမှ စာရင်းမရှိဘူး။ ကိုယ်နိုင်သလောက် ကူမယ်ဆိုတဲ့ စိတ်ကို လျှော့ထားဖို့ပဲ ရှိတယ်။ စိတ်မလျှော့ထားရင်လည်း ကိုယ့်ကိုယ်ကိုယ် လဲသေလိုက်ဖို့ပဲ ရှိတယ်။     ။

ဧရာဝတီ

အင်တာနက်အသုံးပြုနိုင်သည့် ပမာဏကို 20 GB အထိတိုးချဲ့

Posted by drmyochit Wednesday, December 04, 2013, under | No comments


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆီးဂိမ်းအတွက်ရည်ရွယ်၍ အင်တာနက်အသုံးပြုနိုင်သည့် Bandwidth ပမာဏ ကို 20 GB အထိ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင်က 12GB အထိသာ ပြည်တွင်း၌ သုံးစွဲခဲ့သော်လည်း အောက်တိုဘာလကုန်၌ 16GB အထိ တိုးချဲ့နိုင် ခဲ့ပြီး ယခုလကုန်ပိုင်း၌ 20GB အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန် ကြားရေး မှူး ဦးအောင်မော်က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြောသည်။

ဆီးဂိမ်းပွဲတော်အတွင်း WiFi အင်တာနက်စနစ်ကို အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်စနစ်အမြန်နှုန်းများ မြှင့်တင်နိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း ISP အသစ်များကိုလည်း နေပြည်တော်နှင့် မန္တလေးမြို့၌ တိုးချဲ့တည်ဆောက်ထားရှိပြီး IXP ဟု ခေါ်ဆိုသော အင်တာနက် Gate Way တစ်ခုကိုလည်း နေပြည်တော်၌ တည်ဆောက်ထားရှိကြောင်း သိရသည်။

ထို့အပြင် ဂျပန်နှင့်ပူးပေါင်း၍ ဖိုင်ဘာဆက်ကြောင်းများကို တိုးချဲ့တည်ဆောက်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများအတွက် Long Term Evolution စနစ်ဖြင့် WiFi အင်တာနက်စနစ်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်နေကြောင်း ဦးအောင်မော်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်ရှိ အားကစားရွာနှင့် အားကစားကွင်းများရှိ ရုံးခန်းများသို့ အင်တာနက်စနစ်ချိတ် ဆက်ပေးခဲ့သည့်အပြင် ဆီးဂိမ်းသို့ လာရောက်သည့် အများပြည်သူအတွက် အင်တာနက်စနစ် ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့သည်။

Red Link ကုမ္ပဏီနှင့် Global Telphone ကုမ္ပဏီတို့သည် ဆီးဂိမ်း အားကစားပွဲတော်၌ အင်တာနက် စနစ်ကို ကူညီထောက်ပံ့ခဲ့သည့်အတွက် အထက်မြန်မာပြည် နေပြည်တော်နှင့် မန္တလေးမြို့၌ Global Telephone အကူအညီဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အောက်မြန်မာပြည် ရန်ကုန်နှင့် ငွေဆောင် ၌ Red Link ကုမ္ပဏီ အကူအညီဖြင့် အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ဦးဆောင်မှုအောက်၌ ဆီးဂိမ်းလာ ဧည့်ပရိသတ်များအနေဖြင့် WiFi အင်တာနက်စနစ်ကို အသုံးပြုရာတွင် Password များ လိုအပ်မည်မဟုတ်ဘဲ လွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။


မြင့်ကျော်လှိုင်
အတွဲ (၁၄)၊ အမှတ် (၄၇)
Internet Journal

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်