tag:blogger.com,1999:blog-27241450997485714142024-03-19T19:30:46.949+06:30Myanmar Forwarddrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.comBlogger3125tag:blogger.com,1999:blog-2724145099748571414.post-30147348515725797112013-04-23T03:00:00.000+06:302013-04-23T03:00:00.200+06:30 လက်မခံပါ။ မဖြစ်နိုင်ပါ။ မယုံပါ။ မလိုအပ်ပါ။

ဗုဒ္ဓ ဘာသာ မြန်မာတို့အတွက် ဘုရားရှင်မှာ တစ်ဆူသာ ရှိသည်။ ဘုရား ရှင်နှင့် မည်သည့်အရာမှ မနှိုင်း ကောင်း၊ မနှိုင်းအပ်ပါ။ ထို့ ကြောင့် ကျွန်တော့်တွင် ဒုတိယ ဘုရားသခင် မရှိပါ။ ထို့ပြင် ကျွန်တော် ၏ အိမ်သည် လည်း မြတ်စွာ ဘုရား၏ အရိပ်အာဝါသ အောက် တွင်သာ ရှိပါ သည်။ နိုင်ငံရေး တွင် ဘာသာရေးများ မည် သူတွေ ရော ယှက်စော်ကားနေသလဲ၊ ဗုဒ္ဒဘာသာကို မည် သူ တွေ နှိမ့်ချ လုပ်ဆောင်နေသလဲ ဆိုတာ ကတော့ ပုံကိုသာ ကြည့်ပါ။

ပြောလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ လက်ခံ သည်၊ ကန့်ကွက် သည် ထက် သမ္မတ ဖြစ် လာ လျှင် ဘာများဖြစ် လာမည် နည်း ဆိုသည့် အမေးဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံသားတိုင်း အလုပ်မလုပ်ဘဲ ထမင်း စားနိုင်မှာ လား။ မဖြစ်နိုင်ပါ။ နိုင်ငံတကာနှင့် တစ်ပြေး ညီ ဖြစ်နိုင်သည်ဟု ပြောနိုင်သည်။ သို့သော် သမ္မတ ဖြစ်ခြင်း မဖြစ်ခြင်း နှင့် မဆိုင်ပါ။

တပ်မတော်သားနှင့် ၀န်ထမ်းများကို လစာ ၁၀ ဆ တိုးမည်လား။ မဖြစ်နိုင်ပါ။ နိုင်ငံတော်၏ ၀င်ငွေ၊ ထွက်ေ ငွ၊ စနစ်တက စိစစ်ပြီးမှသာ လစာများ တိုးမြှင့်နိုင်ပါမည်။ သမ္မတဖြစ်သည့် အတွက်ကြောင့် အာဆီယံ လစာ လည်း မပေးနိုင်ပါ။ Europe လစာလည်း မထောက်ပံ့နိုင်ပါ။

တရုတ်၊ အိန္ဒိယတို့နှင့် မဆက်ဆံဘဲ နေမည်လား။ တိုင်းရင်းသား စီးပွားရေးကို မြှင့်တင်ပေးနိုင် မည်လား။ မဖြစ် နိုင်ပါ။ လက်ရှိ ဆုကြေးများ၊ နိုင်ငံတကာမှ ထောက်ပံ့ငွေများပင် တိုင်းရင်းသားပိုင် လုပ်ငန်းများသို့ မစီး ၀င်နိုင်ဘဲ ထောင်ကျ နိုင်ငံရေးသမားနှင့် ပါတီကိစ္စများတွင် အသုံးချနေရသည်။ ထိုးထားသည့် ဆွယ် တာများ ရောင်းပြီး အမေ့အိမ် ပညာရေးကို ထောက်ပံ့နေရသည်။ အိမ်နီး ချင်းနှင့် သင့်တင့်မျှတအောင် ဆက်ဆံပြီး စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင် ရမည် ဖြစ်သည်။ ဥပမာ၊ လက်ပံတောင်းကြေးနီ စီမံ ကိန်း။

လူမျိုးရေး၊ ဘာသာရေးကို မြှင့်တင်ပေးနိုင်မည်လား။ မဖြစ်နိုင်ပါ။ မင်္ဂလာတောင်ညွန့် အန်အယ်လ်ဒီ ပါတီ ၈၅ ရာနှုန်းမှာ ဘာသာခြားများ ဖြစ်သည်။ အန်အယ်လ်ဒီ ပါတီ စည်းမျဉ်းအရ ပါတီဥက္ကဌပင် မည်သည့် လူမျိုး မဆို ဖြစ်နိုင်သည်။ အခါကြီးရက်ကြီးများတွင် ဥပုဒ်စောင့်သည်၊ ဆွမ်းကပ်သည် မကြားဖူးသည့်သူ တစ်ေ ယာက် ဘုရားတည် ကျောင်းဆောက်ဖို့မှာလည်း သမ္မတ ငါးနှစ် သက်တမ်းအတွင်း မဖြစ်နိုင်ပါ။

နိုင်ငံ့စီးပွားရေးကို ဦးမော့စေမည်လား။ ယနေ့တွင် နိုင်ငံတကာ ကြွေးမြီများ ချေခြင်း၊ ချေးငွေ သစ်များ ရ ရှိခြင်း၊ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် အမေရိကန် အပါအ၀င် နိုင်ငံအား လုံးနှင့် လုပ်ေ ဆာင်ေ နပြီ ဖြစ် သည်။ မည်သူ သမ္မတ ဆက်ဖြစ်ဖြစ် ထိုလာမည့် ရင်းနှီးမြုပ်နှံမှုများ ရပ်သွား မည် မဟုတ် ပါ။ ထိုမှ ရလာမည့် အ လုပ် အကိုင်သစ်များ၊ စီးပွားရေး အခွင့်အလမ်း များ သည် မည် သူ သမ္မတ ဖြစ်ဖြစ် ဆက်ရှိ ပါအုံးမည်။

လူနေမှု ဘ၀ မြင့်တင်နိုင်မည်လား။ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး တည်ဆောက်နိုင် မည် လား။ စေတ နာ ရှိမည်ကတော့ အမှန်ဖြစ်သော်လည်း လူနေမှု ဘ၀မြှင့်တင်ရေး အတွက် သမ္မတ ဖြစ်ရန် မလိုပါ။ တိုင်း ရင်း သား အားလုံး ကိုယ်ပိုင်အုပ်ချုပ် လက်နက်ကိုင်စေပြီး တိုက်ပွဲများ မရှိတော့ဟု ယူဆ၍ မရနိုင်ပါ။ သူတစ် လူ ငါ တစ် မင်း ဖြစ်နိုင်ပါသည်။

တရားဥပဒေ ပိုမို စိုးမိုးနိုင်ပါမည်လား။ တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဌကြီး၏ အိတ်ကို အလစ်သုတ် ခံ ရသော နိုင်ငံတွင် ယခုရာထူးထက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ခွင့် ရှိသည့် ရာထူး မရှိပါ။ ယခု ရထား သည့် ကော်မရှင် ဥက္ကဌ ရာထူးဖြင့်ပင် ထမ်းဆောင် နိုင်ပါသည်။

ယဉ်ကျေးမှု တိုးတက်ပါမည်လား။ မြန်မာဝတ်စုံနှင့် လေဒီရှုးကို တွဲဖက်ထားသည်ထက် မပို။

လက် ရှိ ကျင့်သုံးနေသော သတ်မှတ် ပြဌန်းထားသည့် စည်းကမ်း မှန်သမျှ ကို လျော့ပေး မည်၊ ပြင်ဆင်ပေး လား ဆိုလျှင်လည်း မဖြစ်နိုင်ပြန်ပါ။ စည်းကမ်း ဥပဒေသည် နိုင်ငံ၏ တန်ဖိုး ပင် ဖြစ်သည်။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး မည်သည့်အရာမှ တန်ခိုးရှင် မဟုတ်သည့်အတွက် ပြီးပြည့် စုံအောင် မ ဖန် တီးနိုင်ပါ။ ဒီမိုကရေစီ ရနိုင်သည်ဟု ပြောပါလိမ့်မည်။ ကိုယ်စားချင်တာစားသည်။ ကိုယ်ပြော ချင်တာ ပြော သည်။ ကိုယ်သွားချင်ရာ သွားသည်။ မစားရ၊ မပြောရ၊ မသွားရ မရှိပါ။ ဒီထက် ဒီမိုကရေစီ ဆို လျှင်တော့ ပြည့်တန်ဆာ တရားဝင်ဖြစ်ဖို့သာ ကျန်တော့သည်။

သို့ပါဆိုလျှင် ဘာအတွက်ကြောင့် သန်း ၆၀ တွင် ၅၉.၉၉ သန်း သမ္မတ လုပ်ခွင့်ရသော အခြေခံ ဥပဒေကို ပြင် ဆင်ကာ နောက်ဆုံးနှင့် တစ်ဦးတည်းသော သမ္မတ လုပ်ပြီး နောင်အဆက်များတွင် အမျိုးမမှန်သူများ ရွေးချယ်ရစေဖို့ ကြိုးစားပါသနည်း။ ဘာများ ပိုလုပ်ပေးနိုင်ပါမည်နည်း။

From:OE

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-72853908099470913522013-04-13T20:16:00.000+06:302013-04-13T20:16:00.451+06:30ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် သင်္ကြန်မှာ အရက်မူးနေသလား

သင်္ကြန်မှာ မူးနေတဲ့ စုစုနွေးတစ်ယောက် အမြန် လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သော ကားတစ်စီးကို တွေ့သည့်အခါ မူးကြောင်မူးကြောင် ဖြင့် အပြေးသွားခဲ့သည်။ ကူညီပေးရန်၊ ကယ်ဆယ် ပေးရန်မဟုတ်။ ဒရိုင်ဘာမှာ သေဆုံးပြီး ဖြစ်သဖြင့် သူမအနေဖြင့် ကူညီ မပေးနိုင်ကြောင်း၊ ကူညီ ပါရစေ ဆိုသူများလည်း အတော်နဲ့ ရောက်မလာ ကြောင်းတို့ကို ကားကြီးတစ်စီးမှ တိုက်ပြီး ထွက်ပြေး သည့် ပုံစံမျိုးဖြင့် သူမ၏ စာမျက်နှာတွင် ရေးသား ဖော်ပြရန်သာ ဖြစ်သည်။

သို့သော် သတင်းအမှန် ထွက်လာချိန်တွင်တော့ ကိုယ်တိုင်ရောက်ပါလျှက် သတင်းမှားကိုတင်၊ ပြည်သူ့ရဲကို စော်ကားသည့် ထိုတောင်သူလယ်သမားများ ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် မူးများ နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာလေတော့သည်။

စုစုနွေးမူးပြီး ရေးတင်သည့် မူရင်းသတင်း

၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။

ဝင်တိုက် တဲ့ကားကြီးက မောင်းပြေးသွားတယ်။ ကားနံပါတ်ကိုလည်း မမှတ်မိ လိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှမကူညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။

From:opposite eyes

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com1tag:blogger.com,1999:blog-2724145099748571414.post-42644074500039678852013-01-18T08:11:00.002+06:302013-01-18T08:11:45.333+06:30ဂမ်ရှောင်၏ စိတ်ကူးယဉ် အိမ်မက်များ ပြိုကွဲပျက်စီးခြင်း

KIA သမိုင်းကြောင်းကို ပြန်ကြည့် လိုက်ပါ။ လွတ်လပ်ရေး ရပြီးနောက် အစိုးရ အဆက် ဆက်က နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် အပစ် အခတ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်တိုင်း KIA က နယ်မြေ တိုးချဲ့၊ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အင်အားတောင့် တင်းလာ တာနဲ့ လက်နက်ကိုင် လမ်းကြောင်း ကို ပြန်သွား နေတာ ယနေ့ အထိ ပါဘဲ၊ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့ တာကတည်း ပန်ဆောင်၊ နန်းယွန် ဒေသ၊ ပါဂျို၊ နားဖော့ဒေသတွေမှာ ဗျူဟာအမှားတွေကြောင့် အင်အားချိနဲ့ သွားလို့ မတတ်သာဘဲ အပစ် ရပ်ခဲ့ တာပါ။ သူတို့ အသက် ဆက်နိုင်တဲ့ လမ်းကို ရွေးခဲ့ တာပါ။ ၁၉၉၄ ကနေ၂၀၁၁ အထိ (၁၇)နှစ်တာ ကာလ မှာလည်း ဒေသဖြိုးရေး၊ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး တိုးတက်အောင် ဘာမှ မလုပ်ခဲ့ဘဲ KIA ခေါင်းဆောင်တွေရဲ့ လက် ဆင့်ကမ်း အိမ်မက် အဟောင်း အဆွေးကြီးဖြစ်တဲ့ ၀မ်ပေါင်နိုင်ငံတော်ထူထောင်ရေးကို အသက်သွင်းဖို့ ကြိုးစားနေခဲ့ကြတာ ဂမ်ရှောင် လက်ထက်အထိပဲ။

စာဖတ်သူများ အနေနဲ့ကော ရှေးအစဉ်အဆက်က တည်းက ကချင်ပြည်နယ် ဟာပြည်ထောင် စုကြီးထဲက ပြည်နယ်တစ်ခုပါ။ အခု ကျမှ ပြည်ထောင်စုကြီးထဲက ခွဲထွက်ပြီး ၀မ်ပေါင်နိုင်ငံ ထူထောင်ဖို့ဆိုတာ ဖြစ်နိုင်ပါသလား။ စာဖတ်သူအနေနဲ့ ကော လက်ခံပါသလား?။ ကချင် ပြည်နယ်ဟာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုပါ။ ကေအိုင်အေ ခေါင်းဆောင်တွေဟာ သူတို့ ရဲ့ ကိုယ်ကျိုးစီးပွားအတွက် တခြားနိုင်ငံထဲမှာ အေးအေးချမ်းချမ်းနေပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲက ကေအိုင်အေ လက်အောက် ငယ်သားတွေ သေချင်တိုင်းသေရော့။ ငါမသေရင်ပြီးတာပဲဆိုပြီး အတင်း တိုက်ခိုင်းတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကြားထဲက သစ်ထုတ်ခိုင်းတာကကော။ ကေအိုင်အေ ခေါင်းဆောင် တွေဟာ ခေါင်းဆောင် ပီသတယ် ဆိုရင် တခြားနိုင်ငံထဲက Command ပေးနေစရာမလိုပါဘူး။ တစ်ကယ် ယောက်ျား သတ္တိရှိ တယ်ဆိုရင် ကချင်ပြည်နယ်ထဲမှာပဲ နေပြီး Command ပေးနေပါလား။ အခုဟာက ရှေ့တန်းမှာ စစ်တိုက်နေ တဲ့ ကချင်မလေးတွေလောက်တောင် အဆင့်အတန်းမရှိတဲ့သူ/သူရဲဘောကြောင် တဲ့သူဖြစ်နေ ပါရော့လား။

နိုင်ငံတော်တစ်ခုရဲ့ အစိုးရအသွင်သဏ္ဍာန်မျိုးနဲ့ KIO ကို ဖွဲ့စည်းထားပြီး အကောက်အခွန်၊ လူဝင်မှု ကြီးကြပ်ရေး၊ အခွန်ဦးစီးဌာန၊ သစ်တော၊ ရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးစတဲ့ ဌာနဆိုင်ရာ တွေကို နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ ဖူးတဲ့ မျက်ကန်း မျိုးချစ်တွေနဲ့ အခြေခံဖွဲ့စည်းလုပ်ဆောင်နေပြီး စိတ်ကူးယဉ်ဝမ်ပေါင် နိုင်ငံတော်ကြီး တည်ဆောက်နေတာ အမြင် မတော်ပါဘူး။ လူငယ်တွေ၊ အမျိုး သမီးငယ်တွေ ကိုလည်း အကြောင်း ပြကောင်း တဲ့ သင်တန်း အမျိုးမျိုး ဖွင့်ပြီး ကျဉ်းမြောင်းတဲ့လူမျိုးရေး စိတ်ဓာတ်တွေ ရိုက်သွင်းနေ တဲ့တာ လက်တွေ့ ပါဘဲ။ ကချင်လူမျိုးအလွှာစုံက လူတွေစုစည်းပြီး EEDY လို အဖွဲ့တွေဖွဲ့စည်းပြီး လူငယ် များ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အကြောင်းပြပေမယ့် တကယ်ကအဖျက်လုပ်ငန်းတွေ လေ့ကျင့်ပေးခဲ့ တာဘဲ၊ ငြိမ်းချမ်းစဉ် ကာလတစ်လျှောက်လုံးမှာ ဆက်ကြေးကောက် ခံငွေကြေးစုဆောင်းခြင်း၊ လူသစ်စု အင်အား တည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းထုတ်လုပ်စုဆောင်းခြင်း၊ စစ်သင် တန်း၊ မိုင်းထောင်ဖောက် ခွဲအဖျက် လုပ်ငန်းတွေ လေ့ကျင့်ပေးပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးအစွဲနဲ့ ၀မ်ပေါင်နိုင်ငံတော်ထူထောင်ဖို့ အစဉ် တစိုက် ကြိုးစား နေခဲ့တာပဲ၊ တကယ်တော့ ကချင်ပြည်နယ်ဆိုတာ ပြည်ထောင် စုကြီးထဲက ပြည်ထောင် စုလေးပါ။

ကချင် ပြည်နယ် အတွင်းမှာ လူဦးရေ (၁၆)သိန်းလောက်ရှိပြီး ရှမ်း၊ ဗမာ၊ ရခိုင်စတဲ့ တိုင်းရင်းသား တွေက (၁၀) သိန်း ၆၁ ရာခိုင်နှုန်းရှိပြီး ကချင်မျိုးနွယ်စုက လူဦးရေ ၆ သိန်း ၃၉ ရာခိုင်နှုန်း လောက်ဘဲရှီတယ်၊ အဲ့ဒီထဲမှာ ဂျိမ်းဖောကချင်က ၃ သိန်း လောက်ပဲရှိတယ်။ အဲ့ဒီလူနည်းစုက အများဆန္ဒကို မျက်ကွယ်ပြုပြီး ၀မ်ပေါင် နိုင်ငံတော်ထူထောင်မယ်ဆိုတာ သဘာဝမကျပါဘူး။ ဒီမိုကရေစီနည်းလမ်းလည်းမကျလို့ လက်မခံ နိုင်ပါဘူး။ ကချင်ပြည်နယ်ရဲ့ အနာဂတ်ကံကြမ္မာကို အစွန်းရောက်လက်နက်ကိုင် ဂျိမ်းဖောကချင်ကပဲ ဦးဆောင် ဖန်တီး နေတဲ့ မျက်ကန်းမျိုးချစ်ဝါဒကို လက်မခံနိုင်ပါဘူး။ အဲ့ဒါကို ဆန့်ကျင်ပြီး ၀မ်ပေါင် နိုင်ငံတော် ထူထောင်ဖို့ လက်နက်ကိုင်လမ်းစဉ်မစွန့်လွှတ်ဘဲ မိုက်တွင်းနက်နေရင်တော့ တပ်မတော်က မူလတာ ၀န်ဖြစ်တဲ့ ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်တာကို ဆက်လုပ်သွားမှာပါ။ တပ်မတော်က ပွိုင့်၀၇၇၁ နဲ့ လဂျားယန် ဒေသကို သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့် KIA တပ်ဖွဲ့အတွင်း ကွပ်ကဲ မှုပျက်၊ အထက်အောက် ယုံကြည်မှု ပျက်ပြား၊ ငယ်သားတွေလက်နက်ချ၊ ထွက်ပြေးနေတာကြောင့် ဂမ်ရှောင်ရဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ရေး အိမ်မက်တွေ ဆက်မက်နိုင်ဦးမလားလို့ မေးလိုက် ချင်ပါတယ်။

ကချင်ပြည်နယ်သားတစ်ဦး

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0