Monday, February 03, 2014

ကလေးငယ်နှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကို ရဲဌာနတွင် အမှုဖွင့်

Posted by drmyochit Monday, February 03, 2014, under | No comments

ကလေးငယ် အဓမ္မပြုကျင့်ရန် ကြံ စည်ခြင်း ခံရမှုနှင့် အဓမ္မပြု ကျင့်ခံ လိုက်ရမှု နှစ်ခုကို ဖေဖော်ဝါရီ ၁ ရက် တွင် အမှုဖွင့်တိုင်တန်းထားသဖြင့် သက်ဆိုင်ရာ ရဲစခန်းများက စစ်ဆေးဆောင်ရွက်နေရသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် ဇန်န၀ါရီ ၃၁ ရက် ည ၈ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အသက် (၁၀)နှစ်ကလေးငယ် အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခံရမှုကို အသက် (၃၂)နှစ် ရှိ မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် ၉ နာရီအချိန်မှ အိမ်ပြန်ရောက်လာသည့် သမီးငယ်ကို ပါးစပ်တွင် သွေးများစွန်းလျက်တွေ့ရှိ မေးမြန်းရာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခြင်းခံခဲ့ရ သည်ဟု သိရှိရသည်ဟု မိခင်ဖြစ်သူက ရဲအားပြောပြထားသည်။

သမီးဖြစ်သူမှာ လိုက်လံဆော့ကစားနေစဉ် အဆိုပါ အမျိုးသားက လူမနေသည့် အလုပ်သမားတန်းလျား ပေါ်သို့ ခေါ်ဆောင်ပြီး လည်းပင်းအားညှစ်၊ ပါးစပ်အား လက်ဖြင့်ပိတ်၍ အ၀တ်အစားများ ဆွဲချွတ်ကာ သားမယားပြုကျင့်ရန် ကြိုစားစဉ် သမီးငယ်မှ အော်ဟစ်အကူအညီတောင်းရာ လူများရောက်ရှိလာသဖြင့် သားမယားပြုကျင့်ရန် ကြံစည်သူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုထားသည်။

သားမယားပြုကျင့်ရန် ကြံစည်သူအဖြစ် သံချောင်း (၁၉)နှစ်၊ ကျောက်ထမ်းလုပ်သား အမှတ် (၁၃) ရပ် ကွက်နေသူဟု စွပ်စွဲတိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့် အရေးယူ ရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ဒုတိယဖြစ်စဉ်တစ်ခုမှာ ဇန်န၀ါရီ ၃၀ ရက်က တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဖြစ်ပွားထားပြီး အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု အသက် (၄၅)နှစ်အရွယ် မိခင်ဖြစ်သူက ဖေဖော်ဝါရီ ၁ ရက်တွင် အမှုဖွင့်တိုင်တန်းထားသည်။
Mizzima

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

Posted by drmyochit Monday, February 03, 2014, under | No comments

ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က
ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။ အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။

အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။

အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။

ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။

သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ၊သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ အုံး ....

Credit to Mobile House

ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့်ခုတ်

Posted by drmyochit Monday, February 03, 2014, under | No comments

ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တိုက်ကြီးမြို့နယ်တွင် ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီ ၂ရက်က ဖြစ်ပွားခဲ့သည်ဟု မြို့နယ် ရဲစခန်းမှူးဖြစ်သူ ရဲအုပ် သန်းဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ အမှုမှာ တိုက်ကြီးမြို့နယ် စပါးကိုင်းအုပ်စု၊ လက်ပံကုန်းရွာတွင် နံနက် ၁၀နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျော်လွင်ဦး (၄၉)နှစ်ကို ဇနီးဖြစ်သူ မတင်မာဝင်း (၄၂)နှစ်က ထမင်းချက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ယောက်ျားဖြစ်သူက ထမင်းမချက်ဘဲ ထမင်းကြော်ထားကြောင်း၊ ထမင်းကြော်ပဲ စားရန် ပြောရာ မကျေနပ်ဘဲ စကားများပြီးနောက် မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်ခဲ့သော အမှုလည်း ဖြစ်သည်။

"လောလောဆယ်တော့ ဓါးနဲ့ခုတ်သူက ရှောင်နေပါတယ်။ ကျွန်တော်တို့ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ သူက ဓါးမနဲ့ခုတ်လို့ နာကျင်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ ယောက်ျားဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။

ဖြစ်စဉ်တွင် စကားများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ကျော်လွင်ဦးမှာ ဝါးခုတ်ဓါးမအား ဘေးချထားပြီး နှီးဆက်ထိုးနေစဉ် ဇနီးဖြစ်သူ မတင်မာဝင်းက ဓါးမအား ကောက်၍ နောက်မှ ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် ကျော်လွင်ဦးတွင် ဦးခေါင်းနောက်စေ့၊ ဦးခေါင်းဝဲဘက်နောက်စေ့နှင့် ယာလက်ခလယ်၊ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသနေရသည်။

ထို့နောက် ဇနီးးဖြစ်သူ မတင်မာဝင်းကို အရေးယူပေးရန် ကျော်လွင်ဦးက တိုင်တန်းသဖြင့် တိုက်ကြီးရဲစခန်းက (ပ)၄၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို လိုက်လံရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Mizzima - News in Burmese

၁၆ နှစ်သမီးလေး လင်နောက်လိုက်ပြေးသောအခါ

Posted by drmyochit Monday, February 03, 2014, under | No comments

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့် တဲ့အခါ ချစ်သော ဖေဖေ ဒီစာကိုရေး ရတဲ့အ တွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။

သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။

ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး

စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော်/

မိုဘိုင်းဖုန်းဂိမ်းအချို့ သတင်းအချက်အလက်ပေါက်ကြားနိင် ဟုသိရ

Posted by drmyochit Monday, February 03, 2014, under | No comments


နည်းပညာဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်ကာ ပညာရှင် တစ်ဦးဖြစ်သူ ဦးအောင်မြင့်ဇော်ရဲ့ ပြောကြားချက်အရ လူအများ၏ မိုဘိုင်းဖုန်းများ အတွင်းတွင် ထည့်သွင်းကစားနေကြသည့် ဂိမ်းအချို့ သည် ( angry birds & subway) အသုံးပြုသူရဲ့ သတင်းအချက်အလက် အချို့ကိုေ ပါက်ကြားစေနိင်တယ်လို့ သိရပါတယ်။ အရာရာတိုင်းကို ပေါက်ကြားစေတာမျိုးတော့ မဟုတ်ဘဲ ဥပမာ- လမ်းတွေပေါ်မှာ အနီရောင်ဝတ်ထားတဲ့သူကို ရှာချင်တယ်ဆိုရင် အနီရောင်ဝတ်ထားတဲ့သူတွေကိုသာ ရွေးပြီးတော့ စောင့်ကြည့်နေတာမျိုး၊ အရေးကြီးတဲ့ စကားလုံးတွေကို ရွေးပြီး စောင့်ကြည့်နေတာမျိုး ကိုဆိုလိုကြောင်း သိရပါတယ်။ ထို့အပြင် နည်းပညာအရ မိုဘိုင်းဖုန်းများ Root လုပ်ခြင်း၊ Jailbrek ပြူလုပ်ခြင်းတို့သည်လည်း အသုံးပြုသူရဲ့ အချက်အလက်အချို့ကို ပေါက်ကြားစေရန် ပိုမိုလွယ်ကူခြင်း ဖြစ်စေပါတယ်။ ထိုကဲသို့ ပြုလုပ်ချင်ဖြင့် Sand Box ကအလုပ်လုပ်မူ ကျဆင်းကာ app နဲ့ User data တွေနှေးသွားစေတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Aung Heine ( www.smart.com.mm )
Ref:Smart Pro Journal

တန်းဖိုးနည်း CDMA 800MHz SimCard ကို ပြည်နယ်နှင့်တိုင်းဒေသကြီး (၉)ခုတွင် လုံးဝ (လုံးဝ) ရောင်းချပေး မည်မဟုတ်

Posted by drmyochit Monday, February 03, 2014, under | No comments


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ (၂၄) ရက်မှ အစပြု၍ ရောင်းချပေးသွားမည့်ငွေကျပ် (၁,၅၀၀)တန် တန်ဖိုးနည်း SimCard အရေအတွက် (၃၅၀,၀၀၀) တွင်CDMA 800MHz, WCDMA နှင့်GSM SimCard များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်ရောင်းချ ပေးသွားမည်ဖြစ်သည်။

အဆိုပါSimCard များခွဲဝေရောင်းချထားမှုအရ CDMA 800MHz SimCard များကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် လုံးဝ မရောင်းချဘဲ ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင်သာ ရောင်းချပေး သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ မအူပင်မှာဆိုရင်GSM နဲ့WCDMA SimCard က အရမ်းပေါတဲ့အပြင်ပြင်ပပေါက်ဈေးက လည်း ၆ သောင်းခွဲ ၇သောင်းလောက် ပဲရှိပါတယ်။ အဓိကဈေးကြီးမြင့်တဲ့SimCard ကတော့CDMA 800MHz SimCard ပါ။ ပြင်ပပေါက်ဈေးကလည်း ၁ သိန်း ၁ သောင်းနဲ့ ၁ သိန်း ၃ သောင်းကြားမှာ ရှိပါတယ်။ ဈေးကြီးရတဲ့အကြောင်းကတော့နယ်ဝေးတွေမှာဆိုရင်CDMA 800MHz SimCard တွေက လိုင်းဆွဲအား ပိုကောင်းတော့ ပြင်ပပေါက်ဈေးပိုကြီးပါတယ်” ဟု မအူပင်မြို့နေ ကိုဝင်းနိုင်မှ ပြောကြား ခဲ့သည်။ CDMA 800MHz SimCard များကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေ သ ကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ ရောင်းချပေး သွားမည့် တန်ဖိုးနည်း ငွေကျပ် (၁,၅၀၀) တန်တန်ဖိုးနည်းCDMA 800MHz SimCard အရေအတွက် (၁၅၀,၀၀၀) အနက်ရန်ကုန်တိုင်းဒေသကြီးတွငCDMA 800MHz SimCard ကိုရောင်းချသွားမည်ဖြစ်သည်။
အောင်ရဲကျော်

Ref:Myanmar Digital Life Journal

ကင်ညာတွင် ဗလီတစ်ခုကို ရဲတပ်ဖွဲ့ စီးနင်းရာမှ (၂)ဦးသေဆုံး

Posted by drmyochit Monday, February 03, 2014, under | No comments

တနင်္ဂနွေနေ့က မွမ်ဘာဆာမြို့ရှိ ဗလီတစ်ခုကို ရဲများက စီးနင်းခဲ့စဉ် ဓားတယမ်းယမ်းဖြင့် တုံ့ပြန်ရန် ကြိုးစားသည့် လူငယ်အချို့ကို မဖြစ်နေ ပစ်ခတ်ခဲ့ရသည်။

ကင်ညာနိုင်ငံတွင် အကြမ်းဖက်သမားများကို လှုံ့ဆော် စည်းရုံးနေကြောင်း သတင်းထွက်နေသည့် ဗလီတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီးနောက် လူ(၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က မွမ်ဘာဆာမြို့ရှိ ဗလီတစ်ခုကို ရဲများက စီးနင်းခဲ့စဉ် ဓားတယမ်းယမ်းဖြင့် တုံ့ပြန်ရန် ကြိုးစားသည့် လူငယ်အချို့ကို မဖြစ်နေ ပစ်ခတ်ခဲ့ရသည်။ အဆိုပါ ဗလီသည် လူငယ်လူရွယ်များကို အကြမ်းဖက်သမားများအဖြစ် ပုံသွင်းလေ့ကျင့်ပေးနေသည့် ဌာနတစ်ခုအဖြစ် နာမည်ကြီးနေသည်။

အစ္စလာမ်မစ် ဘာသာရေး အဆောက်အအုံ တစ်ခုဖြစ်သည့် မက်စ်ဂ်ျဒ်မူဆာ ဗလီကို မိမိတို့ အနေဖြင့် ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ရဲများက အတည်ပြုခဲ့သည်။ ကင်ညာရဲတပ်ဖွဲ့က အဆိုပါ ဗလီထဲတွင် အကြမ်းဖက်သမားများကို လူသစ်စုဆောင်း စည်းရုံးနေသည်ဟု ယုံကြည်လျှက်ရှိသည်။ ဖြစ်စဉ်အတွင်း ရဲများနှင့် အစွန်းရောက် လူငယ်အချို့ ထိပ်တိုက်တွေ့ပြီး အနည်းဆုံး အစ္စလာမ်မစ် အစွန်းရောက် သွေးကြွနေသည့် လူငယ်တစ်ဦးနှင့် ရဲတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဆိုသည်။

ရဲတစ်ဦးသည် မျက်နှာတွင် ဓားနှင့်ထိုးခံရပြီး ယင်းဒဏ်ရာကြောင့်ပင် မကြာမီတွင် ကွယ်လွန်သွားခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောကြားခဲ့သည်။ စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့များ အနေဖြင့် ဂျီဟတ်ကြွေးကြော်သံများ ရေးထိုးထားသည့် စာတန်းများ၊ Laptopကွန်ပျူတာများနှင့် DVDများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်အပြီးတွင် နိုင်ငံအတွင်းရှိ ဗလီအချို့ရှေ့၌လည်း ဆန္ဒပြမှုများ ပေါ်ပေါက်လာကြောင်း သတင်းများက ဖော်ပြသွားသည်။

From: Planet Myanamr Network

ပါကစ္စတန်တွင် ရုပ်ရှင်ရုံအတွင်း ဗုံးကွဲပြီး (၃)ဦးထက်မနည်းသေဆုံး

Posted by drmyochit Monday, February 03, 2014, under | No comments

တနင်္ဂနွေနေ့က ဖြစ်ပွားသော အဆိုပါ ပေါက်ကွဲမှုတွင် လူ(၃)ဦး သေဆုံးသွားပြီး လူ(၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့

ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး လူ(၃)ဦးမျှ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ ရုပ်ရှင်ရုံ တစ်ရုံတွင် ထောင်ထားသည့် မိုင်းဗုံး ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။ တနင်္ဂနွေနေ့က ဖြစ်ပွားသော အဆိုပါ ပေါက်ကွဲမှုတွင် လူ(၃)ဦး သေဆုံးသွားပြီး လူ(၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအနက် အခြေအနေ ဆိုးရွားသူများလည်း ပါဝင်နေရာ အသေအပျောက် ပမာဏ တိုးပွားလာမည်ကို စိုးရိမ်စရာ ဖြစ်နေသည်။ ပီရှာဝါတွင် ဖြစ်ပွားသော ဗုံးခွဲမှု၏ လက်သည်ကိုမူ တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။

ရဲများက ယခုဗုံးခွဲမှုသည် အသေခံ တိုက်ခိုက်မှု တစ်ခုဟု ယူဆရပြီး ဗုံးသမားသည် လူအများကြား ရောနှောထိုင်နေကာ လက်ပစ်ဗုံးများကို စနက်တံ ဖြုတ်ခဲ့ဟန်တူကြောင်း ပြောကြားခဲ့သည်။ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး မည်သည့် အဖွဲ့အစည်းကမျှ မိမိတို့၏ လက်ချက်အဖြစ် တရားဝင် ကြေညာခြင်း မရှိသေးချေ။ ပက်ရှာဝါသည် ခိုင်ဘာပက်တွန်ခါဝါ ပြည်နယ်၏ မြို့တော်လည်းဖြစ်ပြီး ယခင်နှစ်ပိုင်းများအတွင်း သေနတ်ပစ်မှုများ၊ ဗုံးဖောက်ခွဲများစွာ ဖြစ်ပေါ်ခဲ့ရာ နေရာလည်း ဖြစ်သည်။ အများစုသည် ပါကစ္စတန် အခြေစိုက် တာလီဘန်တို့၏ လက်ချက်ဟုလည်း သိရှိရသည်။

From: Planet Myanmar Network

စင်ပေါ်တက်ပြီး စာပေးခံလိုက်ရသည့် တေလာဆွစ်ဖ်

Posted by drmyochit Monday, February 03, 2014, under | No comments

တလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုးသား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစား ကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်
တေလာဆွစ်ဖ်တစ်ယောက် လူပေါင်းများစွာရှေ့မှောက် ဖျော်ဖြေနေစဉ် အတော အတွင်းမှာပင် စင်ပေါ်ထိတက်ကာ စာပေးခံလိုက်ရကြောင်း သိရ သည်။ အသက်(၂၄)နှစ်ရှိ Countryဂီတစတား အဆိုတော် မလေးသည် ကမ္ဘာလှည့် ဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် အမေရိကန်မှ ခြေဆန့် ထွက်ခွာ လာပြီး ဗြိတိန်နိုင်ငံ အရောက်တွင် ယခုလို ကြုံခဲ့ ရခြင်း ဖြစ်သည်။ တေလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုး သား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစားကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်။ စင်မြင့်လုံခြုံရေး တာဝန်ခံများသည် ထိုသူ စင်ပေါ်အလစ်ပြေးတက်သွားသည်ကို မတားဆီးနိုင်ခဲ့ချေ။


တေလာသည် သူမ၏ နာမည်ကျော် We Are Never Getting Back Together သီချင်းကို ဖျော်ဖြေနေစဉ် ထိုသူ က စင်ပေါ် တက်သွားခြင်း ဖြစ်သည်။ တေလာသည် အတန်ငယ် အံ့ဩသွားဟန် ရှိသော်လည်း ထိုပရိသတ် ကို အပြုံးနှင့် ဆီးကြိုခဲ့သည်။ ထို့နောက် ယင်းပရိသတ်က တေလာကို စကား အနည်း ငယ်ပြောပြီး စာရွက်ငယ်တစ်ခု လက်ထဲထည့်ပေးကာ စင်ပေါ်မှ ပြန်ဆင်းသွားခဲ့သည်။ လုံခြုံရေး ဝန်ထမ်း များသည် အစောပိုင်းက ၎င်းကို အကအဖွဲ့ဝင် တစ်ဦးဟုသာ အထင်မှားနေခဲ့သည်။ ပြီးခဲ့သည့် သီတင်း ပတ်ကုန် ဖျော်ဖြေပွဲတွင် ထိုသူစင်ပေါ်မှ ဆင်းလာသည့်နောက် လုံခြုံရေးများက အကြမ်းပတမ်း ဖမ်းဆီး ချုပ်နှောင် ခဲ့သည်ကို ပွဲကြည့်ပရိသတ်များက ဝေဖန် ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။



မျက်မြင်တစ်ဦးဖြစ်သော အန်ဒရူးဆင်မ်ဆမ်က "ဒါဟာ လုံခြုံရေးအဖွဲ့ရဲ့ အားနည်းမှုသက်သက်ပဲလေ။ ကျွန်တော်တော့ ရုတ်တရက် ယုံတောင် မယုံဘူး။ လူတစ်ယောက် စင်ပေါ်ကို ပြေးတက်သွားတော့ အားလုံးက အကသမားလို့ ထင်နေတာ။ နောက်မှ ဒါဟာ တစ်ခုခု အမှားအယွင်း ဖြစ်နေပြီဆိုတာ သတိထားမိလာတယ်။ အဲဒီလူကိုမြင်တော့ တေလာက ရယ်ချင်သွားပုံရတယ်။ သူက တေလာ့ကို တစ်ခုခုပြောဖို့ ကြိုးစားတယ်။ ပြီးတော့ တေလာ့လက်ထဲ တစ်ခုခု ထည့်ပေးလိုက်တယ်။ တေလာကလည်း ယူထားတယ်။ အဲဒီလူ ပြန်ဆင်းလာတော့မှ လုံခြုံရေးတွေက ဝုန်းဒိုင်းကြဲပြီး သူ့ကို ဖမ်းကြတော့တာပဲ။ လှေကားထစ်တွေအတိုင်း သူ့ကို တရွတ်ဆွဲပြီး ခေါ်သွားတယ်"ဟု ပြောကြားခဲ့သည်။


အခြားမျက်မြင် တစ်ဦးကလည်း "အဲဒီနားမှာ ကလေးတွေ၊ လူငယ်လူရွယ်လေးတွေ အများကြီး ရှိနေတယ်။ ဘာတွေဖြစ်နေတယ် ဆိုတာကို လုံခြုံရေးတွေက နားလည်ပုံ မရဘူး။ ကျွန်မသမီးနှစ်ယောက်က အသက်(၉)နှစ်နဲ့ (၁၃)နှစ်စီပဲ ရှိကြသေးတယ်။ သူတို့မြင်သမျှကို တုန်လှုပ်နေတယ်။ သမီးငယ်က ဒီလူထူးလူဆန်းက ဘာလို့ စင်ပေါ်ပြေးတက်သလဲ ဆိုတာကို မေးပါတယ်။ ပြီးတော့ တခြားလူတွေက ဘာကြောင့် အတင်းဆွဲချကြတယ် ဆိုတာကိုလည်း သူနားမလည်ဘူး။ ဖြစ်ရပ်တစ်ခုလုံးကို သူ့အသိဉာဏ်နဲ့ ခြုံငုံပြီး သရုပ်မခွဲနိုင်သေးဘူးလေ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ တေလာသည် လန်ဒန်ဖျော်ဖြေပွဲတွင် ဖက်ရှင်အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး I Knew You Were Trouble၊ 22နှင့် Love Storyတို့ကဲ့သို့ လူသိများသော သီချင်းများကို ဖျော်ဖြေသီဆိုသွားခဲ့သည်။



From: planet Myanmar Network

အခြေခံ ဥပဒေ ၅၉ စ ကို မပြင်သင့်ကြောင်း အသိပညာပေး ဟောပြော

Posted by drmyochit Monday, February 03, 2014, under | No comments

ဖွဲ့စည်းပုံ ပြင်ရေး ဆိုင်ရာ အစီရင်ခံစာ
ဒေါ်အောင်ဆန်းစုကြည် သ မ္မတ ဖြစ်ရေး အဟန့်အတား ဖြစ်နေတဲ့ အခြေခံ ဥပဒေ ၅၉ စ ကို အမျိုးသားရေး ရှူဒေါင့် ကနေ ကာကွယ်စောင့် ရှောက်ပြီး မပြင်သင့်ကြောင်း အသိပညာပေး ဟောပြော ပွဲတစ်ရပ်ကို မနေ့ နေ့လယ်ပိုင်းက ရန် ကုန်မြို့ တာမွေ မြို့ နယ် ဗိုလ်စိန်မှန် အားကစား ကွင်းမှာ ကျင်းပ ခဲ့ပါတယ်။

လူ ၇၀၀ ကျော် လောက် တက်ရောက်တဲ့ အဲဒီပွဲကို ပြည်သူ လွှတ် တော် ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည် မတူ ကွဲပြားခြင်းနဲ ငြိမ်းချမ်းရေး ပါ တီက ကိုနေမျိုးဝေ အမျိုးသားရေးဝါဒီ ကိုရဲမင်းဦးတို့ တက်ရောတ် ဟောပြော ကြပါတယ်။

ဒီပွဲကို မြန်မာအမျိုးသား ကွန်ယက်က ဦးဆောင်ကျင်းပတာလို့ ပြောပေမဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒီနေ့ပွဲကို မြန်မာအမျိုးသားရေး ကွန်ယက်အပြင် မန္တလေးမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲတွေ အမျိုးသား ဒီမိုကရေစီ အင်အားစုက ပါတီဝင်တွေ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေ ပါ ပါဝင်ကြပါတယ်။

ဒါ့အပြင် ရဟန်းတော် တွေလည်း တက်ရောက် နားထောင်တာတွေ့ ရပါတယ်။

ကြံ့ခိုင်ရေးပါတီ က နောက် ကပါတယ် ပြောပေမဲ့ ဒီနေ့ပွဲမှာ အဲဒီပါတီ က ဗဟိုကော် မတီဝင် ဦးအောင်သိန်းလင်း တက် ရောက် နားထောင်တာ ကို ဘဲ တွေ့ရပါတယ်။

အခမ်းအနားဟာ အခြေခံ ဥပဒေပညာပေး ဟောပြောပွဲလို့ ပြောပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ပြင်လိုတဲ့ ၅၉ စ ကို အမျိုးသားရေးကြောင့် မပြင်သင့်တာကို အဓိက ပြောသွားတာတွေ့ ရ ပါတယ်။

ဒါ့အပြင် လွှတ်တော်က ပြင်နေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို အနာဂတ် အမျိုးသား အကျိုးစီးပွါး ရှူဒေါင့် ကနေ စီစဉ် ကြဖို့ ကိုလည်း ပြောသွား ကြပါတယ်။


From: BBC

သနပ်ခါးဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ ဝေဖန်မှု ကို အမှန်အတိုင်း သိချင်တဲ့ ဝတ်မှုံရွှေရည်

Posted by drmyochit Monday, February 03, 2014, under | No comments

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ ‘သနပ်ခါး’ ဇာတ်ကား ထဲမှာ ဝတ်မှုံရွှေရည်က ရဲတိုက်နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ မိဘရဲ့ ဆန္ဒအရ မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ခဲ့ရပေမယ့် ကိုယ်တကယ် ချစ်တဲ့သူ နဲ့ကြား ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဇာတ်ရုပ်ငြိမ်ငြိမ်နဲ့ သရုပ် ဆောင် ထားပါတယ်။ ဇာတ်ရုပ်အရ ပရိသတ်တွေရဲ့ဝေဖန် မှုကို ဘယ်လိုဖြစ် လာမလဲဆိုတာ အမှန် အတိုင်းသိချင်တယ်ဆိုတဲ့ ဝတ်မှုံရွှေရည်က..

“ဇာတ်လမ်းက ဒိုင်ယာလော့ခ်တွေ အများကြီးမပါဘူး။ အိုက် တင်နဲ့ပဲ ဇာတ်ကားရဲ့အဓိပ္ပာယ်ကို ပြသွားတဲ့ပုံစံမျိုးပါ။ ဒါက ကစ် အတွက် ဇာတ်ရုပ်အဆန်းအသစ်တစ်ခုဖြစ် တယ်။ အဲဒါကြောင့်လည်း ဒီလို နေရာမျိုးကို အရဲစွန့်ပြီး ဒါရိုက်တာရော၊ ဇာတ်ကိုရော ယုံကြည်ပြီး ရိုက်လိုက်တာ။ ပရိသတ်တွေရဲ့ ဝေဖန်သံ ကို စောင့် ကြည့်ရမှာပေါ့။ ကိုယ်တိုင်ပြန်ကြည့်တော့ ဦးမင်းထင်ရိုက်ထား တာရိုက်ချက်တွေရော၊ တင်ပြပုံတွေရောကောင်းပါတယ်။ မြင် နေကျ ဇာတ်ကားမျိုးတော့မဟုတ်ဘူး။ ရသတစ်ခုဆိုတော့ အသစ်ဖြစ်တာပေါ့။ ကစ်က အငြိမ်ပုံစံမျိုးလေးနဲ့ ဒါရိုက် တာလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်တော့ သရုပ်ဆောင် ခဲ့တယ်။ ပရိသတ်ရဲ့ ဘယ်လိုဝေဖန်မှုမျိုးရမလဲဆိုတာ ကစ်လည်း အမှန်အတိုင်းသိချင်တယ်။ ဂရုစိုက်ပြီး လိုက်မေးဖြစ်တယ်။ ဒီကားမျိုးကဆန်းတယ်။ ဝေဖန် ပေးစေချင် တယ်။ ကစ်ကိုမြင်နေကျပုံစံ၊ ဇာတ်ရုပ် မဟုတ်တာမျိုးလည်း ဖြစ်စေ ချင်တယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဒီကားအကြောင်း ပြန်ပြီးပုံဖော်ပြီး အဖြေ စဉ်းစားကြည့်နေလိမ့်မယ်လို့ ကစ် ထင်တယ်။ အတွေးတစ်ခုကျန် တယ် ဆိုရင် ကျေနပ်ပါတယ်။ မင်းသား ရော၊ ဒါရိုက်တာရော တိုက်ဆိုင်လို့ ရိုက်ဖြစ်တာလေ” လို့ပြောပြပါတယ်။

ဝတ်မှုံရွှေရည်က ဇန်နဝါရီ ၂၆ ရက်နေ့က အောင်ဇမ္ဗူတောရ ကျောင်း တိုက်မှာ ဆရာတော်နဲ့ သံဃာ တော်များကို အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်း ခဲ့ပါတယ်။ လာရောက်ဘုရားဖူးမြော်သူ အယောက် လေးထောင်ကိုလည်း ကြက် သား ပလာတာကျွေးမွေးလှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး..

“ကစ်က တံခွန်တိုင်လှူထားတော့ ပြီးသွားပြီ ဆိုတာနဲ့ ရေစက်ချခဲ့ တယ်။ ကိုယ့်ရဲ့ အနုပညာကြေးတွေထဲက ဖယ်ထား ပြီး တတ်နိုင် သလောက် လှူဖြစ်တာပါ။ ဒီလို အလှူလေးတွေလုပ်ရတာ စိတ်ကိုကြည်လင်စေပြီး ပီတိဖြစ်ရတယ်။ အဲဒီတော့ ပရိသတ်ရဲ့အလှူ ဒါနတွေလည်းပါတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်၊ ဓာတ်ပုံ – ထက်လူလူ

Popular Journal

Media 7 မှ ရိုက်ကူးမည့်ဇာတ်ကားတွင် ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်ကို ထည့်သွင်းရိုက်ကူးမည်

Posted by drmyochit Monday, February 03, 2014, under | No comments


Media 7 က ယခု ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင်
Miss Universe Myanmar မိုးစက်ဝိုင်ကို ပအိုဝ် တိုင်းရင်းသူအဖြစ် ထည့်သွင်းရိုက်ကူး သွားမည်ဖြစ်ကြောင်း ADMA media Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုဝေမင်းမောင်က မဇ္ဈိမသို့ ပြောသည်။
ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ထိုင်းနာမည်ကျော် PEE
MARK မင်းသမီးဒါဝိကာ(Davika)၊ ထိုင်းအဆိုတော်၊ မင်းသားမို့စ် (Mos) ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် လူမင်းတို့ သရုပ်ဆောင်ရန် ရွေးချယ်ထားပြီး ယခုအခါ မိုးစက်ဝိုင်ကိုလည်း ပအိုဝ်းတိုင်းရင်းသူအဖြစ် ပါဝင်သရုပ်ဆောင်ရန်အတွက် ထပ်မံရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။

“သူက ရုပ်ရှင် ၊ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖို့ လက်မခံပေမယ့် အခုဇာတ်ကား ရဲ့script ကို သေချာပြ တယ်။ သူနဲ့အကြို ညှိနှိုင်းမှုတော့ ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ကင်မရာပိုင်း၊ နည်းပညာပိုင်းတွေကို Kantana JK မှ အားလုံးအဓိက ပံ့ပိုးကူညီသွားမှာပါ။ ရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း တချို့ကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာများ
လည်း ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်” ဟု Media 7 မှ CEO ဦးဝေမင်းမောင်က ပြောသည်။

Media 7 အနေဖြင့်နိုင်ငံတကာတွင် မြန်မာနိုင်ငံအနေ ဖြင့် ပထမဆုံး
ရုပ်ရှင်ထွက်ရိုက်ရာတွင် မြန်မာကိုယ်စားပြုဖြစ်သည့် Miss Universe မိုးစက်ဝိုင်ကို ကမ္ဘာ ကသိနေခြင်းကြောင့်ထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။

မိုးစက်ဝိုင်သည် miss ဆုများ ရရှိခဲ့ပြီးနောက်ပိုင်း တွင်မီဒီယာသမားများ၏ “ရုပ်ရှင်ဗီဒီယိုရိုက်ကူးမှု ရှိလာမလား” ဆိုသည့်မေးခွန်းတွင် ရိုက်ကူးမှု မရှိနိုင် ကြောင်း ငြင်းဆိုခဲ့ဖူးသူဖြစ်သည်။ ယခုရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားသည် ၎င်း၏ ပထမဆုံးသော ရုပ်ရှင် ရိုက်ကူးသည့် အနုပညာခြေလှမ်းဖြစ်သည်။

အဆိုပါဇာတ်ကားတွင် PEE MARK ဇာတ်ကားမှ ထိုင်းမင်းသမီးဒါဝိကာ (Davika Hoorne)၊ စိုင်းစိုင်းခမ်း လှိုင်နှင့် Miss Universe မိုးစက်ဝိုင်တို့၏ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အဓိကအခြေခံ ရိုက်ကူးသွား မည် ဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် ရှမ်းလူမျိုး Tour Guide အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ပအိုဝ်းတိုင်းရင်းသူအဖြစ် မိုးစက်ဝိုင်၊ ထိုင်းနိုင်ငံသူအဖြစ် Davika တို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ပြီး ဇာတ်ညွှန်းကိုလည်းပြင် ဆင်ထားပြီးဖြစ်သည်။ ၎င်းရုပ်ရှင် ဇာတ်ကားနာမည်ကို အတည်တကျ ရွေးချယ်ပြီးပါက ပရိသတ်တွေကို အသိပေးသွားမည် ဖြစ်သည်။

Media 7 က ထုတ်လုပ်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အတွင်းတွင် အပြီးသတ်ရိုက်ကူးသွား မည် ဖြစ်ပြီး အထင်ကရနေရာများဖြစ်သည့် အင်းလေးဒေသကို အဓိကထားရိုက်ကူးသွားမည် ဖြစ်ကာ ပုဂံ ၊ ရန်ကုန် ၊ ဘန်ကောက်တို့တွင်လည်း ရိုက်ကူးသွားမည်ဖြစ်သည်။

Mizzima - News in Burmese

MX Player Pro V1.7.23 For Android(Latest Version)

Posted by drmyochit Monday, February 03, 2014, under | No comments


MX Player (Full version-v.1.7.23) လေးပါ။Update တွေ့လို့ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျ။Android Devices သုံးစွဲတဲ့သူတွေအကြိုက် Player လေးတခုပါ။Multi -core Decoding စနစ်ပါဝင်ပါတယ်။တော်ရုံPlayer တွေမဖတ်နိုင်တဲ့ Formats တော်တော်များများကို ဖတ်နိုင်စွမ်းရှိပါတယ်။CPU Optimization Feature ပါဝင်သောကြောင့် Video ကြည့်ရှုနေစဉ်အတွင်းမှာ Zoom ကိုလိုသလို ဆွဲယူကြည့်ရှုနိုင်ပါတယ်။ပြီးတော့သူ့ရဲ့အားသာချက်ကတော့ ရုပ်ထွက်ကြည်လင်မှု့နဲ့ စာတန်းထိုး ရုပ်ရှင်များကိုပါကြည့်ရှုနိုင်ခြင်း ပါပဲ။ဒီMX Player လေးကို Google Play Store တွင်US$ 6.0 ဒေါ်လာဖြင့် ဝယ်ယူ အသုံးပြု ရမည်ဖြစ်ပြီး အောက်ကလင့်ခ်တွင် Free ရယူနိုင်ပါသည်။

ဆော့ဝဲလ်အားရယူရန်

မိမိဖုန်းနှင့်အဆင်ပြေမည့် Codec ဖိုင်များအားရယူရန်


IOS Application များကိုအလွယ်ကူဆုံး Crack လုပ်နည်း

Posted by drmyochit Monday, February 03, 2014, under | No comments

iPhone/Pad ဆော့ဝဲတွေဖြစ်တဲ့ iOS application (ipa) ဖိုင်များကိုအလွယ်ကူဆုံး Crack လုပ်နည်းရှိပါသလားလို့ မေးမြန်းလာသူတွေအတွက် ပြန်လည်ဖြေပေးလိုက် ရခြင်းပါ။ အလွယ်ကူဆုံး Crack လုပ်နည်း ရှိပါတယ်။ အသိတစ်ခုတိုးစေရန်သာရည်ရွယ်ပြီး ကောင်းမွန်စွာ အသုံးချဖို့သာ ရည်ရွယ်ပါ တယ်။ Crack လုပ်နည်းအကြောင်းမပြောခင် iOS Crack app ဆိုတာဘာလဲဆိုတာကို မသိသေးတဲ့ Beginner user တွေကိုရည်ရွယ်ပြီး ရှင်းပြဖို့လိုဦးမယ်ထင်ပါတယ်။ iOS ရဲ့ Official Store ဖြစ်တဲ့ iTunes ကနေ ကိုယ်ပိုင် iTunes acc အသုံးပြု download ရယူထားတဲ့ application (သို့မဟုတ်) game ကို ယင်း ကိုယ်ပိုင် iTunes account ထည့်ထားတဲ့ iPhone/Pad တွေမှာပဲ ထည့်သွင်း အသုံးပြုလို့ ရပါတယ်။ အဲဒီတော့ တခြား iDevices ပေါင်းစုံမှာ တခြားသူရဲ့ iTunes acc နဲ့ download ရယူထားတဲ့ iOS app (ipa) ဖိုင်ကိုသွင်းချင်တယ်ဆိုရင်တော့ ယင်း iOS app ဖိုင်ကို download ရယူခဲ့တဲ့ iTunes acc data တွေဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါက users အားလုံး နားလည်လွယ်အောင်ပြောခြင်း သာဖြစ်ပါ တယ်။ ယင်းသို့ ပြုလုပ်ထားတဲ့ iOS app ဖိုင်သည် cracked app ဖိုင်ဖြစ်ပါတယ်။ ယင်း cracked app ဖိုင်ကိုသွင်းမယ့် ဖုန်းသည်လည်း Jailbreak လုပ်ပြီးသား ၊ Appsync လို့ခေါ်တဲ့ Cydia Tweak သွင်းပြီးသားဖြစ်ရပါမယ်။ ပြီးလျှင်တော့ Cracked app တွေကိုကိုယ့်ရဲ့ iPhone/Pad မှာသွင်းပြီး အသုံးပြုလို့ရပါပြီ။ ဒါဆိုရင် အလွယ်ဆုံး Crack နည်းအကြောင်းကိုပြန်သွားပါမယ်။

CrackAddit လို့ခေါ်တဲ့ Cydia Tweak လေးကိုအသုံးပြု၍ Crack ခြင်းပဲဖြစ်ပါတယ်။ ဒီ tweak လေးဟာ တစ်ချို့ iOS app တွေ အလွယ်တကူ crack လို့မရအောင်ပြုလုပ်ထားတာတွေကိုတောင်မှ Crack လုပ်ပေးနိင်လောက်အောင် လန်းတာကိုတွေ့ရပါတယ်။ အရင်ဆုံး ဒီ tweak လေးကို
http://cydia.appaddict.org/ ကနေ ၀င်ရောက်သွင်းယူလိုက်ပါ။ ပြီးလျှင်တော့ Home Screen ပေါ်မှာ CrackAddict လို့ခေါ်တဲ့နာမည်နဲ့ application လေးရောက်နေပါပြီ။ ယင်းဆော့ဝဲထဲသို့ဝင်ပါ။ Device ထဲမှာသွင်းထားသမျှဆော့ဝဲတွေ list နဲ့ပေါ်လာပါမယ်။

ကိုယ် crack လိုသော application ပေါ်ကို နှိပ်လိုက်ပါ။ ပြီးလျှင် Make it suffer ကိုနှိပ်ပါ။


ခရမ်းရောင်လေးနှင့်ဖြစ်သွားပြီး ဆော့ဝဲအားစတင် crack နေပါပြီ။



crack ပြီးသွားလျှင် Crack လုပ်လို့အောင်မြင်ကြောင်း Message ပြပါလိမ့်မယ်။

ပြီးလျှင်မိမိ crack လုပ်ထားသော crack app ဖိုင်အား iFanbox ကဲ့သို့သော Tool ကိုအသုံးပြု၍ File Manager မှတဆင့် Users/Documents/Cracked/ ထဲသို့ဝင်၍ ကွန်ပျူတာထဲသို့ cracked app ဖိုင်အားပြန်လည်ထုတ်ယူနိုင်ပါပြီ။

Crack လုပ်ထားပြီးသော app list အားကြည့်ရှုလိုလျှင်လည်း CrackAddit ဆော့ဝဲထဲက Cracked apps ဆိုတဲ့ tab ကိုနှိပ်၍ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

From: Myanmar Mobile App

ကုန်တိုက်ဖောက်ပြီး အရုပ်မကို လိင်ဆက်ဆံခဲ့သူ

Posted by drmyochit Monday, February 03, 2014, under | No comments

ကုန်တိုက်တခုထဲ ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုး တဦးဟာ အ၀တ်အစားတွေ ပုံစံပြဖို့ လုပ်ထားတဲ့ အမျိုးသမီးပုံ အရုပ်ကို လိင်ဆက်ဆံခဲ့တာကို စီစီတီဗီ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။

အရုပ်မကို လိင်ဆက်ဆံခဲ့တဲ့ ကုန်တိုက်ကို ဖောက်သူလို့ သံသယဖြစ်ခံရသူကို ဖမ်းဆီးထားစဉ်၊ 
ဓာတ်ပုံ- mirror.co.uk

 ဘရာဇီးနိုင်ငံ တောင်ပိုင်းက ဂျာရဂွာ အရပ်မှာ သူခိုးဟာ ကုန်တိုက်တွင်း ဖောက်ထွင်းပြီး ဝင်ရောက်ကာ အမျိုးသမီးပုံ အရုပ်ကို လိင် မဆက်ဆံခင်မှာ အရုပ်မရဲ့ ရင်သားကိုလည်း နမ်းလိုက်ပါသေးတယ်။

ပြီးမှ သူက တန်ဘိုးကြီးတဲ့ အဝတ်အထည် တွေကို ခိုးယူသွားခဲ့တာပါ။

သူခိုးရဲ့ အမျိုးသမီး အရုပ်ကို လိင်ဆက်ဆံခဲ့တဲ့ စီစီတီဗီ ဗီဒီယိုဖိုင်ဟာ ယူကျုမှာလည်း တက်သွားခဲ့ပြီး ကြည့်ရှုသူ ထောင်နဲ့ ချီတောင် ရှိပါတယ်။

(အရုပ်ဆိုတာက အ၀တ်အစားရောင်းတဲ့ဆိုင်ရှေ့တွေမှာ ထောင်ထားတတ်တဲ့ လူပုံတူအရုပ်တွေ ဖြစ်ပါလိမ့်မယ်။ ဆိုင်မှာရောင်းတဲ့ အဝတ်အထည်တွေကို ကြော်ငြာတဲ့သဘောနဲ့ အဲဒီအရုပ်တွေကို ဝတ်ပေးထားတတ်ကြပါတယ်။ အရုပ် ဆိုသော်ငြားလည်း လူတချို့ကို တပ်မက်မှု ဖြစ်ပေါ်စေတတ်ကြောင်း ဒီရုပ်သံက သက်သေဖြစ်နေပါပြီ)

တနေ့မှာတော့ သူခိုးဟာ ကုန်တိုက်ကို ပြန်လာခဲ့စဉ်မှာ ဝန်ထမ်းတွေကလည်း ယူကျုကို အခါခါ ကြည့်ထား ကြလေတော့ သူ့ကို မှတ်မိသွားခဲ့တာကြောင့် ဖမ်း မိလိုက်ပါတာလို့ ဗြိတိန်အခြေစိုက် Mirror သတင်းမှာ
ဖော်ပြပါတယ်။(သူတို့မှာရှိတဲ့ မူရင်းရုပ်သံက အရည်အသွေး အတော်ကောင်းပုံပါပဲ။ အွန်လိုင်းမှာတော့ ခပ်ဝါးဝါးပဲ တက်လာပါတယ်)

ကုန်တိုက်မန်နေဂျာ Ricardo Carvalho က ဒီသူခိုးဟာ ထူးဆန်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ရဲကတော့ သူဟာ မူးယစ်ဆေးအတွက် ငွေလိုအပ်လို့ ကုန်တိုက်ကို ဖောက်ထွင်း ခိုးယူတာပဲဖြစ်မယ်လို့ ပြောထားပါတယ်။

 ကုန်တိုက်ဖောက်ထွင်းတယ်လို့ သံသယရှိခံရပြီး အဖမ်းခံနေရသူကတော့ သူ့အနေနဲ့ ကုန်တိုက်ကို ဖောက်ရုံကလွဲပြီး ဘာမှ လုပ်စရာ မရှိဘူးလို့ ဘရာဇီးသတင်းစာတစောင်ကို ပြောပါတယ်။ ဒါပေမယ့် သူက အမျိုးသမီးအရုပ်ကို လိင်ဆက်ဆံခဲ့တာ နဲ့ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးပါဘူး တဲ့။

ဒါကတော့ ယူကျုပေါ်မှာ ပျံ့နေတဲ့ သူခိုးက အရုပ်မကို လိင်ဆက်ဆံနေတဲ့ စီစီတီဗီမှတ်တမ်းပါ။


အိမ့်သံစဉ်
ဧရာဝတီ

ရှင်သူနှင့်သေသူများ

Posted by drmyochit Monday, February 03, 2014, under | No comments

နိုင်ငံရေးသမား နှစ်မျိုးနှစ်စားရှိပါသည်။ တစ်မျိုး ကတော့ သမိုင်း၏ဆယ်စုနှစ်၊ ရာစုနှစ်များစွာကို ဖြတ်သန်းပြီး ဘယ်တော့မှမသေဆုံးသူ Immortal များဖြစ်ပြီး နောက်တစ်မျိုးကတော့ မရဏကို မလွန်ဆန်နိုင် သည့် လူသားများအဖြစ် သေခြင်း တရား ၏ ခေါ်ဆောင်ရာကို လိုက်ပါ သွားကြသူ များဖြစ်သည်။

ဘယ်တော့မှမသေဆုံးသည့် ထာဝရရှင်သန်မှု (Immortality) ကို ရရှိသွားသူများကတော့ သူတို့၏ သတ္တိ၊ ရိုးသားမှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် သဘော ထားကြီး မှုကို ရင်းနှီးပြီး သမိုင်း၏ရှင်သန်မှုကို ပိုင်ဆိုင်သွားခဲ့ကြသည်။

မရဏကိုမလွန်ဆန်နိုင်သူများကတော့ အချိန်တန်သည့်အခါ သင်္ခါရတရားအရ လူ့လောကကိုနှုတ် ဆက်စွန့် ခွာ သွားကြသည်။ တဖြည်းဖြည်းနှင့် သမိုင်းစာမျက်နှာများအကြားမှာ သူတို့နာမည်များ မှေးမှိန်ပျောက် ကွယ်သွားကြရသည်။ ပြောရလျှင်တော့ ကမ္ဘာ့သမိုင်း၏ နိုင်ငံရေးသမားအများစုက ဒီအစုမှာ ပါပါလိမ့်မည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ နယ်လ်ဆင်မန်ဒဲလား မသေဆုံးခဲ့ပါ။

“သတ္တိရှိတဲ့လူဟာ ငြိမ်းချမ်းရေးရဖို့အတွက် ခွင့်လွှတ်ပေးရမှာကို ဘယ်တော့မှမကြောက်ဘူး”ဟုဆိုသည့် နယ်လ်ဆင်မန်ဒဲလားက မသေဆေး(Immortality)ကို ရရှိသွားခဲ့သူဖြစ်သည်။ သူ၏ယဉ်ကျေးသည့် ဘာသာ စကား၊ သဘောထားကြီးသည့် စိတ်ဓာတ်နှင့် ပြည်သူအများအတွက် အနစ်နာခံမှုက လူသားရာဇ၀င် ၏ ကျောက်သားမှာ ထွင်းထုခံထားရပြီဖြစ်သည်။ ၂၇ နှစ်တိတိ အကျဉ်းထောင် ထဲမှာနေခဲ့ ရသူ၏ ယဉ်ကျေးဖော်ရွေသည့်အပြုံးက ကမ္ဘာမြေသားကို ထုတ်ချင်းပေါက်သွားစေခဲ့သည်။ မန်ဒဲလား မသေဆုံး ပါ။ သူ့အသက် (၉၈)နှစ်ရှိပါပြီ။

၁၈၀၉ ခုနှစ်၊ ဧပြီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်မှာ အေဘရာဟင်လင်ကွန်း လုပ်ကြံခံ ခဲ့ရသည်။ သို့သော် သူ မသေဆုံးခဲ့ပါ။ သူ အခုထိ အသက်ရှင်ရပ်တည်နေဆဲ။ အမေရိ ကန်ပြည်ထောင် စုမှာ သူရှိနေဆဲပါ။

“ကျွန်တော် ရန်သူတွေကို ချေမှုန်းတဲ့နည်းလမ်းကတော့ သူတို့ကိုမိတ်ဆွေပြုလိုက်တာပါပဲ”ဟု သူဆိုခဲ့သည်။ လင်ကွန်း၏ စိတ်ရှည်မှု၊ သည်းခံမှုနှင့် သဘောထားကြီးမှုက သူ၏ခေတ်ပြိုင်နိုင်ငံရေးသမားများ၊ အစိုးရအဖွဲ့ဝင်များကို တုန်လှုပ်စေခဲ့သည်။ လင်ကွန်းမသေပါ။ သူ့အသက် (၂၁၅)နှစ်ရှိပါပြီ။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့အတွင်းဝန်ရုံးမှာ ဦးအောင်ဆန်း လုပ်ကြံခံခဲ့ရသည်။ သို့သော် ဦးအောင်ဆန်း မသေဆုံးခဲ့ပါ။ ကျွန်တော်တို့နှင့်အတူ ဦးအောင်ဆန်း ရှိနေပါသည်။ နေ့တိုင်း ကျွန်တော်တို့ကို သူလမ်းပြနေသည်။ ကျွန်တော်တို့ သူနှင့် နေ့တိုင်းစကားပြောနေရသည်။

“တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကိုကြည့်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”ဟု ပြောခဲ့သည့် ဦးအောင်ဆန်း က သူ၏အနစ်နာခံမှု၊ ငွေကြေးစီးပွားမတပ်မက်မှု၊ တစ်ဘ၀လုံးကို ပြည်သူ့အကျိုးအတွက် မြှုပ်နှံထား မှုနှင့် အာရှတိုက်၏ ထင်ရှားသောခေါင်းဆောင်တစ်ယောက်အဖြစ် (Immortality)ကို ရရှိသွားခဲ့ သည်။ သူ့အသက် (၉၉)နှစ်ရှိပါပြီ။

မန်ဒဲလား၊ လင်ကွန်းနှင့် ဦးအောင်ဆန်းတို့လိုမဟုတ်သူ နိုင်ငံရေးသမားများကတော့ လူ့သက်တမ်းကုန် ဆုံးသည့် အခါ မရဏတရားနောက်ကို လိုက်ပါသွားကြသူ အများစုကြီးဖြစ်ပါသည်။ သူတို့ကိုတော့ သက်တမ်း ကုန် ဆုံးလျှင် သေဆုံးသွားကြသူများ Mortals ဟု ခေါ်ရမည်။

သေဆုံးသူ Mortals များအကြားမှာ ထူးခြားသည့် နောက်အစုအဖွဲ့တစ်ခုရှိသည်။ သူတို့ကတော့ လူ့သက်တမ်းမကုန်ဆုံးမီမှာပင် နာမည်သေဆုံးသွားကြရသူများဖြစ်သည်။ ပြည်သူအများစုက သူတို့၏အမည်များကို သမိုင်းစာမျက်နှာများပေါ်မှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းခံလိုက်ရသူများဖြစ်သည်။ “ကြိုတင်သေဆုံးသွားကြသူများ”ဟု ခေါ်ကြရမည်လား။

အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးသမားများခင်ဗျာ - ထာဝရရှင်သန်မှု Immortality ကို ၀ယ်ယူ၍ရပါသည်။ သင်တို့၏ပြည်သူလူထုအပေါ် ယဉ်ကျေးမှု၊ အနစ်နာခံမှုနှင့် သဘောထားကြီးမှုများဖြင့် ၀ယ်ယူနိုင်ပါသည်။ City Mart ကို မသွားပါနှင့်၊ သူတို့ရောင်းချနိုင်သည့် ကုန်ပစ္စည်းမဟုတ်ပါ။ ပြည်သူလူထုဆီကသာ ၀ယ်ယူနိုင်မှာဖြစ်ပါသည်။ အချိန်မီမ၀ယ်ယူလျှင်တော့ “ကြိုတင်သေဆုံးသူများ” စာရင်းတွင် ပါသွားနိုင်ကြောင်း သတိပေးချင်ပါသည်။

ပြီးခဲ့သည့်ရက်များအတွင်းကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ ကျေးရွာတစ်ရွာမှာ ၀န်ကြီးတစ်ဦး သေဆုံးခဲ့ပါသည်။ မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းပါသည်။ ကောင်းရာသုဂတိလားပါစေ။ ငြိမ်းချမ်းစွာအိပ်စက်ပါတော့။ ။

ရေးသားသူ- ရဲမိုး
7Day News Journal

★★Dialog Lockscreen Version : 2.0 Apk (All Android) 552k ★★

Posted by drmyochit Monday, February 03, 2014, under | No comments

သူငယ်ချင်းတို့ဖုန်းမှာ  Lockscreen လန်းလန်းလေးလုပ်ချင်သူတွေအတွက် Dialog ရဲ့ Version အသစ်
လေးကိုတင်ပေးလိုက်ပါတယ်။start screen မှာမိမိစိတ်ကြိုက် facebook, twitter, flickr, Youtube, local weather forecasts, photo gallery, အစရှိသည်တို့ကိုထားလို့ရပါတယ်။launch မှာလည်း 24 apps
ထားလို့ရပါတယ်။ background ပုံကိုလည်းမိမိပုံတွေအစားထိုးထားလို့ရပါတယ်။ဖိုင်ဆိုဒ်က 552K ပဲရှိပါ
တယ်။Android : 2.2 နှင့်အထက်ကစပြီးအသုံးပြုလို့ရပါတယ်။အင်စတောလုပ်ပြီးတာနဲ့သုံးရုံပါပဲ။


Looking for a lockscreen app? Forget anything you know about lock screens. Download Start and get ready to be amazed!
Start is a next-generation start screen. Start gives you quick access to everything that matters to you from your start screen. Start connects with facebook, twitter, flickr, Youtube, local weather forecasts, photo gallery, and a host of news providers using RSS feeds to make your start screen really yours.
It’s easy, it’s cool and it saves you a lot of time. To make Start even more fun, we have designed hundreds of FREE themes for you to choose from.
We know how much you care about your battery life so we’ve designed Start not to drain it. To give you maximum peace of mind, Start works perfectly with your native phone security.
With Start you can:
•    Enjoy excellent performance with no delays
•    Easily launch up to 24 apps of your choice or just let our smart algorithm set it automatically for you
•    On Screen quick access configuration with a long press
•    Stream your social media feeds with a single swipe
•    Launch the camera and any related app
•    Call/text/email your friends and family without unlocking your phone
•    Get your favorite content from hundreds of sources
•    Select your favorite theme or use your own personal picture as a background
•    Chose and configure our widgets e.g. date, time and battery meter
•    Switch between ring/vibrate/mute and unlock your phone with cool sliders

Download

ယောဂကျင့်စဉ် ပြုလုပ်ပါက ရင်သားကင်ဆာဝေဒနာရှင်များ မောပန်းနွမ်းလျမှုလျော့ကျစေနိုင်

Posted by drmyochit Monday, February 03, 2014, under | No comments

ဒေါက်တာသာစိန်

ရင်သားကင်ဆာကုသမှု ခံယူပြီးသည့် အမျိုး သမီးများ အတွက် ယောဂကျင့်စဉ်သည် ပင်ပန်းနွမ်း လျမှုနှင့် ရောဂါကြောင့်ဖြစ်သည့် ရောင်ရမ်းခြင်းများ လျော့ကျစေနိုင်သည့်အပြင် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရေး အတွက်ကိုပါ အထောက် အကူပြု ကြောင်း လေ့လာဆန်းစစ်ချက် အသစ် တစ်ရပ် အရ သိရသည်။

ယင်းလေ့လာဆန်းစစ်ချက်တွင်ပါဝင်သော သုတေသီများက ရင်သားကင်ဆာကုသမှုခံယူပြီး ယောဂကျင့်စဉ်ကို ရက်သတ္တ ၁၂ ပတ်အကြာ ကျင့်ကြံအားထုတ်သော အမျိုးသမီးများမှာ ရင်သားကင်ဆာ ကုသမှုခံယူပြီး ယောဂကျင့်စဉ်ကို ကျင့်ကြံအားထုတ်ခြင်းမရှိသော အမျိုးသမီးများထက် ခြောက်လကြာသည့်အခါတွင် ပင်ပန်းနွမ်းလျမှုနှင့် ရောင်ရမ်းမှုသိသိသာသာ လျော့ကျသွားသည်ကို တွေ့ရကြောင်းဆိုသည်။

ယင်းလေ့လာဆန်းစစ်ချက်၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုလံဘတ်မြို့ ဆေးသုတေသနဌာနမှ ကိုင်ကော့တ် ကလက်ဆာက ကင်ဆာရောဂါကုသမှုခံယူပြီးသူများသည် ကင်ဆာရောဂါဖြစ်ပွားခြင်းမရှိခဲ့ဖူးသည့်သူများထက် ကျန်းမာရေးပိုမိုဆိုးရွားကာ မသန်မစွမ်းဖြစ်နိုင်ခြေ နှစ်ဆရှိကြောင်း၊ ဤကဲ့သို့ဖြစ်ရခြင်းမှာ ကုသမှုခံယူပြီး သူများသည် ကုသမှုခံယူချိန်နှင့် ကုသမှုခံယူပြီးနောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိတော့တဲ့အတွက်ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိတော့သည့်အချိန်တွင် ရောဂါ ကြောင့်ခန္ဓာကိုယ်အတွင်းရှိ ရောင်ရမ်းမှု ပို၍ဖြစ်လာပြီး အခြားသောရောဂါများပါဝင်ရောက်လာကာ အသက်အန္တရာယ်ပါ စိုးရိမ်ရကြောင်း Clinical Oncology ဂျာနယ်တွင် ရေးသားထားသည်။

ယခင်သုတေသနတွေ့ရှိချက်များအရ ကင်ဆာရောဂါကုသမှုခံယူပြီးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု များများစားစားမလုပ်သူများတွင် ရောင်ရမ်းမှုပို၍ ဖြစ်တတ်သည်ကို တွေ့ရှိခဲ့ကြသည်။ ယောဂကျင့်စဉ်၏ နက်ရှိုင်းသည့်ထူးခြားမှုသည် ဓလေ့စရိုက်မတူသော လူတစ်ဦးချင်း၏ ကန့်သတ်ချက်များနှင့်အံဝင်ခွင်ကျဖြစ်အောင် စီမံထားပြီးဖြစ်ရာ ကင်ဆာရောဂါ ကုသမှုခံယူပြီးသူများအတွက် အကောင်းဆုံးဘဝ ရှင်သန်မှုနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်ဟုဆိုသည်။ ထို့အပြင် ယောဂကျင့်စဉ်သည်ကျင့်ကြံအားထုတ်သူကို နှစ်ခြိုက်စွာအိပ်ပျော်စေသဖြင့် ကင်ဆာရောဂါ ကုသမှုခံယူပြီးသူများ၏ ပင်ပန်းနွမ်းလျမှုကို လျော့ကျ စေသည်ဟုဆိုသည်။

သုတေသီများက ယောဂကျင့်စဉ်သည် ပင်ပန်းနွမ်းလျမှု၊ စိတ်နေစိတ်ထားနှင့် ရောင်ရမ်းမှုများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ကို သိရှိရန် လေ့လာဆန်းစစ်မှုမလုပ်ဆောင်မီ နှစ်လအလိုက ကုသမှုခံယူပြီးသော ရင်သားကင်ဆာဝေဒနာရှင် ပေါင်း ၂ဝဝ ကို ရှာဖွေစုဆောင်းကာ အုပ်စုနှစ်စုခွဲပြီးနောက် ရက်သတ္တ ၁၂ ပတ်အကြာကာလအတွင်း ပထမအုပ်စုကို ရက်သတ္တ တစ်ပတ်လျှင် မိနစ် ၉ဝ ကြာ ယောဂကျင့်စဉ်ကို နှစ်ကြိမ်ကျင့်ကြံအားထုတ်စေခဲ့သည်။ ဒုတိယအုပ်စုကိုမူ ယောဂကျင့်စဉ်နှင့်ကင်းကွာစေခဲ့သည်။ ရက်သတ္တ ၁၂ ပတ်အကြာကျင့်ကြံအားထုတ်မှုအပြီးတွင် ပထမအုပ်စုသည် ဒုတိယအုပ်စုထက်ပို၍ တက်ကြွလန်းဆန်းမှု ရှိလာသည်ကို တွေ့ရသည်။ သို့သော် အုပ်စုနှစ်စုစလုံး၌ ပင်ပန်းနွမ်းလျမှု၊စိတ်နေစိတ်ထားနှင့်ရောဂါကြောင့် ရောင်ရမ်းမှုများမှာ ကွာခြားမှုသိပ်မရှိကြပေ။ ယင်းအုပ်စုနှစ်စုကိုပင် နောက်ထပ် သုံးလကြာမြင့်အောင် ဆက်လက်ထားရှိသောအခါတွင် ယောဂကျင့်စဉ်ဖြင့် နေထိုင်သောအုပ်စုက ယောဂကျင့်စဉ်နှင့်ကင်းကွာသောအုပ်စုထက် ပင်ပန်းနွမ်းလျမှု လျော့ကျသည့်အပြင် ပို၍တက်ကြွပျော်ရွှင်လာသည့် လက္ခဏာများ တွေ့ရကြကြောင်း ဆိုသည်။ ယောဂကျင့်စဉ်သည် အိန္ဒိယနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်ကြံအားထုတ်ကြသည့် ကျင့်စဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ယောဂီများကျင့်ကြံအားထုတ်သည့် သမထဝိပဿနာနှင့် ဆင်တူယိုးမှားရှိနေခြင်းကြောင့် မြန်မာလူငယ်များအတွက် ကျင့်ကြံအားထုတ်ရန် လွယ်ကူသည့် ကျင့်စဉ်တစ်ရပ်ပင်ဖြစ်သည်။

 (ရိုက်တာ)

KIA မှတောင်းသော တစ်နှစ်စာ ဆက်ကြေးငွေများပြား၍ ဈေးဆိုင်ပိုင်ရှင်များ အခက်ကြုံ

Posted by drmyochit Monday, February 03, 2014, under | No comments

ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ် ခလုံးရေဆိပ်အနီးတွင် ဈေးဆိုင်ဖွင့် လှစ်ရောင်းချလျက်ရှိသည့် ဆိုင်ပိုင်ရှင် များအား ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် KIA မှ တောင်းခံသော ဆက်ကြေးငွေမှာ အလွန်များပြား နေ၍ ပေးဆောင်ရန် အခက်ကြုံနေကြကြောင်း ယင်းရေဆိပ်ဝန်းကျင်ရှိ ဒေသခံအချို့ထံမှ သိရသည်။

“ မနှစ်ကတော့ တစ်ဆိုင်ကို တစ်နှစ်စာ ဆက်ကြေးငွေ ၅ သိန်း သွင်းရ တာတော့ သေချာတယ် ၊ အဲဒါကြောင့် ဒီရေဆိပ်မှာ ဆက်ပြီး ဈေးရောင်းခွင့် ပြုတာပါ၊ ဒီနှစ်အတွက် ဘယ်လောက်တောင်းလဲတော့ မသိဘူး ” ဟု ရွာသားတစ်ဦးက ဆိုသည်။

အဆိုပါ ရေဆိပ်အနီးတွင် ဈေးဆိုင် (၅) ဆိုင်ခန့်ရှိပြီး KIA အဖွဲ့အား နှစ်စဉ် ဆက်ကြေးငွေ ပေးဆောင်၍ ရောင်းချနေရကြောင်း၊ ၂၀၁၄ -၁၅ ခုနှစ်အတွက် တောင်းထားသော ဆက်ကြေးငွေအား ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးသွင်းရမည်ဖြစ်၍ အချို့ဆိုင်များမှာ ပေးသွင်းနိုင်သော်လည်း အချို့မှာ ငွေပမာဏများ လွန်းသောကြောင့် အခက်အခဲဖြစ်နေကြောင်း၊ ဈေးဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူ ရွာသားတစ်ဦး၏ ပြောပြချက် အရ သိရသည်။

“ ဈေးဆိုင်ပိုင်ရှင်တွေကတော့ ပြောရဲမှာ မဟုတ်ဘူး၊ KIA က သိသွားရင် မလွယ်ဘူးလေ၊ ဈေးမရောင်းရတဲ့ အပြင် အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လေ၊ တစ်ချို့ ဈေးဆိုင်တွေဆိုရင် အရှုံးပေါ်နေလို့ မရောင်းတော့ ဘူး လို့တောင်ပြောသံကြားတယ် ” ဟု ရေဆိပ်၌ စက်လှေမောင်းနေသော ရွာသားတစ်ဦးက ပြောကြားသွား သည်။

ဈေးဆိုင်ပိုင်ရှင်များမှာ KIA အဖွဲ့မှ တောင်းသော ဆက်ကြေးငွေ အဆမတန်များပြားလွန်းသော်လည်း မိသားစု စားဝတ်နေရေးအတွက် ဆက်လက်ဖွင့်လှစ်ရောင်းချနေရခြင်းဖြစ်ကြောင်း ၊ ယခင်နှစ်က ၅ သိန်းသွင်းရသော် လည်း ယခုနှစ်အတွက် တောင်းသော ဆက်ကြေးငွေမှာ ၁၀ သိန်းမှ ၁၅ သိန်းအထိ ဖြစ်နေ၍ ဈေးဆိုင် ပိုင်ရှင်များမှာ ဈေးရောင်းရန်ထက် KIA အား ဆက်ကြေးပေးရန်သာ ငွေရှာနေရကြောင်း ဈေးဆိုင်ပိုင်ရှင်နှင့် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ၏ ပြောပြချက်အရ သိရှိရပါသည်။

နေမိုင်
Kachin Daily News

ချစ်သူများနေ့မှာ လက်ထပ်မယ့် ဝိုင်းစုခိုင်သိန်း

Posted by drmyochit Monday, February 03, 2014, under | No comments

ဖေဖော်ဝါရီ ၃ ရက် ၂၀၁၄ ခုနှစ်

အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက သူ့ချစ်သူ ကိုဥက္ကာမြင့်ကြူ နဲ့ လက်ထပ်မယ့်ရက်မြတ်ကတော့ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ ဖြစ်ပါတယ်။

ဒီရက်ကို ရွေးချယ်ခြင်းက အမှတ်တရပိုဖြစ်ခြင်းလို အားသာချက်တွေ ရှိသလို မင်္ဂလာဧည့်ခံပွဲခန်းမမှာ မင်္ဂလာဆောင်တွေ နာရီမလပ် များလွန်းတာမျိုးလို အားနည်းချက်တွေ ရှိပါတယ်။

ဘယ်လို အားနည်းချက်ပဲ ရှိပါစေ .... သူတို့ကတော့ အဲဒီနေ့ကို ရွေးလိုက်ကြပါပြီ။

အလှရိုက်ပုံတွေကိုတော့ သူတို့က မင်္ဂလာပွဲမတိုင်ခင် ရက် ၉ဝ လောက် ကြိုတင် ရိုက်ကူးထားကြသူတွေပါ။

ဒီနေ့ခေတ် မင်္ဂလာဆောင်တွေဟာ ကြိုတင်ပြင်ဆင်မှုတွေ၊ ကိန်းကြီးခန်းကြီးနိုင်မှုတွေ၊ ဖေဖော်ဝါရီ ၁၄ လို နေ့ကောင်းရက်သာမျိုးကို ရွေးချယ်တာတွေကတော့ မနေ့ကခေတ်နဲ့ တကယ်ကို မတူတော့တဲ့အချက်တွေပါပဲ။

ထင်ရှားတဲ့သူတွေ အိမ်ထောင်ပြုတာ လူသိပ်မသိတဲ့ခေတ်ကနေ အခုတော့ လူသိရှင်ကြား မင်္ဂလာပြုကြတဲ့ခေတ်ကို ရောက်နေပါပြီ။
ခေတ်ကလည်း ပိုမို ပွင့်လင်းလာ၊ လျှို့ဝှက်ဖို့ ခက်ခဲလာတဲ့အတွက် လူသိမှာကို ပူပင်ခြင်း မရှိတော့တာဖြစ်ပါလိမ့်မယ်။
လူငယ်တွေဟာ ဖေဖော်ဝါရီ ၁၄ ကို စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဆန်တဲ့နေ့အဖြစ် သတ်မှတ်ပြီး လက်ထပ်ပွဲအတွက် ရွေးချယ်ကြ၊ အထူး တွေ့ဆုံမှုအဖြစ် ရွေးချယ်လာကြပါပြီ။ လာမယ့်နှစ်များမှာလည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ယူဆရပါတယ်။

The Irrawaddy

(ဝိုင်းစုရဲ့ Facebook မြင်ကွင်းတခု)

"ကြောက်လန့်ဖွယ်ရာ ဒု-သ-န-သော အကြောင်း"

Posted by drmyochit Monday, February 03, 2014, under | No comments


အရပ်စကားတစ်ခုရှိပါတယ်။
ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သော ထိုက်လိမ့် မယ်ဆိုတဲ့ စကား ရပ်လေး တစ်ခုပါ။ ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ ဒီလိုပါ။တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက် ငွေကြေး ချမ်းသာ မှု အရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟ ကုမ္ဘီငရဲ ကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံများဖြစ်ပါတယ်။

 ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ဒီအကြောင်းကို ကောသလမင်းကြီးအားအကြောင်းပြုပြီး မြတ်စွာ ဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်ပါတယ်။

သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော်ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။

နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင် လင်ရှိ သူဖြစ် သလော၊ မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်ပါတယ်။မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။

ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ ခစားနေရတာပါ။ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။ ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေခိုင်းလိုက်ပါတယ်။

ညနေ မိမိ ရေချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်ပါတယ်။ ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။ ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ကာ နေပြည်တော်သို့ပြန်ခဲ့ပါတယ်။မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်း တံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။

ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေထား၍ မြေမှုန့်နှင့်ကြာပန်းတို့ကို ထားခဲ့ပြီး မြို့ပြင်ရှိကျောင်းတစ်ကျောင်းမှာသွားအိပ်ပါတယ်။ မင်းပြစ်မင်းဒဏ်သင့်၍ ချစ်လှစွာသောဇနီးနှင့်ကွဲကွာရတော့မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေပါတယ်။ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။ ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ "ဒု၊သ၊န၊သော" ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာကိုကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါတယ်။

အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်းလျင် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍ အကြောင်းစုံကိုပြောပြပါတယ်။ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့်အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လိုက်ပါတယ်။ဘယ်လိုပြန်လိုက်သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက်စရာ ကောင်းလှကြောင်း၊အသက်အန္တရာယ်ပင်ထိခိုက်နိုင်ကြောင်းဖြစ်ပါတယ်လို့ လျှောက်ထားပါတယ်။

အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကို အမြန်စီ စဉ်ခိုင်းပါတယ်။ ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ (သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီ ရရှိအောင် ဖမ်းဆီးစေပါတယ်။သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊တစ်ချို့လည်းတောထဲသို့ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့်အလားဖြစ်နေပါတော့တယ်။

ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကို မယုံကြည်သင့်ကြောင်း၊မြတ်စွာ ဘုရားရှင်ကိုသာ အကြောင်းအကျိုး သိအောင်လျှောက် ထားမေးမြန်း သင့်ကြောင်း လျှောက်ထားပါတယ်။ကောသလမင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရား သီတင်းသုံးတော် မူတဲ့ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကိုမြတ်စွာ ဘုရားအားလျှောက် ထားပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒကာတော်မင်းကြီး မကြောက်ပါလင့်၊ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါတယ်။

♠ ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း၊ မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိ တဲ့မိန်းမ၊ ကာမပိုင်ယောင်္ကျား မရှိတဲ့ မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီး သောက်စားမူးရစ် ပြီး မှားယွင်းစွာ ဖောက်ပြန်ခဲ့ကြကြောင်း၊ထိုမကောင်းမှုများကြောင့် သေလွန်သည့်အခါ လောဟ ကုမ္ဘီငရဲသို့ ကျရောက်ပြီး ဆင်းရဲ ဒုက္ခများ ခံစားရ၍ နောင်တ ..တရားရရှိကြောင်းထုတ်ဖော်ပြောကြားတဲ့ စကားသာဖြစ်ကြောင်း၊ သူတို့ပြောလိုတဲ့ စကားကို အပြည့်အဝဆုံးအောင် မပြောနိုင်ရှာပဲ အစ တစ်လုံးစီသာပြောဆိုနိုင်ပြီး အောက်သို့ပြန်ပြီးနစ်မြုပ်သွားကြကြောင်း၊ ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ
♠ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက်မွေးမှုပြုခဲ့မိခြင်းကို ပြန်လည်ပြော ဆိုလိုသော်လည်း ♠ ရှေ့ဆုံး(ဒု)ဆိုတဲ့စကားတစ်လုံးကိုသာပြောနိုင်ပြီး အောက်သို့ပြန်လည် နစ်မြုပ် သွားကြောင်း၊
 ♠ ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်း တိုင်အောင် ငရဲ၌ ကျခံရပုံကို ညည်းညူပြောဆိုခြင်း သာဖြစ်ကြောင်း ထိုသို့ပြောဆိုသော်လည်း စကားဆုံးအောင်မပြောနိုင်ပဲ ♠ (သ) တစ်လုံးထဲ သာပြောဆိုပြီး အောက်သို့ နစ်မြုပ်သွားကြောင်း၊
♠ တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆ မထင်ပုံကိုညည်းညူလိုသော်လည်း ♠ (န)တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊

 ♠ စတုတ္ထငရဲသားအနေနဲ့ ကျွန်န်ုပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တွာ စသော ဂါထာကို ရွတ်ဆိုလျက် ♠ (သော)ဟူသော အစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံး သတ်သွားကြောင်းဟောတော် မူပါတယ်။ မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင်ကြဉ်ပါတော့မည်ဟုဆုံဖြတ်ချက်ချမှတ်ပြီး ၊ ထိုအခိုက်တန့်မှာပင် ကြာပန်း သွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကိုရောက်လာတော့ ကာယကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး "အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည်ရှည်၏" "ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏" "တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏" ဟူသော တရားဒေသနာတော်ကိုဟောကြားတော်မူပါတယ်။

တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ် မင်းဒဏ် မှလည်း ကင်းလွတ် သွားပါတယ်။ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသော သတ္တဝါ အားလုံးကို ချက်ချင်း လွှတ်ပေး ရန် အမိန့်ပေးလိုက်ပါတယ်။ အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာ မိဖုရားကြီး ကို ကျေးဇူးတင်၍ မဆုံးနိုင်အောင်ရှိနေပါတော့တယ်။ ဒီဒေသနာတော်အရ (ဒု၊သ၊န၊သော)ဆို တဲ့ အပြစ်သည် အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊သံဝေဂယူဖွယ်ရာပင်ဖြစ်ပါတယ်။ အားလုံးသော သူများ လည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော် လိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
[အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)]

သနင်္ဂဗျူဟာနဲ့ အူယားဖားယား နိုင်ငံရေး

Posted by drmyochit Monday, February 03, 2014, under | No comments



 လူထု ဆန္ဒ ၊ လူထုဆန္ဒ နဲ့ ညာချ ဖို့ မကြိုးစားပါနဲ့  NLD


   ဗိုလ်စိန်မှန်ကစားကွင်းမှာ ၉၅(စ)ထောက်ခံပွဲ ကျင်းပပုံတွေကို ဒီနေ့ ဝေဝေဆာဆာလေးမြင်လိုက်ရသည် ဘက်တစ်ဘက် အနေနဲ့လည်း တွေ့ရသေးသည် ကုန်လွန်ခဲ့တဲ့လတွေကလည်း NLD ကဦးဆောင်ပြီး၅၉(စ)ကို ကန့်ကွက်ဖို့နဲ့ အခြေခံဥပဒေကို ပြင်ဖို့ အနယ်နယ်အရပ်ရပ်မှာ လုပ်နေတာတွေ့ခဲ့ရသည် ဒါလည်း ဘက်တစ်ဘက်ဖြစ်နေသည် ထောက်ခံဘက်နဲ့ ကန့်ကွက်ဘက်နှစ်ခုအကြားမှာ ကွာခြားချက်တွေကိုလည်း လှမ်းမြင်ရသည် ဘာတွေကွာခြားသလဲ ကန့်ကွက်အုပ်စု NLD(ဘက်တစ်ဘက်) လုပ်ခဲ့သည့် ကန့်ကွက်ပွဲသည် အရင်ဖြစ်သည် ထောက်ခံအုပ်စု
(ဘက်တစ်ဘက်)သည် နောက်မှဖြစ်သည် ဒီလိုဖြစ်လာရခြင်းအကြောင်းရင်းခံတွေလဲ သမိုင်းတကွေ့မှာ ရှိခဲ့ကြသည်၊ ကုန်လွန်ခဲ့တဲ့ စစ်အာဏာရှင် လက်ထက်မှာ NLD အုပ်စုတွေ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖေါ်မှု တွေ တည်ရှိခဲ့ကြသည် အဲဒီကာလတွေမှာ စစ်အစိုးရအုပ်စုက အမြဲတမ်းလက်ဦးမှု ရယူပြီးနှိမ်နင်းမှုတွေ ပြုခဲ့သည်၊ ခြုံငုံပြီး သုံးသပ်ရရင် NLD ကခံမြဲ ခံဘက်ကဖြစ်ခဲ့ပြီး စစ်အာဏာရှင်ကတော့ အပေါ်စီးကရ ရှိခဲ့သည့် ကာလတွေဖြစ်ခဲ့သည် နိုင်ငံတကာက ဘယ်လိုဘဲအော်နေနေ စစ်အာဏာရှင်ကြီးကတော့ သူ လုပ်ချင်ရာကို ဦးတည်ချက်မပျက် လှမ်းမြဲ လှမ်းခဲ့သည်၊ ဒီလိုအခြေအနေမျိုးမှာ NLD အုပ်စုအပါအဝင် နိုင်ငံရေးသမားအများစုနိုင်ငံရေးပရိယာယ် ကြွယ်ဝမှုခေါင်းပါးခဲ့ခြင်းကြောင့် စစ်အာဏာရှင်တွေ အသာစီးရ ခဲ့သည်လို့ဘဲ သုံးသပ်ချင်သည်။

 တချို့က စစ်အာဏာရှင်က ညစ်ပတ်လို့ လက်နက်နဲ့အုပ်ချုပ်လို့ NLD ကခံရတာပါ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ ညစ်ပတ်ပြီး မတရားသဖြင့် ဖမ်းစီးထားတာပါဆိုတဲ့ အကြောင်းပြချက်တွေပေးကြသည် ဘယ်နိုင်ငံက စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်က ပြည်သူတွေရဲ့ ဆန္ဒကို ဦးထိပ်ထားဖူးပါသလဲ ရိုးရှင်းတဲ့ဒီအချက်ကို နိုင်ငံရေးသမားတွေ မသိခဲ့တာလား ပြည်သူကို ပြာဖုံးဖို့ ကျိုးစားခဲ့ကြတာလားဆိုတာ သူတို့သာလျှင် အသိဆုံးဖြစ်ပေလိမ့်မည် ပို့အကြောင်းအရာကို ပြန်ကောက်ရရင်တော့ ထောက်ခံသူနဲ့ ကန့်ကွက်သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု နှစ်ခုမှာ ကွာခြားချက်တွေအနေနဲ့ ဒါတွေကို တွေ့ရသည်။

       ကန့်ကွက်သူ NLD အုပ်စုက ပြည်သူကို လှည့်ဖြားခဲ့သည်ကို တွေ့ရသည်ဘာတွေ လှည့်ဖြားခဲ့သလဲ ဆိုရင်သူတို့ တင်တဲ့ ဆိုင်းဘုတ်က ခြေဥပြင်ပေးရေး ဆိုတဲ့ လူကြားကောင်းတဲ့ အကြောင်းအရာကို ခေါင်းစဉ် တပ်ပြီးတော့ အနှစ်သာရအားဖြင့် ၅၉(စ)ကို ပြင်ပေးဖို့ ပယ်ဖျက်ပေးဖို့ နဲ့ ဒေါ်စု သမ္မတဖြစ်ဖို့ အရေးတွေကိုဇောင်းပေးပြီး ဟောကြ ပြောကြသည် ပြည်သူကို မလိမ့်တပါတ်လုပ်သည်လို့ဘဲ ဆိုချင်သည်။ NLD တပ်ထားတဲ့ ခြေဥ ပြုပြင်ရေးသည် လွှတ်တော်မှာ၁၀၉ဦးပါဝင်တဲ့ ကော်မတီဖွဲ့စည်းပြီး လေ့လာစုံစမ်း မှုတွေပြုဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပြီးသားကိစ္စ ဒါကို NLDက လူထုဆန္ဒခံယူပွဲလုပ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ပွဲတွေ လူစုလူဝေးတွေ အနယ်နယ်အရပ်ရပ်မှာ လုပ်နေတာက ရည်ရွယ် ချက်နဲ့ လုပ်နည်းလုပ်ဟန် ချွတ်ချော်နေပြီလို့ မှတ်ချက်ပြုလိုသည်။ NLD အပေါ်ထားတဲ့ နိုင်ငံတကာရဲ့ သဘောတရားကလဲ စစ်အာရှင်အစိုးရလက်ထက်ကထားခဲ့တဲ့ သဘောတရားနဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်ပေါက်ပြီး ကာလမှာ ထားတဲ့သဘောထားဟာ တူညီမှုမရှိတော့ပါ ဒီအချက်ကို NLD အနေနဲ့ နောက်ကျမှ သိလိုက်ရသည် အမြဲတမ်း နိုင်ငံရေးသွေးနထင်ရောက်နေတဲ့ NLD ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ကာလမှ အူယားဖားယားပုဆိးုတိုတို ထမီတိုတို ဝတ်ပြီး လွှတ်တော်ထဲ ဒိုင်ဗင်ပစ်ဝင်ခဲ့သည်က အထင်ရှားဆုံး ဥပမာဖြစ်ခဲ့သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် NLD ရဲ့အမှားသည် ရာသက်ပန်ခရီးအတွက် ဟာကွက်ဖြစ်ခဲ့သည်ကို ခေါင်းဆောင်တွေ သိကြသည် လူသိ ရှင်ကြားအသိမပေးဘဲ (ကြိတ်ပြီး သိနေကြသည်)လူသိရှင်ကြားသိသွားရင် နိုင်ငံရေးဂုဏ်သိတ္ခာ ကျမည် လည်းဖြစ်သည်ထို့အတွက်ကြောင့်အသံကောင်းကောင်းနဲ့ဟန်မပျက် အော်ကောင်းတိုင်း အော်နေကြ သည် နောက်လိုက်တွေလည်း ဘုမသိဘမသိဘဲယောင်မြဲတိုင်း ယောင်နေကြသည်၊ NLD အနေနဲ့ နိုင်ငံရေးပါး ဝပြီး နိုင်ငံရေးပရိယာယ်ကြွယ်ဝခဲ့မည်ဆိုပါက ၂၀၁၀ ကို ခြေစုံပစ်ဝင်ရမည် ဒါဆိုရင် လွှတ်တော်အတွင်းမှာ ခြင်္သေ့တွေ ကြီးစိုးစနေရာမရှိဖြစ်မည်၊ အခုလွှတ်တော်အတွင်းမှာ ခြင်္သေ့တွေ ကြီးစိုးနေရခြင်းရဲ့ အဓိက တရားခံဟာ NLD ဘဲဖြစ်သည် NLD အနေနဲ့ အူယားဖားယားဖြစ်ရခြင်းသည် ။

  ၂၀၁၂ ကြားဖြတ်ကာလမှာတင်မဟုတ် လွှတ်တော်အတွင်းနိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ် ကွက်တွေ တိုင်းမှာ အူယားဖားယား ဖြစ်နေသည်ကို တွေ့ရသည်အူယားဖားဇာတ်လမ်းသည် ၂၀၁၅ ရွေးကောက်ပွဲမှာ ဇာတ်ရှိန်အမြင့် ဆုံးဖြစ်ပေလိမ့်မည် NLD ရဲ့ အူယားဖား ဇာတ်ကွက်တွေ မြောက်များ စွာရှိခဲ့သည့် အနက် ခြေဥပြင်ဆင်ရေးနဲ့ ၅၉(စ) ပြင်ဆင်ရေး ဇာတ်ကွက်သည် နိုင်ငံရေးပါးဝမှု အကန်းကုန် ဆုံး ဇာတ်ကွက် တစ်ခုဖြစ်သည်ကို NLD ခေါင်းဆောင်ပိုင်းတွေ မသိခဲ့သည်မှာ နောက်လိုက်တွေအတွက် အလွန်ကို အန္တရာယ်ကြီးလှသည် အခြားတဘက်ကို ဆက်သွားပါအုံးမည် ဒီနေ့တော့ အိပ်ပျော်နေတဲ့ ခြင်္သေ့နိုးထလာပြီလို့ဘဲ သုံးသပ်ချင်သည် ခြင်္သေံ့ကို နှိုးဆွပေးကြသည်လို့လဲ ကောက်ချက်ချလိုသည် ခြင်္သေ့ကို ဘယ်သူတွေ နှိုးကြသလဲဆိုတဲ့ နေရာမှာ မသဲမကွဲဖြစ်ရသေးသည်NLDရဲ့အူယားဖားယား ဇာတ်ကွက် တွေဆင်လာအပြီး ခြင်္သေ့ နိုးထလာမည်လို့ ကျုပ်အနေနဲ့ ထင်မြင်ပြီးဖြစ်သည် တရံရောအခါက ပြည်သူ့ဆန္ဒသဘောထားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်သီးလက်မောင်းတန်းပြီး လူထုဆန္ဒခံယူပွဲတွေ ဖန်တီးခဲ့သည့် မြင်းကွင်းတွေကို ကိုယ်တိုင်းလည်း ကြုံဖူးကြလိမ့်မည် နေ့စဉ် TV သတင်းအပြီးတွင်းလဲ တွေ့မြင်ကြဖူးကြလိမ့်မည်။

    ဒါတွေကို ဘယ်သူတွေက လုပ်ခဲ့သည်ကိုလည်း အားလုံးသိကြပြီးဖြစ်သည် NLD ပြုလုပ်တဲ့ ကန့်ကွက်ပွဲမှာကြည့်ကြည့် ဘက်တစ်ဘက်လုပ်တဲ့ ထောက်ခံပွဲမှာ ကြည့်ကြည့် လုပ်နည်းလုပ်ဟန်က တရံရော အခါက ပြကွက်တွေနဲ့ တစ်ထပ်တည်းတူညီနေသည်ကို တွေ့ရသည် မတူညီတဲ့အချက်တော့ NLD လုပ်တဲ့ ကန့်ကွက်ပွဲမှာ စာဝေတာ အခြားတစ်ဖက်က ဝါဒဖြန့်တာတွေမရှိခဲ့အခုလုပ်တဲ့ ထောက်ခံပွဲမှာတော့
ထောက်ခံသူတွေ မပြင်သူတွေက သူတို့ရန်သူလို့ ဆိုထားကြသည် ဒီလုပ်ရပ်တွေကိုဘယ်သူ့ လက်ချက်လဲ လို့ မေးရင်ကျုပ်အနေနဲ့ ပြတ်ပြတ်သားသား ပြောချလိုက်မည် “NLD ရဲ့လက်ချက်ပါ”လို့ သန်းထွန်းခင်ဗျား ရမ်းသမ်းပြီး အပုဒ်ချနေတယ်လို့ဆိုရင် အထောက်အထားတွေနဲ့ ရှင်ပြပေးပါမည် ။
     ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလက သင်္ဃန်းကျွန်းမှာ ဦးသိန်းညွန့် အပါအဝင် ၄ဦးက ကြံခိုင်ရေးကို ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲဝင်ခဲ့သည် ကျုပ်တို့က အောင်နိုင်ရေးအတွက် ကြံ့ခိုင်ရေးကို မျက်နှာချင်းဆိုင်ပြီး စီးချင်းထိုးနေချိန်မှာ NLD အလေအလွင့်တွေက တံဆိပ်မထိုး အမည်မခံပါဘဲ စာရွက်တွေလိုက်ဝေနေကြသည် ကျုပ်တို့က ဒီလမ်းပြီးလို့ နောက်လမ်းမှာ ပန်းဖလက်တွေ ဝေနေ ချိန်မှာ ကျုပ်တို့ဝင်ပြီးတဲ့လမ်းတွေမှာ ရှိတဲ့ အိမ်တွေကို စာရွက်တွေ လိုက်ဝေကြတယ် ဘာစာရွက်တွေလဲဆိုရင် “ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” “ ရွေးကောက်ပွဲနေ့မှာ မဲရုံကို မသွားကြဘဲ သပိတ်မှောက်ကြ” စတဲ့ စာရွက်တွေ လမ်းလျှောက်ပြီး တမျိုး စက်ဘီးနဲ့ တဖုံ လုပ်ကြံခဲ့ကြတာကို ကိုယ်တွေ့ ကြုံခဲံ့ခံစားခဲ့ရဖူးသူပါ၊ဒီကိစ္စတွေကိုသက်ဆိုင်ရာ ထောက်လှမ်းရေးနဲ့ ကော်မရှင်ကို သက်သေအထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားခဲ့ပေမယ့်လည်း အရေးယူမှုတစ်စုံ တရာမရှိခဲ့ဘူး၊ အဲဒီအချိန်မှာ ဒီမိုကရက်အချင်းချင်း ဒီလိုဖြစ်နေတာကို ပိုပြီး သဘောကျနေခဲ့တာအမှန် အချုပ်အားဖြင့် ဆိုချင်သည် ထောက်ခံအုပ်စုနဲ့ ကန့်ကွက်အုပ်စုအတွင်း ပါဝင်တဲ့ ရိုးသားတဲ့ ပြည်သူဘယ်နှစ်ဦး ရာခိုင်နှုန်းဘယ်လောက်ရှိမယ်ဆိုတာခန့်မှန်းရအခက်သား သေချာတာကတော့ ထောက်ခံသူအုပ်စုနဲ့ ကန့်ကွက်သူ အုပ်စုနှစ်ခုမှာ ပါဝင်ခဲ့တဲ့ ပြည်သူဆိုတဲ့ အမျိုးအစားက ရာနှုန်းမပြည့်ပါ ဒီ့ထက်သေချာတာကတော့ ထောက်ခံသူအုပ်စုကရင့်ကျက်တယ် နိုင်ငံရေးပါးဝတယ် သေနကဗျူဟာတွေ
ပိုင်နိုင်ကြတယ် ကန့်ကွက်သူအုပ်စုမှာကအူယားဖားယားနိုင်ကြတယ်၊ရင့်ကျက်မှုမရှိ၊နိုင်ငံရေးပါးမဝသူများ
သာဘယ်လိုဘဲဖြစ်ဖြစ်ပါ ဒီကိစ္စက ဒီမှာတင်ပြီးမည်မဟုတ် ရှေ့ဆက်နိုင်ငံရေးခရီးအတွက် အနိဌာရုံတွေ အကြိုခင်းထားတဲ့ လမ်းတွေသာဖြစ်ပေလိမ့်မည် ဒီလမ်းသည် ဘက်နှစ်ဘက်စလုံး လျှောက်ကောင်း သည့်လမ်းမဟုတ်ပါ ဒီနေရာမှာ အထူးဆိုချင်သည်က NLD တွေ စပြီး ဖေါ်လို့ နောက်ကလိုက်သည့် ထောက်ခံသူ အုပ်စုမှာ အကြောင်းပြစရာတွေ တည်ရှိနေပေမယ့် ကန့်ကွက်သူ NLD အုပ်စုမှာက နိုင်ငံရေး လူကျွံဘောမိသွားပါပြီ ဘယ်လောက်ဂိုးတွေ သွင်းသွင်း ဂိုးမရနိုင်တော့ပါ NLD အနေနဲ့ ဒါကို ကိုယ့်အခြေအနေကိုယ် အမှန်အတိုင်းမသိမြင်ပါဘဲ ဆက်ပြီး အော်နေမယ်ဆိုရင် အခြေအနေတွေပိုပြီးရူပ်ထွေးလာပါလိမ့်မည်ဒီလိုရူပ်ထွေးမှုတွေပေါ်လာခဲ့ရင်
ရှေ့ဆုံးကခံရမှာက ပြည်သူတွေပါ ဒုတိယခံရမှာကဘုမသိဘမသိNLD အောက်ခြေတွေပါလို့
ဟောချက်ထုတ်လိုက်ချင်သည် ကျုပ်အနေနဲ့ အစိုးရိမ်ဆုံက အိမ်နီချင်းထိုင်းမှာလို အဖြစ်မျိုးဖြစ်မှာကိုပင်

သန်းထွန်း TGKN

ဗိုလ်စိန်မှန် ကွင်းတွင် ၅၉(စ) မပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား NLD ပါတီဝင်များ နှောက်ယှက်

Posted by drmyochit Monday, February 03, 2014, under | No comments

ယနေ့ နေ့လည် ၁ နာရီ ဗိုလ်စိန်မှန်ကွင်းမှာ မျိုးချစ်လူငယ်များ နဲ့ မျိုးချစ်များ ဦးစီးဆောင်ရွက်ပြီး ၅၉ (စ) မပယ်ဖျက်/မပြင်ဆင်ရေးငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။၎င်း ဆန္ဒထုတ်ဖော်ပွဲကို လူပေါင်း ၁၅၀၀ ခန့် တက်ရောက် ဆန္ဒထုတ်ဖော်ကြတယ်လို့ သိရပါတယ်။ ၎င်း ဆန္ဒထုတ်ဖော်ပွဲမှာ မတူကွဲပြား မှ ဦးနေမျိုးဝေ ၊ ဒေါ်ခင်ဝိုင်းကြည် ၊ ဓမ္မစက္က ဦးမောင်မောင် ၊ ဥပဒေပညာရှင် ဦးအေးပိုင် တို့ ဦးစီးပြီ့း  ၅၉ (စ) မပြင်ဆင်ရေး ကို ဦးစီးဟောပြောပေးခဲ့ပါတယ်။ ထို အချိန်မှာ NLD ပါတီဝင်များ က "၅၉(စ) မပြင်သူ တို့ရန်သူ" ဆိုတဲ့ စာတမ်းပါ စာရွက်များ ကို လမ်းမ တစ်လျှောက်ဖြန့်ကျဲပြီး နှောက်ယှက် ခဲ့ကြတယ်လို့ သိရပါတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော် ပွဲ ကို တက်ရောက်လာသူ တစ်ဦးကတော့..

"ကျွန်တော် တို့ က ၅၉(စ) လုံး ပြင်ဆင်ဖို့ လုံးဝ မလိုဘူးလို့ ယုံကြည်လို့ အခုပွဲကို တက်ရောက်လာတာပါ။ ကျွန်တော် တို့ဟာ ဘယ်သူမှ ခိုင်းလို့မဟုတ်ပါဘူး အမျိုးသား ရေး အသိနဲ့ လာကြတာဖြစ်ပါတယ်။ အခုလို စာတွေ ဖြန့်ကျဲပြီး နှောက်ယှက်တာတော့သူတို့ ပါတီက မပြည့် မှန်း သိအောင် ပြလိုက်တာပေါ့ ။ သူတို့ မမြင်ချင်ရင် မျက်နှာလွဲနေရုံပဲ ခုလို လုပ်တာတော့ သူတို့ပါတီ ရုပ်ပျက်တာပေါ့ " ဟု ပြောဆိုပါတယ်။

သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

မေမြတ်မောင်




မျိုးချစ် လူငယ်များ ၅၉(စ) လုံး မပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

Posted by drmyochit Monday, February 03, 2014, under | No comments

ဒီနေ့ နေ့လည် ၁ နာရီ ဗိုလ်စိန်မှန်ကွင်းမှာ မျိုးချစ်လူငယ်များ နဲ့ မျိုးချစ်များ ဦးစီးဆောင်ရွက်ပြီး ၅၉ (စ) မပယ်ဖျက်/မပြင်ဆင်ရေးငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။၎င်း ဆန္ဒထုတ်ဖော်ပွဲကို လူပေါင်း ၁၅၀၀၀ ခန့် တက်ရောက် ဆန္ဒထုတ်ဖော်ကြတယ်လို့ သိရပါတယ်။ ၎င်း ဆန္ဒထုတ်ဖော်ပွဲမှာ မတူကွဲပြား မှ ဦးနေမျိုးဝေ ၊ ဒေါ်ခင်ဝိုင်းကြည် ၊ ဓမ္မစက္က ဦးမောင်မောင် ၊ ဥပဒေပညာရှင် ဦးအေးပိုင် တို့ ဦးစီးပြီ့း  ၅၉ (စ) မပြင်ဆင်ရေး ကို ဦးစီးဟောပြောပေးခဲ့ပါတယ်။ အချိန်မှန် လာရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကြသူတွေဟာ အင်မတန်မှ များပြားတာတွေ့ရပြီး ၊ ဘုန်းတော်ကြီများ လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ခင်မျိုးဦး









Hell Zombie V 1.03 Mod Apk Game 23MB

Posted by drmyochit Monday, February 03, 2014, under | No comments


ဒီဂိမ်းလေးကိုတော့ တော်တော်များများသိမှာပါ
မိစ္ဆာကောင်တွေ နန်းတော်ကိုလာတိုက်ခိုက်တာကို ကာကွယ်ရမယ်ဂိမ်းဖြစ်ပါတယ်
ဟက်ထားတဲ့ဂိမ်းလေးပို့ ကစားချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေပါတယ်
ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

d-h.st/ (or)mir.cr (or)miloshare



From: Myanmar Mobile App

အရက်၊ ဘီယာတင်သွင်းခွင့် မူဝါဒ ဟန်ချက်ညီရန် လုပ်ဆောင်နေရ၍ ကြန့်ကြာနေဟုဆို

Posted by drmyochit Monday, February 03, 2014, under | No comments

ပြည်တွင်း၌ ဝေဖန်ခံနေရသော အငြင်းပွားဖွယ် အရက် ဘီယာ တင်သွင်းခွင့် မူဝါဒများနှင့် ပတ်သက် ၍ လက်ရှိတွင် မူဝါဒပိုင်းအရ ပြုပြင်ပြောင်း လဲရန် ပြင်ဆင်နေပြီး ပြည်တွင်း လုပ်ငန်း ရှင်များနှင့် စားသုံးသူများအကြား ဟန်ချက် ညီရန် လုပ်ဆောင်နေရသောကြောင့် ကြန့်ကြာနေ ရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က ပြောကြားသည်။

အဆိုပါ မူဝါဒတွင် ပြည်ပမှ တင်သွင်းလာသည့် အရက်၊ ဘီယာများ အရည် အသွေး ပြည့်မီရေးနှင့် အရက်၊ ဘီယာများ တင်သွင်းမှုကြောင့် ပြည်တွင်း ထုတ်လုပ်သူများ မထိခိုက်ရေး အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေး လျက်ရှိသည်ဟု ၎င်းကဆိုသည်။

“တရားဝင် ခွင့်ပြုတာက လွယ်ပါတယ်။ ဒါကို အကြောင်းပြုပြီး အရည်အသွေး နိမ့်တာတွေ ဝင်လာနိုင်တယ်။ ဒါကိုဘာနဲ့ စစ်မလဲ ဆိုတာမျိုး။ ပြီးတော့ ဘယ် အမျိုးအစားတွေကို တင်သွင်းခွင့် ပေးရမလဲ။ အရက်၊ ဘီယာကို Alcohol ပါဝင်မှုအပေါ် မူတည်ပြီး တရားဝင် တင်သွင်းခွင့်ပေးမလား။ အခွန်ဘယ် လောက်ကောက်မလဲ။ ဒါတွေကို စဉ်းစားနေရလို့ပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကမူ လက်ရှိ ဘဏ္ဍာနှစ်အတွင်း အရက်၊ ဘီယာ၊ ဝိုင် တရားဝင် တင်သွင်းခွင့် မူဝါဒ မှာ ပေါ်ထွက်လာနိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။

အရက်၊ ဘီယာ တင်သွင်းခွင့်ပြုပြီး အခွန်နှုန်းထားများ မြင့်မား လွန်းပါက မှောင်ခို ဝင်ရောက်မှုကို အားပေးရာရောက်မည် ဖြစ်ကြောင်း၊ တရားဝင် လိုင်စင်ရရှိသူများက အရေအတွက် ပိုမိုသယ်ဆောင်ခြင်းများလည်း ရှိလာနိုင် ခြင်းကြောင့် လုပ်ငန်းရှင်များနှင့် တစ်ကြိမ် ဆွေးနွေးထားပြီး ထပ်မံဆွေးနွေး ရန်ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။

ဈေးကွက်အတွင်း ရောက်ရှိနေသည့် အရက်၊ ဘီယာများနှင့် ပတ်သက်၍မူ တရားဝင် ကြေညာခိုင်းပြီး ဒဏ်ကြေးများ ဆောင်ခိုင်းရန် ကနဦး စီစဉ်ထား ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက စီးတီးမတ်လက်လီ အရောင်း ဆိုင်များသို့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်များ တင်သွင်းနေသည့် Premium Food Services Products ပိုင် ဂိုဒေါင် တစ်ခုတွင် တရားမဝင် အရက်၊ ဘီယာ၊ ဝိုင်များ တွေ့ရှိပြီးနောက် အရက်၊ ဘီယာ၊ ၀ိုင်များတင်သွင်း ခွင့် မူဝါဒကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြန်လည် သုံးသပ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း အကောက်ခွန် ဦးစီးဌာနက အရက်၊ ဘီယာနှင့် ဝိုင်များ တင်သွင်းခွင့်အတွက် အခွန် ၆၅ ရာခိုင်နှုန်း ကောက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

“My Lay Entertainment အဆိုတော်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်း ပေးမည်”

Posted by drmyochit Monday, February 03, 2014, under | No comments

အဆိုတော် ရတနာမိုင်က သူ့ရဲ့ My Lay Entertainment ရုံးခန်းကို ဇန်နဝါရီ ၂၆ရက်နေ့၊ နံနက်၁ဝ နာရီ၊ အမှတ်(၂၉/အေ)ပါရမီလမ်း (ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းကြား) မရမ်းကုန်းမှာဖွင့်လှစ်ခဲ့ပါတယ်။

အဆိုတော်တိုင်းမှာ တစ်ခါတလေ Entertainment ကြောင့် စိတ်အနှောင့် အယှက် ဖြစ်စရာလေးတွေရှိတဲ့အတွက်၊ အဲဒီလိုမဖြစ်ရအောင် ရည်ရွယ်ပြီး “My Lay Entertainment”ကို ဖွင့်တာပါလို့ဆိုပါတယ်။

”အဲဒါဘာကြောင့်လဲဆိုတာတော့ Entertainment မဆန်တဲ့ စီစဉ်မှုကြောင့်နဲ့ ၊စနစ်မကျတဲ့ စီစဉ်သူ တွေရဲ့စီစဉ်မှုကြောင့်လို့တော့ မိုင်လေးထင်တယ်။ မိုင်လေးက အဆိုတော်က တက်လာခဲ့တဲ့အတွက် ဒီအခက်အခဲလေးတွေ သိတယ်။ ပြီးတော့ မိုင်လေးက ဘက်ပေါင်းစုံကနေ လိုအပ်တာတွေ၊ အခက်အခဲမရှိအောင် ဖြည့်ဆည်းမယ်။

ပြီးတော့ မိုင်လေးရဲ့ Entertainment နဲ့လုပ်ရတာ အဆင်ပြေတယ်ဆိုတဲ့ စကားလေးတွေ ကြားချင်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား နေပါတယ်”လို့ဆိုပါ တယ်။ Entertainment စီစဉ်ဖြစ်ပုံကိုလည်း “အခုဆိုရင် မြန်မာနိုင်ငံက ခေတ်မီတိုးတက် လာပြီဆိုတော့ Entertainment Roll ကလည်း တဖြည်းဖြည်းမြင့်လာကြပြီ။ အဲဒါနဲ့ အနုပညာရှင်တွေကလည်း Entertainment တွေလုပ်လာကြတယ်။ လုပ်လာကြတဲ့အပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊လူငယ်တွေက ဘယ်လိုစီစဉ်ရမယ် ဆိုတာကို ဗြုန်းခနဲဆိုရင် သတိမရကြဘူး။

အဲဒါကြောင့် ဒါလေးကို အကောင်အထည်ဖော်ဖို့ အတွက် မိုင်လေးက ဒီ Entertainment ဆိုတာလေးကို စလုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။

My Lay Entertainment ကနေ Rock ပွဲတွေ၊ Hip Hop ပွဲတွေ စုံအောင် ရှိုးပွဲတွေ လုပ်သွားဖို့ရှိပြီး ဖြန့်ချီရေးအနေနဲ လုပ်ဖို့ရှိကြောင်း ပြောပါတယ်။


မွတ်စလင်သေဆုံးမှု စွပ်စွဲချက် ဗြိတိန်နဲ့ကန် ပြန်ရုတ်သိမ်း

Posted by drmyochit Monday, February 03, 2014, under | No comments

ဖေဖော်ဝါရီ ၃ ရက် ၂၀၁၄ ခုနှစ်

ရခိုင်ပြည်နယ် ဒုချီးရာတန်ကျေးရွာက မွတ်စလင်အယောက် ၄၀ လောက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့က ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။

ရက်နေ့တုန်းက မြန်မာရဲတွေနဲ့ မွတ်စလင် ရွာသားတွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မွတ်စလင် အယောက် ၄၀ လောက် အသတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား သံရုံးတွေကပါ စွပ်စွဲထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ထပ်ခါတလဲလဲ ငြင်းဆိုမှုလုပ်ပြီး နှစ်ပတ်ကြာတဲ့ စုံစမ်းစစ်ဆေးရေးတွေပါ လုပ်ခဲ့ရပါတယ်။

မြန်မာစုံစမ်းရေးအဖွဲ့ရဲ့ ရလဒ်အရ ဒုချီးရာတန်ကျေးရွာကို ရဲ ၈ ယောက် ကင်းလှည့်နေတုန်း ဓားတွေ၊ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ ရွာသားအယောက် ၂၀ ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရဲတစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲဒီနောက် ရဲတွေ ထပ်မံရောက်ရှိလာပြီး လူစုခွဲ သတိပေးတဲ့အနေနဲ့ သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

လူစုကွဲပြီးတဲ့နောက် သွေးတွေပေးနေတဲ့ ရဲယူနီဖောင်းနဲ့ သေနတ်ထည့်တဲ့အိတ်ကို တွေ့ခဲ့ရပေမယ့် ရဲကတော့ ပျောက်ဆုံးနေဆဲပဲလို့ ဆိုပါတယ်။

အဲဒီ ပဋိပက္ခအတွင်း မွတ်စလင်တွေ သေဆုံးမှု မရှိခဲ့ကြောင်း တွေ့ရှိပြီးနောက် အမေရိကန် သံရုံးနဲ့ ဗြိတိန်သံရုံးတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် ထားတဲ့ စွပ်စွဲချက်တွေကို ပြန်လည်ရုတ်သိမ်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပါတယ်။

နောက်နောင် ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် ပိုမို စီစစ်မှု လုပ်ဆောင်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေ ရုတ်သိမ်းလိုက်ပေမယ့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကိုတော့ ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောလိုက်ပါတယ်။ အဲဒါ့အပြင် နောက်နောင်မှာလည်း မြန်မာအစိုးရအနေနဲ့ ပိုမို တရားမျှတပြီး လွတ်လပ်မှုရှိတဲ့ စုံစမ်းစစ်ဆေးမှုမျိုး လုပ်ခွင့်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။

မြန်မာအစိုးရကတော့ သူတို့အနေနဲ့ ပြည့်စုံစေ့စပ်တဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ခဲ့ပြီး တွေ့ရှိချက်ကိုလည်း အသေးစိတ် ထုတ်ပြန်ထားပြီဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဘာသာရေးလူမျိုးရေးပဋိပက္ခ (Credit: ABC)


ABC

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်