Tuesday, July 22, 2014

သွန်းဆက် တင်းနေတာပဲနော်

Posted by drmyochit Tuesday, July 22, 2014, under | 7 comments






အလှူထမင်းဟင်း စားရာမှ အစာအဆိပ်သင့်

Posted by drmyochit Tuesday, July 22, 2014, under | No comments

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရေနီမြို့ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာ ရှိတဲ့ နရသိန် ကျေးရွာအုပ်စု နရသိန်ကျေးရွာ မူလတန်းကျောင်း တစ်ကျောင်းမှာ အလှူရှင်တစ်ဦး လာကျွေးတဲ့ နေ့လယ်စာ ထမင်းနဲ့ ဟင်းကို စားသောက်မိတာကြောင့် လူ ၁၀၉ ဦး အစာအဆိပ်သင့် ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအလှူကို ဇူလိုင်လ ၂၁ ရက်နံနက် ၁၁ နာရီခန့်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျွေးမွေးတဲ့ ဟင်းတွေက ကြက်သားဟင်း၊ အချဉ်ဟင်းနဲ့ ငါးခြောက်ကြော်တို့ ဖြစ်ပါတယ်။ အဲဒီဟင်းတွေကို စားသောက်ခဲ့တဲ့ ကလေးလူကြီး ၁၀၉ ဦးစလုံး မူးဝေအော့အန်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရေနီမြို့ လူမှုကူညီရေးအသင်း တစ်ခုဆီကနေ သိရပါတယ်။


ရေနီမြို့ နယ်မြေခံ ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဝင်းကိုက “အသက် ၇ နှစ်ကနေ အသက် ၆၀ ကျော်အထိ စုစုပေါင်း ကျား/မ ၁၀၉ ယောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး မူးဝေ အော့အန်ခဲ့ကြတာပါ။ အားလုံးကို လိုအပ်တဲ့ ပြုစုကုသမှုတွေ ပေးထားပါပြီ။ စိုးရိမ်ရဖွယ် အနေအထားမှာ မရှိတော့ပါဘူး” လို့ ဆိုပါတယ်။

The Voice Weekly

ဆွံ့အနားမကြားသော အမျိုးသမီးကို ခေါ်ဆောင်သွား၍ သားမယား ပြုကျင့်သည်ဟုဆိုသူကို ၂၄နာရီအတွင်း ဖမ်းမိ

Posted by drmyochit Tuesday, July 22, 2014, under , | No comments

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် သပြုပင်ကျေးရွာတွင် ဆွံ့အ နားမ ကြားသော အမျိုးသမီးငယ်တစ်ဦး အားတစ်ရွာတည်းနေ အမျိုးသား တစ်ဦးမှ ခေါ်ဆောင်သွားပြီး အလို မတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွား ခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄နာရီ အ တွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူနိုင်ခဲ့ကြောင်း ဒေသခံတို့ ထံက သိရသည်။

ဖြစ်စဉ်အကျဉ်းမှာ ဟင်္သာတ မြို့နယ် သပြုပင်ကျေးရွာရှိ အဒေါ် ဖြစ်သူ ဒေါ်....သည် အိပ်ပျော် သွားစဉ် ၄င်းနှင့်အတူနေထိုင်သူ မ---- (ဆွံ့အ နားမကြား) ၁၇နှစ် သည် ဇူလိုင် ၁၉ရက် ည ၈နာရီခန့် တွင် နေအိမ်ရှေ့ ဖိနပ်ချွတ်၌ သင် ဖြူးဖျာရက်နေစဉ် တစ်ရွာတည်းနေ သိန်းထွန်း(ခ)မိုးကြိုး ၅၂နှစ်မှ လက် ဆွဲ၍ ခေါ်ဆောင်သွားပြီး လယ်ကွင်း ကန်သင်းရိုးပေါ်တွင် သားမယားအ ဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက်မိန်း ကလေးငယ်အား လိန်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်ဆောင် သွားရာ မိန်းကလေးမှ မနေချင်ကြောင်း ပြုမူသဖြင့် ဇလွန်မြို့နယ် ဂွေးတောက် ချောင်ကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်သွားခဲ့ပြီး မိန်းကလေးငယ် အား ချော့မော့ရာမရ၍ ဇူလိုင် ၂ဝ ရက် နံနက် ၄နာရီခန့်တွင် ဟင်္သာတ မြို့ထဲ၌ထားခဲ့ကြောင်း ဒူးယားနယ် မြေရဲစခန်း၏ စစ်ဆေးပေါ်ပေါက် ချက်အရ သိရသည်။
အဒေါ်ဖြစ်သူ ဒေါ်...သည် ဆွံ့အနားမကြားသော တူမဖြစ်သူ မ...အား ညပိုင်းတွင် လိုက်လံရှာ ဖွေရာ မတွေ့သဖြင့် ဇူလိုင် ၂ဝရက် နံနက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းတို့တွင် တိုင်ကြားခဲ့ သည်။
''အခုဖြစ်ခဲ့တဲ့ မိန်းကလေးက မိဘတွေမရှိဘူး။ အပျိုအဒေါ်ကြီးနဲ့ ဆွံ့အနေတဲ့ မောင်နှမ နှစ်ယောက်ပဲ အတူနေကြတာ။ သူက လက်ဟန်ခြေ ဟန်နဲ့ဘဲ ပြောနိုင်တယ်။ သူ့ကို ဟင်္သာ တမှာထားခဲ့တယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူတို့ကိုမြင်ခဲ့တဲ့သူက အ ကြောင်းကြားလို့ အခုဖမ်းမိတဲ့သူကို စစ်မေးတော့ ဝန်ခံတယ်''ဟု ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။

အဒေါ်ဖြစ်သူ ဒေါ်....က ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင် ကြားခဲ့ရာ ဒူးယားနယ်မြေရဲစခန်းမှ သိန်းထွန်း (ခ) မိုးကြိုးအား (ပ) အမှတ် ၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။
AKK
Democracytoday
Yangon Media Group

အိမ်မှထွက်လာသော မိန်းကလေးကို အဓမ္မကြံစည်သူ ဖမ်းဆီးမိ

Posted by drmyochit Tuesday, July 22, 2014, under | No comments


နေပြည်တော် ဇူလိုင် ၂၁

 နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်တွင် ဖခင်ရိုက်မည်ကိုကြောက်၍ နေအိမ် မှထွက်လာသော အမျိုးသမီးတစ်ဦး အား အဓမ္မကြံစည်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

နေပြည်တော် ဥတ္တရခရိုင် ဥတ္တရ သီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်တွင် ဇူလိုင် ၁ ရက် နံနက် ၁ဝ နာရီ ၅၅ မိနစ်က ၄င်းရပ်ကွက်နေ မ.....(၁၆ နှစ်)သည် ဖခင်ကရိုက်မည် ပြောသဖြင့် နေအိမ်မှ ထွက်လာစဉ် ဥတ္တရသီရိမြို့နယ် အိုးရှင်းစင်တာ အနီး ကွန်ကရစ်လမ်းမပေါ်အရောက် တွင် အမည်မသိ အမျိုးသားနှစ်ဦး နှင့်တွေ့ရာ တစ်ဦးက ဘယ်သွားမှာ လဲဟုမေးရာ မ....က အိမ်က ထွက်လာကြောင်း၊ အလုပ်လုပ်ချင် ကြောင်းပြောရာ လိုက်ပို့ပေးမယ်ဟု ပြောပြီး ရတနာသိဒ္ဓိရပ်ကွက်ရှိ (လမ်းသိ၊ နေအိမ်အမှတ်မသိ)နေအိမ် သို့ခေါ်ဆောင်သွားပြီး နေအိမ်သို့ ရောက်ရှိပြီးနောက် နေအိမ်အပေါ်အခန်းလိုက်ပြမည်ဟုပြောဆိုခေါ် ဆောင်ကာ အိမ်ပေါ်အခန်းတစ်ခန်း အရောက်၌ အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်စဉ် မိခင်ရောက်ရှိ ကြောင်းကြားရသဖြင့် အိမ်အောက်သို့ ဆင်းပြေးချိန်တွင် မ.... လည်း အိမ်ပေါ်မှအောက်သို့ဆင်း၍ ဥတ္တရ သီရိမြို့နယ် ဘုရားကုန်းရဲစခန်းသို့ ချက်ချင်း သွားရောက်တိုင်တန်းပြီး စုံစမ်းရာ ပြစ်မှုကျူးလွန်သူ ညွန့်နိုင် (၄ဝ နှစ်)ဥတ္တရသီရိမြို့နယ် ရတနာ သိဒ္ဓိရပ်ကွက် ခတ္တာ(၁)လမ်း နေထိုင် သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မင်းမင်းလတ်(ရူပဗေဒ)
Myanmaalinn

လစ်ဗျားနိုင်ငံ ထရီပိုလီလေဆိပ်နားတွင် တိုက်ပွဲများ ဆက်ဖြစ်

Posted by drmyochit Tuesday, July 22, 2014, under | No comments


လစ်ဗျားနိုင်ငံ ထရီပိုလီနိုင်ငံတကာလေဆိပ်နားမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။

လေဆိပ်ကို ထိန်းချုပ်ဖို့ ပြိုင်ဘက်ပြည်သူ့စစ်တွေ အပြိုင်အဆိုင် ကြိုးစားနေပြီး ၂၀၁၁ ခုနှစ်မှာ အာဏာရှင် မွမ်မာကဒါဖီ ပြုတ် ကျပြီးတတည်းက အားနည်းနေတဲ့ လစ်ဗျား အစိုးရလက်ထက်မှာ ထရီပိုလီလေဆိပ်ဟာ အပြင်းထန်ဆုံးအကြမ်းဖက်မှုတွေကြားမှာ သောင်တင်နေပါတယ်။

ပြည်သူ့စစ်တွေက လေဆိပ်နားရပ်ကွက်မှာ လေယာဉ်ပစ်အမြောက်တွေ ဂရဒ်ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေက သူတို့အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပြီး တချို့ မိသားစုတွကတော့ ပစ်ကွင်းထဲမှာ ညှပ်နေတယ်လို့ ရပ်ကွက်ခေါင်းဆောင်တချို့က ပြောပါတယ်။
သေနတ်သမားတွေက အိမ်ခေါင်မိုးတွေပေါ်မှာ တဘက်နဲ့ တဘက် ရင်ဆိုင် ပစ်ခတ်နေပြီး ဒေသခံတွေကတော့ ကြားထဲ ပိတ်မိနေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုကြောင့် လူ ၄ ဦး သေတယ်လို့ ဒေသခံတွေက ပြောပြီး ဒေသဆေးရုံရဲ့ ဆရာဝန်တဦးက လူနာ ၉ ဦးကို လက်ခံထားရတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအရာရှိတဦးကတော့ လူသေဆုံးမှု အတည်ပြုချက်ကို မေးတဲ့ ဖုန်းကို လက်ခံ ဖြေဆိုမှု မလုပ်ပါဘူး။

ဒီပဋိပက္ခကြောင့် လစ်ဗျားကနေ နိုင်ငံတကာခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားရပြီး အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် လေဆိပ်မှာ ဆိုက်ကပ်ထားတဲ့ လေယာဉ် ၁၂ စင်းကျော်လောက် ပျက်စီးခဲ့ပါတယ်။
လုံခြုံရေးစိုးရိမ်မှုကြောင့် လစ်ဗျားနိုင်ငံထဲက ကုလသမဂ္ဂ ၀န်ထမ်းအားလုံးကို ခေါ်ထုတ်ထားပါတယ်။


DVB

ခရီးသည်တင်ဒိုင်နာ မှတ်တိုင်အနီးရပ်ထားသည့် ကားကိုဝင်တိုက် လေးဦးဒဏ်ရာရ

Posted by drmyochit Tuesday, July 22, 2014, under | No comments

ဒိုင်နာမှ ၀င်တိုက်မိ၍ ပါဂျဲရိုးကားဟန်ချက်ပျက်ကာ ဓာတ်တိုင်ကို တိုက်မိစဉ် (ဓာတ်ပုံ - သန်းဌေး)
ခရီးသည်တင် ဒိုင်နာကားတစ်စီးက လမ်းဘေး၌ရပ် ထားသော ပါဂျဲရိုးကားတစ်စီးကို မှတ်တိုင်အ၀င်တွင် ၀င်တိုက်မိခဲ့ သဖြင့် ဓာတ်တိုင်ကျိုးကာ ပြတ်ရွေ့သွားပြီး လူလေး ဦးဒဏ်ရာရရှိ သွားကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ် ပြည်လမ်း အတိုင်း စော်ဘွားကြီးကုန်းဘက် မှ မောင်းလာသော ခရီးသည်တင် ဒိုင်နာသည် ဇူလိုင် ၁၉ ရက် မွန်းလွဲအချိန်က ဆယ်မိုင်ကုန်းမှတ် တိုင်အနီး လမ်း၏ညာဘက်ဘေး တွင် ရပ်ထားသော ပါဂျဲရိုးကားကိုနောက်ဘက်မှ ၀င်တိုက်ရာအတိုက်ခံရသည့် အရှိန်ဖြင့် ပါဂျဲရိုးကဓာတ်တိုင်ကို  တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်မောင်း၊ ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးနှစ်ဦးနှင့် ဓာတ်တိုင်အနီးတွင်ရှိနေသူ အမျိုးသမီးတစ်ဦးတို့  ဒဏ်ရာရကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မောင်းအား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်းယာဉ်မှုစစ်ရဲအရာ ရှိက ပြောသည်။

‘‘လေးယောက် ဒဏ်ရာရပေ မယ့် ပြင်းပြင်းထန်ထန်တော့ မရှိ ပါဘူး။  အင်းစိန်ဆေးရုံတော့ ပို့ လိုက်တယ်။ ၉၇ ကားကိုတော့ ရွှေ့လိုက်ပြီ’’ဟု  ယာဉ်မှုစစ်ရဲအရာရှိတစ်ဦးက ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း ရန်ကုန် တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ဖြစ်ကာ တာဝန်ယူဖြေရှင်းပေး ခြင်း မရှိဘဲ ထွက်ပြေးရှောင်တိမ်း နေသည့်  ယာဉ်တိုက်မှုဖြစ်စဉ် ပေါင်း ၂၁၄၃ မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ  ဖြစ်စဉ်များတွင်  အမှု ပေါင်း ၁၆၀၀ ခန့်သာ စုံစမ်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်အမှုတွဲများမှ တရားခံ ၁၀၈ ဦးကို လက်ရှိအ ချိန်အထိ ၀ရမ်းဖြင့် လိုက်လံရှာ ဖွေလျက် ရှိသည်။ အဆိုပါ ၀ရမ်း ပြေးများထဲတွင် ခရီးသည်တင် ယာဉ်မောင်းနှင့် ကုမ္ပဏီယာဉ် မောင်းများ အများဆုံးပါဝင်နေ ကြောင်း သိရှိရသည်။

7 Day

ယောဂကျင့်ခြင်းကြောင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

Posted by drmyochit Tuesday, July 22, 2014, under | No comments


ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခန္ဓာကိုယ် သန်မာဖျတ်လတ်စေခြင်း၊ အသားအရေကြည်လင်တောက်ပခြင်း၊ စိတ်တည်ငြိမ်အေးချမ်းခြင်း၊ ကျန်းမာရေးကောင်းခြင်းတို့အပြင်    အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြည့်ဝရုံသာမက စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုလည်းရှိပါမှ အမှန်တကယ် ကျန်းမာသည်ဟု ခေါ်ဆိုနိုင်ပေမည်။ ကျန်းမာသည်ဆိုသော အခြေအနေမှာ ရောဂါမရှိသော အခြေအနေမျှသာမဟုတ်ဘဲ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုနှင့် ချစ်ခင်ကြင်နာမှုစသော ဘ၀၏စွမ်းအားများကို ဖော်ပြမှုတစ်ခုဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်ရောစိတ်ပါ ကျန်းမာစေရန် ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။

တစ်နေ့လျှင် မိနစ်အနည်းငယ်မျှ ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်ပြီး ကိုယ်ရောစိတ်ပါ ဖိစီးမှုကို ပြေလျော့သွားစေသည်။ ယောဂကျင့်သည့် ကိုယ်နေဟန်ထား၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့မှာ စိတ်ဖိစီးမှု လျော့ကျစေရန် အစွမ်းထက်သော နည်းလမ်းများ ဖြစ်သည်။

ငြိမ်းချမ်းလှပသော နေရာများနှင့် သဘာဝအလှတို့ကို ကျွန်တော်တို့ အားလုံး ခုံမင်နှစ်သက်ကြသော်လည်း ငြိမ်းချမ်းမှုကို မိမိကိုယ်တွင်း၌သာ ရှာဖွေတွေ့ရှိနိုင်သည်ဆိုခြင်းကို သိသူမှာ နည်းပါးသည်။ ယောဂကျင့်ခြင်းမှာ အနှောင့်အယှက်ဖြစ်နေသော စိတ်အခြေအနေကို တည်ငြိမ်သွားစေမည့် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခု ဖြစ်သည်။

ကိုယ်ခန္ဓာအပေါ် ပုံမှန်မဟုတ်သော အကျိုးသက်ရောက်မှုများက စိတ်ကိုလည်း အလားတူ မပျော်မရွှင် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေပြီး ယင်းအခြေအနေကို ကိုယ်ခန္ဓာနာမကျန်းဖြစ်ခြင်းကဲ့သို့ပင် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ ယောဂကျင့်ခြင်းကြောင့် ကိုယ်အင်္ဂါများကို နှိပ်နယ်ပေးသကဲ့သို့ ဖြစ်စေပြီး ကြွက်သားများကို ပိုမိုသန်မာလာစေသည်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းနှင့် တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး ကိုယ်ခံအားစနစ် ပိုကောင်းလာစေသည်။

ယောဂကျင့်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သတိရှိမှု အားကောင်းလာစေမည်ဖြစ်ကာ အိမ်ထောင်ဖက်၊ မိဘ၊ မိတ်ဆွေများ (သို့မဟုတ်) ချစ်ခင်ရသူများနှင့် ဆက်ဆံရေး တိုးတက်လာစေ မည်ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ရောင့်ရဲသော စိတ်အခြေ အနေကြောင့် ထိခိုက်လွယ်သော လူမှုဆက်ဆံရေး ကိစ္စများကို ဖြေရှင်းရာတွင် ပိုမိုလွယ်ကူစွာဖြေရှင်းလာနိုင်မည် ဖြစ်သည်။

ယောဂကို နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးရန် လိုအပ်သည်။ ယင်းသို့ ယောဂပုံမှန်ကျင့်သူအနေဖြင့် လမ်းလျှောက်နေချိန်ဖြစ်စေ အိပ်နေ၊ ထိုင်နေ၊ ရပ်နေချိန်ဖြစ်စေ ကိုယ်ဟန်အနေအထား တိုးတက်လာအောင် ကူညီနိုင်သည်။ အပြန်အလှန်အားဖြင့် မမှန်ကန်သော ကိုယ်နေဟန်ထားရှိခြင်းကြောင့် ကိုယ်ခန္ဓာနာကျင်မှုများကိုလည်း ယောဂကျင့်ခြင်းဖြင့် သက်သာစေမည် ဖြစ်သည်။

ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းကြောင့် သိရှိမှတ်မိနိုင်မှုစွမ်းရည်ကိုလည်း မြင့်တက်လာစေမည်ဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် မည်သည့်ကိစ္စကို ပြီးမြောက်အောင် လုပ်ရန်လိုအပ်သည်၊ မည်သည့်အချိန်တွင် မည်သို့ လုပ်ရန်လိုသည်ဆိုခြင်းကို များစွာ ကြိုးပမ်းအားထုတ်စရာမလိုဘဲ တွေးမိနိုင်သော စွမ်းရည်ကိုပိုင်ဆိုင်လာမည် ဖြစ်သည်။

Internet_7Day

ပရိသတ်ကို ခံစားမှုအသစ်ပေးမယ့် ၀တ်မှုံရွှေရည်

Posted by drmyochit Tuesday, July 22, 2014, under | No comments


 ‘‘နင်စေရင်’’နှင့် ‘‘မော် ဒန်ရာဇ၀င်’’ဇာတ်ကားများကို ပရိ သတ်အားပေးခဲ့သလို မကြာမီရုံ တင်မည့် ‘အဆုံးမဲ့အချစ်’ဇာတ် ကားသည်လည်း ပရိသတ်များကို ခံစားချက်အသစ်ပေးစွမ်းနိုင်မည် ဟု ယုံကြည်ကြောင်း ၀တ်မှုံရွှေ ရည်ကပြောသည်။

‘‘ကစ်သရုပ်ဆောင်ထားတဲ့ နင်စေရင်၊ မော်ဒန်ရာဇ၀င်နဲ့ နောက်တင်မယ့် အဆုံးမဲ့အချစ် ရယ်  သုံးကားဆက်တိုက်ရုံတင် ပေမယ့် တစ်ကားနဲ့ တစ်ကား ဇာတ်လမ်းရော၊ ကာရိုက်တာရောလုံးဝမတူပါဘူး။ အဆုံးမဲ့အချစ် ဇာတ်ကားဆိုရင်လည်း ပရိသတ် တွေအတွက် ခံစားမှုအသစ်ပေး နိုင်မယ်လို့ထင်တယ်’’ဟု ၎င်းက ပြောသည်။

အဆုံးမဲ့အချစ်ဇာတ်ကား သည် မြန်မာဇာတ်ကားအနေဖြင့် ပရိသတ်များ ကြည့်ဖူးနေကျ မဟုတ်သည့် ဇာတ်လမ်းဖြစ်သော ကြောင့် ပရိသတ်များကြိုက်မည် ယူဆပြီး ယင်းဇာတ်ကားကို ၎င်း ကိုယ်တိုင်ပြန်လည်ကြည့်ရှုသည့် အချိန်တွင်လည်း ခံစားမှုအသစ် တစ်ခုကို ခံစားခဲ့ရကြောင်း အဆုံး မဲ့အချစ်ရုပ်ရှင်အထူးပွဲတွင် ၀တ် မှုံရွှေရည်ကပြောသည်။

ယင်းဇာတ်ကား၌ မတူညီ သည့်ခေတ်နှစ်ခေတ်တွင် ဇာတ် ရုပ်တစ်ခုစီဖြင့် ပါဝင်သရုပ် ဆောင်ထားပြီး ဇာတ်ရုပ်နှစ်ခုကွဲ ပြားမှုရှိစေရန် ဒါရိုက်တာ၊ အတူ သရုပ်ဆောင်သည့် မင်းသားများ နှင့်တိုင်ပင်ကာ အ၀တ်အစားက အစ သေသေချာချာပြင်ဆင်ရိုက် ကူးခဲ့ကြောင်း ၀တ်မှုံရွှေရည်က ပြောသည်။

ယင်းဇာတ်ကားတွင် ၀တ် မှုံရွှေရည်နှင့်အတူ ဝေဠုကျော်၊ နေတိုးတို့ ပါဝင်သရုပ်ဆောင် ထားပြီး သြဂုတ်လဆန်းပိုင်း၌ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုပ်ရှင် ရုံများတွင် စတင်ရုံတင်ပြသမည် ဖြစ်သည်။

7 Day

ကားလမ်းပိတ်လို့ သီချင်းမဆိုလိုက်ရတဲ့အတွက် ပရိသတ်ကိုတောင်းပန်တဲ့ မိစန္ဒီ

Posted by drmyochit Tuesday, July 22, 2014, under | No comments


ဇူလိုင် ၁၉ ရက်က ဂျန်းရှင်းစကွဲတွင်  ပြုလုပ်ခဲ့သော ရွှေအက်ဖ်အမ်ဗီစီဒီ ပရိုမိုးရှင်းပွဲ ၌   ကားလမ်းပိတ် သဖြင့် ပွဲပြီး ချိန်မှရောက်ခဲ့၍ သီချင်းမဆိုပေး ခဲ့ရသည့်အတွက် ပရိသတ်များကို တောင်းပန်ကြောင်း အဆိုတော် မိစန္ဒီက ပြောသည်။

‘‘ကားပိတ်တာရော၊ ကိုယ် ကနေမကောင်းတာရော၊ ဘယ် လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပေါ့လျော့ မှုပေါ့နော်။ အဲ ဒီလိုမျိုးလည်း နောင်မဖြစ်စေရ ပါဘူး။ စောင့်နေကြတဲ့ ပရိသတ် ကြီးကို လည်း တောင်းပန်ပါတယ်။ လာမယ်လို့ပြောထားပြီး ပွဲပြီးမှ ရောက်လာဖြစ်တဲ့အတွက် ကိုယ် နဲ့အလုပ် တွဲလုပ်နေကြသူတွေ အားလုံးကိုရော တောင်းပန်ပါ တယ်’’ဟု မိစန္ဒီက ပြောသည်။

နေမကောင်းဖြစ်နေသည့် ကြားမှ ပရိသတ်အား ဖျော်ဖြေရန် ထွက်လာခဲ့သော်လည်း မိုးအလွန် ရွာပြီး ကားလမ်းများ ပိတ်ဆို့နေ၍ ပွဲပြီးမှရောက်သွားရာ ပရိသတ် များမရှိတော့သည့်အတွက် သီချင်းမဆိုဖြစ်ခဲ့ကြောင်းမိစန္ဒီက ပြောသည်။ မိစန္ဒီရောက်သွား ချိန်တွင် ပရိသတ်နှင့် အခြားသော အနုပညာရှင်များမရှိတော့ ကြောင်း မိစန္ဒီက ပြောသည်။

အဆိုတော် အစုံပါဝင်သော ရွှေအက်ဖ်အမ်ဗီဒီစီတွင် သီရိဆွေနှင့် မိစန္ဒီတို့တွဲဆိုထားသော ‘မုန်းတဲ့အကြောင်း’သီချင်းမှာ စီဒီထွက်ကတည်းက ပရိသတ်အားပေးမှု ရခဲ့သော သီချင်းတစ်ပုဒ်ဖြစ်ပြီး ယခုပရိုမိုးရှင်းပွဲသည် ရွှေအက်ဖ်အမ်ဗီစီဒီထွက်ရှိမှုအနေဖြင့် ပရိသတ်များအား အနုပညာရှင်များက လက်မှတ်ထိုးကာ သီချင်းများ ဖျော်ဖြေပေးသောပွဲဖြစ်သည်။

မကြာသေးမီက ထွက်ရှိ ထားသော ပစ်တိုင်းထောင်စီးရီး မှာ မိစန္ဒီမျှော်လင့်ထားသော အတိုင်းအတာထက်ကျော်လွန်ပြီး မူရင်းအခွေဝယ်ယူအားပေးကြ သည့်အတွက် ဝမ်းသာမိကြောင်း ၎င်း က ပြောသည်။

ပစ်တိုင်းထောင်စီးရီးတွင် ပါဝင်သော   ‘ငါ့ဆီပြန်ခဲ့ပါ’နှင့် ‘နှုတ်ခမ်းများ   သော့ခတ်ထား တယ်’ သီချင်းနှစ်ပုဒ်ကို အခွေ ထွက်ပြီးနောက်တစ်ရက်တွင် ပြင်ဦးလွင်မြို့၌ သွားရောက်ရိုက်ကူးခဲ့ပြီး ဗီစီဒီအမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေကြောင်း မိစန္ဒီက ပြော သည်။

7 Day

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအား အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မည့် အပေါ် ကုလအပါအဝင် နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့များက ထိုင်းနိုင်ငံအား သတိပေး

Posted by drmyochit Tuesday, July 22, 2014, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၁-မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအနေအ ထားများအရ ဒုက္ခသည်များကို အစု လိုက် အပြုံလိုက် ပြန်ပို့ရန် မသင့်လျော် သေးဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးနှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး အ ဖွဲ့များက အသိပေးပြောကြားလိုက် ကြောင်း သိရသည်။
ဒုက္ခသည်များကို လုံခြုံစိတ်ချ စွာနှင့် အောင်မြင်စွာပြန်ပို့နိုင်ရေး အတွက် မြန်မာစစ်တပ်နှင့် ကု လသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီးရုံးကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီး ကပ် ပူး ပေါင်းဆောင်ရွက်မည်ဟု ထိုင်းနိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် အတည်ပြုဖော် ပြထားကြောင်း သိရသည်။

မြန်မာဒုက္ခသည် တစ်သိန်းနှစ် သောင်းကျော် ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ထားကြောင်း ထိုင်း စစ်တပ်အကြီးအကဲ ပရာယုချန် အိုချာက ကြေညာခဲ့ပြီးကတည်းက ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း အားလုံးတွင် လုံခြုံရေးတိုးမြှင့်ချထား ကြောင်း သိရသည်။

သို့ရာတွင် ဒုက္ခသည်စခန်းများ အတွင်းအခြေအနေ မှာ ပုံမှန်အ တိုင်းရှိသည်ဟု ထိုင်းစစ်ဖက်က ပြော ကြားထားကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်စ ရာ ပေး ရုံမျှ မက ထိုင်းအစိုးရနှင့် အကူအညီပေးရေး အေဂျင်စီများ က ဒုက္ခသည်များအား အစားအစာ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရုံမျှမက ပညာပါသင်ပေးသည် ဟုဆို သည်။ ဒုက္ခသည် များကို အ များအပြားပြန်ပို့ခြင်းသည် အဆိုပါ ကူညီပံ့ပိုးပေးနေခြင်း ယန္တရားကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်ဟူ သော အဓိပ္ပါယ်ကိုဆောင်သည်။
''မြန်မာနိုင်ငံရဲ့ အခြေအနေ က ဒုက္ခသည်တွေကို အစုလိုက် အ ပြုံလိုက် ပြန်ပို့ဖို့ မသင့်လျော်သေး တဲ့အနေအထားမှာ ရှိပါတယ်''ဟု ဒေါက်တာစင်သီရာမောင်က ပြောသည်။

Democracytoday

လမ်းဖြတ်ကူးသည့် ကလေးငယ်တစ်ဦး ကားတိုက်၍ သေဆုံး

Posted by drmyochit Tuesday, July 22, 2014, under | No comments

လမ်းဖြတ်ကူးသည့် ဒုတိယတန်း ကျောင်းသားတစ်ဦး လင်ခရူဇာကားတိုက်ပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က မှော်ဘီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီးအတိုင်း တိုက်ကြီးမှ မှော်ဘီဘက်သို့ မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်းတွင် နေထိုင်သည့်အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် လင်ခရူဇာ ပရာဒို ကားတစ်စီးသည် မိုင်တိုင်အမှတ် (၃၆/၆) အရောက်တွင် လမ်းဖြတ်ကူးသူကို ၀င်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အတိုက်ခံရသည့် မှော်ဘီမြို့နယ်၊ ကုလားတန်းကျေးရွာတွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ်၊ ဒုတိယတန်း ကျောင်းသားဖြစ်သူ မောင်မျိုးဇော်တွင် နှာခေါင်းရိုးကျိုး၊ ယာချိုစောင်းကွဲ၊ ၀ဲနားထင်ပွန်း၊ မေးစေ့ ပွန်းဒဏ်ရာများရရှိပြီး မှော်ဘီဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြ ထားသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုစိုးသီဟကို အရေးယူပေးပါရန် ရဲအုပ်ဝင်းဌေးက တရားလိုပြုတိုင်တန်းပြီး မှော်ဘီမြို့ မရဲစခန်းမှ ယာဉ်(ပ) ၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

Mizzima

သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မည်

Posted by drmyochit Tuesday, July 22, 2014, under | No comments

မြန်မာနိုင်ငံတွင် လိုအပ်မှုရှိလာပါက သုတေသနသုံးနျူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် လည်ပတ် သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု သိပ္ပံနှင့်နည်းပညာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဇူလိုင် ၂၀ရက် အမျိုးသားလွှတ်တော်တွင် ပြောသည်။

၎င်းက “အခြေခံ အဆောက်အအုံများ ပြည်စုံမှုရှိပြီး နိုင်ငံတော်က လိုအပ်မှုရှိပါက သင့်လျော်သည့်အချိန်တွင် သုတေသနသုံး နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်လည်ပတ် သုံးစွဲနိုင်ရေး ဆောင်ရွက်မယ်”ဟု ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်၏ နျူကလီးယားဓာတ်အားထုတ် (သုတေသန လုပ်ငန်းသုံး) စက်ရုံကို တည်ထောင်ရန် လိုအပ်ပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိမေးမြန်း ခဲ့ခြင်းအပေါ် ၀န်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမြင့်ကြည်က ““နျူကလီးယားနဲ့ ပတ်သက်တဲ့စက်ရုံတွေလည်း ဆောက်လုပ်ဖို့ အင်မတန် လိုအပ် တယ်”ဟု မေးမြန်းသည်။

နျူကလီးယား နည်းပညာသည် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် များစွာ အသုံးဝင်သော ပညာရပ်ဖြစ်ပြီး နျူကလီးယား သုတေသနလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သုတေသလုပ်ငန်းသုံး နျူကလီးယားဓာတ်ပေါင်းဖို လိုအပ်သည်ဟု ၎င်းက ဆိုသည်။

နျူကလီးယား စွမ်းအင်အသုံးပြုခြင်းသည် အန္တရာယ်အလွန်ကြီးမားကြောင်း လူအများက ယူဆသော်လည်း နျူကလီးယားစွမ်းအင်ကို မှန်ကန်စွာ အသုံးပြုမည်ဆိုလျှင် အကျိုးကျေးဇူးများရရှိသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် နျူကလီးယားစွမ်အင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်ဟု ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။

လက်ရှိတွင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သုတေသနနှင့် ပညာရေး စသည့် နယ်ပယ်များကို IAEA နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် နျူကလီးယားနည်းပညာကို နယ်ပယ်အသီးသီးတွင် အသုံးချနိုင်ရန် အဏုမြူစွမ်းအင်ဦးစီးဌာနကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဏုမြူစွမ်းအင်ဥပဒေကို ၁၉၉၈ ခုနှစ်၊ ဇွန်လတွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။

Mizzima

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်